Friday, October 19, 2012

မြန်မာမလေးများသို့ .....အင်္ကျီပါး အရေးတော်ပုံ .....





 ရှေးမြန်မာ ဘုရင်များလက်ထက်မှ ၁၂၅၃-ခုနှစ်လောက်ကျအောင် မြန်မာအမျိုးသမီး မှန်သမျှတို့သည် ထူထဲ ခိုင်ခံ့သော အ၀တ်အထည်များကို စနစ်ကျစွာ အင်္ကျီချုပ်လုပ် ၀တ်ဆင်ကြ ကုန်၏ ။ ထို့နောက်တွင်မှ ခေတ်ဆန်သည်ဆိုသော မြန်မာအမျိုးသမီးများမှ အင်္ကျီပါးများ ၀တ်ဆင်၍ ခေတ်စားစ ပြုလာခဲ့သည်။ ၁၉၇၁-ခုနှစ်အတွင်း ထုတ်ဝေသော သူရိယမဂ္ဂဇင်းတွင် အင်္ကျီပါးနှင့် ပတ်သက်သော ကာတွန်းများကို ဦးဘကလေးသည် ထိုအခါက မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ကြရန် ကာတွန်းဆရာများ နှင့် သတင်းစာ ဆရာများက ဆုံးမခဲ့ကြလေသည်။ ၀ံသာနုခေတ် ကောင်းစားစဉ်ကာလတွင်မူကား မြန်မာအမျိုးသမီး အချို့သည် အင်္ကျီပါးကို သပိတ်မှောက်၍ မြန်မာဖြစ် ပင်နီ အင်္ကျီ နှင့် ယောထမီများကို ၀တ်ဆင်ကြလေသည်။ အင်္ကျီပါး နှင့် ပတ်သက်၍လည်း တပေါင်များလည်း ပေါ်လာခဲ့သည်။ " အင်္ကျီ- အင်္ကျီပါးရယ်နှင့် မျက်ထား-မျက်ထားချို ၊ ပြုံးသလိုလို ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေလေကုန်ပေါ့ .. ကျွန်မ ဘင်္ဂါလီ" ဟူ၍ လည်းကောင်း ၊ " အင်္ကျီ- အင်္ကျီပါးရယ် နှင့် မျက်ထား-မျက်ထားချို ၊ ကုလားလိုလို ၊ ဗမာလိုလို ၊ ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေကုန်ပေါ့၊ ကျွန်မ ဇာဘော်လီ " ဟူ၍ပင် တပေါင်များ ပေါ်လာခဲ့ပါသည် ။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင်မူ ရဟန်းပျိုများက သံချိပ်၊ ကတ်ကြေး၊ ကြိမ်လုံးများကို စစ်ကူခေါ်ပြီး အင်္ကျီပါးကို တိုက်ဖျက်ခဲ့ကြသည်။ မန္တလေး အမရပူရ နှင့် စစ်ကိုင်းမြို့များ၌ အင်္ကျီပါးများကို မီးရှို့ခဲ့ကြသည်။ မန္တလေး ၊ မဟာမုနိဘုရားရှေ့တော်၌လည်း အင်္ကျီပါးများကို ပုံ၍ပင် လှူခဲ့ကြသည်။ ၁၉၄၁-ခုနှစ်တွင် အင်္ကျီပါးစစ်ပွဲဟု ဆိုရမလောက်ပင် ဂျာနယ်ကျော်တွင်ပြုလုပ်၍ အင်္ကျီပါးဘက် မှ မြင်းခြံစိုးမြင့် .... အင်္ကျီပါး မ၀တ်ထိုက်သည့်ဘက်မှ မေမြို့ မခင်သန်းရီ တို့ နှစ်ဦး နှစ်ဖက် ချေပစာများ ထောက်ခံစာများတို့ဖြင့် ဂျာနယ်ကျော်တွင် ၄-၅ ပတ် အင်္ကျီပါး စစ်ပွဲ ဖြစ်ခဲ့ကြသည်။ ၁၉၄၁-ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ထုတ် ဟံသာဝတီဂျာနယ်၊ ကာတွန်း ရုပ်ရှင်အခန်း ကဏ္ဍတွင်လည်း ခေတ်ကာလ အင်္ကျီပါး များ ပါးလွှာကျပ်တည်း ထင်ပေါ်လွန်းသည်ဟု အယူရှိကာ အမျိုးမျိုး ဆူပူ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ ကာတွန်းဆရာ ဦးဘဂျမ်းက... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော စကားများဖြင့် ပင် ကာတွန်းများ ရေးဆွဲပြခဲ့ပါသည်..... ဤကား လွန်ခဲ့သော အတိတ်ကာလစီက အင်္ကျီပါး အရေးတော်ပုံတည်း ။ ယနေ့ ၂၀၁၁ -ခုနှစ် ..... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော ကာတွန်းဆရာ ဦးဘဂျမ်း အား ယနေ့ ခေတ်ကာလကို တွေ့မြင်လိုက်စမ်းချင်ပါသည်။ "အထက်လည်းတို .... အောက်လည်းတို ..... သူမ ပျို -ပျို-ပျို ...အို-အို-အို " ဟုပင် ဆိုလိုက်ချင်သည်။ အများစု ..... ဂျာနယ်တွေ ... မဂ္ဂဇင်းတွေ... ကြော်ငြာဆိုင်းဘုတ်တွေမှာ .... ရေပေါ်ဆီ အလွှာစု ပါးလွှာ -တို -ပြတ်- ဟိုက်- အကုန်စုဝတ်လို့ နေပေပြီ.... ကော့ ... ကော် ... ကန်...ကား .... စတိုင်များနှင့် ... အလန်းဇယား များပြားနေပြီ.... ခေတ်ကာလကို နောက်ပြန်ဆွဲဘို့ မဆိုလိုချင်ပါ ...... ခေတ်ကာလ ရေစီးကြောင်း အတိုင်း ..... ခေတ်မီရပါမည် ....... ခေတ်သိပ်မဆန်ဘို့ လိုပါသည်။ ရဲရင့်ရပါမည် ........ မရဲတင်းဘို့တော့ လိုပါမည် ။ လှပအောင် ၀တ်စားပြင်ဆင်ရပါမည် ..... ယဉ်ကျေးမှုနှင့် မဆန့်ကျင်ဘို့တော့ လိုပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာမိန်းကလေးများ သတိထား- သိထားဘို့တော့ ကောင်း၏။ 


 ကာလဖြင့် ပျက်နေပြီ 
ဖက်ရှင်တွေ ရှုပ်ထွေး 
အရှက်တွင် အဟုတ်ဝေးပါပေါ့ .... 
တို ပါး ပြတ် ဟိုက် ၀တ်ပုံလေး အစုံစုံ ။
 ကော့ ကော် ကန်ကား စတိုင်များနှင့် 
အမှန်ဖောင်းထောင်၍ ကြွပါလို့ ရှုမြင်ဘို့ မတင့်တယ် ပါတယ် ။ 
တီကောင်ကို ဆားပက် 
ဝတ်စားမက် အနေအထားပျက်လို့ကြုံ ။
 မောင်... အဘ ... သားချင်း နှစ်မ အားနာလျှင် .....
 မှားတာကို ပြင်ကြစို့လေး ....
 မြန်မာညွန့် ညှိုးမကုန်အောင် အမျိုးဂုဏ် ဆယ်ကြပါစို့... 
ဒို့ ... မြန်မာမလေးများသို့ .....

 Myanmar Express
ဘကြီးသက်
Unknown at 10:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဆီးရန် ထိုင်းတရားရုံးချုပ်က အမိန့်ထုတ်ပြန်





 ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဆီးရန် ထိုင်းတရားရုံးချုပ်က အမိန့်ထုတ်ပြန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဖမ်းဆီးရန်အတွက် ထိုင်းတရားရုံးချုပ်က အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရပြီး အကျင့်ပျက်ခြစားမှုအတွက် သီးခြားထောင်ဒဏ်ချမှတ်မှုကို ရှောင်တိမ်းရန် ပြည်ပတွင် နေထိုင်နေသူဖြစ်သည်။ နိုင်ငံပိုင် Krung Thai ဘဏ်မှ ထုတ်ချေးခဲ့သည့် ချေးငွေများနှင့်ပတ်သက်ပြီး ရုံးတင်စစ်ဆေးခံရသည့် တရားခံ ၂၇ ဦးထဲတွင် သက်ဆင်လည်း ပါဝင်ခဲ့သည်။ ဘန်ကောက်တရားရုံးသို့ သက်ဆင်လာရောက်ရန် ပျက်ကွက်မှုသည် ရှောင်တိမ်းမှုလက္ခဏာများကို ပြသခြင်းဖြစ်ကြောင်း သဘာပတိတရားသူကြီး ကိုးဦးတွင်ပါဝင်သည့် တရား သူကြီးတစ်ဦးက ပြောကြားခဲ့သည်။ "သက်ဆင်ကို ဖမ်းဝရမ်းထုတ်ပြန်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရရှေ့နေတွေက သူ့ကိုတရားရုံးကို ခေါ်ဆောင်လာနိုင်တဲ့အထိ ရုံးတင်စစ်ဆေးမှုကို ဆိုင်းငံ့သွားမှာပါ" ဟု သူက ပြောကြားခဲ့သည်။ သက်ဆင်သည် အာဏာအလွဲသုံးစားပြုမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုတို့ ပါဝင်သော စွဲချက်ငါးခုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲခံရသူများထဲတွင် Krung Thai ဘဏ်မှ အမှုဆောင်အရာရှိ ဟောင်းများလည်း ပါဝင်ခဲ့သည်။ Krung Thai ဘဏ်မှ အမှုဆောင်အရာရှိဟောင်းများသည် သက်ဆင်အာဏာရှိနေဆဲ အချိန်အတွင်း သူတို့၏ရာထူးကို အသုံးပြုပြီး ဘဏ္ဍာရေးအခြေအနေ ယိမ်းယိုင်နေသော ကုမ္ပဏီများကို ငွေချေးငှားခဲ့မှုဖြင့် တရားစွဲခံရခြင်းဖြစ်သည်။ အာဏာအလွဲသုံးစားမှု စွဲချက်သည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကျခံရမည်ဖြစ်သည်။ အစိုးရရှေ့နေများသည် နစ်နာကြေးအဖြစ် ဘတ် ၁၀ ဒသမ၅ ဘီလျံ ပြန်လည် ပေးအပ်ရန် တောင်းဆိုသွားမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ တိမ်းရှောင်ခဲ့သည့် သက်ဆင်ကို ဖမ်းဆီးရန် စုစုပေါင်းဖမ်းဝရမ်းခြောက်ခု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ မြေယာဝယ်ယူမှုအတွက် အာဏာအလွဲသုံးစားပြုမှု၊ ခြစားမှုစွဲချက်အတွက် ဆိုင်းငံ့ထားသည့် ရုံးတင်စစ်ဆေးမှု လေးခုအတွက် သက်ဆင်ကို ဖမ်းဝရမ်းများ ထုတ်ထားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော လူသေဆုံးမှုများဖြစ်ခဲ့ရသည့် ရှပ်နီဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ပြန်လည်ရင်ကြားစေ့ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် အဆိုတစ်ခုကို ဆွေးနွေးတင်ပြခဲ့သည်။ သို့သော် ယင်းအစီအစဉ်သည် ထိုင်းသို့ သက်ဆင်ပြန်လာနိုင်ရန် ရည်ရွယ်မှုဖြစ်သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။
ဘကြီးသက်
Unknown at 10:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထို့ကြောင့် ကျွန်ုပ်သည် ထိုနေရာအတွက် သင့်ကိုသာ အလိုရှိပါသည်

 
ဒိုင်နိုဆောကို နှစ်ပိုင်းခွဲလျှင် ဒိုင်နို=ခွန်အာကြီးမားသော ၊ ဆော(ဆောရပ်စ်ဆိုတဲ့စကားကလာတာ)
အိ မ်မြှောင်ဟူ၍ရသည် ... ခွန်အာကြီးမားသောအိမ်မြှောင်ကြီးများသည်ကမ္ဘာကို နှစ်သန်းပေါင်း(၁၆၀)အုပ်စိုးသွားခဲ့ဖူးသည်ဟုသိပ္ပံပညာရှင်များယူ ဆကြသည်။ ယခု ဒိုင်နိုဆောများ မျိုးသုဉ်းသွားပြီ ...။ လူသည် ဒိုင်နိုဆောနှင့်ယှဉ်လျှင်ခန
္ဓာကိုယ်ကြံခိုင်မှုပိုင်းတွင် သိသိသာသာ အားနည်းနေပြီး အချင်းချင်းရန်လိုမှုနှင့် လောဘစိတ်တွင် သိသိသာသာ
အားကောင်းနေသည်။ ယခုလူသားများသည် နယူကလိယစွမ်းအင်ကို ထိန်းချုပ်နိုင်ပြီဟူ၍ ဂုဏ်ယူနေကြသည် ..။

သို့သော် မိမိတို့၏စိတ်ကိုနိုင်နင်းစွာထိန်းချုပ်နိုင်ပြီဟုအာမမခံနိုင်သေး ..။ တချိန်ချိန်တွင် စစ်ပွဲတွင်အသုံးမပြုရန်ကန့်သတ် ထားသော နယူကလိယထိပ်ဖူးတပ်ဒုံးကျည်များ လေထဲတွင်ဝဲပျံလာနိုင်သေးသည် ..။ လူသည် အချင်းချင်းစိတ်မချရတော့သည့် စိုးရိမ်ရေမှတ်သို့တရွေ့ရွေ့ချ ဉ်းကပ်လာသည်။ မသေချာမှုများဖြင့်ချိန်သီးအလွြှဲ ကမ်းလာသော
ရာစုသစ်ထဲတွင် .. လူသားအားလုံးစိုးရိမ်မှုတခုစီမက ရှိနေကြသည်။ မသေချာမှုများထဲတွင် တစ်ခုခုကိုတော့သေချာလိုက်ချင် သည်။ လောကကြီးတွင် အလုံးစုံသော ပြီးပြည့်စုံမှုကိုမည်သည့်အခါမှ မရနိုင်သည့်အတွက် လူ့စိတ်သည်တစ်ခုခုကိုလိုအပ်နေတတ်သည် ..။ မတည်ငြိမ်သောလောကကြီးတွင်လူသည် တခုခုကိုယုံကြည်လိုက်ချင်သည် ..။

တစ်ယောက်ယောက်ကို စိတ်ချထားချင်သည် ..။ ထိမ်ချန်ထားရန်မလိုသော နားတစ်စုံကို လူသားတိုင်းလိုချင်ကြသည်။

မိမိကိုယ်မိမိထက် နားလည်ပေးနိုင်မည့်သူတစ်ယောက်ကိုရှာဖွေချင်ကြသည် ..။ တယောက်ကိုတယောက်ကနားလည်လျှင် အနည်းဆုံးတော့ စိတ်ချမ်းသာရမည်ဟု လူသည်တွေးတောလာသည်။ ထို့ကြောင့်တူးဖေါ်တွေ့ရှိသမျှ ပရိုင်းမိတ်များသည် အစုအဖွဲ့နှင့်နေ၍ အစုအဖွဲနှင့်သာသေကြသည်။ ကမ္ဘာဦးလူသည်ပထမဆုံးသူငယ်ချင်းကိုတင်းပုတ်ဖြင့်ရိုက်မိကောင်း ရိုက်မိနိုင်သည် .. သို့သော်သူ၏မညီညာသေးသောသွားများ ဖြင့် ရယ်ပြဖို့ကြိုးစားခဲ့မည်ဟုယူ ဆရသည်။

အမွှေးအမျှင်ထူထပ်သောလက်များဖြင့်တယောက်နှင့်တယောက်ပွေ့ဖက်ကာမပီမသအော်ဟစ်ကြွေးကြော်ရင်း ပျော်ခဲ့ကြမည်မှာမူသေချာသည်။ သူငယ်ချင်းဟူသောဝေါဟာရသည်နလုံး ခုန်သံများကိုပျော်ရွှင်စေသော ဂုဏ်သတ္တိ ရှိခဲ့သည်ဟုယူဆရသည်။ ဂူအောင်းလူသည် သူ့သူငယ်ချင်းပုံကို ဂူနံရံတွင်ကျောက်တုံးနှင့်ဆြွဲ ပီး တဟားဟားရယ်နေမည်ဟုမသေချာသောကောက်ချက်ကို ခိုင်ခိုင်မတ်မတ် လက်ခံမိသည်။ ရာဇ၀င်အဆက်ဆက်တွင် သူငယ်ချင်းများသည်ရှားပါးခြဲ့ ကသည် ..။ အသက်တစ်ရာမနေရ အမှုတစ်ရာကြုံရသည်ဟုသာရှိသည်။ သူငယ်ချင်းတစ်ယောက်ရရန်အသက်သည်
အာမခံချက် တစ်ခုမဟုတ်ပါ.. ။ ကိုယ့်နှလုံးခုန်သံဖြင့် အသက်ရှူနေသော သူငယ်ချင်းတစ်ယောက်ကို သင် ရချင်ခဲ့ပါသလား ..။ သူ့ကိုယ်သူထက် သင့်ကိုပိုစိတ်ပူ တတ်သောသူငယ်ချင်းတစ်ယောက်၏တန်ဖိုးကို သင်မည်သို့သတ်မှတ်ပါသလဲ ..။ သူငယ်ချင်းဆိုသည်မှာအဓိပ္ပါယ်ဖွ င့်ဆိုစရာတစ်ခုမဟုတ်ပဲ ခံစားနားလည်ရသော တေးသီချင်းတစ်ပုဒ်သာဖြစ်သည်။

လိုနေတဲ့အချိန်မှာရှိမှသူငယ်ချ င်း ဆိုသောစကားပုံကို ယုံကြည်ရန်မဖြစ်နိုင်ပါ။ သူငယ်ချင်းဆိုသည်မှာသူ့အလုပ်နှ င့်သူသာဖြစ်၍ ကိုယ်လိုနေချိန်တိုင်းရှိချင်မှ ရှိပါလိမ့်မည်။ သူငယ်ချင်းဆိုသည်မှာစာခြောက်ရုပ်တစ်ခုလိုတနေရာထဲတွင်အမြဲရပ်တန့်နေသော သဘောမရှိဟုယူဆ သောကြောင့်ဖြစ်ပါသည် ။ ငယ်တုန်းကခင်မင်ခဲ့ခြင်းမှာတစ်သက်လုံးဆက်လက်ခင်မင်နေရမည်ဟူ သောကတိတ၀တ်တစ်ခုမဟုတ်ခဲ့ပါ ..။ သူငယ်ချင်းများသည်ရာသီဥတုလိြုေ ပာင်းလဲတတ်သည် ..။ သူငယ်ချင်းများသည် ၀ိုင်ပုလင်းလိုနှစ်ချို့လေတန်ဖိုးကြီးလေဟု တထစ်ချ မှတ်ယူ၍မရပါ..။ သံပုရာသီး
များလိုကြီးလေ ချဉ်လေလည်းဖြစ်သွားနိုင်ပါသည်။ ထင်မြင်ယူဆချက်များမှားယွင်းသွားကြသည်မှာ ကျွန်ုပ်တို့သည်တန်ရာတန်ကြေးမပေးပဲ အလကားရချင်သောကြောင့်ဖြစ်နိုင် ပါသည်။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ကိုယ်တိုင်သူငယ်ချင်းကောင်းဖြစ် ဖို့လိုသည်ဟူသော စကားမှာရယ်စရာကောင်းလှသည်။ အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ်တို့သည် သူငယ်ချင်းကောင်းများ မရရှိခဲ့ဖူးသောကြောင့် ကိုယ်တိုင်မည်ကဲ့သို့သူငယ်ချင်းကောင်းဖြစ်အောင်ကြိုးစားရမည်ဟု
မသိခဲ့ကြသောကြောင့်ြ ဖစ်သည်။ မဆိုးသောသူငယ်ချင်းများကို သူငယ်ချင်းကောင်းဟုခေါ်နိုင်ပါ သလားထိုမေးခွန်းသည်ရယ်စရာ မကောင်ြးေ ကာင်း သင်လည်းသိပါလိမ့်မည်။ သူငယ်ချင်းဆိုသည်မှာ လိုအပ်လျှင် အသက်ပေးသည်ဟုပြောကြသည်။ အသက်ကိုပေးရခြင်းမှာ သိပ်အပန်းမကြီးလှပါ။

အကယ်၍တစ်ချိန်တွင်အသက်ပေးလိုက်ယုံမျှဖြင့်သူငယ်ချင်းတစ်ယောက်ြ ဖစ်ခွင့်ရှိမည်ဆိုလျှင် ကျွန်ုပ်အားအကြောင်းကြားစေလိုပါ သည်။ သူငယ်ချင်းတစ်ယောက်၏အပြူံးသည် စံပယ်ပန်းတစ်ပွင့်ထက် ဖြူစင်မွှေးမြသည်ဟူသောအဆိုကို ကျွန်ုပ်က လက်ခံမိသည့်နေ့တိုင်း ....... အရိပ်တကြည့်ကြည့်စိုက်ပျိုးထားေ သာ အပင်လေးတပင်အပွင့်ပွင့်လာတိုင်း ၀မ်းမြောက်ဝမ်းသာဖြစ်တတ်သူများ သည် အပင်သေသွားသောအခါ ငိုရတတ်သည်။ ကျွန်ုပ်သည်နှလုံးသွင်းမှားခဲ့သော ဥယျာဉ်မှုးတစ်ယောက်ကိုမလှောင်ြေ ပာင်ရက်ပါ။ သေဆုံးသွားသောအပင်လေးတစ်ပင်သည် သူ့ဘ၀၏အစိတ်အပိုင်းတစ်ခုလည်ြး ဖစ်သည်။ ထွက်ခွာသွားသောသူငယ်ချင်းအတွက် ကျွန်ုပ်လုပ်နိုင်သည်မှာ ဆုတောင်းမေတ္တာပို့သသည့်အခါ မသိမသာမေ့လျှော့ထားလိုက်ရန်ဖြစ် သည်။ သို့သော်ဤကိစ္စသည်မဖြစ်နိုင်မှန်းအားလုံး
သိပြီးသားဖြစ်သည်။ မိမိစိတ်ကိုမသိသူတစ်ယောက်သည် သူတစ်ပါးကိုနားလည်ရန်မဖြစ်နိုင် ပါ။ အထင်မှားခြင်းသာဖြစ်နိုင်ပါလိမ့် မည်။

စိတ်ချမ်းသာချင်သူသည် အပူများအနားသို့မလာပါ ..။ ဝေးဝေးမှာ အေးအေးနေပါလိမ့်မည်။ ထိုသို့နေခြင်းမှာ သူ့ကိုယ်သူ နားလည်သောကြောင့်သာဖြစ်သည်။ သူသည်ပူလောင်မှုများကိုသာမုန်းတီးတတ်သော်လည်း အပူကိုယူဆောင်လာသူကို မမုန်းတီးတတ်ပါ။ သူသည်သူငယ်ချင်းတစ်ယောက်ကို အသက်ရှူရန်ကိရိယာတစ်ခုလို လိုအပ်နေခဲ့သူဖြစ်သည်။ ထီပေါက်စဉ်နှင့်တိုက်ပြီးမှ စိတ်ပျက်လက်ပျက် လျွှင့်ပစ်လိုက်သောထီလက်မှတ်များ လို ကျွန်ုပ်တို့သည်မျှော်လင့်သလို မဖြစ်ခဲ့ချင်းများအတွက် သူငယ်ချင်းများကိုလွှင့်ပြစ်ခဲ့ သည်။ ထို့အတွက်မည်သူမျှတခုတ်တယနောင်တမရကြ ..။ ဟန်ဆောင်ပန်ဆောင်လေးပင် မလုပ်နိုင်ကြပဲတစ်ခါတည်းလွှင့်ြ ပစ်လိုက်ကြသည်မှာ ကျွန်ုပ်တို့၏
တန်ရာတန်ကြေးထက်ပို၍ အဆပေါင်းများစွာ မျှော်လင့်ခဲ့ကြသော နှလုံးသွင်းမမှန်ကန်မှု ပြင်းအားများကြောင့်ဖြစ်လိမ့်မည်။ သူငယ်ချင်းတစ်ပင်စိုက်ပျိုး၍ ပန်းသီးများ၊ သစ်တော်သီးများ၊ မာလကာသီးများနှင့် ဖရဲသီးများ သီးပြီးသကာလစပျစ်သီးမသီးလာ၍ ခုတ်လိုက်သူများလည်း ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့်သင်သည်စိုက်ပျိုးသလောက်ရိတ်သိမ်းပြီး သားသူတစ်ယောက်လည်းဖြစ်နို င်သေးသည်။ အခါတပါးက တရားကျင့်တဲ့သူတော်စင်တစ်ပါးက တရားထူးအသိအမြင်ကို ရတဲ့နောက်မှာ သူတရားကျင့်တဲ့နေရာက လှမ်းမြင်ရတဲ့သစ်ပင်လေးတပင်ကိုေ ပြာတယ်တဲ့"အစစအရာရာအတွက် ကျေးဇူးပဲကွာတဲ့" ...။ ကျွန်ုပ်လည်းတခါတလေထိုစကားကိုကျက်မှတ်ထားမိသည်။ သို့သော်ယခုအချိန်အထိမပြောရသေး သည်မှာ သူငယ်ချင်းဟူသောသတ္တ၀ါများသည် (၂၁)ရာစုမတိုင်မီ မျိုးသုန်းသွားခဲ့ပြီဟုထင်မှတ်သောကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ်အထင်မှားကြောင်းနောက်ပိုင်းတွင်သိလာရသည်။ ထိုကဲ့သို့သိလာရသောအကြောင်းရင်း များထဲတွင် သင်လည်းအပါအ၀င်ဖြစ်ခဲ့၏....။ လစ်ဟာသွားသောသူငယ်ချင်းများနေရာ တွင်ကျွန်ုပ်သည် တစ်ခုခုအစား ထိုးတပ် ဆင်ကြည့်ရန်စိတ်ကူး မရှိခဲ့ပါ။ ထိုနေရာသည်နှလုံးသားဖြစ်၍ အစားထိုးပစ္စည်းတစ်ခုခုကို လက်မခံနိုင်သောကြောင့်ဖြစ်ပါသည် .....။
 ထို့ကြောင့် ကျွန်ုပ်သည် ထိုနေရာအတွက် သင့်ကိုသာ အလိုရှိပါသည်။

ဘကြီးသက်
Unknown at 10:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.