Thursday, December 29, 2011

အသက်ကြီးပေမယ့် ပျက်စီးခြင်း မရှိရလေအောင်

သင့်အနေနဲ့ သင်လက်ရှိ ရှိနေတဲ့ အသက်ထက် ၁၀ နှစ်ခန့် ငယ်ရွယ်နုပျိုလိုပါသလား။  နောက်ဆုံးတွေ့ရှိတဲ့ လေ့လာမှုတွေအရ အရွယ်တင်နုပျိုဖို့ အတွက် လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်တွေက အောက်ပါအတိုင်း အကြံပေးထားပါတယ်။
(၁) မှတ်ဥာဏ်အားကောင်းအောင် မဂ္ဂနီဆီယမ်စားပါ
 လူတိုင်း လူတိုင်း မေ့တတ်တာ (မှတ်ဥာဏ်လျော့သွားတာ) ဖြစ်တတ်ကြပါတယ်။ လေ့လာမှုအသစ်တွေအရ အသက်ကြောင့် ဖြစ်တဲ့ မှတ်ဥာဏ်ကျဆင်းမှုကို မဂ္ဂနီဆီယမ်ဓာတ် ပိုမိုအားဖြည့်တာနဲ့ ပြန်လည်ကောင်းမွန်တယ်လို့ အကြံပေးထားကြပါတယ်။
ဘာကြောင့်လဲ
မဂ္ဂနီဆီယမ်အား ဦးနှောက် Cell အချင်းချင်း ဆက်သွယ်မှုအားကို ပိုမိုကောင်းမွန်စေတာကြောင့် ဦးနှောက်ရဲ့ မှတ်ဥာဏ်ဌာနကို သတင်း အချက်အလက်တွေ ပိုမိုပို့ပေးနိုင်တဲ့အတွက်ကြောင့်ပါ။ နေ့စဉ် မဂ္ဂနီဆီယမ် ၃၁၀ မီလီဂရမ် ရရှိအောင် အုတ်စပါး၊ ဗာဒံစေ့နဲ့ ဟင်းနုနယ်ရွက်တွေ စားပေးပါ။
Tips
ယောဂကျင့်စဉ်ကြောင့် အာရုံစူးစိုက်အား ပိုကောင်းနိုင်
အသက်ရလာတာနဲ့အမျှ ဦးနှောက်အတွင်း ဓာတုပစ္စည်း GABA အဆင့်တွေ ကျဆင်းလာတာကြောင့် အာရုံစူးစိုက်မှုစွမ်းအင်တွေ မှေးမှိန်သွားတတ်ပါတယ်လို့ Utah တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ ယောဂကျင့်စဉ်ကို တစ်နာရီလောက် လုပ်တာကြောင့် ဦးနှောက်အတွင်း GABA အဆင့်ကို ၂၇ ရာခိုင်နှုန်းထိ မြင့်တက်စေနိုင်ပါတယ်။
(၂) နှလုံးရောဂါ မဖြစ်အောင် ကြံသကြားလုံး စားပါ
Policosarol ခေါ် ကြံမှ ရရှိတဲ့ အနှစ်ကို ၁၀ မီလီဂရမ်မှ ၂၀ မီလီဂရမ် မှီဝဲသူတွေဟာ ရှစ်ပတ်အတွင်း သူတို့ရဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ၁၁ ရာခိုင်နှုန်း ကျဆင်းပြီး ကောင်းတဲ့ ကိုလက်စထရော အဆင့် ၇ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။
ဘာကြောင့်လဲ
Policosarol ဟာ အူမှ မကောင်း ကိုလက်စထရော စုပ်ယူနိုင်စွမ်းကို လျှော့ချနိုင်တဲ့အပြင် အသည်းမှ နှလုံးကို ကာကွယ်နိုင်တဲ့ ကောင်းတဲ့ ကိုလက်စထရော ထုတ်လုပ်မှုကို မြင့်တက်စေနိုင်တာကြောင့်ပါ။ သင်ဟာ သွေးကျဲဆေး သောက်နေရသူဖြစ်ရင် Policosarol ကို မသောက်ပါနဲ့။ Policosarol ရဲ့ အကျိုးရရှိမှု နည်းနိုင်လို့ပါ။

Tips
သစ်ကြားသီးစားပါနေ့စဉ် သစ်ကြားသီး လက်တစ်ဆုပ်စာကို လေးပတ်ခန့် စားတာကြောင့် ကိုလက်စထရော အဆင့် ၅ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ပါတယ်။ သစ်ကြားသီးမှာ Alpha-Linoleic Acid ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားနိုင်လို့ပါ။
(၃) ခွန်အားပြည့်အောင် နွားနို့သောက်ပါ
အသက်ကြီးသူတွေဟာ သူတို့အသက်ကြီးတာကြောင့် စွမ်းအင်နဲ့ ခွန်အားတွေ ဆုံးရှုံးသွားတယ်လို့ ပြောတတ်ကြပါတယ်။ Wake Forest တက္ကသိုလ်မှ သုတေသီတွေက နေ့စဉ် ဗီတာမင်ဒီ မှီဝဲရင် ခွန်အားတွေ မဆုံးရှုံးနိုင်ဘူးလို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ ဗီတာမင်ဒီများများ ရရှိသူတွေဟာ ဗီတာမင်ဒီ အဆင့်နည်းသူတွေထက် ကြွက်သားစွမ်းအင် ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။
ဘာကြောင့်လဲ
ဗီတာမင်ဒီ အဆင့် ကျဆင်းတဲ့အတွက် ကြွက်သားတစ်သျှူးအတွင်း အဆီတွေ စုဆောင်းအောင် လှုံ့ဆော်နိုင်တာကြောင့် အားနည်းတာနဲ့ စွမ်းအင်မရှိသလို ဖြစ်တတ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နေ့စဉ် ဗီတာမင် D3 2000 IU ရရှိအောင် နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် ဒါမှမဟုတ် ကြက်ဥ များများ စားပေးပါ။
Tips
မိတ်ဆွေအပေါင်းအသင်း များများထားပါ
မိတ်ဆွေသူငယ်ချင်း များသူတွေဟာ သူငယ်ချင်း နည်းသူတွေထက် အဆစ်နာကျင်မှု ဝေဒနာ ခံစားရမှု ပိုနည်းတယ်လို့ ဆိုပါတယ်။ အပေါင်းအသင်း များတဲ့အတွက် လှုပ်ရှားမှုများပြီး ကြွက်သားနဲ့ အဆစ်တွေ အားကောင်းလာတာကြောင့်လို့ ဆိုပါတယ်။
(၄) အရွယ်တင်နုပျိုအောင် တူနာဆင်းဒဝစ်ရှ်စားပါ
အသက်ရွယ်တူ အချင်းချင်းမှာ တူနာ၊ ဆာလမွန်နဲ့ တိုဟူးလိုမျိုး Omega-3 Fatty Acids ပါဝင်မှု များတဲ့ အစာကို ပုံမှန်စားသူတွေဟာ Omega-3 ပါဝင်တဲ့ အစားအစာကို ရှောင်သူတွေထက် ဇီဝနာရီ ငယ်ရွယ်တဲ့ ခန္ဓာကိုယ် Cells တွေ ရရှိနိုင်တယ်လို့ ဆိုပါတယ်။
ဘာကြောင့်လဲ
Omega-3 ဟာ တယ်အိုမီးယားတွေ ပျက်စီးမှု မရှိအောင် ကာကွယ်နိုင်ပါတယ်။ တယ်အိုမီးယားဆိုတာဟာ ခရိုမိုဆုမ်းရဲ့ အစွန်းဘက်မှာ Cap တွေဖြစ်ပြီး ခန္ဓာကိုယ် အရွယ်ကျတာ ဘယ်လောက်မြန်သလဲဆိုတာကို ညွှန်ပြနိုင်တဲ့ အရာပါ။ သင်ရဲ့ တယ်လိုမီးယားတွေ ရှည်လေလေ ရောင်းရမ်းမှု ဖြစ်နိုင်ခြေ နည်းလေလေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ ခန္ဓာကိုယ်ပေါ်မှ Cell တွေ ပျက်စီးနိုင်ခြေ နည်းလေလေပါ။
Tips
DNA ကို ကာကွယ်နိုင်အောင် ဗီတာမင် သောက်ပါ
ဗီတာမင်စီ ပါဝင်မှုများတဲ့ အစားအစာ (ဥပမာ-လိမ္မော်သီးနဲ့ စတော်ဘယ်ရီသီး) တွေဟာ ကင်ဆာရောဂါ၊ ဆီးချိုနဲ့ တခြားရောဂါတွေနဲ့ ဆက်စပ်နေတဲ့ DNA ပွားများနိုင်ခြေကို လျှော့ချနိုင်ပါတယ်။
(၅) အရေးကြောင်း ကင်းစင်အောင် ခန္ဓာကိုယ်ပေါင်ချိန် အနည်းငယ် တက်အောင် ပြုလုပ်ပါ
အလှအပ ကျွမ်းကျင်မှုဆိုင်ရာ ဆရာဝန် (Plastic Surgeon) တွေက အမြွာညီအစ်မတွေကို လေ့လာမှု ပြုလုပ်ရာမှာ ခန္ဓာကိုယ် အလေးချိန် ပေါင်အနည်းငယ် များသူတွေဟာ သူရဲ့ အမြွာညီမထက် ငါးနှစ်ပိုပြီး ငယ်ရွယ်နုပျိုတာကို တွေ့ရှိခဲ့ရပါတယ်။
ဘာကြောင့်လဲ
ကိုယ်အလေးချိန် အနည်းငယ် မြင့်တက်တာကြောင့် အရေပြားပေါ်မှ အရေးကြောင်းတွေ ဖယ်ရှားနိုင်တာကြောင့်ပါ။
ဒေါက်တာခင်မိုမိုး
Unknown at 11:10 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.