Monday, January 16, 2012

တောင်ဥက္ကလာပမှ မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်

မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)
ဇန်န၀ါရီလ ၁၅၊ ရန်ကုန်မြို့။

ဒီနေ့ မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်နေပြီ ကျောင်းထိုင်ဘုန်းဘုန်းနဲ့ ကိုယ်တော် ၃ ပါးသီတင်းသုံးနေပြီဆိုလို့ ကျမ မဂ္ဂင်ကျောင်းတိုက်ကို ရောက်ခဲ့ပါတယ်။

ဒီနေ့မှ ကျောင်းကိုပြန်ဖွင့်လိုက်တဲ့အတွက် ကျောင်းထဲမှာ အရာရာဟာ ဖရိုဖရဲဖြစ်နေပါတယ်။ ကျောင်းရဲ့ ကြမ်းခင်းတွေကလည်းပြိုပျက်နေသလို၊ ကျောင်းမှာ ပြတင်းပေါက်တံခါးရွက်တွေ မရှိတော့တဲ့ ဟာလာဟင်းလင်းကျောင်း ဖြစ်နေပါပြီ။

၂၀၀၇ ရွှေဝါရောင်တော်လှန်းရေးမှာ ပါဝင်ခဲ့ပြီး၊  အိတ်ခ်ျအိုက်ဗီအေအိုင်ဒီအက်စ် ရောဂါသည်တွေကို ကျောင်းမှာနေထိုင်ခွင့်ပေးခဲ့ပြီး ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ကျောင်းထိုင်ဘုန်းဘုန်း ဦးက္ကန္ဒက ကို ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ဒီမဂ္ဂင်ကျောင်းကိုလည်း အာဏာပိုင်တွေက ချိတ်ပိတ်ခဲ့ပါတယ်။

၂၀၀၇ နှစ်ကုန်ပိုင်းကတည်းက ချိတ်ပိတ်ထားခဲ့တဲ့ ကျောင်းလေးဟာခုတော့ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ ပျက်ဆီးယိုယွင်းမှုတွေနဲ့ပါ။ နှစ်ထပ် အုတ်တိုက်လေးမှာလည်း အမိုးရှိပေမဲ့ ပြတင်းပေါက်တွေမှာ တံခါးတွေ၊တံခါးရွက်တွေ မရှိတော့ပါဘူး။

`ဘုန်းဘုန်းတို့လည်းတခြားသွားစ၇ာ ကျောင်းမရှိဘူး အဲဒါကြောင့် ကိုယ့်ကျောင်းမှာ ကိုယ်ပြန်ကြွလာတာပဲ၊ ကျောင်းကတော့မြင်တဲ့အတိုင်းပဲ ။ အများကြီး ပြုပြင်ရဦးမယ်` လာရှိုးအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့သက်တော် ၅၂၊ ၀ါတော် ၃၂ ၀ါရှိတဲ့  ဦးက္ကုန္ဒက မိန့်ပါတယ်။

  မကြာမီကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ရှင်ဂမ္ဘီရ နဲ့ သီပေါထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ဦးဇင်းဂျောင်းေ၈ျာင်တို့ကလည်း ကျောင်းထိုင်းဘုန်းဘုန်းနဲ့အတူ  ဒီကျောင်းလေးမှာပဲ သီတင်းသုံးကြမှာပါ။


အုတ်နှစ်ထပ်ကျောင်းတိုက်လေးရဲ့ ဘုရားစင်ရှေ့က ကြမ်းပေါ်မှာ ဖျာလေး ၃ ချပ်ခင်းထားပါတယ်။
ဘေးမှာတော့ လာလှူထားကြတဲ့ သပိတ်၊ စတီးဇွန်းလေးတွေ၊ ကြွေပုဂံ၊ မီးချောင်းစတာတွေကိုတော့ ပလပ်စတစ်အိတ်လေးတွေထဲ ထည့်ထားတာ တွေ့ရပါတယ်။

ဘုန်းဘုန်းတို့နေထိုင်ရေးအတွက် လာရောက်ကူညီပေးနေတဲ့ လူငယ်လေး ၃ လေးဦးကလည်း
ပြင်ဆင်ဆောင်ရွက်ပေးနေကြပါတယ်။

ဒေါ်နော်အုန်းလှ အပါအင် အမျိုးသမီး ၂ဦးကလည်း လက်ထဲမှာ ကျွတ်ကျွတ်အိတ်လေးတွေဆွဲပြီး ရှေ့ဆင့်နောက်ဆင့်ရောက်လာကြပါတယ်.

`ဦးဇင်းတို့ လိုအပ်မယ်ထင်တာလေးတွေ လာလှူဒါန်းတာပါ၊ ကိုယ်တတ်နိုင်သလောက်ပါ`လို့ အအမျိုးသမီးတဦးကပြောပါတယ်။ သူ့လက်ထဲက ပလပ်စတစ်အိတ်ထဲမှာတော့ ပေါင်မုန့်လေး ၁ထုတ်၊ သကြီးလေး ၁ထုတ်၊ မျက်နှာသုတ်ပါဝါလေးတထည်နဲ့ ဆပ်ပြာဘူးလေးကို လှမ်းမြင်နေရပါတယ်။သူ့လိုပဲ တနိုင်ကိုယ်တတ်နိုင်တာလေးတွေကို လာရောက်လှူဒါန်းကြတဲ့ အလှူရှင် တဦး ၂ ဦးကိုလည်း တွေ့ရပါတယ်။

ဦးဇင်းတို့ကျောင်းရဲ လိုအပ်ချက်တွေကတော့ အများကြီးပါ။ လောလောဆယ် ဆွမ်းကိစ္စနဲ့ နေရေးထိုင်ရေးကစ လိုအပ်နေတာပါ
ကျောင်းကို နေလို့ရအောင် ပြန်လည်ပြင်ဆင်ဖို့အတွက်လည်း လိုအပ်ချက်တွေ ရှိနေပါတယ်။

အမိုးသာရှိပြီးအကာမလုံခြုံတဲ့  ချိတ်မပိတ်ခင် အာဏာပိုင်တွေ ၀င်ရောက်ဖျက်ဆီးခဲ့တဲ့ အပြိုအပျက်တွေနဲ့ကျောင်းအိုကျောင်းဟောင်းလေးမှာ ဘုန်းဘုန်းတို့ ဘယ်လိုများနေထိုင်ကြမလဲလို့လည်း တွေးပြီး စိတ်မကောင်းဖြစ်မိတယ်။ တသက်နဲ့တကိုယ် ပိုက်ဆံမရှိတဲ့အတွက် ခုလောက်ထိ စိတ်မထိခိုက်မိခဲ့ဖူးဘူး။ကျမမှာသာကျောင်းပြင်ဖို့ လုံလောက်တဲ့ငွေကြေးရှိရင် ပိုက်ဆံရှိရင် ဒီကျောင်းကို ပြင်ဆင်ပေးနိုင်မှာပဲလို့လည်း တွေးမိပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က နိုင်ငံရေးသမားတွေအုပ်စုလိုက်ရောက်လာကြပါတယ်။ ကိုယ်တတ်နိုင်သလောက်နဲ့ ကျောင်းထိုင်ဘုန်းဘုန်းကို လှူဒါန်းကြတာလည်း တွေ့ရလို့ သာဓုခေါ်ပါတယ်ရှင်။

ကျမလည်း မပြန်ခင်မှာကိုယ့်မှာပါလာတဲ့ ၀တ္ထုငွေအားလုံးကို ကပ်လှူခဲ့ပါတယ်။ မိတ်ဆွေများလည်း သာဓုခေါ်ကြပါဦး။

မဂ္ဂင်ကျောင်းကိုယ်တော်တွေမှာ ဆွမ်း၊ကွမ်း၊ဆေးဝါးကစ လိုအပ်ချက်တွေ ရှိနေပါတယ်။လှူဒါန်းလိုသူများလည်း သွားရောက်လှူဒါန်းကြပါလို့ နိဗ္ဗာန်အကျိုးမျှော်ပြီး ဆော်သြလိုက်ရပါတယ်။





Unknown at 9:53 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.