Monday, November 26, 2012

မိုဘိုင်းအင်တာနက် အသုံးပြုမှု ကျသင့်ငွေအတွက် Volume ဖြင့် ကောက်ခံမည့် ယာယီဈေးနှုန်း သတ်မှတ်

မိုဘိုင်းအင်တာနက် အသုံးပြုမှုကျသင့် ဘီလ်(ငွေ)ကိုမိနစ်ဖြင့်
ကောက်ခံနေရာမှအသုံးပြုသည့် Volume အလိုက် ပြောင်းလဲကောက်ခံမည့် အစီအစဉ်ကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင့်သုံးသွားမည်
ဖြစ်ကြောင်း၊ Volume စနစ်ဖြင့် ကောက်ခံမည့် ဘီလ်နှုန်းထားများကိုလည်း ယာယီအဆင့်သတ်မှတ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

“လျာထားတာက 100 Kbyte ကို ၂ ကျပ်၊ 1 M ကို ၂၀ ကျပ်၊ လစဉ် 100 M ကို ၁၅၀၀ ကျပ် ဒါမှမဟုတ် ၁၈၀၀ ကျပ်လောက် ကောက်ခံဖို့ စီစဉ်ထားတယ်။ ဈေးနှုန်းတွေက များများသုံးရင် လျှော့ပေးထားတယ်ဆိုတဲ့ သဘောပဲ” ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုဘီလ်စနစ်
ပြောင်းလဲကောက်ခံခြင်းသည် အင်တာနက်စနစ်ကို မိုဘိုင်းဖုန်း၌ ဖွင့်ထားရုံဖြင့် ဘီလ်ပေးဆောင်ရခြင်းမရှိဘဲ အင်တာနက်စနစ်ကို ဝင်ရောက်အသုံးပြုမှသာလျှင် ဘီလ်ပေးဆောင်ရသည့်အတွက် အသုံးပြုမှုများ အနေဖြင့် ပိုမိုအဆင်ပြေလာနိုင်သည်ဟု နေ့စဉ်မိုဘိုင်း အင်တာနက်အသုံးပြုသူ တချို့က ပြောသည်။

“အရင်က 3G သုံးတဲ့ WCDMA တွေဟာ GSM ကွန်ရက်ထဲကို ရောက်
သွားရင်Speed က နည်းသွားတယ်။ ဒါပေမယ့်လည်း သူက တစ်မိနစ် ၄ ကျပ်နှုန်း ပေးနေရတဲ့အတွက် နစ်နာမှုရှိတယ်။ အင်တာနက်စနစ်ကို ဖွင့်ပြီး မပိတ်မိသူတွေ အတွက်လည်း နစ်နာမှုက ရှိနေတယ်။ အခုက Download ဝင်လုပ်မှ ပေးရတဲ့ သဘောမျိုး ဖြစ်သွားတယ်” ဟု ဦးဌေးဝင်းက ပြောသည်။

လက်ရှိ သတ်မှတ်ထားသော ယာယီဈေးနှုန်းများသည် အင်တာနက် အသုံးပြုသည့် GSM, WCDMA, CDMA 800 စသည့် မိုဘိုင်းဖုန်း အားလုံးအတွက် အကျုံးဝင်ကြောင်း၊ ဈေးနှုန်း အတည်သတ်မှတ်ပြီးပါက ယခင်ခွဲခြား သတ်မှတ်ထားသည့် တစ်မိနစ် ၂ ကျပ်၊ တစ်မိနစ် ၄ ကျပ်ဟူသော ဈေးနှုန်းများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေးက သူတို့ဘက်မှာ Loading အရမ်းများလို့ Volume အလိုက်ကောက်တာ ဖြစ်နိုင်တယ်။ သာမန် Facebook၊ Gtalk သုံးသူလောက်တော့ အဆင်ပြေတယ်။ ကျွန်တော်တို့ အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ ios Firmware တစ်ခုကိုတောင် 1G, 2G လောက်ရှိနေတယ်” ဟု Golden Wave မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အရောင်းဆိုင်မှ ကိုနေဇော်လွင်က ပြောပြ
ခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

International Social Network Myanmar
မိုဘိုင်းအင်တာနက် အသုံးပြုမှု ကျသင့်ငွေအတွက် Volume ဖြင့်
ကောက်ခံမည့် ယာယီဈေးနှုန်း သတ်မှတ်
Monday, 26 November 2012

ဘကြီးသက်
Unknown at 11:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံပေါင်း ၆၀ ကျော်နှင့် ချိတ်ဆက်အသုံးပြုနိုင်တော့မည့် Y Talk ၏ Phone 4U

နိုင်ငံပေါင်း ၆၀ ကျော်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်တော့မည့် Y Talk Calling မှ နိုင်ငံခြားဖုန်းကတ်နှင့် မိမိအသုံးပြုနေသော ဖုန်းတို့အား ချိတ်ဆက်ခေါ်ဆိုနိုင်တော့မည့် အစီအစဉ်ကို လွန်ခဲ့သည့်နှစ်လကပင် စမ်းသပ်သုံးစွဲနေပြီဖြစ်ပြီး ယခုလ နိုဝင်ဘာလဆန်းမှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း Y Talk Calling စနစ်ဝန်ဆောင်မှုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Phone 4U စနစ်တွင် နိုင်ငံပေါင်း ၆၀ ကျော်မှ ဖုန်းနံပါတ်များ ၀ယ်ယူပြီး မိမိလက်ထဲရှိ အိမ်ဖုန်း၊ လက်ကိုင်ဖုန်း၊ ရုံးဖုန်းများသို့ အ၀င်ဖုန်းများ လက်ခံနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ အ၀င်ဖုန်းခေါ်ဆိုခအတွက် တစ်မိနစ်လျှင် အ၀င်ခေါ်ဆိုမှု ကျသင့်ငွေ (0.30) FEC ပေးဆောင်ရမည်
ဖြစ်ပြီး မိမိအသုံးပြုလိုသော ဖုန်းခေါ်ဆိုခပမာဏကို ကြိုတင်ငွေဖြည့်၍ အသုံးပြုရမည်ဖြစ်သည်။ ခေါ်ဆိုနိုင်မှု Package များအနေဖြင့် Basic, Silver, Gold, Diamond ဟူ၍ မိမိနှစ်သက်ရာကို ရွေးချယ်နိုင်သည်။ အဆိုပါစနစ်တွင် Basic နံပါတ်အတွက် အသုံးပြုမည်ဆိုပါက လစဉ်ကြေး
နှစ်သောင်းကျပ်ကျမည်ဖြစ်ပြီး Silver အတွက် နံပါတ်တစ်ခုအတွက် ၄၅ မိနစ်စာ Free ခေါ်ဆိုခွင့် ရရှိမည်ဖြစ်သည်။ လစဉ်ကြေးအနေဖြင့် သုံးသောင်းကျပ်ကျမည် ဖြစ်သည်။ Gold, Diamond၀ယ်ယူသူများအနေ
ဖြင့် နံပါတ်တစ်ခုချင်းစီကို မိမိကြိုက်နှစ်သက်ရာ ဖုန်း ၃လုံးသို့ လွှဲပြောင်း
နိုင်သော အခွင့်အရေး ရရှိမည်ဖြစ်သည်။

ဘကြီးသက်
Unknown at 10:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.