Saturday, January 21, 2012

ပြည်တွင်းလေယာဉ်ခရီးစဉ်သစ် ပျံသန်းပြေးဆွဲမည်


ယခုနှစ် ခရီးသွားရာသီတွင် နိုင်ငံခြားသားခရီးသွားများ များပြားလာသည့်အပြင် ပြည်တွင်းလေယာဉ်စီး ခရီးသည်များပါ များပြားလာသည့်အတွက် ခရီးစဉ်များ တိုးချဲ့ရန်လိုအပ်လာသဖြင့် မြန်မာ့လေကြောင်းနှင့် ဆန်းဖား (SUN FAR) ခရီးသွားလုပ်ငန်းတို့၏ အစီအစဉ်ဖြင့် ဇန်န၀ါရီ ၁၉ ရက်မှစ၍ ပြည်တွင်း လေယာဉ်ခရီးစဉ်သစ်များကို စတင်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ခရီးစဉ်များအဖြစ် ရန်ကုန်မှ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင်လည်းကောင်း၊ မန္တလေးမှ ဟဲဟိုး၊ လားရှိုး၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ နေ့စဉ်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးခရီးစဉ်ကို တစ်ရက်ခြားစီ ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ပြည်တွင်းလေယာဉ် ခရီးစဉ်သစ်၏ ထူးခြားချက်မှာ ၀န်ဆောင်မှုအဆင့် မြှင့်တင်ခြင်း၊ လေယာဉ်လက်မှတ်များကို လွတ်လပ်စွာ ကြိုတင်ဝယ်ယူနိုင်ခြင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများနည်းတူ လေယာဉ်ပေါ်တွင် အစားအစာများကို စီစဉ်ပေးထားခြင်းတို့အပြင် အထူးဝန်ဆောင်မှုအနေဖြင့် တာချီလိတ်မြို့သို့ ကြာသပတေး၊ သောကြာနေ့များတွင်သာ ခရီးသွားလိုသူ ခရီးသည်များအတွက် ကျိုင်းတုံမြို့အထိ လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး ကျိုင်းတုံမှ တာချီလိတ်သို့ အဲယားကွန်းဘတ်စ်များ အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ အထူး Charter ခရီးစဉ်များ ဖြစ်သည့်အတွက် လေယာဉ်ထွက်ခွာချိန်နှင့် ဆိုက်ရောက်ချိန်လည်း တိကျမည်ဖြစ်ကြောင်းနှင့် အဆိုပါ ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကို ရန်ကုန်မြို့ရှိ ဆန်းဖား ခရီးသွားလုပ်ငန်းရုံးချုပ်နှင့် နယ်မြို့များရှိ ရုံးခွဲတို့တွင် လွတ်လပ်စွာ ကြိုတင်ဝယ်ယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:18 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.