Friday, December 23, 2011

ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်း

မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို ဒီတစ်ပတ်အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။


ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။


ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။
အများဆုံး အသုံးပြုတာက Transmission Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။


ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေက သုညကနေ 1023 အတွင်းမှာရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။ ဒါကို ဖော်ထုတ်နိုင်ဖို့ ၀င်းဒိုးမှာ အလိုအလျောက်ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာဖြစ်ပါတယ်။ အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကိုနှိပ်ပါ။
Run box လေးပေါ်လာပါလိမ့်မယ်။


CMD လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။


အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat -a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။ စာတန်းအရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။
ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် IP တစ်ခုကို ထွက်နေတာ တွေ့ရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေအကုန်ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေထွက်နေတာဖြစ်ပါတယ်။


Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat -an လို့ရိုက်ထည့်ပြီး ကြည့်ပါ။

မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက်နေသလားသိချင်ရင် Netstat -bn လို့ Command Prompt မှာ ရိုက်ထည့်ပြီး သုံးကြည့်ပါ။


အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် IP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေတစ်ဆင့် ၀င်နေထွက်နေသလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
Unknown at 11:55 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.