Friday, August 31, 2012

မြို့ပတ်ဆင်ခြေဖုံး ရထားစီးသူများ အသိပေးချက် ထုတ်ပြန်ထား





ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရေကူးဘူတာရုံ လက်မှတ်အရောင်းဌာနတွင် သြဂုတ်၂၃ ရက်က မြန်မာ့မီးရထားမှ မြို့ပတ်ဆင်ခြေဖုံး ရထားစီးခရီးသည်များသို့ အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။ အသိပေးချက်တွင် ခရီးသည်များအနေဖြင့် ရထားတစ်ကြိမ် စီးနင်းပြီးတိုင်း ရောက်ရှိသည့် ခရီးဆုံးဘူတာတွင် ခရီးစဉ်တစ်ခုလက်မှတ် ပြန်အပ်နှံထားခဲ့ရပါမည်။ ခရီးသည်တစ်ဦးအတွက် ငွေကျပ် ၁၀၀ တန် လက်မှတ် တစ်စောင်လျှင် ခရီးစဉ်နှစ်ခု စီးနင်းနိုင်ရန် ရည်ရွယ်ရောင်းချပေးခြင်း ဖြစ်ရာ ခရီးစဉ်နှစ်ခုထက် ပိုမိုပါက လက်မှတ်ထပ်မံ ဝယ်ယူစီးနင်းရပါမည်။ အသုံးပြုပြီးသော လက်မှတ်အား အခြားခရီးသွားများကို လက်ဆင့်ကမ်း ပေးခြင်းသည် မြန်မာ့မီးရထား၏ ဝင်ငွေကို ထိခိုက်ကျဆင်းစေရုံသာမက မြန်မာ့မီးရထား၏ ဥပဒေကို ချိုးဖောက်ရာ ရောက်သဖြင့် လက်မှတ် လက်ဆင့်ကမ်းပေးခြင်း မပြုလုပ်ကြပါရန် ခရီးသည်များသို့ မြန်မာ့မီးရထားမှ အသိပေး ကြေညာထားကြောင်း သိရှိရသည်။
ဘကြီးသက်
Unknown at 9:01 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.