Saturday, December 31, 2011

ကမာရွတ်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွင်း မီးလောင်မှုဖြစ်ပွား





ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဒီဇင်ဘာလ(၃၀)ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ဝန်းကျင်၌ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ညစောင့်တာဝန်အဖြစ်ထမ်းဆောင်နေသည့် အမျိုးသားတစ်ဦးမှ ညနေ ၅နာရီခွဲအချိန်တွင် စတင်မြင်တွေ့မြင်ခဲ့ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရှိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေရာမှာ တေဇခန်းမဆောင်အနီးရှိ ကွန်ပြူတာ အခန်းမှ စတင်လောင်ကျွမ်းခဲ့ပြီး တေဇခန်းမဆောင်သို့ ကူးစက်၍ မီးလောင် ကျွမ်းခဲ့ကြောင်း သိရှိရသည်။

ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်မှ မည်သည့်နေရာမှ စတင်၍ လောင်ကျွမ်းခြင်းဖြစ်ကြောင်း အတည်မပြုသေးသော်လည်း ယခုလက်ရှိအချိန်ထိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်းရှိ တေဇခန်းမဆောင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါခန်းမအနီးရှိ ကွန်ပြူတာခန်း၊ အိမ်တွင်းမှုအခန်း၊ အနုပညာခန်း၊ ပန်းချီခန်း၊ ကျန်းမာရေးခန်းနှင့် လေးထပ်ဆောင်တို့မှာ မီး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဒီဇင်ဘာလ(၃၀)ရက်နေ့ညနေ၅နာရီခွဲအချိန်ခန့်၌ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည (၆)နာရီ (၃၅)မိနစ်ခန့်တွင် မီးညွန့်ကို ထိန်းသိမ်းနိုင်ခဲ့ကာ ည၇နာရီ၊ မိနစ်၅၀တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် (၃၁)စီး၊ အုပ်ချုပ်မှုယာဉ် (၈)စီး လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်စဉ်ကို ဦးစွာမြင်တွေ့ခဲ့ရသည့် အမှတ်(၂)အခြေခံပညာကျောင်း၊ ကျောင်းစောင့်ဖြစ်သူ ကိုဖိုးဇော် က " ကျွန်တော်နဲ့ ကျွန်တော့ဇနီးက ညနေ၅နာရီခွဲအချိန်လောက်က ကျောင်းအတွင်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ အချိန်မှာပဲ တေဇခန်းမဆောင်ရဲ့ ဘေးထောင့်မှာရှိတဲ့ ကွန်ပြူတာခန်းကနေပြီးတော့ မီးလောင်နေတာကို တွေ့ရတယ်။ မီးငြှိမ်းသတ်ဖို့ ဆောင်ရွက်မယ့်အချိန်မှာ မီး ညွန့်ကအရှိန်ပြင်းလာတယ်။ ကွန်ပြူတာခန်းကလည်း တံခါးပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ ၀င်လို့မရဘူး" ဟု ၄င်း၏ မြင်တွေ့မှုကို ပြန်လည် ပြောကြားခဲ့သည်။
Unknown at 10:04 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.