Thursday, January 19, 2012

ရွေည၀ါဆရာတော် ကျောင်းတိုက်မှတလအတွင်းထွက်ခွာရမည်

ဓါတ်ပုံ(YPI)
ရွှေညဝါဆရာတော် ဦးပညာသီဟကို တလအတွင်း သာဓုကျောင်းတိုက်က ဖယ်ပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ က ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။ "၁၉-၂-၂၀၁၂ ရက်နေ့ (တနင်္ဂနွေနေ့)ညနေ ၁၆း ၃၀ အချိန် နောက်ဆုံးထားပြီး သာဓုကျောင်းတိုက်က ထွက်ခွာပေးပါမည် ဟု ဝန်ခံကတိပြုပါသည် ။ ကျောင်းတိုက်မှ မထွက်ခွာမည် ကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှ ကာလပတ်လုံး ပြဿနာ တစုံတရာမဖြစ်ပွားစေရန် သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်" ဟု ရေးထားတဲ့ စာရွက်တွင် ဆရာတော် ဦးပညာသီဟက လက်မှတ်ရေးထိုးခဲ့ပြီး နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကြီး တည်ရာဌာနမှ ပြန်လည်ထွက်ခွာလာပြီး သာဓုကျောင်းတိုက်သို့ ရောက်ရှိနေပြီ လို့ သတင်းရရှိပါတယ် ။


Unknown at 4:50 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.