Friday, January 20, 2012

အတွင်းရေမှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး (ကွယ်လွန်) အား မဟာသရေစည်သူ ဘွဲ့ချီးမြှင့်

လွတ်လပ်ရေးနေ့တွင် ယခင်တပ်မတော် အစိုးရလက်ထက်မှ အတွင်းရေမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး (ကွယ်လွန်)အား မဟာသရေစည်သူဘွဲ့ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ချီးမြှင့်ထိုက်သူကို ချီးမြှင့်သည်ဟုခံယူကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့က ပြောသည်။
“အန်တီ့မှာ သမီးကြီးကလည်း ရုတ်တရက် ဗုံးပေါက်ကွဲလို့ ဆုံးသွား တယ်။ အန်ကယ်ကလည်း မမျှော် လင့်ဘဲ ကွယ်လွန်သွားတယ်။ လောကဓံကို အတော်ခံစားခဲ့ရပါ တယ်။ နောက်ပိုင်းအန်တီ ဘယ်လို ခံယူထားလဲဆိုတော့ ဝမ်းသာစရာ ဆိုရင်လည်း သိပ်မခံစားတော့ဘူး။ ဝမ်းနည်းစရာဆိုရင်လည်း သိပ်ဝမ်း မနည်းအောင် ကြိုးစားတယ်။ ဆုက အန်ကယ့်အတွက် ချီးမြှင့်တဲ့ဆုဆို တော့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ဝမ်းသာဝမ်းနည်း သိပ် မဖြစ်တော့ဘူး”ဟု ခေါ်ခင်သန်းနွဲ့ က ၄င်း၏ခံစားချက်ကို ပြော သည်။
ဆုရသည့် အကြောင်းကို ၃ ရက်ကြိုသိခဲ့ပြီး ယခုကဲ့သို့ ချီးမြှင့် ခံရမည်ဟု မျှော်လင့် မထားကြောင်း ကွယ်လွန်ပြီး ၁၁ နှစ်နီးပါးကြာမှ ချီးမြှင့်ခံရသည်နှင့် ပတ်သက်၍ ၄င်းက ”ဟိုတုန်းက ချီးမြှင့်ချိန် မတန်သေးလို့ထင်မှာပေါ့၊ ချီးမြှင့် ချိန်တန်တဲ့အချိန်မှာ ချီးမြှင့်တယ် လို့ပဲ ယူဆပါတယ်”ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး သည် တိုင်းပြည်တာဝန်ထမ်းဆောင် ရင်း ရုတ်တရက် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး တိုင်းပြည်အတွက် သူ၏ ဆောင်ရွက်ချက် များအတွက် ယနေ့တိုင်ဂုဏ်ယူဆဲ ဖြစ်ကြောင်း လည်း ၄င်းက ပြောသည်။ ယခင်အစိုးရလက်ထက်က ဒု တိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် လုပ် ဖော်ကိုင်ဖက်ဖြစ်ခဲ့သည့် အတွင်း ရေးမှူး(၁)ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် လွတ်မြောက်လာခြင်းနှင့် ပတ်သက် ၍ ၄င်းက ”အန်တီ သွားနှုတ်ဆက် ပါတယ်။ လွတ်လာတာ ဝမ်းသာ တယ်ဆိုတဲ့အကြောင်းပါ။ ကိုယ့် အမျိုးသားနဲ့က လုပ်ဖော်ကိုင်ဖက် လည်းဖြစ်တယ်။ အမျိုးသမီးချင်း လည်း လူမှုရေးလုပ်ငန်းတွေမှာ အတူတူ တွဲလုပ်ခဲ့ကြတယ်။ မိတ် ဆွေတစ်ယောက်ရဲ့ လူမှုရေးဝတ္တရား လည်းရှိတယ်လေ။ အဲဒီနေ့ ညနေ ကပဲ အန်တီသွားနှုတ်ဆက်ပါ တယ်”ဟု ပြောကြားသည်။
အစိုးရသစ်က အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး အပါအဝင် အဆိုပါဘွဲ့ချီးမြှင့်ခံရသူ ၉ ဦးရှိကြောင်း၊ မဟာသရေစည်သူ ဘွဲ့သည်အစိုးရက ချီးမြှင့်သော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ များတွင် ပါဝင်ကြောင်း သိရသည်။
အောင်ခွန်းဆက်၊ မေဇင်ဝင်း (Popular News Journal)
Unknown at 3:31 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.