Monday, November 12, 2012

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲ သတင်းများ

 
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်အဆောက်အဦး VIP ခန်းမ၏ Portico မျက်နှာ နဖူးစည်းမှ (၃)ပေ ပတ်လည်ခန့် Plaster ကွာကျခြင်း၊လေကြောင်းထိန်းမျှော်စင်အောက်ထပ် ဆက်သွယ်ရေးရုံးခန်းနံရံတွင် (၁)လက်မ အကျယ် (၁၀) ပေ အရှည်အက်ကြောင်းနှင့်(၁/၄)လက်မ အကျယ်(၁၀)ပေ အရှည် အက်ကြောင်း(၂)ခုဖြစ်ပေါ်ခဲ့ပြီး လေယာဉ်ပြေးလမ်း နှင့်အခြား station များ ထိခိုက်ပျက်ဆီးမှု မရှိဘဲ ပုံမှန် လည်ပတ်လျက်ရှိပါကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရက်ကွပ်(၂) ၊ သဒဓ္ဒမ္မဝေပုလစေတီမှ ပေ ၁၅၀ အုတ်တံတိုင်း ဓမ္မာရုံတိုင် (၂၂)လုံး ပြိုကျခြင်း၊ရပ်ကွက်(၂)နေဦးအေးဖေ+ဒေါ်ကြည်မြိုင်နေအိမ် အုတ်တံတိုင်း ပေ (၅၀)ပေ ပြိုကျပြီး ဒေါ်မြ (၅၀)နှစ်၊(ဘ)ဦးအေးဖေ(၀ဲခြေထောက်/ဦးခေါင်းပေါက်ပြဲဒဏ်ရာ)၊ ဦးမာ(၅၂)နှစ်၊ (ဘ)ဦးဌေးမောင်(ယာဒူးဖူးရောင်ဒဏ်ရာ)၊ဒေါ်ခိုင်(၄၅)နှစ်၊(ဘ)ဦးမောင်(၀ဲပေါင်ကျိုးဒဏ်ရာ၊ ၀ဲလက်မောင်း ပေါက်ပြဲ၊၀ဲနံရိုး/ဦးခေါင်းဖူးရောင်ဒဏ်ရာ)ရရှိခြင်း၊ရပ်ကွက်(၂)၊စဥ့်ကူး အထက်တန်းကျောင်း အုတ်တံတိုင်း ပေ (၂၀၀)ပြိုကျခြင်
း၊ နွယ်ရုံကျေးရွာနေ ဦးကျော်ညွှန့်(၂၈)နှစ်၊(ဘ)ဦးကြည်လင်း၊အုတ်တံတိုင်းပြိုကျသဖြင့် ဦးခေါင်းပေါက်ပြဲပြီး သေဆုံးခြင်း၊သာသနာ့ ဗိမ္မာန် (၇၅) ပေခန့် အုတ်တံတိုင်း ပြိုကျခြင်း၊ရပ်ကွက်(၂) ပုသိမ်ရပ်သာကျောင်းဦးသူရိယ(၇၇)နှစ်၊(၉)၀ါ၊(ဘ)ဦးစံမြ၊မျက်နှာကျက်ပြုတ်ကျသဖြင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခြင်း၊ရပ်ကွက်(၁)၊စဥ့်ကူး-မန္တလေးကားဂိတ်တွင် အုတ်တံတိုင်း ပြိုကျသဖြင့် အောင်ကျော်ဇင် (၄၄)နှစ်၊(ဘ)ဦးလှသန်း၊ပြည်ကြီးတံခွန်မြို့နယ်နေသူမှာ ယာပေါင်ကျိုးခြင်းနှင့် ယာလက်မောင်း ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ပါသည်။
မိုးကုတ်မြို့နယ် ကသည်းအုပ်စု၊ ရန်ကြီးအောင်ရပ်ရှိ ဘုံသီတာကျောင်းတိုက်အတွင်း အမြင် ၁၃ ပေခန့်၊ လုံးပတ် ၁၃ ပေခန့်ရှိ ရှေးဟောင်းဘုရားပျက်အတွင်းမှ ငလျင်လှုပ်ခတ်မှုကြောင့် ၆ လက်မခန့်ရှိ ငွေဆင်းတုတော် ၃ ဆူ ပေါ်ထွက်ခဲ့ပါသည်။
မတ္တရာမြို့နယ် အင်ကြင်းမြိုင်ကျေးရွာရှိ လေကြောင်းအရန်ကာကွယ်ရေးတပ်အမှတ် (၁၀၁၄)၏ အုတ်တံတိုင်း အမြင့် ၄ ပေခွဲ၊ အလျား ၁၀ ပေခန့်ရှိ ၇ ခန်း စုစုပေါင်း ပေ ၇၀ ခန့်ပြိုကျခဲ့ပါသည်။
အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက် ၁၆ လမ်း ၈၇x၈၈ လမ်းကြား နေထွက်ဂူဘုရားကျောင်း ၀င်းအတွင်းရှိ နေထွက်ဂူဆုတောင်းပြည့်ဘုရားနှင့် ချမ်းအေးသာစံမြို့နယ် ကဉ္စဏမဟီရပ်ကွက် အကွက် (၆၂၄)၊ ၇၇(၃၀x၃၁)လမ်းကြားရှိ ရွှေဘုံသာမြတ်စွာဘုရား၏ စိန်ဖူးတော်များ မြေခခဲ့ပါသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဒဏ်ရာရှိသူ ကျား(၁၂)ဦး၊ မ(၅)ဦး ရောက်ရှိလာပြီး အဆိုပါဒဏ်ရာရရှိသူများထဲမှ မခိုင်(၄၀)နှစ်(စိစစ်ဆဲ)မှာ သေဆုံးသွားခဲ့သဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ကျား (၁၂)ဦး၊ မ(၄) စုစုပေါင်း (၁၆)ဦးတက်ရောက်ဆေးကုသလျက်ရှိပါသည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအချို့လည်းပျက်ဆီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။

____________________________________
ယခုသတင်းကို ၁၂.၁၁.၁၂ နံနက် ၈နာရီ၄၄မိနစ်တွင် NOM မှ မျှဝေသည်။
Posted By Admin Team[NOM]

ဘကြီးသက်
Unknown at 9:46 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.