မြို့ပြထူထောင်ရေးမှာ လူမှုရေးနှင့် ပတ်ဝန်းကျင် စဉ်ဆက်မပြတ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်အရ မြန်မာနိုင်ငံကို နည်းပညာ ဖြန့်ဝေ သွားမယ့် ကွန်ကရစ် ဘလောက်တုံးသုံး နည်းပညာ တစ်ခုဖြစ်တဲ့ Habitech Building System နည်းပညာဟာ သမားရိုးကျ ဆောက်လုပ်ရေးစနစ် ကုန်ကျစရိတ်ထက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ သက်သာနိုင်တယ်လို့ UN-Habitat (Myanmar) မှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရပါ တယ်။
Habitech Building System ဆိုတာကတော့ ကွန်ကရစ် ဘလောက်တုံးကို အသုံးပြုကာ အဆောက်အဦများ တည်ဆောက်ခြင်း နည်းပညာ ဖြစ်တဲ့အတွက် သစ်အသုံးပြုကာ တည်ဆောက်ရ တဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ နေရာမှာ အစားထိုး တည်ဆောက်နိုင်တာကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် မှုတွေမှာ အထောက်အကူတစ်ခု ဖြစ်စေတဲ့ နည်းပညာ တစ်ခုပဲ ဖြစ်ပါတယ်။
ဒီလို ကောင်းမွန်တဲ့ နည်းပညာကို မြန်မာနိုင်ငံ သို့ ဖြန့်ဝေေ ပးခြင်းဟာ ဆောက် လုပ်ရေးဝန်ကြီး ဌာနနဲ့ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်တို့ရဲ့ ပူးပေါင်းရွက်မှုမှာ ပထမဆုံးသော အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာဟာ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ အာရှနည်းပညာ တက္ကသိုလ်တို့က ၁၉၉၀ ခုနှစ်မှ စတင်ကာ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများနဲ့ စွမ်းအင်များကို ထိထိရောက်ရောက် အသုံးချကာ ငလျင်ဒဏ်ခံ နိုင်ပြီး ကုန်ကျစရိတ် သက်သာမယ့် နည်းပညာကို ပူးပေါင်း ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ နည်းပညာကို အာရှတိုက်ရှိ နိုင်ငံများနှင့် အခြားသော နိုင်ငံများမှ အိုးအိမ်နှင့်အခြား တည်ဆောက်ရေး စီမံကိန်းများမှာ အောင်မြင်စွာ စမ်းသပ်တည်ဆောက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ နည်းပညာကို အသုံးပြုကာ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ အဆောက် အဦများကို ဖျာပုံနဲ့ ဘိုကလေးမြို့များမှာ စာသင်ကျောင်း များကိုပါ ထည့်သွင်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
အဲ့ဒီ နည်းပညာကို ပိုမိုပြန့်ပွား စေဖို့အတွက် လက်ရှိ သုဝဏ္ဏမှာ တည်ဆောက်မယ့် စင်တာကဲ့သို့ပင် နေပြည်တော်နှင့် တာလေ တို့မှာ လည်း မကြာမီ ကာလများမှာ တည်ဆောက်သွားမှာ ဖြစ်ပါသည်။ ဒီလို ဆောင်ရွက်မှုတွေအပြင် UN-Habitat မှ ဆောက်လုပ်ရေး ၀န်ကြီး ဌာနသို့ Habitech အုတ်ရိုက်စက် အလုံး ၄၀ ၊ Hydraulic ၁၀ ခုလွှဲပြောင်းပေးခြင်းနဲ့ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ သုတေသနဌာန URDI တို့ကိုလည်း ကနဦး ဖွင့်လှစ်ခြင်း များကိုပါ ဆောင်ရွက်ပေးခဲ့ ကြတယ်လို့ သတင်းရရှိပါသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge