Monday, January 2, 2012
အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေ
ယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို့ 
ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့ ညနေ
က  မြန်မာ ရုပ်ရှင် ဇာတ်ကားတစ်ခု ကို  မြေးဖြစ်သူ နေရွှေသွေးအောင် အပါအ၀င် မိသားစု နဲ့ 
အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေမှာ သတိ ပြန်လည် လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်
နေပြီး အခု ထက်ထိ
အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း သူ့  မိသား စု နဲ့  နီးစပ် သူ တစ်ဦး က
FNG ကို အတည် ပြု
ပြောကြား ပါတယ်။
ကနဦးက သူဟာ သေဆုံးသွား ခဲ့ ပြီ ဟု သတင်းများ ထွက် ပေါ် ခဲသေး သည် ဟု နေပြည်တော်
ရှိ စစ်တပ် အရာ ရှိ အသိုင်းအ၀ိုင်း က အတည် ပြုပြောကြားသည်။
အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ 
ပတ်သက်ပြီး ရန်ကုန် မြို့  က သူ့ မိသား စု နဲ့  နီးစပ် တဲ့ အကြီးစား စက်မှုလုပ်ငန်း ရှင် တစ်ဦး
က ” တနင်္လာ နေ့ မှာ ကျွန်တော် တို့  စကြားတယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ 
သမ္မတရော ၊ ကာကွယ် ရေး ဦးစီးချုပ် ရော အိမ်မှာ အသင့် ရှိနေကြရတယ်။ ကိုမာ လို သတိ
မလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ သူ့ ရဲ့  လုပ်ဖော် ကိုင် ဖက် တွေ က စင်္ကာပူ မှာ သွား
ပြီး ဆေးကု သစေချင် တယ်။ မိသား စု က သဘောမတူ ဘူး” ဒါနောက် ဆုံး သိရတာ ပဲ ဟု
FNG သို့ ပြောသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ပြီး ခဲ့ သည့် မတ်လ ၃၁ ရက်နေ့ က စစ်အုပ်ချုပ် ရေး ယန္တယား
ဖြစ်သည့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ ဖြိုးရေး ကောင်စီ ကို ဖျက် သိမ်းကာ အများ
က သံသယ  ရှိသည့် အရပ်သား အုပ်ချုပ် ရေး ကို အသက်ဝင်စေခဲ့ သည်။
ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်း
သည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိသည်။
၎င်း သည် ယခု ထက် တိုင် သူ၏ ကိုယ်ရံတော် တပ် ဖွဲ့ နှင့် အတူ နေထိုင် ပြီး ၎င်း အဖွဲ့  မှ ခေါင်း
ဆောင် ဗိုလ်မှုး ကျော်ကျော် သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ ခန္တ
ကိုယ်ကို ပင် စေ့စပ်စွာ ရှာ ဖွေ ပြီး မှ အိမ်ထဲ ၀င်ခွင့် ပြုသည် ဟု သိရသည်။
မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်း သည် ၂၀၀၀ ပြည့် နှစ် က
စင်္ကာပူ ဉ် သွားရောက် ဆေးကုသ ခံယူပြီး ၂၀၀၁ ခု နှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ်ခံရ
သည်။ 
တင်ကျော်ကျော်စိုး (FNG) 
သစ်ထူးလွင် မှ ကူးယူဖော်ပြပါသည်။
Unknown at 1:50 PM
Share
2 comments:
  1. Aung AungFebruary 6, 2012 at 12:01 AM
    မြန်မာလူမျိုး ဗုဒ္ဒဘာသာတွေဆိုရင် ၀ဋ် ဆိုတဲ့ စကားလုံးကို နားလည်ကြမှာပါ...
    ( သံသရာလှည်းဘီး တစ်ပတ်လည်ပါသည် )
    ReplyDelete
    Replies
      Reply
  2.ုko pyi chitMarch 24, 2012 at 11:01 PM
    ဟာ ကောင်းကောင်းကြီးဝဋ်လည်မယ့် သူတစ်ယောက်
်ဖြစ်လာလိမ့်မယ်လို့ ကျုပ်ကတော့ မြေကြီးလက်ခတ်မလွဲ
    ဆိုသလိုပြောရဲပါတယ်။ ကျေးဇူးတရားဆိုတာ လူတွေက
    လွယ်လွယ်ပြော လွယ်လွယ်မေ့ အဲဒီသူတွေထဲမှာ သန်းရွှေဆိုတဲ့ သူကထိပ်ဆုံးမှာ ပါတယ်။ဒီနိုင်ငံမှာ ထိပ်
    ဆုံးဆိုတဲ့နေရာကို သန်းရွှေကရခဲ့တဲ့အချိန်မှာ သူ့ ကိုယ်
    သူ ဒီနေရာကို ရခဲ့တာသူတော်လို့ ရခဲ့တယ်လို့ သူထင်
    ပြီးလုပ်ချင်ရာ လျှောက်လုပ်ခဲ့တာ တစ်နေ့ တော့သူဒါတွေကိုလုပ်ခဲ့သမျှ ခံရမှာကအသေအချာဘဲ မကောင်းတာလုပ်ရင်
    ကောင်းတာဖြစ်မယ်လို့ ဘယ်ဘုရားမှဟောခဲ့တာ
    မဖတ်ဖူးသေးဘူး
    ReplyDelete
    Replies
      Reply
Add comment
Load more...
Thank you Visit my bloge
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.