Thursday, December 29, 2011

ဟိုတစ်စ ဒီတစ်စ ဟာသများ

မူးရင်မမောင်းနဲ့

လူတစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ အရက်သောက်ရင်း အမူးလွန် သွားပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေက အိမ်ပြန်လိုက်ပို့ပေးမယ် ပြောကြပေမယ့်လည်း သူ့အိမ်က တစ်မိုင်လောက်ပဲ ဝေးတယ် ကိစဿစမရှိဘူးလို့ သူက ငြင်းပါတယ်။

ပါတီပွဲကနေအပြန် တိုက် ၅ တိုက်လောက် အရောက်မှာတော့ ရဲက သူ့ကားကို တားပါတော့တယ်။ နောက်တော့ ရဲက သူ့ဆီကနေ လိုင်စင်တောင်းကြည့်ပြီး သူ့ကို ကားထဲကနေ အပြင်ဖက် ထွက်ပြီး လမ်းလျှောက် ခိုင်းပါတယ်။ သူလမ်းစ လျှောက်နေတုန်းမှာပဲ ရဲတွေရဲ့ ရေဒီယိုက အသံမြည်လာပြီး လမ်းဒေါင့်က အိမ်တစ်အိမ်မှာ ဓားပြမှု ဖြစ်နေတယ်လို့ သတင်းပို့တဲ့ အသံ ကြားလိုက်ရပါတယ်။ ရဲတွေက သူ့ကို သူတို့ လမ်းထောင့်က ဓားပြမှု ကိုသွားဖြေရှင်းပြီး ပြန်လာခဲ့မယ် ဒီနေရာမှာ စောင့်နေပါလို့ မှာထားခဲ့ပြီး လမ်းဒေါင့်ကို ပြေးသွားကြ ပါတယ်။

သူဟာ အဲဒီနေရာမှာ အကြာကြီး စောင့်နေပေမယ့် ရဲတွေ ပြန်မလာတာနဲ့ နောက်ဆုံးမှာ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူအိမ်ပြန်ရောက်တဲ့ အခါမှာတော့ သူ့မိန်းမကို သူအိပ်တော့မယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို လာရှာခဲ့ရင် သူ တုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြောဖို့ မှာထားခဲ့ပါတယ်။

နာရီအနည်းငယ် အကြာမှာတော့ ရဲတွေက သူ့အိမ်တံခါးကို လာခေါက်ပါတယ်။ သူတို့က မစဿစတာစမစ် ဒီမှာ ရှိသလားလို့ မေးတော့ သူ့မိန်းမက ရှိပါတယ်လို့ ပြန်ဖြေပါတယ်။ သူတို့က မစဿစတာ စမစ်နဲ့ တွေ့ချင်တယ် ပြောတော့ သူ့မိန်းမက သူတုပ်ကွေးမိနေလို့ တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေတယ်လို့ ပြန်ဖြေလိုက် ပါတယ်။

ရဲတွေ ဆီမှာ သူ့ရဲ့ လိုင်စင်တွေက ရှိနေတုန်းပါ။ ရဲတွေက သူ့ကားကို ကြည့်ချင်တယ် ပြောတော့ သူ့မိန်းမက ဘာလို့ ကြည့်ချင်တာလဲလို့ ပြန်မေးပါတယ်။ ဒါပေမယ့် ရဲတွေက သူ့ကားကို ကြည့်ဖို့ အတင်းအကြပ် တောင်းဆိုတာနဲ့ သူ့မိန်းမက သူတို့ကို ကားဂိုဒေါင် ရှိတဲ့နေရာကို ခေါ်သွားပါတယ်။ သူမက ဂိုဒေါင်တံခါးကို ဖွင့်တဲ့ အချိန်မှာ ဂိုဒေါင်ထဲမှာ တွေ့လိုက်ရတာကတော့ ခေါင်မိုးပေါ်မှာ မီးရောင်တွေ တလက်လက်  လင်းနေဆဲ ဖြစ်တဲ့ ရဲကားကိုပါ။

သတင်းစာဆရာ 

လူတစ်ယောက်ဟာ တိရစဿဆာန်ရုံထဲမှာ လမ်းလျှောက်လာတဲ့ အချိန် ကလေးမကလေး တစ်ယောက် ခြသေဿင့လှောင်အိမ်ကို မှီနေတာကို မြင်လိုက်ရပါတယ်။ ရုတ်တရက် ဆိုသလိုပဲ ခြသေဿင့က သူမ ဝတ်ထားတဲ့ ဂျာကင်ရဲ့ အနားစကို လှမ်းဆွဲလိုက်ပြီး ကလေးမလေးကို လှောင်အိမ်ထဲ ဆွဲသွင်းပြီး စားဖို့ လုပ်နေတာကို သူ လှမ်းတွေ့လိုက် ရပါတယ်။ ကလေးမကလေးရဲ့ မိဘတွေကတော့ လှောင်အိမ်ရှေ့မှာ အသံကုန်ခြစ်ပြီး အော်နေကြ ပါတယ်။

အဲဒီလူက လှောင်အိမ်ရဲ့ အနားကို ပြေးသွားပြီး ခြသေဿင့ရဲ့ နှာနုကို လက်သီးနဲ့ ခပ်ပြင်းပြင်း ပိတ်ထိုး ထည့်လိုက်ပါတယ်။ နာသွားတဲ့ အတွက်ကြောင့် ခြသေဿင့က နောက်ကို ခုန်ဆုတ်ပြီး ကောင်မလေးကို လွှတ်ပေးလိုက်ပါတယ်။ သူက ကောင်မလေးကို ကြောက်လန့်နေတဲ့ သူမ မိဘတွေဆီကို ပို့ပေးလိုက်ပါတယ်။

သတင်းသမား တစ်ယောက်က အဲဒီ မြင်ကွင်းကို အစအဆုံးမြင် လိုက်ပါတယ်။ နောက်တော့ သူက ကောင်မလေးကို ကယ်ဆယ်တဲ့သူကို ပြောပါတယ်။

"ဆရာ။ ဒါဟာ ကျွန်တော့်ဘဝမှာ ကြုံဖူးသမျှထဲက ယောက်ျားတစ်ယောက် ရဲ့ အရဲရင့်ဆုံး သူရဲကောင်း အဆန်ဆုံး အပြုအမူ တစ်ခုပါပဲ။"

"ဘာလို့လဲ။ ဒါမဖြစ်စလောက် ကိစဿစပါ။" လို့ အဲဒီလူက ပြန်ပြောပါတယ်။

"တကယ်ပါ။ ခြသေဿင့က လှောင်အိမ်ထဲမှာ ရှိနေတယ်။ ဘုရားသခင်က ခြသေဿင့လှောင်အိမ်ထဲက ဒင်နီယယ်ကို အကာအကွယ် ပေးခဲ့သလိုပဲ ကျုပ်ကိုလည်း အကာအကွယ် ပေးလိမ့်မယ် ဆိုတာ ကျုပ်သိတယ်။ အခု ကျုပ် ဒီကလေးမလေး အနဿတရာယ် ဖြစ်နေတာ မြင်လိုက်ရတယ်။ အဲဒီအတွက် ကျုပ်မှန်တယ် ထင်တဲ့ ကိစဿစတစ်ခုကို လုပ်လိုက်တာပဲ။"

"ခင်ဗျား အိတ်ထဲမှာ သမဿမာကျမ်းစာအုပ်ကို တွေ့တယ်။ ခင်ဗျားက ရီပတ်ဘလစ်ကင်လား။" လို့ သတင်းစာ ဆရာက မေးပါတယ်။

"ဟုတ်ပါတယ်။ နောက်ပြီး ကျုပ် ခရစ်ယာန်ပါ။ အခု သမဿမာကျမ်းစာ သင်တန်းကို သွားမလို့။" လို့ အဲဒီလူက ပြန်ဖြေပါတယ်။

"ကောင်းပါပြီ။ ဒီအဖြစ်အပျက်ကို ဘယ်သူမှ မသိလိုက်ဘဲ ပျောက်ပျက်သွားတာမျိုး မဖြစ်စေရပါဘူး။ ကျွန်တော်က သတင်းစာ ဆရာပါ။ မနက်ဖြန် သတင်းစာမှာ ဒီသတင်းကို မျက်နှာဖုံး သတင်း အနေနဲ့ ပါလာစေရ ပါမယ်။" လို့ သတင်းစာ ဆရာက ပြောပြီး ထွက်သွားပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အဲဒီလူက သတင်းစာကို ဝယ်ပြီး မနေ့က သူလုပ်ခဲ့တဲ့ ကိစဿစ တကယ်ပဲ သတင်းစာထဲမှာ ပါလာသလားလို့ ကြည့်ပါတယ်။ ပထမဆုံး စာမျက်နှာမှာ ရေးထားတဲ့ သတင်းခေါင်းစဉ်ကတော့ "လက်ယာယိမ်းသူ ရီပတ်ဘလစ်ကင် ခရစ်ယာန် အခြေခံ ဝါဒီတစ်ဦးမှ အာဖရိကမှ ရွှေ့ပြောင်းလာသူအား တိုက်ခိုက်ပြီး သူ၏ နေ့လည်စာကို လုယူလိုက်ခြင်း" လို့ပဲ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ကားမောင်းခြင်း

အမေရိကားကို အလည်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို လာကြိုတဲ့ ကားဒရိုင်ဘာဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အထုတ်အပိုးတွေကို ဇိမ်ခံကားထဲကို ထည့်ပြီးတဲ့အချိန်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ပလက်ဖောင်းပေါ်မှာ ရပ်နေတာကို သတိထားလိုက်မိပါတယ်။

ဟုတ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ပလက်ဖောင်းပေါ်မှာ ရပ်နေဆဲပါ။

"ကျေးဇူးပြုပြီး အထဲ ဝင်ထိုင်ပါ ပုပ်ရဟန်းမင်းကြီး ခင်ဗျာ။ ကျွန်တော်တို့ သွားလို့ ရပါပြီ။" လို့ ဒရိုင်ဘာက ပြောပါတယ်။

အဲဒီတော့ ပုပ်ရဟန်းမင်းကြီးက "အင်း။ အမှန်အတိုင်း ပြောရရင်တော့ သူတို့ ငါ့ကို ဗာတီကန်မှာတုန်းက ဘယ်တော့မှ ကားပေးမမောင်းဘူး။ ဒီနေတော့ ကျုပ် ကားမောင်းချင်တယ်။"လို့ ပြောပါတယ်။

"အဲဒီလို လုပ်လို့ မဖြစ်ပါဘူး ခင်ဗျာ။ ကျွန်တော် အလုပ်ပြုတ်ပါလိမ့်မယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မှာလဲ။" လို့ ဒရိုင်ဘာက ကန့်ကွက်ပါတယ်။ သူ့စိတ်ထဲမှာတော့ ဒီနေ့ အလုပ်မဆင်းမိရင် အကောင်းသားလို့ တွေးနေမိပါတယ်။

"ရပါတယ်။ မင်းကို မထိခိုက်စေရပါဘူး။" လို့ ပုပ်ရဟန်းမင်းကြီးက ပြန်ပြောပါတယ်။

ဒရိုင်ဘာက တွန့်ဆုတ် တွန့်ဆုတ်နဲ့ နောက်ခန်းထဲ ဝင်လိုက်ပြီး ပုပ်ရဟန်းမင်းကြီးကတော့ ယာဉ်မောင်းသူ နေရာမှာ ထိုင်လိုက်ပါတယ်။

လေဆိပ်ကနေ ထွက်လာပြီးတဲ့ အချိန်မှာတော့ ဒရိုင်ဘာဟာ အတော်နောင်တ ရသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပုပ်ရဟန်းမင်းကြီးက ကားကို တစ်နာရီ ၁၀၅မိုင်နှုန်း အထိ အရှိန်တင်ပြီး မောင်းနေလို့ပါ။

"ဖြည်းဖြည်းမောင်းပါ အရှင်။" လို့ ဒရိုင်ဘာက တောင်းပန်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးက အဲဒီ အရှိန်နဲ့ ဆက်ပြီး မောင်းနေတာ နောက်ဆုံးမှ ရဲ ဆိုင်ကယ်ရဲ့ ဥဩဆွဲသံကို သူတို့ ကြားရတဲ့ အချိန်အထိပါပဲ။

"ဘုရားသခင်။ သွားပါပြီ။ ကျွန်တော့် လိုင်စင်တော့ အသိမ်းခံရပါပြီ။" လို့ ဒရိုင်ဘာက ညည်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ကားကို လမ်းဘေးဆွဲချလိုက်ပါတယ်။ ရဲက ကားနားကပ်လာတဲ့ အချိန်မှာတော့ သူက သူ့ရဲ့ ဘေးက မှန်တံခါးကို ချလိုက်ပါတယ်။ ဒါပေမယ့် ရဲက သူ့ကို တစ်ချက်ကြည့်ပြီး သူ့မော်တော်ဆိုင်ကယ် ဆီကို ပြန်လျှောက် သွားပါတယ်။ နောက်ပြီး သူ့ရဲ့ ရေဒီယိုကို ဖွင့်လိုက်ပါတယ်။ ဟိုဘက်က ပြန်ထူးသံ ကြားတဲ့ အချိန်မှာ ရဲသားက "ငါ ရဲမှူးနဲ့ စကားပြောချင်တယ်။"လို့ ပြောလိုက်ပါတယ်။
 ရဲမှူးက ရေဒီယိုကို ပြန်ထူးတဲ့ အချိန်မှာတော့ ရဲသားက သူ တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့ မောင်းလာတဲ့ ဇိမ်ခံကား တစ်စင်းကို တားလိုက်တဲ့ အကြောင်း ပြောပြပါတယ်။

"အဲဒါဆိုလည်း ဖမ်းလိုက်လေ။"လို့ ရဲမှူးက ပြောပါတယ်။

"ကျွန်တော်တို့ ဖမ်းလို့ မဖြစ်ဘူးထင်တယ်။ ကားထဲမှာ ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂဿဂိုလ်"လို့ ရဲသားက ပြန်ပြောပါတယ်။

"တခြား အကြောင်းရော ရှိသေးလား။"လို့ ရဲမှူးက မေးပါတယ်။

"မရှိဘူး။ ဒါပေမယ့် အဲဒီကားပေါ်ပါတဲ့သူက တကယ့်ကို အရေးကြီးတဲ့ ပုဂဿဂိုလ်မို့ပါ။" လို့ ရဲက ထပ်ပြောပါတယ်။

ရဲမှူး။  ။ "မင်းအခု တားလိုက်တာ ဘယ်သူလဲ။ မြို့တော်ဝန်လား။"

ရဲသား။ ။ "မဟုတ်ဘူး။ သူ့ထက် မြင့်တယ်။"

ရဲမှူး။ ။ "ပြည်နယ် အုပ်ချုပ်ရေးမှူးလား။"

ရဲသား။ ။ "မဟုတ်သေးဘူး။ သူ့ထက် မြင့်သေးတယ်။ "

ရဲမှူး။ ။" ကောင်းပြီ။ အဲဒါဆို ဘယ်သူလဲ။"

ရဲသား။ ။ "ကျွန်တော်တော့ ဘုရားသခင်လို့ ထင်တယ်။"

ရဲမှူး။ ။"နေပါဦး မင်းက ဘာလို့ ဘုရားသခင်လို့ ထင်ရတာလဲ။"

ရဲသား။ ။ "ဇိမ်ခံကားရဲ့ ဒရိုင်ဘာက ပုပ်ရဟန်းမင်းကြီးလေ။ "  
 
သတ်သေမှာလား

ပုံသဏဿဍာန် ကြမ်းကြမ်းတမ်းတမ်း ရှိတဲ့ စက်ဘီးသမား တစ်စု စက်ဘီးစီးလာတဲ့ အချိန်မှာ ​ကောင်မလေး တစ်ယောက် တံတားပေါ်က ခုန်ချဖို့ ပြင်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအတွက် သူတို့ ရပ်လိုက်ကြပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခနဿဓာကိုယ် ခပ်တောင့်တောင့်လူက သူ့စက်ဘီးပေါ်က ဆင်းပြီး ကောင်မလေးကို စကားလှမ်းပြောနေပါတယ်။

"မင်းဘာလုပ်နေတာလဲ။"

"ကျွန်မ ကိုယ့်ဘာသာကိုယ် သတ်သေမလို့။" လို့ သူမက ပြန်ပြောပါတယ်။

တကယ်တမ်းတော့ သူ့အနေနဲ့ ဂရုမစိုက်ပေမယ့် ရှိနေတဲ့ အခွင့်အရေးကို လက်လွတ်မခံချင်တာကြောင့် သူက မေးလိုက်ပါတယ်။
"ကောင်းပြီ။ မင်းခုန်မချခင် ငါ့ကို မနမ်းချင် ဘူးလား။"
သူမက သူ့ကို နမ်းလိုက်ပါတယ်။ အဲဒီလို နမ်းလိုက်တာဟာ တကယ့်ကို မက်မက်မောမောနဲ့ အကြာကြီးပါ။
သူမ သူ့ကို နမ်းပြီးသွားတဲ့ အချိန်မှာတော့ စက်ဘီးသမားက ပြောပါတယ်။
"တကယ်ပဲ။ ဒါဟာ ငါ့ဘဝမှာ ကြုံဖူးသမျှ ထဲက အကောင်းဆုံး အနမ်းပဲ။ မင်းအနေနဲ့ မင်းမှာ ပါလာတဲ့ ပါရမီကို အလဟသ ဖြုန်းမပစ်သင့်ဘူး။ မင်းအနေနဲ့ အများကြီး ဖြစ်နိုင်သေးတာပဲ။ ဘာဖြစ်လို့ မင်းသတ်သေမှာလဲ။"
"ကျွန်မရဲ့ မိဘတွေက ကျွန်မ မိန်းကလေးတစ်ယောက်လို ဝတ်တာကို သဘောမကျဘူး။"
 
သူချစ်တာ

လူတစ်ယောက်ဟာ သူ့အိမ်ရဲ့ ဝရန်တာမှာ သူ့မိန်းမနဲ့ အတူ ထိုင်ရင်း  ဘီယာ သောက်နေပါတယ်။ နောက်တော့ သူက ပြောလိုက်ပါတယ်။
"မင်းကိုငါချစ်တယ်။"
သူ့မိန်းမက ပြန်မေးပါတယ်။ "အဲဒီစကားက ရှင်ပြောနေတာလား။ ဘီယာက ပြောနေတာလား။"
သူက ပြန်ဖြေပါတယ်။ "ငါပြောနေတာ။ ဒါပေမယ့် ဘီယာကို ပြောနေတာ။"
 
ညစ်ညစ်ပတ်ပတ် ဟာသ

"မင်း ညစ်ညစ်ပတ်ပတ် ဟာသ ကြားချင်သလား။"

"ပြော။ ဘာလဲ။"

"တစ်ခါက မြင်းဖြူကြီးတစ်ကောင် ဗွက်ထဲ ပြုတ်ကျသွားတယ်။

တကဿကဆပ်မှာလို ဖြစ်သွားချင်သလား

ကောင်းဘွိုင်တစ်ယောက်ဟာ အရက်ဆိုင်တစ်ဆိုင်မှာ သောက်ဖို့အတွက် ရပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းတာက အဲဒီအရက်ဆိုင်မှာ သူစိမ်းတွေရဲ့ ပစဿစည်းတွေကို ခိုးယူသူတွေ ရှိတတ်ပါတယ်။ ကောင်းဘွိုင်ဟာ အရက်သောက်ပြီး ပြန်ထွက်လာတဲ့ အချိန်မှာတော့ သူ့မြင်း ပျောက်သွားတာကို သိလိုက်ရပါတယ်။

သူက ဘားထဲကို ပြန်ဝင်သွားပြီး သေနတ်ကို လေထဲကို ပစ်မြှောက်လိုက်ပါတယ်။ နောက်တော့ မကြည့်ဘဲ ခေါင်းပေါ်မှာ ပြန်ဖမ်းပြီး မျက်နှာကြက်ကို သေနတ်နဲ့ တစ်ချက် ပစ်ထည့်လိုက်ပါတယ်။

"ဘယ်ကောင် ငါ့မြင်းကို ခိုးသွားတာလဲကွ။" သူက အသံကျယ်ကျယ်နဲ့ အော်ပါတယ်။

ဘယ်သူမှ ပြန်မဖြေ ကြပါဘူး။

"ကောင်းပြီ။ ငါ နောက်တစ်ခွက် ထပ်သောက်မယ်။ ငါပြီးတဲ့ အချိန်မှာ မြင်းအပြင်ဘက်မှာ ပြန်ရောက် မနေရင်တော့ တကဿကဆပ်မှာ ငါလုပ်သလို လုပ်မယ်။ ငါတကဿကဆပ်မှာ တုန်းကလို မလုပ်ချင်ဘူးနော်။"

ဒေသခံတွေက ကောင်းဘွိုင် အဲဒီလို ပြောတာ ကြားတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ ကောင်းဘွိုင်ဟာ သူ့စကားအတိုင်း နောက်တစ်ခွက် ထပ်သောက်ပြီး အပြင်ကို ထွက်သွားပါတယ်။ အဲဒီအခါမှာတော့ သူ့မြင်းကို နေရာတကျ ပြန်တွေ့လိုက်ရပါတယ်။ သူက ကုန်းနှီးကို ပြင်ပြီး မြို့ထဲကနေ ဆက်ထွက်ဖို့ ပြင်ပါတယ်။ အရက်စပ်တဲ့သူက ကောင်းဘွိုင်ရဲ့ နောက်ကနေ ဘားအပြင်ဘက်ကို လိုက်သွားပါတယ်။ နောက်တော့ သူက ကောင်းဘွိုင်ကို စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်ပါတယ်။

"မိတ်ဆွေ။ ခင်ဗျားမသွားခင် ပြောခဲ့ပါ။ တကဿကဆပ်မှာ ဘာဖြစ်သွားသလဲ။"

ကောင်းဘွိုင်က နောက်ကို လှည့်ပြီး ပြောလိုက်ပါတယ်။ "ကျုပ်အိမ်ကို လမ်းလျှောက် ပြန်ရတာပေါ့။"
Unknown at 5:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Fingerprint Sensor For HP Pavillion dv6






အစ်ကိုတစ်ယောက်လဲတောင်းထားတာလေးရှိလို့တင်ပေးလိုက်တာပါ။ HP Pavillion dv6 အတွက် 
fingerprint Driver လေးပါ။ အမျိုးအစားတူတဲ့သူတွေလည်းယူလို့ရအောင်တင်ပေးလိုက်တာပါ။အခုလို
စက်အမျိုးအစားနဲ့လိုချင်တဲ့ Software လေး ကိုတိတိကျကျပြောပေးရင်ကျွန်တော်လည်းရှာပေးရတာမြန်
ပါတယ်။ အဆင်မပြေဘူးဆိုရင်တော့ထပ်ပြောပေးပါဗျာ။ ကျွန်တော်ထပ်ရှာပေးပါ့မယ်။
ကျွန်တော်အောက်မှာနှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်
ပါဗျာ။


Downloading from ifile.it

Downloading from mediafire

Unknown at 4:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ISO ဆိုတာ ဘာလဲ၊ ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊??




 ISO ဆိုတာ ဘာလည်းဆိုတာကနေ စကြပါစို့...ဒီတော့  ISOဆိုတာ အရှည်ကတော့ .  International Organization for Standardization   ပေါ့..Archive ဖိုင်အမျိုးအစားတခုပါပဲ..DISC Image အမျိုးအစားတခုလို့လည်း လူသိများပါသေးတယ်.။ သူကိုတော့ခုနောက်ပိုင်းတော်တော် များများကို ISO တွေနဲ့ပဲ ထွက်လာကြတာ သတိထားမိပါလိမ့်မယ်... Window ခွေဆိုလည်း ISO  Software  collection  ဆိုလည်း ISO နဲ့ တော်တော်လေးကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာကိုတွေ့မိကြမှာပါ.။  နောက်ထပ် UDF ဆိုတာ ရှိတယ်.. ဒါဆို UDF ဆိုတာကဘာလည်း ထပ်ပေါ်လာပြန်ပါပြီ.. UDF ဆိုတာကရဲ့ အရှည်ကတော့  Universal Disk Format (UDF) ပါ.  ကျယ်ကျယ်ပြန်ပြန့်တော့ ရှင်းပြမနေတော့ပါဘူး။နောက်ဆုံးတခုအနေနဲ့ Universal Image Format (UIF) ဆိုတာလည်း ရှိပါသေးတယ်  Bootable ခွေ တခွေ အဖြစ် သို့မဟုတ် DVD /CD ခွေ တခွေဖြစ်အောင် ဖန်တီးနိုင်တဲ့Format အမျိုးအစားတွေပါပဲ့.။ ‘ဒီထက်ပိုပြီး ISO ကိုသေချာ သိချင်တယ်ဆိုရင် ဒီနေရာမှာ  သွားရောက်လေ့လာကြည့်နိုင်ပါတယ်။ အကျယ်တ၀င့် တွေ့နိုင်ပါတယ်...


ISO File ဘယ်လိုလုပ်ကြမလဲ??

ဖိုင်တဖိုင်ကို ISO လုပ်တော့မယ်ဆိုရင်တော့ လွယ်ပါတယ်။ ဥပမာ MagicISO နဲ့ လုပ်လုပ် Power ISO နဲ့လုပ်လုပ် လုပ်လို့ ရပါတယ်.  ဒါဆို Power ISO နဲ့  ISO ဖိုင်တခုလုပ်မယ်ဆိုကြပါစို့. ဒါဆို Power ISO ကိုဒေါင်းလုပ်ချ ရမ်းပါ. အရင်ဆုံး ဒေါင်းလုပ်ချ ဖို့ အောက်မှာပေးထားပါတယ်.. ကြိုက်တာကိုဒေါင်းယူပါ.. ပြီးရင်တော့ ကိုယ်လုပ်ချင်တဲ့ ဖိုင်ကို Power ISO ထဲ့ကို စွဲထည့်ပြီး Create Image လုပ်လိုက်ယုံပါပဲ့ ။ အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ အြ့ကမ်းဖျင်း ရှင်းပြပေးပါဦးမယ်။

အဆင့် ၁ …
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ISO လုပ်ချင်တဲ့ ဖိုင်ကို Desktop ပေါ်တင်ထားလိုက်ပါ ပိုလွယ်အောင်လို့ပါ . ပြီးရင် ISO (Power ISO) ဖိုင်ကို ဖွင့်ပြီး ဆွဲထည့်လိုက်ပါ . အောက်က ပုံလေးလိုပါ....

အဆင့် ၂
ဒီအဆင့်ရောက်ပြီဆိုရင်တော့ Save ကို နိုပ်လိုက်ရင် ဘာနဲ့ Save မှာလည်းဆိုပြီးမေးပါလိမ့်မယ်။ ဒါကို သူမှာတော့ ၃ မျိုးပေးထားပါတယ်။ ကျွန်တော်တို့ က ISO လိုချင်တာ ဖြစ်တဲ့ အတွက် ISO ဆိုတာလေးကိုရွေးပြီး Save လိုက်ယုံပါပဲ။


အဲ့ထက်ပိုရှင်းသွားအောင် ကျွန်တော် အောက်မှာ Youtube လင့်နဲ့ ပြထားပါတယ်။ နောက်ထပ်လည်း မြန်မာက youtube ကြည့်လို့ မရတဲ့ လူတွေတွက် နောက်ထပ် Vimeo ကနေ တင်ပေးထားပါတယ် အောက်က Video နှစ်ဖိုင်ကို ကြည့်ကြည့်ပါ..

http://www.youtube.com/watch?v=f8CGxABmK5U

OR

http://vimeo.com/28589377


ကျွန်တော် အောက်မှာ Power ISO  . Magic ISO .,Ultra ISO နဲ့ WinISO ကို တင်ပေးထားပါတယ် တခုချင်းဆီ လိုချင်သူတွေတွက်လည်းအစဉ်ပြေအောင် အကုန်လုံးလိုချင်သူတွေတွက်လည်းအဆင်ပြေအောင် နှစ်မျိုးခွဲတင် ပေးထားပါတယ်

http://ifile.it/2k3qdo9
http://ifile.it/yn9j1m4
http://ifile.it/3wmchlg
http://ifile.it/k3dz1wp

OR

http://filebucket.info/file/u4d0n4c9v/MagicISO_Maker_v5.5_Build_276.rar.html
http://filebucket.info/file/cyyhc4cf8/PowerISO_v4.5.rar.html
http://filebucket.info/file/85utnxxep/UltraISO_Premium_Edition_v9.3.3.2685.rar.html
http://filebucket.info/file/wknkohhfh/WinISO_v5.3.rar.html

OR

http://www.multiupload.com/T1SPDJF6HS
http://www.multiupload.com/Y0LGY9VJ54
http://www.multiupload.com/77SB2PK6AW
http://www.multiupload.com/9LDW4AGJ0X

အကုန်လုံးလိုချင်သူများတွက် တလင့်တည်းကနေ ဒေါင်းယူနိုင်ပါတယ်။

http://www.mirrorcreator.com/files/1XEH8XDW/

OR

http://up4vn.com/files/20FOTXG7/MagicISO.Maker_PowerISO_UltraISO_WinISO_All-In-One_-Dr.Upload.rar.html

OR

http://filebucket.info/file/0z6jjxjcl/MagicISO.Maker_PowerISO_UltraISO_WinISO_All-In-One_-Dr.Upload.rar.html


File  တဖိုင်ကို  ISO  လုပ်ချင်တာကတော့ နည်းလမ်းအများကြီးရှိပါတယ်။ အများကြီးတည်းက နည်းလမ်းတခုလောက်ကို သေချာသိထားရင် နောက်ထပ် ဆော့ဝဲတွေနဲ့ လုပ်ပုံကိုင်ပုံချင်းလည်းသိပ်မကွာပါဘူး. နည်းနည်းလေး ပြောင်းလဲ သွားတာကလွဲလို့ ဘာမှ သိပ်ပြီးထူးထူးခြားခြားပြောင်းလဲမသွားပါဘူး..ဒီတော့ ISO ဖိုင်တဖိုင်ရလာပြီဆိုရင် ကျွန်တော်တို့ ဘယ်လိုမျိုး Bootable ခွေတခွေဖြစ်အောင် burn ကြမလည်းဆိုတာကို သိဖို့ လိုလာပါပြီ .. ဒါလည်းမခက်ပါဘူး။ အပေါ်မှာပေးထားတဲ့ Power ISO ပဲ ဖြစ်ဖြစ် Magic ISO ပဲဖြစ်ဖြစ် ရမ်းပြီး ဘမ်းလို့ ရသလို window 7 ဆိုရင် Window image burn ကို Build in ပါပြီးသားပါ ဒါကြောင့် မခက်ခဲပါဘူး။ ဥပမာအပေါ်က Video ထဲမှာ သတိထားကြည့်ရင် Burn ဆိုတာကိုတွေ့ပါလိမ့်မယ်။ ဒီထက်ပိုပြီးရှင်းသွားအောင်တော့ အောက်က Video ဖိုင်ကို ကြည့်ကြည်နိုင်ပါတယ်။



ဘယ်လို Burn ??

ကျွန်တော် ခွေဘမ်းဖို့တွက်ကိုတော့ img burn  နဲ့ ပြောပြပေးချင်ပါတယ်။တကယ်တော့ တခုနဲ့ တစ်တခုက သိပ်မကွာပါဘူး လုပ်ပုံကိုင်ပုံက … အရင်ဆုံး ကျွန်တော်တို့ Img burn နဲ့ ခွေဘမ်းမှာ ဖြစ်တဲ့ အတွက် Image burn ကို အရင်ဆုံးသွားဒေါင်းရပါမယ်။ Freeware ပါ. ဒီလင့်မှာ  သွားဒေါင်းပါ...



ဒေါင်းပြီးလို့ ရတဲ့ဖိုင်ကို ရမ်းပြီးရင် အပေါ်က ပုံလေးလိုပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ဟိုးအပေါ်မှာ ISO ဆိုတာ Image file လို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ.. ဒါကြောင့် ကျွန်တော်တို့ ပထမဆုံး ပုံလေးထဲ့က Write image file ကို ရွေးလိုက်ပါမယ်။



ကျွန်တော်တို့ အပေါ်မှာ Source နေရာမှာ အနီနဲ့ ၀ိုင်းပြထားတာလေး ရှိပါတယ် ဒီနေရာလေးမှာ မိမိ ခွေရိုက်ချင်တဲ့ ISO ရှိတဲ့ Location ကို ရွေးပေးပါ ပြီးရင် ကျွန်တော်တို့ Verify ကို အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့ ဘာလို့လည်းဆိုတော့ Verify ကိုပေးပြီး ခွေရိုက်ရင် ပိုပြီး တာရှည်ခံပါတယ်။ နောက်တခုက တော်ယုံလောက် ခွေ error ကိုလည်း အမှားခံပါတယ်။ နောက်ဆုံးရွေးပေးရမှာလေးကတော့ Setting မှာ Write Speed ပါ သူ့ကိုတော့ 4x ထားတာ အကောင်းဆုံးပါပဲ့ တာရှည်ခံပါတယ် .။ အောက်က Copies ကတော့ မိမိ Copy ဘယ်လောက် ပြန်ကူးခွင့်ပေးမယ်ဆိုတာပါပဲ့။ နောက်ဆုံးအားလုံး အဆင့်သင့်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ အနီင်္နဲ့ မြှားထိုးပြထားတာလေးကို နိုပ်လိုက်ရင် အောက်ကပုံလေးလို ခွေ စဘမ်းနေပါပြီ.


ဒါဆိုရင် ခွေဘမ်းတာကို အကြမ်းဖျင်းနားလည်လောက်ပါပြီ။

ဘယ်လို Mount ???

ကျွန်တော် အခုပြောပြမှာက ရှိနေတဲ့ ISO ဖိုင်ကို ဘယ်လို Mount မလဲ့ဆိုတာပါပဲ့ ..  ဒီတော့ ဒါလည်း လွယ်ပါတယ် မခက်ခဲ့ပါဘူး .. Mount ဆိုတာ နားလည်လွယ်အောင်ပြောရရင်တော့ မိမိစက်မှာ CD/DVD Drive မရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့ စက်ထဲ့မှာ CD/DVD Drive ကဲ့သို့ အသုံးပြုနိုင်အောင် အတု ပြုလုပ်တာပါပဲ့။ DVD Drive အတုပေါ့. အဲ့လို အတုတွေ ရှိမှပဲ့ Mount လို့ ရမှာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့က ဘယ် Software က Free ရမလဲ့ တချက်ကြည့်ကြတာပေါ့။ ဒါပေ့မယ် လူကြိုက်လည်းများ အသုံးများတဲ့ ကောင်လေးတွေကိုပဲ့ ရွေးကြတာပေါ့။ . ဒီတော့ ကျွန်တော်တို့က Vitrual clonedrive နဲ့ Demon tool နှစ်မျိုးရှိပါတယ်  Demon tool ကတော့ ပိုက်ဆံနဲ့ ၀ယ်နေရပါလိမ့်ဦးမယ် ဒီတော့ ကျွန်တော်တို့ Vitrual clonedrive  ကိုပဲ့ သုံးကြတာပေါ့ အဲ့တော့ Vitrual clonedrive  ကို ဒီနေရာကနေ သွားဒေါင်းလိုက်ပါ

ဒေါင်းပြီးရင် ကျွန်တော်တို့ ISO ဖိုင်တိုင်းကို တိုက်ရိုက်ဖွင့်ပြီး DVD Drive ထဲ့ ထည့်ပြီး ခွေရိုက်သုံးသလို သုံးလို့ ရပါပြီ။ ISO ဖိုင်ကို ထောက်ပြီး Vitrual clonedrive ကို ရွေးပေးလိုက်ယုံပါပဲ့ ။ ပုံကိုကြည့်လိုက်ရင် ပိုမြင်ပါလိမ့်မယ်။



ဒီလို Mount လိုက်တော့ ဘာပိုထူးသွားလည်းဆိုတော့ DVD Drive မရှိတဲ့ ညီအကိုမောင်နှမတွေ အတွက်တော့ အဆင်ပြေသွားပါတယ် ။ နောက်ထပ်လည်း အတု အယောင်အနေနဲ့ အသုံးပြုခွင့်ရှိတဲ့အတွက် ISO ဖိုင်တိုင်းကို ခွေရိုက်ပြီးမှ အသုံးပြုလို့ ရတာတွေကိုလည်း ကျော်လွန်သွားနိုင်တာပေါ့။ ဒီလောက်ဆိုရင် Mount တက်လောက်ပါပြီ။

အောက်မှာတော့ Demon tool  ကို ကျွန်တော် Crack နဲ့ ရှာပေးထားပါတယ်။ Full သုံးလို့ ရပါတယ်။

http://www.mirrorcreator.com/files/EMBSUHPT/
Unknown at 4:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဖရိကမှာပဲ ဒီလိုရှိတယ်

ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းတစ်ထောင် ကိုယ်စားပြုတယ်လို့ ဆိုကြတာမို့ စာရေးဖို့ စိတ်မပါ...
အချိန်မရတဲ့ အခါမျိုး ဒီလိုပုံလေးတွေပဲကြည့် ပြီး ဖြန့် ထွက်၊ ဖြည့် စွက်တွေးကာ အပန်းဖြေကြပါကုန်...
အာဖရိကမှာပဲ ဒီလိုရှိတယ်အစ်ကို ( အစ်မများလည်းပါပေသပေါ့ ....)  လို့ စိတ်ကူးအတွေးနဲ့ အမည်ပေး
လိုက်ပါတယ်....


အာဖရိက ကကိုအာကျယ်...
တိုက်ရင်းတိုးချဲ့ ...တိုးချဲ့ ရင်းတိုက်....
တပ်သားဦးရေပြောပါတယ်...
အေးရာအေးကြောင်းဖုံးပြောတဲ့ ကိုရွှေအာဖရိက...


နွားဆွဲတဲ့ ...တိုယိုတာ ထော်လာဂျီ...
ဆီဖိုးလည်းမကုန်၊ လေထိုးကျွတ်ဖာ၊ တာယာကွဲစရာ၊ လဲစရာလည်းမလိုတဲ့ ဆိုင်ကယ်...
သူ့ အရပ်နဲ့ သူ့ ဇတ်နဲ့ ကတော့ ဟုတ်လို့ ...စင်္ကြာဝတေးမင်းလို့ များထင်နေသလားပဲ....

အဲဒီလောက်ကြီးတာကတော့ အာဖရိကမှာပဲရှိမှာပါ....
ကျိုက်ထီးရိုးက လူအထမ်းသမားတွေမြင်ယင် အတုယူနေဦးမယ်...
ထမ်းခကို ကိုယ်တစ်ယောက်တည်းပဲယူရုံပဲ...
အချစ်နဲ့ အဆက်အသွယ်မပြတ်....
သြော်...အပျင်းပြေ မိတ်ဖြစ်ဆွေဖြစ် သေနတ်ပစ်တတ်ကြပုံရပါတယ်....

ရှုပ်နေတာပဲ...ဘာကိုဆိုလိုချင်မှန်းတောင်မသိတော့ ဘူး...
ဘာကြောင့် မဖွင့် သလဲဆိုတော့ ပိတ်ထားလို့ ပါတဲ့ ခင်ဗျ...
ရှင်းလိုက်တဲ့ အဖြေ....
Unknown at 3:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖိုက်ဘာအင်တာနက်စီမံကိန်း လာရောက်လုပ်ကိုင်ရန် ကမ္ဘောဒီးယားစီစဉ်



Photo

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုစနစ်ဖြစ်သော ဖိုက်ဘာအင်တာနက်
ဆက်ကြောင်းသွယ်တန်းရေးစီမံကိန်းကို လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မြန်မာ့စီးပွားရေးကော်မရှင် (MIC) သို့ တင်ပြထားကြောင်းသတင်းရရှိသည်။
ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာ နိုင်ငံသို့လာရောက်ပြီး အိုင်စီတီ လုပ်ငန်းဆိုင်ရာနှင့်ပတ်သက်သောအထက်ပါရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ယခုလ ပထမပတ် နှင့် ဒုတိယပတ်အတွင်း နေပြည်တော်ခရိုင်၌ပြုလုပ်ခဲ့သည့် အာဆီယံဆက်သွယ်ရေးဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးတွင်ကမ္ဘောဒီးယားဝန်ကြီးကပြောကြား ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားသောအဆိုပါ အင်တာနက်ဆက်သွယ်မှုစီမံကိန်းသည်လည်း လာမည့် ၂၀၁၂ နှစ်အတွင်း ခွင့်ပြုချက်ကျလာဖွယ်
ရှိ နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အဆိုပါမြန်နှုန်းမြင့်ဖိုက်ဘာဆက်ကြောင်းစီမံကိန်းကို လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့်အခါ ရန်ကုန်-ပြည်- မကွေး-နေပြည်တော်အစရှိသည့် မြို့ကြီးများနှင့် သွယ်တန်းကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံဆက်သွယ်ရေးဝန်ကြီးများအစည်းအဝေးမှသိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင်မှကျလာမည့် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အဆိုပါစီမံကိန်းကို ဆောင် ရွက်ရမည်ဆိုပါက BOT စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းသို့ဆောင်ရွက်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် သဘောတူညီချက်များရရှိပြီးဖြစ် ကြောင်းသိရှိရသည်။
အလင်းဖန်မျှင် ၇၈ ချောင်း (78 Fiber Core) ပါဝင်သော ဖိုက်ဘာစနစ်ဖြင့် ပြည်တွင်းအင်တာနက်ဆက်သွယ်မှုစနစ်ကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်မည့်ကုမ္ပဏီမှာ CFOC အမည်ရ Cambodia Fiber Optical Company ဖြစ်သည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်များ၌ အဓိက၀န်ဆောင်မှုပေးနေသည့် Fiber to the Home (FttH) ၀န်ဆောင်မှုများသည် တစ် နိုင်ငံလုံးအတိုင်းအတာအားဖြင့်တွင်ကျယ်ရန် များစွာလိုအပ်နေ သေးကြောင်းနှင့် ယခုကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း အဆိုပါအာဆီ ယံဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ပြည်တွင်း ကွန်ပျူတာပညာရှင်အချို့နှင့် လုပ်ငန်းရှင်အချို့က ထောက်ခံခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၄င်းတို့ဘက်မှအဆင်သင့်ဖြစ်နေပြီဖြစ်သည့် အဆိုပါဖိုက်ဘာ ဆက်ကြောင်းစီမံကိန်းကို မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရသည်နှင့်ချက်ချင်း အကောင်အထည်ဖော်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးက ယင်းအစည်းအဝေးတွင်ထပ်လောင်းပြောကြားခဲ့သည်။အင်တာနက်ဆက်သွယ်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ကမ္ဘောဒီးယားနိုင်ငံမှ ယခုကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် စီမံကိန်းသည် လုပ် ကိုင်ခွင့်ရရှိလာမည်ဆိုပါက တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လာသည့် ပထမဦးဆုံး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမည်ဖြစ်သည်။
Unknown at 3:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပြင်းထန် ဆုံးပေါက်ကွဲမီးလောင်မှုအတွင်း လူ ၄၁ ဦးပျောက် ဆုံးနေဆဲ ဗုံးထောင် ဖောက်ခွဲတာ လို့  မှုခင်းရဲ တပ်ဖွဲ့ မှ ယူဆ


ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကုတို့ဆိပ် ရပ်ကွက်ရှိ မေတ္တာမွန် ဂိုဒေါင်ဝင်း အတွင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ အချိန်၌ အပြင်းထန် ဆုံးပေါက် ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဂို ဒေါင်ဝင်း အနီး နေထိုင်သူ ၁၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး တို့ သေဆုံးခဲ့ကြောင်း သိရ သည်။
ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၁ နာရီ ၄ဝ မိနစ် အချိန်ခန့်၌ ကုတို့ဆိပ် ရပ်ကွက် အတွင်းရှိ မေတ္တာမွန် ဂိုဒေါင်ဝင်း အတွင်း မီးလောင်မှုဖြစ် ပွားရာ ပတ်ဝန်းကျင် တွင် နေထိုင် သူများက ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနသို့ အကြောင်းကြား ခဲ့ကြောင်း၊ မီးသတ်ဦးစီးဌာနမှ မီး သတ်ယာဉ် ၃ စီးဖြင့် အဆိုပါ နေရာ သို့ ရောက်ရှိ မီးငြှိမ်းသတ်စဉ် နံနက် ၁ နာရီ ၅၅ မိနစ်အချိန်၌ တိုင်းရင်း ပရဆေးများ သိုလှောင်ထားသော ဂိုဒေါင် အမှတ်(၇၉)မှ စတင်၍ ပေါက်ကွဲခဲ့ပြီး နံနက် ၂ နာရီ အချိန်၌ ဒုတိယ အကြိမ် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ ပေါက်ကွဲမီးလောင်မှု ကြောင့် လူနေအိမ်ခြေ ၁၂ လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဖြိုး စေတနာ အခမဲ့ ဆေးခန်းတစ်ခါန်း၊ ဝန်ထမ်း တန်းလျားနှစ်ခုတို့ ပြိုကျ ပျက်စီးခဲ့ပြီး ပစ္စည်းများ သိုလှောင် ထားသည့် ဂိုဒေါင် ၁၇ လုံးနှင့် မီးသတ်ယာဉ် ၃ စီး မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။
ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ရရှိ သောစာရင်း များအရ အဆိုပါ ပေါက်ကွဲ မီးလောင်မှုကြောင့် သေဆုံးသူ ကျား ၁၁ ဦးနှင့် မ ၅ ဦး၊ ဒဏ်ရာ ရသူ ကျား ၆၂ ဦးနှင့် မ ၁၇ ဦး ရှိကြောင်း၊ ၄င်းအပြင် ကျား ၂၆ ဦးနှင့် မ ၁၅ ဦးတို့မှာ ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
ထိုပေါက်ကွဲမှုကြောင့် အိမ်ထောင်စု ၁၉၂ စုမှ လူဦးရေ ၉၂၆ ဦးမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာမှ ကုတို့ဆိပ် ရပ်ကွက်ရှိ မဟာဝိဇရကျောင်း၌ ကယ် ဆယ် ရေးစခန်း ဖွင့်ကာ ကူညီစောင့်ရှောက် ထားကြောင်း သိရသည်။
”ဒီလို ပေါက်ကွဲမှုမျိုးကို အရင် က ရန်ကုန်မြို့မှာ တစ်ခါမှ မတွေ့ဖူးဘူး။ အဓိက အခုလို လူအသေ အပျောက်နဲ့ ပျက်စီးမှု များသွားရ တာကမီးလောင်မှုကြောင့် မဟုတ် ဘဲ ပေါက်ကွဲမှုကြောင့် အဓိက အခုလို ဖြစ်သွားရတာ။ လောလောဆယ် ပေါက်ကွဲတဲ့ အကြောင်းရင်းကိုတော့ ရှာနေတုန်းပဲ။ တွေ့ရှိတဲ့ အနေအထား အရတော့ ဖြစ်နိုင် တာက နှစ်ခုရှိတယ်။ တစ်ခုက ပရဆေးတွေ ဓာတ်ပြုပြီး မီးလောင်နေတဲ့ အချိန်မှာ ရေနဲ့ထိပြီး ပေါက်ကွဲသွားတာရယ်၊ ဗုံးထောင် ဖောက်ခွဲတာရယ်။ ဒီအထဲ မှာမှ ဖြစ်နိုင်ခြေ အများဆုံးက ဗုံး ကြောင့် ပေါက်ကွဲတာ အများဆုံးဖြစ် နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဂိုဒေါင်ရဲ့အောက်ခြေ မြေပြင်မှာ အနက် ၁ဝ ပေ၊ အကျယ် ၁၅ ပေ လောက်ရှိတဲ့ တွင်းကြီးတစ်ခု ကျန် ခဲ့တဲ့အပြင် ဂိုဒေါင်စောင့်တဲ့ လုံခြုံ ရေးတွေကို စစ်ဆေးချက် အရ ဒီဂို ဒေါင်ဝင်း အတွင်းမှာ လွန်ခဲ့တဲ့ ၃ ရက်လောက် ကစပြီး အခုဖြစ်ပွား တဲ့ အချိန်အထိ လူငယ် ၅ ဦး လာ ရောက် နေထိုင်ပြိး ချက်ပြုတ်စား သောက်ကြတယ်လို့ သိရတယ်။ အခု အဲဒီ လူငယ် ၅ ဦးကိုလည်း လိုက်ရှာနေပါတယ်” ဟု မှုခင်းရဲ တပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက ပြောသည်။
Unknown at 2:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသက်ကြီးပေမယ့် ပျက်စီးခြင်း မရှိရလေအောင်

သင့်အနေနဲ့ သင်လက်ရှိ ရှိနေတဲ့ အသက်ထက် ၁၀ နှစ်ခန့် ငယ်ရွယ်နုပျိုလိုပါသလား။  နောက်ဆုံးတွေ့ရှိတဲ့ လေ့လာမှုတွေအရ အရွယ်တင်နုပျိုဖို့ အတွက် လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်တွေက အောက်ပါအတိုင်း အကြံပေးထားပါတယ်။
(၁) မှတ်ဥာဏ်အားကောင်းအောင် မဂ္ဂနီဆီယမ်စားပါ
 လူတိုင်း လူတိုင်း မေ့တတ်တာ (မှတ်ဥာဏ်လျော့သွားတာ) ဖြစ်တတ်ကြပါတယ်။ လေ့လာမှုအသစ်တွေအရ အသက်ကြောင့် ဖြစ်တဲ့ မှတ်ဥာဏ်ကျဆင်းမှုကို မဂ္ဂနီဆီယမ်ဓာတ် ပိုမိုအားဖြည့်တာနဲ့ ပြန်လည်ကောင်းမွန်တယ်လို့ အကြံပေးထားကြပါတယ်။
ဘာကြောင့်လဲ
မဂ္ဂနီဆီယမ်အား ဦးနှောက် Cell အချင်းချင်း ဆက်သွယ်မှုအားကို ပိုမိုကောင်းမွန်စေတာကြောင့် ဦးနှောက်ရဲ့ မှတ်ဥာဏ်ဌာနကို သတင်း အချက်အလက်တွေ ပိုမိုပို့ပေးနိုင်တဲ့အတွက်ကြောင့်ပါ။ နေ့စဉ် မဂ္ဂနီဆီယမ် ၃၁၀ မီလီဂရမ် ရရှိအောင် အုတ်စပါး၊ ဗာဒံစေ့နဲ့ ဟင်းနုနယ်ရွက်တွေ စားပေးပါ။
Tips
ယောဂကျင့်စဉ်ကြောင့် အာရုံစူးစိုက်အား ပိုကောင်းနိုင်
အသက်ရလာတာနဲ့အမျှ ဦးနှောက်အတွင်း ဓာတုပစ္စည်း GABA အဆင့်တွေ ကျဆင်းလာတာကြောင့် အာရုံစူးစိုက်မှုစွမ်းအင်တွေ မှေးမှိန်သွားတတ်ပါတယ်လို့ Utah တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ ယောဂကျင့်စဉ်ကို တစ်နာရီလောက် လုပ်တာကြောင့် ဦးနှောက်အတွင်း GABA အဆင့်ကို ၂၇ ရာခိုင်နှုန်းထိ မြင့်တက်စေနိုင်ပါတယ်။
(၂) နှလုံးရောဂါ မဖြစ်အောင် ကြံသကြားလုံး စားပါ
Policosarol ခေါ် ကြံမှ ရရှိတဲ့ အနှစ်ကို ၁၀ မီလီဂရမ်မှ ၂၀ မီလီဂရမ် မှီဝဲသူတွေဟာ ရှစ်ပတ်အတွင်း သူတို့ရဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ၁၁ ရာခိုင်နှုန်း ကျဆင်းပြီး ကောင်းတဲ့ ကိုလက်စထရော အဆင့် ၇ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။
ဘာကြောင့်လဲ
Policosarol ဟာ အူမှ မကောင်း ကိုလက်စထရော စုပ်ယူနိုင်စွမ်းကို လျှော့ချနိုင်တဲ့အပြင် အသည်းမှ နှလုံးကို ကာကွယ်နိုင်တဲ့ ကောင်းတဲ့ ကိုလက်စထရော ထုတ်လုပ်မှုကို မြင့်တက်စေနိုင်တာကြောင့်ပါ။ သင်ဟာ သွေးကျဲဆေး သောက်နေရသူဖြစ်ရင် Policosarol ကို မသောက်ပါနဲ့။ Policosarol ရဲ့ အကျိုးရရှိမှု နည်းနိုင်လို့ပါ။

Tips
သစ်ကြားသီးစားပါနေ့စဉ် သစ်ကြားသီး လက်တစ်ဆုပ်စာကို လေးပတ်ခန့် စားတာကြောင့် ကိုလက်စထရော အဆင့် ၅ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ပါတယ်။ သစ်ကြားသီးမှာ Alpha-Linoleic Acid ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားနိုင်လို့ပါ။
(၃) ခွန်အားပြည့်အောင် နွားနို့သောက်ပါ
အသက်ကြီးသူတွေဟာ သူတို့အသက်ကြီးတာကြောင့် စွမ်းအင်နဲ့ ခွန်အားတွေ ဆုံးရှုံးသွားတယ်လို့ ပြောတတ်ကြပါတယ်။ Wake Forest တက္ကသိုလ်မှ သုတေသီတွေက နေ့စဉ် ဗီတာမင်ဒီ မှီဝဲရင် ခွန်အားတွေ မဆုံးရှုံးနိုင်ဘူးလို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ ဗီတာမင်ဒီများများ ရရှိသူတွေဟာ ဗီတာမင်ဒီ အဆင့်နည်းသူတွေထက် ကြွက်သားစွမ်းအင် ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။
ဘာကြောင့်လဲ
ဗီတာမင်ဒီ အဆင့် ကျဆင်းတဲ့အတွက် ကြွက်သားတစ်သျှူးအတွင်း အဆီတွေ စုဆောင်းအောင် လှုံ့ဆော်နိုင်တာကြောင့် အားနည်းတာနဲ့ စွမ်းအင်မရှိသလို ဖြစ်တတ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နေ့စဉ် ဗီတာမင် D3 2000 IU ရရှိအောင် နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် ဒါမှမဟုတ် ကြက်ဥ များများ စားပေးပါ။
Tips
မိတ်ဆွေအပေါင်းအသင်း များများထားပါ
မိတ်ဆွေသူငယ်ချင်း များသူတွေဟာ သူငယ်ချင်း နည်းသူတွေထက် အဆစ်နာကျင်မှု ဝေဒနာ ခံစားရမှု ပိုနည်းတယ်လို့ ဆိုပါတယ်။ အပေါင်းအသင်း များတဲ့အတွက် လှုပ်ရှားမှုများပြီး ကြွက်သားနဲ့ အဆစ်တွေ အားကောင်းလာတာကြောင့်လို့ ဆိုပါတယ်။
(၄) အရွယ်တင်နုပျိုအောင် တူနာဆင်းဒဝစ်ရှ်စားပါ
အသက်ရွယ်တူ အချင်းချင်းမှာ တူနာ၊ ဆာလမွန်နဲ့ တိုဟူးလိုမျိုး Omega-3 Fatty Acids ပါဝင်မှု များတဲ့ အစာကို ပုံမှန်စားသူတွေဟာ Omega-3 ပါဝင်တဲ့ အစားအစာကို ရှောင်သူတွေထက် ဇီဝနာရီ ငယ်ရွယ်တဲ့ ခန္ဓာကိုယ် Cells တွေ ရရှိနိုင်တယ်လို့ ဆိုပါတယ်။
ဘာကြောင့်လဲ
Omega-3 ဟာ တယ်အိုမီးယားတွေ ပျက်စီးမှု မရှိအောင် ကာကွယ်နိုင်ပါတယ်။ တယ်အိုမီးယားဆိုတာဟာ ခရိုမိုဆုမ်းရဲ့ အစွန်းဘက်မှာ Cap တွေဖြစ်ပြီး ခန္ဓာကိုယ် အရွယ်ကျတာ ဘယ်လောက်မြန်သလဲဆိုတာကို ညွှန်ပြနိုင်တဲ့ အရာပါ။ သင်ရဲ့ တယ်လိုမီးယားတွေ ရှည်လေလေ ရောင်းရမ်းမှု ဖြစ်နိုင်ခြေ နည်းလေလေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ ခန္ဓာကိုယ်ပေါ်မှ Cell တွေ ပျက်စီးနိုင်ခြေ နည်းလေလေပါ။
Tips
DNA ကို ကာကွယ်နိုင်အောင် ဗီတာမင် သောက်ပါ
ဗီတာမင်စီ ပါဝင်မှုများတဲ့ အစားအစာ (ဥပမာ-လိမ္မော်သီးနဲ့ စတော်ဘယ်ရီသီး) တွေဟာ ကင်ဆာရောဂါ၊ ဆီးချိုနဲ့ တခြားရောဂါတွေနဲ့ ဆက်စပ်နေတဲ့ DNA ပွားများနိုင်ခြေကို လျှော့ချနိုင်ပါတယ်။
(၅) အရေးကြောင်း ကင်းစင်အောင် ခန္ဓာကိုယ်ပေါင်ချိန် အနည်းငယ် တက်အောင် ပြုလုပ်ပါ
အလှအပ ကျွမ်းကျင်မှုဆိုင်ရာ ဆရာဝန် (Plastic Surgeon) တွေက အမြွာညီအစ်မတွေကို လေ့လာမှု ပြုလုပ်ရာမှာ ခန္ဓာကိုယ် အလေးချိန် ပေါင်အနည်းငယ် များသူတွေဟာ သူရဲ့ အမြွာညီမထက် ငါးနှစ်ပိုပြီး ငယ်ရွယ်နုပျိုတာကို တွေ့ရှိခဲ့ရပါတယ်။
ဘာကြောင့်လဲ
ကိုယ်အလေးချိန် အနည်းငယ် မြင့်တက်တာကြောင့် အရေပြားပေါ်မှ အရေးကြောင်းတွေ ဖယ်ရှားနိုင်တာကြောင့်ပါ။
ဒေါက်တာခင်မိုမိုး
Unknown at 11:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.