Friday, December 23, 2011

Format & Restore Nokia Phone (Nokia ဖုန်းကို မြန်စေခြင်း)

Nokia ဖုန်းကို အသုံးပြုသာ ကြာသွားတဲ့အခါမှာ Menu သို့မဟုတ် Applications တွေကို ၀င်တဲ့အခါမှာ စက်ကဟမ်းသွားသလိုလို ဒါမှမဟုတ် တစ်ခုကိုသွားချင်ရင် စောင့်ရတာမျိုးတွေကို ကြုံရတတ်ပါတယ်၊ အဲ့ဒီလို ကြုံရတာမျိုးတွေက ရေထဲကို ဖုန်းပြုတ်ကျသွားတာမျိုး(သို့) ဖုန်းထဲရေ၀င်သွားတာမျိုး၊ Applications တွေ ထည့်တာများတာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်၊ မိမိအသုံးပြုနေတဲ့ ဖုန်းက ဟမ်းသွားတာမျိုးတို့ နှေးတာတို့ ခလုတ်တွေနိပ်ရတာ အဆင်မပြေတာမျိုးတွေကို မြန်ဆန်သွားအောင်လုပ်လို့ရပါတယ်၊ နည်းလမ်းကတော့ Format ချလိုက်ခြင်းပါပဲ။

အဲ့ဒီလို Format ချလိုက်ခြင်းဖြင့် ဖုန်းထဲမှာ ရှိသမျှ Applications တွေအကုန် ကုန်သွားပါမယ်၊ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေပျောက်သွားပါလိမ့်မယ်၊ Applications တွေ ပျောက်သွားတာကတော့ စိုးရိမ်စရာမရှိပါဘူး၊ အင်တာနက်မှ FreeDownload လုပ်ယူလို့ရနေလို့ပါပဲ၊ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကိုတော့ ဖုန်းကနေ Simcard ကို ပြောင်းပြီး Save ထားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်၊

Restore လုပ်ခြင်း
Nokia ဖုန်းတွေထဲက Setting မှာ ၀င်ရောက်ကလိလိုက်တဲ့အခါ တစ်ခုခုဖြစ်သွားတာမျိုးတွေပေါ့၊ ဥပမာ အ၀င်Call၊ အထွက်Call တွေ ဖုန်းလိုင်းလွှဲလိုက်တာမျိုးတွေ ဘာမှမသိကလိသွားမိတာမျိုးတွေပေါ့ အဲ့ဒီလိုမျိုး ဖြစ်သွားလို့ ပြန်မလုပ်တတ်တဲ့အခါမှာ ဖုန်းကို Restore လုပ်လိုက်ရင် Setting တွေက Original အတိုင်းဖြစ်သွားပါလိမ့်မယ်။ ဒီနည်းလမ်းက Setting တွေကိုပဲ ပကတိအတိုင်းထားပေးတဲ့နည်းပါ၊ အဲ့ဒီလိုလုပ်ချင်ရင် နှစ်နည်းရှိပါတယ်

Code ကိုအသုံးပြုပြီး လုပ်မယ်ဆိုရင် *#7780# နိပ်ပြီး Call လိုက်ပါ အဲ့ဒီအခါ Password တောင်းလာရင် 12345 ဆိုပြီးနိပ်ပေးလိုက်ပါ
(Restore သို့မဟုတ် Format ချတဲ့အခါ Password ကို 12345 ထည့်ပေးရပါတယ်)

Code မသုံးပဲ လုပ်မယ်ဆိုရင် Setting ထဲက factory settings ကိုနိပ်ပြီး Password ကို 12345 ထည့်ပေးလိုက်ရင် ရပါပြီ၊ ဖုန်းက Restart ကျသွားပြီး ပြန်ဖွင့်လာတဲ့အခါ အိုကေသွားပါလိမ့်မယ်။


Format ချခြင်း
မိမိသုံးနေတဲ့ ဖုန်းကို ဘာကြောင့် format ချရသလိုဆိုတာ အထက်မှာရေးခဲ့ပါပြီ၊ ဖုန်းအသစ်ကိုလည်း မ၀ယ်ချင်ဘူး၊ လေးနေနှေးနေတဲ့ ဖုန်းလေးကိုပဲ မြန်အောင်လုပ်ပြီး သုံးချင်ရင်ပေါ့၊ ဒီလိုFormat ချလိုက်ခြင်းဟာ မိမိကိုယ်တိုင် ထည့်သွင်းထားတဲ့ Applications တွေပျောက်မယ်၊ ဖုန်းနံပါတ်တွေပျောက်မယ်၊ ဖုန်းထဲမှာထည့်ထားတဲ့ Data တွေပျောက်မယ်၊ သို့ပေမဲ့ ဖုန်းနဲ့တွဲသုံးတဲ့ Memory card ထဲက data တွေတော့ ပျောက်သွားမှာ မဟုတ်ပါဘူး၊ ဖုန်းထဲက data တွေပဲ ပျောက်သွားမှာဖြစ်ပါတယ်၊

*#7370# ကို နိပ်လိုက်ပါ၊ Password တောင်းလာရင် 12345 ကိုထည့်ပေးလိုက်ပါ

မှတ်ချက်
သင့်ရဲ့ ဖုန်းကို မြန်စေချင်တယ်ဆိုမှ Post ထဲက အတိုင်းလုပ်ပါ၊ Nokia တစ်မျိုးတည်းအတွက်သာ။
Unknown at 4:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Malwarebytes Anti-Malware PRO 1.60.0

ကျွန်တော်အခု 2012 ရဲ့ အကောင်းဆုံး Antimalware ထဲက ဒုတိယမြောက်တစ်ခုဖြစ်တဲ့ Malwarebytes Anti-Malware PRO လေးကိုတင်ပေးလိုက်ပါတယ်။ ကျွန်တော် အကောင်းဆုံး ဆိုတာတွေထဲကကို တစ်ခုခြင်းစီကို ဖြေးဖြေးခြင်းတင်ပေးသွားပါ့မယ်။ Windows 2000, XP, Vista, နဲ့ Window 7 ,32-bit နဲ့  64-bit အားလုံးကို Support လုပ်ပါတယ်။ ကျွန်တော်လည်းခဏခဏတော့ပြောခဲ့ပါတယ်။ Antivirus တစ်ခုထဲနဲ့တင် နေ့စဉ် ကျွန်တော်တို့ သုံးနေတဲ့ Internet ကလုံခြုံမှုရှိနေပြီလို့ မဆိုနိုင်ပါဘူး။ Antivirus နှစ်ခုတင်ရင်သာ ညိနိုင်ပေမယ့် ဒီလို ကောင်လေးတွေကတော့ အဆင်ပြေပါတယ်။ အောက်မှာ ကျွန်တော် Keygen လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10.7 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော် တို့ Full Version လေးဖြစ်တာကိုပါတစ်ခါထဲ ထည့်ပြပေးထားပါတယ်။ အဆင်ပြေပါစေဗျာ။
ဒီကောင်လေးရဲ့ Database ကို Update လုပ်လာနိုင်ပါတယ်။ လုပ်ပေးလိုက်ပါ။ Keygen ကကျွန်တော်တို့ ပြီးမှ ထည့်ပါမယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။
Malwarebytes Anti-Malware PRO 1.60.0.1400

Downloading from ifile.it

Downloading from mediafire

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Unknown at 3:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

TrustPort USB Antivirus 2012 12.0.0.4848 Final

ကျွန်တော်အခု ကျွန်တော်တို့တွေ အသုံးပြုနေကြတဲ့ USB memory stick တို့  Memory cards  တွေ အတွက် USB Antivirus 2012 လေးတင်ပေးလိုက်ပါတယ်။ viruses, trojans, worms, spyware တွေကိုရှင်းလင်းပေးနိုင်ပါတယ်။ ကျွန်တော်အရှေ့မှာလည်း တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ နောက်ဆုံးထပ်ထွက်တဲ့ ကောင်လေးဖြစ်ပါတယ်။ ဒီကောင်လေးကို Stick ထဲမှာ RUN ပေး ထားလိုက်ရင်ကို  မိမိတို့ Stick  တွေ ကိုလုံခြုံစွာ သယ်သွားနိုင်ပါပြီ။ နောက်ဆုံး Update လေးကို တင် ပေးလိုက်ပါတယ်။ကျွန်တော်အောက်မှာ Key ဖြည့်တာလေးကိုလည်း ပုံလေးတွေနဲ့ပြပေးထားပါတယ်။ Key ဖြည့်ပြီးတဲ့ အချိန်မှာလည်း သူ့အတွက် Update ကိုပါတစ်ခါတည်းနဲ့ Download ဆွဲပြီး RUN ပေး သွားပါတယ်။ နည်းနည်းတော့စောင့်ရပါတယ်။ ဖိုင်ဆိုဒ်ကတော့ 104.8 MB ရှိပါတယ်။
Memory stick လေးကိုတပ်ပြီး Run ပြီးသွားတဲ့ အချိန်မှာ ဒီလိုင်စင်ကီးတောင်းတဲ့ Box လေးပေါ်လာ ပါမယ်။ OK မပေးပါနဲ့ဦး။ License keys ဆိုတာလေးကိုနှိပ်လိုက်ပါ။
ဒီမှာ ကျွန်တော်တို့ Register ဆိုတာလေးကို နှိပ်ပေးပါ။
အဲ့ဒီကနေ ကျွန်တော်တို့ Next နဲ့ဆက်သွားပါမယ်။
မျှားပြထားတဲ့ နေရာလေးမှာ ကျွန်တော်အထဲမှာ Notepad လေးနဲ့ ကီးလေးတွေထည့်ပေးထားပါတယ်။ မိမိနှစ်သက်ရာ  ကီးလေးတစ်ခုယူပြီး ဖြည့်ပေးပါ။ 
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွား လိုက်ပါဗျာ။

TrustPort USB Antivirus 2012 12.0.0.4798 Multilingual

Downloading from ifile.it

Downloading from mediafire

အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Unknown at 3:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသုံးဝင်သော Websites များ

This summary is not available. Please click here to view the post.
Unknown at 3:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Laptop battery ကြာကြာမခံလိုစိတ်ညစ်နေသူများအတွက် Battery Optimizer 3

တစ်ချို့ Laptop တွေကသုံးတာကြာလာရင် battery ကြာကြာမခံတော့ဘူးဒီပြသာနာကို Battery Optimizer 3 ကဖြေရှင်းပေးပါလိမ့်မယ် နည်းနည်းခြင်းတော့ battery ပါဝါမကုန်အောင်ထိန်းထားနိုင်ပါတယ်။နောက်ပြီးဘယ်အချိန်အထိ battery ပါဝါခံအုန်းမယ် ဘယ်လောက်ထိခံအောင်ထပ်တိုးလိုရအုန်းမလည်းပေါ့။သုံးကြည့်လိုက်ပါလွယ်ကူပါတယ်။
mediafire download link
ifile.it download link
rapidshare download link
12 site download link
Unknown at 2:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါ့ကွန်ပျူတာကိုသုံးရဲသုံးကြည့် hack ခံရပြီးသာမှတ် ရိုက်သမျှစာတွေကို လိုက်မှတ်ပေးနိုင်တဲ့ perfect keylogger

ကျွန်တော်တင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် နစ်နာမှုတွေ ရှိလာမယ်ဆိုရင်တော့ ကျွန်တော် ၀မ်းနည်းမိမှာ အမှန်ပါပဲ .. ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ရတဲ့ အဓိက အကြောင်းရင်း ကတော့ သူငယ်ချင်းများ အခြားအခြားသော ကွန်ပျူတာဆိုင်တွေမှာများ သွားပြီး အင်တာနက်သုံးမိလိုက်တယ်ဆိုရင် အရင်ဦးဆုံး Start bar မှာ keylogger လေးရှိမရှိအရင်ဦးဆုံး စစ်ဆေးပြီးမှ သုံးကြပါလို့ ထပ်ဆင့်ပြီးတော့ အသိပေးလိုက်ပါတယ် .. တစ်ကယ်လို့ မိမိသုံးမယ့် ကွန်ပျူတာဆိုင်တွေမှာများ ဒီ keylogger လေးကိုတွေ့မိရင် အဲ့ဒီ့ဆိုင်မှာ သွားမသုံးပါနှင့်။သုံးပုံသုံးနည်းကို ကျွန်တော် ရေးပေးလိုက်ပါ့မယ်
တစ်ခုတော့ရှိပါတယ် ... အဲ့ဒီ့ keylogger လေးကို တင်တဲ့အချိန်မှာ anti virus ကိုတော့ ခဏပိတ်ထားဖို့လိုပါတယ် .. မပိတ်ထားရင် တင်လို့မရပါဘူး ... အဲ့ဒီ့လို software တိုင်းကိုတင်တိုင်း တင်တိုင်း ခဏပိတ်ထားရမှာပါ ... သူ့မူရင်းဆိုက်မှာလဲ သတိပေး ထားမြစ်ထားတာတွေ အများကြီးရေးထားပါတယ် .. အဓိကကတော့ သူတစ်ပါးရဲ့အတွင်းရေးကို ၀င်ရောက်ပြီး ဒုက္ခမပေးဖို့ပါ ..သူကရက်စွဲအလိုက် မှတ်ထားပေးပါတယ် .. ပုံလေးတွေတော့တင်ထားပါတယ် .. ဒါပေမယ့် ကျွန်တော့်ရဲ့ ကွန်ပျူတာကတော့မဟုတ်ဘူး .. ဘာဖြစ်လို့လဲဆိုရင်တော့ အဟီးဟီး သူငယ်ချင်းတို့သိမှာပါ .. password တွေ ပါသွားမှာစိုးလို့ ..




၁) keystrokes ဆိုတာကတော့ မိမိဝင်ခဲ့တဲ့ ၀ဘ်ဆိုက်တွေမှန်သမျှကို လိပ်စာနှင့်တစ်ကွ username နှင့် Password တွေကို မှတ်သား ပေးထားတဲ့နေရာတစ်ခုပါ ..

(၂) Chat ဆိုတာကတော့ လူတိုင်းသိကြမှာပါ Gtalk chatting, Yahoo Messenger Chatting, MSN chatting စတဲ့ ချက်တင်မှန်သမျှကို လိုက်မှတ်ပေးထားတဲ့နေရာတစ်ခုပါ

(၃) screenshort ကတော့ မိမိချက်တဲ့ချက်တင်တွေ၊ ၀င်သမျှနေရာတွေကို ၃ မိနစ်ကိတစ်ကြိမ်ဓါတ်ပုံရိုက်ထားသလိုမျိုး ဓါတ်ပုံတွေကို ရိုက်ရိုက်ပြီးသိမ်းထားပေးတာပါ .. အဲ့ဒီ့ကြာချိန်ကို လိုက်ပြီးတော့ ချိန်ထားပေးလို့ရပါသေးတယ် .. သူကတော့ ဓါတ်ပုံသီးသန့်ပဲ ပေါ်နေမှာပါ ...

(၄) websites ကတော့ ကိုအသုံးပြုနေတဲ့ ၀ဘ်ဆိုက်တွေကို လိုက်မှတ်သားပေးထားတာပါ ... ကဲဒီလောက်ဆိုရင် ကြေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်
video နဲလည်းရှင်းပြပေးထားပါတယ်။




Unknown at 1:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Software မသုံးပဲ Internet Speed မြင့်တဲ့နည်း


အခု ကျွန်တော် ရေးပေးမဲ့ နည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ .. ကျွန်တော်လည်း အားလုံးအတွက် အဆင်ပြေမယ် ထင်လို့ ပြန်ရေး ပေးတာ ဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ခါထဲ ပြောပြပါရစေ .. မေးခွန်းမေးရင်လည်း ဖြေလို့ ရမဲ့ မေးခွန်းမျိုးကို မေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ် .. မြန်မာနိုင်ငံမှာ ပေးနေတဲ့ အင်တာနက်လိုင်းတွေ တစ်ချို့လိုင်းတွေ ပျက်နေတယ် .. လိုင်းတွေက မမှန်ပဲ တက်လိုက်ကျလိုက်တွေ ဖြစ်နေတာတွေက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့ မရပါဘူး .. အဲ့ဒါမျိုးကို ဘယ်လိုလုပ်ရမလည်း မေးရင်တော့ ကျွန်တော်လည်း ပြန်ဖြေပေးဖို့ ခက်ပါလိမ့်မယ် .. လောလောဆယ် အဆင်ပြေနိုင်မဲ့ နည်းလမ်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး Keyboard မှ Ctrl + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Local Group Policy Ediitor Box ပေါ်လာပါလိမ့်မယ် .

အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Administrative Templates >> Network >> QoS Packet Scheduler ဆိုပြီး အဆင့်ဆင့် သွားပြီး QoS Packet Scheduler ကိုရောက်ပြီ ဆိုရင် ညာဘက်က Limit reservable bandwidth ကိုရှာပါ .. တွေ့ပြီဆိုရင် အဲ့ဒီကောင်လေးကို Double Ckick ပေးလိုက်ပါ

အောက်ကပုံအတိုင်း Limit reservable bandwidth Box လေးပေါ်လာပါလိမ့်မယ် .. အဲ့ဒီကျရင် ပုံမှာ ပြထားတဲ့ အတိုင်း Not Configured ကို Enable ပေးလိုက်ပါ .. ပြီးရင် Bandwidth limit ( % ) ကို 20 မှ 80 ပြောင်းပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ

ဒါကတော့ Client Computer တွေမှာ Internet Speed ကို လက်ရှိ Bandwidth Limit ထက်ပိုပြီး မြှင့်ပြီး သုံးနိုင်မဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. သုံးကြည့်ချင်တဲ့ သူတွေကတော့ စမ်းကြည့်လိုက်ပေါ့ဗျာ ..

Unknown at 12:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Linux ကိုစတင်လေ့လာမည့် သူများအတွက် သိထားသင့်သည့်အချက်(၁၀)ချက်



ကွန်ပျူတာတစ်လုံးကို စတင်အသုံးပြုနိုင်ဖို့အတွက် အလိုအပ်ဆုံးအရာတစ်ခုဖြစ်တဲ့ Computer Operating System တွေ များစွာရှိတဲ့အထဲကမှ ယခုနောက်ပိုင်းမှာ လူသုံးများလာပြီး Open Source System တစ်ခုလည်း ဖြစ်တဲ့ Linux Operatin System အကြောင်းကို စတင်လေ့လာမယ့်သူတွေအတွက် မသိမဖြစ်သိထားသင့်တဲ့ အခြေခံအချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ အမှန်တစ်ကယ်တော့ Linux ဆိုတာဟာ---


(၁) Operating System တစ်ခုသာ ဖြစ်ပါတယ်။

Windows & Mac တို့လိုပဲ Linux ဆိုတာဟာလည်း Operating System တစ်မျိုးသာဖြစ်ပါတယ်။ Operating System ဟာ user application တွေနဲ့ hardware တို့အကြား ကြားခံအလွှာတစ်ခုအဖြစ်နဲ့ တည်ရှိနေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ web browser အသုံးပြုနိုင်တဲ့ operating system တွေဟာ ပိုမိုနေရာရရှိလာကြပါတယ်။


(၂) Windows မဟုတ်ပါ။

ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးသူတွေအတွက် Windows, Mac နဲ့ Linux တို့ရဲ့ ကွဲပြားခြားနားချက်တွေကို သေချာသတိထားမိမှာ မဟုတ်ပါဘူး။ Operating System တစ်မျိုးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အပြုအမူတွေက တူညီလေ့မရှိဘူးဆိုတာကို အသုံးပြုသူတွေအနေနဲ့ သတိပြုထားသင့်ပါတယ်။


(၃) C ဆိုတာ မရှိပါ။

Linux အသုံးပြုသူတွေဟာ ဖိုင်လမ်းကြောင်းနဲ့ ပတ်သက်ပြီး /home/USERNAME (အသုံးပြုသူမှ username အဖြစ်သုံးတဲ့နာမည်) ကိုသာ သိထားဖို့လိုပါတယ်။ Home Directory မှာ Documents, Pictures, Music, Video စတဲ့ Directory တွေပါဝင်ပြီး ဖိုင်တွေကို သိမ်းဆည်းတဲ့အခါမှာလည်း home directory ကိုသိရုံနဲ့ ပြုလုပ်နိုင်ပါတယ်။


(၄) ဆော့ဖ်ဝဲထည့်သွင်းပုံခြင်းမတူညီပါ။

Windows OS မှာဆိုရင် ဆော့ဖ်ဝဲထည့်သွင်းလိုတဲ့အခါမှာ ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲရဲ့ .exe ဖိုင်ကို double-click ပြုလုပ်ပြီး Install ပြုလုပ်ရပေမယ့် Linux OS မှာ ဆော့ဖ်ဝဲထည့်သွင်းရင်တော့ Ubuntu Software Centre, PackageKit, Synaptic တို့လိုမျိုး Add/Remove Software tool ကိုဖွင့်ပြီး ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲကို ရှာဖွေကာ Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။


(၅) Command Line တွေမလိုအပ်ပါ။

Linux ကို စတင်လေ့လာပြီး အသုံးပြုမယ့် သူတွေမေးလေ့ရှိကြတာကတော့ Command line တွေအသုံးပြုရမှာလားဆိုတာပါပဲ။ Linux user တွေအတွက် command line တွေ အသုံးပြုစရာမလိုပါဘူး။ လုပ်ငန်းအတော်များများကို GUI မှ တစ်ဆင့် ညွှန်ကြားခိုင်းစေခြင်းတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


(၆) ဗိုင်းရပ်စ်တွေရဲ့ ရန်ကိုလည်း စိုးရိမ်းစရာမလိုပါဘူး။

ကွန်ပျူတာ operating system တွေအတွက် malware နဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်ကို စိုးရိမ်ရလေ့ရှိပေးမယ့် Linux operating system ကို အသုံးပြုသူတွေအတွက်တော့ အဆိုပါ အန္တရာယ်ကို လုံးဝစိုးရိမ်စရာမလိုပါဘူး။


(၇) အခမဲ့လည်းအသုံးပြုနိုင်ပါတယ်။

Open Source ဆော့ဖ်ဝဲတစ်မျိုးဖြစ်တဲ့ Linux ကိုအခမဲ့လည်း ရယူအသုံးပြုနိုင်ပါတယ်။ Open Source ဆော့ဖ်ဝဲတွေဟာ လူ့ဘောင်အဖွဲ့အစည်းအတွက်သာမကပဲ တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေအတွက်လည်း အသုံးပြုသင့်တဲ့ Operating System တစ်မျိုးဖြစ်ပါတယ်။


(၈) ကြိုက်နှစ်သက်မှုမရှိတော့ရင်လည်း အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Linux အကြောင်းကို စတင်လေ့လာနေသူတွေအတွက် သိထားသင့်တဲ့အချက်တစ်ခုကတော့ Linux OS ဟာ Windows နဲ့ Mac တို့နဲ့ မတူညီဘဲ အကယ်၍များ လက်ရှိအသုံးပြုနေတဲ့ Linux desktop ကိုမနှစ်သက်ဘူးဆိုရင် အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူစိတ်တိုင်းကျ ကျွမ်းကျင်သလို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်တဲ့ operating system တစ်မျိုးဖြစ်ပါတယ်။


(၉) Hardware တွေအားလုံးတော့ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

Linux operating system မှာ hardware စနစ်အားလုံးကိုတော့ အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။ Hardware တွေအားလုံးတော့ မဟုတ်ပေမယ့် multifunction printer တွေ၊ အချို့ wireless card တွေနဲ့ Laptop display တွေမှာဆိုရင် ၎င်းပြဿနာဟာရှိနေဆဲပဲ ဖြစ်ပါတယ်။


(၁၀) Google ကအကောင်းဆုံးအဖော်မွန်ပါ။

တစ်ကယ်လို့များ Linux ကို အသုံးပြုနေရင်းနဲ့ ပြဿနာတစ်စုံတစ်ရာ ပေါ်လာတာပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုတာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့တယ်ဆိုရင် Google search က အကောင်းဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။ Google ကနေပြီး Linux နဲ့ ပတ်သက်တဲ့ အဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာ၊ ဗဟုသုတတွေကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။
Unknown at 12:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Usb နဲ့ hack တဲ့ကောင်တွေကိုဒါနဲပေးတွေလိုက် USB Port Locked



ဆိုင်တွင် ကွန်ပျူတာ သုံးမည့်သူများ သိထားသင့်တာက မိမိကွန်ပျူတာသုံးတော့မယ်ဆိုရင် အဲ့ဒီ့ကွန်ပျူတာမှာ usb stick များ မိမိမသုံးခင် ထိုးထားမထားကို စစ်ဆေးပါ . တွေ့ရင် ဖြုတ်ပစ်ကြပါ . ဆိုင်ရှင်များကလဲ မိမိက အသုံးပြုသုအပေါ်ကို ရိုသေတယ် ၊လေးစားတယ်ဆိုရင် မိမိကွန်ပျူတာမှာ usb stick များကို မထိုးနိုင်အောင် အခုဒီ USB Port Locked နဲပိတ်ထားပါ . stick ထိုးသုံးချင်တဲ့သူ လာရင် အဲ့ဒီ့ stick ကို စစ်ဆေးပြီးမှ အသုံးခံပါ . ဒါဟာ မိမိက မိမိဆိုင်မှာ လာသုံးမည့် customer များကို take care လုပ်လိုက်တာပါပဲ . လာသုံးမည်သူများရဲ့ stick ကို ဖွင့်ပြီးတော့ usb thief program ထည့်ထားမထား စစ်ဆေးပေးပါ . စစ်ဆေးလို့တွေ့ရင် ဖျက်ပစ်လိုက်ပါ။သုံးနည်းကတော့ USB Port Locked Not With a Password ကတော့ Password နဲ့ သုံးတာ မဟုတ်ဘူး။ သူ့ကို ဖွင့်လိုက်ရုံပဲ။ Install လုပ်စရာ မလိုဘူး။ ဖွင့်လိုက်တာနဲ့ Lock USB Ports ကို နှိပ်လိုက်။ ပြီးရင် Ok ကို နှိပ်။ Exit လုပ်လိုက်။ ဒါပဲ။

Password နဲ့ သုံးချင်ရင်တော့ USB Port Locked With Password ကိုသုံး။ Password ကတော့ Unlock ဖြစ်တယ်။

mediafire download link
ifile.it download link
12 site download link
Unknown at 12:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သူများတကာNetworkထဲဝင်ပြီးလုပ်ခြင်းရလုပ်ကြမယ်(Really Hacker Tool)



ဒီ software လေးပေါဗျ တစ်ဖက်လူရဲ့ net work ကိုဝင်ဖောက်လို့ရတယ် အပြင် Internet ဆိုင်မှာသုံးနေတဲ့သူတွေအတွက်ကတော့

စိုးရိန်စရာပါပဲ ကိုသုံးနေတဲ့ computer ကိုဝင်ပြီးတော့လုပ်ချင်ရာလုပ်သွားရော ပြီးတော့ဒါလေးက all in 1 keylogger လိုပဲထောင်

ကိုယ်ဟာတွေခိုးသွားလို့ရတယ်
ပြီးတော့အထူးသိပေးချင်တာက facebook အတုနဲ့ ဧဒင် အတုကို မသမာတဲ့သူတွေကလုပ်ထားကြတယ် နောက်ပြီးတော့ ရတနာပုံရော
အတုတွေလုပ်ပြီး မန်ဘာတွေရဲ့ user name နဲ့ password ကိုခိုးလို့ရပါတယ်..သတိထားပါ
ကျွန်တော်အဲဒီSoftware ကို download တင်ပေးလိုက်ပါတယ်။ ကောင်းကောင်းကြီး Hack နိုင်ကြပါစေmediafire download link
12 site download link
Unknown at 12:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကိုရေ password ပေးပါလို တမေးထဲမေးနေတဲ့သူများအတွက်......... password cracker tools များ

 
password တွေကို hack တဲ့ software တွေ အကုန်လုံးကိုပေါင်းပြီးတော့ တင်ပေးလိုက်တယ်ဗျာ . တစ်ကယ့်ကို တန်ဖိုးရှိတဲ့ Tools တွေပါ . ဘာ Tools တွေလဲဆိုတော့ အောက်မှာ နံပါတ်နဲ့ ရေးပြထားပါတယ် . ကဲ တစ်ချို့ win rar တွေမှာ passward တွေ ရှိနေလား မပူနဲ့ ဒီကောင်လေး ဒေါင်းပြီး crack လုပ်လိုက် . အိုကေကို စိုပြေသွားလိမ့်မယ် လိုင်စင်အတွက် တစ်ခါတည်းပါပြီးသားပါ
( 1) PDF Password Remover :
( 2) Windows XP Admin Password Remover :
( 3) Zip File Password Cracker :
( 4) SQL Password Remover :
( 5) Microsoft Office Password Remover :
( 6) Windows Vista Admin Password Recovery :
( 7) Windows Password Recovery :
( 8) RAR File Password Cracker :
( 9) EXE File Password Recovery :
(10) Password Changer :
(11) Password Memory :
(12) Distributed Password Recovery :
mediafire download link
12 site download link
Unknown at 12:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်း

မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို ဒီတစ်ပတ်အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။


ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။


ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။
အများဆုံး အသုံးပြုတာက Transmission Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။


ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေက သုညကနေ 1023 အတွင်းမှာရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။ ဒါကို ဖော်ထုတ်နိုင်ဖို့ ၀င်းဒိုးမှာ အလိုအလျောက်ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာဖြစ်ပါတယ်။ အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကိုနှိပ်ပါ။
Run box လေးပေါ်လာပါလိမ့်မယ်။


CMD လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။


အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat -a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။ စာတန်းအရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။
ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် IP တစ်ခုကို ထွက်နေတာ တွေ့ရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေအကုန်ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေထွက်နေတာဖြစ်ပါတယ်။


Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat -an လို့ရိုက်ထည့်ပြီး ကြည့်ပါ။

မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက်နေသလားသိချင်ရင် Netstat -bn လို့ Command Prompt မှာ ရိုက်ထည့်ပြီး သုံးကြည့်ပါ။


အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် IP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေတစ်ဆင့် ၀င်နေထွက်နေသလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
Unknown at 11:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွန် ပြူ တာကို automatic timer နဲ့ဖွင့်ရန် နည်းလမ်း



အရင်ဆုံး Computer စတက်လာလာခြင်း Delete key ကို နှိပ်ပြီး BIOS ထဲ
ကိုဝင်လိုက်ပါ။
" Power Management setup" ကနေ " Resume by RTC Alarm" ကိုဝင်ပြီး (Enable) ပြောင်းလိုက်ပါ။
( တချို့ BIOS တွေမှာ တော့ Weakup Event setup လို့ပါလိမ့်ပါမယ်။)

ပြီးရင် " Date ( of month ) Alram" သို့ ရွှေ့ပြီး ( Everyday ) လို့
ပြောင်းလိုက်ပါ။ တချို့ BIOS တွေကတော့
( Everyday ပြောင်းလို့မရပါဘူး မိမိ ဖွင့်ချင်တဲ့ ရက်ကို ရိုက်ထည့်ပေးရပါတယ်။)

ပြီးရင် "Time (hh:mm:ss) Alram" သို့ရွှေ့ပြီး မိမိ ထားချင်တဲ့ (hour. minutes,
seconds) တွေကို ရိုက်ထည့်ပါ။

ပြီးရင် Save ပြီး BIOS ကနေထွက်လိုက်ပါ။ဒါဆို ရပါပြီ။

သက်ဆိုင်ရာ Power Cable တွေကိုတော့ Auto Join ပေးထားဖို့တော့ လိုလိမ့်မယ်နော်။

Computer မှာ Passwords တွေပေးထားရင်တော့ computer က passwords
ရိုက်ရမယ့်နေရာ ရောက်ရင်တော့ ရှေ့ဆက်မသွားပဲ ထိုနေရာမှာပဲ
ရပ်နေပါလိမ့်မယ်။
ကွန် ပြူ တာကို automatic timer နဲ့ဖွင့်တယ်ဆိုတော့ ရှင်း ကလည်း automatic shutdown timer code လေးအောက်မှ
ထည့်ပေးလိုက်တယ် ။အဖွင့်ရှိရင် အပိတ်လေးပါ တခါထည်းတွဲ ပြီး
ထည့်ပေးလိုက်တယ် cmd ကိုဖွင့်ပြီး 'shutdown -s -t XXXX'
လို့ ရိုက်ပါ xxxx နေရမှာ computer ပိတ်ရန် မိမိ လိုခြင်တဲ့ အချိန် ကာလက
လေးကိုထည့်ပါ ။ ကွန်ပြူတာကို 20 minutes မှာမိတ်စေခြင်ရင် 1200 လို့
XXXXနေရမှာရိုက်လိုက်ပါ ။ အမှန် က ၂၀ မိနစ်ကို sec ဖွဲပြီး xxxx
နေရာမှာထည့်တာဖြစ်ပါတယ် ။သူက sec ပဲလက်ခံလို့ ပါ ။

အကယ်၍ shut down timer ကိုဖြုတ်ခြင်ရင် cmd ထည်းသွားပြီး shutdown -a လို့
ပြန်ရိုက်ထည့်လိုက်ပါ ။
အဲ့ setting ပြတ်သွားပါ မယ် ။
Unknown at 11:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြိုက်တဲ့ software လာခဲ့ Portable လုပ်ပစ်မယ်

တစ်နည်းပြောရရင် ဆောပ်ဝဲလ်တွေကို Portable လုပ်ချင်တယ်ဆိုရင်တော့ပေါ့ဗျာ ။
ပထမဆုံးပြောရရင် ... စက်ထဲမှာ WinR နဲ့ Universal Extractor အရင်ထည့်သွင်း Run ထားရမယ်
ပထမဆုံး New folder တစ်ခု ယူလိုက်ပါ ။ ဘယ်နေရာပဲဖြစ်ဖြစ် ။ ပြီးရင် Portable လုပ်ချင်တဲ့ ဆောပ်ဝဲလ်ကို အဲဒီထဲကို ထည့်လိုက်ပါ ။ ကျန်တာတွေ ထပ်မထည့်ပါနဲ့ ။ exe file တစ်ခုတည်းပဲ ထည့်ပါ ။ ပြီးရင် ... အဲဒီဆောပ်ဝဲလ်ထည့်ထားတဲ့ Folder ကိုလည်း ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးလိုက်ပါဗျာ ။ ဥပမာ ခု ကျွန်တော်က Gtalk ကို လုပ်ပြတာဆိုတော့ Googletalk လို့ ပြောင်းထားတယ် ။ မိမိလုပ်တဲ့ ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးပါဗျာ ။
ပုံကို ကြည့်ပါ
(ပုံကို ကောင်းကောင်းမမြင်ရပါက New tag ဖြင့် ဖွင့်ကြည့်ပါ ။ ကျွန်တော်ရဲ့ ဆိုဒ်စာမျက်နှာနဲ့ ကိုက်အောင် လုပ်ထားတာ မို့လို့ပါ ။ ။ )
ပြီးရင်တော့ exe file (portable လုပ်မယ့် ဆောပ်ဝဲလ်) ကို Right ကလင်ခ့်နဲ့ UniExtract Here ကို ရွေးပေးလိုက်ပါ ။ ခဏစောင့်ပေးလိုက်ပါ .... သူဖာသာသူ လုပ်နေလိမ့်မယ် ..... ပြီးတဲ့အထိစောင့်ပေးလိုက် ။

ပြီးရင်တော့ စောစောက exe file အပြင် နောက်ထပ် အပိုဖိုင်တွေ ရောက်လာလိမ့်မယ် ။ ပြီးရင် အဲဒီ exe file အပြင် အပိုရောက်လာတဲ့ ကောင်တွေကိုပါ ။ Select all လုပ်ပြီး တစ်ခုခုပေါ်ကို ထောက်ပြီး Right နဲ့ Add to archive ကို ရွေးပေးလိုက်ပါ ။ ဒါတော့ WinR သုံးသူများ သိပြီးသားပါနော် ။
ပြီးရင်တော့ WinR နဲ့ လုပ်တဲ့နေရာမှာ တစ်ခါတည်း မအိုခေနဲ့ဦး... နည်းနည်းပြင်စရာရှိသေးတယ်ဗျာ ။ ဘာတွေပြင်ရမလဲဆိုတော့......General က Create SFX archive ကို အစက်ဖြည့်ပေးလိုက်ပါ ။ ကျန်သေးတယ်နော် .........
( အစက်ကို ဖြည့်လိုက် ဖြုတ်လိုက် လုပ်ကြည့်ပါ ။ ဘာထူးလဲကို အောက်မှာ ပြောပြ ။ )
နောက်တစ်ခုက....General ပြီးရင် Advanced က SFX options ကို ဆက်ရွေးပေးလိုက်ပါ ။ ပြီးရင်း ရွေးစရာရှိပါသေးတယ် ။
ခု SFX options မှာ ရွေးရမှာတော့... General က Create in Program Files ကို အစက်ထည့်ပေးလိုက်ပါ ။ ပြီးရင် အောက်က Run after extraction မှာ မိမိဆောပ်ဝဲလ်နာမည်ကို ထည့်ပေးလိုက်ပါ ။ သိပ်အရေးပါပုံမထင် :) ထည့်ရွေးပေးဦးမယ် နည်းနည်းပဲကျန်တယ်.....

Advavced ကို ကျော်ပြီး Modes က Unpack to temporary folder ကို အစက်ဖြည့်ပေးလိုက်ပါ ။ Silent mode က Hide all ကို အစက်ပြောင်းပေးလိုက်ပါ ။ နောက်ဆုံးတစ်ခုပဲကျန်မယ်....

Update က တစ်ခုတည်းပဲဗျာ ။ တစ်ချို့က ဒါက မရေးထားဘူး ။ လုပ်စရာလည်း မလိုတဲ့ သဘောပေါ့ ။ ဒါပေမယ့် စုံအောင်... လုပ်ပေးတာပေါ့ ။ Skip existing files ကို အစက်ပြောင်းပေးပြီးတော့ အစက်ဖြည့်လိုက်ပြီး OK လိုက်ပါ ။ ပြီးရင်လည်း ပထမဆုံး Box ကို ထပ်ပြီးတော့ OK လိုက်ပါ ။ ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ Portable ကို လုပ်နေပါသဖြင့်.....
ပြီးရင်တော့ Gtalk Portable က ရောက်ရှိနေမှာ ဖြစ်ပါတယ် ။ Run စရာမလိုဘူး ။ အသင့်သုံးရုံတာ ရဲလ်ဒီမိတ်ပေါ့
mediafire download link
ifile.it download link
12 site download link

Unknown at 11:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.