Thursday, August 9, 2012

ရခိုင်ပြည်နယ်တွင် လုံခြုံရေးကြောင့် အခြေခံပညာ (၃၄၉)ကျောင်း မဖွင့်လှစ်နိုင်သေး



ပဋိပက္ခဖြစ်ပွားမှု တစ်လကျော်ကြာနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၃၄၉) ကျောင်းမှာ လုံခြုံရေးအရ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။

 စစ်တွေ၊မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊ရသေ့တောင်မြို့နယ်တို့တွင် အခြေခံပညာကျောင်း အချို့မှာ ယနေ့(သြဂုတ်လ-၈ရက်နေ့)အထိ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ အရာထမ်းတစ်ဦးက ပြောသည်။

“ တစ်ချို့ကျောင်းတွေက လုံခြုံရေးအရ မဖွင့်သေးတာပါ၊ မဖွင့်ပဲကျန်နေတာက မောင်တောမှ ၁၅၉ကျောင်း၊ ဘူးသီးတောင်မှာ ၁၄၃ ကျောင်း၊ စစ်တွေမှာ ၂၂ ကျောင်း၊ ရသေ့တောင်မှာ ၁၀ကျောင်း၊ ကျောက်တော်မှာ ၁၅ ၊ စုစုပေါင်း ၃၄၉ ကျောင်း ရှိပါတယ်”ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မောင်တောမြို့နယ်တွင် ကျောင်းပေါင်း ၁၅၉ ကျောင်းရှိရာ ယနေ့ထိ မဖွင့်နိုင်သေးကြောင်းကိုလည်း  ၄င်းက ဆိုသည်။

“မောင်တောတစ်မြို့နယ်လုံးက မဖွင့်သေးပါ။ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကိုလည်း မိမိတို့နီးစပ်ရာကျောင်းတွေမှာ စီစဉ်ထားပါတယ်၊ နောက်တဖြည်းဖြည်းကျောင်းတွေ ဖွင့်ဖို့စီစဉ်ထားပါတယ်၊ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့က လုံခြုံရေးအဓိကပါ’’ ဟု ၄င်းက ဆက်ပြောသည်။

 ပဋိပက္ခကြောင့်လုံခြုံရေးအရ တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာရေး ကျောင်းအချို့ကို ဇွန်လ ကတည်းက တစ်လနီးပါးကို ပိတ်ထားခဲ့ရသည်။

“ကျွန်တော်တို့ မင်းပြားဘက်မှာတော့ ဖွင့်ပါတယ်၊ ဒါပေမဲ့ ဘင်္ဂလီတွေနဲ့နီးတဲ့ရွာတွေမှာတော့ မဖွင့်သေးတာ ရှိပါတယ်”ဟု မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာမှ မူလတန်းကျောင်းအုပ်က ပြောသည်။

 အလားတူ စစ်တွေတက္ကသိုလ်ကိုလည်း ယခုလ (၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားသော်လည်း  ကျောင်းတတ်ရောက်နှုန်းမှာ နည်းပါးနေသေးကြောင်း  ဒေသခံများက ဆိုသည်။

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup
ဘကြီးသက်
Unknown at 9:59 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.