Sunday, January 8, 2012

အဖြူရောင်တနင်္ဂနွေ လှုပ်ရှားမှုအား တာမွေ၌ ကျင်းပ

ရန်ကုန်၊ ဇန်န၀ါရီ ၈
ယုံကြည်ချက်ကြောင့် အ အကျဉ်းကျခံရသူဟောင်းများဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အကျဉ်းထောင်အသီးသီး၌ ယုံ ကြည်ချက်ကြောင့် ပြစ်ဒဏ်ကျ ခံနေရသူများ အမြန်ဆုံးလွတ် မြောက်ရေးအတွက် အဖြူရောင် တနင်္ဂနွေ(White Sunday) လှုပ် ရှားမှုအား ဇန်န၀ါရီ ၈ ရက်နေ့ က တာမွေမြို့နယ်အတွင်း ပြု လုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံရ သူဟောင်း ၃၅ ဦးခန့်ပါဝင်ခဲ့ပြီး တာ မွေမြို့နယ်ရှိ တာမွေပလာဇာရှေ့မှ ငြိမ်သက်စွာ စီတန်းလှည့်လည်၍ တာမွေမြို့နယ်အတွင်းရှိ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ ၁၅ ဦး၏ မိသားစုဝင်များနေအိမ်သို့ သွားရောက်ကာ မိသားစုဝင်များ အား သွားရောက်အားပေးစကား ပြောကြား၍ စာအုပ်များ လှူဒါန်းခဲ့ သည့်အပြင် ၎င်းင်းတို့၏သဘောထား များကို မေးမြန်းခဲ့ကြောင်း သိရ သည်။
အဖြူရောင်တနင်္ဂနွေလှုပ်ရှား မှုအဖွဲ့အား နံနက် ၉ နာရီ ၄၅ မိနစ်အချိန်၌ အီတလီနိုင်ငံမှ မီလန် မြို့တော်ဝန်၏ အတွင်းရေးမှူး၊ မြန်မာ-အီတလီချစ်ကြည်ရေးအ အသင်းဥက်္ကဋ္ဌနှင့် အီတလီ ဆီးနိတ် လွှတ်တော်အမတ်ဖြစ်သူ Mr. Joseph Malpeli က တာမွေမြို့ နယ်ရှိ ယုံကြည်ချက်ကြောင့် အ ကျဉ်းကျခံနေရသူ ကိုကျော်ကိုကို၏ နေအိမ်၌ လာရောက်တွေ့ဆုံခဲ့ပြီး အဆိုပါအဖွဲ့၏ လှုပ်ရှားမှုရည်ရွယ် ချက်နှင့် မြန်မာနိုင်ငံ နိုင်ငံရေးအ ကျဉ်းသားများအပေါ် အစိုးရမှ ဆောင်ရွက်ပေးမှုအခြေအနေများ အား မေးမြန်းခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံရသူများ အမြန်ဆုံးလွတ် မြောက်ရေးအတွက် ငြိမ်သက်စွာ စီတန်းလှည့်လည်၍ အကျဉ်းကျခံ နေရသူများ၏ မိသားစုဝင်များအား သွားရောက်တွေ့ဆုံသော အဖြူ ရောင်တနင်္ဂနွေလှုပ်ရှားမှုတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံရ သူဟောင်းများအဖွဲ့ ဗ-က-သ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များသမဂ်္ဂ)နှင့် New Generation Wave အဖွဲ့တို့ ပါဝင်ကြကြောင်း သိရသည်။

ထိုလှုပ်ရှားမှု ကျင်းပဖြစ်ခြင်း နှင့်ပတ်သက်၍ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံရာမှ ပြန်လည် လွတ်မြောက်လာသူတစ်ဦးဖြစ်သော ကိုကိုကြီး(စမ်းချောင်း)က “၂၀၁၁ မကုန်ခင် ဒီဇင်ဘာလထဲက ဒီလှုပ် ရှားမှုကို စတင်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဇန်န၀ါရီလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထွက် မယ်ကြားလို့ ဒီအစီအစဉ်ကို ခဏ နားထားခဲ့တယ်။ တကယ်တမ်း ဇန်န၀ါရီလ ၃ ရက်နေ့မှ အကျဉ်း ထောင်တွေက ပြန်လွှတ်တော့ ကျွန်တော်တို့လူတွေက အယောက် ၂၀ လောက်ပဲ ပါတယ်။ အဲဒီအ တွက် ဒါဟာ မဖြစ်သင့်တော့ဘူး။ တို့တွေ ဒီအတိုင်း ထိုင်နေလို့ မရ တော့ဘူးဆိုပြီး ဒီနေ့ကစပြီး White Sunday  ကို အားလုံး အင်ပြည့်အား ပြည့်နဲ့ လုပ်ဖြစ်တာ။ အရင်ကတော့ နှစ်သစ်ကူးမှာNew Year Card လောက်သာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေရဲ့ မိသားစု ၀င်တွေကို သွားပေးဖြစ်တာ။ ကျွန် တော်တို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ၂၀၁၂ ကို Freedom and Peace (ငြိမ်းချမ်းရေးနှင့်လွတ် မြောက်ရေး)နှစ်လို့ သတ်မှတ်ထား တာ။ ဒါပေမဲ့ တကယ်တမ်းမှာက ထင်သလိုဖြစ်မလာတဲ့အတွက် လုပ် စရာရှိတာတွေကို အရှိန်အဟုန်နဲ့ လုပ်မှဖြစ်တော့မယ်ဆိုပြီး လုပ်ခဲ့ တာ။ အခု ဒီအစဉ်အစဉ်တင်မက ဘူး။ အခြားလုပ်စရာတွေကို တိုးမြှင့် ပြီး လုပ်ခဲ့တာ။ အခု ဒီအစီအစဉ် တင်မကဘူး။ အခြားလုပ်စရာတွေ ကို တိုးမြှင့်ပြီး ဆက်လုပ်သွားဖို့ အများကြီးရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ တာအပြင် လွတ်မြောက်ရေးအ တွက် လက်မှတ်ထိုးတာတို့နဲ့ ကွန် ဖရင့်ကြီးတွေကအစ လုပ်သွားဖို့ရှိပါ တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံ ရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ လိုက်တွေ့ဖို့က အခုလောလော ဆယ် လက်လှမ်းမမီသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တွေနဲ့ တွေ့ဆုံရတာက ကျွန်တော် တို့တွေဟာ သူတို့တွေရဲ့လွတ် မြောက်မှုအတွက် အမြဲတမ်း ကြိုး စားနေတယ်ဆိုတာနဲ့ သူတို့တွေ ထောင်ကျနေတာကို မေ့လျော့နေ တာမရှိဘဲ သူတို့လွတ်မြောက် အောင် ကြိုးစားဆောင်ရွက်နေ တယ်ဆိုတာကို သိစေချင်တယ်။ နောက်တစ်ခါ မင်းကိုနိုင် မွေးနေ့ တုန်းက လှူထားတဲ့စာအုပ်တွေကို လည်း အဲဒီအကျဉ်းသားတွေကို လိုက်ပေးတယ်”ဟု ဆိုသည်။
ဆက်လက်၍ လက်ရှိအစိုးရ အနေဖြင့် ဥရောပသမဂ်္ဂနှင့် အမေရိ ကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအား နိုင်ငံရေး အကျဉ်းသားများနှင့် လဲလှယ်လို သည့်သဘောရှိကြောင်း၊ အမှန်မှာ နိုင်ငံရေးအကျဉ်းသားများကို အမြန် ဆုံးလွှတ်ပေးကာ ပူးပေါင်းဆောင် ရွက်မည်ဆိုပါက ပိတ်ဆို့မှုကို ကျော် လွှား၍ ကောင်းမွန်သော နိုင်ငံရေး အခြေအနေသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း၊ လက်ရှိ အကျဉ်းကျခံ နေရသော နိုင်ငံရေးအကျဉ်းသား များမှာ နိုင်ငံအတွက် တန်ဖိုးရှိသော ရတနာများဖြစ်ကြောင်း၊ သူတို့အား ပြန်လွှတ်၍ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ဒီမိုကရေစီနိုင်ငံ ထူထောင် ရေးမှာ များစွာအောင်မြင်နိုင်မည်ဖြစ် ကြောင်း ၎င်းင်းက သုံးသပ်ပြောကြားသည်။
သူရထွန်း (ပေါ်ပျူလာဂျာနယ်)
Unknown at 9:36 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.