ဒါလေးကတော့ ကျွန်တော်တို့ Desktop ကို ထူးထူးခြားခြားနဲ့ ခပ်လန်းလန်းလေးတွေသုံးတတ်
သူတွေအတွက်ပါ။ ကျွန်တော်ကိုယ်တိုင်ကလဲ ထူးထူးဆန်းဆန်းလေးတွေနဲ့ Desktop အလှဆင်တာကို
ဝါသနာပါပါတယ်။ သူကတော့ Desktop ကို အန်စာတုံးပုံစံ မျက်နှာပြင် (၆) ခုကို ဒီဇိုင်းဆန်းလေးနဲ့ ဖော်
ပြပေးတဲ့ကောင်လေးပါ။ ကိုယ်သုံးချင်တဲ့ မျက်နှာပြင်ကို မောက်လေးကလစ်ပြီး လှည့်ပေးလို့ရပါတယ်။
ဟိုအရင် ဒါလေးတွေ့စဉ်တုန်းက သဘောကျလွန်းလို့ အန်စာတုံးလေးကို တစ်နေကုန်ထိုင်လှည့်နေတာ။
ကိုယ်သုံချင်တဲ့ မျက်နှာရောက်ရင် မောက်လေး(၂)ချက်ဆက်ကလစ်လိုက်ရင် ရပါပြီ။ Taskbar ညာ
ဖက်အောက်ခြေက Deskspace .exe ကို Rightclick ပေးလိုက်ရင်လဲ Desktop 1 , Desktop 2
အစရှိသဖြင့်ဖော်ပြပေးပါတယ်။ ကိုယ်သုံးချင်တဲ့ Desktop space ကိုရွေးလိုက်ရင်လဲ ရပါတယ်။
အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ
19 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge