မြန်မာကျပ်ငွေကို အမေရိကန်ဒေါ်လာ ဈေးကွက်ပေါက်ဈေးနဲ့အညီ လဲလှယ်ခွင့်ရတော့မယ့် အစီအစဉ်ကို မကြာခင်မှာ အစိုးရက တရားဝင် ကြေညာတော့မယ်လို့ သိရပါတယ်။
မြန်မာငွေစက္ကူ ကျပ်တထောင်တန်အုပ်ကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Image: RFA)
ဈေးကွက်ပေါက်ဈေးနဲ့အညီ လဲလှယ်နိုင်ခွင့်ရှိအောင် စီစဉ်ရာမှာ အမေရိကန်တစ်ဒေါ်လာကို အပြင်ပေါက်ဈေး ကျပ် ၈၀၀ ထက်မပိုအောင် အစိုးရက ကြိုးပမ်းသွားမယ်လို့ အစိုးရအရာရှိတစ်ဦးက bloombeg သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ဘဏ်စနစ်နဲ့ ချိတ်ဆက်ပြီး တိုက်ရိုက်လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး အတက်အကျကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ မြန်မာအစိုးရ ဗဟိုဘဏ်ကနေ ကြီးကြပ်သွားမယ်လို့ အစိုးရအရာရှိက ပြောကြောင်း သိရပါတယ်။
မြန်မာကျပ်ငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း တရားဝင် လဲလှယ်ခွင့်ပြုနိုင်အောင် ကြိုးပမ်းမှုဟာ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေထဲက အောင်မြင်မှုတစ်ခုလို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။
မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို တစ်ဒေါ်လာ ၆ ကျပ်ကျော် တရားသေ သတ်မှတ်ထားပေမယ့် အများက ပြင်ပပေါက်ဈေးနဲ့သာ လဲလှယ်သုံးစွဲနေကြတာပါ။ အစိုးရက အဲဒီလို အသေသတ်မှတ်ထားတာဟာ မြန်မာကျပ်ငွေတန်ဖိုးကို အပြင်ပေါက်ဈေးထက် ၁၂၅% တန်ဖိုးပိုပြီး သတ်မှတ်ထားသလို ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge