Thursday, November 1, 2012

ဘ၀နတ်ထံပျံလွန်တော်မူခြင်း



မကွေးတိုင်း၊ကျောက်ထုမြို့၊
မြို့မကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်
ဘဒ္ဒန္တသုမင်္ဂလ
သိက္ခာတော်(၆၇) ၀ါ -သက်တော်(၈၇)နှစ်
ဆရာတော်သည် (၁၃၇၄-ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့)(30.10.2012)အင်္ဂါနေ့၊နံနက်(၇)နာရီတွင်
ဘ၀နတ်ထံပျံလွန်တော်မူသွားပါသဖြင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို(၅)ရက်နေ့
အန္တိမဈာပန ကျင်းပပူဇော်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးတပည့် ဒါယကာ၊ ဒါယိကာမများ၊အား အသိပေးအကြောင်းကြားအပ်ပါသည်။
Ph -09401630170 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်
ဘကြီးသက်
Unknown at 6:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးဟေကို ရဲ့နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက်ထွက်ပေါ်


                                                     ဓာတ်ပုံ- Myanmar Celebrity.com

အောက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ကန့်ကွတ်တဲ့ မိုးဟေကိုရဲ့ ချစ်သူ ညီညီထွန်း ရဲ့ ကြေညာချက် ထွက်ပေါ်လာပါ တယ်။

မော်ဒယ် မိုးဟေကိုရဲ့ ရည်စား ဖြစ်သူ ညီညီထွန်းဟာ မိုးဟေကို လက်ရှိတွင်နေထိုင်နေတဲ့ ရန်ကုန်မြို့ သံလွင်လမ်းရှိ အမှတ် (၇၄/ဘီ) အိမ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု ကြေငြာချက်ကို ကြေးမုံသတင်းစာမှာ
ကြေငြာခဲ့ပါတယ်။

ထိုကြေငြာချက်အရ ညီညီထွန်းနဲ့ လက်ရှိ သံလွင်လမ်း အမှတ် ၇၄/ဘီ ပိုင်ဆိုင်သူ မအေးအေးခိုင် (မော်ဒယ် မိုးဟေကိုလို့ ယူဆနိုင်သူ) တို့ဟာ ၂၀၀၈ခုနှစ် ဧပြီလကတည်းက တရားဝင်လက်ထပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ မအေးအေးခိုင် နာမည်နဲ့ သံလွင်လမ်းရှိ အမှတ်၇၄/ဘီ အိမ်ကို ညီညီထွန်းက မအေးအေးခိုင် နာမည်ဖြင့် ၀ယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


လက်ရှိ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် ညီညီထွန်းရဲ့ ခွင့်ပြုချက်မရဘဲ အထက်ပါနေအိမ်ကို မအေးအေးခိုင်အနေနဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြုလုပ်ပါရန် ညီညီထွန်း ရဲ့ ရှေ့နေဖြစ်သူ ဒေါ်ကျော့ကျာ့လှိုင်က ကြေငြာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။

မိုးဟေကို အနေနဲ့ ဒီအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခုလို လူသိရှင်ကြားသတင်းစာတွေထဲ ထည့်ကြော်ငြာ ရတဲ့အဖြစ်ဆိုတော့ ဘယ်လို အခြေအနေတွေ ရှိမလဲ ဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြမှာ ဖြစ် ပါတယ်။

မိုးဟေကို ရဲ့ အနုပညာပရိတ်သတ်များကို သိစေချင်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။ ညီညီထွန်းဟာ တချိန်က မိုးဟေကို ရဲ့ချစ်သူဖြစ်ခဲ့သလို ပရိတ်သတ်များ အကြားမှာလည်း ပေါ်ပေါ်ထင်ထင် တွဲခဲ့ဖူးပါ တယ်။ ညီညီထွန်းဆိုတာ လက်ရှိ စင်ကာပူနိုင်ငံမှာ နေထိုင်နေသူလည်းဖြစ်ပါတယ်။

ဘကြီးသက်
Unknown at 3:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း




 ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက နေကို သူမ ပို င်ဆိုင်တယ်လို့ ပြောဆိုပြီး နေရောင်ခြည် အသုံးပြုခ တောင်းခံတဲ့ ကိစ္စ ဖြစ်ပါတယ်။ သူမ ရဲ့ စိတ်ကူး ဒီလို ဖြစ်ပါတယ်။ အမေရိကန် ဘီလျံနာ တစ်ဦးဟာ လကမ္ဘာမှာ မြေကွက်တစ်ခု ဝယ်ယူပြီး သူပိုင်တဲ့ မြေကွက်လို့ ကြေညာ ခဲ့ပါတယ်။ ဒါကြောင့်မို့ အသက် ၄၉ နှစ် အရွယ် စပိန်နိုင်ငံမှ အမျိုးသမီး Angeles Duran ကလည်း နေလုံးကြီးကို သူပိုင်ကြောင်း စာရွက်စာတန်း ပြု လုပ်လာပါတယ်။ ဒေသခံ ရှေ့ နေအချို့ နဲ့ တရားဝင်စာရွက် စာတန်းများ ပြု လုပ်ပြီး ဆိုလာစနစ်ရဲ့  အလယ် ဗဟိုတည့်တည့်က (ကမ္ဘာနှင့် ကီလိုမီတာ ၁၄၉ သန်း ပျှမ်းမျှဝေးသော) နေကို သူမပိုင်ဆိုင်တယ်လို့ ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့  ဥပဒေအရဆိုရင်လည်း သူမကပဲ တကယ်ပိုင်ဆိုင် သလို ဖြစ်နေပါပြီ။ ... ရည်ရွယ်ချက်ကတော့ နယ်မြေပိုင်ဆိုင်မှုအတွက် ငြင်းခုံနေတဲ့ နိုင်ငံနဲ့ ပုဂ္ဂိုလ်များကို Trolling (သရော်ခြင်း) ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ စာရွက် စာတန်းအရ နေရောင်ခြည်စွမ်းအား အသုံးပြုသူ ကမ္ဘာပေါ်က လူသားအားလုံးကို အခွန်တောင်းဆိုဖို့ ကြိုးစားခဲ့ပါတယ်။ စပိန်အစိုးရ ကိုတော့ ဒီလို အခွန်တောင်းခံလွှာ ပို့ခဲ့ပါတယ်။ ပြည်သူတို့ ဆောင်နေကျ အခွန်ထက် ၅၀ ရာခိုင်နှုန်း တိုးကောက်ရပါမယ်။ ၂၀ ရာခိုင်နှုန်းကို အစိုးရ ကြွေးမြီ၊ ၁၀ ရာခိုင်နှန်းကို သုတေသန၊ ၁၀ ရာခိုင်နှုန်းကို ကမ္ဘာ တစ်အလွှားက ဒုက္ခသည်များ အတွက် ဖြစ်ပါတယ်။ ဒီတော့ ၁၀ ရာခိုင်နှုန်းက ကျန်ရှိနေပါသေးတယ်။ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းကို တော့ သူမရဲ့ ဘဏ်အကောင့်ထဲ ထည့်ပေးပါ လို့ တောင်းဆိုခဲ့ ပါတယ်။

ဘကြီးသက်
Unknown at 1:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သီးလေးသီးအဖွဲ့မှ ပန်းသီး ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေမည်

 
ပြည်တော်ပြန် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ပန်းသီး ပထမဆုံး အကြိမ်အဖြစ် တစ်ကိုယ်တော် ဟာသဖျော်ဖြေပွဲအား နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သိရသည်။

''အဓိက ကတော့ ပွဲလုပ်ဖို့ ငွေကြေး အခက်အခဲပါ။ ဒီပွဲမှာ ထောက်ပံ့ပေးမယ့် စပွန်ဆာ မရှိပါဘူး။ တစ်ပိုင်တစ်နိုင်နဲ့ လုပ်ချင်လွန်းလို့ လုပ်ကြတာ ပါ။ နောက်ပြီး ပွဲခွင့်ပြုမိန့်ကလည်း ဒီပွဲပြုလုပ်မယ့်ရက်နဲ့ ကပ်ပြီးမှ ကျတော့ ပြင်ဆင်ချိန်မှာနည်းနည်းအခက်အခဲတွေ ရှိပါတယ်'' ဟု ကိုပန်းသီးက ပြောသည်။

လူရွှင်တော်ပန်းသီးမှ ဟာသပျက်လုံးများအား တစ်နာရီနီးပါးခန့် တစ်ကိုယ်တော် တင်ဆက်မည်ဖြစ်သည်။ ထို့အပြင် ပန်းသီးက အငြိမ့်ခန်း၌လည်း ဇာတ်မင်းသမီးအဖြစ်နှင့် နှစ်ပါးခွင်၌လည်း ဇာတ် မင်းသားအဖြစ် အခြားလူရွှင်တော်များနှင့်ပါတင်ဆက်သွားမည်ဟုလည်း သိရသည်။

သီးလေးသီးအဖွဲ့မှ လူရွှင်တော် ကြယ်သီးမှလည်း ရာမဇာတ်တော် အား ခေတ်နှင့်လျော်ညီမည့် တီးဝိုင်းများ၊ အကများဖြင့်ပါ တင်ဆက်ကပြ သွား မည်ဟု သိရသည်။

''ခေတ်နဲ့ညီအောင် ဆိုတဲ့နေရာမှာ ရှေ့က ကခဲ့တဲ့ ရာမဇာတ်တွေ ကို စော်ကားမှာ မဟုတ်ပါဘူး။ စိတ်ကူးထဲက ရာမကို ကမှာဆို ပိုမှန်ပါလိမ့်မယ်။ ကိုယ်တိုင်က ဒဿနေရာကနေ ကမှာပါ။ ဒီပွဲအတွက် ဇာတ်တိုက်ချိန် သုံးရက်ပဲ ရပါတယ်။ အဲ့ဒီအတွက်လိုအပ်ချက်တွေတော့ ရှိမှာပါ'' ဟု ကိုကြယ် သီးမှ ၄င်းကပြမည့် ရာမဇာတ်နှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။

အဆိုပါပွဲအတွင်း သီးနှစ်သီးသာ ပါဝင်ကပြမည် ဖြစ်ခြင်းကြောင့် ၄င်းတို့၏ သီးလေးသီး ဆေးရောင်စုံအဖွဲ့ စုစည်းမှု မရှိတော့ပြီဟု မထင်မြင်စေ လိုကြောင်း၊ ကျန်ရှိနေသည့် စိန်သီး၊ ဇီးသီးနှင့် ကိုဂေါ်ဇီလာတို့အနေဖြင့် တမူးမြို့၌ကပြဖျော်ဖြေနေ၍သာဖြစ်ကြောင်း ကိုကြယ်သမီးမှ အဖွဲ့နှင့် ပတ် သက်၍ ရှင်းပြခဲ့သည်။

''ပွဲက ဒီဘက်မှာ တိုက်ဖို့ ရက်သိပ်နည်းနေတာရယ် နောက်ပြီး ဟိုဘက် မှာလည်း ကနေရတာရယ်ကြောင့်ပါ။ ပြီးတော့ တစ်ကိုယ်တော် ဟာသ ဖျော်ဖြေပုံမျိုးလေး လုပ်ကြည့်ချင်တာလည်း ပါပါတယ်။ ဒါပေမဲ့ သီးလေးသီး ညီအစ်ကို အားလုံး အဖွင့်မှာသီချင်းတွေ ဆိုကြမှာပါ'' ဟု တစ်ကိုယ် တော် ဟာသ တင်ဆက်မည့် ကိုပန်းသီးက ပေါ်ပြူလာနယူးစ် သို့ ပြောကြားသည်။

၎င်းဖျော်ဖြေပွဲအတွက် လက်မှတ်များကိုမူ ယနေ့ နိုဝင်ဘာ ၁ ရက်နေ့မှ စ၍ ရောင်းချမည် ဖြစ်ပြီး အမျိုးသားကဇာတ်ရုံ၊ ဗိုလ်အောင်ကျော်လမ်းရှိ Homeမီဒီယာနှင့် ဖုန်း-ဝ၉-၄၃၁၇၇၂၇၊ ဝ၉-၇၂ဝ၆ဝ၅၉၃ တို့ထံ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သုတလင်း
...........................................................................................
Reference and Credit to ^..^
http://www.facebook.com/PopularNewsJournal

ဘကြီးသက်
Unknown at 1:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗဟိုစည် ဆေးရုံ မှားယွင်း ကုသသည်ဟု ဆိုကာ သမ္မတ ထံတိုင်ကြား


အောက်တိုဘာ ၁၃ ရက်နေ့က ကြီးမားသော ဆေးကုသမှု မှားယွင်း ပေါ့လျော့မှုကြောင့် ဟုဆိုကာ ဗဟိုစည် ဆေးရုံအား ကာယကံရှင် လူနာမိသား စုက သမ္မတထံတိုင်ကြားခဲ့ကြောင်း လူ ထုပုံရိပ်မှ စုံစမ်းသိရှိရသည်။ ကာယကံရှင်လူနာ ဒေါ်လှစိန် အသက်၆၉နှစ်သည် မြိတ်မြို့မှ လာ ရောက်၍ ဗဟိုစည်ဆေးရုံဒုတိယ အ လွှာ၊ အခန်းအမှတ် ၂၁၁ ၌ ကျောက် ကပ်ပိုင်းဆိုင်ရာ ဆေးကုသမှုအား အောက
်တိုဘာ ၁၁ ရက်တွင် ကုသမှု ခံယူရာ အောက်တိုဘာ ၁၃ ရက်တွင် အကြောထဲဆေးသွင်းမှုကြောင့် ဆေး ထိုးခံရသည့်လက်တွင် အရည်ကြည်ဖု များ ဖောင်းပွလာပြီး လက်မှာညိုပုပ် လာကြောင်း ကာယကံရှင် ဒေါ်လှစိန် ၏ သားဖြစ်သူက ဖြစ်စဉ်ကို လူထုပုံရိပ် သို့ပြောသည်။
"၁၁ ရက်နေ့မှာ ဒီဆေး ပဲ ၅ လုံးထိုးတယ်၊ ၁၂ ရက်နေ့မှာ လည်း ၅ လုံးထိုးတယ်၊ ၁၃ ရက်နေ့ကျ တော့ တစ်ဖက်ပဲထိုးနေရလို့ဆိုပြီး လက်ပြောင်းထိုးတယ်၊ ထိုးထိုးချင်း နှစ် မိနစ်လောက်မှာ အမေကနာတယ် ပြောတယ်၊ ဆေးထိုးပေးတဲ့ဆရာမက ဒီဆေးက ဒီလိုပဲ နာတတ်တယ်လို့ပြော တော့ အမေက ကြိတ်ခံတယ်၊ ဒါပေမဲ့ မိနစ် ၂၀ လောက်လဲရောက်ရော အမေကမခံနိုင်တော့လို့ ကျူကျူပါ အောင်ငိုတော့မှ ရပ်လိုက်တယ်၊ ဆေး ကလည်း အဲဒီနေ့က သုံးလုံးပဲထိုးလိုက် ရတယ်၊ ပြီးတော့လက်က ဓာတ်ပုံထဲ မှာ မြင်တဲ့အတိုင်းဖြစ်သွားတာပဲ"ဟု ၄င်းကပင် ဆက်လက်ရှင်းပြသည်။ မိမိတို့အနေဖြင့် မိခင်ဖြစ်သွားသည့် အပေါ် သက်ဆိုင်သည့်ဆရာဝန်များ အနေဖြင့် ဆေးပညာရှင်များသို့ အ ကြောင်းကြားသော်လည်း ချက်ချင်း ရောက်မလာနိုင်ဘဲ အချိန်အတော် ကြာမှ ရောက်လာကြောင်း၊ ထို့နောက် မိခင်၏ လက်အားထောင်ထားပါက ပျောက်သွားမည်ဟု ဆရာဝန်မက ပြောကြောင်း၊ အမှန်တကယ်ဆိုလျှင် ၄င်းတို့အနေနှင့် သိသင့်ပြီး ချက်ချင်း ဆေးကုသမှုပိုင်းဆိုင်ရာကို ပြုလုပ်ပေး သင့်ကြောင်း၊ မိမိတို့၏ မိခင်မှာ ရောဂါ ဝေဒနာခံစားနေရသည့်ကြားမှ ဆေးရုံ ၏ ပေါ့လျော့မှုကြောင့် လက်ထိခိုက် သွားသည့် ဝေဒနာခံစားနေရသည်ကို ရင်နာကြောင်း ၄င်းက ဆိုသည်။
" အသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းရောက်လာတော့မှ ဒါ ဘာလုပ်နေတာလဲ၊ မြန်မြန်ခွဲစိတ်၊ ဘယ်သူ့အမိန့်ကိုမှ မစောင့်နဲ့၊ ငါလုပ် ခိုင်းတာဆိုမှ ၁၅ ရက်နေ့က ခွဲစိတ် လိုက်တယ်၊ ကျွန်တော့်အထင် လက် က အကောင်းပကတိအတိုင်းဖြစ်ဖို့ မ လွယ်တော့ဘူး၊ တော်တော်ကြီးဖြစ် သွားတာပါ၊ ဆရာဦးခင်မောင်ဝင်းက တော့ ဒါမဖြစ်သင့်ဘူး၊ ပထမပိုင်းနာ တယ်ဆိုကတည်းကရပ်သင့်တယ်၊ မရပ်ဘဲ ဆက်ထိုးလိုက်တော့ သွေး ကြောမျှင်တွေပေါက်ပြီး ဖြစ်သွားတာ၊ အရင်ဆုံး check လုပ်သင့်တယ်၊ အတင်းထိုးလို့ ဖြစ်သွားတယ်ဆိုပြီး ပြောတယ်။ ၁၈ ရက်နေ့မှ ဗဟိုစည် MD ဦးကျင်ထွန်းကလည်းဝန်ခံတယ်၊ လူနာရဲ့ ရောဂါကြောင့်ဆိုပြီး အဖြစ်မှန် ကို လိုက်ဖုံးတယ်"ဟု လူနာရှင် ဒေါ်မြ စိန်၏သားကပင်ပြောသည်။ မိမိတို့အနေဖြင့် လျော်ကြေးတောင်း ယူမှုမရှိသလို ရယူမှုဆန္ဒလည်းမရှိ ကြောင်း၊ မိခင်ဖြစ်သွားသည့်အပေါ် နစ်နာသည်ဟု ယူဆသဖြင့် မှားယွင်း စွာ ကုသခြင်း၊ အဖြစ်မှန်ဖျောက်ကွယ် ထားခြင်းကြောင့် ယခုကိစ္စအား သမ္မတ ထံတိုင်ကြားလိုက်ပြီဖြစ်ကြောင်း၊ မိခင် အား ယင်းဆေးရုံတွင်ပင် ဆေးကုသ စရိတ်ပေး၍ ဆေးကုသမှုခံယူနေ ကြောင်း၊ မိခင်ဖြစ်သွားသည့်နေ့က သူနာပြုနှင့် တာဝန်ရှိဆရာဝန်၏ အမည်အား လုံးဝစုံစမ်း၍မရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လူထုပုံရိပ်မှ ဗဟိုစည်ဆေးရုံသို့ အောက်တိုဘာ ၂၂ ရက်နေ့တွင် သွားရောက်မေးမြန်းရာ အစပထမပိုင်း တွင် တာဝန်ရှိသူများမရှိဟု ဒေါက်တာ ဒေါ်စန်းဝင်းကဆိုသောကြောင့် တိကျ သည့်အဖြေမရရှိခဲ့သော်လည်း ယင်း နေ့ ညနေတွင်ပင် ဆက်သွယ်မေး မြန်းရာ ဒေါက်တာဒေါ်စန်းဝင်းကပင် အ ထက်လူကြီးများ၏ ညွှန်ကြားချက်အရ ယခုကိစ္စအား လူနာရှင်နှင့် လူနာရှင် အားကုသသည့်ဆရာဝန်မှ လွဲ၍ ပြင်ပ သို့ပြောမည်မဟုတ်ကြောင်း ဖြေဆို ထားသည်။
..........................................................................................

Reference and Credit to ^..^
http://www.facebook.com/photo.php?fbid=463094453729691&set=a.426843770688093.92463.425729210799549&type=1&ref=nf

ဘကြီးသက်
Unknown at 11:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြေယာသိမ်းဆည်းမှုအပါအ၀င် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု တင်ပြထားသော လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၏ အကျဉ်းချုပ်အစီရင်ခံစာ။

 
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် ၂၀၁၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကောက်ယူရရှိခဲ့သော မြေယာသိမ်းဆည်းမှုအပါအ၀င် လတ်တလောလူ့အခွင့်အရေး
ချိုဖောက်မှုများကို သုံးသပ်တင်ပြထားသော လူ့အခွင့်အရေး ကာလအပိုင်းအခြားအလိုက်အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအတွင်း အစိုးရနှင့် ၎င်း၏ထောက်ခံသူများ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၄ ခုကို မှတ်တမ်းတင်ဖေါ်ပြထားသည်။

ချိုးဖောက်မှုများအနက် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု ၂၇ ခု၊ မြေယာသိမ်းဆည်းမှု ၂၆ ခုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၂၁ ခုတို့ပါဝင်သည်ကိုတွေ့ရသည်။ ချိုးဖောက်မှုများသည် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တိုက်ပွဲများ၊ အစိုးရစစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်သည်ကို လေ့လာ တွေ့ရှိခဲ့သည်။

ကွန်ရက်၏ ကွင်းဆင်းအချက်အလက်ကောက်ယူမှုများမှ ရရှိသော အချက်အလက်များအရ မြေယာသိမ်းဆည်းမှုနှင့် ပိုင်ဆိုင်မှုပစ္စည်းဖျက်ဆီးခံရခြင်းချိုးဖောက်မှုများ နေရာကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ကိုတွေ့ရသဖြင့် လတ်တလော မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာများတွင် ဖေါ်ပြနေသော သတင်းပေးပို့ချက်များနှင့်လည်း ထပ်တူကျ တူညီနေသည်ကို တွေ့ရသည်။ ၂၀၁၂ခုနှစ်လယ်ယာ မြေဥပဒေ၏ အားနည်းချက်ကြောင့် အစိုးရနှင့် ၎င်းနှင့်နီးစပ်သောစီးပွားရေး အုပ်စုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ခွင့်ရနေသည်။” ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

“အစီရင်ခံစာတွင် ဖေါ်ပြထားသော မြေယာနှင့်ပိုင်ဆိုင်မှုပစ္စည်းများ ဖြစ်ရပ်မှန်လေ့လာချက်များတွင် လေ့လာခဲ့ရသည့်အတိုင်း မြန်မာနိုင်ငံအ၀ှမ်းတွင် မိသားစုများ (သို့မဟုတ်) ရွာလုံးကျွတ်ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးနေသည်ကိုတွေ့ရသည်။” ဟု အစီရင်ခံစာတွင် ဆက်လက်ဖေါ်ပြ ထားသည်။


မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအား လွတ်လပ်စွာလုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ယခုအစီရင်ခံစာသည် မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှု အားလုံး ကို ကိုယ်စားပြုထင်ဟပ်ခြင်း မရှိသည်ကို သတိချပ်စေလိုပါသည်။

အစီရင်ခံစာအား အပြည့်အစုံဖတ်ရှုလိုပါက www.nd-burma.org မှာ ဒေါင်းလုပ်ယူနိုပ်ပါသည်။


ပိုမိုသိရှိလိုပါက
နိုင်အူးမွန်--- ဖုန်း (+၆၆) ၈၆၁-၆၇၉-၇၄၁
လွေးပို;ဖိန်း ---- ဖုန်း (+၆၆) ၈၅၆--၀၅၆-၀၄၁

ဘကြီးသက်
Unknown at 11:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု တာမွေတွင်ဖြစ်ပွား

 
အသက် ၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေဘဲ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင်
အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁နာရီ အချိန် က ဒဂုံမြို့သ စ်မြောက်ပိုင်း ၃၅ ရပ် ကွက်တွင် နေထိုင်သူ ဒေါ်…က တာမွေရဲစခန်းသို့ ဖုန်းဆက်၍ ၄င်း၏သမီးဖြစ်သူအသက် ၁၂ နှစ် အရွယ်ရှိ မ….သည် တာမွေ မြို့နယ်၊ ဖိုးစိန်လမ်း ရှိ Green Hill ဟိုတယ်တွင် ရောက်ရှိနေကြောင်း၊ ၄င်းအား ပို့ဆောင်ခဲ့သူများက လာရောက်ခေါ်ဆောင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည့်အတွက် တာဝန်ရှိသူများက အဆိုပါ ဟိုတယ်သို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း ထိုသို့သွားရောက် စစ်ဆေးရာ၌ မ…အား အဆိုပါဟိုတယ်ရှိ အခန်းအမှတ် ၄ဝ၈ တွင်၎င်း၏အဘွားဖြစ်သူဒေါ်…၊ တာမွေမြို့နယ်တွင် နေထိုင်သူ ဒေါ်…၊ဒဂုံမြောက်တွင်နေထိုင်သူ ဒေါ်…တို့နှင့်အတူတွေ့ရပြီး ၄င်း တို့အားစစ်ဆေးမေးမြန်းခဲ့ကြောင်၊ အဘွားဖြစ်သူ၏ ပြောကြားချက် အရ ၄င်းသည်ဒဂုံမြောက်မ
ှ ဒေါ် ….၏ဆက်သွယ်ပေးမှုဖြင့် တာမွေတွင်နေထိုင်သူ ဒေါ်…ထံ မှ ငွေကျပ် ၂၇၅ဝဝဝ ယူကာ အောက်တိုဘာ ၂၇ရက်နေ့ ညပိုင်း တွင် မြေးဖြစ်သူအား Green Hill ဟိုတယ်၊ အခန်းအမှတ်(၄ဝ၈)တွင် တည်းခိုနေသောကို…ထံ ပြည့်တန်ဆာအလို့ငှာ ပေးအပ်ခဲ့သည်ဟုပြောကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြည့်တန်ဆာအဖြစ် စေခိုင်းခံ ရသူက ဆက်ဆံမည့်သူ ကို… အား အသက် ၁၂ နှစ်သာရှိသေး ကြောင်း၊ မိဘမသိကြောင်း ပြော ပြခဲ့ရာ ကို….ဆိုသူက အဆိုပါ မိန်းကလေးငယ်အား သနားသဖြင့် ငွေနှစ်သောင်းမုန့်ဖိုးပေး၍ ဘာမှ မလုပ်ဘဲ ဟိုတယ်မှထွက်ခွာသွား ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။အဆိုပါ အမှုနှ င့်ပတ်သက်၍ တာမွေရဲစခန်းမှ အရွယ်မရောက် သေးသူ အား ပြည့်တန်ဆာအလို့ငှာ အခကြေးငွေရယူ၍ စေခိုင်းခဲ့သော အမျိုးသမီးသုံးဦးအား (ပ)၁၂၆၉/ ၁၂၊ ပုဒ်မ (၃၇၂)ဖြင့်ဖမ်းဆီး အရေး ယူထားကြောင်းသိရသည်။
.........................................................................................
Reference and Credit to ^..^
မြန်မာ့သတင်းများစုစည်းရာ

ဘကြီးသက်
Unknown at 11:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

7 days news ဂျာနယ် အယ်ဒီတာကို ဟောဒီပုံတွေ တစ်ပုံပြ နားရင်းတစ်ချက် ရိုက်ကြမယ်

7 Days News ဂျာနယ်က ဘာသဘောနဲ့ လဲတော့ မသိဘူး ။ဒီနေ့ သူတို့ ဂျာနယ်ရဲ့ ဖေ့ဘုတ်ပေ့ခ်ျမှာ ဘင်္ဂလီနှစ်ဦးကို တပ်မတော်မှ ဆေးကုပေး ဆိုပြီး တင်လာတယ် ။

စစ်တပ်က ရန်သူမိတ်ဆွေ မခွဲခြားဘူးဆိုတာ ပြချင်တာလား ၊ စစ်တပ်က ဘင်္ဂလီကိုပဲ ဂရုစိုက်တယ်လို့ ချွန်ချင်တာလား ။ အယ်ဒီတာပဲ သိတော့မယ် ။ဒါပေမယ့် အရင်တုန်းကတော့ စစ်တပ်က ရခိုင်တိုင်းရင်းသားတွေကို ကွင်းဆင်းဆေးကုပေးနေတာ သူတို့ မဖော်ပြခဲ့ဖူးတော့ တမင်ပဲ ချွန်ချင်လို့ လို့ နားလည်လိုက်တယ် ။ အဲတော့ ၇ ရက်ဂျာနယ်က အယ်ဒီတာကို အနားကို နားရွှက်ဆွဲခေါ်ပြီး ဟောဒီဓါတ်ပုံသတင်းတွေပြရင်း တစ်ပုံပြလိုက် နာရင်းတစ်ချက်ရိုက်လိုက်နဲ့ဆိုရင်တော့ ခေါင်းရှိမယ် မထင်ဘူး ။


စစ်တပ်ပိုင် မြဝတီ သတင်းဌာနမှာ အဲဒီပုံတွေ ရှိနေ အဲဒီသတင်းတွေ တင်နေတာတောင် မသိဘူး ။
ခင်ဗျားတို့ ဂျာနယ်တွေအလကားကောင်တွေပါဗျာ ။ လူထုအတွက်အော်ပြီး လူအကြိုက် ဖွ သတင်းတွေပဲရေးလို့ စောင်ရေတတ်အောင်လုပ်ပြီး အိမ်ကအမျိုးသမီးေ-ာက်ဖုတ် ရွှေကွပ်ဖို့ လုပ်နေတဲ့
ဂျာနယ်တွေ မြန်မာနိုင်ငံမှာ များများလာတာပဲ တွေ့နေရတယ် ။ ခင်ဗျားတို့ကြောင့် လူတွေက သတင်းအမှန် မသိရုံအပြင် ခင်ဗျားတို့က သွေးခွဲနေတာ .။တကယ့် မိစ္ဆာတွေပဲဗျ ။ ရှက်တတ်ရင် ကိုယ့်ငယ်ပါကိုဖြတ်ပြီး အဲဒါနဲ့ပဲ ဆောင့်သေဖို့ကောင်းနေပြီ ။ အေးလေ..ပြောလဲ အပိုပါပဲ ။ ရှက်တယ်ဆိုတဲ့ စကားက ခင်ဗျားတို့ ဂျာနယ်တွေအတွက်က နိုင်ငံရပ်ခြားစကားဆိုတော့ ဘယ်ရင်းနှီးပါ့မလဲဗျာ ။

တကယ်တော့ ဒီလိုလုပ်တဲ့ ၇ ရက်သတင်းဂျာနယ်က တာဝန်ရှိသူတွေကို မျက်နှာတည့်တည့်ကြည့်ပြီး တံတွေးနဲ့ထွေးဖို့တောင်မတန်ဘူး  

 (မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 10:26 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

နန်းခင်ဇေယျာ စင်ရော်မောင်မောင်နှင့် ကြော်ငြာ စတင်ရိုက်ကူး




Miss Myanmar နန်းခင်ဇေယျာသည် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ်စာချုပ်ချုပ်ဆိုပြီးနောက် ယနေ့(အောက်တိုဘာ ၃၁)တွင် ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Blue Mountain ကြော်ငြာရိုက် ကူးနေကြောင်း နန်းခင်ဇေယျာ၏မန်နေဂျာ ဖြစ်သူက The Voice Weekly သို့ပြောကြားသည်။


 “လွယ်ဟိန်းနဲ့က တစ်နှစ်စာချုပ် ချုပ်ထားတာပါ။တစ်ခြား ကမ်းလှမ်းလာ တာတွေတော့ ရှိပါတယ်။ဒါပေမယ့် လွယ်ဟိန်းကုမ္ပဏီ တစ်ခုတည်းနဲ့ပဲ စာချုပ် ချုပ်ရပါသေးတယ်။”ဟု၎င်းက ပြောကြားသည်။ နန်းခင်ဇေယျာအား လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်းသဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို(အောက်တိုဘာလ၂၆) နံနက် ၁ဝ နာရီက လွယ်ဟိန်း ကုမ္ပဏီရုံးခန်းတွင် ကျင်းပခဲ့သည်။


 နန်းခင်ဇေယျာသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ကျင်းပသည့် Miss Myanmar 2012 ဆုကိုရရှိထားသည်။ထို့ပြင် အောက်တိုဘာ (၁)ရက်နေ့မှ (၂၁)ရက်နေ့ အထိကျင်းပခဲ့သော Miss International 2012 ပြိုင် ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆု၊People Choice Award ဆု နှင့် Ambassador Beauty ဆုတို့ကိုရရှိခဲ့သည်။လက်ရှိတွင် Miss World ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နန်းခင်ဇေယျာအားဖိတ်ခေါ်ထားသည်။


ရင်ရှုပ်တဲ့ ရုပ်ရှင် လောက ထဲဝင်လာတဲ့ ညီမငယ် နန်းခင်ဇေယျာ *ဆွဲစား* တော့ မခံရပါစေနဲ့လို့ ပရိသတ် များအနေနဲ့ ရင်တမမ စောင့်ကြည့်နေပါတယ် ။
 (မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 10:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို သက်တမ်းသုံးနှစ်မှ ငါးနှစ်အထိတိုးမြှင့်


 
 
မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားခုနစ်မျိုးကို ယခင်သက်တမ်းသုံးနှစ်သာပေးရာမှ ယခုအခါတွင် ငါးနှစ်အထိတိုးမြှင့်ပြီး နိုဝင်ဘာလ ၁ ရက်နေ့လျှောက်ထားသူများမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံး(ရန်ကုန်)မှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်ထံမှ သိရှိရသည်။ ''ကျွန်တော်တို့ကတော့ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးပါတယ်။ အဲဒီမှာ သင်္ဘောသား၊ အလုပ်၊စီးပွားရေး၊ ကျောင်းသား၊ ဘာသာရေး၊ အလည်နဲ့ မှီခိုဆိုပြီး အမျိုးအစားခုနစ်မျိုး ထုတ်ပေးပါတယ်။ အဲဒီခုနစ်မျိုးစလုံးကို အရင်သုံးနှစ်သက်တမ်းပေးရာကနေ အခုငါးနှစ်သက်တမ်းတိုးပေးသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာ လာလျှောက်တဲ့သူတွေကစပြီး ငါးနှစ်သက်တမ်းရှိတဲ့  နိုင်ငံကူးလက်မှတ်ကိုထုတ်ပေးသွားမှာ ဖြစ်ပါတယ်။အရင်ကတော့ သင်္ဘောသားပတ်စပို့ကိုပဲ ငါးနှစ်သက်တမ်းပေးခဲ့တာဖြစ်ပါတယ်'' ဟု ရဲမှူးစိုးထွန်းအောင်က ပြောကြားခဲ့သည်။
နိုင်ငံကူးလက်မှတ်သက်တမ်းကို ငါးနှစ်တိုးမြှင့်ပေးသော်လည်း   နိုင်ငံကူးလက်မှတ်လုပ်ထုံးလုပ်နည်းများပြောင်းလဲခြင်း၊ ငွေကြေးပေးသွင်းမှုများ ပြောင်းလဲခြင်းများမရှိဘဲ ယခင်နှုန်းအတိုင်းသာကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
''သက်တမ်းကို ငါးနှစ်တိုးပေးပေမယ့် အရင်အတိုင်းပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ စာအုပ်သက်တမ်းတိုးလို့ ကျန်တာဘာမှတိုးတောင်းတာ မရှိပါဘူး။ စာအုပ်ဖိုးလည်း အရင်အတိုင်းပါပဲ '' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် သက်တမ်းကိုတိုးမြှင့်ပေးရခြင်းမှာ ပြည်သူများအဆင်ပြေစေရန်အတွက် ဖြစ်ကြောင်းကိုလည်း '' ဒီလိုသက်တမ်းတိုးမြှင့်ပေးရတာက ပြည်သူတွေအဆင်ပြေအောင်ဖြစ်ပါတယ်။
အရင်က သုံးနှစ်ပေးတယ်။ ဒါပေမယ့် ဗီဇာလျှောက်ရင် ခြောက်လ သက်တမ်းရှိရမယ်ဆိုလို့ လက်ထဲမှာ  နှစ်နှစ်ခွဲပဲကိုင်ရမယ်။ အခုလက်ထဲမှာ လေးနှစ်ခွဲကိုင်လို့ရတယ်ဆိုတော့ ပိုအဆင်ပြေမှာဖြစ်ပါတယ်'' ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်သက်တမ်းကို ငါးနှစ်သို့ တိုးမြှင့်ပေးခြင်းကိုအကြောင်းပြု၍ ကြားခံ ဆောင်ရွက်ပေးသူများက အခြားလုပ်ဆောင်ရမည့်အချက်များ၊ စာအုပ်ဖိုးပေးသွင်းရာတွင် ယခင်ပေးသွင်းရသည့်နှုန်းထက် ပိုမိုပေးသွင်းရသည်ဟုပြောဆိုမှုများကိုလည်း    နိုင်ငံကူးလက်မှတ်လျောက်ထားသူများ အနေဖြင့် သတိထားရန်လိုအပ်ပြီး     နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာတွင် လိုအပ်သည့်အချက်များ၊ ပေးသွင်းရသည့်ငွေကြေးကုန်ကျမှုများကိုလည်း အများပြည်သူများသိရှိနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟု သိရှိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လကုန်အထိ ခုနစ်လတာကာလအတွင်း နိုင်ငံကူးလက်မှတ် တစ်သိန်း နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဘကြီးသက်
Unknown at 10:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာကျော် အင်္ဂလိပ် အဆိုတော်ကြီး ကလစ်ဖ်ရစ်ချက် မြန်မာပြည် ရောက်


ပန်းရဲ့လမ်း လူမှုကူရက်အဖွဲ့ရဲ့ အမှတ်အသားနဲ့အတူ ကလစ်ဖ်ရစ်ချက်ကို သန်လျင်မြို့မှာ တွေ့ရစဉ် (ဓာတ်ပုံ – ပီတာအောင်/ ပန်းရဲ့လမ်း)
ကမ္ဘာကျော် အဆိုတော်ကြီး ကလစ်ဖ်ရစ်ချက် မြန်မာပြည်ကို တိတ်တဆိတ် ရောက်ရှိနေတာ ၁၀ ရက်ရှိနေပြီဖြစ်ပြီး မနက်ဖြန်မှာ အင်္ဂလန်နိုင်ငံကို ပြန်လည် ထွက်ခွာတော့မယ်လို့ သိရပါတယ်။
အသက် ၇၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကလစ်ဖ်ရစ်ချက်ဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ရန်ကုန်ကို အလည်အပတ် စတင် ရောက်ရှိလာတာ ဖြစ်ပြီး ပုဂံ၊ အင်းလေး စတဲ့ ဒေသတွေကို လည်ပတ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ရန်ကုန်မှာ တနေ့တာ လည်ပတ်ဖို့ အစီအစဉ်ရှိတယ်လို့ သူ့ခရီးစဉ်ကို စီစဉ်ပေးတဲ့ Tour Mandalay ကတဆင့် သိရပါတယ်။
ရှိရင်းအသက်ထက် အတော်လေး နုနယ်ပုံရတဲ့ ကလစ်ဖ်ရစ်ချက်နဲ့ သူတည်းခိုရာ Governor ဟိုတယ်မှာ ဧရာဝတီ သတင်းထောက် တချို့နဲ့ ခဏတာ တွေ့ဆုံခဲ့ရပေမယ့် ကျောက်ကပ်ဝေဒနာ ခံစားနေရလို့ သီးသန့် အင်တာဗျူးတော့ မပေးနိုင်ဘူး ဆိုတဲ့အကြောင်း၊ ဝေဒနာကြောင့် အခန်းထဲမှာပဲ နားနေရတယ် ဆိုတဲ့အကြောင်း သူက ရှင်းပြ ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်လာတဲ့ ကလစ်ဖ်ရစ်ချက်တို့ အဖွဲ့ထဲမှာ ၄ ဦးပါဝင်ပြီး အားလုံး အသက် ၇၀ ကျော်အရွယ်တွေလို့ သိရတယ်။ အဲဒီထဲက တယောက်က မြန်မာသွေး အနည်းငယ် ပါတဲ့ အမျိုးသမီးကြီး တဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။
မနေ့ကတော့ အဲဒီ အမျိုးသမီးကြီးက သူနဲ့ ဆွေမျိုးတော်စပ်သူတွေ နေထိုင်ရာ သန်လျင်မြို့ကို သွားရောက် လည်ပတ်ရာမှာ ကလစ်ဖ်ရစ်ချက်လည်း ပါသွားခဲ့ပါတယ်။
“တိုက်တိုက်ဆိုင်ဆိုင် ကျနော့်မိန်းမနဲ့ သူတို့အဖွဲ့ထဲက အမျိုးသမီးကြီးက အမျိုးတွေဖြစ်နေတယ်။ နေ့ခင်းဘက်မှာ ရုတ်တရက် အိမ်ကို ရောက်လာကြတာပါ”လို့ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်မှာ နေထိုင်တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန် ရက် အဖွဲ့ဝင် တဦးဖြစ်သူ ကိုပီတာအောင် က ဧရာဝတီကို ပြောပါတယ်။
ကိုပီတာအောင်က ကလစ်ဖ်ရစ်ချက်ကို ပန်းရဲ့လမ်း အဖွဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြရာမှာ စိတ်ဝင်တစား နားထောင်ခဲ့တယ် ဆိုတဲ့အကြောင်း၊ ပြီးတော့ ပန်းရဲ့လမ်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်တယ်ဆိုတဲ့ အကြောင်း ချီးကျူး ပြောဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။
ကလစ်ဖ်ရစ်ချက်က မြန်မာပြည်ကအပြန် ဗီယက်နမ် နိုင်ငံကို ဝင်မယ်လို့လည်း သိရပါတယ်။
ကလစ်ဖ်ရစ်ချက်ဟာ အင်္ဂလန်နိုင်ငံဖွား ပေါ့ပ် အဆိုတော်၊ သရုပ်ဆောင် တဦးဖြစ်တဲ့ အပြင် ပရဟိတ လုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်သူတဦးလည်း ဖြစ်ပါတယ်။
သူ့ကို ၁၉၅၀ ကျော်ကာလကတည်းက အဆိုတော်တဦးအဖြစ် အင်္ဂလန်နိုင်ငံမှာသာမက ကမ္ဘာကပါ လက်ခံအားပေးခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဆိုရင် ဘီတဲလ်စ်နဲ့ အဲလ်ဗစ် ပရက်စလေ ပြီးရင် အယ်လ်ဘမ် အရောင်းရဆုံးသူ တဦးလို့ ဆိုနိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ကလစ်ဖ်ရစ်ချက်ဟာ အင်္ဂလန်နိုင်ငံမှာလောက် လူကြိုက်မများပေမယ့် သူ့ရဲ့ Devil Woman နဲ့ We Don’t Talk Anymore အယ်လ်ဘမ်တွေကတော့ အမေရိကန် ရဲ့ အရောင်းရဆုံး အယ်လ်ဘမ် ၄၀ စာရင်းဝင်ခဲ့ပြီး သန်းနဲ့ချီ ရောင်းရခဲ့တယ်လို့ သိရပါတယ်။
 ဧရာဝတီ.....
ဘကြီးသက်
Unknown at 10:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်ဗိုလ်များနှင့် ပညာရေး (၁)



                               Published on Tuesday, 30 October 2012 06:45
                                                     Written by တင်ညွန့်
မကြာသေးမီက Facebook ပေါ်တွင် အောက်ပါ post လေးတစ်ခုကို တွေ့လိုက်ရပါသည်။
ပညာရေး ပြောင်းချင်ရင် ဒီလူတွေကို အရင်ပြောင်းဖို့လိုတယ်။
  • ဗိုလ်မှူးအေးကြူ - ဒုတိယဝန်ကြီး
  • ဗိုလ်မှူးဘိုဝင်း - ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကိုကိုတင် - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကျော်စိုး - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  •  ဗိုလ်မှူးကြီးကျော်သူ - ညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးမျိုးညွှန့် - ဒုညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးအေးလွင် - ညွှန်ချုပ် (အမှတ်(၂)အခြေံပညာဦးစီးဌာန)
  •  ဗိုလ်မှူးရဲလွင်အောင် - ဒုညွှန်ချုပ် (အမှတ်(၂)အခြေခံပညာဦးစီးဌာန)
  •  ဗိုလ်မှူးကြီးမျိုးမြင့် - ညွှန်ချုပ် (အမှတ်(၃)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးအုန်းမြင့် - ညွှန်ချုပ် (ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)

ဝန်ကြီး အဆင့်မှာ စစ်တပ်ကလာလာ နိုင်ငံရေး ပါတီက လာလာပါ ဘယ်ဌာနမှာပဲ ဖြစ်ဖြစ် ညွန်ချုပ်၊ ညွန်မှူးအဆင့်ဆိုတာ operation ကို နောကျေနေတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။
Alex Rain
အထက်ပါစာစုလေးကို တင်လိုက်သူက မည်သည့်ရည်ရွယ်ချက်နှင့် တင်လိုက်သည်တော့မသိ။ ကျွန်တော့် အမြင်ကတော့ ပညာရေးဌာနသို့ စစ်တပ်မှပြောင်းဝင်လာသူတွေ ဤမျှ များလာခြင်းအပေါ် များစွာ စိတ်မကောင်းတော့ဖြစ်မိသည်။
စာသင်ခြင်းနှင့် စစ်တိုက်ခြင်းသည် မတူပါ။ စာသင်ခြင်းတွင် အနုပညာ၊ အတတ်ပညာ၊ အသိပညာ၊ စာနာ ထောက်ထားခြင်း၊ သနားကြင်နာခြင်း၊ ပေးဝေမျှယူ ခံစားမှုရှိခြင်းစသည့် အနုပညာပေါင်းစုံ ပါဝင်နေပါသည်။ စစ်တပ်က စစ်သားတွေ ပညာရေးလောကထဲရောက်လာပြီး အုပ်ချုပ်ရေးကို ကိုင်တွယ်ခြင်းသည် ပညာရေး ဌာနအတွက် ကောင်းရန်လော၊ ဆိုးရန်လောဆိုသည်မှာ ရလဒ်များဖြင့် တိုင်းတာရမည်သာဖြစ်ပါသည်။ ၁၀ စု ပေါင်းများစွာ စစ်သားများ ပညာရေးလောကတွင် စိုးမိုးလာခဲ့ပါသည်။ မြန်မာ့ပညာရေး ဘာတွေ တိုးတက်ပြောင်း လဲသွားပါသနည်း။
မကြာသေးမီက 7 Day News Journal တွင် “အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ” ဆိုသည့် ဆောင်းပါးကို ဖတ်လိုက်ရသည်။ ရေးသူမှာ ထွန်းခိုင်ဟုသိရပြီး မြတ်စုမွန်၊ အိဖြူမွန်၊ ဝတ်ရည်အောင် တို့က အားဖြည့်ထားသည်ဟု ဆိုထားသည်။ သူတို့က အဖွင့်မှာကတည်းက
“အရပ်ဘက်အစိုးရဌာနများအတွင်း မိုးကျရွှေကိုယ် တပ်မတော်အရာရှိများ ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်း က လုပ်သက်ရှိ အရပ်သားဝန်ထမ်းတို့အား မျှော်လင့်ချက်ကင်းမဲ့စေ” ဟုဖွင့်ထားသည်။ ဆက်ပြီး
“သူတို့အခေါ် လေထီးတပ်သား (သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့ လာသည့် လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးကာ ဌာနအတွင်းရှိ ကျွမ်းကျင်သူများ အထက်တွင် ထားရှိစေခြင်းသည် အဆိုပါဝန်ထမ်းများအတွက် အနာဂတ်မျှော်လင့်ချက် ပျောက်သွားကာ လုပ်ချင် ကိုင်ချင် စိတ်များ ကုန်ခမ်းစေသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်း အငြိမ်းစားနှင့် လက်ရှိ လုပ်ကိုင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပြောကြားသည်” ဆိုသည့် ထောက်ပြချက်လေးသည် စဉ်းစားစရာဖြစ်လာပါသည်။
ကျွန်တော့်ကိုယ်တွေ့လေး ပြောပြချင်ပါသည်။ ဖိုးသူတော်ကတော်တော် မယ်ဘော်ကကဲကဲတွေ ထိုတပ်မတော် သားတွေရောက်လာမှ ဖြစ်ကြသည့် အကြောင်းဖြစ်သည်။
၁၉၈၈ ခုနှစ် အရေးအခင်းပြီးသည့်နောက်တွင် ပညာရေးဌာန တိုင်းအဆင့်ရာထူးကြီးတွေလည်း ပြောင်းလဲမှုများ သည်။ အရေးအခင်းတွင် ခပ်ဆိုးဆိုး တိုင်းမြို့များသို့ ခပ်ဆိုးဆိုး အရာရှိဆိုးတွေရောက်လာသည်။ ထိုအထဲတွင် ကျွန်တော်တို့ ပဲခူးမြို့လည်းပါသည်။ တိုင်းအဆင့်အရာရှိတစ်ယောက်ရောက်လာပြီး အဟိန်း အဟောက်များ ကြားတွင် ပညာရေးဌာနမှဆရာ ဆရာမများ စိတ်တွေပင်ပန်း ညှိုးနွမ်းကြရသည်။ ပိုဆိုးသည်က စစ်တပ်စကား ကို ထို အရပ်သားအရာရှိများ အငှားသုံးလာကြခြင်းဖြစ်သည်။
“ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်” ဟု အစည်းအဝေးတိုင်းတွင် မကြာခဏ ပြောလာခြင်း က ကျွန်တော်တို့ ပညာရေးဌာနနှင့် မည်သို့မျှ မအပ်စပ်သဖြင့် စိတ်ပျက်စရာကောင်းလှသည်။ ဆရာလောက တွင် အကြင်နာမေတ္တာတွေဖြင့် လွှမ်းခြုံကာ ချစ်ကြည်ရင်းနှီးစွာ လုပ်ကိုင်လာခဲ့ကြသော အသိုင်းအဝန်းလေး သည် “လုပ်ရင်လုပ် မလုပ်ရင်ဖြုတ်” ဆိုသည့် အာဏာသံများနောက်တွင် ပင်ပန်းခဲ့ကြရသည်။
ကျွန်တော်တို့ဆရာလောကတွင် တစ်ဦးနှင့် တစ်ဦး ဖေးမကူကာ၊ ဘဝတူချင်း ယိုင်းပင်းကူညီတတ်ကြသည်။ အထူးသဖြင့် ကျေးလက်တွင် ကျွန်တော် ကျောင်းဆရာလုပ်ခဲ့သမျှ ကာလတစ်လျှောက်လုံး ရာထူးကြီးငယ် မဟူ “ဆရာ” “ဆရာမ” ဟုသာ ချစ်စဖွယ်ခေါ်ပြီး တစ်ဦးကိုတစ်ဦး ဆက်ဆံခဲ့ကြသည်။ တစ်ရွာ တစ်ကျောင်း ရောက် သည့်ကျောင်းတွင် စားစရာ၊ အိပ်စရာ၊ နေစရာမရှား အချင်းချင်း ယိုင်းပင်းသည့် စိတ်ဓာတ်တွေရှိကြသည်။ ဆရာအချင်းချင်း အရာရှိက လက်အောက်ငယ်သားကို ဆက်ဆံသလိုမျိုး မရှိခဲ့သဖြင့် ဆရာလောက စိတ်ချမ်း မြေ့စရာ ကောင်းခဲ့ပါသည်။
သို့သော် စစ်အာဏာရှင်များ၏ အလိုတော်ရိ အရာရှိဆိုးများသည် ယခင် မဆလခေတ်မှ အာဏာကို နအဖ ခေတ်သို့ ဆက်ယူလာသည်။ အထူးသဖြင့် မဆလခေတ်တွင် ပညာရေးဌာနနှင့် မျက်ခြေပြတ်ပြီး ပါတီအရိပ် ဝင်ခိုကာ ဥက္ကဌ၊ အတွင်းရေးမှူး လုပ်စားသူများသည် ပညာရေးဌာနသို့ မူလရာထူး၊ အဆင့်မြင့်ရာထူးများ ဖြင့် တစ်ဖန် ရောက်လာပြန်ကာ ဖိနှိပ်မှုနှင့် အာဏာကို ဆက်လက်အသက်သွင်းကြသည်။
အထူးသဖြင့် ထင်ရှားသည်မှာ “မာလ်တီမီဒီယာ” ဆိုသည့် ဗိုလ်ချုပ်ခင်ညွန့်နှင့် ပညာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ လက်စွမ်းပြသည့်ပွဲတွင်  ကျောင်းနှင့် ကျောင်းအုပ်ကြီးများ ကျောကော့နေအောင် ခံစားကြရသည်။
မာလ်တီမီဒီယာ စာသင်ခန်းများမဖွင့်မီ၊ တစ်နည်းအားဖြင့် ဗိုလ်ချုပ်ခင်ညွန့်နှင့်အဖွဲ့ လာပြီးမဖွင့်မီ၊ ထိုဖွင့် မည့်ကျောင်းများကို တစ်လခန့်ကြိုတင်ပြီး ဇာတ်တိုက်ရပါသည်။ ပထမဦးဆုံး ညွှန်ချုပ်ကြီးကိုယ်တိုင်ဆင်းပြီး ကျောင်းအုပ်ကို ဟိန်းဟောက်ခြိမ်းခြောက်မည်။ မလုပ်ရင်ဖြုတ်မည်။ ပြောင်းမည်။ ပင်စင်ပေးမည်စသည်ဖြင့် စိတ်ဆင်းရဲအောင်ပြောပြီး တာဝန်တွေပေးအပ်ကာ ပြန်သွားမည်။
ထိုအချိန်တွင် ညွှန်ချုပ်ကြီးလူယုံ စစ်သံ၊ စစ်ဟန်ပေါက်နေသော လက်ထောက် ညွှန်ကြားရေးမှူး တစ်ယောက် ကို ထိုကျောင်းတွင် ကျောင်းအိပ်ကျောင်းစားထားခဲ့မည်။ ထိုသူက ကျောင်းအုပ်ကိုလည်းကောင်း၊ ဆရာ ဆရာမများကိုလည်း ကောင်း လူမထင်သည့်မျက်နှာပေးဖြင့် တစ်ကျောင်းလုံးလှည့်ကာ ဟိန်းဟောက်ပြီး ခိုင်းချင်တာတွေ ခိုင်းမည်။ ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာများကို ကွင်းထဲထုတ် နေလှမ်းကာ သတိ၊ သက်သာ၊ အေးစေဆွဲခိုင်းပြီး ကမ္ဘာမကြေသီချင်းကို မညီမချင်းဆိုခိုင်းမည်။ ကျောင်းမိဘဆရာ အသင်းအဖွဲ့ဝင် လူကြီးများကို ဗိုလ်ချုပ်ခင်ညွန့်ကို ကြိုသလို ဇာတ်တိုက်မည်။ သူကိုယ်တိုင် ဗိုလ်ချုပ်ခင်ညွန့်လို ကားပေါ်မှ ဆင်းလာသည့်စတိုင်လုပ်ပြီး မိဘဆရာအသင်းလူကြီးတွေကို လက်အုပ်ချီကာ ကြိုခိုင်းမည်။ “ပဉ္စဂုဏံ အဟံဝန္တာမိ၊ အာစရိယဂုဏံ အဟံဝန္တာမိ၊ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” ဆိုသည့်စကားလုံးကို တစ်ကျောင်းလုံး မညီမချင်း ပြန်ရွတ်ခိုင်းမည်။ မိဘဆရာအသင်းမှ လူကြီးများကို ကမ္ဘာမကြေသီချင်းမရသဖြင့် ကွင်းထဲတွင် မောင်းရာမှ အသက် ၇၀ ကျော် ကျောင်းသားဘိုးအေကြီးတစ်ယောက် မတ်တပ်လဲကျသွားပြီး ဆေးရုံ တင်ရသည်အထိ ညွှန်ချုပ်၏လက်ပါးစေကလည်း လက်စောင်းထက်လှသည်။
မာလ်တီမီဒီယာဖွင့်ပွဲ ကျင်းပချိန်သည် ၁၅ မိနစ်ခန့်လောက်သာရှိပါလိမ့်မယ်။ လမ်းလျှောက်မြန်လှသော ဗိုလ်ချုပ်ခင်ညွန့်သည် တစ်ခန်းဝင်တစ်ခန်းထွက် “မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” ဆိုသည့် စကားသံလေးတွေကို ပြုံးပြပြီး နောက်ဆုံး လက်ကလေးဝှေ့ယမ်းကာ ကျောင်းမှထွက်ခွာသွားမှ ထိုကျောင်းလည်း စစ်မိန့်၊ စစ်သံဖြင့် အရပ်သားစစ်စစ်၏ ဟိန်းဟောက်သည့်ဒဏ်မှ ကင်းလွတ်ကာ သက်ပြင်းချနိုင်ကြသည်။
စစ်ဗိုလ်ကြီးများက မာလ်တီမီဒီယာကို အကောင်အထည်ဖော်ခိုင်းသည်။ ပညာရေးဝန်ကြီးနှင့် ညွှန်ချုပ်ကြီးတွေ က မဖြစ်နိုင်မှန်း၊ သဘာဝမကျမှန်း သိလျက်နှင့် လိမ်ညာပြီး ဇာတ်ထွက်ခိုင်းသည်။ ကျောင်းနှင့် ဆရာများက ကလိမ်ခြုံဇာတ်ကို ဝိုင်းကပေးကြသည်။ ဗီလိန်တွေက ဇာတ်နာအောင် ခြေဖြင့်နင်းပြီး မိုးလင်းအထိ နှစ်ပါးသွား ခိုင်းသည်။ ၈၈ အရေးအခင်းကတည်းက ဦးကျိုးနေသော ကျောင်းဆရာများသည် ပြန်လည်းမပြောရဲ၊ မဖြစ်နိုင် တာကို မဝေဖန်ရဲ၊ မဖြစ် ဖြစ်အောင် ဝိုင်းပြီး နားညည်းသက်သာစေရန် အကောင်အထည်ဖော်ပေးလိုက်ကြ သည်။ ဤသို့ဖြင့် မာလ်တီမီဒီယာသည် ကျောင်းများတွင် ဖွင့်ပြီးနောက် မအီမသာ နိဂုံးချုပ်ကြရသည်။
ငှားထားသည့် ကွန်ပျူတာတွေပြန်ပို့ကြ၊ ဆေးသုတ်ထားသည့် အခန်းများတွင် စာသင်ခုံတွေပြန်ထားကြ၊ ဟန်ပြတပ်ထားသော နားကြပ်တွေ ကက်ဆက်တွေကို ပြန်ဖြုတ်ပြီး ဆိုင်ပြန်ပို့ကြ၊ နောက်ပိုင်း မာလ်တီ မီဒီယာပွဲအတွက် အငှားလိုက်တပ်ပေးသော အဖွဲ့တွေတောင် ခေတ်စားလာသည်။ ကားနှင့်လာ၊ တပ်ဆင်၊ ပွဲပြီးလျှင် ပြန်ဖြုတ်သိမ်း၊ ငှားခကို နေ့စားနှင့်ရှင်းပေး၊ ဟန်ကျလိုက်သည့် ခေတ်မီကျောင်းများထူထောင်ရေး စနစ်။
ဤသို့ လိမ်ညာလုပ်ကာ ဟန်ရေးပြရသည်ကို အထက်မှ မသိပါ။ အောက်ခြေမှလုပ်တာဖြစ်သည်ဟု ပြောလျှင် ကျွန်တော်လက်မခံပါ။ အဘယ်ကြောင့်ဆိုသော် ဘယ်ပစ္စည်းကို ဘယ်မှာယူ၊ ဘယ်အဖွဲ့ကို ဘယ်ကသာငှား၊ ကိုယ့်လူ ကိုယ့်အဖွဲ့သားများနှင့် ဇာတ်ကသလို ရောက်လာစေရန် အဆိုပါ အထက်ပိုင်းမှသာ စီစဉ်လာကြခြင်း ဖြစ်သောကြောင့် အောက်ခြေက ညာသည်ဟူသော အပြောမျိုးကို ကျွန်တော်လက်မခံရခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာမရှိသော ကျောင်းများတွင်၊ ကွန်ပျူတာမတတ်သည့် ကလေးများကို တစ်နေ့တစ်ညလောက် ဖွင့်/ပိတ် တတ်စေရန်သင်ပေးပြီး လူကြီးတွေကို ညာခိုင်းရသည့် ဇာတ်တိုက်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။
နောက်တစ်ပတ်ဆက်ပါမည်
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2476-2012-10-30-06-45-37 

ဘကြီးသက်
Unknown at 10:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်


 


 မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းမှ တရားမ၀င် မှောင်ခိုကုန် ပစ္စည်း သယ်ယူနေခြင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ဖမ်းဆီး အရေးယူနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း ပြောသည်။ လွတ်လပ်သည့် အာဆီယံ ကုန်သွယ်ရေးမူဝါဒအရ တရုတ်၊ ထိုင်း စသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများရှိ စစ်ဆေး ရေး ဂိတ် တချို့ကို ဖယ်ရှားခဲ့သည့်နောက် တရားမ၀င်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ပိုမိုဝင်ရောက်လာကြောင်း၊ ထိုအတွက် နိုင်ငံတော်နှင့် အခွန်ထမ်း လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နစ်နာရသည့်အပြင် စားသုံးရန် မသင့်လျော်သည့် စားသောက်ကုန်နှင့် ဆေးဝါးများပါ တင်သွင်းလာသည့် အတွက်စစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေး ၀န်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောဆိုသည်။ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ဒု ညွန်ကြားရေးမှူးချုပ် ဦးညွန့်အောင် က“နယ်စပ်ဂိတ်တွေကို ရှောင်ပြီးတော့ တင်သွင်းတာတွေ အရမ်းများ လာတယ်၊ နောက်တခုက မြောင်းဆီဆိုတဲ့ စားသုံးဆီတွေကို FDA ထောက်ခံချက် မပါဘဲနဲ့ သွင်းလာနေတယ်”ဟု ဆိုသည်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းလာသော အစား အသောက်နှင့် ဆေးဝါးများ၏ အရည်အသွေးကို စစ်ဆေးရန် အစား အသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန(FDA) ရုံးများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ပထမဆုံးအနေနှင့် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဌာနနှင့် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့များတွင် ဖွင့်လှစ်၍ ကြပ်မတ် စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ဇူလိုင်လအတွင်း FDA က ထုတ်ပြန် ပြောဆိုထားသည်။ အဆိုပါ တရားမ၀င် ကုန်ပစ္စည်း ရှာဖွေရေးအဖွဲ့များကို ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန် ထိန်းကျောင်းနိုင်စေရန် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ဒေသအာဏာပိုင်များသာမက ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း သို့မဟုတ် နယ်စပ်ဒေသ ကုန်သည်ကြီးများအသင်း၊ သတင်းမီဒီယာ သမားများနှင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယခင်ကဲ့သို့ ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မည်မဟုတ်ဘဲ ရရှိသည့် သတင်း အချက်အလက်ပေါ်တွင်မူတည်၍ ရှောင်တခင် စစ်ဆေးသွားမည် ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။ တရားဝင်ကုန်ပစ္စည်းများကို အခွန်မဆောင်ဘဲ တင်သွင်းလာပါက အခွန် ဆောင်စေခြင်းနှင့်ကုန်သွယ်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊တရားမ၀င် ကုန်ပစ္စည်းများတွေ့ရှိပါက သိမ်းဆည်း၍ အကောက်ခွန်ဥပဒေအရ အရေးယူခြင်းများ၊ လက်နက် ခဲယမ်းနှင့် မူးယစ် ဆေးဝါးများ တွေ့ပါ ကလည်း ဥပဒေအရ အရေးယူခြင်းများကို တရားမ၀င် ကုန်ပစ္စည်း ရှာဖွေရေးအဖွဲ့များက ဆောင်ရွက်သွားမည်ဟု သိရသည်။ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ လူတဦးလျှင် ကျပ် ၄ သိန်းခန့် (အမေရိကန် ဒေါ်လာ ၅၀၀)သာ သတ်မှတ်ထားသော်လည်း ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ကုန်တင်ကားကြီးများသာမက ယာဉ်ငယ် ကလေးများ၊ ဆိုင်ကယ်များနှင့်ပါ တရားမ၀င် သယ်ဆောင် နေသည်ဟု လည်း ဦးညွန့်အောင် က ဆိုသည်။ မန္တလေးမြို့ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်း၏ အတွင်းရေးမှူး ဦးချွန် ကလည်း ဤလုပ်ဆောင်ချက်သည် ဈေးကွက်စီးပွားရေး စနစ်ကို ထိန်းညှိခြင်းဖြစ်၍ ကြိုဆိုကြောင်း၊ ဈေးကွက်အတွင်း အကောက်ခွန်မဲ့ ပစ္စည်းများ ပိုမိုဝင်ရောက်လာသည့်အတွက် အခွန် ထမ်း လုပ်ငန်းရှင်များမှာ မယှဉ်သာကြောင်း၊ ထိုကြောင့် ကုန်သည်များ၊ ကားဂိတ်များ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။ “အခွန်မဆောင်ဘဲ သွင်းတဲ့ပစ္စည်းတွေကို ဈေးကွက်မှာ လျှော့ပြီး ရောင်းလာတဲ့ အခါကျတော့ တကယ် အခွန်ဆောင်လာတဲ့ ကုန်သည်က ရှုံးတာပေါ့၊ မယှဉ်နိုင်ဘူး၊ ပပျောက်အောင် လုပ်သင့်တယ်၊ ကြိုဆိုတယ်”ဟု ၎င်းကဆိုသည်။ ထို့အပြင် ဈေးကွက်တွင် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသည့် ကလေးသူငယ်များနှင့် ပတ်သက်သော အစားအစာများ၊ စားသုံးဆီများ ရောက်ရှိနေခြင်းကို တားမြစ်သင့်ကြောင်းလည်း ဦးချွန်က ဆက်ပြောသည်။ မူဆယ်- မန္တလေးလမ်းတွင် ဆိုင်ကယ်ကယ်ရီဖြင့် ပစ္စည်းသယ်ဆောင်သူ ကိုအောင်ခိုင်ကမူ ယခုကဲ့သို့အရေးယူဆောင်ရွက်မှုမှာ ကောင်းမွန်သော် လည်း ကုန်ကားကြီးများဖြင့် သယ်ယူနေသူများကို မထိခိုက်နိုင်ကြောင်း၊ မိမိတို့ ဆိုင်ကယ်ကယ်ရီ သမားများမှာမူ ပိုမို ရှာဖွေမှု ခံရဖွယ်ရှိကြောင်း ပြောဆိုသည်။ “ကျနော်တို့ ကယ်ရီသမားကတော့ စားသောက်ကုန် ခွင့်ပြုချက်တွေ ဘာတွေလည်း မသိဘူးလေ၊ ကုန်သည်ထည့်ပေးရတာကို သယ်ရတာ ဒီတော့ ဒဏ်ကြေးဆောင်စရာရှိရင် ကျနော်တို့ ဆောင်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။ တရုတ်-မြန်မာ နယ်စပ် မူဆယ်- မန္တလေး လမ်းကြောင်းပေါ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို ကွင်းရှောင်၍ သွားလာနေသည့် လမ်းကြောင်း ငါးကြောင်းရှိရာ အဆိုပါ လမ်းများကိုလည်း မနက်ဖြန်မှစတင်၍ ပိတ်ဆို့တော့မည် ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်-မြန်မာကုန်သွယ်ရေး လမ်းကြောင်းနှင့် ထိုင်း-မြန်မာကုန်သွယ်ရေး လမ်းကြောင်း၌ ကျပ်သိန်း ၄၇၉၀၄၉ ဖိုး ဖမ်းဆီးရမိပြီး အကောက်ခွန် အမှုတွဲပေါင်း ၁၁၁၇၄ မှု ရှိကြောင်း သိရသည်။ ယခုအခါ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းရှိ ရေပူစစ်ဆေးရေး ဂိတ်နှင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း စစ် တောင်းတံတား အနီးရှိ မရမ်းချောင် စစ်ဆေးရေး ဂိတ်တို့ကို အာဆီယံ ကုန်သွယ်ရေး မူဝါဒနှင့်အညီ ပိတ်ပစ်ခဲ့ရာ အကောက်ခွန်မဲ့ပစ္စည်းများ ပိုမိုဝင်ရောက် လာသည်ဟု သိရသည်။ နောက်ပိုင်းတွင်လည်း ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း၊ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများတွင် သတင်း အရ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေး ၀န်ကြီးဌာနက ဆိုသည်။

ဘကြီးသက်
Unknown at 9:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.