Sunday, September 23, 2012

ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ) မှ ဦးကိုကိုကြီး နှုတ်ထွက်


 
ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ) မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး မှ နှုတ်ထွက်သွားကြောင်း သတင်းရရှိပါတယ်။ ဦးကိုကိုကြီးကို စာနယ်ဇင်းကောင်စီ တွင်းသို့ အဖွဲ့ဝင်ရန်အတွက် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ကိုယ်တိုင် ထောက်ခံခဲ့တာ ဖြစ်ပေမယ့် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA) မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ သတင်းစာဆရာ မောင်ဝံသ ခေါ် ဦးစိုးသိမ်းတို့ကို နှင့်  အတွင်းရေးမှူး ဖြစ်သူ The Voice Weekly အယ်ဒီတာ ဦးကျော်မင်းဆွေ တို့ ရဲ့  အကျင့်စရိုက်တွေကို မကြိုက်လို့ နှုတ်ထွက်သွားတာ ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။

လက်တလောအားဖြင့်  The Voice ဂျာနယ်၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့အား အသရေဖျက်မှု(ပုဒ်မ ၅၀၀) ဖြင့် စွဲချက်တင်ခံထားရပါတယ်။
 
စာနယ်ဇင်း ဥပဒေကြမ်းရေးဆွဲဖို့ ရည်ရွယ်ချက်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့၊ ချက်ထရီယံ ဟိုတယ်တွင်  အစည်းအဝေး ပြုလုပ်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

 ၈၈ မျိုးဆက်များမှ NGO က ပေးသည့် ဒေါ်လာငွေများ အလွဲသုံးစား လုပ်ဆောင်မှု အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဦးကိုကိုကြီးမှ မီဒီယာသမားများကို သနားသဖြင့် အရေးမယူလိုကြောင်း ပြောခဲ့ဖူးပြီး ယခု စာနယ်ဇင်း ကောင်စီ မှ ဘာကြောင့် နှုတ်ထွက်တယ်ဆိုတာကိုတော့ တစုံတရာ ရှင်းလင်းပြောကြားခြင်း မရှိခဲ့ပါဘူး။

 Myanmar Express

ဘကြီးသက်
Unknown at 8:42 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.