Monday, October 22, 2012
ဆင်းတုကိုးကွယ်နေလို့  ဘာအကျိုးရှိမှာလဲတဲ့လား
..............................................................
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။ ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကား တွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။ ဒါတွေက အေ
နာက်နိုင်ငံသားတွေ ဘာသာခြားတွေ မေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
(၁) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
(၂) ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
(၃) ဥဒ္ဒိဿစေတီ…သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ် ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုး ပူဇောနိုင်တယ်။
(၄) ပရိဘောဂစေတီ…မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။
ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်း ပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိ ဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။ စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူး များပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကို ကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေး ဇူးတော် များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်အခါ ကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူး ကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။
ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲ မှုများသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရား ဟောကြားညွှန်ပြ ခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား၊ သစ္စာလေး ပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့  မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။ ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါ တော့မလဲ။
(ဒေါက်တာမင်းတင်မွန်)
..........................................................................................
Reference and Credit to ^..^
http://www.worldofwisdom.asia
ဘကြီးသက်
Unknown at 9:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9
ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။
တစ်ခုခုနဲ့တိုက်လို့ ကားဘော်ဒီမှာ ချိုင့်ဝင်သွားတာ၊ အရောင်ပွန်းသွားတာ မျိုးဆိုရင် ကားက အလိုအလျောက် ပြန်ပြင
်ပေးပါတယ်။ ကိုယ်တိုင် ပြင်စရာ မလိုပါဘူး။ ဆေးရောင်လည်း ကိုယ်လိုသလို ပြောင်းလဲနိုင်ပါတယ်။ ပုတ်သင်ညိုတို့တောင် အရောင် ၄၊ ၅ မျိုးထက် ပိုမပြောင်းနိုင်ပေမယ့် Audi A9 ဆလွန်းကတော့ အရောင်မျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တိုင် လည်း ပြန်ပြင်တယ်၊ အရောင်လည်းပြောင်းတယ်ဆိုတော့ အသုံးပြုတဲ့ နည်းပညာကို လူတိုင်း စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။
ကိုယ်တိုင်ပြန်ပြင်ရလောက်အောင် အသက်သွင်းပေးထားတာကတော့ နာနို နည်းပညာ (Nanotechnology) ဖြစ်ပါတယ်။ နာနို နည်းပညာဟာ ၁၉၇၀ နောင်းပိုင်းက စပေါ်ပေမယ့် ၂၁ ရာစုမှာ လွမ်းမိုးလာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဆံပင်တစ်မွေးစာရဲ့ တစ်ထောင်ပုံတစ်ပုံ အရွယ်အစား ပစ္စည်းကို လူသုံးကုန်ပစ္စည်းတွေမှာ အသုံးပြုလာခြင်းဟာ အံ့မခန်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီအတွက် အဓိကလိုအပ်ချက်က အသုံးပြုမယ့် သတ္တုအမျိုးအစားပဲ ဖြစ်ပါတယ်။
ကားဘော်ဒီပြင်တစ်ခုလုံးမှာ နာနိုနည်းပညာသုံး အလွာတစ်ခုလုံးခြုံလွမ်း ထားပါမယ်။ အပူချိန်ကြေင့်သော်လည်းကောင်း၊ အက်ဆီးဒန့်ကြောင့်သော် လည်းကောင်း တစ်နေရာရာက တွန့်လိမ်သွားရင် နာနိုနည်းပညာသုံး ကားဘော်ဒီအလွှာက အလိုလို ပုံမှန်အနေအထားသို့ ပြန် လည် ရောက်ရှိ ပါတယ်။ Electronic Painting နည်းပညာလည်း ပါဝင်တဲ့အတွက် လိုအပ်တဲ့ အရောင်ကို ခလုတ်နှိပ်ပြီး ပြောင်းရုံပဲ ဖြစ်ပါတယ်။
ဟိုင်းဘရစ်ဗားရှင်းနဲ့ထုတ်လုပ်မယ်လို့ ကြားနေရပါတယ်။ အကယ်၍ ထုတ်လုပ်မယ်ဆိုရင်တော့ အနာဂတ်မှာ လျှပ်စစ်ကိုသာ အသားပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ လောင်စာဆီသုံး အင်ဂျင်ကို လျှပ်စစ်မော်တာလေးလုံးနဲ့ ဘီးလေးလုံးမှာ ထပ်မံအားဖြည့်ပေး ထားမယ်လို့ ဆိုပါတယ်။ ကားကို ခေတ်မှီနည်းပညာများဖြင့်သာ အလုပ်လုပ် စေတဲ့ အတွက် အော်တို စနစ်တွေ ပါဝင်မှု များပြားမှာ ဖြစ်ပါတယ်။
မဝေးတော့တဲ့အနာဂတ်မှာ ထုတ်လုပ်ဖို့ ဂျာမနီ Audi တို့ရေးဆွဲထားတဲ့ ဒီဇိုင်း ဖြစ်ပြီး ကုန်ကြမ်း အလွယ်တကူ ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
--
Ref:Audi
Photo courtesy of Audi. All Rights Reserved.
Aung Kham (TSJ team)
REF: TechSpace Journal
Posted by Admin Team-NOM
ဘကြီးသက်
Unknown at 9:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Apple နဲ့ Google တို့ရဲ့ ဖန်သားပြင် ရန်စောင်ပွဲ
အရင်က လည်ပင်းဖက် ပေါင်းလာခဲ့သည့် သူငယ်ချင်းကောင်းတွေလေ။ ယခုတော့ ရန်စောင်နေကြပြီ။ တရားရုံးတွေမှာ၊ လူသုံးပစ္စည်း ဈေးကွက်တွေမှာ မီးခိုးမဆုံး၊ မိုးမဆုံး တိုက်ပွဲတွေ ဆင်ကြသည်။ ပြီးခဲ့သော သီတင်းပတ် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်) တွင်မတော့ ထိုရန်ဆူးရန်ညှောင့်က ပုံစံတမျိုးတစ်ဖုံ ဖြစ်သွားပြန်သည်။ သူတို့နှစ်ယောက် စမတ်ဖုန်း ဖန်သားပြင်ထက်မှာ ထိပ်တိုက် သွားတွေ့ခြင်းပါတည်း။ ထိုနှစ်ယောက်က Google နှင့် Apple တို့ပင်။ ဗုဒ္ဓဟူးနေ့ (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်) က Apple ၏ iPhone ဆော့ဖ်ဝဲလ်ဗားရှင်းသစ်ကို ထုတ်ရောင်းလိုက်သည်။ ထိုဗားရှင်းသစ်၌ Apple က အဓိကကျသော အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်ထားသည်။ နှစ်ခုစလုံးက Google ၏ ထုတ်ကုန် ပစ္စည်းတွေချည်းပင်။ Google ၏ Map နှင့် YouTube တို့ဖြစ်သည်။ ထိုသို့ အက်ပလီကေးရှင်း နှစ်ခုကို ဖယ်ထုတ်လိုက်တာကို ကြည့်လျှင် သူတို့နှစ်ဦး မည်မျှ အပြိုင်ကြမ်းနေပြီကို သိနိုင်၏။ ထို့ပြင် မိုဘိုင်းသုံးစွဲသူတွေ၏ အရေးပါမှုကလည်း ဒီနေရာတွင် သိသာထင်ရှားလွန်းနေသည်။ “သူတို့နှစ်ယောက် ဖုန်းနဲ့ပြိုင်၊ မြေပုံနဲ့ပြိုင်၊ သတင်းနဲ့ပြိုင်၊ ရှာဖွေမှုနဲ့ပြိုင်၊ ပြိုင်ပြီးရင်း ပြိုင်နေကြတယ်” ဟု BCG Partners မှ သုံးသပ်သူ တစ်ဦးက ပြောသည်။ မြေပုံများက မိုဘိုင်းပစ္စည်းများအတွက် အရေးပါလှသည်။ မိုဘိုင်းပစ္စည်းများက တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းများ အတွက်ရော၊ ကြော်ငြာများ အတွက်ရော အဆင်ပြေသည့် နေရာလေ။ တည်နေရာပြ ဝန်ဆောင်မှု လုပ်ငန်းနှင့် ကြော်ငြာများက ငွေရှာကောင်းသည့် လုပ်ငန်းများဖြစ်သည်။ တကယ်တော့ ဒီနေရာမှာ Google နှင့် Apple တို့နှစ်ယောက်သာ စစ်ခင်းနေသည်ဟု ပြော၍မရ။ Amazon, Nokia, Microsoft, AOL နှင့် Yahoo တို့လည်း ဒီပွဲမှာ ပါနေတာပါပဲ။ “Google လုပ်ထားသလို မိုဘိုင်းဂေဟ စနစ်တစ်ခု ရှိထားတယ်ဆိုရင် တခြားမိုဘိုင်းဂေဟစနစ် ပိုင်ရှင်တွေက သူတို့လောကမှာရှိတဲ့ အချက်အလက် ရတနာသိုက်ကြီးတွေကို ခင်ဗျားကို ပေးပိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူတို့ရဲ့သုံးစွဲသူတွေ ဘယ်မှာ ဘာလုပ်နေတယ်ဆိုတဲ့ အကြောင်းကို Apple ကပဲဖြစ်ဖြစ်၊ Amazon ကပဲဖြစ်ဖြစ် Google ကိုပေးသိမှာ မဟုတ်ဘူး” ဟု Lumatic အမှုဆောင်ချုပ်က ပြောသည်။
Lumatic သည် မြို့ကြီးများ၏ မြေပုံအက်ပလီကေးရှင်းများ စီစဉ်ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည်။ iPhone ထွက်လာပြီ ဆိုကတည်းက Google အတွက် ကာလဝိဘက် နောက်ပိုးတက်တော့တာပင်။ တစ်ခုမှ Google အတွက် ကောင်းသည်ဆိုတာ ရှိမလာခဲ့။ Google ၏ Maps မြေပုံဝန်ဆောင်မှု လုပ်ငန်းက မိုဘိုင်းပစ္စည်းများပေါ်တွင် ရှိသည့် ဖုန်းအဆက်အသွယ် အဝင်အထွက် အားလုံး၏ ထက်ဝက်ကျော် နေရာယူထားသည်။ အဆိုပါ မိုဘိုင်းအဆက်အသွယ် အားလုံး၏ ထက်ဝက်နီးပါးကလည်း iPhone သုံးစွဲသူများက ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့ကြောင့် Apple ၏ ယခုလုပ်ရပ်က Google ၏ အမာခံ လုပ်ငန်းဖြစ်သည့် ရှာဖွေမှု Search ၏ ရင်ဝကို တည့်တည် ဆောင့်ကန်လိုက်ခြင်း ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် မိုဘိုင်းရှာဖွေမှု ၄၀ ရာခိုင်နှုန်းခန့်က ဒေသတစ်ခုမှ နေရာ၊ အရာဝတ္ထုများကို ရှာဖွေနေကြတာ ဖြစ်၍ပင်။ “နေရာဒေသ တစ်ခုရဲ့ အကြောင်းကိစ္စတွေဟာ Google အတွက် ကြော်ငြာခ ဒေါ်လာတွင်းကြီးပဲဗျ။ ရှာဖွေမှုကတော့ အဲဒါနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စပဲ” ဟု Serach Engine Land ဆိုသော နည်းပညာဘလော့ဂ် အယ်ဒီတာ တစ်ဦးက ပြောသည်။ “ခင်ဗျား ကော်ဖီသောက်ချင်လို့ ရှာပြီဆိုပါတော့ ခင်ဗျားဆီကို ကော်ဖီဆိုင်တွေလည်း ရောက်လာမယ်။ ကော်ဖီနဲ့ ဆက်စပ်တဲ့ ကြော်ငြာတွေလည်း ရမယ်” ဟု သူကပြောသည်။
တကယ်တော့ သုံးစွဲသူတွေက ထိုရန်ပွဲနှင့် လားလားမှ မဆိုင်သည့် ဘေးမှရပ်ကြည့် နေသူတွေပါပဲ။ သုံးစွဲသူတွေက ယခုတော့ App Store မှYouTube အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်နိုင်ဖို့ တကူးတက အပိုအလုပ်တွေ လုပ်နေကြရပြီ။ ယခုအချိန်အထိ Google ကလည်း မြေပအက်ပလီကေးရှင်းကို ကမ်းလှမ်းတာ မရှိသေးပေ။ Apple ၏ မြေပုံဆိုတာကလည်း အဆင်မပြေတာတွေနှင့်ချည်း ပြည့်၍နေသည်။ ဝါရှင်တန်ပြည်နယ်၊ ပီဂျစ်ဆောင်းဒ် ရေလက်ကြား၊ တာကိုမာနဲရိုးစ် ရေပြင်က ဖြတ်ကျော်ထားသည့် တံတားတစ်စင်း၏ ဓာတ်ပုံဆိုလျှင် ပုံမှန်ပုံမဟုတဘဲ တံတားတစ်စင်းလုံး အပုံလိုက် ပြိုကျနေသည့် ဓာတ်ပုံဖြစ်နေသည်။ သို့သော် Apple မြေပုံများက ကောင်းလာတော့မှာပါ။ ပြိုင်ဆိုင်မှု ပြင်းထန်လာတာကြောင့် မြေပုံကောင်းတွေ ထွက်လာတော့မှာပါဟု သုံးသပ်သူများက ပြောကြသည်။ “ Apple မြေပုံတွေက လူကြည့်များပါတယ်ဆိုမှ အဆင်သင့်ဖြစ်တပုံ မပေါ်သေးဘူး။ ဒါက ဆုံးရှုံးမှု တစ်ခုပါပဲ” ဟု BIA/Kelsey မီဒီယာ သုတေသန ကုမ္ပဏီမှ ပရိုဂရမ်ဒါရိုက်တာ တစ်ဦးက ပြောသည်။ “ဒါပေမယ့် ဒါက ရေရှည်ဖြစ်နေအုံးမယ့် ဆုံးရှုံးမှုလားဆိုတော့၊ အင်း အဲဒီလိုလည်း မဟုတ်သေးဘူး။ လူတိုင်းက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ နည်းပညာသစ်တွေ ရှာဖွေဖော်ထုတ်ကြအုံးမှာ ဆိုတော့ သုံးစွဲသူတွေ အတွက်က ကောင်းတာချည်းပဲပေါ့” ဟု သူက ပြောသည်။
တကယ်တော့ iPhone ဖန်သားပြင်ထက်မှာ တိုက်ပွဲမဆင်မီ ကတည်းက Google နှင့် Apple တို့၏ ရန်စောင်ပွဲက အရှိန်တက်လာခဲ့သည်ပင်။ သူတို့နှစ်ဦး ချစ်လို့ ကောင်းနေတုန်းကတော့ မြေပုံများ၊ ရှာဖွေမှုနှင့် YouTube တို့ကဲ့သို့ Google ၏ ဝန်ဆောင်မှုတွေပါသော iPhone ကို နှစ်ဘက် အမှုဆောင်ချုပ် နှစ်ဦးက မင်္ဂလာယူကာ ပူးတွဲမိတ်ဆက်ပေးခဲ့ကြသည် မဟုတ်လား။ သို့သော် သူ၏ကိုယ်ပိုင်မိုဘိုင်း လည်ပတ်ရေးစနစ် Android ကို Google က “ထ” ထုတ်လိုက်ရာမှ အကွဲအပြဲဇာတ်လမ်းက “စ” သည်။ ဒီနောက်မှာတော့ မူပိုင်ခွင့် မှတ်ပုံတင်၊ ကြော်ငြာ၊ အက်ပလီကေးရှင်း စသည့် မိုဘိုင်းကိစ္စ အားလုံးမှာ ကုမ္ပဏီနှစ်ခုစလုံး တစ်ယောက်နှင့် တစ်ယောက် ရန်စောင်နေကြတော့သည်။ ထိုရန်စောင်ပွဲက တရားရုံး ရောက်လာတော့မှ လူတွေ ပိုသိလာကြသည်။ အမှန်က အပြန်အလှန် တရားစွဲကြတာက Google နှင့် Apple တို့တော့ မဟုတ်။ Apple နှင့် Google ၏ Android ဆော့ဖ်ဝဲလ်ကို အသုံးပြုကြသော ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေ ဖြစ်သည်။
အနီးစပ်ဆုံး ဥပမာက သောကြာနေ့နှင့် စနေနေ့ (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁-၂၂ ရက်) တွင် ဖြစ်ခဲ့သည့် တရားရုံး ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့၊ ပယ်ဖျက်ပေးဖို့၊ Apple နှင့် Samsung တို့က အသီးသီး စာတင်ခဲ့ကြသည်။ တရားရုံး ဆုံးဖြတ်ချက် ဆိုသည်မှာ မူပိုင်ခွင့် ချိုးဖောက်ခြင်းအတွက် Samsung က Apple ကို ဒေါ်လာတစ်ဘီလျံပေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ Apple က ငွေပိုလိုချင်၊ Samsung က အသစ်ပြန်လည် စစ်ဆေးပေးစေချင်သည်။ ထို့ကြောင့် လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် သူတို့နှစ်ယောက် တရားရုံးတွင် တရားဆိုင်ကြရဦးမည်။ စင်စစ် YouTube ကို Apple က စွန့်လွှတ်လိုက်ခြင်းသည် သူ၏ မိတ်ဆွေဟောင်းကြီးနှင့် အဆက်ဖြတ်ဖို့ ကြိုးစားခြင်းပင်။ ဒါပေမဲ့ ထိုကိစ္စက မြေပုံကိစ္စနှင့်တော့ မတူပါလေ။ ဘာကြောင့်လည်း ဆိုတော့ Apple မှာ ဗီဒီယိုဝန်ဆောင်မှုဆို၍ ဟုတ်တိပတ်တိ မရှိသေးသောကြောင့်ပင်။ ထိုအချိန်မျိုးမှာမှ Google ကလည်း YouTube အက်ပလီကေးရှင်း အသစ်ကို ထုတ်လိုက်ပြန်သည်။
YouTube အက်ပလီကေးရှင်း အသစ်က App Store ရှိ အခမဲ့ အက်ပလီကေးရှင်းများထဲတွင် နံပါတ်တစ်အဖြစ် ဗိုလ်ဆွဲနေပြန်သည်။ ခုနစ်နှစ်ကြာ အတွေ့အကြုံ မြေပုံများကြောင့် Google က အစဉ်အလာကြီးသော ဒီဂျစ်တယ်မြေပုံ ဆရာကြီး ဖြစ်လာရသည်။ ယခုတော့ သူ့ကို ဖက်ပြိုင်မည့် ပြိုင်ဘက်အသစ် တစ်ယောက်တိုးပြီ။ တစ်ချိန်တည်းမှာ iPhone သုံးစွဲသူတွေကလည်း သူ့ကို ခြေစုံကန်သွားတာ ခံလိုက်ရပြီ။ Android ဖုန်းက iPhone ထက် အရေအတွက်အားဖြင့် များသည်။ စမတ်ဖုန်း ၆၀ ရာခိုင်နှုန်းက Android ကို သုံးစွဲသည်။ iPhoneက ၃၄ ရာခိုင်နှုန်းသာ ရှိသည်။ သို့သော် Google Maps သို့ ဝင်ရောက်လာသူ ထက်ဝက်ခန့်ကတော့ iPhone ဘက်တော်သားများ ဖြစ်နေသည်။ (၂၀၁၂ ခုနှစ်) ဇူလိုင်လက iPhone သုံးစွဲသူ ၁၂ ဒသမ ၆ သန်း Google maps သို့ နေ့စဉ် ဝင်ရောက်သည်။ ထိုကာလ၌ Android ဖုန်းသုံးစွဲသူ ၇ ဒသမ ၆ သန်းသာ Google Maps သို့ ရောက်လာသည်။ iPhone သုံးစွဲသူများက Google Maps တွင် တစ်နာရီခွဲ ကြာအောင် ကျောက်ချနေတတ်ပြီး Android ဖုန်း သုံးစွဲသူများက တစ်နာရီသာ နေသည်။ ဒီသုံးစွဲသူတွေက Google အတွက် အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် မည်သည့် စီးပွားရေး လုပ်ငန်းများ သို့မဟုတ် မည်သည့် အဆောက်အအုံများက တစ်ခေတ် “ထ” ထင်ပေါ် နာမည်ကြီးနေသည်။
မြေပုံများတွင် အမှားအယွင်း ရှိ ၊ မရှိ စသည်တို့နှင့် ပတ်သက်၍ Google က သူတို့ကို အားကိုးနေရသောကြောင့် ဖြစ်သည်။ ပြီးတော့လည်း မြေပုံများအတွက် အက်ပလီကေးရှင်းများ ဖန်တီးပေးနေသော အက်ပလီကေးရှင်း ရေးဆွဲသူ ကုမ္ပဏီများနှင့် ဆက်ဆံရေး ပြတ်တောက်ကုန်မှာလည်း Google က စိုးရိမ်နေသည်။ “Apple ကလည်း ရုတ်ခြည်းဆိုသလို Google ဈေးကွက် ဝေစုခပ်ကြီးကြီး တစ်စိတ်တစ်ပိုင်းကို အပိုင်ယူသွားပြီလေ။ ဒါကို Googleက သူ့ရဲ့ အက်ပလီကေးရှင်း ရေးဆွဲသူ ကုမ္ပဏီတွေကို ဘယ်လိုပြန်ပြောမလဲ” ဟု ကုမ္ပဏီသုံးသပ်သူ တစ်ဦးက ပြောသည်။ ဒါပေမဲ့ Apple ၏ မြေပုံတွေ ကိုးရိုးကားရား ဖြစ်နေတာကို လူတွေက စကားတင်း ဆိုကြသည့်အခါ၊ Google က မိန့်မိန့်ကြီး သဘောကျနေမှာ သေချာနေသည်။ Apple မြေပုံတွေ အဆင်မပြေပုံကတော့ ရာဇဝင်ပါပဲ။ အိန္ဒိယပြည်၊ ဟိုက်ဒရဘတ်မှ ရေကန်တစ်ကန် ပျောက်ဆုံးနေသည်။ မက်ဆာချူးဆက် ပြည်နယ်၊ ကင်းဘရစ်ခ်ျမှ စားသောက်ဆိုင်များကို ကမောက်ကမ ဖြစ်အောင် လုပ်ထားသည်။ ဘာလင်မြို့ကို တောင်ဝင်ရိုးစွန်း၊ အန်တာတိကတိုက်တွင် ပို့ထားသည်။ ထို့ကြောင့် လောလောဆယ်မှာ မည်သည့်ပစ္စည်း၊ မည်သည့် ဘရောက်ဇာ၊ မည်သည့် လည်ပတ်ရေး စနစ်နှင့်မဆို Google Maps ကိုသုံးစွဲနိုင်ရေးက သူ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း Google က စောင်းချိတ်ပြောနေကာ Apple မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေသည်။
စောလျ
ညွှန်း – Apple’s Feud With Google Is Now Felt on iPhone by CLAIRE CAIN MILLER
ကိုးကား- Net Guide ဂျာနယ်
ဘကြီးသက်
Unknown at 10:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
7 Days News မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတကြီး၏ ဖြေကြားချက်များ
စီမံကိန်းများ ပွင့်လင့်မြင်သာမှုရှိရန်နှင့် ပတ်သက်ပြီး 7 Days Journal မှ မေးမြန်းချက်။
စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရက လုပ်ခဲ့ကိုင်ခဲ့တာတွေလည်း ပြောကြမယ်ဆိုရင်တော့ ဒါတိုင်းပြည်ရဲ့ အကျိုးအတွက်ပါ။ ဒီလိုတိုင်းပြည်ရဲ့ အကျိုးအတွက် လုပ်ခဲ့ကိုင်ခဲ့တဲ့အတွက်ကြောင့် ခင်ဗျားတို့လည်း မျက်မြင်ပါပဲ၊ ဆည်တွေ ကျနော်တို့ တခုပြီးတခု တည်ဆောက်တယ်၊ စိုက်ပျိုးရေးတွေကို ဆည်တွေတည်ဆော
က်တဲ့အတွက် စိုက်ပျိုးရေးတွေကို တိုးချဲ့ပြီး စိုက်ပျိုးလာနိုင်ခဲ့တယ်။ နောက်တခုကလည်း ခုနက တံတားတွေပေါ့ ... ဧရာဝတီမြစ်ကူးတံတားကြီးဆိုရင် တံတားတွေပိုပြီးတော့ ထင်သာမြင်သာပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကျနော်တော့ အင်္ဂလိပ်က အုပ်ချုပ်သွားတဲ့ နှစ်ပေါင်းတရာကျော်လောက် ကျနော်တို့ အုပ်ချုပ်သွားတာပါ။ ခင်ဗျားတို့လဲ သိပါတယ်။ ဧရာဝတီမြစ်ကူးတံတားဆိုလို့ ကျနော်တို့ ဒါ အင်းဝတံတားတခုပဲ အင်္ဂလိပ်က ဒါတည်ဆောက်ပေးသွားတာ။ အခုပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထပ်မှာ ဧရာဝတီမြစ်ကူးတံတားပေါင်း (၁၄) စင်း တည်ဆောက်ခဲ့ပါတယ်။ (၁၄) စင်း တည်ဆောက်ခဲ့တဲ့အတွက်ကြောင့် ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေကြတဲ့ အနောက်ဖက်ခြမ်းမှာ ဒီဆက်သွယ်သွားလာမှုတွေကို ဒီတံတားတွေကို အသုံးပြုပြီးတော့မှ ဒါကျနော်တို့ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်။ ဒါကတော့ အရင်အစိုးရ ဆောင်ရွက်သွားတဲ့ အပိုင်းကိုတော့ ကျနော် သိပ်ပြီးတော့ မပြောလိုတော့ပါဘူး။ သို့သော်လည်း ကျနော်တို့ ဒီဘက်အပိုင်းမှာ ကျနော်တို့ရဲ့ လုပ်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ထင်သာမြင်သာရှိအောင် ကျနော်တို့ ဒါကိုလုပ်သွားမှာ ဖြစ်ပါတယ်။ ထင်သာမြင်သာရှိအောင် လုပ်သွားမယ်ဆိုတဲ့ နေရာမှာ ပထမ စီမံကိန်းရေးဆွဲရပါတယ်၊ အဲဒီတော့ စီမံကိန်းရေးဆွဲပြီးတော့မှ ဒီစီမံကိန်းက ဘာတွေဘာတွေ ကျနော်တို့ လုပ်မယ်၊ ဘယ်လိုဘယ်လို အကောင်အထည်ဖော်မယ်၊ အဲတော့ အကောင်အထည်ဖော်ဖို့ အတွက် ငွေကြေးဘယ်လောက်လိုတယ်၊ ဒါဟာခုနလို ဟိုတုန်းကလို ကိုယ့်ဟာနဲ့ကို စီမံပြီးတော့ လုပ်လို့မရပါဘူး။ ခင်ဗျားတို့လဲ အသိပါပဲ။ လွှတ်တော်ကို ကျနော်တို့ တင်ပြရပါမယ်။ လွှတ်တော်က ဒီစီမံကိန်းကို ကြည့်တယ်၊ ကျနော်တို့ အကောင်အထည်ဖော်ဆောင်ရမယ့် လုပ်ငန်းတွေကို ကြည့်တယ်။ ဒီပေါ်မှာ မူတည်ပြီးတော့မှ ခုနကလို ဘဏ္ဍာငွေကို ကျနော်တို့ ချပေးတာဖြစ်ပါတယ်၊ အဲဒီတော့ ဒီဖက်ပိုင်းမှာတော့ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ကျနော်တို့ ထင်သာမြင်သာနဲ့ လုပ်ကိုင်သွားနေတယ်ဆိုတာ ဒါလေး ကျနော် ပထမအချက်အနေနဲ့ ဖြေချင်ပါတယ်။
ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောတိုက်ပွဲများနှင့် ပတ်သက်ပြီး 7 Days Journal မှ မေးမြန်းချက်။
ဒုတိယအချက် အနေနဲ့ ကချင်ပြည်နယ် မှာ ဖြစ်ပျက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပါတ်သက်ပြီးတော့ ဒီမှာ အားလုံးလည်း ကျနော်တို့သိပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေဟာ ကျနော်တို့ နိုင်ငံမှာ များပါတယ်။ တရာကျော် လောက် ရှိတဲ့ အတွက်ကြောင့် ပြဿနာတွေလည်း အထိုက်အလျှောက်များပါတယ်။ လွတ်လ
ပ်ရေး ရပြီးကတည်းက လက်နက်စွဲကိုင်ပြီး ဆန့်ကျင်လာခဲ့တဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေက ကျနော်တို့ အစိုးရ တက်လာပြီး ကတည်းက ရှိနေဆဲပဲဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ရှိနေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ တော်တော်လေး ကျနော်တို့ ခက်ပါတယ်။ ကျနော်တို့ အစိုးရ တက်လာတဲ့ အခါမှာ နှစ်ပေါင်း ၆၀ လောက် ပြောကြမယ်ဆိုရင်တော့ ကမ္ဘာမှာ အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခပါပဲ။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုပြီးတော့ ကျနော်တို့ အစိုးရ တက်လာလာခြင်းပဲ၊ ဒီလိုကြေညာပြီး ကျနော်တို့ဆောင်ရွက်ခဲ့ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ၁၁ ဖွဲ့ရှိပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ နေရာမှာ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်ပါတယ်။ ပထမ အဆင့်ကတော့ ဒီအဖွဲ့တွေရှိနေတဲ့ နယ်စပ်ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားအောင် လုပ်ဖို့၊ ဒုတိယအဆင့်ကတော့ ကျနော်တို့ ပြည်ထောင်စု အဆင့်ကနေ လုပ်ဖို့ စံနစ်တကျ ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဆိုတာ ကျနော်ကိုယ်တိုင် ဥက္ကဌ တာဝန်ယူပြီးလုပ်နေတာဖြစ်ပါတယ်။
နောက်ထပ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဒုတိယ သမ္မတကြီး ဦးဆောင်ပြီးတော့ လုပ်နေတာဖြစ်ပါတယ်။ မကြာခင်မှာပဲ အခြေအနေလေးတွေ ကောင်းမွန်လာတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း ပြန်လည်ပြီးထူထောင်ဖို့အတွက် Peace Committee Center ဆိုပြီး တရက်နှစ်ရက်အတွင်းမှာ ဖွဲ့သွားဖို့ရှိပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ နေရာမှာ ပထမ အဆင့်က ပြည်နယ်အဆင့် ဒုတိယအဆင့်ကတော့ ပြည်ထောင်စု အစိုးရအဆင့်၊ ပြည်ထောင်စု အစိုးရ အဆင့် မှာ ကျနော်တို့ သဘောတူညီချက်တွေ အထိုက်အလျှောက် ရပြီးပြီဆိုလို့ရှိရင်၊ နိုင်ငံရေးပိုင်းတွေကတော့ အချိန်ယူပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပိုင်း အချိန်ယူပြီးဆွေးနွေးဖို့ အတွက် တတိယ အနေနဲ့ လွတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများကြီးပါပါတယ်။ ပြည်သူ့ ကိုယ်စားလှယ်တွေ လည်း အများကြီးပါပါတယ်။ တတိယ အဆင့်ကျရင်တော့ လွှတ်တော်ကို ပို့ဆောင်ပေးပြီးတော့မှ လွှတ်တော်ထဲမှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အခြေပြုပြီးတော့ ဆက်ပြီးဆွေးနွေးမယ်ဆိုတာ ဒီလို မူဝါဒ ၃ ရပ်ချပြီးတော့မှ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့ အောင်မြင်တာတွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုလို့ရှိရင် လက်နက်ကိုင် ၁၁ ဖွဲ့ထဲက ၁၀ ဖွဲ့နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ရပ်စဲသလောက်ရှိပါတယ်။ ပထမဆုံး အကျိုးကျေးဇူးခံစားရတာကတော့ အဲဒီဒေသနေ တိုင်းရင်းသားပြည်သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့ နယ်စပ်ဒေသတွေ မှာရှိနေတဲ့ ပြည်သူတွေက တကယ့်ကို အေးအေးချမ်းချမ်းနဲ့ အန္တရယ်ကင်းကင်းနဲ့ ကိုယ့်ရဲ့ ပရိယေတ၀ ၀မ်းစာကို ရှာဖွေပြီး စားသောက် နေနိုင်ကြပြီဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ခြောက်ဆယ်အတွင်းမှာ ရတောင့်ရခဲ ဆုလဘ်ဖြစ်ပါတယ်။ သို့သော်လည်း ပစ်ခတ်တိုက်မှုလေးတွေ တချို့တော့ ကျန်ရှိဆဲဖြစ်ပါတယ်။ ဒါတွေကလည်း အသေးအမွားပါပဲ။ ကျနော်တို့ ဘယ်လောက်ပဲ လုပ်လုပ် အောက်ခြေမှာက အောက်ခြေအထိ ကျနော်တို့ ရည်ရွယ်ချက်တွေ၊ မူဝါဒ တွေ မရောက်နိုင်တာလည်း ပါပါတယ်။ သူ့ဘက်ကိုယ့်ဘက် ဒါလေးတွေကတော့ ရှိတာကလည်း အနည်း အကျဉ်းလောက်ပါပဲ။ ကချင်ပြည်နယ်နဲ့ ပါတ်သက်ပြီးတော့ အစောက ကျနော်ပြောသလိုပါပဲ အခုနက ပဋိပက္ခတွေဟာ ဒီဘက်ပိုင်းမှာ တနှစ်ကျော်လောက် ရှိသွားပြီဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေဟာလည်း အန်မတန်မှ ကျနော်တို့ များပါတယ်။ မီးရထားလမ်းတွေ မိုင်းဖောက်ပြီး ဖျက်ဆီးခံရတာတွေ၊ ကားလမ်းတွေ ဖျက်ဆီးခံရတာတွေ ရှိတယ်။ တံတားတွေ မိုင်းချိုးခံရတာတွေ ရှိတယ်။ နောက်တခါ ကျနော်တို့ လျှပ်စစ်တွေ သိပ်ပြီးတော့ လိုအပ်နေတဲ့ အချိန်မှာ တာပိန်ရေအားလျှပ်စစ်လို ဟာမျိုးက ကျနော်တို့ စက်ရုံ တည်ပြီးပါပြီ၊ ထုတ်ရုံပဲ ကျန်တော့တယ်။ နောက်တခါ ကျနော်တို့ မီဂါဝပ် ၉၀ လောက်ထွက်တဲ့ ချီဗွေရေအားလျှပ်စစ်က ပေးနေနိုင်ပါတယ်။ သိုသော်လည်း တိုင်းပြည်ရဲ့ လုံခြုံရေး အခြေအနေအရထုတ်ယူပြီး မသုံးစွဲနိုင်ပါဘူး။ ဒီခြားထဲမှာ ရွှေလီကနေ ယူပြီးတော့ လုပ်နေတဲ့ စီမံကိန်း တခုရှိနေတယ်။ ရွှေလီက ဓါတ်အားလိုင်းတွေ သွယ်တန်းတဲ့ နေ၇ာမှာ တာဝါတိုင်တွေကို မိုင်းခွဲဖျက်စီးလိုက်တဲ့ အတွက်ကြောင့် လျှပ်စစ်တွေ ပြတ်တောက်ခဲ့ရပါတယ်။ ဒီဟာက ဒီဒေသတင် မဟုတ်ပါဘူး တတိုင်းပြည်လုံးအတွက် ရိုက်ခတ်တဲ့ ဆုံးရှုံးမှုမျိုးတွေ ဖြစ်ပါတယ်။ နောက်တခုကလည်း ၂ ဘက်၊ ကျနော်တို့ ဒီဘက်က စစ်သည် အရာရှိ အကြပ်တပ်သားတွေ၊ KIA ဘက်ကလည်း တပ်သား၊ အကြပ်၊ အရာရှိတွေ နှစ်ဘက်မှာ သေဆုံးတာတွေ ဒဏ်ရာရမှုတွေက တနှစ်ကျော်အတွင်းမှာ တော်တော်များများသေဆုံး၇တာတွေ များပြားပါတယ်။ အဲဒီအထဲမှာ စိတ်မကောင်း စရာ ဒေသတွင်းမှာရှိနေတဲ့၊ တိုက်ပွဲကြားမှာ ရှိနေတဲ့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွေ၊ အိုးအိမ်တွေ ကိုစွန့်ပစ်ပြီးတော့ မှ လုံခြုံစိတ်ချရတဲ့ နီးစပ်ရာနေရာတွေမှာ ခိုအောင်းနေရတယ်။ ဒါတွေဟာလည်း သောင်းဂဏန်းလောက်ရှိမယ်။ ကျနော်တို့ ဘက်တွေမှာ ရှိသလို ဟိုဘက်မှာလည်း ရှိပါတယ်။ ဒီလူတွေဟာ ဘယ်လောက်ပဲ ကျွေးမွေးထားနိုင်တယ် ဆိုပေမယ့်လည်း ကိုယ့်ဒေသ မှာ ကိုယ်နေသလောက် အဆင်မပြေပါဘူး။ သားသမီးတွေ ကျောင်းနေဖို့၊ ကျန်းမာရေး၊ ဆေးဝါးကုသဖို့ အခက်အခဲ ရှိပါတယ်။ ဒီလူတွေဟာ နှစ်နဲ့ချီပြီး ကြာမြှင့်နေပါပြီ။ ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး ရချင်ပါတယ်။ ငြိမ်းချမ်းရေး အမြန်ဆုံးရစေချင်ပါတယ်။ အလွန်ရစေချင်ပါတယ်။ အခုနက ရှင်းပြတဲ့ ဆုံးရှုံးမှုတွေဟာ တကယ်တော့ ကျနော်တို့ ဆုံးရှုံးမှုတွေဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုတွေပဲ ဖြစ်ပါတယ်။ ပြောကြမယ်ဆိုရင် KIA စစ်သားတယောက် ဆုံးရှုံးသွားတာဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ် သလို ဒီဘက်က ဗမာစစ်သားတယောက် ဆုံးရှုံးတာဟာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒီအဆုံးအရှုံးတွေကို ထောက်ပြပြီးတော့မှ KIA အဖွဲ့အစည်းနဲ့လည်း အဆက်အသွယ်တွေ လုပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီး အကြိမ်ပေါင်း တော်တော်များများ သူတို့နဲ့ မျက်နှာချင်းဆိုင် ထိတွေ့ ဆွေနွေးတာတွေ ရှိသလို၊ ယုံကြည်မှုတည်ဆောက်တဲ့ ဆွေးနွေးပွဲတွေ လုပ်နေတာတွေလည်း ရှိပါတယ်။
ဒီဟာကလည်း စိတ်ရှည်သည်းညည်းခံပြီးတော့ လုပ်သွားခြင်းအားဖြင့် ကျနော်တို့ရဲ့ စေတနာကို နားလည်းလာမယ်ဆိုလို့ ရှိရင်တော့ မကြာခင်မှာ ကချင်ပြည်နယ် ဟာလည်း တခြားဒေသတွေလို ငြိမ်းငြိမ်းချမ်းချမ်း ရှိသွားမယ်ဆိုပြီးတော့ ကျနော်ယုံကြည်ပါတယ်။ စောစောက ဆုံးရှုံးမှုတွေ မကဘဲ ခဲ ယမ်းတွေထက် အသက်ဆုံးရှုံးမှုတွေ ဟာ အန်မတန်မှ များပြားပါတယ်။ နောက်တခုက လမ်းတွေ ဖြတ်ထားတယ်။ ရထားလမ်းတွေ မိုင်းခွဲ ခံထားရတာတွေ၊ တံတားတွေ ဖျက်ထားတာတွေ။ လျှပ်စစ် တာဝါတိုင်တွေ ကျနော်တို့ ချိုးတာတွေ၊ ဒီ ဆုံးရှုံးမှုတွေဟာ ပမာဏအားဖြင့် အန်မတန်မှ များတယ်လို့ ပြောရပါမယ်။ တိတိကျကျ ကိန်းဂဏာန်းအားဖြင့် ကျနော်မှာ မရှိပါဘူး။ ပစ်ခတ်တိုက်ခိုက်တာတွေထက် ဆုံးရှုံးတာကတော့ လူ့ရဲ့အသက်တွေပါပဲ။ အဲဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ ဒါတွေဟာ အခုနကလို အတိုင်းအဆ ပမာဏ များပြားပါတယ်။ ကျနော်အနေနဲ့ ဒီလိုပဲ ဖြေချင်ပါတယ်။
. Myanmar Express 
ဘကြီးသက်
Unknown at 10:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
EMG မှမေးမြန်းသောမေးခွန်းအား သမ္မတဦးသိန်းစိန်မှ ဖြေဆိုခဲ့ခြင်းကို လေ့လာခြင်း။
Eleven Media Group ၏ မေးမြန်းချက်နှင့် သမ္မတကြီး၏ ဖြေကြားချက်အပြည့်အစုံအား ပြန်လည်ဖော်ပြအပ်ပါသည်..။ မီဒီယာများမှမေးသော မေးခွန်းများအား မေးမြန်းချက် အပြည့်အစုံနှင့် ဖြေကြားချက်အပြည့်အစုံကို ဖော်ပြမှ ပြည်သူက တိတိကျကျသုံးသပ်ခွင့်ရ မည်ဖြစ်သဖြင့် လိုရင်းမဟုတ်ဘဲ တိတိကျကျ အပြည့်အစုံပြန်လည်ဖော်ပြပေးသော Eleven Media Group အား ဦးစွာ အထူးကျေးဇူးတင်ရှိပါကြောင်း..။  
(Eleven Media Group ၏ မေးမြန်းချက်အပြည့်အစုံ )
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်သမ္မတကြီး အနေနဲ့သော်လည်းကောင်း၊ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌအပြင် လက်ရှိတပ်မတော် ခေါင်းဆောင်တွေက လေးစားတယ်လို့သိရတဲ့ ယခင်တပ်မတော်ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ ဒီမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းရင်းသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်နေတာတွေဟာ ခရီးအတော်ရောက်နေတာကို တွေ့ရပါတယ်။ ဒီလိုအချိန်မှာပဲ နိုင်ငံတော်သမ္မတကြီးရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပါ ဘယ်တော့မှ နောက်ပြန်မသွားဘူးလို့ ပြောကြားထားတာ နိုင်ငံတကာက အသိဖြစ်ပါတယ်။
တစ်ဖက်မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး သည်းသည်းမဲမဲ တိုက်ခိုက်ရေးသားတာတွေကို Myanmnar Express ၀က်ဘ်ဆိုက်မှာ တွေ့ရသလို တပ်မတော်အရာကြီး တစ်ချို့ကြားထဲမှာ ကုလားမဆိုတဲ့ အသုံးအနှုန်းမျိုး သုံးနှုန်းနေတယ်လို့ ကြားသိရပါတယ်။ ဒီလိုအချိန်မှာ နောက်ပြန်သွားနိုင်မလားဆိုတဲ့ သံသယတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီ အင်အားစုတွေကြားထဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေကြားထဲမှာ ပြန်လည်လက်စားချေလိုတဲ့ သဘောအသုံးအနှုန်းမျိုးနဲ့ လုပ်ဆောင်တဲ့ အနေအထားတွေ တွေ့နေရပါတယ်။
ဒီအခြေအနေမှာ ပြည်သူတွေကြားထဲနဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေကြားထဲမှာ နောက်ပြန်သွားနိုင်မလားဆိုတဲ့ သံသယတွေရှိနေပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ဘင်္ဂါလီကိစ္စမှာ ဆိုရင်လည်း ရခိုင်တိုင်းရင်းသားတွေကြောင့် အစပြုဖြစ်ခဲ့ရတဲ့သဘောမျိုး အစီရင်ခံစာထွက်ရှိလာသလို ကချင်ပြည်နယ်ကိစ္စကလည်း ရှိနေဆဲပါ။
ဒီတော့ ကျွန်တော်တို့ယူဆတာက ဒီလိုနောက်ပြန်မလှည့်နိုင်ဖို့၊ သံသယတွေမရှိဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ဖို့က အဓိကကျမယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လက်ရှိမှာလုပ်ဆောင်နိုင်တဲ့ အနေအထားတွေရှိတဲ့ နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ထဲမှာ မဲအများဆုံးရရှိပြီး ရောက်ရှိနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြင်ဆင်နိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အစီအစဉ် ရှိပါသလား၊ ဒါမှမဟုတ်၂၀၁၅ ရွေးကောက်ပွဲ ကျော်လွန်ပြီးမှ အခြားပါတီနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အခြေအနေမျိုးမှာမှ ပြုပြင်ဖို့ အစီအစဉ်ရှိပါသလားဆိုတာ သိချင်ပါတယ်။
....................................................................................................
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖြေကြားချက် အပြည့်အစုံ
နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာမူတည်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ပြည်သူကို မေးကြည့်ရင်တော့ ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒမရှိတော့ပါဘူး။
ပြည်သူက နောက်ပြန်မလှည့်ချင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ကလည်း နောက်ပြန်မလှည့်နိုင်အောင် ကြိုးစားပြီးလုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာတော့ သဘောထားတွေကတော့ အမျိုးမျိုးရှိမှာပါ။ တူညီတဲ့ အချက်တွေရှိတယ်။ မတူညီတဲ့ အချက်တွေရှိတယ်။ နိုင်ငံရေးသမား ဆိုတာကတော့ ချီးမွမ်းခံရတာတွေရှိသလို၊ အဆဲခံရတာတွေလည်း ရှိမှာပါပဲ။ ရှေ့ကိုပဲ ချီတက်သွားဖို့လိုတယ်လို့ ဒီလိုပဲကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးမပြင်ရေးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးထားပြီးဖြစ်ပါတယ်။
အဲဒီမှာအခန်း ၁၂ ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်တဲ့ Amendement ပေါ့။ လုပ်ထုံးလုပ်နည်းတွေ ဘာတွေညာတွေလည်း ပါတာပေါ့။ ကျွန်တော့်သဘောထား တစ်ရပ်ထဲနဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက် ဒီလိုမျိုးပြောလို့တော့မရဘူး။ မပြင်ပါနဲ့လို့ သွားပြောလို့ကလည်းမရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေးမပြင်ရေးသည် ပြည်သူတွေက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ထဲမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်။
သူ့ရဲ့ လုပ်ထုံးလုပ်နည်းကလည်း ဒီအတိုင်းပါပဲ။ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်ကနေပြီးတော့ ပြင်ဖို့ ဟိုဒင်းလုပ်ရင် ဘယ်လိုတွေ ဆက်လုပ်ရမယ် ဘာညာပါပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ကျွန်တော်တို့ပေးထားပြီး ဖြစ်ပါတယ်။ ပြင်ရေးမပြင်ရေးသည် ခုနကပြောတဲ့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ ပြန်ဖြေရမှာ ဖြစ်ပါတယ်။
.................................................................................................
သုံးသပ်ချက်
အလွန်ကောင်းသော မေးမြန်းချက်ဖြစ်ပါသည်။ မေးခွန်းအားလုံးကို နောက်ကြောင်းပြန်မလှည့်ခြင်းနှင့် အခြေခံဥပဒေပြင်ဆင်ခြင်းကို အခြေခံထားပါသည်..။ သို့သော် သမ္မတ၏ ဖြေကြားချက်အား အားမရပါ..။
(၁) လွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ တင်ပြသော ရခိုင်-ဘင်္ဂလီကိစ္စ သမ္မတရုံး၏ အစီရင်ခံစာသုံးသပ်ချက် အကြောင်းကို တိတိကျကျ တာဝန်ယူဖြေကြားခဲ့ခြင်းမရှိပါ..။ မည်သူက ရေးသားခဲ့သည်ကို ပုံဖော်ဖြေဆိုနိုင်ခဲ့ခြင်းမရှိပါ..။ သုံးသပ်ချက်ရေးသားခဲ့သူများအား များအား ကာကွယ်လိုသောကြောင့်လား ဟု ယူဆရမလိုဖြစ်နေပါသည်..။
(၂) EMG ၏မေးမြန်းချက်မှာ ဒေါ်အောင်ဆန်းစုကြည်အား Myanmar Express မှတစ်ဆင့် ပုတ်ခတ်နေခြင်းသည် ယခင်တပ်မတော်အစိုးရလက်ချက်ဟု တိုက်ရိုက်မညွှန်းဆိုရုံတမယ် မေးမြန်းထားပါသည်..။ နောက်ကြောင်းပြန်ခြင်းဖြင့် ခိုင်းနှိုင်းမေးမြန်းထားခြင်းဖြစ်ပါသည်..။ သို့သော် ထိုမေးခွန်းပါအချက်အား သမ္မတမှ တုန့်ပြန်ဖြေရှင်းခြင်းမပြုခဲ့ပါ..။
(ယခင်‌ စစ်‌အစိုးရလက်‌ထက်‌က youtube အပါအ၀င် Website အများအပြား Burned ကာ ပိတ်ပင်ခြင်းခံခဲ့ရသော်လည်း Myanmar Express မှာ လွတ်လပ်စွာရေးသားအပုတ်ချခွင့်ရခဲ့သော ပိတ်ပင်ခြင်းမခံရသည့် ဆိုဒ်တစ်ခုဖြစ်သလို တချို့ဓာတ်ပုံမှတ်တမ်းများသည် သတင်းစာထဲတွင်ဖြူမဲပါဝင်သော်လည်း Site ထဲတွင်မူ Color ပုံများ ဖြစ်နေလေ့ရှိပါသည်။ မည်သည့် အစိုးရ Website များတွင် မဖော်ပြခဲ့သော Credit မပါသည့် အပြင်လူသတင်းယူခွင့်မရသည့် VIP ဓာတ်ပုံများ၊ တပ်မတော်၏ တိုက်ပွဲသတင်းဓာတ်ပုံမှတ်တမ်းများကိုလည်း ဖော်ပြလေ့ရှိပါသည်..။ ထို website မှ သတင်းများကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ  ပြန်လည်ဖော်ပြနေသူအများစုမှာလည်း Profile အမှန်ဖြင့် တပ်မတော်သားအရာရှိငယ်များဖြစ်နေခြင်းကလည်း ထူးခြားချက်ဖြစ်ပါသည်။ ထို့ကြောင့် Myanmar Express website သည် ယခင် စစ်မဟာဗျူဟာ သို့မဟုတ် စစ်အစိုးရ/တပ်မတော်ဘက်မှဟု သုံးသပ်သူများက ယူဆပါသည်။)
(၃) ထိုကဲ့သို့ အစိုးရနှင့် တာဝန်ရှိသူများ၏ အရေးယူဆောင်ရွက်မှုများက နောက်ကြောင်းပြန်လှည့်ရန် အခြေအနေဖြစ်ပေါ်နေသည်ကို သမ္မတက ပြည်သူ့အပေါ်တွင် လုံးဝမူတည်သည်ဟု ပြောလိုက်ခြင်းသည် ထမင်းရေပူ လျှာလွှဲစကားဟု ယူဆပါသည်..။ ပြည်သူက ရှေ့သို့ မည်မျှပင် သွားဖို့ ကြိုးစားနေပါစေ  ရှေ့က ဦးဆောင်နေစီမံနေသူ အစိုးရက နောက်ကြောင်းပြန်လှည့်ချင်စိတ် လုံးဝ မရှိမှ/ယခင်အကျင့်၊ မူများအတိုင်း ကျင့်သုံးဆောင်ရွက်နေခြင်းများမရှိမှ နောက်ကြောင်းပြန်လှည့်မှုမရှိခြင်း ပြီးပြည့်စုံမည်ဟု သုံးသပ်မိသည်..။
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေး မပြင်ရေးသည်လည်း လွှတ်တော်ကိုယ်စားလှယ်များအပေါ်တွင်သာ မူတည်ကြောင်း ဖြေကြားခဲ့ပါသည်..။  ၂၀၀၈ အခြေခံဥပဒေအခြေခံဥပဒေပါ ဥပဒေပြင်ဆင်ခြင်း ပြဌာန်းချက်များအရ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် မည်မျှခက်ခဲမည်၊ မည်မျှ ကြိုးစားရမည်ကို အကျယ်တ၀င့် သုံးသပ်ဖြေကြားထားခြင်းမရှိပေ..။
အချုပ်အားဖြင့်ဆိုရလျှင် သမ္မတကြီး၏ ထိုမေးခွန်းအပေါ် ဖြေကြားချက်သည် ... တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တိကျပြတ်သားသော ရလာဒ် တစုံတရာ ထွက်မလာသော ဖြေကြားချက်ဖြစ်ကြောင်း ပွင့်လင်းလွတ်လပ်စွာ ယူဆပါသည်..။
ဘကြီးသက်
Unknown at 10:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျူးကျော်သူ
ခရိုနီတွေရဲ့ မလိမ့် တပတ် ကျူးကျော်မှု တွေကျ တော့ နှာစေးပြီး၊ ရူးချင်ယောင် ဆောင်ကာ အကာအကွယ် ပေးနေကြတယ်။
ပြည်တွင်းကလာတဲ့ သတင်းတွေနဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ ဆင်းရဲသားပြည်သူတွေနဲ့ တောင်သူလယ်သမား တွေကို ရဲ၊စစ်တပ်နဲ့  စည်ပင်သာယာတို့က ကျူးကျော်သူတွေလို့  သတ်မှတ်ပြီး အတင်း မောင်းထုတ်နေတဲ့ သတင်းတွေ ဘူဒိုဇာတွေနဲ့ သူတို့ရဲ့ အိမ်လေးတွေကို ကော်ထိုး ဖျက်ဆီးနေတာတွေ၊ ခပ်စပ်စိပ် ဖတ်ရှုလာရ၊ ကြားနေရတယ်။တော်တော့်ကို စိတ်မချမ်းမြေ့ စရာပါ။
 အဲဒါနဲ့ ကျူးကျော်သူဆိုတဲ့ စကားရပ် ရဲ့  အဓိပ္ပာယ်ကို နားလည်ဖို့ ကြိုးစားမိတယ်။ ကျွန်တော် တွေးမိသလောက် ကတော့ ကိုယ်မပိုင်ဆိုင်တဲ့ (သို့) ၀င်ထွက်သွားလာခွင့် မရှိတဲ့ အဆောက်အဦး၊ မြေယာ၊ နယ်နိမိတ် အပိုင်းအခြား၊ လုပ်ငန်းတစ်ခုကို တရားမ၀င်(သို့) မူလဌာနေ ပိုင်ရှင် ဇာတိသားတို့ရဲ့ နှစ်လို လက်ခံမှု မရယူဘဲ ဝင်ရောက်နေထိုင်သူ၊ ဖြတ်သန်းသွါးလာ အသုံးပြုသူလို့ အများအားဖြင့် သတ်မှတ်လေ့ ရှိကြတယ်။ 
 ဒါပေမယ့် ထပ်ပြီးအငြင်းပွါးစရာက တရားဝင်မှု၊ မဝင်မှု၊ မူလ ပိုင်ရ၊ှင် မှန်မှု၊ မမှန်မှု တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာတွေ ရှိလာတာပါပဲ။လက်ရှိတည်ဆဲ ဥပဒေတွေကိုလည်း မှန်ကန်မှု ရှိမရှိ၊ အများပြည်သူရဲ့ ကိုယ်ကျိုးကို ကိုယ်စားပြုမှု ရှိမရှိ၊ လူနည်းစု(သို့) လူတစ်ဦးချင်းစီရဲ့ လူဖြစ်တန်ဖိုးကို အသိအမှတ်ပြု၊ မပြု စတာတွေနဲ့ ဆန်းစစ်ကြည့်ဖို့ လိုလာပါပြီ။ ဥပဒေဆိုတာ လူတြွေဲပဌာန်း ထားတာ ဖြစ်လို့ အခြေအနေနဲ့ မကိုက်ညီတော့ရင် ပြုပြင်ပြောင်းလဲ ပစ်ကြရမှာပါ။
ကျူးကျော်သူနဲ့ ပတ်သက်ပြီး ရှေ့က စကားကို ဆက်ရရင် နယ်မြေ ကျူးကျော်သူ၊ စစ်ရေး ကျူးကျော်သူ၊ စီးပွါးရေး ကျူးကျော်သူ၊ နိုင်ငံရေး ကျူးကျော်သူ စသည်ဖြင့် အများအပြား ရှိပါတယ်။နိုင်ငံ တနိုင်ငံဟာ ကျူးကျော်သူ ဖြစ်နိုင်သလို၊ ကျူးကျော် ခံရသူလဲ ဖြစ်နိုင်ပါတယ်။ 
ဖက်ဆစ်ဂျပန်၊ နယ်ချဲ့ ဗြိသျှ၊ တရုပ် မန်ချူးရီးယား၊ မွန်ဂိုနဲ့ နန်ချောင်တွေဟာ မြန်မာ နိုင်ငံအတွက် ကျူးကျော်သူတွေ ဖြစ်သလို၊ ဗမာက ထိုင်းကို အကြိမ်ကြိမ် ဝင်ရောက်သိမ်းပိုက်တာတွေ ရှိခဲ့တယ်။ မြန်မာ ပြည်ထဲမှာတောင် ရခိုင်၊ရှမ်း၊မွန် စတဲ့ တိုင်းရင်းသား တွေအမြင်မှာ မြန်မာ(ဗမာ) လူမျိုးဟာ ကျူးကျော်သူတွေ ဖြစ်ခဲ့ဖူးတာလို့ လူမျိုးလိုက် သမိုင်းမှာ သာဓကတွေနဲ့ ပြောဆိုကြတာ ရှိခဲ့ပါတယ်။ သမိုင်းကို ဖုံးကွယ်စရာ၊ လိမ်ညာ စရာ အကြေင်း မရှိပါဘူး။
အဲဒီကျူးကျော်မှုတွေဟာ လက်နက်အားကိုးနဲ့ ကျူးကျော်မှု၊ အဓမ္မ ကျူးကျော်မှုတွေပါဘဲ။
--ဒါပေမယ့် အခု ကျူးကျော်သူလို့ စွပ်စွဲခံနေရတဲ့ ဆင်းရဲသား ပြည်သူများကတော့ စစ်အာဏာရှင်စနစ်ကြောင့် အထွေထွေ ချွတ်ခြုံ ကျမှု တွေနဲ့ ဆင်းရဲမွဲတေ ခဲ့ရတာကြောင့်၊ ပညာမသင်နိုင်ခြင်း၊ အခွင့် အလမ်းကောင်းများ ညီမျှစွာ မခံစားရခြင်း၊ အကျိုးဆက်များစွာကို နှစ်ရှည်လများစွာ ခါးစီးခံခဲ့ရတဲ့ အပြင် ခရိုနီကယ်ခေါ် စစ်တပ်နဲ့ အသိုင်း အဝိုင်း စီးပွါးရေး လုပ်ငန်းရှင် တွေရဲ့ မလိမ့်တပတ် အနိုင်ကျင့်မှုတွေ၊ လူမိုက်ဆန်ဆန် စစ်တပ်နဲ့ ပေါင်းပြီး စာသင်ကျောင်း၊ လယ်ယာ ၊ခြံမြေတွေမှာ မှတ်တိုင်စိုက် ကျူးကျော် သိမ်းပိုက်မှု၊ ခေါင်းပုံဖြတ်မှု တွေကြောင့် ပိုမိုဆင်းရဲပြီး မြေမဲ့ယာမဲ့၊ အိုးအိမ်မဲ့၊ အခြေအနေမဲ့ ဘဝ ရောက်ရသူတွေပါ။
ဆင်းရဲသား ကျူးကျော်သူတွေထက် ပိုမို ဆိုးဝါးတဲ့ ကျူးကျော်မှုမှုတွေ အမြောက်အများ ရှိနေတာကို ထင်ရှားအောင် မီးမောင်း ထိုးပြ ပြောပြချင်ပါတယ်။အဲဒါတွေက(၁) အာဏာအလွဲသုံးစားလုပ်ပြီး မြေယာအဆောက်အဦးများစွာကို ကျူးကျော် ပိုင်ဆိုင်ထားသူများ( မြို့ ပြစီမံကိန်း၊ စက်မှု စီမံကိန်းတွေ အကြောင်းပြပြီး ပြည်သူပိုင်နှင့် နိုင်ငံပိုင်မြေများ၊ ဘိုးမွေ ဘွားမွေပိုင်များကို အာဏာသုံး သိမ်းပိုက် ခွဲယူထားမှုများ ဖြစ်သည်။)
 (၂) အာဏာာပိုင်များ၊ ခရိုနီများနဲ့ ဆွေမျိုးတော်သူများမှ မျှတသော ပိုင်ဆိုင်မှု မဟုတ်ဘဲ၊ နိုင်ငံပိုင်စီးပွါးရေး လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ၊ အလုပ်ရုံများ၊ လုပ်ကွက်များပြ ကျူးကျော် လုပ်ကိုင်သူများ။
(၃)နိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အာဏာများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ လွှတ်တော် ထိုင်ခုံနေရာများတွင် ပြည်ဆန္ဒ မပါဘဲ လိမ်လည်လှည့်ဖျားပြီး ကျူးကျော် နေရာယူထားသူများ၊
 (၄) ဘာအရည်အချင်းကိုမှ အခြေမခံဘဲ လက်လှမ်းသင့်ရာ ခေါ်ယူခန့် ထားကြသည့် အစိုးရ အဖွဲ့ အစည်းအတွင်းမှ ရာထူး ဌာနများစွာကို ကျူးကျော် ထားကြသူများ။
 အထက်မှာဖော်ပြထားသည့် ပိုမို အပြစ်ကြီးလေးပြီး၊ တန်ဖိုးကြီးကျူးကျော်သူတွေကို မျက်ကွယ်ပြု ချန်လှပ်၍ အခြေအနေမဲ့ ဆင်းရဲသား ပြည်သူ ကျူးကျော်သူများကို ကိုင်တွယ်ရာမှာ လူသားချင်း စာနာစိတ်နဲ့ ကိုင်တွယ် ဖြေရှင်း သင့်ပါတယ်။
 ဆင်းရဲသား ပြည်သူမိသားစု တချို့ ကျူးကျော်တာကျတော့ ရက်ရက်စက်စက် ဘူဒိုဇာနဲ့ တိုက်ပြီး သစ်စိမ်းချိုး ချိုး ဖယ်ရှား ခဲ့ကြပေမယ့် ခရိုနီတွေရဲ့ မလိမ့် တပတ် ကျူးကျော်မှု တွေကျ တော့ နှာစေးပြီး ရူးချင်ယောင် ဆောင်ကာ အကာအကွယ် ပေးနေကြတယ်။မလိမ့်တပတ် သိမ်းထားတဲ့ အစိုးရစီမံကိန်းအမည်ခံ လယ်သမားမြေတွေကို နိုင်ငံခြား ကုပ္မဏီတွေကို တဆင့် ပြန်ရောင်းတာတွေ ဖုံးကွယ်ပြီး ရူးဟန်ဆောင်နေကြတယ်။
လယ်သမားတွေကို ၃ -နှစ်စာသာ လျှော်ကြေးပေးပြီး နိုင်ငံခြား ကုပ္မဏီကို နှစ် ၆၀ ဒေါ်လာနဲ့ အငှားချတာကို တိုင်းပြည် အသိမခံဘဲ၊ စစ်ဗိုလ်ချုပ်ဟောင်ေးတွ၊ ခရိုနီတွေ ရိုက်စား လုပ်တာကို အာဏာနဲ့ အကာအကွယ်ပေးဖို့  ကြံနေကြတယ်။ အာဏာတွေ၊ မတရား ရထားတဲ့ ငွေတွေနဲ့ နိုင်ငံပိုင်၊ ပြည်သူပိုင်၊ လယ်သမား တဦးချင်း ပိုင်တွေ မတရား ကျူးကျော် ပိုင်ဆိုင်တာကိုကျတော့ မတရားတဲ့ ဥပဒေတွေမှန်း သိရက်နဲ့ ပြုပြင်ဖို့ လုပ်ငန်းမစ၊ စကား မစ နိုင်ကြပါဘူး။ ဒါဟာ ကောင်းမွန်သော အစိုးရ တရပ်ရဲ့ ဂုဏ်အင်္ဂါတွေနဲ့ သွေဖီနေပါလိမ့်မယ်။ 
ပိုးဖောက်ပြီး သီးနှံထွက် ဆိုးဆိုးဝါးဝါး ကျနေတဲ့ စိုက်ခင်းကြီး တစ်ခုကို ပြန်ကောင်းမွန်အောင် ပြုပြင်ကြတဲ့ နေရာမှာ မအောင်တဲ့၊ ပိုးကျနေတဲ့ အပင်တွေ ရှင်းပစ်ရမှာ ဖြစ်သလို၊ အရင်းအမြစ် အခြေခံကျတဲ့ မြေဆီ၊မြေသား ခမ်းခြောက်မှုတွေ ပြုပြင်ကြ ရပါမယ်။
 ရေသွား ရေလာတွေမှန်ဖို့ ၊သန့် စင်တဲ့ မျိုးသီးနှံတွေ သုံးစွဲဖို့၊ စိုက်ပျိုးဖို့တွေနဲ့ သင့်တော်တဲ့ ပိုးမွှား ကာကွယ်ဆေး သုံးစွဲဖို့ ၊ပိုမိုထိရောက်တဲ့ အကောင်အထည် ဖော်မှုတွေ ရှိရပါမယ်။ချိုင်ရမယ့် အကိုင်းတွေ ချိုင်ရမှာ ဖြစ်သလို၊ လှန်သင့်တဲ့ အမြစ်တွေ လှန်ပစ်ရမှာပါ။ 
 လောလောဆယ် မြန်မာ ပြည်ရဲ့ အပြောင်းအလဲကတော့ ကိုင်းဖျားတွေကို ချိုင်နေတာ များပါတယ်။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု မြင်ရအောင် ပြရရင် ၀န်ကြီးနေရာ အပြောင်းအလဲလုပ်တာ၊ ဗိုလ်မှူးကြီး အောင်ဇေယျ အမိန့် နဲ့ နာမည်ပျက် သိပ်မထွက်တဲ့ ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းနေတာတို့၊ပြီးခဲ့တဲ့ စက်တင်ဘာ (၁၈)ရက်နေ့ က သမ္မတ အမိန့် နဲ့ ဝန်ထမ်း အဖွဲ့ အစည်း အကြိးအမှူးပြောင်းအလဲ လုပ်တာတွေဟာ တကယ် ထိထိ ရောက်ရောက် ဆောင်ရွက်မှုတွေ ဟုတ်မဟုတ် ဆိုတာ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက် ရှုစား ကြရတော့မှာပါ။ အစမ်းသပ်ခံကြရတော့မှာပါ။
အချုပ်အားဖြင့် ပြောရရင် ကျူးကျော်သူ အမျိုးမျိုး အကြားမှာ အချို့သော ကျူးကျော်သူများဟာ ရွေးချယ်စရာ မရှိတော့လို့ ကျူးကျော်သူတွေ ဖြစ်ခဲ့ရပေမယ့် တချို့ ကျူးကျော်သူတွေဟာ အာဏာနဲ့ ငွေကြေးအင်အား၊ ဓန အင်အား တွေ နောက်ကွယ်မှာ ပုန်းကွယ် ရှောင်ရှားနေကြတယ် ဆိုတာရယ်၊ ကျုးကျော်သူနဲ့ အကျူးကျော်ခံရသူတွေ ကြားမှာ ရှိတဲ့ ပဋ္ဋိပက္ခ ဖြေရှင်းရာမှာ အကြမ်းနည်းသုံး မဖြေရှင်းကြဖို့ ၊တည်ဆဲ ဥပဒေတွေနဲ့ ချည်း ကိုင်ပေါက်ပြီး မဖြေရှင်းကြဖို့၊ လူသားချင်း စာနာစိတ်နဲ့ ဖေးကူ ဖြေရှင်းကြဖို့ ၊ ဒီမိုကရေစီကို အခြေခံတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။
 လူဗိုလ် ဟူသည်မှ
ဘကြီးသက်
Unknown at 10:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မော်ကွန်းတင်တဲ့ရက်
(မော်ကွန်းတင်တဲ့ရက်)
ဒို့ဆရာများ မီးအိမ်ရှင်
နောင်အစဉ် ကောင်းစေဖို့
အလင်းဝေလို့ အမှောင်ခွင်း
ရှေ့ဆောင်ကာ တက်လမ်းပြတယ်
နေ၊လ သို့လင်း..။
ပရိယတ်လှေတစ်စင်း
ချစ်ခြင်းတွေနဲ့ ရွက်ဖွင့်သီ
ထေရ်ညီနောင် ဖော်တစ်သင်းတို့
လှော်ခတ်တူညီ..။
ဝါလတို့ လွတ်ပြန်ပြီ
ပူဇော်သည့် ဒီပွဲ...
ဆရာ့ဂုဏ် မှတ်ကျောက်တင်လို့
ကျင်းပအမြဲ..။
ကံသုံးပါး မစင်လည်း
စင်ပါစေ ရည်ညွှန်း..
(သီတင်းကျွတ်(၇)ရက်ကိုကွယ်)
ထိုးလှစ်မော်ကွန်း..။
(မော်ကွန်းတင်တဲ့ရက်)
               ဒို့ဆရာများ မီးအိမ်ရှင်
     နောင်အစဉ် ကောင်းစေဖို့
   အလင်းဝေလို့ အမှောင်ခွင်း
  ရှေ့ဆောင်ကာ တက်လမ်းပြတယ်
      နေ၊လ သို့လင်း..။
   ပရိယတ်လှေတစ်စင်း
ချစ်ခြင်းတွေနဲ့ ရွက်ဖွင့်သီ
ထေရ်ညီနောင် ဖော်တစ်သင်းတို့
   လှော်ခတ်တူညီ..။
ပူဇော်သည့် ဒီပွဲ...
ဆရာ့ဂုဏ် မှတ်ကျောက်တင်လို့
   ကျင်းပအမြဲ..။
 ကံသုံးပါး မစင်လည်း
စင်ပါစေ ရည်ညွှန်း..
(သီတင်းကျွတ်(၇)ရက်ကိုကွယ်)
  ထိုးလှစ်မော်ကွန်း..။
ဘကြီးသက်
Unknown at 9:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.