Sunday, November 4, 2012

ကွန်ပျူတာဂိမ်း ကစားခြင်းကြောင့်ဖြစ်ပေါ်ခဲ့သောရင်နင့်ဖွယ်ဖြစ်ရပ်

 အသက် ၁၄ နှစ်သား လူငယ်တဦးဟာ ကွန်ပျူတာ ဂိမ်းကစားဖို့ သူ့ကို ခွင့်မပြုတာကြောင့် မိခင်ဖြစ်သူကို သတ်ခဲ့တယ် ဆိုတဲ့အမှုတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ခဲ့ပါတယ်။ အင်္ဂါနေ့ ညက အသက် ၄၅ နှစ်အရွယ် Areeya Ketdi ဆိုသူ မိခင်ဖြစ်သူကို အိပ်ခန်းထဲမှာ ဆယ်ကျော် သက်အရွယ် သားဖြစ်သူက အသွား ၁ ပေလောက်ရှိတဲ့ ဓားနဲ့ ၄ ချက်လောက် ထိုးခဲ့ပါတယ်။ တားဆီး ကာကွယ်ခဲ့တဲ့ သူ့အမ ဖြစ်သူကိုလည်း သူက ရန်ပြုတိုက်ခိုက်တဲ့အတွက် စိုးရိမ်ဖွယ်ဒဏ်ရာတွေ ရခဲ့ရတယလို MCOT online news အောက်တိုဘာလ ၃၁ ရက်နေ့က သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ကနဦး စုံစမ်းမှုတွေအရ ဆယ်ကျော်သက်အရွယ် အဆိုပါလူငယ်ဟာ တောက်တိုမယ်ရ အိမ်အလုပ်တွေ မကူပေးတဲ့အတွက် မိခင်ဖြစ်သူက မြည်တွန်တောက်တီးပြောဆိုခဲ့ကြောင်း၊ နောက်ပြီး ကွန်ပျူတာ ဂိမ်း ကစားခွင့်လည်း မပေးခဲ့တာကြောင့် မပျော်မရွှင် ဖြစ်ခဲ့ကြောင်းဖော်ပြရေးသားထားပါတယ်။ တာဝန်ရှိသူတွေကလည်း အဆိုပါ ဆယ်ကျော်သက်လူငယ်ကို လူငယ်ထိန်းသိမ်းရေး စခန်းတခု ကို ခေါ်သွားခဲ့ပါတယ်။ သူ့ဖခင်နဲ့ ညီအကိုဝမ်းကွဲတော်စပ်သူတို့က သူဟာ autistic syndrome လို့ခေါ်တဲ့ စိတ်မူမမှန်တဲ့ ဝေဒနာ ခံစားနေခဲ့ရ တာဖြစ်လို့ ကုသခဲ့ရကြောင်း၊ မိခင်ဖြစ်သူရဲ့ မြည်တွန်တောက်တီးမှုကြောင့် စိတ်ကျမှုလည်း ဖြစ်ခဲ့ပြီး မကြာခဏဆိုသူ သူက သူ့အမေကို သတ်ချင်တယ်လို့ ပြောလေ့ရှိကြောင်း ရဲကို ဖြောင့်ချက်ပေး ခဲ့ပါတယ် တဲ့။ ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနရဲ့ လက်ထောက် အထွေထွေ ဆရာဝန်ချုပ်က Apichai Mongkol က လူတဦး ဂိမ်းစွဲတဲ့ အခါမှာ ဆေးစွဲသလိုပဲ ခန္ဓာကိုယ်က dopamine hormones ဆိုတဲ့ ဟိုမုန်းတမျိုး ထုတ်တတ်ကြောင်း၊ ဒီလိုအခါမျိုးမှာ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များ သူတို့ စိတ်ခံစားမှုကို ထိမ်းချုပ် မရတာဖြစ်လေ့ရှိပြီး သူတို့ လုပ်ချင်တာ မလုပ်ရဘူးလို့ ငြင်းပယ်ခံလိုက်ချိန်မှာ ထိမ်းချုပ်မှု မရှိဖြစ်တတ်ကာ တပါးသူကို ထိခိုက်နာကျင် စေတတ်တယ် လို့ ပြောထားပါတယ်။ Quality Learning Foundation ရဲ့ ပညာရှင် အကြံပေးဖြစ်သူ ဒေါက်တာ Amornwich Nakornthap က သံသယဖြစ်စရာ နောက်ကြောင်းရှိသူတွေကို စမ်းစစ်လေ့လာခဲ့ရာ ကနဦး စဉ်းစားစရာ ၄ မျိုးကို လည်း ပြောပြခဲ့ပါတယ်။ ရာဇ၀တ်မှုကို ဖြစ်စေခဲ့တဲ့ attention deficit disorder (ADD) ခေါ် စိတ်မူမမှန်မှုကို သတိထား မိ ခြင်း၊ နောက်တဆင့် ဆေး စွဲတာ၊ နောက် စိတ်ကစဥ့်ကလျားဖြစ်မှုများနဲ့ မိသားစုကိုပါ ထိခိုက်တဲ့ ဆက်ဆံမှု စတဲ့ အဆင့်တွေ ရှိတတ်တယ်လို့ ဆိုပါတယ်။ 
 Myanmar Express
ဘကြီးသက်
Unknown at 3:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ဘဏ်၏ ကြားဖြတ် မဟာဗျူဟာ စာတမ်း မြန်မာဘာသာဖြင့် ထုတ်ပြန်မည်

ဆယ်စုနှစ် လေးခုနီးပါး အဆက်အဆံ မရှိခဲ့သည့် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခု ဖြစ်သော ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ပေးအပ်မည့် အကူအညီများ အတွက် ကြားဖြတ် မဟာဗျူဟာ စာတမ်းကို မြန်မာ ဘာသာဖြင့်ပါ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ပြင်ပ ဆက်ဆံရေး အရာရှိ Camille Funnell က ပြောကြားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့က အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ စာမျက်နှာ ၁၈ မျက်နှာပါ စာတမ်း တွင် လူထုအခြေပြုဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ် ၁၅ ခုရှိ ကျေးရွာ ၆၄ဝ တွင် အမေရိကန် ဒေါ်လာသန်း ၈ဝ ကူညီ သွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ကမ္ဘာ့ဘဏ်၏ အဆိုပါ အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အဆင့် ၁ဝ ဆင့်ပါသည့် စီမံကိန်းများ စနစ်တကျ ပြုလုပ် လေ့လာပြီးမှသာ စတင် ရမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အကူအညီနှင့် ချေးငွေ ရယူသည့် နိုင်ငံများ သည် ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းစည်းကမ်း များကို လိုက်နာကြရသည်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်၌ အခြေစိုက်ကာ ကမ္ဘာ တစ်ဝန်း ရုံးခန်းများ ဖွင့်လှစ်ထားသည့် ကမ္ဘာ့ဘဏ် လုပ်ငန်းများ ကို စောင့်ကြည့် လေ့လာ လျက်ရှိသော Bank Information Center (BIC) အဖွဲ့ကမူ ကမ္ဘာ့ဘဏ် အနေနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အစီရင်ခံစာများ ရေးဆွဲ ရာတွင် အင်္ဂလိပ်ဘာသာ အပြင် သက်ဆိုင် ရာ နိုင်ငံ၏ မိခင် ဘာသာသို့ပါ တစ်ပြိုင်နက် ဘာသာပြန် ဖော်ပြပေးရမည်မှာ ကမ္ဘာ့ဘဏ်၏ တာဝန် သာဖြစ်ကြောင်း ဝေဖန် ထောက်ပြသည်။

လက်ရှိတွင် မြန်မာဘာသာ ပြန်ဆိုခြင်း ပြုလုပ်လျက်ရှိပြီး ဘာသာပြန်ပြီးလျှင် ပြီးချင်း ထုတ်ပြန် ပေးသွား မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ပြင်ပ ဆက်ဆံရေး အရာရှိက ဆိုသည်။

ဘကြီးသက်
Unknown at 3:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟန်းဆက် ၅၀၀၀ တန် ကံစမ်းမဲအစီအစဉ် နောက်တစ်မျိုးပြင်

ဟန်းဆက်တစ်လုံး ကျပ်ငါးထောင်ဖြင့် ကံစမ်းရောင်းချပေးခြင်းကို ရန်ကုန်တွင် ပါရမီဆိုင်တစ်ဆိုင်သာ ပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဆိုင်များအား အစီအစဉ်သစ်တစ်ရပ် ပြုလုပ်ပြီးမှသာ ပြန်လည်ရောင်းချ
ပေးတော့မည်ဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင်မှ ဒါရိုက်တာ ကိုပြည့်စုံထွန်း
က ယနေ့ နံနက် ၁၀ နာရီတွင် Park Royal ၌ ပြုလုပ်သည့် စာနယ်ဇင်း
ရှင်းလင်းပွဲတွင် ပြောသည်။

" ဖုန်းရောင်းဖို့ ချမှတ်ထားတဲ့ အစီအစဉ် မှားယွင်းခဲ့တဲ့အတွက် လူတအားများပြီး ရန်ကုန်မှာ ဖုန်းမရောင်း ပေးနိုင်ခဲ့ပါဘူး။ နေပြည်တော်နဲ့
တောင်ကြီး သုံးဆိုင်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရန်ကုန်ဆိုင်တွေကတော့ ပါရမီတစ်ဆိုင်ပဲ တုံကင်ဝေပြီးသားဖြစ်တဲ့အတွက် မဲဖောက်ကြေညာ
ပေးသွားမှာပါ။ ကျန်တဲ့ဆိုင်တွေကတော့ ဘယ်လို ပြန်ရောင်း ပေးရမလဲ
ဆိုတာ အချိန်ယူစီစဉ်ရဦးမှာပါ´´ဟု ၄င်းက ပြောသည်။

နိုဝင်ဘာ ၃ ရက်နေ့၌ နံနက် ၈ နာရီ ခွဲမှ ၉ နာရီအထိ SANSUNG Mini ဟန်းဆက်တစ်လုံးကို ကျပ်ငါးထောင်ဖြင့် အလုံးရေ ၁၂၀ အား လူကြီးမင်း ဆိုင်ခွဲပေါင်း ၁၁ ဆိုင်တွင် တုံကင်စနစ်ဖြင့် ကံစမ်းမဲဖောက်
ရောင်းချပေးမည်ဟု သတင်းများ ထုတ်ပြန်ထားခဲ့ရာ လူဦးရေများပြား
လာသည့်အတွက် ရဲများပင်ဖြေရှင်းပေးရသည်အထိ ဖြစ်ပွားခဲ့၍ ဖုန်းရောင်းခြင်းကို ရန်ကုန်တွင် မည်သည့်ဆိုင်မှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

PN - 052
ဟန်းဆက် ၅၀၀၀ တန် ကံစမ်းမဲအစီအစဉ် နောက်တစ်မျိုးပြင်

ရန်ကုန်၊ နိုဝင်ဘာ ၎

Unknown at 3:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.