Thursday, January 12, 2012

မောင်းနေတဲ့ မီးရထား ကို ထော်လာဂျီ နှင့် ၀င်တိုက်

စည်းကမ်းမဲ့ ထော်လာဂျီမောင်းနှင်မှုကြောင့် ရထားစက်ခေါင်းကို ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားတိုင်(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မျာ ၂၀၁၁ ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မှ လားရှိုးသို့ ထွက်လာသော လူစီး အဆန်ရထားစက်ခေါင်း အမှတ် DF.2047 သည်နောင်ချိုကမြို့နယ် ဆမ္မဆယ်ကျေးရွာဘူတာမှ အထွက်မိုင် တိုင် ၄၄၄/၁၃-၁၄ ကြားအရောက်တွင် ယာဉ်မောင်းကို … မောင်းလာသော ကောက်ရိုးများတင်ဆောင်လာ သည့် ထော်လာဂျီအပြာရောင် (နံပါတ်မပါ) သည် အရှိန်မထိန်းနိုင်ဘဲ ရထားစက်ခေါင်းကို ၀င်တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့ဝင်ရောက်တိုက်မှုကြောင့် ရထားစက်ခေါင်းမှာ ပျက်စီးမှုမရှိသော်လည်း ထော်လာဂျီ ယာဉ်မောင်းမှာ ညာဘက်မားထင်ပေါက်ပြဲ၊ ဘယ်ဘက်ဒူးခေါင်းပေါက်ပြဲဒဏ်ရာရရှိသွားပြီး ထော်လာဂျီမောင်း သူကို… (၂၀) နှစ်အား မြန်မာ့မီးရထားနောင်ချိုရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း 7 DAY NEWS Journal မှာ ဖော်ပြထားပါသည်။
Unknown at 9:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.