Monday, October 15, 2012

စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသားကိုသတ်ပြီး ဘဏ်စာအုပ်ကိုခိုးယူ


mt2
ပြစ်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ်
စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်း အသက်၅၀နှစ် နေထိုင်သည့်အခန်းအတွင်းဝင်ရောက်ပြီးသတ်ကာ ဘဏ်စာအုပ်ခိုးယူခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်ကိုအောက်တိုဘာလ ၁၀ရက်နေ့နံနက် ၁ နာရီအချိန်တွင် တရုတ်နိုင်ငံသားနေထိုင်သည့် န၀ဒေးဥယျာဉ်အိမ်ရာ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူနှစ်ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း  သိရှိရသည်။
ယင်းကဲ့သို့ကျူးလွန်မှုတွင်ပါဝင်သည့် တရုတ်စကားပြန် မယဉ်ယဉ်မေမှာ သေဆုံးသွားသူ တရုတ်နိုင်ငံသား၏ စကားပြန်အဖြစ်လုပ်ခဲ့သူဖြစ်ပြီးလွန်ခဲ့သောနှစ်လခန့်မှ အလုပ် ထုတ်ခံရသူဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသားက စကားပြန်ဖြစ်သူမယဉ်ယဉ်မေနှင့် မန်နေဂျာဖြစ်သူနှစ်ဦးတို့ကို လုပ်ငန်းလျင်မြန်စွာလုပ် ကိုင်စေရန်အတွက် ၄င်းတို့၏နာမည် များဖြင့် ဘဏ်စာအုပ်များလုပ်ပေးထားကြောင်း သိရသည်။   
လွန်ခဲ့သောနှစ်လခန့်က စကားပြန်ဖြစ်သူမှာရည်းစားထားသည့်ကိစ္စနှင့်စပ်လျဉ်းပြီး သေဆုံးသွားခဲ့သည့်တရုတ်နိုင်ငံသားနှင့် စကားများခဲ့သဖြင့် အလုပ်မှထုတ်ပယ်ခံခဲ့ရကြောင်း၊ စကားပြန်ဖြစ်သူကအလုပ်မရှိတော့သဖြင့် ၄င်း၏အမျိုးသားသူငယ်ချင်းနှင့်အတူ တရုတ်အမျိုးသားနေထိုင်သည့်နေအိမ်အတွင်းသို့ဝင်ရောက်ပြီး ဘဏ်စာအုပ်ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့သဖြင့် အိပ်နေသည့်တရုတ်နိုင်ငံသားအခန်းတံခါးဖွင့်ပြီးရှာဖွေခဲ့ရာ တရုတ်နိုင်ငံသားနိုးသွားခဲ့ကြောင်း သိရသည်။ 
ယင်းအချိန်တွင် တရုတ်နိုင်ငံသားနိုးသွားခဲ့သည့်အတွက် စကားပြန်နှင့်အတူပါရှိသူအမျိုးသားက တရုတ်နိုင်ငံသားကိုအသင့်ပါလာသော သစ်သားတုတ်ဖြင့်ရိုက်နှက်ပြီး ပါးစပ်အားစောင်ဖြင့်စို့ကာ ခေါင်းအုံဖြင့်ဖိသတ်ခဲ့ကြောင်း သိရှိရသည်။
ထိုနောက်စကားပြန်ဖြစ်သူကအဆိုပါအခန်းအတွင်းမှ ဘဏ်စာအုပ်ကိုယူကာက ကမ္ဘောဇဘဏ်(ဘုရင့်နော်ဘဏ်ခွဲ) မှ ငွေကျပ်သိန်း၁၀၀ ထုတ်ယူခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူဝင်းကိုအား လှိုင်သာယာမြို့်နယ်နှင့်စကားပြန်ဖြစ်သူ မယဉ်ယဉ်မေကို ၄င်း၏ညီမဖြစ်သူနေထိုင်သည့် မရမ်းကုန်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့ည ၁၁နာရီဝန်းကျင်တွင်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ 
သေဆုံးသွားသည့်တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်းက အခင်းဖြစ်သည့်တိုက်ခန်းတွင် Kan Star ကုမ္ပဏီဖွင့်လှစ်ကာ ရေမြှပ်နှင့် ရေလှိုင်းဆေးထိုင်ခင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။   
အဆိုပါဖြစ်စဉ်ကို လှိုင်သာယာရဲစခန်း (ပ)၁၀၆၃/၂၀၁၂၊ပုဒ် မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။
 EMG
ဘကြီးသက်
Unknown at 11:17 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.