ကိုရီးယားလေကြောင်း လိုင်းတစ်ခုက မြန်မာနိုင်ငံသို့ အပတ်စဉ် ပုံမှန်ပျံသန်းလို
ကိုရီးယားလေကြောင်း တစ်ခုဖြစ်သော KoreaAirသည် မြန်မာနိုင်ငံသို့ အပတ်စဉ်ခရီးစဉ် ပုံမှန်ပြေးဆွဲနိုင်ရန် ဆွေးနွေးမှုများ လာရောက်ပြုလုပ်တော့ မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂၁-၂-၂ဝ၁၂ ရက်တွင် သိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် ပြည်တွင်းရှိ လေဆိပ်မျိုးစုံကို CharterFlight ခရီးစဉ်ပြေးဆွဲမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရကာ ၎င်းတို့အနေဖြင့် ပုံမှန်ပြေးဆွဲရန် ရည်ရွယ်နေသည်ဟု သိရသည်။ KoreaAirဆိုရင် ဒီမှာ PackageFlight ပျံသန်းဖို့ စီစဉ်ချင်နေတယ်။ ဒီအတွက် ဆွေးနွေးဖို့ ပြောဆိုနေတာတွေရှိတယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။ PackageFlight ဆိုတာက Schelduleနဲ့ သွားတာမျိုးပေါ့။ အပတ်စဉ်၊ ဘယ်နေ့၊ ဘယ်ရက်တွေ၊ တစ်လကို ဘယ်နှခေါက်ဆွဲမယ် ဆိုတာတွေနဲ့ ဘယ်အချိန်မှာဆွဲမယ် ဆိုတာတွေကို ဆွေးနွေးချင်နေကြတာပါ'' ဟု၎င်းက ဆက်လက်ပြောကြားသည်။
ပြည်ပနိုင်ငံ အများစုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာကို စောင့်ကြည့်နေကြပြီး လေကြောင်းလိုင်းများကလည်း မျက်စိကျနေကြသည် ဟုဆိုသည်။''ဒီလိုမျိုး ပြေးဆွဲဖို့ဒီဘက်မှာ ရုံးခန်းဖွင့်ဖို့ ကိစ္စတွေ၊ လုပ်ငန်းဆောင်တာတွေနဲ့ ခရီးသည်ဝန်ဆောင်မှုဆိုင်ရာ ကိစ္စတွေ သူတို့အများကြီး ပြင်ဆင်ကြရမှာ။ သူတို့ဘက်က ကမ်းလှမ်းချက်ကို အသေးစိတ် ဆွေးနွေးကြရဦးမှာပါ'' ဟု၎င်းက ပြောကြားသည်။ ၎င်းတို့ အနေဖြင့် လေကြောင်းလိုင်း ပုံမှန်ပျံသန်း ပြေးဆွဲရေးကိုမူ မြန်မာနိုင်ငံသို့ လာရောက်ချင်သော ခရီးသည်ဈေးကွက်ကို ကြည့်ရှုပြီးမှ လုပ်ဆောင်ကြလိမ့်မည် ဟုသိရသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge