Monday, November 5, 2012

ရခိုင်ပြည်နယ် ပဋိပက္ခများအတွက် အဖွဲ့အစည်းအသီးသီး စုပေါင်း၍ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်




ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကိစ္စရပ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၁ ရက်၌ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးအဖွဲ့ အသီးသီးတို့မှ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေညာချက်တစ်စောင်အား စုပေါင်းလက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအရပ်ရပ်တို့ အပေါ်၌ နိုင်ငံရေးပါတီများ၊ လူမှုရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များမှနေ၍ ငြိမ်းချမ်းရေးအပေါ်တွင် အခြေပြုတွေ့ဆုံ ဆွေးနွေးကာ နိုဝင်ဘာငြိမ်းချမ်းရေး ကြေညာချက်အား စုပေါင်းလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ ၄င်းကြေညာချက်၌ (၁) ရခိုင်ပြည်နယ်အတွင်း ဖြစ်ရပ်မှန်များကို ပိုမို၍ ပွင့်လင်းမြင်သာစွာ သုံးသပ်နိုင်ရန်အတွက် နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိက မီဒီယာများမှ ဖော်ပြပေးရန်။ (၂) ယခုကဲ့သို့ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု အစိုးရအဆင့် ကိုယ်စားလှယ်များ ပါဝင်သော ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနှီးနှော ဖလှယ်ပွဲများ ကျင်းပပေးရန်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအား အကြံပြု တောင်းဆိုကြသည်။ (၃) ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအား ချီးကျုးပြီး ယခုထက် ပိုမိုထိရောက်သော ဆောင်ရွက်ချက်များကို အလျင်အမြန် အကောင်အထည်ဖော်ရန် မိမိတို့က တညီတညွတ်တည်း တိုက်တွန်းကြသည်ဟု ပါရှိသည်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရာတွင် ရခိုင်ပြည်နယ်ဘက်မှ ရဟန်းတော်များ ဦးဆောင်ပါဝင်ပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။ ၄င်းတို့၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ကြေညာချက် ထွက်ပေါ်လာရန်အတွက် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များမှနေ၍ သဘောတူညီကာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအရပ်ရပ်တို့အပေါ် ငြိမ်းချမ်းမှု ရရှိနိုင်စေရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘကြီးသက်
Unknown at 12:08 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.