Tuesday, October 23, 2012

Miss International 2012 အဖြစ် ဂျပန်အလှမယ် သရဖူဆွတ်ခူး


Miss International 2012 အဖြစ် ဂျပန်အလှမယ် သရဖူဆွတ်ခူး
Miss International 2012 နောက်ဆုံးယှဉ်ပြိုင်မှုနှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ဂျပန်နိုင်ငံ အိုကီနာဝါတွင် ယနေ့ ကျင်းပပြုလုပ်ရာ ဂျပန်အလှမယ် အိုင်ကူမီ ယိုရှိမတ်စု (Ikumi Yoshimatsu) က Miss International ဆုကို ဆွတ်ခူးရရှိသွားသည်။

Miss Japan

Miss International 2012 တွင် နိုင်ငံတကာမှ အလှမယ် ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံမှလည်း နိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် နန်းခင်ဇေယျာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Miss Internet ဆုကို ရရှိခဲ့သည်။

Miss Myanmar Nang Khin Zay Yar

Miss International 2012 တွင် ဆုရရှိသော အလှမယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Miss International 2012 ဆုများ

Miss International - Miss Japan (Ikumi Yoshimatsu)

1st Runner-up - Miss Finland (Viivi Suominen)

2nd Runner-up - Miss Sri Lanka (Madusha Mayadunne)

3rd Runner-uip - Miss Dominican Republic (Melody Mir)

4th Runner-up - Miss Paraguay ( Nicole Huber)

ဆန်ကာတင် ၁၅ ဦးစာရင်းဝင် အလှမယ်များ

Rafaela Butarelli (Brazil), Melissa Varon (Colombia), Anedie Azael Haiti), Rochelle Maria Rao (India), Jessica Garcia Formenti (Mexico), Paulina Malulu (Namibia), Nicole Schmitz (Philippines), Alize Lily Mounter (United Kingdom), Amanda Renee Delgado (USA), Blanca Aljibes (Venezuela)

အခြားဆုများ

Miss Friendship - Miss Mauritius (Ameeksha Dilchand)

Miss Talent - Miss Russia (Ikumi Yoshimatsu)

Miss Internet - Miss Myanmar (Nang Khin Zay Yar)

Miss Photogenic - Miss Japan (Ikumi Yoshimatsu)

Miss JOICEF - Miss Hati (Anedie Azael)

Best National Costume - Miss Honduras (Nicole Velasquez)


Planet News
ဘကြီးသက်
Unknown at 1:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားဝယ်လျှင် အရှုံးပေါ်မည်ဟု စီးပွား/ကူးသန်းဝန်ကြီး သတိပေး


နိုင်ငံသားတိုင်း ကားစီးနိုင်ရမည်ဟု သမ္မတဦးသိန်းစိန်က စီမံချက်ချ အကောင်အထည်ဖော်ဟု စီးပွား/ကူးသန်း ဝန်ကြီးက ပြောသည် (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံ၏ ကားဈေးကွက်ကို နိုင်ငံတကာပုံစံသို့ ဦးတည် ပြောင်းလဲလျှက်ရှိသောကြောင့် လက်ရှိ အနေအထားတွင် ကားဝယ်မည် ဆိုပါက အရှုံးပေါ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ ကူးသန်း) ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ပြောဆိုလိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီးနောက် နိုင်ငံသားတိုင်း ကားစီးနိုင်ရမည်ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ စီမံချက်ဖြင့် ကားဈေးနှုန်းများကို လျှော့ချခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကားဈေးနှုန်းများမှာ ယခင်ထက် အဆပေါင်းများစွာ ကျဆင်းခဲ့ပြီဖြစ်ကြောင်း၊ အစိုးရ၏ ကားမူဝါဒမှာ နိုင်ငံတကာ ကားဈေးကွက်ပုံစံဖြင့် ကားအရောင်း စင်တာများတွင် ပြည်သူများ အခက်အခဲမရှိ ဈေးနှုန်းချိုသာစွာ ၀ယ်ယူနိုင်ရန် ဖြစ်ကြောင်း ဦးဝင်းမြင့်က ရှင်းပြသည်။
“အရင် ကျပ် သိန်း ၃၀၀၀၊ ၄၀၀၀ ရှိခဲ့တဲ့ ကားတွေ အခု သိန်း ၂၀၀ ပဲရှိတော့တယ်။ သိန်း ၂၀၀ နဲ့ ကားကောင်းကောင်း စီးလို့ရပြီ။ အခု ကားဈေးကွက်က တည်တည်ငြိမ်ငြိမ် ဖြစ်မယ့် အခြေအနေတခုကို သွားနေတယ်။ သိပ်မကြာခင် ကာလမှာ နိုင်ငံတကာ ဈေးကွက်ပုံစံကို တဖြည်းဖြည်း သွားနေတယ်။ ချက်ချင်းကြီးတော့ လုပ်လို့မရဘူး။ ဒါပေမယ့် ကျနော် ပြောနိုင် တာက ကားဝယ်ရင် မြတ်မယ့်ခေတ် ကုန်သွားပြီ။ ကားဝယ်ရင် အရှုံးပေါ်မယ်။ ကိုယ်တော့ စီးရတာပေါ့” ဟု သူက ဆိုသည်။
ကားဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ၎င်းကိုယ်တိုင်ပင်လျှင် ယခင် သိန်းထောင်ချီကားများ လက်ဝယ် ပိုင်ဆိုင်ထားသဖြင့် အရှုံးပေါ်ခဲ့ပါကြောင်း ဦးဝင်းမြင့်က ပြောသည်။
“ကျနော့်မှာလည်း လင့်ခရူဆာ လေးစီးရှိတယ်။ အရင်တုန်းကဆိုရင် သိန်း ထောင်ချီတန်တဲ့ ကားတွေပေါ့။ အခု သိန်း ရာချီလောက်ပဲ တန်တော့တယ်။ ကျနော်လည်းရှုံးတာပါပဲ။ ဒါပေမယ့် ဒါက မလုပ်လို့မရဘူး။ နိုင်ငံက တကယ့်ဒီမိုကရေစီ ဈေးကွက်စီးပွားရေး စနစ်ဆီ သွားနေပြီ။ ၂၀၁၅ ဆိုရင် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေ လာတော့မယ်။ အစစ အရာရာ ကျနော်တို့က ပြင်ဆင်ရတော့မယ်” ဟု ၎င်းက ဆက်ပြောသည်။
လတ်တလော ကားဈေးကွက် ကားသစ်များ တင်သွင်းနိုင်သော ကားဟောင်းအပ်နှံသော စလစ် ဈေးနှုန်းများ မြင့်တက်လျှက် ရှိသည်ဆိုသော သတင်းများကို စီးပွား /ကူးသန်း ၀န်ကြီးဌာန အနေဖြင့် သိရှိထားကြောင်း၊ အဆိုပါ ၀န်ကြီးဌာန အနေဖြင့်လည်း ကားတင်သွင်း လိုသော နိုင်ငံသားတဦးချင်းစီ အလိုက် ဆက်လက် တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ကားတင်သွင်းခွင့် ပါမစ် လိုင်စင်များကို ပိတ်ပင်ရန် မရှိကြောင်း၊ ကောလာဟလ လွှင့်ကာ ဈေးကစားနိုင်သော
ခေတ်လည်း မဟုတ်ကြောင်း သူက ရှင်းပြသည်။
“ထင်သာမြင်သာရှိရှိနဲ့ ကျနော်တို့လုပ်သွားမယ်။ အခုဆိုရင် ကားစီးရေ ခြောက်သောင်းကျော် တင်သွင်းခွင့်ပြုပြီးပြီ။ အဲဒီမှာ ကားသစ်စီးရေ သုံးသောင်းနီးပါးနဲ့ ကားဟောင်းလဲတာ သုံးသောင်းကျော် ရှိတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ကားသစ် များပြားလာခြင်းကြောင့် လမ်းများ ပိတ်ဆို့နေသည်ဆိုသော ပြောဆိုချက်များအပေါ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“ကားလမ်းပိတ်တဲ့ အထဲမှာ စည်းကမ်း မလိုက်နာတွေကလည်း အဓိက အချက်တချက်လို ဖြစ်နေတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အပိုင်းကို သေသေချာချာလေး လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ကားဈေးတွေ ကျလာတဲ့အချိန်မှာ တော်တော်လေးကို လူတွေ ကားစီးနိုင်လာကြတယ်။ ကျနော့်ဇာတိ တန့်ဆည်ကိုပြန်တဲ့ အချိန်မှာဆိုရင် နယ်က လမ်းတွေပေါ်မှာ ကားကောင်းတွေ တော်တော်များများ တွေ့ရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ကားဝယ်မစီးနိုင်သေးသော ပြည်သူများအတွက်လည်း ခရီးသည်တင်ကား အသစ်များ ၀ယ်ယူတင်သွင်းလျှက်ရှိပြီး လတ်တလော ခရီးသည်တင်ကားသစ် စီးရေ ၁၀၀၀ ကျော် ရောက်ရှိနေကာ ဆက်တိုက် တင်သွင်းခွင့် ပြုသွားရန်ရှိသည်ဟု သိရသည်။
ပြည်တွင်း ဈေးကွက်တွင်မူ ကားသစ်များ တင်သွင်းမှု များပြားခြင်းနှင့် ဆိပ်ကမ်းရောက် ကားတန်ဖိုး ပြင်ဆင် သတ်မှတ် ပေးရန်ရှိခြင်းကြောင့် ကားအရောင်းအ၀ယ် ငြိမ်သက်ပြီး ဈေးနှုန်း တန့်နေသည်။
ယခင် စစ်အစိုးရ လက်ထက်က ကားတင်သွင်းခွင့် ပါမစ်ကို အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့သောကြောင့် နှစ် ၂၀
ကျော် သက်တမ်းရှိ ကားဟောင်းတစီး၏ တန်ဖိုးသည် ကျပ်သိန်း ၃၀၀ အထက်တွင်ရှိခဲ့ပြီး မော်ဒယ်မြင့် ကားသစ်တစီးလျှင် အနည်းဆုံး ကျပ် သိန်း ၁ ထောင်ကျော် ဈေးပေါက်ခဲ့သည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 1:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြားဖူးထားတဲ့ အာမေးနီးယန်း လူမျိုးတယောက် ရွှေတိဂုံဘုရား ဌာပနာတိုက်ထဲရောက်ရှိဖူးတဲ့အကြောင်းပါ။ ဒီတခါတော့ အပြည့်အစုံပါပဲ။


ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်ရာစေတီတော်ကြီးဖြစ်တဲ့ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေအတက်အကျအလိုက်ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ
့ရွှေလှေတစ်စီးရှိတယ်လို့မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရသိရှိရပါတယ်။

မစ္စတာအပရမေကိုကြေးမုံသတင်းစာကတွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာသူငယ်ချင်းတွေနဲ့အတူရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိဌာပနာတိုက်ဝကိုရောက်တဲ့အခါမှာရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ချဉ်းကပ်တောင်းပန်ပြီးဌာပနာတိုက်ထဲကိုဆင်းခဲ့တယ်လို့ဆိုပါတယ်။ရသေ့ကြီးရဲ့ခွင့်ပြုချက်အရဌာပနာတိုက်ထဲကိုဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်းတည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့(၁၀) ပေပတ်လည်လောက်ရှိတဲ့ရေတွင်းရှိတယ်။ ရေတွင်းဟာပင်လယ်ရေအတက် အကျအလိုက်ရေအနိမ့်အမြင့်ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ ရေတွင်းထဲမှာအလျား (၆) ပေခွဲခန့်ရှိပြီးကျောက်မျက် ရတနာများနဲ့စီချယ်ထားတဲ့ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာဒီရေအတက်အကျအလိုက်ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များ လို့ယူဆရတဲ့ဌာပနာတွေကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့အတိအကျမပြောနိုင်ဘူးလို့ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ထူခြားချက်မှာ တစ်ခန်း လုံးထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသောအလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကိုပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံကရှေးဗိသုကာတွေရဲ့လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ဌာပနာတိုက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ တာဖြစ်လို့နှောင်းလူတွေသုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကိုမြေပုံဆွဲလို့တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်းမစ္စတာအပရမေကိုတွေ့ဆုံ မေးမြန်းပြီးဌာပနာတိုက်တည်နေရာကိုလိုက်လံပြသစေတဲ့အခါမှာဌာပနာတိုက်လှိုဏ်ဂူဟာရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိဆုတောင်းပြည့်ဘုရားနဲ့ဆုတောင်းပြည့်တန်ဆောင်းနေရာမှာရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများထပ်မံမွမ်းမံပြင်ဆင် ထားမှုကြောင့်အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီ ရဲ့လှိုဏ်ဂူအောက်မှာသာရှိတယ်လို့ခန့်မှန်းညွှန်ပြသွားနိုင်တယ်လို့သိရပါတယ်။ မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်ကဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ်တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့
အိမ်ထောင်ကျပြီးသားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီး
မြေးများနဲ့အတူ ဘောက်ထော်မှာနေထိုင်တယ်လို့ သတင်းမှာ
ဖော်ပြထားပါတယ်။ မစ္စတာအပရမေ ကိုယနေ့ကြေးမုံကတွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ဖော်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာတည်ရှိတဲ့ ဆံတော်တွင်းဌာပနာတိုက်ကြီးအကြောင်း ကို နှောင်းလူများသိရှိစေရန်ထပ်မံဖော်ပြရခြင်းဖြစ်ပါတယ်။


ဘကြီးသက်
Unknown at 1:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု၊ ဗေဒင်ယုံကြည်မှု

ခေါင်းစဉ်ဖတ်လိုက်တာနဲ့ အင်မတန်စိတ်ဝင်စားစရာကောင်းမဲ့ အကြောင်းအရာဆိုတာ စာဖတ်သူ ဓမ္မမိတ်ဆွေတို့ သိရှိမှာဖြစ်ပါတယ်။
 ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ နတ်ကိုးကွယ်ဆည်းကပ်ခြင်းသည် မှန်သလော မှားသလောမှာ ဆိုတာ တော်တော်များများ ဇဝေဇဝါဖြစ်နေသော မေးခွန်းဖြစ်ပါတယ်။ “ဘယ်နတ်မှ မကိုးကွယ်ဘူး။
အိမ်စောင့်နတ်လေးတော့ ကိုးကွယ်တယ်” ဆိုတာမျိုးတွေက အစ အားလုံးရှင်းလင်းအောင် တတ်နိုင်သမျှ ရှင်းလင်းပြသွားပါမယ်။
 ၃၁ ဘုံမှာ နတ်တို့ဟာ နတ်ပြည်ခြောက်ထပ်မှာ စံမြန်း (နေထိုင်) ပါတယ်။ ဒါတွေထားလိုက်ပါ။ (သေချာသိချင်တယ်ဆိုရင် ဘုံအကြောင်း သည်းသန်ရေးပါ့မယ်။) ဗုဒ္ဓဘာသာဝင်အများစု ကိုးကွယ်နေသော နတ်မျိုးပေါင်းစုံရှိပါတယ်။ ကိုကြီးကျော်၊ ရှင်ကြီး၊ရှင်လေးဆိုလား၊ ဘဲဥလက်နှစ်ဖက်ကိုင် နတ်မယ်။ မယ်ဝဏ္ဏ။ မဖဲပြာလား၊ ဝါလား။ နတ်စိမ်းလားဘာလား အမျိုးမျိုးအထွေထွေရှိပါတယ်။ ရေကြောက်သောနတ်၊ရေနိုင်သော နတ်၊ မီးကြောက်သောနတ်၊ မီးနိုင်သောနတ် စသည်ဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုးကိုးကွယ်နေတာ အင်မတန် စုံလင်လှပါတယ်။
 စိတ်ကနေ စတင် စမ်းစစ်ပါမယ်။ လူတွေဘာကြောင့် နတ်ကိုးကွယ်ကြလဲ။ ရိုးရိုးလေးသာ အဖြေထုတ်ရသော်  အန္တာရယ်ဆိုးကျိုးတွေမကြုံရအောင် နတ်ကိုးကွယ်တယ်။ လာဘ်လာဘ ရွှင်အောင် နတ်ကိုးကွယ်တယ်။ ဒါကတော့ အဓိကအချက်တွေပါ။ ဒီမှာ တရားကိုယ်ရှာလို့ရပါတယ်။
လူတွေ ဘေးဒုက္ခဆိုးကျိုးတွေကြုံရမှာ အင်မတန်ကြောက်ကြပါတယ်။ အကြောက်တရားတွေ လွန်ကဲလာတဲ့အခါ အမှန်အမှားမြင်၊ အမှားအမှန်မြင်ပေါ့။ ဥပမာ- ၁၀ တန်းစာမရလို့ စာမေးပွဲကျမှာကို ကြောက်လို့ ဘယ်နတ်ကိုခေါ်တဲ့ သစ်ကိုင်း၊ ပန်းတွေလည်း မသိ။ စာမေးပွဲခန်းကိုယူဆောင်ပါတယ်။ သေချာတာကတော့ စာမရရင်ကျမယ်။ စာရရင်အောင်မယ်။ ကံ၊ ကံ၏ အကျိုးကို သိလျက်နဲ့လက်မခံတဲ့ သူတွေဖြစ်ပါတယ်။ ဥပမာ များစွာရှိပါတယ်။ ဖခင်ဖြစ်သူ သင်္ဘောသား ပင်လယ်မှာ ဘေးအန္တာရယ် မကျအောင် ရေနိုင်တဲ့ နတ်ကိုကိုးကွယ်တယ်။ ရန္တယာတွေချေတယ်။ (စာလုံးပေါင်းမှား သီးခံပါ)  ပြီးတော့ ဖခင်က နဂိုကတည်း ဘေးဒုက္ခကြုံစရာမရှိလို့ အေးချမ်းတာကို နတ်ကိုးကွယ်သည့် အကျိုးကျေးဇူးကြောင့် ယန္တရာ အကျိုးကြောင့် စသည်ဖြင့် ထင်မြင်လာကြပါတယ်။
 ကြောက်စိတ်ကတော့ ဒေါသတစ်မျိုးဖြစ်ပါတယ်။ ဆုံးရှုံးမှာကြောက်တဲ့လောဘလည်း ဖြစ်ပါတယ်။ လာဘ်လာဘလိုချင်၊ ကြီးပွားချင်တာကတော့ လောဘ ဖြစ်ပါတယ်။ ဒါဆို နတ်ကိုးကွယ်ခြင်း သည် လောဘနှင့်ဒေါသကို အခြေခံပါတယ်။ ဒါဆို မသိမှု (အဝိဇ္ဇာ) မောဟ ဖုန်းနေတာ အလွန်သိသာပါတယ်။
 ဗေဒင်လည်းထိုနည်းတူစွာ ဖြစ်ပါတယ်။ ပြုပြင်ဖန်တီးလို့မရတဲ့ နောင်အနာဂါတ်ကာလကို ပြုပြင်ရတယ်လို့ ထင်မြင်သော သူတွေဟာ ဗေဒင်ကိုယုံပါတယ်။
 ဗေဒင်နဲ့ပက်သက်ရင်တော့ ရှင်းရမှာ ရှည်ပါတယ်။ သိပ္ပံနည်းကျပါတယ်ဆိုတာမျိုးတွေရှိနေလို့ဖြစ်ပါတယ်။ အမှန်တော့ ဗေဒင်မှန်သည်ပဲထား စိတ်တန်းခိုးပြင်ထန်ရ်ျ ကြိုမြင်သည်ပဲထား။ သင်ဘာတတ်နိုင်မှာနည်း။
 ဗေဒင်ဆရာက သင် သေနိုင်ကိန်းရှိတယ်။ ဘုရားသွား စနေထောင့်မှာ ပန်းနဲ့ ဆီမီးကပ်ပါလို့ ညွန်ရင်သွားကြပါတယ်။ အချိန်ကအစတိကျတာတွေလုပ်ပါတယ်။
ဒါဆို ယင်းကဲ့သို့ လုပ်သူက ဘာကြောင့်လုပ်တာလဲ။ ဟုတ်ပါတယ်။ သေရမည်ဟူသော မရဏတရားကို ကြောက်လန့်သော စိတ် (ကိလေသာလောဘ) ကြောင့်၊ ဘဝကို စွဲလမ်းသော (လောဘ)ကြောင့် အမှန်ပင် ပန်းနှင့် ဆီမီးသွားကပ် ပါသည်။ လူမှန်လျှင် ကံမှန်လျှင်၊ သေနေ့စေ့လျှင် သေရမည်။ ဒုက္ခတွေ့ရမည့် ကံတွေ့လျှင် တွေ့ကိုတွေ့မည်။
 ဒေါသနဲ့ လောဘအခြေခံတဲ့ ယင်းကဲ့သို့ ကုသိုလ်ဟာ အင်မတန်ညံ့ဖြင်းပါတယ်။ စိတ်မထားတတ်လျှင် အကုသိုလ်ပင် ဖြစ်အုံးမယ်။
 အားလုံးသိတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ နတ်ကိုးကွယ်လျှင် သရနဂုဏ် ပျက်သည်ဆိုခြင်းပင်။ ဟုတ်ပါသည်။ ပျက်ပါသည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ အစစ်အမှန်ကိုးကွယ်ရာ၏ ဟူရ်ျ ဖြစ်သည်။ မှန်ပါသည်။ ယင်း ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ရာသည်။ ဒါကို ထေရဝါဒ ဗုဒ္ဓဘာသာ မည်ပါတယ်။
 နတ်တွေက လူတွေနဲ့ ယှဉ်ရင် အထက်ဘုံမှာ ရှိနေပေမဲ့ လူတွေထက် ဘုန်းကံနိမ့်သောနတ်များလည်း ရှိပါတယ်။ ဒါကတော့ စတုမဟာရာဇ် နတ်ဘုံက နတ်သေးနတ်မွားတွေဖြစ်ပါတယ်။ ညောင်ပင်စောင့်နတ်တွေကတော့ ယင်းနတ်အမျိုးအစားတွေဖြစ်ပါတယ်။ သူတို့ဟာ တန်ခိုးနည်းပါးပြီး လူ့ဘုံမှာ ပြန်လည် ကျက်စားရတာမျိုးတွေရှိပါတယ်။
 ဒါဆို သူတို့တွေအမှန်တကယ်ရှိပါတယ်။ ကိုကြီးကျော်၊ မဖဲဝါ။ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် သူတို့ကို ကိုးကွယ်လျှင်တော့ မှားပါမယ်။ သူတို့တောင် ဘုန်းကံမြင့်တဲ့လူသား (ရတနာသုံးပါး ပူဇော်ဆည်းကပ်ပြီး တရားအားထုတ်သော လူပုဂ္ဂိုလ်တို့မှ အမျှဝေသော ဆုကို အင်မတန်မျော်လင့်တဲ့ နတ်များဖြစ်ပါတယ်။
နတ်ဝင်ပူးတယ်ဆိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အလိမ်အညာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တယ်ဆိုတာက ယင်းကဲ့သို့ နတ်သေးနတ်မွားတွေဟာ လူတွေကို ခြောက်လှန့်စားသောက်ရတာ ဖြစ်ပါတယ်။ ပြီး မ,စတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့က ပြန်လည်ကျေးဇူးဆပ်တဲ့သဘောနဲ့ ကူညီတယ်တို့ ဖြစ်နိုင်ပါတယ်။ ဒါကလည်း အကူညီခံရမဲ့ ကံပါတဲ့ သူမှ အကူညီခံရမှာ ဖြစ်ပါတယ်။
 နတ်တွေက လူကိုကိုးကွယ်သည်။ အမျှဝေလျှင် နတ်တို့ကို လည်း ရည်စူးဝေပါတယ်။ သူတို့လည်း ၃၁ ဘုံမှ ကျွတ်လွတ်လိုပြီး လူတို့ ဝေတဲ့အမျှကို လာရောက်ခွဲခြမ်းယူခြင်းဖြစ်ပါတယ်။ အဲဒီလို အမျှဝေတာကို လက်ခံပြီး သာဓုခေါ်တဲ့ နတ်တွေလည်း ကုသိုလ်ရပါတယ်။ ဒါကြောင့် နတ်တွေဟာ ကုသိုလ်လုပ်တဲ့သူတွေကို စောင့်ရှောက်ပါတယ်။
 နတ်တွေက အဲဒီလိုစောင့်ရှောက်ဖေးမလို့ရလို့လား လို့ ဇောဒက တက်စရာရှိပါတယ်။ ဆိုလိုရင်းက ပြုသော ကုသိုလ်ကံကြောင့် ခံရမည့် အကုသိုလ်အကျိုးပေး နည်း/လွဲချော်သွားပြီး၊ ကောင်းကျိုးကုသိုလ်တွေကို ဖော်ဆောင်ပေးခြင်းမျိုးဖြစ်ပါတယ်။ ဘာမှ အပိုရတာမရှိပါဘူး။ အကြောင်းကြောင့် အကျိုးဖြစ်ပါတယ်။
 အချို့ ပြောတာရှိပါသေးတယ်။ နတ်မကိုးကွယ်ဘူး ဗြဟ္မာတွေကိုသာ ကိုးကွယ်သည်။ ပိုလို့သာ ဆိုးပါသည်။ ဗြဟ္မာဟူသည် နှစ်မျိုးရှိသည်။ ရုပ်ရှိပြီး နာမ်မရှိသော ဗြဟ္မာ၊ နာမ်ရှိပြီး ရုပ်မရှိသော ဗြဟ္မာ။ သမထ ဘာဝနာ ကျင့်စဉ်သို့လမ်းလွဲသွား လို့ ဘဝဆိုးရှည်တဲ့ ဗြဟ္မာဘဝကို ရောက်နေသော ပုဂ္ဂိုလ်တို့က ဘယ်လိုနည်းဖြင့် လူတွေကို ကူညီမစမလည်း။ ရုပ်ရှိ၊ စိတ်မရှိ။ စိတ်ရှိလည်းရုပ်မရှိ။ အင်္ဂါမပြည့်စုံသော ဗြဟ္မာများကို ကူညီပါ မစပါဆို ပိုလို့သာဝေးပါသည်။
 ဗုဒ္ဓဘာသာစစ်မယ်၊ ရတနာသုံးပါဆည်းကပ်မယ်။ အလှူအတန်း၊ ကုသိုလ်လုပ်နေမယ်ဆိုရင် ယင်းကဲ့သို့လူတွေကို နတ်တွေက ကိုးကွယ်တယ်။ မ,စ ပါတယ်။ တကူးတက သွားကိုးကွယ်နေစရာ မလိုပါ။ ကိုးကွယလျှင်မှားယွင်းမည်ဖြစ်သည်။
 နတ်ဆိုလျှင် မည်သည့်နတ်ကိုမှ ကိုးကွယ်စရာမလိုပါ။ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ်တို့လည်း ပါဝင်ပါသည်။ လောကစောင့်နတ်တို့လည်း ပါဝင်ပါသည်။ စကြဝဌာစောင့်နတ်တို့လည်း ပါဝင်သည်။
 ဗေဒင်ကိုဆက်ရှင်းပါမယ်။ ဗေဒင်တွေမေးကြတယ်။ မှန်တယ်လို့လည်းဆိုကြပါတယ်။ ဒါကလည်း အောက်လမ်းအတတ်။ အောက်လမ်းအတတ်ဆိုတာ နတ်အနိမ့်စားတွေကူညီဖေးမတဲ့ အတတ်ဖြစ်ပါတယ်။ အဲလိုလည်း ပြီးစလွယ်ပြောလို့မရပါဘူး။ ဗေဒင်က ဗုဒ္ဓဘာသာမှ မဟုတ်။ ဘာသာတိုင်းမှာ ရှိနေပါတယ်။ ဗေဒင်က ပရလောကနဲ့ ဆက်စပ်ပါတယ်။ သိပ္ပံနည်းကျတယ်လို့လည်းရှိပါတယ်။ ရှေ့ရေးကိုကြိုမြင်အောင် ကြည့်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ လက်ဖဝါးကြည့်လို့ အားလုံးသိတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ နှစ်ထောင်သောင်းမက လေ့လာခဲ့တဲ့ လက္ခဏဗေဒကို အခြေခံပြီး သိပ္ပံနည်းကျ သင်ယူးထားတဲ့ ပညာတွေဖြစ်ပါတယ်။ ဗေဒင်တွေမှန်ကောင်းမှန်လိမ့်မည်။
 သို့ပေမဲ့ ဗေဒင်တွေ ဘယ်လောက်ပဲမှန်မှန်၊ ရှေ့ဖြစ်နောက်ဖြစ် ဘယ်လောက်ပဲမှန်မှန်၊ (မှားလည်းမှားမည်)  ဗေဒင်ကို ဗုဒ္ဓဘာသာဝင်တို့ အယုံတကြည်လိုက်လုပ်ဖို့လိုသလား။ ယုံကြည် လက်ခံသင့်သလား။
အထက်က ရှင်းပြသလိုပါပဲ။ ဗေဒင်မေးခြင်း၊ ယန္တရာချေခြင်းသည် ဆိုခြင်းမှာလည်း လောဘ၊ ဒေါသ၊ မောဟ သုံးပါးကိုအခြေခံပါတယ်။
 အချို့ ဘဝအေးချမ်းအဆင်ပြေနေရင်တောင်။ ဝါသနာမဖြတ်နိုင်လို့ ဗေဒင်မေးပါတယ်။ ဒီထက်ပိုချမ်းသာမလား။ ယောင်္ကျားဖောက်ပြန်ကိန်းရှိမလား။ ငွေရှုံးနိုင်သလား။ အားလုံးအားလုံး ကိလေသာတွေနဲ့ ထူပြောနေပါတယ်။ ကံကြမ္မာကို ပြုပြင်လို့ရတယ်အမှတ်နဲ့ ကြိုးစားပြုပြင်နေကြပါတယ်။
 မည်သို့ပင်မှန်မှန် ဗေဒင်ယန္တရာဖြင့် ဘဝကံကို ပြုပြင်ယူလို့မရပါ။
သို့သော် နည်းသွားအောင်။ ပါးသွားအောင်။ ကားတိုက်သေရမည့် ကိန်းမှ ခြေထောက်ကျိုးသည်လောက်ပဲ ကြုံအောင်၊ သန်း ၂၀ ထီပေါက်ရမဲ့ ကံကနေ သိန်း တစ်ထောင် ပေါက်ရသည့် ကံအထိ ရောက်သွားအောင် တော့ ပြုပြင်လို့ရပါတယ်။ သို့ပေမဲ့ အဲဒီလိုတွေပြုပြင်လို့ရတာ ဗေဒင်က ပေးတဲ့ ယန္တရာ မဟုတ်ပါဘူး။ ဘုရားဆီးမီးကပ်ဆိုလို့သွားကပ်တယ်။ ကိုယ့်မှာ သေရမှာကြောက်တဲ့စိတ် (ဘဝမက် လောဘ)နဲ့။ ထီပေါက်လိုတဲ့ ကိလေသာ လောဘနဲ့ ကပ်ကြတယ်ပူဇော်ကြတယ်။ လှူကြတယ်။ လုံးဝလုံးဝ အကျိုးမပေးပါ။
 ကုသိုလ်ကံက သာ ယင်းတို့ကို ပြုပြင်စီရင်ပေးပါတယ်။ ဒါကလည်း ပြုပြင်စီရင်ခံရမဲ့ ကံပါမှ ဖြစ်ပါတယ်။ သေချာတာကတော့ ကံ၊ကံ၏အကျိုးပါ။ ကုသိုလ်ဖိလုပ်ပြီး ဘေးဒုက္ခကို ယာယီလှည့်စားတဲ့သဘောသာရှိပါတယ်။ အချိန်တန်လျှင် ခံရမှာက ခံရမှာ ဖြစ်ပါတယ်။
  နိဂုံးချုပ်ကတော့ ဗေဒင်ကို မအားကိုးပါနဲ့။ နတ်တွေကို မအားကိုးပါနဲ့။ မိမိကိုယ်ကိုယ်သာ အားကိုးပါ။ မိမိကံမိမိသာ ဖန်တီးသည်။ စစ်မှန်သော ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်နိုင်ကြပါစေ။
 အောင်ခမ်း (International news for myanmar)

ဘကြီးသက်
Unknown at 1:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

NLD ပါတီဝင် ၅၀၀ ပါတီကနေ နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍


ဖေ့ဘုတ်ပေါ်မှာတွေ့ရတဲ့ NLDပါတီဝင် ၅၀၀ ဗဟိုစနစ်ဦးစီးတာ ဒီမိုကရေစီမဆန်တာကြောင့် ပါတီကနေ နှုတ်ထွက်မယ်ကြားတော့ ကျွန်တော်ပထမဦးဆုံး ပြေးမြင်မိလိုက်တာက NLDပါတီဝင်သစ်တွေ တံခါးမရှိ ဓါးမရှိ အဖွဲဝင်ခွင့်ပေးလိုက်တာကြောင့် အတိုက်ခံပါတီထဲကသူလျှိုတွေရဲ့
 လက်ချက်လို့ဆိုပြီး ဒေါသထွက် မိပါတယ်။ ပြီးတော့ နိုင်ငံတော်ရဲ့ ပြည်သူအထောက်ခံဆုံးပါတီကို စနစ်တကျ ပြိုကွဲအောင် NLD ပါတီတွင်း မကျေမလည်အောင် ဖန်တီးချက်တစ်ခု အောင်မြင်သွားတာလား လို့ မြင်မိပါတယ်။ ဒါပေမဲ့... အဖြစ်မှန်ကို သေချာသုံးသပ်ကြည့်လိုက်တော့ ပါတီတွင်းမကျေလည်မှုတွေ အနည်းနဲ့ အများဖြစ်ပေါ်နေတာတွေ့သတိချပ်မိပါတယ်။ ဒီလိုပါတီဝင်ဦးရေ ၅၀၀ နှုတ်ထွက်မယ်လို့ကြားတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ တစ်ဘက်ကအကြောင်းရာတွေပြန်ပြီး ဇစ်မြစ်လိုက်ကြည့်တော့လဲ သူတို့နှုတ်ထွက်တာမှားတယ်လို့ ပြောမရပြန်ပါဘူး။ ပါတီတွင်းမှာ နီးစပ်ရာလူတွေနဲ့ ဗဟိုစနစ်တွေနဲ့ပဲကြီးစိုးနေတာများပါတယ်။ NLDဗဟိုအလုပ်အမှုဆောင်တွေဘက်က အားနည်းချက်တွေရှိသလို တိုင်းနယ်၊ပြည်နယ်တွေမှာလဲ ခေါင်းဆောင်ရွေးချယ်မှုအားနည်းနေသလို၊ စည်းကပုဂိုလ်တွေမှာလဲ နီးစပ်ရာ လူတွေချည်းခန့်ထားတာတွေ့ရပါတယ်။ ခန့်တာကခန့်ပါ။ အဆင်ပြေသလိုခန့်တာ ကိစ္စမရှိပါဘူး။ ထောင်တစ်ခါကျဖူးလို့ပဲခန့်ခန့်၊ နှစ်ခါကျဖူးလို့ပဲခန့်ခန့်၊ ဒါအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ NLD ပါတီမှာ တော်ပြီးတတ်ပြီး တကယ်အပင်ပမ်းဆင်းရဲခံပြီး လုပ်နေကြတဲ့သူတွေ လက်ချိုးရေလို့ရပါတယ်။ အခုလိုပါတီလွတ်လပ်ခွင့်ရလာတဲ့အချိန်မှာ ဝေးလားဝါးလားလုပ်ချင်တဲ့ ရေပေါ်ဆီလေးတွေလည်း ပါလာသလို။ ပါတီကို အချိန်မရွေးတိုက်ခိုက်နိုင်တဲ့ ဒလန်တွေ၊ သူ့လူငါ့ဘက်သားတွေလည်း တရုန်းရုန်းနဲ့ မြင်နေရပါတယ်။ သူတို့ကိုသူတို့ တကယ့်နိုင်ငံရေးပညာရှင်ကြီးတွေယောင်ယောင်လုပ်နေကြပုံတွေ၊ စတိုင်ဖမ်းနေတာတွေတွေ့ရတော့ စိတ်ပျက်မိပါတယ်။ ဒါကအပရိကပါ။ ထားပါ။ NLDပါတီဟာ ရှေ့ဆက်သွားရမဲ့ လမ်းစဉ်တွေအများကြီးပါ။ 
ပါတီတိုးတတ်ရေးမှာ ဘာတွေလုပ်ကိုင်ကြမလဲဆိုတာ ထောက်ရှု့ရရင် NLDပါတီထဲမှာ အလွန့်အလွန်အားနည်းနေပါသေးတယ်။ NLDပါတီဟာ သာမန်ပါတီတစ်ခုမဟုတ်ခဲ့သလို၊ ပြည်သူတွေ သိန်းနဲ့ချီပြီး အသက်၊ သွေး၊ချွေး၊ သံတိုင်တွေနဲ့ ရင်းပြီးမှ ဖြစ်ပေါ်လာခဲ့ရတဲ့ပါတီတစ်ခုပါ။အခုလို ပါတီလွတ်လပ်ခွင့်ရလာတဲ့အချိန်မှာ နိုင်ငံသားတွေအလွှာအသီးသီး နယ်ပယ်အသီးသီးက လူပုဂိုလ်တွေကောင်းတဲ့ဘက်က ပါဝင်လာတဲ့အချိန်မှာ ယခင်ဒေါ်အောင်ဆန်းစုကြည် မရှိခင်က ဖြစ်သလိုတပ်ပျက်ပြီး တွေ့ကရာ ၀ါသနာပါသူတွေ စိတ်ဝင်စားရုံနဲ့ ဖွဲစည်းထားတဲ့ ပုံစံမျိုးမဖြစ်သင့်တော့ပါဘူး။ အသိပညာရှင် အတတ်ပညာရှင်တွေ NLDပါတီထဲမှာရှိနိုင်ပါတယ်။ အဲ့ဒီလိုအသိပညာရှင်အတတ်ပညာရှင်တွေကို ဖော်ထုတ်ပြီး ပါတီရဲ့ လိုအပ်ချက်တွေမှာ အကြံကောင်း ဥာဏ်ကောင်းများပါတီတွင်းကိစ္စရပ်များ သေချာ တိတိပပထမ်းဆောင်ပေးနိုင်မလား သေချာစစ်ဆေးပြီး တာဝန်ခန့်အပ်ရပါမယ်။ တစ်လတစ်ခါ သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလဲ တိကျတဲ့ ရီပိုစ်တင်ခိုင်းရပါမယ်။ ထောင်ကျဖူးရုံနဲ့ ဘူးသီးလက်ညှိုးတိုးတဲ့အမှုကို နိုင်ငံရေးအမှုပါပြောပြီး ပါတီထဲမှာ အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍတွေမှာ နေရာပေးနေလို့ မဖြစ်ပါဘူး။ အာပေါင်အာရင်းသန်သန်ပြောနေရုံနဲ့ တာဝန်ပေးအပ်လို့မရပါဘူး။ အခုလက်ရှိ ပါတီထဲကလုပ်နေကြတဲ့သူတွေတချို့ကိုတွေ့ပါတယ်။ လုပ်ချင်စိတ်ပြင်းပြတယ်၊ လုပ်ချင်တယ်။ ဘာကစပြီး လုပ်ရမယ် နားမလည်ကြဘူး။ နားလည်လို့သိလို့ပြောရင်လည်း လက်ခံနိုင်မှုစွမ်းရည်တွေ နည်းပါးနေကြပါတယ်။ သွေးနားထင်ရောက်နေကြဟန်ရှိပါတယ်။ တချို့ဆိုအပြောဆိုကအစ မိုက်ရိုင်းနေတာမျိုးရှိပါတယ်။ ဘာ့ကြောင့်ရိုင်းတာလဲ ဘာ့ကြောင့်ငါ့စကားနွားရပြောတာလဲ သူ့ရဲ့ အကြောင်း လေ့လာလိုက်တော့ အင်္ဂလိပ်စာမပြောနဲ့ မြန်မာစာတောင် ဖြောင့်အောင်မရေးနိုင်ဘူး။ ဘယ်ရာထူးယူထားလဲဆိုတော့ လူငယ်တာဝန်ခံတဲ့။ ကျွန်တော်သေချာပြန်စဉ်းစားကြည့်တော့ ရာထူးကနည်းတဲ့ရာထူးမှမဟုတ်ပဲ။ သူပြောပုံဆိုပုံတွေက တော်တော်ကို စိတ်ပျက်စရာကောင်းပြီး အောက်တန်းကျနေတာတွေ့ရပါတယ်။ အဲ့ဒီလိုပဲ အချို့အချို့သောပုဂိုလ်များကို မြင်နေရပါတယ်။ ကျွန်တော်တစ်ချိန်ပါတီရုံးရောက်ခဲ့တော့ တတ်တဲ့သူတွေ ပညာတတ်တွေကော စဉ်းစားတွေခေါ်နိုင်တဲ့သူတွေကောတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေဟာ စကားများများ မပြောကြသလို ပါတီရုံးမှာ အေးအေး ခပ်ကုပ်ကုပ်ပုံစံမျိုးတွေနဲ့သာ တွေ့ရပါတယ်။ ပါတီရုံးကိုလာပြီးဦးညွှတ်တဲ့သဘောနဲ့ လာတဲ့သဘောလောက်ပဲရှိတယ်။ ဒီလိုအတတ်ပညာရှင်တွေ စဉ်းစားတွေခေါ် စီမံနိုင်တဲ့သူတွေက စကားများများမပြောကြတာလဲပါတော့ ချောင်ထဲရောက်နေကြတယ်။ ဒီလိုလူတွေကို ဘာလို့ သေချာမဖော်ထုတ်ပဲ တာဝန်တွေမပေးနိုင်တာပါလဲ။ ကိုယ်နဲ့မျက်မှန်းတန်း နီစပ်ရာလူတွေပဲ လေအပေါကောင်းတဲ့သူတွေနဲ့ လေကျယ်နေကြသူတွေပဲ အရေးပါတဲ့အခန်းကဏ္ဍ တွေမှာတွေ့နေရတယ်။ တချို့တတ်တဲ့သူတွေလည်း ရှိနေမှာပါ။ တကယ်နေရာပေးရမဲ့သူတွေ နေရာမပေးနိုင်တာတွေဟာ.. ပါတီတိုးတတ်ရေးမှာ ဆုပ်ယုတ်စေတယ်လို့မြင်ပါတယ်။ ပါတီတွင်း အရေးပါတဲ့အခန်းကဏ္ဍတွေမှာလဲ လေးစားရလောက်တဲ့ လုပ်ကိုင်ပုံစည်းစနစ်ကျပြီး ပညာတတ်တွေ၊ အတွေးခေါ်ရင့်သန်သူတွေ ခန့်ထားနိုင်ခဲ့မယ်ဆိုရင်လည်း ပါတီပြသနာတွေ လွယ်လွယ်ကူကူနဲ့ ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။ ဒါဟာ... အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ။
 နောက်တစ်ချက်က ပါတီထဲကလုပ်ဆောင်နေတဲ့အပိုင်း ကဏ္ဍတွေဟာ ပြည်သူတွေပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ချပြသင့်တာချပြနိုင်ဖို့ ဘယ်လိုအပိုင်းတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ၀ိုင်းဝန်းစဉ်းစားကြဖို့လိုပါတယ်။ ဒါမှပြည်သူတွေအတွက် ပွင့်လင်းမြင်သာမှုရလာနိုင်မှာဖြစ်ပါတယ်။ အခုတွေ့နေရတဲ့ ပါတီတွင်း ဗဟိုအလုပ်အလုပ်မှုဆောင် တွေရဲ့လုပ်ရပ်နဲ့ စီမံခန့်ခွဲမှုတွေဟာ ဘာကဘာဆိုတာတော်တော်ကို စဉ်းစားယူရမလိုဖြစ်နေပါပြီ။ အလုပ်အမှုဆောင်တွေအားနည်းချက်ရှိတာကို ဝေဖန်အကြံပေးဖို့ တချို့ ပညာရှင် နိုင်ငံရေးနဲ့ထင်ပေါ်ကျော်စောခြင်းမရှိသော ပုဂိုလ်များ ဝေဖန်အကြံပေးစာတင်တယ်လို့ ကြားရပါတယ်။ ဒါပေမဲ့စာက အလုပ်မှုဆောင်တွေ ကြားထဲကတစ်ဆင့်သွားပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဆီ ရောက်တယ်လို့ ကြားပါတယ်။ ကြားထဲကတချို့စာများ မရောက်ဘူးလို့လဲကြားပါတယ်။ တစ်ဆင့်ခံပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဆီစာရောက်တာကို လက်ခံပါတယ်။ ပြည်သူချစ်တဲ့ပုဂိုလ်မို့ အနယ်နယ် အရပ်ရပ်ကစာတွေလာတာ ပေါက်ကရရေးပို့တဲ့သူတွေလဲရှိချင်ရှိမှာစိုးလို့ ကြားထဲကတစ်ဆင့်ခံပေးထားတာ။ ဒါပေမဲ့ အရေးပါတဲ့ ဆွေးနွေးပြောပြချက်တွေ ပါတီကို ရတဲ့ဘက်ကနေ မအားတဲ့ကြားကနေ တချို့ အချိန်ကုန်ခံပြီး စာနဲ့ ဝေဖန်အကြံပေးတာတွေ ကြားထဲကစာဖတ်တဲ့သူတွေက သူတို့နဲ့ အဆင်ပြေတဲ့စာမျိုးပဲလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ဆီရောက်တယ်လို့ကြားပါတယ်။ ဒီလိုတွေဖြစ်တာဘာ့ကြောင့်လဲလို့တော့ မစဉ်းစားတတ်ပါဘူး။ နောက်တစ်ချက်အနေနဲ့က NLDပါတီဝင်သစ်လက်ခံတဲ့နေရာမှာ ပါတီဝင်များကို စီစစ်ထိန်းချုပ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါဟာ ဘာနည်းစနစ်ကိုကျင့်သုံးထားလဲဆိုတာ နားမလည်ပါဘူး။ NLDပါတီဟာ အတိုက်ခံမရှိတဲ့ ပြိုင်ဘက်ကင်း ပါတီတစ်ခုဆိုရင်တော့ ဒီနည်းဟာ သုံးကောင်းသုံးလို့ရနိုင်ပါမယ်။ ဒါပေမဲ့အတိုက်ခံပါတီများရှိနေသေးတဲ့အတွက် ပါတီတွင်း စိတ်ဝမ်းကွဲမှုသွေးထိုးလှုံ့ဆော်မှု ဒလန်များ ပါဝင်လာခဲ့မယ်ဆိုရင် ပြသနာတွေ တဖြည်းဖြည်းကြီးထွားလာပါလိမ့်မယ်။ ပါတီဝင်သစ်များလက်ခံတဲ့နေရာမှာကော ပါတီမှတ်ပုံတင်ပေးခဲ့သလား။ ပါတီဝင်ရဲ့ ကိုယ်ရေးရာဇ၀င် အချက်လက်ပြည့်ပြည့်စုံစုံ စစ်ဆေးလက်ခံခဲ့မှုတွေကောရှိခဲ့လားဆိုတာ ပြန်မေးချင်ပါတယ်။ ပါတီရင်ထိုးတံဆိပ်များ ပါတီရုံးရှေ့မှာ လွယ်လွယ်ရောင်းခွင့်ပေးနေတာကို ကောဘယ်လိုလုပ်မလဲဆိုတာပါ။ အချုပ်ပြောရရင်တော့ NLDပါတီဟာ တိုင်းနယ်အသီးသီးကရဟန်းရှင်၊လူပေါင်း များစွာနဲဆိုင်တဲ့ပါတီပါ။့ ပြည်သူထဲက အတတ်ပညာရှင် အသိပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးမှ ပါတီတွင်းမှာ လိုအပ်ချက်အားနည်းချက် အားသာချက်တွေကို ပြုပြင်နိုင်မှာဖြစ်ပါတယ်။ အားသာချက်တွေကို ဒီထက်ကောင်းအောင် ဘယ်လိုဆက်လုပ်မယ်။ အားနည်းချက်တွေကို ဘယ်လိုပြုပြင်ရမယ်ဆိုတဲ့
အခန်းကဏ္ဍပေါင်း များစွာကို သေချာလုပ်ဖို့ အချိန်တန်ပါပြီ။ အခုဆိုရင် ၂၀၁၃ရာက်ဖို့ တစ်လကျော်သာလိုတော့မှာဖြစ်ပါတယ်။ ကျန်တဲ့အချိန် ၂ နှစ်အတွင်းမှာ NLDဟာ စည်းကမ်းပြည်ဝပြီး ခိုင်မာကျစ်လစ်တဲ့အသိပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံရေးပညာရှင်တွေ၊ စုစည်းတည်ဆောက်ထားတဲ့ ပုံစံမျိုးနဲ့ဆက်သွားနိုင်မှသာလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၂၀၁၅ရွေးကောက်ပွဲဟာ ပြည်သူတွေလိုချင်တဲ့ ရလဒ်ကောင်းထွက်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှခိုင်မာကျစ်လစ်အောင် ဖွဲစည်းဖို့ မစွမ်းဆောင်နိုင်သေးရင် ပြည်သူတွေမျှော်လင့်တဲ့၂၀၁၅ရွေးကောက်ပွဲဟာ သဲထဲရေသွန်သာဖြစ်သွားနိုင်ပါတော့တယ်။

ဘယ်ပါတီမှမ၀င်တဲ့ မျိုးချစ်သူရဲကောင်း
21.10.2012/53း8pm

ဘကြီးသက်
Unknown at 12:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Sky Net မီဒီယာ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်






အဂတိလိုက်စားမှု ပပျောက်ရေးနှင့်စပ်လျဉ်း၍ Sky Net ၏မေးမြန်းချက်




အဲတော့ ပထမက အဂတိလိုက်စားမှု စောစောကလည်း ဒီမေးခွန်း ကျွန်တော် တို့ မေးပါတယ်။ အဲတော့ အဂတိ လိုက်စားမှုက ချက်ချင်း ခုနကလို ပပျောက်အောင် လုပ်ဖို့ကတော့ မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ အပိုင်းမှာ ခုနကလို ဒီအမှု အကြီးအသေးပေါ်မှာ မူတည်ပြီး အရေးယူတာတွေ ဒါတွေက ကျွန်တော်တို့ ခုနကလို ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲတော့ စောစောကပြောသလို အရေးယူတာ တစ်ခုတည်းနဲ့ အဂတိလိုက်စားမှုဟာ မပျောက်နိုင်ဘူး။ သူရဲ့ ခုနကလို စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဘို့ ဒါလည်း ကျွန်တော်တို့ အင်မတန်မှ အရေးကြီးပါတယ်။

အဲတော့ စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဘို့ အတွက်ကျတော့ နိုင်ငံရဲ့ စီးပွားရေးပေါ့ အဲတော့ နိုင်ငံရဲ့ စီးပွားရေး ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတာ ဒီကိစ္စပဲ ကျွန်တော်တို့ ဖြစ်ပါတယ်။ ဒါတွေလည်း ကျွန်တော်တို့ ဒီကိစ္စအတွက်နဲ့ အခု အနည်းနဲ့အများ ကျွန်တော်တို့ ပါဝင်ပါတယ်။ အဲတော့ ကောင်းမွန်တဲ့ အစိုးရ သန့်ရှင်းတဲ့ အစိုးရဆိုတာ ဒါကျွန်တော်တို့က ခုနကလို မျှော်မှန်းချက် ဒါကျွန်တော်တို့ ဖြစ်ပါတယ်။ ရောက်သလားဆိုတော့လည်း ကျွန်တော်တို့ ရောက်တယ်လို့ပြောလို့မရပါဘူး။ ဘာလို့ ဆိုတော့ ဒီပြဿနာကဒီ၊ ရှိနေတယ်၊ အဂတိလိုက်စားမှုတွေရှိနေတယ်၊ မမှန်မကန်မှုတွေ ရှိနေတယ်၊ သို့သော်လည်းခုနကလိုအစိုးရက မျက်ကန်းလမ်းလျှောက် ခုနကလို ဒီတိုင်းသွားနေလို့မရပါဘူး။ ရည်မှန်းချက်တစ်ခုကို ကျွန်တော်တို့ချမှတ်ရပါမယ်၊ ဒါကြောင့်မို့ ခုနကလိုကောင်းမွန်တဲ့အစိုးရဖြစ်အောင် အစီအမံတွေ၊ ဒါ၊ ချပြီးတော့မှ၊ ဒါ၊ ကွပ်ကဲအုပ်ချုပ်မှု အပိုင်းတွေနဲ့ လဲအများကြီးဆိုင်ပါတယ်။ ဒါလဲကျွန်တော်တို့ ကျိုးပမ်းပြီးတော့ လုပ်နေတာတွေ ရှိပါတယ်။

နောက်တစ်ခုကတော့ ခုနကလိုသန့်ရှင်းတဲ့ အစိုးရဖြစ်လာဖို့၊ ခုနကလို အဂတိအမှုကိစ္စတွေကို။ အဲတော့ဒီအပိုင်းကပြည်သူလူထုရဲ့၊ ကျွန်တော်တို့ အားပေးကူညီမှု ကလဲလိုပါတယ်။ ပြည်သူလူထုရဲ့အကူအညီလဲ အများကြီးလိုပါတယ်၊ ဟာ ၊ ဒီလို၊ ခုနကလို၊ ဒီရဲကြီးကလာဘ်စားနေတာပဲဆိုပြီးတော့ ဒီအတိုင်း၊ ကျွန်တော်တို့၊ ပြောယုံနဲ့တော့ မပြီးပါဘူး။ ဘယ်လိုကပေးရတယ်၊ ဘယ်လောက်ပေးရတယ်၊ ဘယ်သူက၊ ဒါမျိုးတိတိကျကျနဲ့ ကျွန်တော်တို့ ခုနကလိုဖော်ထုတ်ပြီးတော့မတိုင်ကြားသမျှ အရေးယူဖို့က တော်တော်လေး ခက်ပါတယ်၊ ဥပဒေအရ။ ဒါမျိုးတွေတိတိကျကျနဲ့ ခင်ဗျားတို့ ပြည်သူတွေဘက်ကလဲ၊ ဟုတ်လား၊ ဖော်ထုတ်မယ်၊ တိုင်ကြားမယ်၊ ခုနကလို၊ ဖြစ်နိုင်ရင်၊ ခုနကလိုကိုယ့်နာမည်နဲ့၊ မှတ်ပုံတင်နဲ့ပါထည့်ပေးပါ၊ ကျွန်တော်တို့ ခုနကလို၊ အမှုကိုသေချာလေးကျွန်တော်တို့ သေချာလေးစစ်ဆေးပြီးတော့ ထိထိရောက်ရောက်နဲ့ ကျွန်တော်တို့ အရေးယူ ဆောင်ရွက် နေပါတယ်။ နော်၊ ဒါလေးကျွန်တော်ပြောချင်ပါတယ်။
  Myanmar Express
ဘကြီးသက်
Unknown at 12:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်းပြား၊ မြောက်ဦးတွင် လူမျိုးရေး ပဋိပက္ခဖြစ်

ရခိုင်ပြည်နယ်၊ မင်းပြားနှင့်မြောက်ဦးမြို့နယ်တို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွား၍ ကျေး ရွာတချို့ မီးလောင်ကျွမ်းပြီး လူတချို့သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပုရိမ်ကုန်းကျေးရွာတွင် ယနေ့နံက် ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၀၀ ၀န်းကျင် နှင့် ဘုန်းတော်ကြီးကျောင်းတခု မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများကပြောသည်။ ထိုမီးလောင်မှုသည် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် ဘာသာဝင်တို့အကြား ပဋိက္ခဖြစ်ပွားရာမှ စတင်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူတချို့သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၁၀ ဦး ကျော်ရှိကြောင်း မြောက်ဦး ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

နှစ်ဘက် အပြန်အလှန်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ် ဘီလူးရွာမှ ကိုအောင်မိုး (အသက် ၃၄ နှစ်) ၏ ရုပ်အလောင်းကို ရရှိထားပြီး ကျန်လေးဦး၏ အလောင်းကို ရရှိရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း မြောက်ဦးမြို့ နာရေးကူညီမှု အသင်းက ဧရာဝတီ ကို ပြောသည်။

မြောက်ဦး မြို့နယ်တွင်းရှိ ပရိန်ရွာသည် မွတ်စလင်များနေထိုင်သည့် ကျေးရွာတခု ဖြစ်ပြီး ပုရိမ်ကုန်းရွာနှင့် တဖက်ကမ်းဟု သိရသည်။ လူသေဆုံးမှု၊ နေအိမ်မီးလောင်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့်ပတ်သက်၍ သတင်းအမျိုးအမျိုး ပြန့်နှံ့နေသည့်အတွက် အတည်ပြုနိုင်ရန် မြောက်ဦး ရဲစခန်း သို့ ဧရာဝတီ က ဆက်သွယ်ရာ အချက်အလက်များ စုဆောင်းနေဆဲဟု ဖြေဆိုပြီး အသေးစိတ် ပြောဆို ခြင်း မရှိပေ။

ထို့အတူ မင်းပြားမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ၀န်းကျင်ရှိသော ပန်းမြောင်အရပ်၊ သရက်အုပ်ကျေးရွာသည်လည်း ယနေ့ နံက် ၇ နာရီ ၀န်းကျင်တွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်သွားကြောင်း၊ မင်းပြားမြို့စွန်ရှိ ကားဂိတ်အနီး ပိုက်သည်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ရာ ၁၈ အိမ် မီးလောင်သွားကြောင်း မင်းပြားဒေသခံများ က ဧရာဝတီကို ပြော သည်။ ယင်းကျေးရွာများမှာ မွတ်ဆလင် အများစု နေထိုင်သော ကျေးရွာများ ဖြစ်သည်။

မင်းပြားမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားခြင်းမှာ ဒေသခံ ရခိုင်တိုင်းရင်းသား တဦးသည် သရက်အုပ် ကျေးရွာမှ ဖြတ်သွားစဉ် မွတ်စလင် တချို့က ၀ိုင်းဝန်း ရန်စရာမှ နှစ်ဘက် အပြန်အလှန် ပဋိပက္ခဖြစ်ပြီး ရွာမီးရှို့သည့် အထိ ဖြစ်ပွားခဲ့ပြီး ထိုမှ တဆင့် မြောက်ဦးမြို့ထိ ပြန့်နှံ့သွားသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြောရာတွင် ပြဿနာများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ ဒေသသို့ ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦး ၊ခရိုင်ရဲမှူးတို့ သွားရောက် စစ်ဆေးနေသည် ဟု ဧရာဝတီ ကိုပြောသည်။

လက်ရှိ အခြေအနေအရ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် လိုအပ်လျှင် ထုတ်ပြန်ပေးသွားမည် ဟုလည်း ဆို သည်။

မွတ်စလင် များသည် စားဝတ်နေရေး အခက်အခဲကြောင့် မိမိတို့နေအိမ်များကို မီးရှို့နေကြကြောင်း၊ ဒုက္ခသည် အဖြစ် နိုင်ငံတကာ အကူအညီရယူနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပေါ်ရန် နည်းမျိုးစုံဖြင့် ပြဿနာ ရှာနေကြကြောင်း မင်းပြားမြို့ခံ ဦးသာကျော် က ဧရာဝတီ ကို ပြောသည်။

ဘင်္ဂါလီများကမူ ၎င်းတို့၏ နေအိမ်များကို ဒေသခံရခိုင် တိုင်းရင်းသားများ မီးရှို့ကြောင်း ပြောဆိုနေကြသည်။ ထိုသို့ နှစ်ဘက် စလုံးမှ အပြန်အလှန် စွပ်စွဲပြောဆိုမှုများကို ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ရခိုင်ဒေသတွင်း၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံးဝ မရှိသေးပေ။ ထိုပဋိပက္ခများကြောင့် တဘက်နှင့်တဘက် ယုံကြည်မှု နည်းပါးနေကာ မွတ်စလင်များနှင့်အတူ နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို သီးသန့် နေရာချထားပေးရန် တောင်းဆို မှုများကိုလည်း ဒေသခံများက တောင်းဆိုမှုများ ရှိနေသည်။

ရခိုင်ဒေသတွင်း ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မွတ်စလင်နိုင်ငံ ၅၇ ခု ပူးပေါင်းဖွဲ့စည်းထားသည့် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) ကို စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ရန် အစိုးရနှင့်သဘောတူထား ခြင်းကိုလည်း ရခိုင်တိုင်းရင်းသားများအပါအဝင် ဗုဗ္ဓဘာသာ ဘုန်းတော်ကြီးများက ကန့်ကွက်နေကြသည်။

OIC ရုံးဖွင့်မည့် ကိစ္စသည် ပြည်သူ့ ဆန္ဒမပါသည့်အတွက် ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်တွင်း မီဒီယာများနှင့်ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်။ ထို့အတူ ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေ ရှင်းရန် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု လည်း ပြော ဆို သည်။

OIC ရုံးဖွင့်လှစ်ခြင်းကို ကန့်ကွက်ခြင်းနှင့်အတူ မွတ်စလင်များနေထိုင်သည့် ရပ်ကွက်များအား ပြောင်းရွှေ့ပေးရန် ဒေသခံ ဗုဒ္ဓဘာသာဝင်များစွာသည် မြို့သို့လှည့်၍ ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုခဲ့ကြသေးသည်။ IOC ရုံး ကန့်ကွက်ခြင်းသာမက မွတ်စလင်များ နှင့်အတူ ယှဉ်တွဲမနေရေး တောင်းဆိုမှုများ ပြန့်နှံ့လာပြီး ပဋိ ပက္ခ ပိုမို ကြီးထွားလာမည်ကို တချို့က စိုးရိမ်မှုများ ရှိနေသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် တောင်ကုတ်၊ အမ်း၊ မာန်အောင် မြို့နယ်တို့အပ ကျန်မြို့နယ် အားလုံး၌ မွတ်ဆလင် ဘာသာဝင်များရှိသည်။ ထိုနေရာများအနက် မောင်တောနှင့် ဘူးသီးတောင်တို့တွင် ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး၊ စစ်တွေတွင် ၅၀ ရာ ခိုင်နှုန်း အထက် ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ စာရင်းအရ သိရသည်။

REF: The Irrawaddy-Burmese Version
Posted by Admin Team-NOM
ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံးဝ မရှိသေးပေ (ဓာတ်ပုံ- Reuters)
ဘကြီးသက်
Unknown at 12:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နန်းခင်ဇေယျာ ပြန်လည်ရောက်ရှိ

အင်တာနက် မြန်နှုန်းနှေးကွေးစွာ သုံးစွဲ နေရသော မြန်မာနိုင်ငံသား တို့၏ အားပေးမှုဖြင့် Miss Internet Award နှင့် Miss People's Choice Award ဆု တို့ကို ရရှိခဲ့သော ပအိုဝ် တိုင်းရင်းသူ မနန်းခင်ဇေယျာ သည် အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းထံမှ သိရသည်။

အင်္ဂလိပ်နှင့် ဂျာမန် ဧည့်လမ်းညွှန် ဖြစ်သူ နန်းခင်ဇေယျာသည် China Air လေကြောင်းဖြင့် ပြန်လာမည် ဖြစ်ပြီး ဧည့်လမ်းညွှန် အသင်းမှ သွားရောက် ကြိုဆိုမည် ဖြစ်သည်။

Miss International 2012 ဆုကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဂျပန်နိုင်ငံမှ ရရှိ ခဲ့သည်။

ဘကြီးသက်
Unknown at 12:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောက်ဖြူမြို့ရှိ အနောက်ပိုင်းဗလီတွင် မီးလောင်မှုဖြစ်

မီးရှို့သူ ဘင်္ဂလီအား ညတွင်းချင်း ဖမ်းဆီးရရှိနိုင်ခဲ့
------------------------------------------------
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနောက်ပိုင်း ဗလီတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ၈ နာရီခန့်တွင် ဆားပြင်ကွင်းရပ်ကွက်နှင့် ကုလားပိုက်ဆိပ် ရပ်ကွက်တို့ နှင့် ထိစပ်နေသည့် ရခိုင်တိုင်းရင်းသား နေအိမ်များမှ အမျိုးသမီးများနှင့် ကလေးငယ်များ အပါဝင် အိမ်ထောင်စု ၅၀ ခန့်က မိမိနေအိမ်များ စွန့်ခွာလာကြောင်း သတင်းတစ်ခု ထွက်ပေါ်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးနေချိန်အတွင်း အနောက်ပိုင်း ရပ်ကွက် နဂါးကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းရှေ့ ဦးဥတ္တမလမ်းနှင့် မီးစက်လမ်း ထောင့်ရှိ ဗလီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။

ဗလီနှင့် ထိစပ်နေသည့် အိမ်နီးချင်းများမှ မီးသတ်ဌာနသို့ ဖုန်းဆက်သွယ် သတင်းပေးပို့ခြင်းကြောင်း မီးသတ်တပ်ဖွဲ့ဝင်များမှ အချိန်မှီရောက်ရှိ လာ သည့်အတွက် ၉-နာရီ ၅၀-မိနစ်အချိန်တွင် မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသည် ရှို့မီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာရဲစခန်းမှ မီးရှို့သူ ဘင်္ဂလီ အား ည တွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်ဖြူမြို့မှ ရဲတပ်ဖွဲ့ဝင်တစ် ဦး ကပြောကြားခဲ့ပါသည်

ဘကြီးသက်
Unknown at 12:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.