Friday, November 2, 2012

ရခိုင်ပဋိပက္ခကြောင့် ရန်ကုန်ရောက် ဒဏ်ရာရသူများ ကျန်းမာရေး စောင့်ရှောက်မှု အားနည်း


ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကြောင့် ထိခိုက် ဒဏ်ရာရသူ များအနက် ဒဏ်ရာ ပြင်းထန် မှု ကြောင့် ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသ နေသော လူနာ ၅ဦး မှာ ကျန်းမာရေး စောင့်ရှောက် မှု အားနည်း လျက်ရှိကြောင်း ယင်း ဒဏ်ရာ ရသူများကို ကူညီ စောင့်ရှောက် နေ သည့် ရခိုင် အမျိုးသား ကွန်ရက် ထံမှ သိရှိရသည်။

"လူနာ အတွက် အရေးပေါ် လိုအပ်တဲ့ အချိန်မှာ ဆရာမ တွေကို သွားခေါ် တာတောင် ဂရု မစိုက်ဘူး" ဟု ရခိုင် အမျိုးသား ကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် က ရှင်းပြ သည်။

အဆိုပါ လူနာ များအား ဆေးကုသ ရာတွင် ငွေကြေး အခက်အခဲ များ ရှိနေပြီး၊ ဆေးဝါး အကူအညီ များ လည်း လိုအပ်လျက် ရှိရာ လှူဒါန်း လိုသူ များ အနေဖြင့် ရခိုင် အမျိုးသား ကွန်ရက် (ဖုန်း - ဝ၉ ၄၉၃၂ဝ၉၄၅၊ ဝ၉ ၇၃၂၂၃၉၂၁၊ ဝ၉ ၅ဝ၅၈၄၂ဝ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း ယင်း ကွန်ရက် ထံမှ သိရှိ ရသည်။

ပဋိပက္ခ ဖြစ်စဉ် အတွင်း ဒဏ်ရာ ပြင်းထန်မှု ကြောင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေသူ များမှာ မြောက်ဦး မြို့နယ် တွင်းတောင် ကျေးရွာမှ ဦးစိန်သာအောင် (အာရုံ ကြောမကြီး လှံဒဏ်ရာ)၊ ကျောက်တော် မြို့နယ် ရွှေပြည်သာ ကျေးရွာမှ ဦး သန်းရွှေမောင် (လက်မောင်း ကျည်ဆန် ထိ ဒဏ်ရာ)၊ မြေပုံ မြို့နယ် ခေါင်းဖြူ ကျေးရွာမှ ဦးကျော်ဝင်းထွန်း၊ သဲကောက် ကျေးရွာ မှ ဦးမောင်မောင် နှင့် သဝင်စေ့ ကျေးရွာ မှ ဦးစောဝင်းဇော် (မျက်စိ ဂျင်ကလိ ထိ ဒဏ်ရာ) နှင့် ကျောက်နီမော် ကျေးရွာ အုပ်စု၊ သပြေချောင် ကျေးရွာမှ ဦးမောင်သန်းတင် (သေနတ် ဒဏ်ရာ) တို့ ဖြစ်ကြောင်း ယင်းဆေးရုံ လူနာ မှတ်တမ်း နှင့် ရခိုင် အမျိုးသား ကွန်ရက် ထံမှ သိရှိရသည်။

အဆိုပါ လူနာ ၅ဦး အနက် မြောက်ဦး မြို့နယ်မှ ဦးစိန်သာအောင် မှာ အာရုံ ကြောမကြီး ကို ထိခိုက် သွားသဖြင့် မူလ အခြေအနေ သို့ ပြန်လည် ရောက်ရှိအောင် ဂရုပြု ကုသရန် လိုအပ် နေကြောင်း ဆေး မှတ်တမ်း များကို ကိုးကား၍ ဦးတင်ထူးအောင် က ဆို သည်။

အဆိုပါ ကိစ္စရပ် များနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိ နိုင်ရန် အတွက် The Voice Weekly က ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ် လူနာဆောင် အမှတ် (၅/၆) ကို လူကိုယ်တိုင် သွားရောက် မေးမြန်း ခဲ့ရာ ဝင်ကြေးငွေ (၅ဝဝ) ကျပ် ပေးခဲ့ရပြီး၊ လူနာ များမှာ ဒဏ်ရာ ပြင်းထန်သည် မှန်ကန် သော်လည်း ဂရုစိုက် စောင့်ရှောက် ပါကြောင်း တာဝန်ကျ ကျန်းမာရေး ဝန်ထမ်း တစ်ဦးက ဆိုသည်။

____________________________________
Reference and Credit to -The Voice Weekly

ဘကြီးသက်
Unknown at 8:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.