Thursday, July 26, 2012

ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင်ယာဉ် အစီးရေ ၄၃၀ကျော် လျော့နည်း


ရန်ကုန်တိုင်း ဒေသကြီးမှာ ယာဉ်အို ယာဉ်ဟောင်း ဖျက်သိမ်း မှုကြောင့် ပြေးဆွဲခြင်း မရှိတော့တဲ့ ယာဉ် ၃၃၇ စီးနဲ့ မ.ထ.သ ရန်ကုန်တိုင်း ဒေသကြီးမှ ၂၀၀၁
ခုနှစ် ဧပြီလမှ ယခုအချိန် အထိ နှုတ်ထွက် သွားတဲ့ ယာဉ် ၉၃ စီးရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အခု လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ပြေးဆွဲပေး လျက်ရှိတဲ့ ခရီးသည်တင် ယာဉ်လိုင်း များထဲမှ ယာဉ် ၄၃၀ စီး လျော့နည်း သွားခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်မှု လုံခြုံချော မွေ့စေရေး ကြီးကြပ်မှု ကော်မတီရဲ့ ၁၉ ကြိမ်မြောက် အစည်းအဝေးမှ မ.ထ.သ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို ခရီးသည်တင် ယာဉ်များ လျော့နည်း သွားရခြင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး မှတ်ပုံတင် သက်တမ်း ကြာမြင့်တဲ့ ယာဉ်များ ဖျက်သိမ်းရေးနဲ့ အစားထိုး ယာဉ်တင်သွင်းရေး ကြေညာချက် အရ မ.ထ.သ ရန်ကုန်တိုင်း ဒေသကြီး စီမံမှုအောက် မှာရှိတဲ့ ခရီးသည်တင် ယာဉ်အချို့ဟာ မှတ်ပုံတင် သက်တမ်း ကြာမြင့်တဲ့ ယာဉ်များ ဖျက်သိမ်းရေးမှာ ပါဝင်သွား တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖျက်သိမ်းမှုမှာ ပါဝင် သွားတဲ့ ခရီးသည် တင်ယာဉ် ကတော့ အက္ခရာ စ မှ ပ အထိ စစ်ကျန်ဘတ် ၃၄၄ စီးနဲ့ ယာဉ်ကြီး ၅ စီး အပါအ၀င် အစရှိတဲ့ ယာဉ်ပေါင်း ၅၇၃ စီး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မ.ထ.သ ရန်ကုန်တိုင်း ဒေသကြီး စီမံမှု လက်အောက် မှာရှိတဲ့ ခရီးသည် တင်ယာဉ် များဟာ လက်ရှိ အချိန်ထိ အပ်နှံပြီး ခရီးသည်တင်ယာဉ် ၃၀၇ စီးရှိပြီး ပြေးဆွဲယာဉ် ၂၃၆ စီးနဲ့ အပြီးအပ် မဟုတ်ဘဲ ပြေးဆွဲခြင်း မရှိတဲ့ ပျက်ကွက် ကင်းကွာ ယာဉ်အစီး ၃၀ စီးရှိတာ ဖြစ်ပါတယ်။ အဆိုပါ အပြီးအပ်ယာဉ် ၃၀၇ စီး အနက် ယာဉ်ပြန်လည် ၀ယ်ယူတဲ့ အစီးရေဟာ ၆၀ စီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြား ခရီးသည်တင် ယာဉ်ပိုင်ရှင်များ ကလည်း Express ၊ စီးတီးဘတ်စ်၊ မီနီဘတ်စ်နဲ့ အိမ်သုံးကားများ ပြန်လည် ၀ယ်ယူထားပြီး ကျန်အစီး ၁၄၀ ခန့်ဟာ ကားဟောင်း အပ်နှံကာ အသစ် ပြန်လည် တင်သွင်းဖို့ အတွက် စီစဉ် ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စရပ်များကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြေးဆွဲလျက် ရှိတဲ့ ခရီးသည် ယာဉ်များဟာ အစီးရေ ၄၃၀ ခန့် လျော့နည်း သွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
 MRTV4
ဘကြီးသက်
Unknown at 7:37 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.