Thursday, October 18, 2012

Tablet မူပိုင်ခွင့် တရားစီရင်မှုတွင် Apple က Samsung ကိုရှုံးနိမ့်

ပြိုင်ဘက် Samsung ကုမ္ပဏီ၏ Galaxy tablet သည် iPad ၏ဒီဇိုင်းကို ကူးချထားခြင်းမဟုတ်ကြောင်း ဗြိတိန်တရားရုံးက စီရင်ချက်ချမှတ်ခဲ့သဖြင့် tablet မူပိုင်ခွင့် တရားစီရင်မှုတွင် Apple Inc က ရှုံးနိမ့်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ နှစ်ခုသည် စမတ်ဖုန်းနှင့် tablet နှစ်မျိုးစလုံး၏ မူပိုင်ခွင့်များနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း
ရှိ တရားရှုံးများတွင် အပြန်အလှန် တရားစွဲဆိုမှု ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်။
Galaxy tablet နှင့် iPad တွင် တူညီချက်အချို့ရှိသော်လည်း Samsung မှာ Apple ဒီဇိုင်းကို ကူးချထားခြင်းမဟုတ်ကြောင်းနှင့် Samsung ထုတ်ကုန်များမှာ iPad ကဲ့သို့ ဆွဲဆောင်မှုမရှိကြောင်း တရားသူကြီးဖြစ်သူ Colin Birss က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရှုံးနိမ့်ခဲ့သည့်အတွက် အမေရိကန်ကုမ္ပဏီ Apple ကုမ္ပဏီအနေဖြင့် ကိုရီးယား ကုမ္ပဏီ Samsung သည် iPad ကို ကူးချထားခြင်းမဟုတ်ကြောင်း အဓိပ္ပာယ်ရသည့် ကြော်ငြာများကို ၎င်း၏ ဝက်ဘ်ဆိုက်၊ ယူကေ သတင်းစာအချို့နှင့် မဂ္ဂဇင်းများတွင် ထည့်သွင်းပေးရမည် ဖြစ်သည်။ အဆိုပါ ကြော်ငြာများတွင်အသုံးပြုသည့် စာလုံးအရွယ်အစားကိုလည်း Ariel 14 ထက် မသေးရန်လိုအပ်ကြောင်း တရားသူကြီးဖြစ်သူ Kitchin က သတိပေးပြောကြားခဲ့သည်။

Apple ကုမ္ပဏီသည် ယခုနှစ် တတိယ သုံးလပတ်အတွင်း iPad အလုံးရေ ၁၇ သန်းရောင်းချခဲ့ရပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံ (စတာလင်ပေါင် ၅.၆ ဘီလီယံ) ရရှိခဲ့ကြောင်း သိရသည်။


ဘကြီးသက်
Unknown at 8:59 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.