Thursday, October 18, 2012

အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIA နှစ်ဦးနှင့် ရွာသား သုံးဦး သေဆုံး


ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်
လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးနှင့် ဒေသခံရွာသား သုံးဦး သေဆုံး

ခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်ဟု ဖားကန့် ဒေသခံများနှင့် KIO က ပြောသည်။

ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ ၁၁ နာရီဝန်းကျင်ထိ ဖားကန့် ဗျူဟာကုန်း အစိုးရတပ်စခန်းမှ တမိုင်ကျော် အကွာအဝေးရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များရှိရာ မော်မောင်ဘွမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ကိုခခူးတူးခေါင်၊ ကိုစဂ နော်အောင်၊ ကိုမဂေါင် နော်ဆန့်၊ ကိုကီလ တူးအောင်၊ ကိုဂွမ်ယောင် တန်ဂွန်း တို့ဖြစ်ပြီး ကိုစက လဂျာ၊ ကိုဇော်ခွမ်၊ ကိုဘရန်အောင်၊ လယန် ဇော်ဆိုင်း၊ လဖိုင် ဇော်လတ်အောင်တို့ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကက်သလစ်အသင်းတော်မှ ဓမ္မဆရာ နော်ဂျာက
ပြောသည်။

“မနေ့က လက်နက်ကြီးနဲ့ မော်မောင်းဘွမ်ဘက်ပစ်လို့ ပြန်သွားတဲ့ ပြည်သူ
တွေ တော်တော်ထိခိုက်သွားတယ်။ အားလုံး ငါးဦး သေတယ်။ ကိုကီလ တူးအောင်က ဆယ်အိမ်မှူး ကျနော်တို့ ဒုက္ခသည်စခန်းကပဲ။ နယ်မြေ တည်ငြိမ်လာပြီဆိုပြီး ရွာကို ပြန်သွားတာ။ ခုလို ခဏပြန်တဲ့အချိန်မှာ သေဆုံး
သွားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုဒဏ်ရာရသူများထဲမှ တချို့မှာ အခြေအနေစိုးရိမ်ရသဖြင့် မြစ်ကြီးနားေ
ဆေးရုံသို့ ပို့မည်ဟု ဆိုသည်။

KIA တပ်ရင်း ၆ မှ အရာရှိ တဦးကလည်း“ကျနော်တို့ဘက်က နှစ်ဦးသေ
တယ်။ သုံးဦး ဒဏ်ရာရတယ်။ သေတဲ့လူ တချို့က ခေါင်းပြတ်သွားတယ်။ တချို့ ပုခုံး ပြတ်သွားတယ်။ ကိုယ်တပိုင်း ဖြစ်သွားတဲ့ လူလည်း ပါတယ်။ ဝန်ထမ်းနှစ်ယောက်က တယောက်က ရင်ပတ်မှာ ကျည်ဆံထိသွားလို့ ပွဲချင်းပြီး သေသွားတယ်။ တယောက်က ဝမ်းပိုက်မှာ ထိသွာလို့ပွဲချင်းပြီး
သေသွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကို ဖားကန့်ဗျူဟာကုန်းတွင် မကြာသေးမီက လာရောက်တပ်ဆင်ထားပြီး ဖြစ်သည်ဟု သိရပြီး KIO
ဘက်မှ ပြန်လည် ပစ်ခတ်ခြင်း မရှိသေးကြောင်း “ဘာလက်နက်ကြီးလဲ ဆိုတာတောင် သေသေချချာ မသိသေးဘူး။ အလုံး ၂၀ ကျော်လောက်
ပစ်တယ်။ ကျနော်တို့ ပြန်ပစ်ဖို့က ဖားကန့်ဒေသခံတွေကို ထိမှာဆိုးလို့
ခက်နေတယ်။ ခုထိတော့ ကျနော်တို့ဘက်က ပစ်တာ မရှိသေးဘူး။ သူတို့က ကျနော်တို့ဘက် ထိုးစစ်ဆင်မယ်လို့ သတင်းတွေတော့ ထွက်နေတယ်” ဟု အဆိုပါအရာရှိက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း တလခန့်ကြာ တိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီးနောက် ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် လုံးခင်းကျေးရွာ အုပ်စုအတွင်း တိုက်ပွဲထပ်မံ ဖြစ်ပြီးခဲ့ပြီး ပြန်လည်ငြိမ်သက်နေခဲ့ရာမှ ယမန်နေ့ညက ထိုသို့
ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများအား ကြာသပတေးနေ့ နံနက် ၉ နာရီချိန်တွင် မော်မောင်းဘွမ် နှစ်ခြင်းဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်း
မှု ပြုလုပ်၍ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း ဓမ္မဆရာ ဂျာနော်က ပြောသည်။

ဖားကန့်မြို့ပေါ်တွင် ခိုလှုံနေထိုင်ကြသော စစ်ပြေး ဒုက္ခသည်များအနက် တချို့မှာ တိုက်ပွဲများငြိမ်သက်နေ၍အောက်တိုဘာလဆန်းက မိမိနေရပ်သို့
ပြန်သွားခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် ဒုက္ခသည် ၁၀၀ ကျော်ပြန်လည်
ရောက်ရှိလာသည်ဟု ဆရာနော်ဂျာက ဆိုသည်။

သြဂုတ်လဆန်းပိုင်းမှစတင်၍ အစိုးရနှင့် KIA တပ်များအကြား တိုက်ပွဲများ
ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံရွာသားများသေဆုံးမှု အနည်းဆုံး ရှစ်ဦးခန့် ရှိသွားပြီဟု သိရှိရသည်။

ဖားကန့်မြို့ပေါ်တွင် စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် ခိုလှုံနေသည်။

မဇ္စျိမ

ဘကြီးသက်
Unknown at 10:21 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဆက်သွယ်ရေး ADSL အင်တာနက် တပ်ဆင်ခ ၁၂ ဆလျော့ချပြီ




 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက်(တယ်လီဖုန်းလိုင်း အသုံးပြုသည့် မြန်နှုန်းမြင့်အင်တာနက်စနစ်) စတင် တပ်ဆင်ခနှုန်း နကို ၆ သိန်းကို ကျပ် ၅သောင်းအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖေါ်ပြထားသည်။ မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီပို့နှင့် Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက်များ၏ ဈေးနှုန်းလျော့ ချမည် မချမည်ကိုမူ မသိရှိရသေးပါ။ ယခင် လစဉ်ကြေး ၆ သိန်းကျသင့်သည့်စတင်တပ်ဆင်ခကို နှုန်းထားသစ် တွင် ကျပ် ၅ သောင်းသို့၎င်း၊ ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့ ၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ အင်တာနက်ဝန်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများ အကြား အမြင့်ဆုံးသော နှုန်းထားဖြစ်သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေးအဖြစ် ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။ တဦးချင်းဝင်ငွေမြင့်မားသည့်ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု တွင် ADSL အင်တာနက်လစဉ်ကြေးမှာ တလ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။
ဘကြီးသက်
Unknown at 9:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့ သတင်းပေး၊သူလျှိုများ။သတင်းရဲတပ်ဖွဲ့ရဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်း အကြောင်း


(ဓာတ်ပုံနှင့်ပတ်သတ်၍ ရှင်းလင်းချက်။ ၁၃-၁၁-၂၀၀၇ ရက်နေ့၊ ပုလဲလမ်းထိပ်တွင် မစုစုနွေးအား “တရုတ်အားကိုး ပုဆိန်ရိုး၊ တရုတ်အားကိုး ခွေးသူခိုး” စတဲ့ စကားလုံးများပါဝင်သည့် ဆိုင်းဘုတ်ချိတ်နေ ခိုက် ဖမ်းဆီးစဉ်က ဓာတ်ပုံများဖြစ်ပါတယ်။ ဆိုင်းဘုတ်ချိတ်နေတဲ့ အင်္ကျီအပြာရင့်ရောင်နဲ့လူက မစုစုနွေးနဲ့ အမှုတွဲဖြစ်တဲ့ ဒေါပုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘိုဘိုသက်လှိုင်ဖြစ်ပါတယ်။
အကျီင်္အဖြူနဲ့လူ ကတော့ ရဲတပ်ဖွဲ့က မွေးမြူထားတဲ့ သတင်းပေး အထောက်တော် ဖြစ်ပါတယ်။)

မနေ့က စာစုလေးကို ဆက်ပါဦးမယ်။ ခု ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးဟာ အင်ဖော်မာတွေ၊ သတင်းပေးတွေ၊ စောင့်ကြည့်သူတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ကျွန်တော်သိသလောက်နေရာကနေ အပေါ်ယံရှပ်ပြီး တို့ထိသွားရုံလောက်ပါပဲ။ သတင်းပေးတွေ၊ သူလျှိုတွေ ဘယ်လိုမွေးခဲ့တယ်၊ ဘယ်လို မြှုပ်နှံခဲ့တယ်။ သူလျှိုတွေကို အသုံးချပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေနဲ့ပတ်သတ်ပြီးတကယ်တမ်း ပြည့်ပြည့်စုံစုံ ရေးရမယ်ဆိုရင်စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်လာနိုင်တဲ့အပြင် အချိန်ယူပြီးလေ့လာမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အကြမ်းဖျင်းလောက်ပဲ တို့ထိနိုင်ပါသေးတယ်။

မြန်မာတွေဟာ သတင်းပေးမွေးမြုတဲ့ စနစ်ကို ပဒေသရာဇ်ခေတ်ကတည်းက အသုံးချခဲ့ကြတာပါ။ တောင်ငူခေတ်တုန်းက ဘုရင့်နောင်ဟာ ယိုးဒယားပြည်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ပထမအကြိမ်တိုက်ခိုက်ခဲ့စဉ်က ယိုးဒယားအမတ် ဗြချတ္တရီကို ဖမ်းဆီးရခဲ့ပေမဲ့ မသတ်ဖြတ်ပဲ သတင်းပေးသူလျှိုအဖြစ် သစ္စာခံစေခဲ့ပါတယ်။ ဗြချတ္တရီကို အသုံးချခဲ့တဲ့ သူလျှိုစစ်ဆင်ရေးကြောင့် ဒုတိယအကြိမ်မှာတော့ ယိုးဒယားကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်မှာတော့ စုဖုရားလတ်ရဲ့အပျိုတော်ဖြစ်တဲ့ ဂရိ-မြန်မာကပြားမက်တီကာလိုဂရီဒီအမ်ထရန်လိုအင်္ဂလိပ်၊ ပြင်သစ်၊အီတလီကသတင်းပေးသူလျှိုအများအပြားဟာ မြန်မာ့နန်းတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားခဲ့တာကို သမိုင်းမှတ်တမ်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။ အင်္ဂလိပ်-မြန်မာစစ်ပွဲကာလတွေအတွင်းက နာမည်ကျော် မင်းလှခံတပ်၊ ဂွေးချောင်းခံတပ်တွေကို အင်္ဂလိပ်စစ်တပ်က တစ်ရက်တည်းနဲ့သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ အင်္ဂလိပ် သတင်းပေးတွေရဲ့ စွမ်းဆောင်မှုတွေကြောင့်လို့လည်း ပြောနိုင်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သတင်းလက်ဦးမှုရယူပြီး ထိန်းချုပ်နိုင်ဖို့အတွက် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့ သတင်းပေးကွန်ယက်ကြီးကို အကြီးအကျယ်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့ သတင်းပေးတွေ၊ သူလျှိုတွေကို အသုံးချပြီး စစ်ဗိုလ်ချုပ်တွေ လိုချင်တဲ့ အခြေအနေတွေကို ဖန်တီးနိုင်တဲ့အထိ ကျယ်ပြန့်ခဲ့ပါတယ်။ သို့ပေမဲ့ ၂၀၀၄ ခုနှစ်မှာ တပ်မတော်ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ အဲဒီ့ သတင်းပေးတွေ၊
သူလျှိုတွေဟာလည်းအဖမ်းဆီးခံရမှာစိုးတဲ့အတွက်ကိုယ်ယောင်ဖျောက်ကုန်တာမို့ဦးခင်ညွန့်(၁၅) နှစ်လောက် တည်ဆောက်ခဲ့ရတဲ့ ထောက်လှမ်းရေး ကွန်ယက် အ၀န်းအ၀ိုင်းကြီးလည်း နိဌိတံသလောက်နီးနီး ဖြစ်သွားခဲ့ရပါတယ်။ သတင်းပေးတစ်ယောက်ကို သိမ်းသွင်းတဲ့အခါမှာ သူ့ရဲ့အားနည်းချက်တွေ၊ နောက်ခံအကြောင်းအရာတွေကို အချိန်ယူလေ့လာပြီးမှ ချဉ်းကပ်ကြပါတယ်။ သတင်းပေးတစ်ယောက်ကို သိမ်းသွင်းနိုင်တဲ့၊ လူတစ်ယောက်ကို ကိုယ့်ဘက်ယိမ်းယိုင်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာဆိုရရင် မျိုးချစ်စိတ်ပြင်းထန်တဲ့သူမျိုးဆိုရင် မျိုးချစ်စိတ်ကို အကြောင်းပြပြီး
သိမ်းသွင်းနိုင်ပါတယ်။ အဲသလိုပဲ လူငယ်တွေအတွင်းမှာဆိုရင် စွန့်စားလိုမှု၊ ဂလဲ့စားချေလိုမှု၊ ခြိမ်းခြောက်ခံရမှု၊ နိုင်ငံရေး အဖွဲ့အစည်းတွေအတွင်းမှာဆိုရင် ၀ါဒရေးရာကွဲလွဲမှု၊ ထင်ပေါ် ကျော်ကြားလိုမှု၊ ငွေကြေးရလိုမှု၊ ၀န်ထမ်းတွေအတွင်းမှာ သတင်းပေးမွေးမြူဆိုရင်တော့ လုပ်ပိုင်ခွင့်နေရာရရှိလိုမှု စသဖြင့် အဲလို အချက်တွေကို အကြောင်းပြပြီး စည်းရုံးသိမ်းသွင်းကြပါတယ်။ ဆိုက်ကားသမားတွေ၊ ကွမ်းယာသည်တွေလိုလူမျိုးတွေကိုတော့ သတင်းပေးအဖြစ် သိမ်းသွင်းရတာ အင်မတန်လွယ်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အရှိန်အ၀ါကို သုံးပြီး စည်ပင်တို့၊ ယာဉ်ထိန်းရဲတို့ရဲ့ အရေးယူခံတာတွေကနေ ကင်းလွတ်ခွင့် ပြုပေးလိုက်ရုံနဲ့တင် အဲဒီလူတွေကို သတင်းပေး မွေးလို့ရပါတယ်။

တက္ကသိုလ်တွေ၊ အဝေးသင်တက္ကသိုလ် အနီးကပ်စာသင်ချိန်တွေရောက်ရင် ကျောင်းသား လှုပ်ရှားမှုတွေ မဖြစ်ပွားရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတင်းပေးတွေမွေးရပါတယ်။ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုတဲ့သူတွေထဲမှာ ပါဝင်လေ့ရှိတဲ့ ကျောင်းတက်နေဆဲ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေ၊ စစ်တပ်က စစ်သည်တွေရဲ့ သားသမီးတွေကို သတင်းပေးတွေအဖြစ် မွေးမြူကြတာ အစဉ်အလာလိုဖြစ်နေပါတယ်။ အဲဒီလိုလုပ်အားဖြင့် မိမိ နယ်မြေအတွင်းရှိ တက္ကသိုလ်တွေမှာ သတင်းလက်ဦးမှုရယူနိုင်ကြောင်းနဲ့ သတင်းပေးအရေအတွက် မည်ရွေ့မည်မျှ ရှိကြောင်း အစီရင်ခံစာတွေကို တင်ပြနိုင်တဲ့အပြင် သတင်းပေးတစ်ယောက်အတွက် ထောက်ပံ့ငွေ နှစ်သောင်းကနေ ငါးသောင်းထိ ပေးတတ်တာမို့ ဆင်းရဲနွမ်းပါးတဲ့တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေအတွက်လည်းစာမေးပွဲစရိတ်၊အဆောင်စရိတ်ကိုအထောက်အကူဖြစ်စေပါတယ်။ ကျောင်းသား/သူတွေအပြင် ဆရာ/မတွေလည်း သတင်းပေးအဖြစ် စည်းရုံးခံထားရတာတွေရှိပါတယ်။ နောက်များမှပဲ အဲဒီအကြောင်းတွေကို အသေးစိတ်ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်။

ရန်ကုန်တိုင်းအတွင်းက စောင့်ကြည့်ခံဘုန်းကြီးကျောင်းတွေနဲ့ စောင့်ကြည့်ရတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ အကြောင်း ဆက်ပါဦးမယ်။ (၁၉) ကျောက်တန်းမြို့နယ်၊ ဇေယျာပူရပရိယတ္တိစာသင်တိုက်မှ သံဃာ(၂ဝ)ပါးကို ဒုရဲအုပ်စန်းနွဲ့
(၂၀) ဒဂုံတောင်မြို့နယ်၊ စွယ်တော်ကျောင်းတိုက်မှ သံဃာ(၁၉)ပါးကို တပ်သားနေလင်းထွန်း
(၂၁) ဒဂုံအရှေ့မြို့နယ်၊ တက္ကသီလာကျောင်းတိုက်မှ သံဃာ(၄)ပါးကို တပ်သားနိုင်မင်းသက်
(၂၂) ဒဂုံအရှေ့မြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်ကို တပ်သားအောင်နိုင်ဦး
(၂၃) မင်္ဂလာဒုံမြို့နယ်၊ သစ္စာမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာ(၂)ပါးကို ဒုတပ်ကြပ်စည်သူမြင့်လှိုင်
(၂၄) လှည်းကူးမြို့နယ်၊ နိဂြောဓါရုံပရိယတ္တိစာသင်တိုက်မှ သံဃာ(၃၆)ပါးကို တပ်သားလှမျိုးဆွေ
(၂၅) စမ်းချောင်းမြို့နယ်၊ ဝံသမေဒနီစာသင်တိုက်မှ သံဃာ(၁၃)ပါး၊ ဝါဆိုကျောင်းမှ သံဃာ(၂ဝ)ပါး၊ ရွှေလှိုင်ကျောင်းမှ သံဃာ(၁၅)ပါး ကို တပ်သားဝေလင်းမောင်
(၂၆) တာမွေမြို့နယ်၊ ဓမ္မသုခပရိယတ္တိ စာသင်တိုက်မှ သံဃာ(၁၁)ပါးကို ဒုရဲအုပ်တိုးနိုင်ထွန်း
(၂၇) တာမွေမြို့နယ်၊ အောင်မင်္ဂလာကျောင်းတိုက်မှ သံဃာ(၁ဝ)ပါး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အရှင် အာဒိစ္စဝံသကျောင်းမှ သံဃာ(၁ဝ)ပါးကို တပ်သား နေလင်းအောင်
(၂၈) တာမွေမြို့နယ်၊ ပဲခူးကျောင်းတိုက်မှ သံဃာ(၇)ပါးကို တပ်သားမင်းစိုး
(၂၉) မင်္ဂလာတောင်ညွန့်မြို့နယ်၊ နန်းဦးကျောင်းမှ သံဃာ(၂)ပါးကို တပ်သားနေလင်းအောင်
(၃၀) မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းမှ သံဃာ(၄)ပါးကို တပ်သားနေလင်းအောင်
(၃၁) သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်မှ သံဃာ(၂၅)ပါးကို တပ်သားအောင်လင်းဦး
(၃၂) ခရမ်းမြို့နယ်၊ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ သံဃာ (၁၃ဝ) ပါးကို ဒုရဲအုပ်သိန်းဇံ
(၃၃) တိုက်ကြီးမြို့နယ်၊ မစိုးရိမ်ဘုန်းကြီးကျောင်းမှ သံဃာ(၁၅)ပါး၊ သာမဏေ (၁၄)ပါး၊ ပေါင်း(၂၉)ပါး ကို တပ်ကြပ်ကြီးသောင်းထိုက်
(၃၄) ဒေါပုံမြို့နယ်၊ မင်းနန္ဒာစာသင်တိုက်မှ သံဃာ(၃၄)ပါးကို ဒုတပ်ကြပ်အောင်ကိုထိုက်
မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က စာရင်းတွေကိုလည်း ဆက်ပါဦးမယ်။


မြန်မာနိုင်ငံအတွင်းမှာ လက်တလော ရှိနေတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တို့ရှိပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနကို စတင်ဖွဲ့စည်းစဉ်က အဓိကတာဝန်ဟာ စီးပွားရေးဆိုင်ရာ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ဖြစ်ပေမဲ့ နိုင်ငံတော် ထောက်လှမ်းရေး စက်ဝန်းရဲ့ တစစိတ်တစ်ဒေသအဖြစ်လည်း ဆောင်ရွက်ရပါတယ်။ စုဆောင်းရရှိတဲ့ သတင်းတွေထဲက ဦးစီးဌာနအနေနဲ့ ကိုင်တွယ်ဖို့ တာဝန်မရှိတဲ့ သတင်းမျိုးတွေကို သက်ဆိုင်ရာအခြားထောက်လှမ်းရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးရပါတယ်။ အထူး စံစမ်းစစ်ဆေးရေးဦးစီးဌာနဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ (၁၈) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့သတင်း (၈၇ ၄၇၃) ခုကို သတင်းရဲတပ်ဖွဲ့အတွက် စုဆောင်း လွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှ အထူးတပ်ဖွဲ့တွေဖြစ်တဲ့ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ် ရဲတပ်ဖွဲ့တွေကလည်း ထောက်လှမ်းရေးစက်ဝန်းရဲ့အစိတ်အပိုင်းတွေဖြစ်သလိုတိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကလည်း ထောက်လှမ်းရေးနဲ့သတင်း စုဆောင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ သတင်းရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ကြီး လေးရပ်ထဲက နှစ်ခုကတော့ နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေဆီက ထောက်လှမ်းရေးသတင်းတွေကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဦးစီး(၁)ဌာနခွဲဖြစ်တဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနခွဲက တည်းဖြတ်စိစစ်ရပါတယ်။ ဌာနခွဲမှူးကတော့ ဒုရဲမှူးကြီး ကျော်မိုးကြည် ဖြစ်ပြီး လုံခြုံရေးနှင့် မှုခင်းဌာန၊ ညွှန်ကြားရေးမှူး ရဲမှူးကြီးမြင့်ဝေနဲ့ ရဲဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး (ရဲမှူးချုပ်) ခင်မောင်စီ တို့က ကြီးကြပ်တာဝန်ခံရပါတယ်။ ထောက်လှမ်းရေးနှင့်လုံခြုံရေးဌာနခွဲက စုစည်းရရှိတဲ့ သတင်းတွေကို အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းစိစစ်ဖို့အတွက် သတင်းညှိနှိုင်းအစည်းအဝေးကို ပုံမှန်ကျင်းပပြီး ထောက်လှမ်းရေး အဖွဲ့အစည်းအချင်းချင်း သတင်းတွေ ဖလှယ်ကြပါတယ်။

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ နာမည်တွေ မှေးမှိန်သွားခဲ့ပြီးတဲ့နောက် နာမည်ရလာခဲ့တဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းကတော့ သတင်းရဲတပ်ဖွဲ့ပါပဲ။ နောက်ပိုင်းမှာ တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး(စရခ) ကို ပြန်လည်ဖွဲ့စည်းခဲ့ပေမဲ့ စတင်ဖွဲ့စည်းစကာလတွေမှာ သတင်းပေးကွန်ယက် မတည်ဆောက်နိုင်သေး တာမို့ သတင်းရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာနခွဲက သတင်းတွေကို မျက်နှာအောက်ကျို့တောင်းယူ၊ မိတ္တူဆွဲ၊ ခေါင်းစဉ်ပြောင်းပြီး တင်ပြခဲ့ရ တာတွေ ရှိပါတယ်။ အဲလို မိတ္တူရနိုင်ဖို့ အတွက်လည်း အာရကေပေးခဲ့ရ ပါတယ်။ (ရဲဆိုတော့ သိတဲ့အတိုင်းပဲ၊ ကျောက်ခဲတောင် ရေညှစ်လို့ရရင် ညှစ်မဲ့သူတွေလေ) ခုဆိုရင်တော့ စရခ ဟာလည်း ရှစ်နှစ်သားအရွယ် ရောက်ပြီမို့ သူ့ဟာနဲ့သူတော့ ဂျိုလေးပေါက်လာပြီ၊ အစွယ်လေးထွက်လာပြီလို့ ပြောလို့ရပါတယ်။

အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေ စုဆောင်းရရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ သတင်းတွေကိုတော့ သတင်း ရဲတပ်ဖွဲ့မှ ကိုင်တွယ်ဆောင်ရွက်ပါ တယ်။ ရရှိတဲ့ သတင်း အချက်အလက်တွေအပေါ် မူတည်ပြီး စောင့်ကြည့် ပါတယ်။ ဖမ်းပါတယ်။ တရားစွဲပါတယ်။ စစ်ထောက်လှမ်းရေးတွေ ဖျက်သိမ်းစကတော့ လစ်ဟာသွားတဲ့ ထောက်လှမ်းရေး စက်ဝန်းကို ဖြည့်ဆည်းနိုင်ဖို့အတွက် သတင်းရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ ဦးစားပေး(၁) အနေနဲ့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ သို့ပေမဲ့ အရပ်သား အစိုးရကာလမှာ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့နှိမ်နှင်းရင် နိုင်ငံတကာက ပြောမှာ ကြောက်တဲ့အတွက် ရဲတပ်ရင်းတွေတိုးချဲ့ဖွဲ့စည်းမှုကို ဦးစားပေး(၁) အဖြစ် ပြန်ပြီး သတ်မှတ်ခဲ့ရပါတယ်။ သတင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ တပ်ဖွဲ့မှူးရုံး (၁) ရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး (၂) ရုံး (အောက်မြန်မာပြည်/ အထက် မြန်မာပြည်)၊ တိုင်း/ပြည်နယ်တပ်ဖွဲ့ရုံး (၁၇) ရုံး၊ အထူးသတင်းရဲ တပ်ဆွယ်ရုံး (၂၀) ရုံး၊ (က/ခ) အဆင့် တပ်ဆွယ်ရုံး (၁၇၅) ရုံး ရှိပါတယ်။ အဲဒီ လက်အောက်ခံ တပ်ဆွယ်ရုံးတွေက နေ့စဉ်စုဆောင်းပေးပို့တဲ့ ထောက်လှမ်းရေး သတင်းတွေကို ပြည်တွင်းရေးရာဌာနကြီးက စိစစ်စုစည်းပြီး ရဲချုပ်ရုံးနဲ့ ပြည်ထဲရေး ၀န်ကြီးရုံးတို့ကို ပြန်လည်အစီရင်ခံရပါတယ်။ ကဲ … အဲဒီ အကြောင်းတွေတော့ နောက်မှပဲ ဆက်ပါဦးမယ်။

ဘုန်းကြီးကျောင်းတွေ အကြောင်းဆက်ပြောကြစို့။ မန္တလေးတိုင်း၊ (၈) မြို့နယ်မှာ စောင့်ကြည့်ဖို့ ပစ်မှတ်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း (၂၉)ကျောင်း ရှိပါတယ်။ အဲဒီထဲက တချို့ကျောင်းတွေနဲ့ပတ်သတ်ပြီး စောင့်ကြည့်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ပေးပို့ထားတာလေးတချို့ကို ဗဟုသုတဖြစ်အောင် လိုတိုရှင်း ရေးလိုက်ပါတယ်။ မူရင်း ပေးပို့ချက်တွေအတိုင်းမို့ တိုတိုတုတ်တုတ်ပါပဲ။ (မစိုးရိမ်တိုက်သစ်၊ စာသင်သံဃာ (၂၈ဝဝ)ကျော်ရှိခဲ့၊ နာယကချုပ်ဆရာတော်မှာ ဦးရာဇာဓမ္မဖြစ်၊ ယခင်နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထိန်းသိမ်းခံ ခဲ့ရဘူး၊ နာယက ဆရာတော် ဦးဝိစိတ္တသာရ(ခ)ဝိရသူသည် အစ္စလာမ် ဘာသာမှန်းတီးရေး တရားဟောခဲ့၊ အကျဉ်းကျခံခဲ့ရသော တပည့်သံဃာများကို ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရန် ခွင့်ပြု၊ ကျောင်းတိုက်ကြေငြာသင်ပုန်းတွင် လှုံ့ဆော်စာများကပ်လေ့ရှိပြီး နိုင်ငံရေးအသွေးအရောင် ရှိသည့် သံဃာများသီတင်းသုံးနေထိုင်လျှက်ရှိ) နောက်တစ်ကျောင်းကတော့ (မြတောင်တိုက်၊ သံဃာစုစုပေါင်း (၇၁၅)ပါးရှိ၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသသည် တိုင်းသံဃာနာယက ဥက္ကဋ္ဌဖြစ်၊ မန္တလေးမြို့ပေါ် သံဃာထုအပေါ် သြဇာအရှိန်အဝါကြီးမား၊ မန္တလေးမြို့ပေါ်ရှိ သံဃာလှုပ်ရှားမှုများတွင် အမြဲပါဝင်လေ့ရှိ) (အနောက်ခင်မကန်တိုက်၊ သံဃာအပါး (၆၁၇)ပါးရှိ၊ ဆန့်ကျင်စာများ ကျောင်းပတ်ဝန်းကျင်တွင် ကပ်လေ့ရှိ၊ သံဃာ့ လှုပ်ရှားမှုတွင် အမြဲဦးဆောင်ပါဝင်လေ့ရှိ) စသဖြင့် ပေးပို့ထားကြတာတွေ ရှိပါတယ်။ ကဲ … ကျောင်းတိုက် စာရင်းတွေ ဆက်လိုက်ကြရအောင်။

(၁) အောင်မြေသာဇံမြို့နယ်၊ သာသနာ့ တက္ကသိုလ် ကျောင်းတိုက်၊ သံဃာ(၁၂၈)ပါး ကို စောင့်ကြည့်ရန် ဒုရဲအုပ်ဝင်းဇော်
(၂) အောင်မြေသာဇံမြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်၊သံဃာ(၂၁၄)ပါးကို စောင့်ကြည့်ရန် ရဲအရာခံမောင်သိန်း
(၃) အောင်မြေသာဇံမြို့နယ်၊ ချမ်းသာကြီးကျောင်းတိုက်၊ သံဃာ(၂၃၆)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်ကျော်သူရ
(၄) အောင်မြေသာဇံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက်၊ သံဃာ(၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားချစ်စမ်းမောင်
(၅) ချမ်းအေးသာဇံမြို့နယ်၊ အနောက်ခင်မကန်ကျောင်းတိုက်၊ သံဃာ (၆၁၇)ပါးနှင့် ထီးလင်းကျောင်းတိုက်၊
သံဃာ(၃၅ဝ)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ်ထွန်းလင်းအောင်
(၆) ချမ်းအေးသာဇံမြို့နယ်၊ မိုးကောင်းကျောင်းတိုက် - သံဃာ(၆၇၃)ပါး၊ ဂွေးချိုတိုက် - သံဃာ(၃၅ဝ)ပါး၊ ရတနာပုဂံတိုက် - သံဃာ(၂၃ဝ)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်နန်းထိုက်ဆွေ
(၇) ချမ်းအေးသာဇံမြို့နယ်၊ မဟာဝေယံဘုံသာကျောင်းတိုက်၊ သံဃာ (၂၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားသန်းထိုက်စိုး
(၈) ချမ်းအေးသာဇံမြို့နယ်၊ ပတ္တမြားကျောင်းတိုက်၊ သံဃာ(၉၆)ပါးကို စောင့်ကြည့်ရန် တပ်သားနေဝင်းဟိန်း

(ဆက်ပါဦးမည်) မိုးဇေငြိမ်း

မူရင်းလင့် http://www.dawnmanhon.com/2012/10/blog-post_9073.html

ဘကြီးသက်
Unknown at 9:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရအတိုက်အခံလုပ်မှလူရာဝင်မယ် လိုများထင်နေကြလား?




အခုခေါတ်မှာအလုပ်ကိုရိုးရိုးသားသားကြိုးကြိုးကုပ်ကုပ်လုပ်စားချင်တဲ့သူမှမရှိတော့ပဲ...အလကားနေအလကားစားအစိုးရပုံအတိုက်အခံလုပ်heroလုပ်ပြီးသူများပေးစာကမ်းစာစားချင်နေတဲ့သူတွေနဲ့

မဟုတ်ကဟုတ်ကဟိုလူသွေးထိုးလှုံဆော်ဒီလူသွေးထိုးလှုံဆော်နဲ့စပွန်စာရှာနေတဲ့သူတွေနဲ့မဟုတ်မဟတ်

သတင်းတိုင်းပြည်နာမည်ဖျက်ပြီးထမင်းရှာစားနေတဲ့သူတွေကသိပ်ပေါလာသဗျ....ရေသာခိုအချောင်လိုက်တွေကတော်တော်ပေါတယ်....ထိုသိုလူတွေ..မည်သို့ပင်ပညာတတ်နေပါစေ..

စိတ်ဓါတ်က..ကကိုယ်ထမင်းဂျိုင့်နဲ့ကိုယ်သွားပြီးရိုးရိုးသားသားရှာစားနေကြတဲ့လှိုင်သာယာစက်မှူဇုံအလုပ်

သမားတွေလောက်တောင်အဆင့်မရှိ/အလုပ်လုပ်ချင်ကိုင်ချင်စိတ်မရှိကြဘူး.....ဘယ်အရာမဆိုပို့ဆွမ်းစာချင်နေ

ရင်တော့ဘုန်းကြီးသာဝတ်ကြတော့......တကယ်တန်းဆန္ဒပြကြမယ်ရှေ့ဆိုရင်စကားလုံးမှိုင်းမိခံရတဲ့လူတွေ..

ရိုးရိုးသားသားနဲ့ကိုယ်အလုပ်ကိုယ်လုပ်စားတဲ့သူတွေကသာအလုပ်ပျက်အကိုင်ပျက်နေပူမိုးရွာဒုက္ခခံကြရတာအဲလိုကောင်တွေaircornဘေးမှာရေဘူးလေးချပြီးonlineပေါ်ကမဆင်းရဲဘူး..

သူများနိုင်ငံမှာနေတဲ့ကောင်တွေလဲပြပါလား...မလေရှားမှာရိုဟင်ဂျာကိစ္စသက်သက်စော်ကားတာ..ဒါမျိုးကတော့စောက်ပေါက်တွေပိတ်နေကြတယ်...ပြပါလားမလေးရှားမှာအေးဂျင့်တွေလူလည်ကျတာ.

ရဲတွေနိုင်ထက်စီးနင်းအလုပ်ခံရတာ..တကယ်တန်းကျတောဘယ်ကောင်မှစောက်ဖြစ်ရှိအောင်မလုပ်တတ်ကြဘူး...လူအခွင့်ရေးကိစ္စဆိုရင်လည်းပြစမ်းပါစင်ကာပူမှာမြန်မာနိုင်ငံသား

အိမ်ဖေါ်တွေဒီလောက်အနှိမ်ခံနေရတာ.တကယ်တန်းတိုင်းပြည်ကောင်းရာကောင်းကြောင်းလူမျိုးကောင်းကြောင်းကျတော့ဘာတစ်ခုမှစွမ်း၂ဆောင်၂မလုပ်ပဲနဲ့onlineမှာကြီးကြီးကျယ်

ကျယ်တွေပြောနေကြတာ..တကယ်တိုင်းကျိုးပြည်ပြုဆိုဘယ်နားသွားသေနေမှန်းတောင်မသိကြဘူး...အဲလိုကောင်တွေကိုရှက်တက်ရင်သေဖို့ကောင်းတယ်...အစိုးရအတိုက်အခံလုပ်မှလူရာဝင်မယ်

လိုများထင်နေကြလား....  


Myanmar Express

ဘကြီးသက်
Unknown at 9:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မလေးရှားရှိ ရွှေမြန်မာများ အထူးသတိထားကြပါ



  မလေးရှားသို့လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသောရွေမြန်မာညီကိုမောင်နှမများအခုရက်ပိုင်းအတွင်(kl-မြို့ထဲ ကိုတာရာယာအတွင်းသို့အတတ်နှိင်ဆုံးမလာကြပါရန်အသိပေးမေတ္တာရပ်ခံပါတယ်) မြန်မာနှိင်ငံတွင် (OIC) အဖွဲစည်းကိုလက်မခံဘဲ ဆန္ဒပြကန့်ကွက်နေကြပါသဖြင့် ယခုချိန်မှာ (OIC)အဖွဲ.အစည်းကို မလေးရှာမှခေါင်းဆောင်များကဦးဆောင်ထားပါသဖြင့်ခုချိန်သူတို့မရတဲ့အမဲသဲနဲ့ပတ် ဆိုသလိုလျှောက် ရမ်းပြီးဒုက္ခပေးနှိင်ပါသဖြင့် နဂိုကမှ လုံခြုံမှုအားမရှိတဲ့ရွေမြန်မာအတွက် ရှောင်ရှားနှိင်အောင်ကြိုတငိအသိပေးမေတ္တာရပ်ခံတာပါ... အထူးသဖြင် ကိုတာရာယာအတွင်း နေရာတော်တော်များများကို သိမ်းပိုက်ထားတဲ့ ရိုဟင်ဂျာ ဘင်ဂါလီကုလားများရဲ့ မလေးနှိင်ငံသားများနှင်ပေါင်းပြီ ရွေမြန်မာများကိုခဏခဏဒုက္ခပေးနေတာကိုမြင်တွေ. ကြားဖူးကြမှာပါ အရေးကြီးအနေနဲ ခုချိန်မှာ ရခိုင်တိုင်းရင်းသားများပိုပြီးမသွားလာသင့်ပါ ရိုဟင်ဂျာများရဲ့ပစ်မှတ်က ရခိုင်တိုင်းရင်းသားအပေါ်ပိုမိုဆိုးရွားနေတာကြောင့်ဖြစ်လို့ ရခိုင်လူမျိုးစကားတွေကို နားလည်ထားတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်မှန်းသိရင်ပိုမိုဒုက္ခပေးနှိင်တာမို့လို့ မဖြစ်မနေသွားလာရမယ်ဆိုလဲ အသိ သတိ ရှေ့ထားပြီး ကိစ္စများမြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီးမိမိအိမ်-အလုပ်ခွင်သို့မြန်မြန်ဆန်ဆန်ပြန်သွားကြပါရန်အသိပေးမေတ္တာရပ်ခံအပ်ပါသည်...
ဘကြီးသက်
Unknown at 9:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Tablet မူပိုင်ခွင့် တရားစီရင်မှုတွင် Apple က Samsung ကိုရှုံးနိမ့်

ပြိုင်ဘက် Samsung ကုမ္ပဏီ၏ Galaxy tablet သည် iPad ၏ဒီဇိုင်းကို ကူးချထားခြင်းမဟုတ်ကြောင်း ဗြိတိန်တရားရုံးက စီရင်ချက်ချမှတ်ခဲ့သဖြင့် tablet မူပိုင်ခွင့် တရားစီရင်မှုတွင် Apple Inc က ရှုံးနိမ့်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ နှစ်ခုသည် စမတ်ဖုန်းနှင့် tablet နှစ်မျိုးစလုံး၏ မူပိုင်ခွင့်များနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း
ရှိ တရားရှုံးများတွင် အပြန်အလှန် တရားစွဲဆိုမှု ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်။
Galaxy tablet နှင့် iPad တွင် တူညီချက်အချို့ရှိသော်လည်း Samsung မှာ Apple ဒီဇိုင်းကို ကူးချထားခြင်းမဟုတ်ကြောင်းနှင့် Samsung ထုတ်ကုန်များမှာ iPad ကဲ့သို့ ဆွဲဆောင်မှုမရှိကြောင်း တရားသူကြီးဖြစ်သူ Colin Birss က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရှုံးနိမ့်ခဲ့သည့်အတွက် အမေရိကန်ကုမ္ပဏီ Apple ကုမ္ပဏီအနေဖြင့် ကိုရီးယား ကုမ္ပဏီ Samsung သည် iPad ကို ကူးချထားခြင်းမဟုတ်ကြောင်း အဓိပ္ပာယ်ရသည့် ကြော်ငြာများကို ၎င်း၏ ဝက်ဘ်ဆိုက်၊ ယူကေ သတင်းစာအချို့နှင့် မဂ္ဂဇင်းများတွင် ထည့်သွင်းပေးရမည် ဖြစ်သည်။ အဆိုပါ ကြော်ငြာများတွင်အသုံးပြုသည့် စာလုံးအရွယ်အစားကိုလည်း Ariel 14 ထက် မသေးရန်လိုအပ်ကြောင်း တရားသူကြီးဖြစ်သူ Kitchin က သတိပေးပြောကြားခဲ့သည်။

Apple ကုမ္ပဏီသည် ယခုနှစ် တတိယ သုံးလပတ်အတွင်း iPad အလုံးရေ ၁၇ သန်းရောင်းချခဲ့ရပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံ (စတာလင်ပေါင် ၅.၆ ဘီလီယံ) ရရှိခဲ့ကြောင်း သိရသည်။


ဘကြီးသက်
Unknown at 8:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ်ဝင်တန်းမေးခွန်း လွှတ်တော်၌သာ အတည်ပြုမည်

တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

''လက်ရှိ အတိုင်းပဲသွားမ

ှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပြု လုပ်သွားဖွယ်ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။ နိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကို တစ်နိုင်ငံလုံး တွင် ယခင်က တစ်စုံတည်းထုတ်၍ စစ်ဆေးမှုပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အပါအဝင် နိုင်ငံခြားစာ စစ်ဌာနမေးခွန်း ၁၁ စုံထုတ်ခြင်း တို့နှင့်အတူ ဝိဇ္ဇာ၊ သိပ္ပံနှင့် ဝိပ္ပံ ဘာသာရပ်ခွဲခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတစ်ဦးက ထိုစဉ်အချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်၍ မည်သို့သောမူဝါဒကို အခြေခံကာ ဆောင်ရွက်ခဲ့သည်ကို သေချာမ ပြောနိုင်သော်လည်း မေးခွန်းအစုံ များခြင်းကြောင့် မေးခွန်းလွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု မရှိခြင်းတို့ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ ပြော သည်။

သို့သော်မေးခွန်းများခြင်း ကြောင့် မေးခွန်းလုံခြုံမှုတွင် ပို၍ စိတ်ချရ ကာ ပေါက်ကြားရန် ခက် သည်ဟု တွဲဖက်ပါမောက္ခက ထပ် လောင်း ဆိုသည်။

ရန်ကုန် တက္ကသိုလ်က ကထိ က ဒေါက်တာတစ်ဦးကမူ လွှတ် တော် တွင် ဆွေးနွေးရန် အစီအစဉ် ရှိမှုကိုကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံတွဲခြင်း၊ ခွဲခြင်းကိုမူ ဝါရင့်တက္ကသိုလ်ဆရာ အချို့က စင်ကာပူကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် အင်္ဂလန်GCE 'O' Level ကဲ့သို့သော စာမေးပွဲမေးခွန်းတို့ကို အခြေပြုကာ ၄င်းတို့လည်းခွဲထားသည်ကို ကြည့် ခြင်းဖြင့်ခွဲသည်က ကောင်းသည်ဟု မှတ်ချက်ပြုသည်။

PN-051

REF: Popular Myanmar News Journal


ဘကြီးသက်
Unknown at 8:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့်မိတ္ထီလာနယ်မြေများ၌ မြှုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစားလေယာဉ်အစီး ၆၀ အား ပြန်လည်ရှာဖွေတူးဖော်မည်

ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလာနယ်မြေများ၌ မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေတူးဖော်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယင်းသို့ ပြန်လည်ရှာဖွေတူးဖော်နိုင်ရန် အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက်နှင့် ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ Mr. David J Cundall တို့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် လေယာဉ်၊ လေယာဉ်နှင့်ဆက်စပ်သည့် ပစ္စည်းကိရိယာတန်ဆာပလာများ ပြန်လည်တူးဖော်၍ ပြုပြင်တပ်ဆင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယကမ္ဘာစစ်ကာလဖြစ်သည့် ၁၉၃၅ မှ ၁၉၄၅ အတွင်း မဟာမိတ်တပ်ဖွဲ့များ မြန်မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာစဉ်က မြန်မာနိုင်ငံနေရာဒေသအများအပြားတွင် စစ်အရံပစ္စည်းများဖြစ်သည့် လေယာဉ်များအပါအ၀င် ယင်းနှင့် ဆက်စပ်ပစ္စည်းများကို မြုပ်နှံခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်းက မြုပ်နှံခဲ့သည့် လေယာဉ်များအနက် မြစ်ကြီးနားဒေသတွင် ၁၈ စီး၊ မင်္ဂလာဒုံနယ်မြေတွင် ၃၆ စီး၊ မိတ္ထီလာနယ်မြေ(သဲတော)တွင် ခြောက်စီး လေယာဉ်စုစုပေါင်း ၆၀ စီးအား ရှာဖွေတွေ့ရှိမည်ဟု ယုံကြည်သဖြင့် အမေရိကန်နိုင်ငံမှ (TSI) နှင့် မြန်မာနိုင်ငံမှ ရွှေတောင်ပေါ်ကုမ္ပဏီတို့ ပူးပေါင်း၍ နစ်မြုပ်နေသော လေယာဉ်များအား ပြန်လည်တူးဖော်ရှာဖွေခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှတစ်ဆင့် အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတူးဖော်ရန် သဘောတူစာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်းဆောင်ရွက်မှုကာလ ၂နှစ် သတ်မှတ်ဆောင်ရွက်ရန် သတ်မှတ်ထားပြီး၊ ပိုင်ဆိုင်မှုခွဲဝေခြင်း အချိုးအနေဖြင့် မြန်မာနိုင်ငံအစိုးရမှ ၅၀ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ ၃၀ရာခိုင်နှုန်း နှင့် ရွှေတောင်ပေါ်ကုမ္ပဏီမှ ၂၀ရာခိုင်နှုန်းခွဲဝေယူရန် သဘောတူထားကြောင်း သိရသည်။
ယင်းကဲ့သို့ သဘောတူထားသော်လည်း တူးဖော်ရာတွင် အခြားသောပစ္စည်း(သို့)ဆက်စပ် အသုံးဆောင်ပစ္စည်း၊ လေယာဉ်နှင့် မသက်ဆိုင်သော ပစ္စည်းများ တူးဖော်တွေ့ရှိပါက နိုင်ငံတော်အစိုးရ၏ ပိုင်ဆိုင်မှုသာဖြစ်စေရန်နှင့် ၁၉၅၇ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေအရ လိုက်နာဆောင်ရွက်ရန် သဘောတူထားကြောင်းလည်း သိရှိရပါသည်။
''လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တူးဖော်တဲ့အခါ လေယာဉ်တွေ တွေ့ရှိလာခဲ့ရင် ပိုင်ဆိုင်မှုခွဲဝေခြင်းနဲ့ မသက်ဆိုင်ရဘဲ လေယာဉ် ၁ စီးကို နိုင်ငံတော်အစိုးရကို သီးခြားပေးလှူရမှာဖြစ်ပြီး ကျန် တဲ့ လေယာဉ်အရေအတွက်ပေါ်မှာသာ ပိုင်ဆိုင်မှုခွဲဝေဖို့ သဘောတူထားပြီး ဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ယင်းသို့ လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတူးဖော်ရခြင်းနှင့် ပတ်သက်၍ ရွှေတောင်ပေါ်ကုမ္ပဏီလီမီတက်မှ ဦးထူးထူးဇော်က''ဒုတိကကမ္ဘာစစ်အတွင်းက လေယာဉ်တွေဖြစ်တဲ့အတွက် ပြန်ပြီးတူးဖော်တွေ့ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဗြိတိန်နိုင်ငံက ပြည်သူ ပြည်သားတွေတင်မကဘဲ ကမ္ဘာပေါ်မှာ ရှိတဲ့ ပြည်သူပြည်သားတွေ အားလုံး ကြည့်ရှုနိုင်ဖို့အတွက် ပြန်လည်ရှာဖွေတူးဖော်ဖို့ စီစဉ်ခဲ့တာပါ'' ဟု အောက်တိုဘာလ ၁၇ရက်နေ့က ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို ပြန်လည်တူးဖော် ရှာဖွေနိုင်ရန် ၂၀၀၀ပြည့်နှစ်၌ အစ္စရေးနိုင်ငံမှလည်းကောင်း၊ ၂၀၀၄ခုနှစ်တွင် စင်ကာပူနိုင်ငံမှလည်းကောင်း မြန်မာနိုင်ငံအစိုးရနှင့် လုပ်ငန်းစာချုပ်များချုပ်ဆိုကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပိုင်နယ်မြေအတွင်းနှင့် အနီးဝန်းကျင်တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ကျွမ်းကျင်မှုနှင့် နည်းပညာလိုအပ်ချက်များအရ သံထည်ပစ္စည်းအချို့ ရှာဖွေတွေ့ရှိခဲ့သည်မှလွဲ၍ လေယာဉ်နှင့်သက်ဆိုင်သည့် ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်း မရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 EMG
ဘကြီးသက်
Unknown at 2:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခင်ဗျားတို့ အကွဲကြီးကွဲဖို့ပြင်ထား (ကိုမင်းကိုနိုင်)

"ငြိမ်ခံလိုက်ရင် သပိတ်ဝင် အိတ်ဝင်ရသွားမယ်။ငြိမ်မခံဘဲနဲ့ အင်နဲ့အားနဲ့ ပြန်ပြောတဲ့အခါမှာပထမအစပိုင်းမှာတော့ ဂရုမစိုက်ဘူး။နောက် ကျွန်တော်တို့ အားရှိလာပြီး သက်ဆိုင်ရာတွေအားလုံးပေါင်းမိသွားပြီး အသံတွေသိပ်ကျယ်လာပြီဆိုရင်တော့ နောက်ပြန်ညှိပါရစေဆိုတာမျိုး ဖြစ်လာတယ်။

ဒီတိုင်းပြည်မှာ အာဏာရှိတဲ့လူတွေနဲ့ပေါင်းပြီးတော့ မတရားလုပ်ရင် အောင်မြင်သွားရင်တော့ မြတ်ပြီ။ ထောပြီ။ နောက်ဆုံး ၀ိုင်းအော်လို့ ပေါ်သွားတယ်ဆိုရင်တော့ အရင်းလောက်ပဲဆိုတော့..ဒီလူတွေ နောက်လည်းလုပ်ဦးမှာပဲ။

မတရားလုပ်တဲ့လူတွေပြစ်ဒဏ်ခံရမယ်ဆိုတဲ့အဆင့်ကို ကျွန်တော်တို့ စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်းနဲ့ အမြတ်ဆို လိုက်လုပ်နေဦးမှာဘဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် မတရားလုပ်တဲ့ လူတွေ။ ခင်ဗျားတို့ အရင်းနဲ့အမြတ်ခေတ်တော့ကုန်ပြီ။

ခင်ဗျားတို့ မြတ်ရင်လည်းမြတ်လိမ့်မယ်။

ကျွန်တော်တို့ဖက်က အင်နဲ့အားနဲ့ရင်ဆိုင်ရင် ခင်ဗျားတို့ အကွဲကြီးကွဲဖို့ပြင်ထားဆိုတဲ့ သတိပေးသံကို ကျွန်တော်တို့ ပြည်သူတွေ ပေးနိုင်မယ်လို့ ယူဆတယ်"။

ကိုမင်းကိုနိုင်
ဘကြီးသက်
Unknown at 1:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“ကြံ့ခိုင်ရေးပါတီ အမိန့်ပေးမှ လုပ်တတ်တဲ့ အကျင့်ဖျောက်ဖို့လို..ဟုဆို”

ကြံ့ခိုင်ရေးပါတီ အဖွဲ့အစည်းဟာ အမိန့်ပေးမှ လုပ်တတ် ကိုင်တတ်တယ်.. အထက်ကညွှန်ကြားမှုကို စောင့်ဆိုင်းနာခံနေတာရယ်.. ပြည်သူအခြေအနေ နဲ့ ယှဉ်ပြီး အံဝင်ခွင်ကျ သွက်သွက် လက်လက် လုပ်ကိုင်တတ်တဲ့ အကျင့်အားနည်းနေတယ်...။ ပါတီအနေနဲ့ လူထုအတွင်း စိမ့်ဝင်ရာမှာ ကယ်တင်ရှင်ပုံစံ.. ဆရာကြီးပုံစံ.. ပြုလုပ်နေတာရယ်.. အပြန်အလှန် တာဝန်ခံခြင်း မရှိတာရယ်...စတာတွေကိုပြုပြင်ဖို့လိုတယ်.. လို့ သူရဦးအေးမြင့် က ပါတီညီလာခံ ဒုတိယနေ့မှာပြောပါတယ်..။ နောက်ပြီး ဖြစ်လေ့ဖြစ်ထ ရှိတဲ့ နိုင်ငံရေးသူငယ်နာရောဂါ (၅)မျိုးကိုလည်း ပြောခဲ့ပါတယ်..။

ပထမရောဂါကတော့ အထက်ကအောက်ကို အမိန့်ပေး အမိန့်နာခံစီးဆင်းစေပြီး အမိန့်မရရင် ဘာမှကြံစည်တွေးတောနိုင်စွမ်းမရှိတဲ့ “စစ်အလေ့အထရောဂါ”..။

ဒုတိယကတော့ နေရာတကာ အမိန့်ပဲပေးတတ်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်စွမ်းမရှိတဲ့ “အာဏာရှင်ရောဂါ”...။

တတိယ တစ်မျိုးကတော့ သက်သာသလိုနေပြီး သာတဲ့ဘက်လိုက်တဲ့“အချောင်သမားရောဂါ”..။

စတုတ္ထတစ်မျိုးကတော့ မိမိတာဝန်ကျေပွန်အောင်မလုပ်ပဲ.. အချင်းချင်း စောင့်ကြည့်တိုက်တွန်းတဲ့ “သူလျှိုသဏ္ဍာန်ရောဂါ”..။

ပဉ္စမက ကိုယ့်ကျင့်သိက္ခာ ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ “အကျင့်ပျက်ရောဂါ”..တို့ဖြစ်တယ်တဲ့...။

(ကုမုဒြာ ဂျာနယ်မှ..)

- ကျန်ပါသေးတယ်.. လာဘ်စားဖို့ဆို အမိန့်မရလဲ စားပါတယ်..။ အဲ့ဒီရောဂါ ၅ မျိုးလုံးက ကြံ့ဖွံ့ပါတီမှာ ကင်ဆာရောဂါလို အမြစ်တွယ်နေပါပြီ..။
KO NAY MYO
ဘကြီးသက်
Unknown at 1:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.