Tuesday, October 30, 2012

ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်ပွဲဖြစ်

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ တို့ ရွှေလီမြို့ တွင် တွေ့ဆုံ ဆွေးနွေး သည့် နေ့တွင် ဖားကန့် မြို့နယ် မှော်လဂင် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း ထွက်ပြေး တိမ်းရှောင် လာရသည့် ဒေသခံ တို့က The Voice weekly
သို့ ဆက်သွယ် ပြောကြားသည်။
“ သေနတ်သံ ရော အမြောက်သံ ရော အကုန် ကြားရတယ်” ဟု မှော်လဂင် ကျေးရွာမှ အသက် ၃ဝ အရွယ် တိမ်းရှောင် လာသူ တစ်ဦးက ဆိုသည်။

ယင်းတိုက်ပွဲ ကြောင့် ထွက်ပြေး တိမ်းရှောင် လာသူ တို့သည် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ အုပ်စု မှော်ရှန် ရပ်ကွက် ဘုန်းတော်ကြီး ကျောင်း တွင် ခိုလှုံ နေကြပြီး လူဦးရေ ၅ဝခန့် ရှိကြောင်း ယင်း ကျေးရွာရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် တစ်ဦး က ပြောကြား သည်။
ထွက်ပြေး တိမ်းရှောင် လာသူ တစ်ဦး ကမူ “စစ်တပ် (တပ်မတော်) က ရွာကနေ အကုန် တိမ်းရှောင်ဖို့ လာပြော လို့ပါ”ဟု ဆိုသည်။

ရွှေလီမြို့ ဆွေးနွေးပွဲ သည် ယနေ့ နေ့လည် ၁ နာရီ ၂ဝ မိနစ်တွင် ရပ်နား ခဲ့သည် ဟု The Voice Weekly သတင်းထောက် က သတင်း ပေးပို့ ပြီးနောက် နေ့လည် ၂ နာရီခွဲ ဝန်းကျင် အချိန်တွင် ဖားကန့် တွင် တိုက်ပွဲ ဖြစ်ပွား နေကြောင်း ဒေသခံ များက ဆက်သွယ် ပြောကြားသည်။

REF: The Voice Weekly
Posted by Admin Team-NOM
ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်ပွဲဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၃ဝ

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ တို့ ရွှေလီမြို့ တွင် တွေ့ဆုံ ဆွေးနွေး သည့် နေ့တွင် ဖားကန့် မြို့နယ် မှော်လဂင် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း ထွက်ပြေး တိမ်းရှောင် လာရသည့် ဒေသခံ တို့က The Voice weekly
သို့ ဆက်သွယ် ပြောကြားသည်။
“ သေနတ်သံ ရော အမြောက်သံ ရော အကုန် ကြားရတယ်” ဟု မှော်လဂင် ကျေးရွာမှ အသက် ၃ဝ အရွယ် တိမ်းရှောင် လာသူ တစ်ဦးက ဆိုသည်။

ယင်းတိုက်ပွဲ ကြောင့် ထွက်ပြေး တိမ်းရှောင် လာသူ တို့သည် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ အုပ်စု မှော်ရှန် ရပ်ကွက် ဘုန်းတော်ကြီး ကျောင်း တွင် ခိုလှုံ နေကြပြီး လူဦးရေ ၅ဝခန့် ရှိကြောင်း ယင်း ကျေးရွာရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် တစ်ဦး က ပြောကြား သည်။
ထွက်ပြေး တိမ်းရှောင် လာသူ တစ်ဦး ကမူ “စစ်တပ် (တပ်မတော်) က ရွာကနေ အကုန် တိမ်းရှောင်ဖို့ လာပြော လို့ပါ”ဟု ဆိုသည်။

ရွှေလီမြို့ ဆွေးနွေးပွဲ သည် ယနေ့ နေ့လည် ၁ နာရီ ၂ဝ မိနစ်တွင် ရပ်နား ခဲ့သည် ဟု The Voice Weekly သတင်းထောက် က သတင်း ပေးပို့ ပြီးနောက် နေ့လည် ၂ နာရီခွဲ ဝန်းကျင် အချိန်တွင် ဖားကန့် တွင် တိုက်ပွဲ ဖြစ်ပွား နေကြောင်း ဒေသခံ များက ဆက်သွယ် ပြောကြားသည်။

REF: The Voice Weekly
Posted by Admin Team-NOM

ဘကြီးသက်
Unknown at 6:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး


ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Spe

cific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။


၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။


၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။


၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။


ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။
--
Ref: gizmocrazed.com
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_6372.html


ဘကြီးသက်
Unknown at 6:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၂၆ ရွာမှ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးညှိုင်း


ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး ဟု ပြန်လည်ဖြေကြောင်း။

ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ ဟုတ်တယ် မှန်ပါတယ် ခွေးတောက်မသောက်ရေကို ကျမတို့ သောက်နေရတယ် ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံရ......................

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်

၂၆ ရွာမှ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးညှိုင်း။
-------------------------------------------------------------------------
အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း ၂၆ ရွာမှ တစ်ရွာလျှင် ၂ ယောက်နှုန်းဖြင့် ကိုယ်စားတက်ရောက်လာသည့် ကျေးရွာသားများနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ခံ ဦးမြင့်အောင်၊ ဦးပိုင် ကုမ္မဏီမှ လာများနှင့် တွေ့ဆုံပွဲတွင် ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆိုမိုက်ရိုင်းခက်ထန်သည်
စကားလုံးများကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရ။

ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းမှ စံပယ်တောင်ကြေးစီမံကိန်းကြောင့် ဆိုးကျိုးခံစားရသည့်အနီးဝန်ကျင်ရွာများတွင် သောက်ရေတွင်းများ
သောက်မရအောင် အက်ဆစ်ဓါတ်ပျော်ဝင်နေသည့်ကြောင့် အချဉ်ဓါတ်များပြီ သောက်မရအောင် ဖြစ်နေသည့်ကို တင်ပြရာ မယုံရင် လိုက်သောက်ကြည့်ပါအမှန်တကယ့်ကို တွေ့ရလိမ့်မည်ဟု
ဆွေးနွေးပြောဆိုခြင်းပေါ် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး ဟု ပြန်လည်ဖြေကြောင်း။ ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ ဟုတ်တယ် မှန်ပါတယ်
ခွေးတောင်မသောက်ရေကို ကျမတို့ သောက်နေရတယ် ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံရ။

All materials credit to Aung Nay Myo

အေးချမ်းမွန်မှ Freedom News Group(Burma) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


ဘကြီးသက်
Unknown at 6:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ်ကို တပ်မတော် စတင်အုပ်ချုပ်



ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး တရားဝင်ကြေညာခြင်း မရှိသော်လည်း အုပ်ချုပ်မှုပိုင်းကို တပ်မတော်သို့ လွှဲအပ်ထားကြောင်း မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်အောင်က ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့်စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေညာ နိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်သွားရန်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ပြောဆိုခဲ့သော်လည်း ယခု အုပ်ချုပ်ရေးသည် တရားဝင် စစ်အုပ်ချုပ်ရေး မဟုတ်သေးကြောင်း သိရသည်။
“လုံခြုံရေးယူထားတဲ့ပုံစံကဘင်္ဂါလီရွာနဲ့ရခိုင်ရွာတွေကြားမှာလည်း ရှိတယ်။တရွာထဲမှာတပ်ချထားတာမျိုးလည်းရှိတယ်။လိုအပ်တဲ့နေရာတွေမှာယူထားတာပေါ့။မင်းပြားနယ်ထဲမှာဖြစ်တော့မယ့်ဆဲဆဲအချိန်မီ ထိန်းလိုက်နိုင်တဲ့ကျေးရွာတွေ အများကြီးပဲ။လူစုခွဲဖို့ခြောက်လှန့်ပြီး သေနတ် ပစ်ဖောက်လာရတာလည်း ရှိတယ်။ဖြစ်နေချိန်မှာအချိန်မီရောက်လို့မီးလောင်မှု မဖြစ်ခဲ့တာတွေလည်း ရှိတယ်” ဟုဒုရဲမှူးကြီး ကျော်အောင် ပြောသည်။
ယခုလက်ရှိ အခြေအနေအရ ထပ်မံဖြစ်ပွားမှု မရှိစေရန် လုံခြုံရေးအပိုင်းမှ ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားနိုင်ခြေရှိသောကြောင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ လုံခြုံရေးချထားသော နေရာပေါင်း ၂၉ နေရာရှိကြောင်း၊ မင်းပြားမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄၆ ရွာရှိပြီး အဆိုပါကျေးရွာထဲတွင် ဘင်္ဂါလီများနေထိုင်သော ကျေးရွာ ၁၅ ရွာ ပါဝင်ကြောင်း သိရသည်။
အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ထားပြီး စမ္ဘလေကျေးရွာတွင် ဖြစ်ခဲ့သော သေနတ်ဒဏ်ရာဖြင့် လူသေဆုံးမှုကို ပုဒ်မ ၄၃၆ ဖြင့် ပြစ်မှုအမှတ် ပ-၁၈၇ (၂၀၁၂) အဖြစ် အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရှိရသည်။
မင်းပြားမြို့နယ်ထဲတွင် ပဋိပက္ခဖြစ်ခဲ့သည့် ပိုက်သည်ရွာ၊ စမ္ဘလေရွာ၊ သရက်အုပ်စုရွာ၊ ဆင်အိုးတန်းရွာ၊ သာဒရွာ၊ အောင်ဒိုင်ရွာတို့တွင် မီးလောင်ရာ၌ ရခိုင်အိမ်အနည်းစု ဖြစ်ပြီး အများစုမှာ မွတ်စလင်တို့၏ အိမ်မျာဖြစ်ကြောင်း၊ ထိုပဋိပက္ခများတွင် သေဆုံးသူ ၄ ဦး ရှိကြောင်း၊ စမ္ဘလေ သေနတ်ပစ်မှုတွင် သေဆုံးသည့် မွတ်စလင်တဦးကိစ္စတွင် လုံခြုံရေးများက ပစ်ခတ်ခြင်းကြောင့်ဟု ရွာခံ မွတ်စလင်များက စွပ်စွဲထားကြောင်း သိရသည်။
သို့သော် ဒု ရဲမှူးကြီး ကျော်အောင်က ဖြစ်စဉ်တွင် သေဆုံးသူသည် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်မှာ မှန်သော်လည်း လုံခြုံရေးများ ကိုင်ဆောင်သည့် သေနတ်အမျိုးအစား မဟုတ်ကြောင်း၊ သေဆုံးသူကို ပြန်လည်တူးဖော် စစ်ဆေးမည်ဖြစ်ကြောင်း ပြောသည်။
ထပ်မံဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် သေဆုံးသူ စုစုပေါင်း ၈၄ ဦးနှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၉ ဦး ရှိကြောင်း၊ စုစုပေါင်း နေအိမ် ၂၉၅၀ နှင့် ဘာသာရေး အဆောက်အုံ ၁၄ လုံး၊ ဆန်စက် ၈ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
လွန်ခဲ့သည့် သီတင်းပတ်က ရခိုင်ပြည်နယ်တွင်း ထပ်မံဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နောက်ထပ် အိုးအိမ်မဲ့ဖြစ်ရသူ ဒုက္ခသည် ၂၈၀၀၀ ရှိနေပြီး ဒုက္ခသည်အရေး အလွန် စိုးရိမ်ဖွယ် အခြေအနေရှိသည်ဟု ကုလသမဂ္ဂက ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးမှူး မစ္စတာ Ashok Nigam က ပဋိပက္ခများဖြစ်ပွားခဲ့သော မြို့နယ် ၉ ခုအနက် ၅ မြို့နယ်ကို လွန်ခဲ့သည့် သီတင်းပတ်က သွားရောက် လေ့လာခဲ့ကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
“လူအုပ်စု ၂ ဖက်စလုံးက အိုးအိမ်အခြေမဲ့ ဖြစ်သွားခဲ့ရတဲ့ လူတွေရဲ့မျက်ဝန်းမှာ ကြောက်ရွံ့မှု၊ မယုံကြည်မှုတွေကို ကျနော် တွေ့ရတော့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မိတယ်” ဟု မစ္စတာ Nigam က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။
လွန်ခဲ့သည့် မေလနှင့် ဇွန်လ ပဋိပက္ခများကြောင့် ဒုက္ခသည် ၇၅၀၀၀ ကျော်ကို ကုလသမဂ္ဂ အကူအညီ အထောက်အပံ့များ ယခုအထိ ပေးလျှက်ရှိကြောင်း သိရသည်။
ထပ်မံတိုးပွားလာသည့် နောက်ထပ် ဒုက္ခသည် ၂ သောင်းကျော်တွင် အများစုမှာ မွတ်ဆလင်များဖြစ်ပြီး ယခင်က ရခိုင် လူမျိုးများနှင့် အတူယှဉ်တွဲ နေထိုင်ခဲ့သည့် ကမန်လူမျိုး မွတ်ဆလင်များလည်း ပါဝင်သည်ဟု CNN သတင်းတပုဒ်တွင် ကုလသမဂ္ဂကို ကိုးကားပြီး ဖော်ပြထားသည်။
ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် ရခိုင်ပဋိပက္ခ အကြမ်းဖက်မှုများကို စိုးရိမ်ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ ချက်ချင်း အဆုံးသတ်ရေး တိုက်တွန်းခဲ့သည်။
ကုသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်အိုဟေ ကင်တာနာကလည်း နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ သူ၏ အစီရင်ခံစာတင်သွင်း နေချိန်တွင် ယခု ရခိုင်ပဋိပက္ခကိစ္စကို အစိုးရအနေနှင့်လည်း အရေးကြီး လုပ်ဆောင်စရာအဖြစ် အားစိုက်လုပ်ဆောင် သွားရန် တိုက်တွန်းပြီး လူအုပ်စု ၂ ခုအကြား တင်းမာမှုများ ပြေလျော့စေရေး၊ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေး အစိုးရနှင့် အင်အားစု အားလုံးကို ၀ိုင်းဝန်ကြိုးစားကြရန် လွန်ခဲ့သည့် ကြာသပတေးနေ့က တိုက်တွန်းခဲ့သည်။
အာဆီယံအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ Surin Pitsuwanကလည်း ရခိုင်ပြည်နယ် အခြေအနေသည် စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ တဖက်နှင့်တဖက် အကြမ်းဖက် တိုက်ခိုက်မှုများသည် မည်သူ့ကိုမျှ အကောင်းမဖြစ်နိုင်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆိုခဲ့သည်။
“ပဋိပက္ခဟာ အစ္စလမ် အရေးကိစ္စတခုအဖြစ် ဖော်ပြလာနေပြီး ယခုကိစ္စဟာ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စဖြစ်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာနေပြီ” ဟု သူက ပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း ကျောက်ဖြူမြို့နယ် ပျက်စီး ဆုံးရှုံးမှုနှင့် ပတ်သက်၍ ကောင်းကင်ဂြိုတ်တု ဓာတ်ပုံနှင့်တကွ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလ ၂၄ ရက်နေ့က ကျောက်ဖြူမြို့နယ် အရှေ့ဘက်ခြမ်းတွင် မီးရှို့ဖျက်ဆီးခံရသော နေအိမ် ၆၃၃ လုံး နှင့် အဆောက်အအုံ ၁၇၈ ခု၊ စုစုပေါင်း ၈၁၁ ခု ရှိကြောင်း၊ ပင်လယ်တွင်းမျောနေသည့် ပျက်ဆီးနေသော နေအိမ်များ၊ လှေများလည်း ရှိကြောင်း ပျက်ဆီးဆုံးရှုံးမှု ဧရိယာ ၁၄.၄ ဟက်တာ ရှိကြောင်း အဆိုပါ HRW က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက စိုးရိမ်ပူပန်မိကြောင်း စဉ်ဆက်မပြတ် ထုတ်ဖော်ပြောဆိုထားသည်။
အမေရိကန်ပြည်ထောင်စုက အောက်တိုဘာလ ၁၉ ရက်နေ့က လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် နောက်ထပ် အမေရိကန် ဒေါ်လာ ၂.၇၃ သန်းကို ထောက်ပံကူညီပေးမည်ဟု ကြေညာခဲ့ပြီးနောက် လတ်တလော အကြမ်းဖက် တိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်ရေး မြန်မာအစိုးရ အပါအ၀င် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်း အသီးသီးကိုလည်း ၀ိုင်းဝန်းလက်တွဲ အဖြေရှာကြရန် တိုက်တွန်းခဲ့သည်။
ရန်ကုန်ရှိ အမေရိကန်သံရုံး တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံတွင်းရှိ အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီ အသီးသီး၊ လူမှုရေး နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ထိတွေ့ ဆွေးနွေးမှုများ လုပ်ဆောင်ကာ ပူးပေါင်းအဖြေရှာရေး လုပ်ငန်းစဉ်များ ချမှတ်နေကြောင်း သိရသည်။
အီရန် နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနက အောက်တိုဘာလ ၂၈ ရက်နေ့က ထပ်မံ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်က အုပ်စုချင်း အကြမ်းဖက် တိုက်ခိုက်မှုများကို အထူးစိုးရိမ်ကြောင်း၊ အစိုးရအနေဖြင့်လည်း မွတ်ဆလင် အခြေခံ အခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် ပြဿနာကို အထူးအရေးကြီးလုပ်ငန်းအဖြစ် သဘေားထား ဖြေရှင်းပေးရန် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Ramin Mehmanparast က ပြောဆိုခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို အခြေခံ ကျကျ ဖြေရှင်းရေးအတွက် မြန်မာ အစိုးရကိုလည်း အီရန်အနေဖြင့် အကူအညီများပေးရန် အဆင့်သင့်ရှိကြောင်း၊ မွတ်စလင်နှင့် ဗုဒ္ဓဘာသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် ၀န်းကျင်တခုကို ဖန်တီးသွားရန်လည်း လိုအပ်ကြောင်း သူက ဆက်ပြောသည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများကလည်း ရခိုင်ပဋိပက္ခကို အထူး စိုးရိမ်ကြောင်း ပြောဆိုကြပြီး မြန်မာနိုင်ငံ၏ လက်ရှိ ဖော်ဆောင်နေသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးသွားမည်ကိုလည်း ထောက်ပြ ပြောဆိုနေကြသည်။
ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လွန်ခဲ့သည့် သောကြာနေ့က နေပြည်တော်၊ လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ပြီး လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အထူး အလေးပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။
ထပ်မံဖြစ်ပွားခဲ့ရသော ရခိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လောကက အစိုးရ၏ ကိုင်တွယ်မှုသည် စိုးရိမ်လွန်ပြီး နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့သည်ဟု ထောက်ပြပြောဆိုခဲ့သည်။
ယနေ့ထုတ် အစိုးရသတင်းစာများက ယခုအခါ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အင်အားတိုးမြင့်ချမှတ်ထားမှုကြောင့် တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိနေပြီဟု ရေးသားထားသည်။
ရဲတပ်ဖွဲ့ ၅၀၀၀ ကျော်၊ နစက တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်၊ တပ်မတော် တပ်ရင်း ၅၁ ရင်းတို့ဖြင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ တည်ငြိမ်ရေး ကြိုးစားနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ၊ ဇွန်လ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာ ရသူ ၅၄ ဦးရှိခဲ့ပြီး လူနေအိမ် ၂၂၃၀ လုံးနှင့် ဘာသာရေး အဆောက်အအုံ ၁၄ ခု ထိခိုက်ပျက်ဆီး ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၆၁၄၆၂ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
Unknown at 11:53 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေဆုံးသူ ဦးရေတိုးလာ

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့လောက် အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ သေဆုံးသူ ၈၈ ဦး နဲ့ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ရသူပေါင်း နှစ်သောင်း ခြောက်ထောင် လောက်ရှိ နေပြီလို့ ဒီကနေ့ အစိုးရက ထုတ်ပြန်ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖေါ်ပြပါတယ်။

မနေ့က ထုတ်ပြန်တဲ့ စာရင်းအရ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၂၂၀၀၀ လောက်ရှိမယ်လို့ ပြောတဲ့အတွက် ဒီကနေ့ ထုတ်ပြန်ချက်ဟာ နောက်ထပ် များလာတာလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ၄၉ ဦး နဲ့ အမျိုးသမီး ၃၉ ဦးဖြစ်တယ်လို့ အစိုးရ အရာရှိ တစ်ဦးက ပြောတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပေါက်တော ၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ ၊ ရသေ့တောင် စတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုတွေမှာ အိမ်ခြေ ရာပေါင်းများစွာ ဆုံးရှုံးတယ်လို့လည်း သိရပါတယ်။ ပေါက်တောမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုမှာ အိမ်ခြေ အလုံးရေ ၃၀၀ မီးလောင်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၇၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ကယ်ဆယ်ရေး စခန်းတွေမှာ ရှိပြီးသားဖြစ်တာကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဒုက္ခသည်အရေအတွက်ဟာ တစ်သိန်းတစ်သောင်းကျော်လောက် ရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးခွဲအဆိုအရ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပြီး ကူညီနေပေမယ့် ရေရှည် ထောက်ပံ့ကူညီနိုင်ဖို့ ငွေကြေး နဲ့ တခြား လိုအပ်ချက် အခက်အခဲတွေ များလာမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

RFA Burmese

၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရသူများအား တွေ့ရစဉ်။ RFA

ဘကြီးသက်
Unknown at 11:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည


သီတင်းကျွတ်ည ရွှေတိဂုံစေတီတော်ရင်ပြင် မြင်ကွင်းတခု (ဓာတ်ပုံ – theglobeandmail.com)
ရောင်စုံလျှပ်စစ်မီးများနဲ့ အသားကျနေပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ သီတင်းကျွတ်ညတွေကို ကြည့်လိုက်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားကြသူတွေကို တွေ့မြင်ကြရမှာပါ။ သူတို့အများစုဆီမှာ သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ စိတ်အာရုံခံစားမှုတွေ သိပ်ကပ်ငြိမနေဘူးဆိုတာ သူတို့တွေရဲ့လှုပ်ရှား၊ သွားလာ၊ ပြောဆိုပုံတွေကို ကြည့်ရင် သိသာမြင်တွေ့ရမှာ ဖြစ်ပါတယ်။
တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်ကြီးမှာ မိုဘိုင်းဖုန်းတွေကို တော်တော်များများ ကိုင်နိုင်နေကြပါပြီ။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူတွေ တဦးနဲ့တဦး ဆက်သွယ်ပြောဆိုကြတဲ့ အကြောင်းအရာတွေထဲမှာ လက်ရှိ ရောက်နေတဲ့ သီတင်းကျွတ်ကာလနဲ့ ပတ်သတ်တဲ့ အကြောင်းအရာက နည်းနေပါသေးတယ်။
စီးပွားရေး၊ လူမှုဆက်ဆံရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေး ကိစ္စရပ်တွေကိုသာ ဦးစားပေး ပြောဆိုနေကြတဲ့ ၂၁ ရာစုရဲ့ တိုးတက်မှုတွေထဲမှာ ရိုးရာဓလေ့တွေကို အာရုံမထားနိုင်စေတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေလာပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုကျော်က မြို့ပြရဲ့ သစ်သားအိမ်တန်းလေးတွေမှာ ချိတ်ဆွဲထားခဲ့တဲ့ ရောင်စုံစက္ကူမီးပုံးလေးတွေကို အခုဆိုရင် ရန်ကုန်မြို့ကြီးပေါ်က နေအိမ်တွေ၊ အထပ်မြင့်တိုက်တွေမှာ ခပ်ကျဲကျဲသာ တွေ့မြင်ရပါတော့တယ်။
လှပပြီး ဈေးချိုတဲ့ ရောင်စုံစက္ကူမီးပုံးလေးတွေနေရာမှာ တဖိတ်ဖိတ်နဲ့ အရောင်တမျိုးစီ ပြောင်းနေတဲ့ ရောင်စုံ လျှပ်စစ်မီးသီးတွေက ခေတ်ရေစီးကြောင်းနဲ့အလိုက် ပြောင်းလဲနေရာယူလာနေပါတယ်။
အိမ်တိုင်း၊ အိမ်တိုင်းရဲ့ ဝရံတာတွေ၊ လှေကားထစ်တွေ၊ ကျောက်ပြင်တွေ၊ ရေတိုင်ကီတွေ၊ ရေအိုးစင်တွေ၊ ခြံစည်းရိုးတိုင်တွေ၊ သစ်ပင်ခြေရင်းတွေနဲ့ ကွေ့ကွေ့ကောက်ကောက် လမ်းမတလျှောက်၊ ဖြောင့်ဖြောင့် ဖြူးဖြူး လမ်းတဆုံးတွေမှာ ညီညီညာညာနဲ့ အစဉ်အလာမပြတ် ထွန်းညှိထားကြတဲ့ ဖယောင်းတိုင် ဖြူဖြူလေးတွေဟာ ရန်ကုန်မြို့ရဲ့ ခေတ်သစ်နေထိုင်မှု ပုံစံတွေအကြား တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေပါပြီလို့ အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်အေးမြဖြူက ပြောပါတယ်။
ဗုဒ္ဓဘာသာ ထုံးစံအရ ဗုဒ္ဓဟာ နတ်ပြည်မှာ အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ကို ဆင်းအလာ ပူဇော်ကြတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်၊ ကျောင်း၊ ဘုရားတန်ဆောင်းတွေမှာ ဆီမီးတွေ ထွန်ညှိပူဇော်ကြတာ ဖြစ်ပါတယ်။
ရောင်စုံ စက္ကူမီးပုံးလေးတွေကို ဖယောင်းတိုင်လေးတွေ စိုက်ထည့်ပြီး အလှဆင်ချိတ်ဆွဲကာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မြတ်စွာဘုရားကို ဆီးကြိုတဲ့ အလေ့အထ မြင်ကွင်းတွေ ရှားပါးလာသလိုပဲ မီးခိုးရောင် မာကျူရီတွေကို ဖယောင်းတိုင်မီးနဲ့ မိညှိပြီး မြေကြီးပေါ်ချ ဖိနပ်နဲ့ တဝုန်းဝုန်း အသံထွက်အောင်ရိုက်ပြီး ဆော့ကစားကြရတဲ့ အဲ့ဒီ မာကျူရီမီးပန်းလေးတွေ မရှိတော့သလို လက်နဲ့မနားတမ်း ဝှေ့ယမ်းဆော့ကစားရတဲ့ မီးပန်းတွေ၊ ကလေးတွေအကြိုက် ရောင်စုံ ပလတ်စတစ်အကြည်သား အပါးနဲ့ ပြုလုပ်ထားတဲ့ ယုန်ရုပ် တွန်းလှည်းလေးတွေဆိုတာ ရန်ကုန်မြို့ရဲ့ ယနေ့ခေတ် သီတင်း ကျွတ်ညတွေနဲ့ မရင်းနှီးသယောင် ဖြစ်နေပါပြီ။
ယနေ့လို ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးတဲ့ အရင်သီတင်းကျွတ်ညတွေမှာ မြို့ပြရဲ့ကောင်းကင်ယံထက် အပြိုင်အဆိုင် လွင့်တက်နေကြတဲ့ မီးပုံးပျံကြီးတွေဟာလည်း ဒီဘက်ခေတ်ရဲ့ သီတင်းကျွတ်ညကောင်းကင်မှာ တွေ့မြင်ရ နည်းပါးလာနေပါပြီ။
“နိုင်ငံတကာမှဆိုရင် ရိုးရာပွဲတော်တွေကို အစဉ်မပြတ် ကျင်းပနေကြတာပဲလေ၊ အခုချိန်ထိပေါ့။ ခရစ်ယာန် ဘာသာဝင်များရဲ့ ခရစ္စမတ်ပွဲတော်တွေဆိုလည်း အစဉ်အလာ မပြတ်ပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ သတင်းကျွတ်ပွဲတော်မှာ အရင်လို ရိုးရာတွေ မရှိလာတော့တာ ၊ နည်းပါးလာတော့တာ လူတွေပြောင်းလဲလာကြတယ်။ ကိုယ့်ရိုးရာတခုကို ထိန်းသိမ်းတတ်ကြဖို့ လိုတယ်။ အရင်ခေတ်က ကလေးတွေလက်ထဲ တွေ့နေကျ မာကျူရီမီးပန်းတွေ အခုအချိန် မတွေ့ရတာတော့တာ ကျနော့်အတွက်တော့ ဝမ်းနည်းမှုကိုဖြစ်လာစေတယ်။ ချစ်စရာကောင်းတဲ့ ကျုပ်တို့တွေရဲ့ မြန်မာ့ရိုးရာအစဉ်အလာတခု ပျောက်ပျက်သွားမှာ စိုးမိတယ်ခင်ဗျ” ဟု အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ပင်စင်စား အစိုးရဝန်ထမ်းကြီးတဦးဖြစ်သူ ဦးလှဘွယ်က ပြောပါတယ်။
ယခင်က သီတင်းကျွတ်ပွဲတော် အချိန်တွေမှာ ရပ်ကွက်အိမ်ဆိုင်လေးတွေကနေ ရာသီစာလို အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းချခဲ့ကြတဲ့ ကန်တော့ကိတ်မုန့်ဆိုင်လေးတွေဟာလည်း မြို့ပြရဲ့ပြောင်းလဲလာတဲ့ အထပ်မြင့် တိုက်တွေကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်လာနေပြီး လူကြီးတွေကို ကန်တော့ဖို့အတွက် ကန်တော့ ပစ္စည်း ဝယ်ယူတဲ့ခြေလှမ်းတွေဟာလည်း ခေတ်သစ်စူပါမားကတ်တွေဆီသို့ ဦးတည်နေပါပြီ။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပျောက်ကွယ်ခဲ့တဲ့ သီတင်းကျွတ်ပွဲတော်ကာလတွေမှာ ပြုလုပ်ကျင်းပနေကျ ကာတွန်းဦးဘဂျမ်း ပြပွဲဟာလည်း ဒီဘက်ခေတ်ရဲ့လူငယ်တွေနဲ့ လုံးဝမရင်းနှီးခဲ့တဲ့ ပွဲတော်တခုဖြစ်နေခဲ့ပါတယ်။
“ကျမတို့ငယ်ငယ်က သီတင်းကျွတ်ကာလတွေကို အရမ်းသတိရမိတယ်။ လူတွေဟာ အဲ့ဒီ အချိန်ကာလတွေတုန်းက ရှိရှိ၊ မရှိရှိ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေရဲ့ ပွဲတော်ကြီးကို အလေးအမြတ်ထားကြတယ်။ အားလုံးဟာ ပွဲတော်ချိန်ရောက်ရင် ပျော်နေကြတယ်။ ဒီနှစ်ဆယ်ရာစုနောက်ပိုင်းမှာ အရင်လို ရိုးရာအစဉ်အလာတွေ မရှိတော့ဘူး။ ဒါက ယဉ်ကျေးမှု ဆုတ်ယုတ်လာတဲ့ သဘောတရားပဲလားလို့တောင် ထင်မိတယ်။ မဖြစ်သင့်ဘူးလို့ထင်တယ်” လို့ အသက် ၂၅ နှစ်အရွယ်ရှိ ယဉ်ကျေးမှုတက္ကသိုလ်မှ ဝန်ထမ်းတဦးဖြစ်သူ မသန္တာမေက သူဖြတ် သန်းခဲ့ဖူးတဲ့ သီတင်းကျွတ်ပွဲတော် ကာလများနဲ့ လက်ရှိ အခြေအနေကို နှိုင်းယှဉ်ပြောပြပါတယ်။
အဘိုးအဘွားများ၊ လူကြီးမိဘများ၊ ဆရာသမားများနဲ့ ကျေးဇူးရှိသူတွေကို လက်ဆောင် ပစ္စည်းလေးတွေ ယူလာပြီး ဗုဒ္ဓဘာသာ မိရိုးဖလာမပျက် ကန်တော့တာတွေဟာလည်း ဒီဘက်ခေတ်မှာ အရင်ကနဲ့မတူ ရှားပါးလာနေပါပြီလို့ အသက် ၇၂ နှစ်အရွယ်ရှိ ပညာရေးဝန်ကြီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ် ဦးသန်းဝင်းက ပြောပါတယ်။
အသက် ၄၅ နှစ် အရွယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ အင်္ဂလိပ်စာပြ ဆရာမတဦးဖြစ်သူ ဒေါ်ပုလဲခင်ကလည်း “အရင်ခေတ်တွေတုန်းက သီတင်းကျွတ်ဆိုရင် လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် အပြိုင်အဆိုင် ဝယ်ကြခြမ်းကြနဲ့ ပျော်ဖို့ကောင်းတာလေးတွေ ရှိခဲ့တယ်။ အခုဒီဘက်ပိုင်းရောက်တော့ လူငယ်တွေဟာ အလုပ်တွေ များလာကြတယ်။ အချိန်တွေ မလောက်ကြတော့ဘူး ။ အလုပ်လုပ်တဲ့ လူငယ်တွေကို ပြောချင်တာပါ။ ဒီအတွက် သီတင်းကျွတ်လို့ လူကြီးမိဘတွေကို ကန်တော့တဲ့အခါမျိုးတွေမှာ ဒီဘက်ခေတ်ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရိုးရာအစဉ်အလာကို မလုပ်နိုင်ကြတာလေးတွေ ဖြစ်လာတယ်” လို့ ဆိုပါတယ်။
တနှစ်ချင်းစီ ပြောင်းလဲလာတဲ့ မြို့ပြရဲ့ပြောင်းလဲမှုများက တိုးတက်မှုများဘက်သို့ ဦးတည်နေသလို ရိုးရာအစဉ်အလာ ဆုတ်ယုတ်မှုများကိုလည်း ဖြစ်ပေါ်နေစေပါတယ်။
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ကာလအတွင်း ယခင်ကရှိခဲ့ဖူးတဲ့ ထုံးတမ်းစဉ်အလာများထဲမှ တချို့ဟာ ယနေ့ခေတ်ကာလတွေမှာ အရိပ်အငွေသက်သက်သာ ကျန်လာပါတယ်။ ဒီဘက်ခေတ်ရဲ့ သီတင်းကျွတ်ကာလများဟာ ပုံမှန်ညတွေနဲ့ ထူးမခြားနား ဖြစ်လာတာ သိသာလာပါတယ်။
သီတင်းကျွတ်ပွဲတော်ကာလမှာ မြန်မာလူငယ်အများစုဟာ သူတို့ရဲ့ လုပ်ငန်းခွင်ထဲကနေသာ ကျော်ဖြတ်နေကြတယ်လို့ အသက် ၂၄ နှစ်အရွယ် ကွန်ပျူတာပရိုဂရမ်မာတဦးဖြစ်သူ ကိုအောင်မြတ်သူက ပြောပါတယ်။
နည်းပညာကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူ အသက် ၂၇ နှစ်အရွယ်ရှိ ကိုရန်လင်းသော်ကလည်း “၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်အထိ ကျနော်တို့ လူငယ်တွေ သီတင်းကျွတ်ဆို လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် အဓိက ကြိုးစားပြင်ဆင်ခဲ့ကြတယ်။ အဲဒီအချိန်လောက်အထိ ငယ်ငယ်ကတည်းက ဆော့ခဲ့တဲ့ သီတင်းကျွတ် ကစားနည်းတွေကို တစိုက်မတ်မတ် ဆော့ခဲ့ကြတယ်ဗျ။ ငရဲမီး၊ မာကျူရီမီးပန်း ကစားနည်းတွေအပြင် အိမ်တွေမှာ မြတ်စွာဘုရားကို ကြိုဖို့ ဖယောင်းတိုင်မီးထွန်းခဲ့တဲ့ အလေ့အထတွေ ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိသာသာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခုနောက်ပိုင်းလူငယ်တွေ ဘယ်လောက် အလုပ်များနေတယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ” လို့ ဆိုပါတယ်။
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ရဲ့ အနှစ်သာရများ ရှားပါးလာတဲ့ ယနေ့ခေတ် မြို့ပြအခြေအနေကို ရန်ကုန်မြို့က အိမ်တွင်းမီးပုံး လုပ်ငန်းလေးများကလည်း သက်သေထူနေပါတယ်။
“အရင်ခေတ်ကလို လုပ်ငန်း မကောင်းတော့ဘူး။ တရုတ်ဘက်က လျှပ်စစ်မီးပုံးတွေ ဝင်လာတော့ ပိုဆိုးတယ်။ ရိုးရာလက်မှု မီးပုံးတွေက အခုခေတ်မှာ အလုပ်သိပ်မဖြစ်ချင်တော့ဘူး။ ဈေးကွက်ကို မနည်းရှာနေရတယ်။ လုပ်ငန်းမကောင်းကြလို့ ဒီဘက် မီးပုံးလုပ်တဲ့တတန်းလုံး ဝင်ငွေတွေ တအားလျော့လာကြတယ်” လို့ ရိုးရာမီးပုံးလုပ်ငန်းရှင် အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်မြလှိုင်ဝေက ပြောပါတယ်။
တဖိတ်ဖိတ်လက်နေတဲ့ ရောင်စုံလျှပ်စစ် မီးသီးတွေနဲ့ ကျိုးတိုးကျဲတဲ လှပေနေတဲ့ ၂၀၁၂ ရန်ကုန်မြို့ရဲ့ သီတင်းကျွတ်ညတွေမှာ ရိုးရာအငွေ့အသက်တချို့သာ အားယူရှင်သန်နေပုံ ရပါတယ်။

ဘကြီးသက်
Unknown at 11:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း



Chit Coco

ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ ..
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများ ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစားခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်
တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ်အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်းအမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင်အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။

ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကိုအသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။

ပရော်ဖက်ဆာဒေါက်တာကြွက်

ဘကြီးသက်
Unknown at 11:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကော့ကရိတ်မြို့ တွင်းရှိ ဗလီ ဗုံးခွဲခံရ

ကော့ကရိတ်ဗလီ လက်ပစ်ဗုံးခွဲခံရ
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရွာ ဗလီကို ည ၁၁ နာရီလောက်မှာ ဆိုက္ကယ်နဲ့လူတယောက် က လက်ပစ်ဗုံး တလုံးနဲ့ ပစ်ပြေး သွားပြီးတော့၊ ကော့ကရိတ်မြို့ ရေနံဆီကုန်းရပ် က ဗလီကို လည်းဆိုက္ကယ်နဲ့ လူနှစ် ယောက် က ည ၁၂ နာရီခွဲလောက် မှာ ဗုံးနှစ်လုံး နဲ့ပစ်ခတ်သွားတာ လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ် ရေနံဆီကုန်း မှာ ဖြစ်ပွားတဲ့ ဗုံးခွဲမှု ကို မြင်လိုက်တဲ့ မျက်မြင် သက်သေ တယောက် က ရေနံဆီကုန်း ရပ်က ဗလီ ထဲကို လက်ပစ်ဗုံးနဲ့ ပစ်သွင်း သွားတဲ့ အကြောင်း၊ အဲဒီ လက်ပစ်ဗုံး နဲ့ပစ်သွင်း တဲ့ နေရာမှာ တလုံးက လမ်းဘေးနား မှာ ကွဲပြီးတော့၊ တလုံးဟာ ဗလီ ကမျှော်စင် အောက်မှာ မကွဲပဲကျန်နေတဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။
ဖြစ်ရပ် နှစ်ခုစလုံး ဟာ တညထဲမှာ သီးခြားစီ ဖြစ်သွားတာပါ။ ဒါပေမဲ့၊ လူအထိအခိုက်မရှိပဲ၊အဆောက်အဦး အနည်းငယ် ပျက်စီးတာပဲရှိတယ် လို့ ဆိုပါတယ်။ ဒီလို ဗုံးနဲ့ပစ်ခတ်မှု ကို ကော့ကရိတ်မြို့ရဲစခန်း ကို ဆက်သွယ် မေးမြန်းတော့၊ အတည်ပြုပြောပေမဲ့ ၊အသေးစိတ် အချက်အလက်ကို ပြောဖို့တော့ ငြင်းဆိုခဲ့ပါတယ်။ ဗလီတွေ ကို လက်ပစ်ဗုံးတွေ နဲ့ပစ်ခတ် သွားတဲ့သူတွေ က တော့၊ ထွက်ပြေး လွတ်မြောက် သွားတယ်လို့သိရပါတယ်။
ဒါပေမဲ့၊ အခုလိုဗလီ ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်တာဟာ ပြီးခဲ့တဲ့ အပတ်တုံးက၊ဘားအံ မှာ လက်ကမ်း စာစောင်တွေ ဖြန့်ပြီးတော့၊ မွတ်ဆလင်တွေ ကိုအိမ်၊ ခြံ၊ မြေတွေမရောင်းကြဖို့ လှုံ့ဆော်ပြီး၊ ရခိုင်မှာဖြစ်နေ သလိုမျိုး ဖန်တီးလိုသူတွေ ကြံစည်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောလောဆယ် မှာတော့၊ ဒေသခံ အာဏာပိုင် က လုံခြုံရေးတွေ ကို ပိုပြီး ဖြည့်တင်း ဆောင်ရွက်ထား တယ်လို့ ကော့ကရိတ် ဒေသခံတွေ က ပြောပါတယ်။ ထိုင်း အစိုးရပိုင်းနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ကတော့၊ ကျုံဒိုးနဲ့ ကော့ကရိတ်ဟာ၊ ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ပေါ်မှာ ရှိတဲ့အတွက်၊ ရခိုင် ကလို ပြဿနာမျိုး ဖြစ်ရင်၊ နှစ်နိုင်ငံကုန်သွယ် ရေးကို ထိခိုက်မှာကိုစိုးရိမ်နေကြပါတယ်။

ဘကြီးသက်
Unknown at 11:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာသွားသွား လေယာဉ်စင်းလုံးဌားစီးနိုင်ရန် NLD ပါတီ၏ဈေးရောင်းပွဲတော် အားပေးခြင်းဖြင့်ကူညီပါ

သာနောင်


 နေပြည်တော်မှ ရန်ကုန်သို့ လေယာဉ်စင်းလုံးဌားဖြင့်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်


ယမန်နေ့ညနေ ၅ နာရီ အချိန်မှ စတင်၍ ကျောက်တံတားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကြီးမူး၍
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဈေးရောင်းပွဲတော်အား ရန်ကုန်မြို့ ၃၅လမ်း(အလယ်)မှ ပန်းဆိုးတန်းလမ်းထိ ဆိုင်ခန်းများဖွင့်ကာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရသည်။ထိုဈေးရောင်းပွဲတော်အား ကျောက်တံတားမြို့နယ်တွင်သာမက
အခြားမြို့နယ်များတွင်လည်း ကျင်းပလျက်ရှိပြီး၊အဆိုပါဈေးရောင်းပွဲတော်မှ ရရှိသော အမြတ်ငွေများအားလုံးကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် သွားရေးလာရေး တွင် လေယာဉ်စီးလုံးဌားအသုံးပြုမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။
 ဒီချုပ်ဥက္ကဌ လေယာဉ်စင်းလုံးဌားစီးနိုင်ရန် ဈေးရောင်းပွဲတော်တွင် ရောင်းချပေးနေသည့် ပါတီဝင်လူငယ်များ

Myanmar Express

ဘကြီးသက်
Unknown at 11:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Windows 7 ၏ အားနည်းချက် (၁၀) ချက်




Microsoft ကုမ္ပဏီရဲ့ ထုတ်ကုန်ဖြစ်တဲ့  Windows 7 ဟာ ၂၀၁၀ ပြည့်နှစ် အတွင်း အရောင်းရ ဆုံး Microsoft ထုတ်ကုန် တစ်ခု ဖြစ်ခဲ့သလို လက်ရှိအနေ အထားမှာလည်း တဖြည်းဖြည်းနဲ့  လူကြိုက်ပိုများ လာခဲ့ ပါပြီ။ ခုဆိုရင် Windows 7 ရဲ့ Service Pack 1 တောင် ထွက်လာပြီမို့ ရှိနှင့်ပြီးသား အားနည်းချက်တွေ အတော် အတန် ဖာထေးပြီးသား ဖြစ်သွားခဲ့ပါပြီ။ ဒါတောင်မှ Microsoft ထုတ်ကုန်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ Windows 7 မှာ အားနည်းချက် (၁၀) ခုတောင် ရှိနေသေး တယ်လို့ ဆိုပါတယ်။ အဲဒါတွေက ဘာများပါလိမ့် ..။
၁။ ဖောင်းဖွနေတုန်းပဲ
Windows  ထွက်ပေါ်လာခဲ့တာ (၂၅) နှစ် ကျော်သွားခဲ့ပါပြီ။ ပြိုင်ဘက်တွေကို အဆင့်ဆင့် ဖြတ်ကျော်ခဲ့ပြီးတာ တောင်မှ Windows ဟာ သုံးစွဲသူတွေကို စိတ်ကျေနပ်မှု အပြည့်အဝ မပေးစွမ်းနိုင် သေးပါဘူး။ Windows နဲ့ ပတ်သက်ရင် အလိုမကျစရာတွေက တစ်ပုံတစ်ပင် ရှိနေမြဲဖြစ်ပြီး Windows မုန်းတီးသူ၊ Microsoft မုန်းတီးသူ တွေကိုလည်း မွေးထုတ် ပေးနိုင် ခဲ့ပါတယ်။ အဓိက ပြဿနာ တစ်ရပ်ကတော့ Windows ရဲ့ ပမာဏ ဖောင်းပွ နေတာပဲ ဖြစ်ပါတယ်။ Microsoft ကတော့ အသုံးပြုသူတွေ အဆင်ပြေအောင် Software အဟောင်းတွေ၊ Hardware အဟောင်းတွေနဲ့ လိုက်ဖက်မှု ရှိအောင် စီမံပေးထားတဲ့ သဘောပါ။ ဒါပေမဲ့ ၁၉၉၆ ခုနှစ်လောက်က ထုတ်လုပ်ထားတဲ့ Software ကို သုံးစွဲလို့ရအောင် ဖန်တီးပေးထား တယ်ဆိုတာ သိပ်ပြီးတော့ အဓိပ္ပာယ် မရှိလှပါဘူး။ Windows အသစ်တွေထွက်တိုင်း အဟောင်းတွေဆီကနေ Settings တွေ လက်ဆင့်ကမ်း ယူသွား လိုက်တာ Windows 7 အဆင့်ရောက်တဲ့ အခါမှာတော့ ကြီးကလည်းကြီး၊ လေးကလည်းလေး ဖြစ်သွားတော့ တာပါပဲ။
၂။ လုံခြုံရေး ပြဿနာတွေ
Windows OS ဟာ လူကြိုက်များမယ့်သာ များနေတာ၊ သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Mac OS, Linux တို့လောက် တောင် လုံခြုံမှု မရှိဘူးလို့ ကွန်ပျူတာကျွမ်းကျင်သူ အချို့က တောက်လျှောက် ဝေဖန်လာခဲ့တာပါ။ Windows Vista ထွက်လာ တော့ Windows XP ထက် အများကြီး ပိုလုံခြုံတယ် ဆိုပြီး ကြော်ငြာ ခဲ့ပါတယ်။ ဆိုးတာက Windows Vista ဟာ Hardware လိုအပ်ချက် အလွန်များပြီး “လေး” လွန်းလို့ ဘယ်သူကမှမကြိုက် ဖြစ်သွား ခဲ့ပါတယ်။ Windows 7 ထွက်လာတော့ Windows Vista ထက်တောင် ပိုမိုလုံခြုံတယ်ဆိုပြီး Microsoft လိုလား သူတွေက ခပ်ကြွားကြွားလေး ပြောခဲ့ ကြပါတယ်။ ဒီစကားဟာ မှန်သင့် သလောက်တော့ မှန်ပါတယ်။ ဒါပေမဲ့ Windows 7 တောင်မှ အချက်အလက် အခိုးခံရ တာကနေ Hard drive တစ်ခုလုံး ပျက်စီး သွားနိုင်တဲ့ အထိ လုံခြုံရေးဟာ ပေါက်တွေ ရှိနေပါ သေးတယ်လို့ Microsoft ဟာ ဆိုက်ဘာလူဆိုးတွေရဲ့ တိုက်ခိုက်မှုတွေ ရန်ကနေ ကာကွယ် နိုင်ဖို့ တစ်နည်းနည်းေ တာ့ ကြံဆရ ပါဦးမယ်။
၃။ လူတကာရဲ့ ပြစ်မှတ်ဖြစ်လာ
ကမ္ဘာတစ်လွှားက Windows အသုံးပြုသူ တွေအတွက် လုံခြုံရေး ပြဿနာတွေ အရင်တုန်း ကတည်းက များနေ ရတဲ့ အထဲ Windows ကိုမှ ဦးတည် တိုက်ခိုက်တဲ့သူ ပိုပိုများလာတဲ့ အချက်က ဘူးလေးရာ ဖရုံဆင့် ဖြစ်လာ စေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက် ကဆိုရင် ဆိုက်ဘာခြိမ်း ခြောက်မှု တစ်ခုကို အလွယ်တကူ ဖယ်ရှား နိုင်ခဲ့ပေမယ့် အခုဆိုရင်တော့ ခြိမ်းခြောက်မှု တစ်ခုကိုမှ ဖြေရှင်းလို့ မပြီးသေး ဘူး၊ နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုက ထပ်ပြီး ပေါ်လာတတ် ပါသေးတယ်။ ဒါဟာ မူပိုင်ခွင့် နည်းပညာတွေနဲ့ လက်ဝါးကြီးအုပ် တတ်လွန်းတဲ့ Microsoft ကိုမုန်းတဲ့သူ များလာ တာကြောင့် ဖြစ်တဲ့အပြင် အိုင်စီတီ နည်းပညာကို အရူးအမူး လေ့လာလိုက် စားကြရင်း လမ်းမှား ရောက်သွားတဲ့ လူငယ်တွေ များလာတာ ကြောင့်လည်း ဖြစ်ပါတယ်။
အားလုံးသိတဲ့ အတိုင်း လူတိုင်းနဲ့ လက်လှမ်းမီပြီး အလွယ်တကူ လက်တည့် စမ်းနိုင်တဲ့ နည်းပညာ ဆိုလို့ Microsoft Windows ပဲရှိတာမို့ ဒီလိုဖြစ် နေရတာပါ။ Microsoft ဟာ အားလုံးနဲ့ အဆင်ပြေအောင် မနေနိုင်ရင် အားလုံးထက် နှာတစ်ဖျား သာအောင်တော့ အမြဲကြိုး စားနေဖို့တော့ လိုပါလိမ့်မယ်။
၎။ Software စုစည်းမှုအားနည်း
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ Apple ကုမ္ပဏီဟာ သူတို့ရဲ့ Mac OSX Snow Leopard မှာ သုံးစွဲနိုင် မယ့် Application တွေကို စုစည်းပေး ထားတဲ့ Mac App Store ဆိုတာကို စတင် လွှင့်တင် ပေးခဲ့ပါတယ်။ ဒီဝဘ်ဆိုက်ဟာ တဖြည်းဖြည်းနဲ့ လူသုံးများ လာတဲ့ iPad နဲ့ iPhone အတွက်ပါ အထောက် အပံ့ပေး နိုင်ပါ တယ်။ Software တွေ အားလုံးကို တစ်နေရာ တည်းမှာ အလွယ်တကူ ဝယ်ယူလို့ ရတော့ Mac OSX  ရဲ့ လူကြိုက်များမှု ပမာဏလည်း ထိုးတက် သွားခဲ့ ပါတယ်။ Microsoft ကတော့ Windows 7 နဲ့ ပတ်သက်လာရင် ဒီလိုမျိုး အွန်လိုင်း Software Store မလုပ်ပေး နိုင်သေးပါဘူး။ Android မှာလည်း သူ့ရဲ့ ကိုယ်ပိုင် App Store ရှိလို့ အောင်မြင်လာ တာဖြစ်သလို iPod ဆိုတာကလည်း သီချင်းရောင်းတဲ့  iTunes ဝဘ်ဆိုက်ရှိလို့ လျှမ်းလျှမ်း တောက် သွားခဲ့တာပါ။ Mac OS ဘက်ကို လူတွေ ပြန်လှည့်မသွားဖို့ Windows 7 App Store တစ်ခုတော့ ရှိဖို့လိုနေပါပြီ။
၅။ ကိုယ်ပိုင်ဟန်ရှိဖို့လိုတယ်
Microsoft ဟာ ကမ္ဘာ့နံပါတ် (၁) နေရာရဖို့ ဘာမဆို လုပ်ဆောင် လာခဲ့တာပါ။ အင်တာနက် Browser အပိုင်းနဲ့ ပတ်သက်ရင် Netscape နဲ့ စစ်ခင်း ခဲ့ရတယ်၊ အသုံးပြုသူ ဘက်က တွေ့မြင်ရတဲ့ သွင်ပြင် (UI) အတွက် Apple နဲ့ ယှဉ်ပြိုင်ခဲ့ ရတယ် အစရှိသဖြင့် အပွဲပွဲနွှဲ လာခဲ့ရတဲ့ Microsoft ဟာ တကယ်တမ်း မှာတော့ သူ့ပြိုင် ဘက်တွေရဲ့ နည်းပညာ တွေကို တစ်ခု မဟုတ်တစ်ခု အတုခိုးရင်း ရှေ့တက်လာခဲ့ တာပါ။ ဒီတော့ Microsoft ရဲ့ Windows ဟာ ကိုယ်ပိုင် သွင်ပြင် မရှိလှဘဲ ဟိုစပ်စပ် သည်စပ်စပ်နဲ့ ရောမွှေ ထားသလို ဖြစ်နေ ပါတယ်။ သူ့မှာ ကိုယ်ပိုင်ဟန်ရှိဖို့ လိုအပ်လာပါပြီ။ Windows မှာ သုံးလို့ရတဲ့ Application တော်တော် များများ ကို အထောက် အပံ့ပေးတဲ့ Ubuntu Linux ဟာ ကိုယ်ပိုင်ဟန်ရှိလို့ အောင်မြင်လာတာပါ။
၆။ Cloud ကို ဘယ်လိုကိုင်မလဲ
Google က Chrome OS ကိုထုတ်ပြပြီး Cloud အခြေပြု လုပ်ငန်းစဉ်ကို ချပြခဲ့တဲ့အခါ Microsoft ဘက်က ဘယ်လို တုံ့ပြန်မလဲလို့ အားလုံးက သိချင်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ Microsoft ဟာ ကမ္ဘာပေါ်မှာ လူသုံးအများ ဆုံး OS ထုတ်လုပ်တဲ့ ကုမ္ပဏီ မပီသစွာနဲ့ဘဲ သိသိသာသာ  offline  ဖြစ်နေဆဲပါပဲ။ Online အခြေပြု Application တွေကို ပြိုင်ဆိုင် နိုင်ဖို့ Microsoft ဟာ စိတ်မပါ့ တပါနဲ့ပဲ ကြိုးပမ်း နေဆဲဖြစ်ပြီး သူ့ရဲ့ Office Suite ကို Online ကနေ သုံးစွဲလို့ ရအောင် ဖန်တီးပေး ထားပါတယ်။ Windows 7 ဟာ DVD ဘူးခွံနဲ့ ရောင်းတဲ့ အထဲမှာတော့ ထိပ်တန်း ရောက်နေပေမယ့် Cloud  နဲ့ ပတ်သက် လာရင်တော့ နောက်ကောက် ကျနေဆဲပါ။
၇။ MacOSX လောက် အထာမကျ
Apple ရဲ့ OS ဟာ စတင် ထွက်ပေါ်လာ ကာစက ရုပ်ထွက် အလွန်ကောင်းမွန်လို့ လူကြိုက် အလွန်များခဲ့ ပေမယ့် Windows နဲ့ Intel တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မှေးမှိန်ခဲ့ရတာပါ။ ဒါတောင်မှ ပြုပြင်သင့်တာ တွေကို ပြုပြင် နိုင်ခဲ့လို့ အခုချိန်မှာတော့ MacOSX ဟာ Windows 7 ထက် ပိုမို ပေါ့ပါးတယ်၊ ဒီဇိုင်း ပိုကောင်း တယ်၊ လုံခြုံရေး ပြဿနာ ပိုနည်းတယ်ဆိုတဲ့ ကောင်းသတင်း တွေနဲ့ မွှေးပျံ့နေပါပြီ။ ဝန်ခံစရာ ရှိတာက MacOSX ဟာ ဈေးကွက်ဝေစု အရမ်းနည်းတဲ့ အတွက် ဘယ် Hacker ကမှ အချိန်ကုန်ခံ လက်တည့်စမ်း မနေ ဘူးဆိုတဲ့ အချက်ပါပဲ။ ဒါတောင်မှ သူ့ရဲ့ Permission Settings  တွေဟာ  Windows 7 ထက် ပိုမိုကောင်းမွန် တယ်ဆိုတဲ့ အချက်ကလည်း အထင်အရှား ပါပဲ။ Windows 8 ထွက် လာတဲ့ အခါ MacOSX နဲ့ တူသည်ထက် ပိုတူ လာတယ် ဆိုရင် မထူးဆန်း ပါဘူး။
၈။ XP ကို အမြတ်ဖြတ်ဖို့ ခတ်နေ
ကုမ္ပဏီကြီးတွေရဲ့ ဝယ်ယူ အားပေးမှုကြောင့် Microsoft Windows ရယ်လို့ မော်ကြွား နေတာပါ။ စက်တစ်လုံး ကို Copy တစ်ခုပဲ ရောင်းရစေဦး၊ ကွန်ပျူတာအလုံး (၄၀၀) လောက်ရှိတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို အပိုင် ကိုင်နိုင်လိုက် မယ်ဆိုရင် ခိုင်သွားမှာပါ။ ဒါပေမဲ့ လက်ရှိဖြစ် နေတာက Windows XP ဟာ အသုံးပြုသူ တွေနဲ့ အင်မတန် အသားကျနေလို့ Windows 7 ကို Upgrade လုပ်ဖို့ စီးပွားရေး လုပ်ငန်းတွေက လက်တွန့်နေကြ ပါတယ်။ ကုန်ကျ စရိတ်ကို ပြန်တွက် ကြည့်တိုင်း တွက်ချေမကိုက် ဖြစ်နေတာက တစ်ကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ကျဆင်းနေ မှုကြောင့် အသုံးစရိတ် ချွေတာ နေရတာက တစ်ကြောင်း၊ XP ကို စွန့်ပစ်တဲ့ ကုမ္ပဏီ နည်းပါး နေပါသေးတယ်။ Windows 8 ထွက်မှ OS ပြောင်းသုံးအောင် ဆွယ်မယ် ဆိုရင်တော့ Microsoft ပြတ်ကျန် ခဲ့ပါလိမ့်မယ်။ Windows 7 အပေါ် လက်ခံမှု အတိုင်းအတာ တစ်စုံတစ်ရာ ရှိပေမယ့် အသစ်တွေ ဘယ်လောက် ကောင်းကောင်း အဟောင်းမှာပဲ တလည်လည် ဖြစ်နေတယ် မဟုတ်ပါလား။
၉။ Vista ကြောင့် မျက်နှာပျက်ခဲ့ရတာကို အဖတ်မဆည်နိုင်သေးဘူး
ပွဲတိုင်းကျော် Microsoft ဟာ Windows XP နဲ့ အောင်မြင်မှု သရဖူ ဆောင်းခဲ့ပေမယ့် Windows Vista ထုတ် အရောင်းမှာတော့ အကြီးအကျယ် မျက်နှာပျက် ခဲ့ရပါတယ်။ Windows XP  နဲ့ ဘာမှကို မဆိုင်တော့လောက် အောင် ပြုပြင်ပြောင်း လဲလိုက်တဲ့ သွင်ပြင်ကြောင့် အသုံးရ ခက်တဲ့ ကြားထဲ Hardware တောင်းဆိုမှု ကလည်း အလွန်မြင့်မား တာကြောင့် Vista ဟာ လူတွေ အလု အယက် Upgrade လုပ်ရမယ့် OS  ဖြစ်လာ ရမယ့် အစား  Vista သွင်းထား ပြီးသား စက်ကို  XP  ပြန်သွင်းရတဲ့ အဆင့်အထိ  Downgrade OS  ကြီး ဖြစ်သွား ခဲ့ပါတယ်။ Vista ကြောင့် Microsoft ရဲ့ အမာခံ လက်တွဲဖော်တွေ ဖြစ်တဲ့ Dell နဲ့ HP တို့ပါ အကြီး အကျယ် နစ်နာခဲ့ရပြီး အသုံးပြုသူ တော်တော် များများလည်း Mac OS X နဲ့ Linux ဘက်ကို လှည့်သွား ခဲ့ပါတယ်။ Windows 7 ထွက်ပေါ်တာ တစ်နှစ်လောက် ကြာသွားပြီးတဲ့ နောက်မှာတော့ Vista နဲ့ ပတ်သက်တဲ့ စိတ်နာစရာတွေကို လူတွေ မေ့သင့်သလောက် မေ့သွားပြီလို့ ဆိုရပေမယ့် Windows 8 ကို စိတ်အား ထက်သန်စွာ စောင့်ဆိုင်း နေတဲ့ ပရိသတ် ဦးရေတော့ လျော့ကျ သွားခဲ့ ရပါပြီ။
၁၀။ အကြံပေးစကား နားထောင်ဖို့လို
Microsoft ရဲ့ အကြီးဆုံး ပြဿနာ ကတော့  Windows ကို ထုတ်လုပ်တဲ့ (၂၅) နှစ်တာ ကာလအတွင်း ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့ အကြံပေး စကားတွေကို နားမထောင်ခဲ့တဲ့အချက်ပါပဲ။ Windows နဲ့ပတ် သက်ပြီး ဝေဖန်သူ တွေက ဘာတွေ ပြောနေတယ်၊ အသုံးပြုသူတွေက ဘာတွေ မကျေနပ်ဘူးလဲ စတာတွေကို အသိအမှတ်ပြုဖို့ Microsoft က နှေးကွေးနေခဲ့တာပါ။ Windows Vista ရဲ့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ဝေ ဖန် ပေးကြဖို့ တစ်ကြိမ်သာ ဖွင့်ပေးခဲ့တာကလွဲရင် Microsoft ကုမ္ပဏီဟာ အသုံးပြုသူ အသိုင်းအဝိုင်းနဲ့ ခပ်စိမ်းစိမ်း ပါပဲ။ ရှေ့ကို ဆက်သွား မယ်ဆိုရင် Microsoft ဟာ ငြင်းခုံစရာ တစ်ခုခုဖြစ်လာတိုင်း အပေါ်စီးကနေ ပြောဆို တတ်တဲ့ အကျင့်ကို လျှော့ပြီး Windows ရဲ့ ပြဿနာတွေကို လူတွေ ပြောတာထက်စာရင် Windows ရဲ့ အကျိုး ကျေးဇူး တွေကို လူတွေ ပိုပြောလာဖို့ ဆောင်ရွက်ပေး ရပါမယ်။ Linux အသုံးပြုသူ အသိုင်း အဝိုင်းကိုပဲ ကြည့်ကြည့်၊ Mac OSX အသုံးပြုသူ အသိုင်းအဝိုင်းကိုပဲ ကြည့်ကြည့်၊ Windows အသုံးပြုသူ အသိုင်းအဝိုင်း ထက် စာရင်တော့ မိခင်ကုမ္ပဏီအပေါ် ပိုပြီး သက်ရောက်မှု ရှိကြပါတယ်။ ပြောရရင်တော့ Windows ဟာ လူသုံးအများ ဆုံး ဆိုပေမယ့် လူချစ်လူခင် အများဆုံးတော့ မဟုတ်ခဲ့ပါဘူး။ အထက် ဖော်ပြပါ အချက်တွေကို ပြုပြင် ဆောင်ရွက် နိုင်မယ် ဆိုရင်တော့ အသည်းစွဲ ပရိသတ်တွေ ရှိလာ နိုင်ပါရဲ့။
 Myanmar Express ဘကြီးသက်
Unknown at 11:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ


မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပ
ွဲတော်တွေအရလည်း အဘိဓမ္မာအခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့သူတွေအတွက်လည်း ထူးခြားတဲ့ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်
တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါ
တယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်
ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့
ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့
ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်
တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှု
တစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထူးခြားမှုတွေ ပေါင်းစုထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်း
သံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလကျွတ်လွတ်ပြီးဆုံးခြင်း
ကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြား
ချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်
တစ်ခုအနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်
အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ဥပုသ်သီလလေးဆောက်
တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်းမှုကုသိုလ် အသေးလေး
တောင် မလုပ်ဖြစ်တဲ့ သူတွေအနေနဲ့ တစ်ခါတလေ စဉ်းစားကြည့်သင့်
ပါတယ်။ မအားတာဟာ ဘာတွေကြောင့် မအားတာလဲ၊ စားရေးအတွက်လား၊
နေရေးအတွက်လား၊ ဒါဆိုရင် သေရေးအတွက်နဲ့ ဘဝသံသရာ အရေး
အတွက်ကော ဘယ်လိုလုပ်မလဲပေါ့၊ သေဖို့တောင် မအားဘူး ဆိုရင်တော့
သေမင်းက အားတဲ့အချိန်ကို စောင့်ခေါ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်မအားလည်း သူကအားအောင် လုပ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ကုသိုလ်
ဆိုတာ တစ်နေကုန် အချိန်ပေးပြီး လုပ်မှရတာ မဟုတ်ပါဘူး။ ဘဝအရေး
အတွက် မအားဘူးဆိုရင်လည်း ဒီလို နေ့ထူးနေ့မြတ်လေးတွေမှာတော့ မနက်အိပ်ယာထ၊ ဘုရားသောက်တော်ရေ ကပ်တာတို့၊ ဘုရားဂုဏ်တော် တစ်ခုခု ပွားများတာတို့။ မေတ္တာလေးတွေ ပွားများတာတို့ စသဖြင့် ပေါပေါ့
ပါးပါးလေးနဲ့ မှတ်မှတ်ရရလေး ဖြစ်အောင် လုပ်ယူလို့ ရတာတွေ အများကြီး
ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်မှာ သဒ္ဓါတရားလေးတွေ တိုးပွား
အောင် ကြိုးစားပြီး ကောင်းတဲ့စိတ်လေးတွေနဲ့ နေ့ထူးနေ့မြတ် တစ်ခုမှာ မှတ်မှတ်ရရ ကုသိုလ်တစ်ခုခုကို ရအောင်လုပ်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် နေ့စဉ်သောက်နေတဲ့ အရက်ကလေးကို ဒီလိုနေ့မျိုးမှာ မသောက်ဘူးဆိုပြီး သန္ဒိဋ္ဌာန်ချကာ နေလိုက်နိုင်ရင်ကိုပဲ ဒါဟာ ကိုယ့်အတွက် ကုသိုလ်တစ်ခု ရယူလိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။

ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုး
တွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်
ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကို
ဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြား
အနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်
ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်
ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်ထူးမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူ
အညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေးလုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့
အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက်(၃၀-၁၀-၂၀၁၂)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်
နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြ
ပါရန် အသိပေးတိုက်တွန်းရင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အဖြစ် အမှတ်တရ အသိမျှလိုက်ရပါတယ်။

အရှင်ဝိစိတ္တ(ဒိုက်ဦး)

Photo: သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့
Sunday, October 28, 2012 

လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ
 မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာအခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့သူတွေအတွက်လည်း ထူးခြားတဲ့ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်
တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါ
တယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်
ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့
ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့
ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်
တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှု
တစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထူးခြားမှုတွေ ပေါင်းစုထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ  ရဟန်း
သံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလကျွတ်လွတ်ပြီးဆုံးခြင်း
ကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြား
ချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်
တစ်ခုအနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်
အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ဥပုသ်သီလလေးဆောက်
တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်းမှုကုသိုလ် အသေးလေး
တောင် မလုပ်ဖြစ်တဲ့ သူတွေအနေနဲ့ တစ်ခါတလေ စဉ်းစားကြည့်သင့်
ပါတယ်။ မအားတာဟာ ဘာတွေကြောင့် မအားတာလဲ၊ စားရေးအတွက်လား၊
 နေရေးအတွက်လား၊ ဒါဆိုရင် သေရေးအတွက်နဲ့ ဘဝသံသရာ အရေး
အတွက်ကော ဘယ်လိုလုပ်မလဲပေါ့၊ သေဖို့တောင် မအားဘူး ဆိုရင်တော့
 သေမင်းက အားတဲ့အချိန်ကို စောင့်ခေါ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်မအားလည်း သူကအားအောင် လုပ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ကုသိုလ်
ဆိုတာ တစ်နေကုန် အချိန်ပေးပြီး လုပ်မှရတာ မဟုတ်ပါဘူး။ ဘဝအရေး
အတွက် မအားဘူးဆိုရင်လည်း ဒီလို နေ့ထူးနေ့မြတ်လေးတွေမှာတော့ မနက်အိပ်ယာထ၊ ဘုရားသောက်တော်ရေ ကပ်တာတို့၊ ဘုရားဂုဏ်တော် တစ်ခုခု ပွားများတာတို့။ မေတ္တာလေးတွေ ပွားများတာတို့ စသဖြင့် ပေါပေါ့
ပါးပါးလေးနဲ့ မှတ်မှတ်ရရလေး ဖြစ်အောင် လုပ်ယူလို့ ရတာတွေ အများကြီး
ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်မှာ သဒ္ဓါတရားလေးတွေ တိုးပွား
အောင် ကြိုးစားပြီး ကောင်းတဲ့စိတ်လေးတွေနဲ့ နေ့ထူးနေ့မြတ် တစ်ခုမှာ မှတ်မှတ်ရရ ကုသိုလ်တစ်ခုခုကို ရအောင်လုပ်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် နေ့စဉ်သောက်နေတဲ့ အရက်ကလေးကို ဒီလိုနေ့မျိုးမှာ မသောက်ဘူးဆိုပြီး သန္ဒိဋ္ဌာန်ချကာ နေလိုက်နိုင်ရင်ကိုပဲ ဒါဟာ ကိုယ့်အတွက် ကုသိုလ်တစ်ခု ရယူလိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ 

ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုး
တွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်
ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကို
ဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြား
အနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်
ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်
ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်ထူးမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူ
အညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေးလုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့
အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက်(၃၀-၁၀-၂၀၁၂)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်
နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြ
ပါရန် အသိပေးတိုက်တွန်းရင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အဖြစ် အမှတ်တရ  အသိမျှလိုက်ရပါတယ်။

အရှင်ဝိစိတ္တ(ဒိုက်ဦး)

ဘကြီးသက်
Unknown at 10:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.