Thursday, January 12, 2012

အိမ်မှာနေပြီး လစာကို နိုင်ငံခြားငွေနဲ့ ထုတ်ယူနေ


နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး လေးဦးလုံး ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက နှုတ်ထွက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး ၄ ဦးကတော့ ဒေါ်အေးအေးသစ်ရွှေ၊ ဒေါ်ကြည်ကြည်ရွှေ- ဒေါ်ခင်ပြုံးရွှေနဲ့ ဒေါ်သန္တာရွှေတို့ ဖြစ်တယ်။
၂၀၁၀ ခု နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး လေးဦးလုံး ခုလို ရာထူးက ရုတ်တရက် တပြိုင်ထဲ နှုတ်ထွက်သွားတာဖြစ်ပါတယ်။ တူညီတဲ့အချက်က သမီးလေးဦးလုံး ရုံးမတက်ဘဲ အိမ်မှာနေပြီး လစာကို နိုင်ငံခြားငွေနဲ့ ထုတ်ယူနေတာဖြစ်တယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သမီးတွေဖြစ်တဲ့ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ ၂ ဦးဆိုရင် စင်္ကာပူုမြန်မာသံရုံးမှာ ပထမအတွင်းဝန်ရာထူးနဲ့ တာဝန်ပြထားပေမဲ့ သမီး ၂ ဦင်္းလုံး စင်္ကာပူမသွားဘဲ နေပြည်တော်အိမ်မှာ နေကြတယ်။ ခုလို စင်္ကာပူမသွားဘဲ နေပြည်တော်မှာ နေတာတောင် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်ကစပီး ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ ၂ ဦးလုံးကို သံမှူး (Counselor) ရာထူုး တိုးပေးလိုက်လို့ အရပ်သားသံတမန်တွေ မကျေမနပ် ဖြစ်ကုန်ပါတယ်။



ကြံ့ဖွံပါတီပိုင် ဘိလပ်မြေစက်ရုံကို ကျောက်ဆည်အရှေ့ဘက် သံတော်မြတ်တောင်မှာ တည်ဆောက်နေတယ်။ ဒီစီမံကိန်းအတွက် ကြံ့ဖွံ့ပါတီက ၃၂%၊ Mother Trading Co.၊ ကျော်သာကုမ္မဏီ၊ ရတနာသိင်္ဂီကုမ္မဏီ Fortune ကုမ္မဏီတွေက ကုမ္မဏီတခုကို ၁၇% စီ ရှယ်ယာထဲ့ဝင် ရင်းနှီးထားပါသတဲ့။ ကြံ့ဖွံပါတီပိုင် ဒုတိယဘိလပ်မြေစက်ရုံကို ဗန်းမော်ခရိုင်ထဲမှာ တည်မှာဖြစ်ပီး ဆက်သွယ်ရေးဝန်ကြီးဟောင်း သိန်းဇော်ရဲ့သားနဲ့ ကချင်လုပ်ငန်းရှင်ကြီးတချို့ပါဝင် လုပ်ကိုင်နေပါတယ်။ ဘိလိပ်မြေစက်ရုံတည်ရင် ခေါက်ချိုးမြတ်တဲ့အတွက် ကြံ့ဖွံပါတီ ရံပုံငွေကို ဒီစက်ရုံတွေက ငွေရှာပေးမယ်။


ရန်ကုန် ကမ်းနားလမ်းမှာရှိတဲ့ ယခင် စက်မှု(၁)၀န်ကြီးဌာနပိုင် ရွှေဆပ်ပြာထုတ်နေတဲ့ အမှတ်(၁) ဆပ်ပြာစက်ရုံကြီးကို ကြံ့ဖွံပါတီကနေ ပုဂ္ဂလိကို ကျပ်ငွေ သန်း ငါးသောင်းတိတိနဲ့ ရောင်းဘို့ ကြော်ငြာထားပါတယ်။ နိုင်ငံပိုင် ဒီစက်ရုံကို ကြံ့ဖွံ့ပါတီက ဘယ်တုံးက သိမ်းယူလိုက်သလဲ…ဘယ်လိုနည်းနဲ့ သိမ်းယူခဲ့သလဲဆိုတာ လွှတ်တော်အမတ်တွေ မေးသင့်ပါတယ်။ ခုတော့ သူပိုင်စက်ရုံပါဆိုပီး ကြံ့ဖွံပါတီက ကျပ် သန်းပေါင်း ငါးသောင်းနဲ့ ရောင်းနေသတဲ့။ ဒီတိုင်းပြည်မမွဲ ဘယ်တိုင်းပြည် မွဲမလဲ။


၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက အရေးကြီးတဲ့ နိုင်ငံပိုင် လုပ်ငန်းကြီးတွေမှန်သမျှ သန်းရွှေနဲ့ မောင်အေး ခွဲယူလို့ ကုန်ပါပီ။ ယူတဲ့နေရာမှာ မောင်အေးဆိုရင် ဆရာကျောင်းအမည်နဲ့ ယူသွားတာ။ သန်းရွှေက တေဇအမည်နဲ့ ယူသွားတာ။ ကောင်းတဲ့ စက်ရုံမှန်သမျှကိုလဲ ကာကွယ်ရေးဝန်ကြီးဌာနပိုင် MEC ခေါ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ယူသွားဘီ။ လာမဲ့ ဧပြီ(၁)ရက်ကစပီး ကျန်တဲ့ အရှုံးပေါ်နေတဲ့ စက်ရုံအစုတ်တွေအတွက် အစိုးရက ဘတ်ဂျက်မပေးဘို့ ဆုံးဖြတ်ထားတယ်။ စက်ရုံမှူးတွေက အစိုးရဆီက ငွေချေးပီး စက်ရုံတွေလည်။ ချေးငွေကို ပြန်ဆပ်။ အခွန်ဆောင်။ မြတ်အောင်မလုပ်နိုင်တဲ့ စက်ရုံမှူးကို အရေးယူမယ် လို့ စက်မှုဝန်ကြီး စိုးသိန်းက ပြောတယ်။ ၂၀၁၁ ခု ဧပြီလကနေ ဒီဇင်ဘာထိ ၉ လအတွင်း သာပေါင်းပျော့ဖတ်စက်ရုံတခုထဲက ရှုံးတဲ့ကျပ်ငွေပေါင်း သန်း၂၇၀၀ ရှိပါတယ်။


ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ထိုင်းအကူအညီနဲ့ တည်ဆောက်ရန် အဆိုပြုထားတဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားစက်ရုံ စီမံကိန်းကို မြန်မာအစိုးရဘက်က ဗြုံးစားရပ်လိုက်တဲ့အတွက် ထိုင်းကုမ္မဏီတွေ အတော်အထိနာသွားပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံမှာ ကြိုတင်တွက်ဆလို့မရတဲ့ စီးပွားရေးအခြေအနေမျိုးရှိနေတာကို ပြသနေတယ်လို့ ဒီကနေ့ထုတ် Bangkok Post သတင်းစာက ရေးပါတယ်။နိုင်ငံခြားသား ရင်းနှီးမြုတ်နှံသူတွေ မြန်မာပြည်မလာတာ ဆန်ရှင်ကြောငိ့ မဟုတ်ပါ။ Bangkok Post သတင်းစာက ပြောသလို ကြိုတင်တွက်ဆလို့မရတဲ့ စီးပွားရေးအခြေအနေမျိုးကြောင့်ပါ။ ဥပဒေ ခိုင်ခိုင်မာမာနဲ့ နိုင်ငံခြားသားအရင်းအနှီးကို ကာကွယ်မပေးနိုင်ရင် ဆန်ရှင်ဖွင့်လဲ ဘယ်သူမှမလာပါ။ ဈေးကွက်စီးပွားရေးလို့ ဒင်းတို့ပြောလာတာ နှစ်၂၀ကျော်ဘီ။ Technology Transfer နဲ့ ပတ်သက်တဲ့ ဥပဒေ ခုထိမရှိ။ ဗီယက်နမ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်ထဲက ရှိနေတယ်။


ဦးသိန်းစိန်ကို ဒုတိယအကြိမ်တွေ့ဘို့ ဒေါ်စု ခွင့်တောင်းပေမဲ့ ဦးသိန်းစိန်က တွေ့ခွင့်မပေးဘူးလို့ ကြားရတယ်။
http://www.heraldsun.com.au/news/world/suu-kyi-could-get-government-role/story-e6frf7lf-1226239457281
Unknown at 4:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.