Thursday, April 5, 2012

လစာမရ၍ သင်္ဘောမထွက်ရန် ကန့်ကွက်သော မြန်မာသင်္ဘောသားများ လစာပြန်ရ


အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါရှိ OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသားများ လစာမရ၍ သင်္ဘောပြန်လည်မထွက်ခွာရန် ကန့်ကွက်ထားရာမှ ယခုအခါလစာများ ပြန်လည်ရရှိပြီဖြစ်ကြောင်း ယင်းသင်္ဘော၏ သင်္ဘောသားများထံမှ သိရသည်။

မြန်မာနိုင်ငံသို့ မတ်လ ၂၄ ရက်နေ့က ရောက်သောကားတင်သင်္ဘော OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသား ၁၄ ဦးမှာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ လစာမရသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါသို့ သင်္ဘောဆိုက် ကပ်ချိန်တွင် ယင်းတို့၏ လစာများရရှိရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

''၃ ရက်နေ့ ည ၉ နာရီလောက်မှာ ကျွန်တော်တို့ လစာတွေကို လာရှင်းပေးခဲ့ပါတယ်။ မရသေးတဲ့ ၄ လစာအတွက် အပြည့်အ၀ရခဲ့ပါတယ်။ လစာတွေရပြီးတာနဲ့ ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ တွေသင်္ဘောပေါ်က ဆင်းလာခဲ့ပါတယ်။ ဒီသင်္ဘောမှာလိုက်သွားပြီး တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တဲ့အတွက် မြန်မာသင်္ဘောသား ၁၀ ဦးစလုံးဆင်းခဲ့တာပါ''ဟု မြန်မာသင်္ဘောသားတစ်ဦးက ဆိုသည်။
Unknown at 3:18 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.