Monday, September 24, 2012

ဖားကန့်-တာမခန်လမ်းပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံအချို့ တိမ်းရှောင်ထွက်ပြေး

 
ဖားကန့်မြို့တောင်ဘက် ၂၁မိုင်ခန့်အကွာတွင်တည်ရှိ သည့် တာမခန်ရွာသို့သွားရာ ဖားကန့်-တာမခန်လမ်းပေါ်တွင် စက်တင်ဘာ ၂၁ရက် နေ့လယ် ၁၁နာရီခန့်မှ စ၍ KIA နှင့် မြန်မာတပ်မတော်ကြား ပစ်ခက်တိုက်ခိုက်မှုအချို့ရှိခဲ့ရာ အဆိုပါလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့နှင့် ဆက်လျက်ရှိသည့် ဆိုင်းတောင်ရွာနှင့် တာမခန်ရွာများသို့ ပြောင်းရွှေ့တိမ်းရှောင် နေကြကြောင်း ဖားကန့်မြို့နှင့် ဆိုင်းတောင်ရွာ ဒေသခံများထံမှ သတင်းရရှိသည်။
စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီဝန်းကျင်ခန့်က ဆိုင်းတောင်ရွာနှင့် ဆယ်မိုင်ခန့်အကွာ၊ ဖားကန့် တာမခန်လမ်းအလယ်ဗဟိုတွင်ရှိသည့် ကသိုဏ်းတောင်တွင် လက်နက်ကြီးလက်နက်ငယ်ပစ်ခက်တိုက်ခိုက်သံ များ ကြားခဲ့ရပြီး ညပိုင်းတွင်တစ်ကြိမ်၊ ၂၃ရက် နံနက်ပိုင်းနှင့် ညပိုင်းအထိတိုက်ခိုက်သံများ ဆက်လက်ကြားခဲ့ ကြောင်း၊ စက်တင်ဘာ ၂၄ရက်နေ့လယ် ၂နာရီအချိန်ခန့်တွင်လည်း ဆိုင်းတောင်ရွာမှ နှစ်မိုင်ခန့်ဝေးသည့် မှော်ရကင်တွင်လည်း တောင်ယာသွားသည့် ဒေသခံ ၃ဦး မိုင်းနင်းမိပြီး
ဖား
ကန့်ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ လွန်ခဲ့သည့် ၄ရက်ခန့်မှစ၍ ဖားကန့်-တာမခန်လမ်းကို ပိတ်ဆို့ထားကြောင်း၊ ဆိုင်းတောင်ရွာမှဒေသခံ တစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၂မှ ၂၄ရက် နံနက်အစောပိုင်းအထိ ကသိုဏ်းတောင်ကုန်းမှ ထွက်ပေါ်လာသော လက်နက် ကြီးလက်နက်ငယ် ပစ်ခက်သံ၊ တိုက်ပွဲသံများကြောင့် အနီးအနားပတ်ဝန်းကျင်ရှိ မှော်ရွာများမှ ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားရာ နေရာ၏ တစ်ဖက်ဆီတွင် ရှိသည့် တာမခန်နှင့် ဆိုင်းတောင်သို့ ပြောင်းရွှေ့သွားကြကြောင်း ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။
“မော်မောင်းလယန်မှာ အလှူရှိလို့သွားကြတာ။ ပစ်ခက်တိုက်ခိုက်သံတွေကြားလို့ ပြန်ပြေးလာကြ တယ်” ဟု စက်တင်ဘာ ၂၂ရက်နေ့က ကသိုဏ်းတောင်အနီးရှိ မော်မောင်းလယန်ရွာသို့ အလှူပွဲသွားရောက်ခဲ့ သည့် ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။
ဆိုင်းတောင်ရွာအနီး မှော်ရကင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းကွဲမှုနှင့် တိုက်ခိုက်သံများ ကြားခဲ့ရခြင်းကြောင့် မှော်ရကင်နှင့် သုံးဖာလုံခန့်ဝေးသည့် နန့်မှော်ရွာမှ ဒေသခံများ ဆိုင်းတောင်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာ ကြောင်း ဆိုင်းတောင်ရွာခံများထံမှ သိရသည်။
“စက်တင်ဘာ ၂၄ရက် ညနေ ၆နာရီမှာ ဆိုင်းတောင် ဆုတောင်းကုန်း ချက်ကျောင်းကို လူ၈၀နဲ့ ဆိုင် ကယ်အစီး၅၀ရောက်လာတယ်။ မော်ရကင်မှာ မိုင်းကွဲပြီး ကြောက်လို့ ပြောင်းလာကြတာတဲ့” ဟု ဆိုင်းတောင် ရွာသားတစ်ဦးက ပြောသည်။
တိုက်ပွဲများဖြစ်ပွားရခြင်းမှာ ၄င်းဒေသတွင် အမြင်ဆုံးတောင်ဖြစ်သည့် ကသိုဏ်းတောင်တွင် တပ်ဆွဲထားသည့် မြန်မာတပ်မတော်ကို KIA တပ်များမှ နှစ်ဖက် ညှပ်တိုက်၍ ဖြစ်နိုင်ကြောင်း၊ လမ်းကြောင်း ပိတ်ထား၍အပျက်အဆီးအကျအဆုံး မသိရကြောင်း ဖားကန့်နှင့် ဆိုင်းတောင်မှ ဒေသခံများမှ ပြောသည်။

ဘကြီးသက်
Unknown at 10:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လီကွမ်ယု ပြောတဲ့ နိုင်ငံအတွက် အနှောင့်အယှက် အစ္စလာမ်မစ်


လီကွမ်းယူနဲ့ အစ္စလာမ် ဘာသာ (အင်တာဗျူး)
မေး ။ ။ မစ္စတာလီရဲ့ လူမျိုးပေါင်းစုံ စုပေါင်းညီညွတ်စွာ နေထိုင်ရေးမူဝါဒဟာ (၄၅) နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ စင်ကာပူရဲ့ အခြေခံအုတ်မြစ်ပါပဲ။ စင်ကာပူရဲ့ လွတ်လပ်ရေးရတဲ့နေ့ ၁၉၆၅- ခု၊ သြဂုတ်လ ၉ ရက်နေ့က ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ စင်ကာပူဟာ မလေးရှားမဟုတ်၊ ချိုင်းနား (တရုတ်) မဟုတ်၊ အိန္ဒိယမဟုတ်လို့ ကြေငြာအသိပေးခဲ့တယ်နော်။ နောက်ကို ပြန်လှည့်ကြည့်ရင် ဒီလမ်းစဉ်ပေါ်မှာ .

အောင်မြင်မှုရအောင် ဘယ်လိုအစချီခဲ့ရသလဲဆိုတာ ပြောပြပေးပါလား။

ဖြေ ။ ။ မွတ်ဆလင်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံမဖြစ်ချင်ပေမယ့် ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ရတယ်။ အစ်စလမ်တွေ မများလာခင်အထိ ငါတို့နိုင်ငံဟာ အေးအေးချမ်းချမ်းပဲ တိုးတက်လာခဲ့တယ်။ ဘာကြောင့်များလဲလို့ ငါ့အမြင်ကိုမေးရင်- ဒီပြင်လူတွေက အချင်းချင်းရောနှောလို့ရတယ်။ မိတ်ဆွေဖွဲ့လို့ရတယ်။ အပြန်အလှန် အိမ်ထောင်ပြုလို့ရတယ်။ အိန္ဒိယန်းနဲ့ တရုတ်၊ တရုတ်နဲ့ အိန္ဒိယန်း သူတို့အချင်းချင်း ဆက်ဆံနှီးနှောရတာ ပိုလွယ်တယ်။ မွတ်ဆလင်တွေနဲ့ကျတော့ အဲသလိုမဟုတ်ဘူး။ အဲဒါ အာရပ်နိုင်ငံတွေက မွတ်စလင်တွေကြောင့်ပဲ။

မင်းက မွတ်ဆလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်း မွတ်ဆလင်လုပ်ရ၊ ဖြစ်ရမယ်။ ဒါကြီးက မွတ်ဆလင်ဘာသာဝင်မဟုတ်သူတစ်ယောက်အတွက် အတော်ခက်တဲ့ ကိစ္စကြီးပဲ။ ဆိုလိုတာက လိုက်(ဖ်) စတိုင်တွေ အကုန်လုံးပြောင်းရတာ။ မင်းဗလီတက်မယ်ဆိုရင် အာရပ်ဘာသာ သင်ရတယ်။ ရွတ်ရ၊ ဖတ်ရတာကလည်း အာရပ်လို။ အစားအစာတောင်မှ အာရပ်ပုံစံ။ ဒါက ကျော်လွှားဖို့ တော်တော်ခက်တဲ့ကိစ္စလို့ ငါမြင်တယ်။

ရာဇာရတနန်ရဲ့ အိုင်ဒီယိုလော်ဂျီကို ငါမွေးစားခဲ့တာ။ ဒီအခက်အခဲက ဆယ်စုနှစ်များစွာကြာတာတောင် ကျော်ဖြတ်နိုင်ဖို့ မလွယ်ကူလှဘူးဆိုတာ ငါကောင်းကောင်း သဘောပေါက်ခဲ့တယ်။ အခုလက်ရှိအဖွဲ့ကို မရရအောင် တဖြည်းဖြည်းချင်း ငါတို့စည်းရုံးယူခဲ့ရတာ။

လက်ရှိအခြေအနေအရ ငါပြောမယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို အလွယ်တကူ နှီးနှောနေထိုင်လို့ရတယ်။ အစ်စလမ်ကလွဲရင်။
 

မေး ။ ။ စင်ကာပူမှာ မွတ်ဆလင်တွေရှိနေတာက စင်ကာပူရဲ့ လူမျိုးပေါင်းစုံ ညီညွတ်စွာနေထိုင်ရေးအတွက် အဟန့်အတားဖြစ်နေတယ်လို့ ဆိုလိုတာလား။

ဖြေ ။ ။ ငါ ဒီလိုမဆိုလိုပါဘူး။ မွတ်ဆလင်တွေကြောင့် လူမှုရေးပြဿနာတွေတက်တာမျိုး မရှိပါဘူး။ သူတို့က သီးသန့်ခပ်ဝေးဝေးက နေတတ်ကြတယ်။

ငါ့ခေတ်တုန်းက ငါနဲ့အတူလက်တွဲပြီးလုပ်ခဲ့ကြတဲ့ Othman Wok တို့ Rahim Ishak တို့ရှိတယ်။ သူတို့ ဘာသာရေးပြဿနာတွေ ဆွဲသွင်းမလာခင်အထိ အေးအေးဆေးဆေးပဲ။ ဘီယာအတူတူသောက်ကြတယ်။ စည်းရုံးရေးတွေ အတူတူဆင်းကြတယ်။ ရွေးကောက်ပွဲ အတူတူဝင်ကြတယ်။ အတူတူစားကြတယ်။

အဲဒီမှာ သူတို့ကမေးတယ် “ ပန်းကန်ပြားက သန့်ရှင်းသလား” တဲ့။ ငါကပြောတယ်။ အားလုံးအတူတူ ဆေးကြောထားတာပဲလို့။ ငါဆိုလိုတာက သူတို့ကစပြီး ခွဲခြားလာတာ။ ငါတို့က ဒါကိုယုံကြည်ကိုးကွယ်တယ်။ မင်းက မယုံကြည်၊ မကိုးကွယ်ဘူး။ ဒါမျိုး။ ရောဂါပိုးမွှားနဲ့ ပတ်သက်ရင်တော့ ဟုတ်ပါတယ်။ သူတို့မေးတဲ့ သန့်ရှင်းသလားဆိုတာက ရောဂါပိုးမွှားကိစ္စကို ပြောတာမဟုတ်ဘူး။ သူတို့ ဘာသာရေးဆိုင်ရာ ဝန်ခံကတိပြုချက်တွေကို ပြောတာ။ ဒါမျိုးတွေက ငါလိုက်လုပ်လို့မရတဲ့ကိစ္စတွေ။

မေး ။ ။ အတူတကွ လက်တွဲသွားကြဖို့ မွတ်ဆလင်တွေဖက်က ဘာတွေလိုက်လျောဖို့လိုမလဲ။

ဖြေ ။ ။ ဘာသာရေး အယူသီးတာတွေကို လျှော့။ “ အိုကေ၊ ငါတို့ အတူတူပဲစားမယ်” ဆိုတာမျိုး ဖြစ်ပါစေပေါ့။

မေး ။ ။ ထမင်းအတူတူမစားဘဲ တခြားပေါင်းစည်းလို့ ရနိုင်တဲ့နည်းတွေ ရှိနေတာပဲ မဟုတ်လား။

ဖြေ ။ ။ မလေးမဟုတ်သူ၊ မွတ်ဆလင်မဟုတ်သူတွေရဲ့ တုန့်ပြန်မှုတွေကို ငါပြောပြမယ်။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အနားယူသွားတဲ့ ဝန်ကြီးတွေအတွက် ဂုဏ်ပြုနှုတ်ဆက်ညစာ ငါကျွေးတယ်။ ဝန်ကြီးဘဝကနေ အနားယူပြီးဖြစ်တဲ့ Othman Wok ကိုလည်း ဖိတ်တယ်။ သူက ငါ့စားပွဲမှာ။ အထူးစီစဉ်ထားတဲ့ စားစရာတွေ သူ့အတွက်လာချတာကို ငါတွေ့လိုက်တယ်။ ဒါနဲ့ ငါက “Othman မင်းက အထူးစီစဉ်ပေးဖို့ မှာထားတာလား” လို့မေးတော့ သူက “ မဟုတ်ပါဘူး” တဲ့။

ဒါနဲ့ ငါက ထမင်းပွဲလာချတဲ့လူကို “မင်းက ဘာကြောင့် သူ့အတွက် အထူးစီစဉ်ပေးတာလဲ၊ သူက ငါစားသလို မစားနိုင်ဘူးလား။ ဒီမှာ ဝက်သားမှ မပါတာပဲ” လို့မေးတယ်။

“ဝန်ကြီးချုပ်ခင်ဗျား၊ မွတ်ဆလင်တွေဟာ မွတ်ဆလင်အစားအစာပဲ စားရပါတယ်။ အဲသလိုမဟုတ်ရင် မကျေမချမ်းဖြစ်စရာတွေ အများကြီးရှိပါတယ်” တဲ့။

မေး ။ ။ သူ့ထမင်းကိုပဲ သူစားတဲ့အတွက် မစ္စတာလီကို အတိုက်အခံလုပ်တယ်လို့ ထင်မိလို့လား။

ဖြေ ။ ။ မထင်ပါဘူး။ ငါခံစားလိုက်ရတာက ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ ငါ့သူငယ်ချင်းလည်း ပြောင်းလဲသွားပြီ။ ဆယ်စုနှစ်များစွာ သူနဲ့ငါက မိတ်ဆွေရင်းတွေ။ သူက ၁၉၅၀၊ ၆၀ ၊ ၇၀- ခုတွေမှာ ငါနဲ့အတူတူ လက်တွဲပြီး စည်းရုံးရေးဆင်းလာတဲ့လူ၊ အခု သူပြောင်းလဲသွားပြီ။ ဒါလောက်ပါပဲ။ ကောင်းမကောင်းကို ငါပြောနေတာမဟုတ်ဘူး။ ငါဆိုလိုတာက လူထုရှေ့မှာဆို သူ့မှာ ဖိအားတွေက အများကြီးပဲလို့ပြောတာ။

ငါက Telok Kurau အင်္ဂလိပ်ကျောင်းမှာ တက်ခဲ့တာ။ မလေးသူငယ်ချင်းတွေ အများကြီးရှိခဲ့တယ်။ ရပ်ဖဲ(လ်) ကျောင်းမှာလည်း အတူတူပဲ။ တစ်ချို့မလေးသူငယ်ချင်းတွေက ရပ်ဖဲ(လ်) ကို ဆက်တက်ကြတယ်။ ကျောင်းသားဘဝတစ်လျှောက်လုံး ဒီလိုပဲဖြတ်သန်းလာခဲ့ကြတာပဲ။ မလေးအစားအစာတွေ ငါတို့အတူတူ ကျောင်းဘေးကဆိုင်ကနေ ဒီလိုပဲဝယ်စားလာကြတာ။

အဲဒီတုန်းက ကျောင်းကဖွင့်တဲ့ဆိုင်တွေ မရှိသေးဘူး။ အိမ်ကနေ နှစ်ဆင့်ယူလာပြီး nasi lemak ဝယ်စားကြရတာ။ အဲဒီမှာ ကွေ့တျောင်(Kway teow) ရောင်းတဲ့လူလည်းရှိတယ်။
*** (Nasi lemak- မလေးအစားအစာတစ်မျိုး ၊ Kway teow- တရုတ်အစားအစာတစ်မျိုး)

အခုဆို ကျောင်းတွေ၊ တက္ကသိုလ်တွေကိုသွားကြည့်၊ မွတ်ဆလင်တွေ စားလို့ရတဲ့အသား၊ စားလို့မရတဲ့အသားတွေ ကွဲနေပြီး (halal and non-halal) စားရင်လည်း အတူတူတွဲထိုင်ပြီး မစားကြဘူး။ ဒါတွေကြောင့် လူမှုရေးအကွဲအပြဲတွေ ဖြစ်ကုန်မှာ။ ဒါတွေနဲ့ပတ်သက်လို့ အမှားအမှန်ကို ဝေဖန်နေတာမဟုတ်ဘူး။ ငါဆိုလိုတာက ဘာသာရေးကိုလိုက်နာတယ်ဆိုပေမယ့် ပြန်ပေးရမယ့်ကိစ္စတွေက အများကြီးဖြစ်နေတယ်။ ဒါကြောင့် အစ္စလာမ်ဟာ သီးသန့်ကြီးဖြစ်နေတယ်လို့ ပြောတာ။

မေး ။ ။ နိုင်ငံတော်တည်ဆောက်ရာမှာ တကယ့်အဟန့်အတားကြီး ဖြစ်နေသလား။

ဖြေ ။ ။ SAF ထဲမှာ အစားအစာနှစ်မျိုး စီစဉ်ပေးနေရတယ်။ ဆိုပါတော့၊ စစ်ပွဲကိုထွက်မယ်၊ ထမင်းခွဲပြီးစား၊ ကျည်ဆန်တွေက ဘေးမှာ ပလူပျံ။ ဘယ်လိုလဲ။ တို့ဖြစ်အောင်တော့ ကြည့်စီစဉ်နိုင်ပါတယ်။ အခုပဲ မင်းက မေးခွန်းမေးတယ်။ သီအိုရီဆန်တဲ့ မေးခွန်း။ ငါက လက်တွေ့ဦးဆောင်ခဲ့ရတဲ့ ကောင်။ နောက်လူငယ်ခေါင်းဆောင်တွေဆိုရင် ဒီထက်ကွဲပြားတဲ့ လူမှုရေးတွေကို ဖြေရှင်းကြရဦးမှာ။ ထမင်းနှစ်မျိုး၊ ဘာနှစ်မျိုး၊ ညာနှစ်မျိုး စသဖြင့်ပေါ့။ ဘာတတ်နိုင်မှာတုန်း။ အဲဒါက ဘဝပဲဟာကို။

စင်ကာပူထဲဝင်လာတဲ့ နိုင်ငံခြားသားတွေကိုကြည့်။ မလေးလူမျိုး၊ အင်ဒိုနီးရှားလူမျိုးတွေ သိပ်မရှိဘူး။ သူတို့က စင်ကာပူဟာ အစ္စလာမ်ဘာသာမဟုတ်တဲ့ နိုင်ငံလို့မြင်ထားကြတယ်။ ဒီတော့ အထူးအခွင့်အရေးတွေလည်း မရတော့ဘူးပေါ့။ ဒါနဲ့ တို့က အာရပ်တွေ လာအောင်လုပ်တယ်။ ဒီကောင်တွေက လူချမ်းသာတွေ။ သူတို့ ဒီလိုရောက်လာရင် မလေးမိန်းကလေးတွေကို လက်ထပ်ကြတယ်။ သိပ်တော့ မများလှဘူး။

ဒီတော့ ရလဒ်က အိန္ဒိယန်းတွေက မလေးလူဦးရေကို လိုက်လာနေတယ်။ (၇) ရာခိုင်နှုံးကနေ (၉) ရာခိုင်နှုန်းအထိရှိလာတယ်။ မလေးက (၁၄- ၁၅) ရာခိုင်နှုန်းလာက်ရှိမယ်။
ု
မေး ။ ။ မလေးတွေရဲ့ ကလေးမွေးဖွားနှုန်း ဒီလောက်မြင့်နေတာတောင် စင်ကာပူမှာ အဲသလိုဖြစ်နေသလား။

ဖြေ ။ ။ ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားဦးရေက ကလေးမွေးဖွားနှုံးကို ကျော်တက်နေတယ်။ အရည်အချင်းရှိတဲ့ အိန္ဒိယန်းတွေ တို့ဆီတော်တော်များများ ရောက်လာနေတယ်။ အိန္ဒိယတောင်ပိုင်းက လူငယ်ပညာတတ်တွေ အများကြီးပဲ။ သူတို့က အများအားဖြင့် အဆင့်ရှိတဲ့ တက္ကသိုလ်၊ အင်စတီကျုတွေကနေ ဘွဲ့ရသူတွေချည်းပဲ။ ဒီကိစ္စက အလေးထားကိုင်တွယ်ရမယ့်ကိစ္စတော့ ဖြစ်တာပေါ့။ အားလုံးကို မျှမျှတတ ဆက်ဆံမှရမယ်။

မွတ်ဆလင်တွေရဲ့ ဘာသာရေး၊ သူတို့အစားအစာ၊ သူတို့ ဗလီတွေရဲ့ ဘာသာရေးလုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ဘာမှ ငါဝင်မစွက်ခဲ့ဘူးပါဘူး။ ကျူရှင်သင်တန်းတွေ ပေးနေကြတာအပါအဝင်ပဲ။

မေး ။ ။ စင်ကာပူက မွတ်ဆလင်နိုင်ငံကြီးတွေ ကြားထဲမှာဆိုတော့ ဒီအချက်ကလည်း အရေးကြီးတာပဲမဟုတ်လား။

ဖြေ ။ ။ ဒေသတွင်းက မွတ်ဆလင်တွေနဲ့ တို့နိုင်ငံရဲ့ မွတ်ဆလင်တွေ ဆက်ဆံရေးက လက်တွေ့ဆန်ပါတယ်။ တွေ့ကြ၊ ဆုံကြ၊ တီဗွီကြည့်ကြ။ ကျောင်းတွေမှာ သူတို့ခေါင်းစွပ်တွေက ပြောစရာကိစ္စတွေဖြစ်နေတယ်။ မလေးရှားရဲတွေတောင် ခေါင်းစွပ်တွေနဲ့ဆိုတော့ သူတို့လည်း စွပ်ရမယ်လို့ပြောကြတယ်။ အင်ဒိုနီးရှားတွေကလည်း တဖြည်းဖြည်းနဲ့ ခေါင်းတွေဖုံးလာကြပြီ။ အကုန်လုံးတော့ မဟုတ်ဘူး။ တစ်ချို့ခေါင်းဆောင်တွေ မလုပ်ကြပါဘူး။

ငါတို့ဘက်ကလည်း ရပ်တည်ချက်က ခိုင်မာမှရမယ်။ ငါကပြောတယ်။ “ ဒါက ကျောင်းဝတ်စုံမဟုတ်ဘူး။ စာသင်ခန်းရှေ့ပိုင်းမှာ နေချင်ရင် ခေါင်းမစွတ်ရဘူး။ နောက်ဖေးမှာဆိုရင်တော့ ခေါင်းစွပ်ဝတ်ချင်ဝတ်” လို့။

အဆင်ပြေအောင်တော့ တတ်နိုင်သ၍ ကြိုးစားကြတာပဲ။ ဒါပေမယ့် လူထုနဲ့ နိုင်ငံခြားသားတွေကိုတော့ တို့ကျောင်းဝတ်စုံက ဒါပဲဆိုတာ သိသွားစေချင်တယ်။ ဒါမျိုးတွေ လာလုပ်လို့မရဘူး။ ဒီမှာ အလုပ်လုပ်မယ်။ ဒါဆိုရင် သူများဝတ်သလိုပဲ ဝတ်၊ သူများလို မဝတ်နိုင်ရင် နောက်ဖေးက ကွန်ပြူတာမှာ သွားလုပ်။ ဟိုတုန်းက မရှိခဲ့ဘူးတဲ့ပြဿနာတွေ အခုဒီမှာ အများကြီးပဲ။

ဘာကြောင့်လဲဆိုတော့၊ ငါတို့က သူတို့အကြောင်းပိုသိနေလို့။
ဟိုးနှစ်ပေါင်းရာချီစဉ်က အစ္စလာမ်ဆိုတာ အာရပ်ကုန်သည်တွေသယ်လာလို့ ဒီကိုရောက်လာတာ။ ဒီရောက်ဖို့ သုံးလေးလကြာကောင်းကြာမယ်။ ဒီရောက်လာပြီးတဲ့နောက် သူတို့အလေ့အကျင့်တွေကို ဟိုမှာထားခဲ့ပြီး ဒီမှာရှိတဲ့လူတွေနဲ့ အတူတူပေါင်းပြီး နေထိုင်လာခဲ့ကြတာ။

မေး ။ ။ အစီအစဉ်တစ်ချို့ကိုတော့ အစိုးရကစပြီး ကျင့်သုံးနေတယ်။ ဆိုပါတော့ HDB တိုက်မှာ လူမျိုးစုအလိုက် ကိုတာခွဲရောင်းပေးတာတို့၊ အဖွဲ့လိုက် မဲဆန္ဒနယ်တွေကို ဆင်းတာတို့ပေါ့။ အနာဂတ်မှာ အကွဲအပြဲတွေ ဖြစ်လာမယ်လို့မြင်မိသလား။ ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။

ဖြေ ။ ။ လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀- ကို ကြိုမပြောတတ်ဘူး။ ဖြစ်မယ်လို့တော့ မထင်ဘူး။

လီကွမ်းယု ရဲ့ " Hard Truths ( to keep Singapore going " စာအုပ်) မှ အခန်းတစ်ခန်းဖြစ်ပါတယ်။

(ကမ်းလက် ဘလော့)

ဘကြီးသက်
Unknown at 10:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

iphone 5 ကို ၁၅ သိန်းဂျီအက်(စ်)အမ်ဖုန်းရှင်များ သုံးခွင့်မရသေး


ဈေးကွက်၌ အသစ်ရောက်ရှိလာသည့် iphone 5 သုံးစွဲရန်အတွက် ဆယ့်ငါးသိန်းတန် ဂျီအက်(စ်)အမ် ကိုင်ဆောင်ထားသူများ ဆင်းကတ် အခက်အခဲ ရှိနေကြောင်းသိရသည်။

ပြည်တွင်း၌ iphone 5 မှာငါးသိန်းနှင့် နှစ်သိန်းတန် ဂျီအက်(စ်)အမ် ဆင်းကတ်များဖြင့်သာ သုံးစွဲရန် အဆင်ပြေပြီး ယခင် ဆယ့်ငါးသိန်း ဂျီအက်(စ်)အမ် များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ် လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦး က ပြောသည်။

“iphone 5 ရဲ့ ဆင်းကတ်ဆိုဒ်က 1.5 mm မို့လို့ ၁၅ သိန်းတန် ဂျီဆင်း ကတ်ကလွဲရင် ကျန်တဲ့ ဂျီကတ်အကုန် လွတ်လွတ်ကင်းကင်း ထည့်သုံးလို့ ရနေတယ်” ဟု အထက်ပါ မိုဘိုင်းဆိုင်မှ ဖြေသည်။

Iphone 5 အနေဖြင့် ယခုလအတွင်း ပြည်တွင်း မိုဘိုင်းဈေးကွက် ၌ ရေပန်း အစားဆုံး ဖြစ်ခဲ့သော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်းအားလုံး အသုံးပြု၍ မရနိုင်ခြင်းကြောင့် ၀ယ်ယူသူ နည်းပါးနေသေးကြောင်း မိုဘိုင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

“၀ယ်တော့ဝယ်ချင်တယ်။ ဒါပေမယ့် ဒီဆင်းကတ်ကြီးကိုသွားလဲ ကြည့်ရ ဦးမယ်။ အဆင်ပြေမှ ၀ယ်ကိုင်လို့ ရတော့မှာ” ဟု ဆယ့်ငါးသိန်းတန် ဂျီအက်စ်အမ် ကိုင်ဆောင်ထားသူ တစ်ဦးကပြောသည်။

ပြည်တွင်းသို့ ယခုလ (၂၃)ရက်နေ့မှ စ၍ iphone 5 ဖုန်းများ စတင် ၀င်ရောက်လာပြီး လက်ရှိတွင် ကျပ် (၁၂)သိန်းခွဲ ခန့်ဖြင့် ရောင်း ချနေကြကြောင်း သိရသည်။

သုတလင်း - Popular Myanmar News Journal
ဘကြီးသက်
Unknown at 10:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အထက (၂) ကမာရွတ်မှ ကျောင်းအုပ်ဆရာမကြီး ၏ ဆိုးရွားလှသော တောင်းရမ်းချက်များ

အထက (၂) ကမာရွတ် ခေါ် စိန်သြဂတ် စတင်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မေလှရီက မီးလောင်သွားသော ကျောင်းဆောင် အတွက်ဟုဆိုကာ ကျောင်းသား တစ်ဦးလျှင် အလှူငွေ တစ်သိန်း လှူရမည် ဟုကောက်ခံနေပါသည်။  ကျောင်းအဆောက်ဦ ဆိုသည်မှာ နိုင်ငံတော်မှ ထောက်ပံ့ ပေးထား
 သော ပစ္စည်းဖြစ်သော်လည်း နိုင်ငံတော်က ချပေးထားသော ငွေကြေးတင်မကပဲ အခုလိုကျောင်းသား တွေအား  မပေးမနေရ ကောက်ခံနေခြင်းမှာ ဓါးပြတိုက်သည်နှင့်ပင် တူကြောင်း ကျောင်းသားမိဘများက ညည်းညူ ကြသည်။ -----

ပေးစာ အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘကြီးသက်

သစ်ထူးလွင်မှကူးယူဖော်ပြ ပါသည်
Unknown at 10:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရဟုဆို


မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးခန့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဦးစီးဌာန၊ UNAIDS ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015  ''တွင် ဖော်ပြထားချက်များအရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ ခန့်မှန်းဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိနေပြီး ပိုးရှိသူများအနက်မှ လူဦးရေတစ်သိန်းနှစ်သောင်းကျော်မှာ အေအာတီဆေးဝါး လိုအပ်နေသူများဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ် ဇွန်လအထိ ရရှိထားသည့် စာရင်းများအရ ဆေးဝါးလိုအပ်သူများအနက် လူဦးရေ ၄၄၆၆၁ဦးကို အေအာတီ ဆေးဝါးပေးနိုင်ခဲ့ပြီး ကျန်ရှစ်သောင်းကျော်မှာ အေအာတီဆေးဝါးရရှိရန် လိုအပ်နေသူများဖြစ်ကြောင်း သိရသည်။
''လက်ရှိ အေအာတီဆေးလို အပ်နေပြီး မရသေးတဲ့သူက ၆၀ရာ ခိုင်နှုန်းလောက်ရှိတယ်။ ဒီနှစ်ကုန်ဆိုရင်တော့ အခုရနေတဲ့လူဦးရေထက် တစ်သောင်းကျော်လောက်တိုးပြီး ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပြီး ဆေးလိုအပ်နေတဲ့ သူတွေဆေးရဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ Global Fund နဲ့ အမေရိကန်ပြည်သူတွေက ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေပြီး ရန်ပုံငွေတွေရလာရင် ဒီလူတွေအတွက် ဆေးတွေရလာမှာပါ။ မြန်မာမှာ ပိုးကူးစက်ခံရနှုန်းက တစ်ရက်ကို ၂၃ယောက်နှုန်း ကူးစက် ခံနေရပြီး လူဦးရေ ၅၀ ၀န်းကျင်လောက် သေဆုံးနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ သေဆုံးတဲ့နှုန်းက ကူးစက်ခံရတဲ့နှုန်းထက် ပိုနေတာကို တွေ့ရပါတယ် '' ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောပြခဲ့သည်။
လက်ရှိ ပြင်ပဆေးခန်းများတွင်  အေအာတီဆေး ၀ယ်သောက်နေသူဦးရေ တစ်သောင်းနှင့်နှစ်သောင်းကြားရှိမည်ဟုလည်း ခန့်မှန်းထားကြကြောင်းနှင့် အေအာတီဆေးအတွက် တစ်ဦးလျှင် တစ်လကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်နှစ်သောင်းကျော် သုံးသောင်းကြားရှိကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်သံအမတ်ကြီး Eric Goosby နှင့် အဖွဲ့သည် HIV  နှင့်ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်ချက်များ ဦးစားပေးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ပူးပေါင်းလုပ်ဆောင်နိုင်ရန်  မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားချက်များအရ သိရသည်။
Eric Goosby သည် ကမ္ဘာ့အကြီးဆုံး အိတ်ခ်ျအိုင်ဗွီဆိုင်ရာ ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သည့် PEPFAR အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး  မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ HIV  ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဆိုင်ရာ အခြားတာဝန်ရှိသူများနှင့် HIV နှင့်ပတ်သက်၍ လုပ်ငန်းများလုပ်ဆောင်နေသည့် လူမှုရေးအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ယင်းအဖွဲ့သည် အမေရိကန်ပြည်ထောင်စုမှ ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားနေသော HIV/AIDS ရောဂါအား တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ HIV/AIDS ရောဂါဝေဒနာ ခံစားနေရသူ များအား အေအာတီဆေးဝါး ထောက်ပံ့မှု အများဆုံးပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
 EMG
ဘကြီးသက်
Unknown at 10:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တွင် ရေပေးဝေမှုစနစ်နှင့် ပိုက်လိုင်းစနစ်အား ပြုပြင်ရန်လို

ရန်ကုန်မြို့တွင် ရေပေးဝေရေးစနစ် အားနည်းနေခြင်းနှင့် မြို့နယ်အများစုသို့  ပို့လွှတ်နေသော ရေများမှာ သောက်သုံးရန် မသင့်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်း ပညာရှင်တစ်ဦးက ပြောသည်။
 
ရန်ကုန်မြို့အတွက် နှစ်စဉ်ရေဂါလံအားဖြင့် သန်း(၁၆၀)ဖြန့်ဝေပေးနေသော်လည်း လုံလောက်မှု မရှိခြင်း ဖြစ်သည်။
 
"မှန်တာ ပြောရရင်တော့ ရန်ကုန်မြို့က ဖြန့်ဝေတဲ့ရေထဲမှာ သောက်ရေအနေနဲ့တော့ တော်တော် များများနေရာမှာ မသင့်ဘူးလို့ပဲ   ပြောရမှာပေါ့။  သံချေးပါတယ် ဆိုတဲ့ ကိစ္စကတော့ အဓိက အားဖြင့် ပိုက်တွေမှာ ဖြစ်တာပါ။ ပိုက်တွေက ကြာလာတယ်၊ ဟောင်းလာ တယ်၊ ပေါက်လာတယ် ပေါ့နော်။ နောက်ထပ်  ၆လ တစ်နှစ်လောက် ဆိုရင်တော့ ဒီအဖြေတွေကိုသိပြီးတော့ ဘာဆက်လုပ်ကြမလဲ ဆိုတာတိတိကျကျ ရလာမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် အဲဒီပေးဝေရေးစနစ်နဲ့ ပိုက်စနစ်နဲ့  အဲဒါတွေကိုတော့ အများကြီးပြုပြင်ဖို့လိုအပ်နေပါတယ်" ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်းပညာရှင်က ပြောသည်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေုဖြင့် ရေပေးဝေရေးစနစ်နှင့် ပိုက်များအား ပြုပြင် နိုင်ရန် ဂျပန်ပညာရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်းသိရသည်။
 
ရန်ကုန်မြို့အတွင် ဂျိုးဖြူပိုက်လိုင်းရေဝေမှုစနစ်၊ လှော်ကားရေပေးဝေမှုစနစ်၊ဖူးကြီးရေပေးဝေမှုနှင့် ငမိုးရိပ် ရေပေးဝေမှု စနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။
 
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ မြို့နယ်အများစု၌ ရေရှားမှုပြဿနာ ကြီးမားနေကြောင်းကိုလည်း သိရသည်။
 
 “အခုဆို ဒီမှာ ရေတော်တော် ဒုက္ခရောက်တယ်လေ၊ ရေက ဘယ်အချိန်ပေးလို့ ပေးမှန်းလည်း မသိ ရဘူး၊ ပြီးတော့ တစ်ခါတစ်လေ ကံကောင်းလို့ ရေတင်တာရရင်တောင် ညဘက် ၂ နာရီ၊ ၃-၄ နာရီ လောက်မှ ပေးတာလေ၊ အဲဒီအချိန်က လူအိပ်ချိန်လေ၊ အဲအချိန် မှာမှ ပေးတော့ ဘယ်လိုလုပ်မှာလဲ၊ ညဘက်အိပ်ချင်ပေမဲ့ ရေမရှိမှာစိုးလို့ ရေထတင်ရတာ အလုပ်တစ်ခုလိုကို ဖြစ်နေတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင်နေထိုင်သူ ကိုလင်းထိုက်က ပြောသည်။
 
၎င်းသို့ ရေပေးဝေမှု မလုံလောက်ခြင်းကြောင့် ရေစည်လှည်းငှားများ အလုပ်ဖြစ်လာကြောင်းကိုလည်း သိရသည်။
 
ရေတစ်စည်ကို လှည်းငှားမည်ဆိုပါက တစ်စည်ကို ငါးရာဖြစ်ပြီး အိမ်အရောက် တွန်းပို့ပေးရမည် ဆိုပါက ရေတစ်စည်ကို ငါးထောင်ကျပ် ပေးရနေရခြင်းဖြစ်သည်။  ရေရှားသည့်အချိန်တွင်မူ တစ်စည် ကို ကျပ်ခုနှစ်ထောင်အထိ ပေးရကြောင်းကိုလည်း  သာကေတ မြို့နယ်နေ မဇွန်မိုးပွင့်မှ ပြောသည်။
 
မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်ပုံပုံ တစ်ပုံရှိသော ရန်ကုန်မြို့တွင် နှစ်စဉ် ရေဂါလံသန်းပေါင်း (၁၆၀) ပေးဝေနေသည်။ တစ်နှစ်လျှင် ဂါလံ သုံးဆယ်နှင့်တွက်ပါက သန်း(၁၅၀)သာ ကုန်မည်ဖြစ်သည်။ သို့သော် ရန်ကုန်မြို့နေရာအနှံ့ပြားတွင် ရေမလုံလောက်မှုများသည် တစ်ဆထက် တစ်ဆ တိုးပွားလာခြင်းဖြစ်သည်။
 
ထို့အပြင် အချို့မြို့နယ်များတွင် ရေမီတာတပ်ဆင်ခြင်းမရှိဘဲ သက်ဆိုင်ရာနှင့်ညှိနှိုင်းကာ သုံးစွဲမှုများရှိကြောင်းကိုလည်း သိရသည်။
 
“တစ်ခါတစ်ရံ ရေက သုံးမရအောင် ၀ါထိန်နေတယ်။  တော်တော်ဆိုးတယ်၊ နောက်ဆုံး သုံးမရလို့ အကုန်ပြန်သွန်ပြီး ရေလှည်းခေါ် ရတာပဲရှိတယ်။ နီရဲနေတာမျိုးလည်း ကြုံတွေ့နေရတယ်။”ဟု ဗဟန်းမြို့နယ်မှ မသူဇာဟန်က ပြောသည်။ 
 
ကမ္ဘာနဲ့အ၀ှမ်း သောက်သုံးရေရှားပါးမှုပြဿနာနှင့် ကြုံနေရချိန်တွင် ရန်ကုန်မြို့သည် ရေအရင်း အမြစ် ကြွယ်ဝသည့်နေရာတွင်  တည်ရှိနေသည်။
 
မြစ်မခ
ဘကြီးသက်
Unknown at 10:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

(၁၀)တန်အောက်ကား ကတ္တားမဖြတ်ရ၍ ဒိုင်နာသမားတို့ အဆင်ပြေ

 (၁၀)တန်အောက်ကားများ ကတ္တားမတက်ရသောကြောင့် ကုန်တန်ချိန်(၁၄)တန်အထိ တင်ဆောင်နေကြောင်း မန္တလေး-မူဆယ်လမ်းရှိ ကတ္တားဂိတ်များက သိရှိရသည်။
 
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာလ(၁၄)ရက်နေ့တွင် (၁၀)တန်အောက်ကားများ ကတ္တားတက်ရန် မလိုအပ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
 
“(၁၀)တန်အောက်ကားတွေ ကတ္တားမတက်ရတော့ပါဘူး။ သူတို့သွားရတာမြန်အောင်လို့ ကျွန်တော် တို့က ဖြုတ်ပေးလိုက်တာပါ။ ဒါကိုသူတို့က အခွင့်အရေးယူပြီးတော့ ဆယ်သုံးတန်လောက်အထိ တင်တယ်။ ပိုတင်တဲ့ ကားတွေကို အရေးယူသွားမှာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
ဒိုင်နာကားများသည် ယခင်အချိန်တွင် ကားနှင့်ကုန်တန်ချိန်ပေါင်းမှ (၁၀)တန်အထိသာ တင်ရပြီး ယခုအချိန် တွင် ကတ္တားကင်းလွတ် ခွင့်ရရှိသွာပြီဖြစ်ကြောင်း Asia World လမ်းကောက်ခံကြေးဂိတ်ထံက သိရှိရသည်။

 “အခုလိုကတ္တားမတက်ရတာ ဒိုင်နာကားတွေ ပါသွားတော့ ဒိုင်နာသမားတွေအဆင်ပြေသွားတာပေါ့။ အရင်ကဆို သိပ်မကျန်ဘူး”ဟု ကုန်တင်ဒိုင်နာယာဉ်မောင်း ကိုမျိုးညွန့်လွင်က ပြောသည်။
 
(၆)ဘီးကားကြီးများမှာမူ ကားနှင့်ကုန်တန်ချိန်ပေါင်းမှ (၁၆)တန်၊(၁၂)ဘီးကားများမှာ ကားနှင့် ကုန်တန်ချိန် ပေါင်းမှတန်(၂၅)သာ တင်ဆောင်ရသောကြောင့် မူဆယ်-မန္တလေးတစ် ခေါက်လျင်(၂)သိန်းဝန်းကျင် လောက်သာ ကျန်သောကြောင့် ကားများရပ်နား ထားကြကြောင်း ကုန်တင်ယာဉ် အသိုင်းအ၀ိုင်းထံက သိရှိရသည်။
 
“ခြောက်ဘီးတွေကြတော့ ကားနဲ့ပေါင်းမှ (၁၆) တန်ပဲတင်ရတာ။လမ်းကြေးပေးရတာနဲ့ ကားဘီးကွဲရင် နှစ်သိန်းလောက်ရှိတယ်။ တစ်ခါတစ်လေ KIAစစ်တပ်က ပိုက်ဆံတောင်းသေးတယ်။ကျွန်တော့် ကားတော့ နားထားတယ်”ဟု မူဆယ်မှမန္တလေးသို့ ကုန်တင်သော ကိုကျော်စိန်က ပြောသည်။
 
ယခုလက်ရှိအချိန်တွင် ခြောက်ဘီးကားနှင့် ဆယ့်နှစ်ဘီးကားများနေရာတွင် ကုန်တန်ချိန်(၅၀)အထိ တင်ရသော(၂၂)ဘီးတွဲကားများ ၀င်ရောက်လာကြောင်း သိရှိရသည်။ (၂၂)ဘီးတွဲကားများသည် မူဆယ်-မန္တလေးတစ်ခေါက်လျှင် ကျပ်(၁၀)သိန်းဝန်းကျင် အထိကျန်ကြောင်း အဝေးပြေးကုန်တင်ယာဉ် အသိုင်း အ၀ိုင်းက သိရှိရသည်။
 
 ငြိမ်းချမ်း(မြစ်မခ)
ဘကြီးသက်
Unknown at 10:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်တုံ့ပြန်မှု မဟုတ်သည့် အိတ်ဖွင့်ပေးစာ ဦးသန်းရွှေနှင့် ဦးခင်ညွှန့်ထံပေးပို့

 
လက်တုံ့ပြန်မှု မဟုတ်သော်လည်း သဘောထားကြီးစွာ ပြန်လည် တောင်းပန်ရန် ယခင် နိုင်ငံတော် အကြီးအကဲ နှစ်ဦးထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးအောင်ထွန်းက စက်တင်ဘာ ၂ဝ ရက်က ပေးပို့ခဲ့သည်။

ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌ (ငြိမ်း) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှု အဖွဲ့၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ ဝန်ကြီးချုပ်(ငြိမ်း)တို့ နှစ်ဦးကို အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ အသနားခံစာ(သို့) တောင်းပန်စာ ပေးပို့ပေးရန် ၂ဝ.၉.၂ဝ၁၂ နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အိတ်ဖွင့်ပေးစာ ပေးပို့သည့် ဦးအောင်ထွန်းမှာ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်အထိ လည်းကောင်း၊ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်အထိလည်း ကောင်း၊ အင်းစိန်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ M17၊ ဗထလ စစ်ကြောရေးစခန်းများတွင် ၁၅ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံရစဉ် ညှဉ်းပန်း နှိပ်စက်မှုများစွာကို ခံခဲ့ရသူ ဖြစ်သည်။

အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းနှင့် ပတ်သက်၍ ဦးအောင်ထွန်းက ပြောကြားရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ် ကာလအတွင်း နောက်ကြောင်းပြန် အရေးယူမှု မရှိစေရဟု ပါရှိသော်လည်း ICC (နိုင်ငံတကာ ရာဇဝတ်မှုတရား ရုံး)နှင့် ICJ(နိုင်ငံတကာ တရားမျှ တမှုခုံရုံး)တို့တွင် တရားစွဲဆိုနိုင်ခွင့် မရှိစေရဟု မပါရှိသောကြောင့် ယခင် နိုင်ငံတော် အကြီးအကဲဟောင်း နှစ်ဦးကို မိမိထံသို့ တရားဝင် အသနားခံစာ (သို့) တောင်းပန် စာ ပေးပို့ရန် ယင်းတို့နှစ်ဦးထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း၊ သတ်မှတ် ထားသည့် အချိန် အကန့်အသတ် ကို ကျော်လွန်ပါက အဆင့်ဆင့် လုပ်ဆောင်မှုများဖြင့် တရားစွဲဆိုရန် အဆင့်ထိ စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသား အများအပြား ရှိနေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ယခင်အကြီးအကဲများထံ အိတ်ဖွင့်ပေး စာ ပေးပို့ခြင်း နှင့် ပတ်သက်၍ ယင်းကပြောကြားရာတွင် မိမိကဲ့သို့ မည်သူမဆို လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့် ရှိကြောင်းနှင့် အကျဉ်းထောင်အတွင်း ညှင်းပန်း နှိပ်စက်မှုများမှာ ယခင်အကြီးအကဲ များတွင် တာဝန်ရှိကြောင်း ပြောကြား ခဲ့သည်။

ဦးအောင်ထွန်းသည် ၁၉၉ဝ ခုနှစ် ဗကသ အတွင်းရေးမှူး တာဝန် ထမ်းဆောင်စဉ် အထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင် ငံ ကျောင်းသားများ လှုပ်ရှားမှု သမိုင်းစာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

-Reference and Credit to -မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ဘကြီးသက်
Unknown at 10:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

iPhone 5 နဲ့ Galaxy S3 ဘယ်ဟာက အကြမ်းခံသလဲ


စာဖတ်သူ တော်တော်များများလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ Drop test ဗီဒီယိုပေါင်းများစွာလည်း ဝင်ရောက်မွေနောက်ပြီးပြီလို့ယူဆပါတယ်။ မသေချာမှာစိုးလို့ ဗီဒီယို ၅ခု၊ ၆ခု မွေနောက်ကြည့်လိုက်တာ Drop test တိုင်းမှာ Samsung Galaxy S3 ကရှုံးပါတယ်။

Drop test များကို အောက်ပါလခ့်များမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.youtube.com/watch?v=J4zQKeAEqsQ&feature=related
http://youtu.be/36U-hOhTNIw
http://youtu.be/DuwD7pdxxyo
http://www.youtube.com/watch?v=6M5q5TRuAsY

ဘာကြောင့်လဲဆိုတာကတော့ အကြောင်းပြချက်အနည်းငယ်ရှိပါတယ်။

အသုံးပြုသည့် သတ္တုအမျိုးအစား

iPhone 5 ကတော့ အလူမီနီယံ သတ္တုကို သုံးလိုက်ပါတယ်။ ယခင်က Stainless steel ပဲ သုံးခဲ့ရာမှာ ပြောင်းသုံးလိုက်တာ ဖြစ်ပါတယ်။ အဓိက ကတော့ အကြမ်းခံဖို့ ဖြစ်ပါတယ်။ Samsung Galaxy S3 ကတော့ ပလပ်စတစ် တစ်မျိုးဖြစ်တဲ့ ပိုလီကာဘွန်နိတ်ကို သုံးလိုက်ပါတယ်။ အဆင့် ဘယ်လောက်မြင့်တယ်ပြောပြော ပလပ်စတစ် ကာဗာကတော့ အလူမီနီယမ် ထက်တော့ အကြမ်းမခံတာ သေချာနေပါပြီ။ သူသုံးတဲ့ ရည်ရွယ်ချက်က အကြမ်းခံ ဖို့တစ်ခုအတွက်မဟုတ်ပဲ၊ အလေးချိန်လျော့ချရန်၊ အပူချိန် လျော့ချရန် ဖြစ်ပါတယ်။

အရွယ်အစား

iPhone 5 က ၄ လက်မဖုန်းဖြစ်ပါတယ်။ 123.8 x 58.6 x 7.6mm ကိုယ်စီ အတိုင်းရှိပါတယ်။ ဒီတော့ အရွယ်အစားက ကျစ်လစ်ပြီး အောက်ကျ တဲ့အခါ ဝိတ်မျှဝေမှုက တူညီနေပါတယ်။ ပြီတော့ ကျရင်လည်း အပြားလိုက်ကျတာ ထက် ဒေါင်လိုက်ကျနိုင်ချေပိုများပါတယ်။ ဒီတော့ ထိ ရင်တောင် ဘေးထောင့်စွန်းတွေပဲ ပိုထိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Apple က iPhone 5 ကိုထောင့်စွန်းအနား သေသေသပ်သပ်လုပ်နေပုံကို မိတ်ဆက် ပွဲမှာ တစ်ခါတည်းပြသသွားပါတယ်။

Samsung Galaxy S3 ကျတော့ အဲ့လိုမဟုတ်တော့ပါဘူး။ ၄.၈ လက်မ မျက်နှာပြင်၊ အတိုင်းအတာကျတော့ 136.6 mmx 70.7 mm x8.6 mm ဖြစ်ပါတယ်။ လက်တစ်ဝါးစာ ပြည့်နေမယ့် ဖုန်းဖြစ်ပါတယ်။ ဒီတော့ အောက်ကျရင် သူကျနိုင်ချေရှိတဲ့ ပုံစံက အပြားလိုက်ဖြစ် ပါတယ်။ ဒေါင်လိုက်ကျနိုင်ချေနည်းပါတယ်။ ဒီတော့ အဓိက ထိမယ့်နေရာ က ရှေ့ နဲ့ နောက်ကျောဖြစ်ပါတယ်။ ဖန်သားပြင်ကျရင်တော့ ကွဲပါမယ်။ နောက်ကျော်ဘက်ကျရင်တော့ ပလပ်စတစ်ခွံ ကွာသွားမှာ ဖြစ်ပါ တယ်။

အလေးချိန်

တကယ်အကြမ်းခံမခံက အလေးချိန်နဲ့လည်း ဆိုင်ပါတယ်။ ဘယ်လောက် ခံတယ်ပြောပြော အလေးချိန်များတဲ့ ပစ္စည်းက ပိုအထိနာစမြဲဖြစ်ပါတယ်။ ရူပပေဒသဘောတရားအရဆိုရင် အလေးချိန် (mass) နဲ့ ကမ္ဘာမြေဆွဲအား (g) ၊ အမြင့် (height) သုံးခုမြောက်ရင် ရလာတဲ့ ရလဒ်ဖြစ်ပါတယ်။ iPhone 5 က ၁၁၂ ဂရမ်လေးပါတယ်။ ဒါတောင် အလူမီနီယမ် ကိုယ်ထည်ဖြစ် ပါတယ်။ ဒီတော့အတွင်းပစ္စည်းတွေ ပေါ့တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ Samsung Galaxy S3 ကတော့ ၁၃၃ ဂရမ် လေးပါတယ်။ ဒါတောင် အပြင်က ပလပ်စတစ်ဖြစ်ပြီး အတွင်းပစ္စည်းလေးပုံရပါတယ်။ ဒီတော့ ပိုလေးတဲ့ S3 က ပိုအထိနာရခြင်း ဖြစ်ပါတယ်။

ဒီတော့ အားလုံးခြုံငုံပြီး ကိုယ့်ပါကိုယ် စိတ်ထဲကနေ ပစ်ချကြည့်လို့ရပါတယ်။ iPhone 5 ကို ကိုယ့်နားကနေ ကျတယ်လို့ယူ ဆပြီး အောက်ကို ဒေါင့်စွန်းနဲ့ ထိပါမယ်၊ ဒီတော့ ဖြစ်နိုင်ချေက ဒေါင့်မှာပွန်းပဲ့သွားပါမယ်။ ကံမကောင်းရင် ဖန်သားမျက်နှာပြင်မှာ အက်ကြောင်းထင်ပါမယ်။ Samsung Galaxy S3 ချကြည့်ပါ။ အပြားလိုက်ကျပြီး ကာဗာကဖြစ်ရင် ကာဗာပြုတ်ပြီး ဖန်သားပြင်ဖြစ်ရင် အကွဲရာပိုများပါမယ်။

ဒီတော့ သတ္တုအမျိုးအစား၊ အရွယ်အစား၊ အလေးချိန် စတဲ့ အချက်အလက် များဟာ အချိုးကျကျပေါင်းစပ်ရခြင်း ဖြစ်ပါတယ်။ အရွယ်ကြီးချင်ရင်တော့ အပျက်ခံနိုင်ဖို့ ပိုကြိုးစားရပါမယ်။ အရွယ်ငယ်ရင်တော့ အကြမ်းခံပေမယ့် Screen ကြီးကြီးလောက် အားမရပြန်ပါဘူး။ ဒါ့အပြင် အခြား နည်းပညာနှိုင်း ယှဉ်ချက်များလည်း ရှိနေပါသေး တယ်။ သူ့ဟာနဲ့သူ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိနေပါတယ်။

Specification တစ်စုစီ နှိုင်းယှဉ်ကြည့်ရင်တော့ Samsung Galaxy S3 က သာသလို ရှိနေပါတယ်။ သို့ပေမယ့် နှစ်ခုလံး တကယ်အသုံးပြုကြည့် ဖူးပြီးမှသာ ဘယ်ဟာကောင်းတယ်ဆိုတာ ဆုံးဖြတ်ရစမြဲဖြစ်ပါတယ်။ ဘယ်သူမှတော့ ဖုန်းတစ်လုံးကို နမော်နမဲ့နိုင်လောက်အောင် လွတ်ချမယ် လို့လည်း မထင်ပါတယ်။ ဒီအကြမ်းခံ စမ်းသပ်ချက်ကြောင့် Samsung ပရိတ်သတ်များ စိတ်အားငယ်သွားကြမယ်ထင်ပါတယ်။ Drop Test တွေက သက်သက်ကို လွတ်ချပြီး နှိုင်းယှဉ်ပြသထားခြင်း ဖြစ်ပါတယ်။ ဖော်ပြပါ အချိုးအစားမှာ စတေးလိုက်ရမှုကြောင့် Samsung Galaxy S3 က သာသွားတဲ့အချက်လေးတွေ ရှိနေပါတယ်။ ဥပမာ- ရုတ်တရက်ကြည့်လိုက်ရင်တောင် မျက်နှာပြင် ပိုကျယ်ပါတယ်။

ဘယ်သူ မှတော့ ဖုန်းတစ်လုံကို အလကားနေရင်း မလွတ်ချတတ်ပါဘူး။ မမျော်လင့်ပဲ ကျတာမျိုးတော့ ဖြစ်တတ်ပါတယ်။ သို့ပေမယ့် ဖုန်းတစ်လုံးကို နမော်နမဲ့ နိုင်စွာ ပြုတ် ကျတတ် သူမျိုးဆိုရင် iPhone 5 နဲ့ ပိုမိုသင့်တော်တယ်လို့ ယူဆရပါတယ်။ Apple နဲ့ Samsung တို့တိုက်ပွဲကြား မှာ Techspace က သတင်းပေးရုံမျှ သာ ဖြစ်ပါတယ်။ ဘယ်ဟာကောင်း တယ်ဆိုတာကတော့ User တွေဘက်က ထွက်လာမယ့် စကားသံ သာ ဖြစ်ပါတယ်။
---
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/09/iphone-5-galaxy-s3.html

ဘကြီးသက်
Unknown at 9:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ညီလေးမိုးသီး စကားကျွံခဲ့ပြီလား




 

ညီလေး မိုးသီးရေ ဂျာနယ်တစ်စောင်  မှာ ညီလေးပြောခဲ့တဲ့စကားတွေနဲ့ ပတ်သက် လို့ စတုတ္ထမဏ္ဍိုင်တွေတော်တော်လှုပ်ရှား  ကုန်ကြတယ်။
စနစ်တစ်ခုမှ စနစ်တစ်ခု (ဒါမှမဟုတ်)  ခေတ်တစ်ခေတ်မှခေတ်တစ်ခေတ်ကို အပြောင်းအလဲစတင်ချိန်မှာ လွန်ခဲ့တဲ့ စနစ်ဟောင်း (သို့မဟုတ်) ခေတ်ဟောင်း  ရဲ့ အငွေ့အသက်မျိုးစုံရိုက်ခတ်တတ်တာ လက်တွေ့အရှိတရားတစ်ခုဖြစ်ပါတယ်။
ဒီသဘောလေးကို ညီလေးမယုံဘူး ဆိုရင် ကားတစ်စီးငှားပြီး ရန်ကုန်မြို့ကို တစ်မနက်လောက်ပတ်ကြည့်ပါ။ လူတွေ ရဲ့ အနေအထား၊ ကားမျိုးစုံရဲ့အခြေအနေ၊ လမ်းတွေဖြစ်ပျက်နေပုံ၊ ၀န်ထမ်းတွေရဲ့ စိတ်နေသဘာဝတွေကို ညီလေးလက်တွေ့ မြင်ရသိရတွေ့ရပါလိမ့်မယ်။
တို့နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဦးစကာ လမှာ ပြည်မကြီးတရုတ်လုပ်ခဲ့သလိုယဉ် ကျေးမှုတော်လှန်ရေးလောက်မပြင်းထန်  တဲ့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်ရင်သင့်မလား   လို့ တွေးကြည့်ခဲ့ဖူးတယ်။ တို့ကိုယ်၌ကအစ  ပြည်သူတွေအားလုံးရဲ့ စိတ်ဓာတ်နဲ့ ယဉ်ကျေးမှုတချို့ကို ဒီမိုကရေစီဘီးစိပ်နဲ့ တိုက်ချသင့်တာအမှန်ပဲညီလေး။
တို့ခဏခဏပြောဖူးပါတယ်။ လူဆို တာ (နိုင်ငံရေးလုပ်နေဆဲလူတွေကိုပြော တာ) ရှင်းသုံးရှင်းကိုသိနားလည်ရမယ်။  ရှင်းသုံးရှင်းဆိုတာ (၁) အမြင်ရှင်းရမယ်။ (၂) အတွေးရှင်းရမယ်။ (၃)အလုပ် (ဆုံး ဖြတ်ချက်) ရှင်းရမယ်လို့။
ဒီလိုရှင်းသုံးရှင်းကို သိနားလည်ပြီး ဆုံးဖြတ်ဖို့ဆိုတာကလည်း၊ လက်တွေ့ဖြစ် နေဆဲပကတိအရှိတရားကို မှန်မှန်ကန်ကန် သိမြင်ဖို့အထူးလိုပါတယ်ညီလေး။
တိုင်းရင်းသားတွေ ကိုယ့်ဒေသမှာ အုပ်ချုပ်ခွင့်ရှိရမယ်။ သူတို့ရဲ့ သဘာဝ သယံဇာတကို သူတို့ကပဲစီမံခွင့်ရှိရမယ်။  ရခိုင်ပြည်ရဲ့သဘာဝရင်းမြစ်အားလုံးကို ရခိုင်ပြည်သူတွေမခံစားရဘူးဖြစ်နေတယ်။  ဗမာကလဲမခံစားရဘူး။ လယ်ယာမြေလေး  ကိုပဲလုပ်လုပ်၊ လယ်ယာမြေတွေဆုံးရှုံးကုန်  တယ်။ စက်ရုံအလုပ်ရုံလုပ်တော့လဲကုန် ထုတ်လုပ်မှုဘာမှမရှိဘူး။ အဲဒီအခါကျ တော့ ရခိုင်လူငယ်တွေထွက်ပြေးနေရတယ်။
ဘယ်လောက်ကြောက်စရာကောင်း တဲ့ စကားကြီးလဲညီလေးရာ။ တိုင်းရင်း   သားအရေးကိုဆွပေး၊ ရန်တိုက်ပေးလိုက်  တာလားကွာ။
အဲဒီလိုမလုပ်ဘဲနဲ့ အမျိုးသားရေးကို  သွားလုပ်တာအကျိုးဆက်ကသိပ်ကြီးတယ်။ ဒီလိုခိုးဝင်လာရင်လူရှစ်သိန်းလုံးဖမ်းပြီး ပြန်မောင်းထုတ်လို့ရတယ်။ လူ့အခွင့်အရေး ပုံစံနဲ့ အမျိုးသားရေးပုံစံဆိုရင်တစ်ယောက်  မှမောင်းထုတ်လို့မရဘူး။ ဒါကိုအစိုးရက  သိဖို့လိုတယ်။ Smart  ဖြစ်ဖို့လိုတယ်။ လူ့ အခွင့်ရေးကို သွားထိရင်ဒုက္ခရောက်မယ်။ ရပ်ပေးခဲ့တယ်၊ ပြောခဲ့တယ်။ နားမထောင် ကြဘူး။ အခုတော့ပုံမှန်  Right ငါ့အ ထဲ ပြန်  လာရတယ်။ ဒေါ်စုလည်းပြောလို့မရဘူး။  ဒါကို “ဆဲ” နေကြတယ်။ အဓိပ္ပာယ်မရှိတဲ့  ဟာတွေပဲ။
ရခိုင်အရေးကို စိတ်ဝင်တစားနဲ့ လှုပ်ရှားပြောဆိုနေကြတာတွေကို မြန်မာ   အမျိုးသားမဟုတ်တဲ့အတိုင်းပဲပြောသွား  ခဲ့တာ။ ဒီလိုပြောတဲ့အပေါ်မှာ ညီလေး ရဲ့ အယူအဆကို ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူလဲရှိမှာပါ။ တစ်ခုသတိပြု ရမှာက ဒီရခိုင်ဒေသအရေးကို၊ ကိုယ်တိုင်   ဖြေရှင်းရာမှာ သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးဟာ ဆင်ခြင်တုံတရားအသိ၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုစတဲ့   အဖက်ဖက်က ချိန်ထိုးပြီး၊ အမြော်အမြင် ကြီးမားစွာကိုင်တွယ်ဖြေရှင်းခဲ့တယ်ဆိုတာ   ကမ္ဘာ့နိုင်ငံတော်တော်များများကလက်ခံ ပြီးသားပါ။ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။
ပြိုဆင်းလာရင်တံတိုင်းခတ်ရမယ်။ လက်ရှိတံတိုင်းကသေးတယ်။ ထပ်ခတ်ရ မယ်၊ ကျွန်တော်သမ်္မတဖြစ်ရင်လည်း တံတိုင်းခတ်မှာပဲ။ တရုတ်ပြည်ဘက်က လည်းခတ်ရမယ်။ ဒါဟာအမျိုးသားလုံခြုံ ရေးဖြစ်တယ်။
ဒီလိုစကားမျိုးကျတော့ ငါကကြိုက်   ပြန်ရော။ တံတိုင်းခတ်ဖို့ပြောခဲ့ဖူးတယ်။ အဲဒီဒေသရဲ့ ပထ၀ီအနေအထားအရ တံတိုင်းခတ်လို့ရသလား၊ မရဘူးလားငါ မသိဘူး။ မရောက်ဘူးပါ၊ စာသိပဲ ငါ့မှာ  ရှိပါတယ်။
ဂျင်နီဗာကွန်ဗင်းရှင်းမှတို့ ဗမာတွေ  မယုံတော့ဘူးဆိုရင်ပြဿနာဖြစ်ပြီ။ တစ်  ပြည်လုံးမှားမယ့်အမှားကြီးပေါ့။ ဒါမျိုးက  ဂျာမဏီ၊ အမေရိကန်တွေမှားသွားဖူးတယ်။ ဒါက ဘာခေါ်လဲဆိုတော့ ဟစ်တီးရီးယား   လို့ခေါ်တယ်။ ဒါကအစုလိုက်အပြုံလိုက် ရူးသွားတာ၊ အမှန်တရားကို မသိဘဲဖြစ် တတ်တယ်။ ကင်းတားနားက ဂျင်နီဗာ ကွန်ဗင်းရှင်းအရပြောနေတာ။ ဂျင်နီဗာ   ကွန်ဗင်းရှင်းကို ကုလသမဂ္ဂအကုန်လုံး  လက်မှတ်ရေးထိုးထားတယ်။ ဒါကိုလက်မ ခံဘူးဆိုရင် အလွန်အန္တရာယ်ရှိသွားပြီ၊ ဒီဒုက္ခကိုတို့လူထုကိုအကျမခံနိုင်ဘူး။ ဒါကို  အမုန်းခံပြီးပြောရတော့မှာပါ။ Wake Up Burmese  မြန်မာတွေနိုးလော့၊ ထလော့၊ ကင်တားနား Message ကို ဘာသာပြန် မမှားဖို့ပြောချင်တယ်။
မြန်မာလူမျိုးတွေအင်္ဂလိပ်လိုနားမလည်  စာမတတ်၊ ပေမတတ်ကောင်တွေ၊ နိုင်ငံ ရေးလည်းနားမလည်ဘူးလို့ပြောလိုက်တာ လား ညီလေးရယ်။ မင်းပြန်လာတာဆွဖို့ ဖွဖို့လာခဲ့တာလား။ သက်ဆိုင်ရာက နိုင်ငံ   တည်ဆောက်ရေးမှာ အားလုံးတပြေးညီ  ပါဝင်နိုင်ဖို့အတွက် အရင်တုန်းက ညီလေး  တို့လုပ်ခဲ့တဲ့အလုပ်တွေကို ခွင့်လွှတ်ပြီး၊ နိုင်ငံကို ပြန်လာဖို့ဖိတ်ခေါ်ခဲ့တာ။ ညီလေး  ဟာ ဘယ်လိုလူစားလဲဆိုတာ ညီလေး ကိုယ်ညီလေးပဲသိမှာပါ။
နောက်ဆက်ပြီး ကိုယ်စဉ်းစားကြည့် မိတယ်။ စကားမှားတတ်သူတွေ၊ စကား ကျွံတတ်သူတွေအကြောင်းပေါ့။ ပွင့်လင်း၊  ရိုးသားလွန်းသူ၊ တစ်နည်းအားဖြင့် ရိုးအလွန်းသူတွေစကားမှားတတ်တယ်။ စိတ်လှုပ်ရှားလွန်းသူ၊ စိတ်ပိုင်းဆိုင်ရာတစ် ခုခု (ဥပမာ-ဒေါသဖြစ်ချိန်၊ ၀မ်းနည်းလွန်း  ချိန်၊ တစ်နည်းပုံမှန်စိတ်မဟုတ်တဲ့အချိန်) အားနည်းနေချိန်တွေမှာ စကားမှားတတ်  တယ်။ အသိဉဏ်အားနည်းသူတွေလည်း စကားမှားတတ်တယ်။
ညီလေးရယ် မင်းကိုသက်သက်ညှာ ညှာကောက်ချက်ဆွဲရရင် ရိုးသားပွင့်လင်း တဲ့ အမျိုးအစားထဲမှာပါတယ်လို့ပြောရ မှာပါပဲ။
တို့နိုင်ငံအကြောင်းပြောတော့မယ် ဆိုရင်၊ မင်းကြုံခဲ့ရ၊ တွေ့ခဲ့ရတဲ့နိုင်ငံတကာ  စံနှုန်းတွေ ပေတံတွေနဲ့ တိုင်းထွာပြီး မပြောပါနဲ့ကွာ။ ဘာဖြစ်လို့လဲဆိုတော့ တို့နိုင်ငံရဲ့ အနေအထားအခြေအနေတွေ က ထူးကဲဒီမိုကရေစီကာလလေကွာ။ ညီလေးသဘောပေါက်မှာပါနော်။
စကားတစ်ခွန်းပြောတော့မယ်ဆိုရင်   မပြောမီစဉ်းစား၊ ပြောစဉ်စဉ်းစား၊ ပြော ပြီးစဉ်းစားလို့ပဲသတိပေးချင်ပါတယ်ကွာ။  တို့ဗမာထုံးရှိတယ်မဟုတ်လား၊ “စကားကျွံ  သော်နှုတ်မရ၊ ကြမ်းကျွံသော်နှုတ်ရ”တဲ့။
ညီလေးရဲ့ ABSDF  မှာ ပါဝင်လှုပ်ရှား ခဲ့တယ်ဆိုတဲ့ သမိုင်းနောက်ခံဟာကောင်း  သော နောက်ခံလား၊ မကောင်းသော နောက်ခံလားဆိုတာ အရိုးတွန်သံကြား နေရပါပြီ။ ဂြိုဟ်တိုင်တွေကို ညီလေးနဲ့ သိကျွမ်းတဲ့ ဆရာစံဇာဏီဘိုဆီသွားပြီး စစ်ဆေးတွက်ချက်ကြည့်ပါကွာ။

 Myanmar Express
ဘကြီးသက်
Unknown at 9:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"

ဗိုလ်မှူးချူပ်ဟောင်းကျော်ဇော
ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြုအမူဖြစ်ကြောင်း မြန်မာပြည် ပြန်လာခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။

ထိုသို့ ပြည်တော်ဝင်ရေး အတွက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာလှကျော်ဇောထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ လက်ခံ အသိ မှတ်ပြုခြင်း ၊ အတူ လိုက်ပါ နိုင် သည့် မိသားစု များအဖြစ် သမီး ကြီး ဒေါက် တာ လှကျော်ဇောနှင့် သြစတြေးလျရှိ သမီး လတ် ဒေါ် စန်းကျော်ဇော တို့ နှစ်ဦး ကို သာ ခွင့်ပြု ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။
”အစိုးရဘက်က ရဲဘော်သုံးကျိပ်ဝင်ဆိုတဲ့ သမိုင်း အကန့်လေးတစ်ခုတည်းနဲ့ လက်ခံတယ် ဆိုတာ လက်တွေ့မကျပါဘူး။ ရိုးသားမှု တကယ် ရှိတယ်ဆိုရင်၊ ပြန်လည် ပေါင်းစည်း ချင်တယ် ဆိုရင် ဒီလို မသတ်မှတ်သင့် ပါဘူး”ဟု ၄င်းက ပြောသည်။
ဗိုလ်မှူးချုပ် ကျော်ဇော အနေ ဖြင့် မြန်မာ့ လွတ်လပ်ရေး သမိုင်းတွင် ရဲဘော် သုံးကျိပ်ဝင် အဖြစ် သာမက ဗမာ့ တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူး အထိ စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့ပြီး ၁၉၅၄၊ ၅၅ ခုနှစ် များ တွင် ရန်ကြီးအောင်၊ ဘုရင့်နောင် စစ်ကြောင်း များဖြင့် ကူမင် တန် တရုတ် ဖြူ တပ် များ ကျူးကျော် မှု ကို ဦးဆောင် တိုက်ခိုက်ခဲ့ သူဖြစ်သည်။ ၁၉၅၇ ခုနှစ် ဧပြီလ တွင် ဗမာ့ တပ်မတော်မှ အနားပေးခြင်း ခံရကာ ၁၉၇၆ တွင် ဗမာပြည် ကွန်မြူနစ် ပါတီ အခြေစိုက် တရုတ် နယ်စပ် သို့ မိသားစုနှင့် အတူ ထွက်ခွာ သွား ခဲ့ ခြင်း ဖြစ်သည်။
”ဒါလူတိုင်းသိနေတာပဲ။ ငြင်းပယ်လို့ မရပါဘူး။ ကွန်မြူနစ် ပါတီ ဗဟို ကော် မတီ ဆိုတာ ကြာလှပြီ မရှိတော့တာ။ တိုင်းပြည်ရဲ့ ခေါင်းဆောင် တစ်ေ ယာက် ၊ ပြည်သူတွေ ရဲ့ ခေါင်းဆောင် တစ်ယောက် ကို ပြည်သူတွေ ပဲ ပိုင် တာ။ အစိုးရ အနေ နဲ့ ဒီအရွယ် ဒီအဘိုးကြီး ဘယ်လို ပုံစံနဲ့ လာလာ လက်ခံ တယ် ပြောရမှာပါ။ တကယ်လို့ ရဲဘော်သုံးကျိပ် သာ မဟုတ်ဘူး ဆိုရင် လက် မ ခံ ဘူး လား”ဟု ဦးအောင်ကျော်ဇောက မေးခွန်းထုတ်သည်။
ယင်း သို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ လှကျော်ဇောအား ဧရာ ဝတီ သတင်း ဌာန မှ ဆက်သွယ်၍ မေးမြန်း ခဲ့သည့် အင်တာဗျူး တစ်ခု တွင် သူမက”အစိုးရ အနေနဲ့ တိုင်းပြည်ကြီးကို တကယ် ပဲချစ်တယ်။ တ ကယ် တည်ဆောက် ချင်တယ် ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုး မရွေး၊ ဘာသာ မရွေး ပေါ့။ ပြန်လာ ချင်တဲ့ သူပြန်လာခွင့် ပြုရမယ်။ အခု ဖေဖေ့ ကို ပြန်ခေါ် တာတောင် ကျွန်မတို့ မိသားစု ဝင် တွေ အကုန် မခေါ် ဘူး ။ ဖေဖေ့ မှာ သား သမီး သုံးယောက် ရှိတယ်။ မြေး ခုနစ်ယောက် ရှိတယ်။ အကုန်ပြန် မခေါ် ဘူး။ ဦးအောင်မင်း ပြောတာက အဘ ဦးကျော်ဇော ကို အနီးကပ် ပြုစု ဖို့ သမီးနှစ်ယောက် ကို လိုက်ပါ ခွင့်ပြုတယ် လို့ပဲ ပြော တာေ လ။ ကျွန် မမောင် ကိုအောင်ကျော်ဇော လည်းမပါဘူး။ အဲဒီလို အကန့် အ သတ်တွေ နဲ့ တော့ တိုင်းပြည် ကြီးကို အမျိုးသား စည်းလုံး ညီညွတ်ရေး၊ အမျိုး သား ပြန် လည် သင့်မြတ်ရေးတွေ အတွက်တော့ သိပ် မသင့်တော် ဘူး ထင်တယ်” ဟု ဖြေခဲ့ သည်။
အောင်ခွန်းဆက်  အား ဒေါက်တာ လှကျော်ဇော နှင့်အတူ အနီး ကပ် ပြု စု စောင့်ရှောက် မှုပြုနေ ခဲ့သော သားဖြစ်သူ ဦးအောင်ကျော်ဇော အနေဖြင့်မူ သူ ၏ ဖခင်ကို အမှီပြု၍ နိုင်ငံရေး အရ အသုံးမချ သင့် ကြကြောင်း၊ ၄င်း အပြင် အဆိုပါ ကိစ္စ များနှင့် ပတ်သက်၍ ကွန်မြူနစ် ပါတီ အနေဖြင့် ပြောရန် အခွင့် မရှိကြောင်း ဆိုသည်။ ၄င်းအနေဖြင့် မူ ပြည်တွင်း စစ် မီးမလောင် တော့ဘဲ ပြည်သူများ ၏ ဘဝ အမှန် တကယ် လွတ်မြောက် ချိန်မှ သာ တိုင်းပြည်သို့ ပြန်လာ မည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။
”ဒါ ကျွန်တော် မသွားရလို့ ပြောတာ မဟုတ်ပါဘူး။ အဖေ့ ကို လိုက်ပို့ ချင် ပို့ မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ဦးချင်း အနေနဲ့တော့ အခုလို ရှုပ်ယှက် ခတ်နေ တဲ့ အချိန် မှာ ပြန်စရာ အကြောင်း မရှိပါဘူး။ လက်ရှိ ဗမာပြည် ရဲ့ အပြောင်း အလဲ ကို မယုံကြည်သေး လို့ပါ။ ပြည်သူ့ ဘဝ တကယ်ရော လွတ်မြောက်ပြီ လား။ တကယ်ရော ထမင်းငတ် တာတွေ လုံလောက်ပြီလား။ ပြည် တွင်းစစ် မီးမလောင်တော့ ဘူး။ တိုင်းပြည် လည်း တိုးတက်ပြီ ဆိုရင် ဘယ်သူမှ အသိ အမှတ်ပြု စရာမလို ပါဘူး။ ကိုယ့် အထုပ် ကိုယ်ကိုင်ပြီး မူဆယ် အပေါက်ဝ ကနေ ပြန်လာ လိုက်မယ်”ဟု ၄င်းက ပြောသည်။
၎င်းအနေဖြင့် အသက် ၁၈ နှစ်မှစ၍ နိုင်ငံရေး လုပ်ကိုင်ခဲ့ပြီး ယခု ၆၄ နှစ် အရွယ် အထိ မြန်မာနိုင်ငံသား အယုတ် အလတ် အမြတ် မရွေး မည်သူ့ ကို မဆို ၄င်းတို့၏ အခက် အခဲနှင့် ပြဿနာ များကို ကူညီပေးနေ ဆဲ ဖြစ်ကြော င်းနှင့် ယုံ ကြည်ရာ ကို သာ လုပ်ခဲ့ခြင်းဖြစ် ကြောင်း ထပ်လော င်း ဆို ပါ သည်။
”တိုင်းပြည် ကို ဖျက်ဖို့ လုပ် ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည် ကောင်း မယ် ထင်လို့ ပျော်စရာ ကောင်းတဲ့ လူငယ် ဘဝကို စွန့်ပြီး မိသားစု အလိုက် ကွန်မြူနစ် အလံတော် အောက်ကို ဝင်ခဲ့တာ။ မဖြစ်ခဲ့တာ ကတော့ မ တတ်နိုင် ဘူး။ ကောင်း အောင် လုပ်ချင် လို့ လာခဲ့တာပဲ။ တိုင်းပြည်ေ ကာင်းပြီ ဆို ပြန်ခဲ့မှာပါ။ ဘယ်သူမှ ခေါ်စရာတောင် မလိုပါ ဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
လက်ရှိ အခြေ အနေ များသည် ဗိုလ်မှူး ချုပ်ကျော်ေ ဇာ ကူမင်း ဆေးရုံတွင် တက်ရောက် ကုသစဉ် ရွှေတိဂုံ ဘုရားဖူး ချင် သည်ဟု ပြောခဲ့ ရာမှ အစပြုခဲ့ပြီး အဆိုပါ အချက် မှာလည်း ဗိုလ်မှူး ချုပ် ကျော်ဇော ကွယ်လွန် ချိန် မှသာ ဖော်ပြစေ လို ခဲ့ကြောင်း ၄င်းက ရှင်းပြ သည်။
”မီဒီယာကို ဘာလို့ ကျွန်တော် ပြောခဲ့လဲ ဆိုတော့ ဖေဖေ ကွယ်လွန်ချိန် မှာ ကွန်မြူနစ် တစ်ယောက် အနေ နဲ့ သေခဲ့တယ် ဆိုတာမျိုး မဖြစ်စေ ချင် ဘူး။ ဖေဖေ က တိုင်းပြည် ရယ်၊ တပ်မတော် ရယ်၊ သူ့ပြည်သူရယ် ကို တကယ် ချစ်တယ်။ ပြီးတော့ ဖေဖေ က ဗုဒ္ဓဘာသာကို နက်နက် ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူ တစ်ယောက် ပါ။
သူ့ရဲ့ တကယ့်နောက်ဆုံး ဆန္ဒက ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ရဲ့ စွန့်ခွာခြင်း မျိုးနဲ့ ဘဝ ကို အဆုံး သတ်သွားချင်တာပါ။
ရွှေတိဂုံ ဘုရားဖူး ချင်တဲ့ အကြောင်း ကို လည်း ဖေဖေ ကွန်လွန်မှသာ ဖော်ပြဖို့ ပြောခဲ့တာပါ”ဟု ၄င်းက ဆိုသည်။
ဗိုလ်မှူး ချုပ်ကျော်ဇော သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ တည်ထောင် ခဲ့သော တပ်မတော် တွင် တိုင်းပြည်နှင့် လူမျိုးအား ထိပါးသော ကျူးကျော် ရန်သူ များအား နှိမ်နင်းခဲ့ ပြီး တိုင်းရင်းသား များနှင့် ဖြစ်ပွား သည့် ပြည်တွင်းစစ် ကာလ အင်းစိန် တိုက်ပွဲမှ လွဲ၍ ပြည်တွင်း ငြိမ်းချမ်းရေး ကို လိုလားသော ပုဂ္ဂိုလ် တစ်ဦးဖြစ် ကြောင်း ၄င်း၏ ဖခင် နှင့်ပတ်သက်၍ ဦးအောင်ကျော်ဇော က ပြောသည်။
၎င်း အနေဖြင့်မူ ဖခင်၏ နောက်ဆုံး ဆန္ဒ အရ မြန် မာပြည် ကို ဘုရားဖူး ရန် အတွက် ခွင့်ပြုပါက လိုက်ပို့ခြင်းမှ လွဲ၍ လတ်တလော တွင် ပြန်လိုသည့် စိတ်ကူးမရှိ သေးကြောင်းကို ” ပြန်မယ့် စိတ်ကူး မရှိသေး ပါဘူး။ အဓိက က သွေးချင်းတွေ၊ KIA တို့ လက်နက် ကိုင် တော်လှန်ရေး လုပ် ခဲ့တဲ့ ကချင် တွေ၊ ကရင်တွေ သူတို့ အားလုံး သူတို့ ဒေသတွေ မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ ပြန်နေရ တဲ့ အချိန်မှာ ပြန်လာမယ်” ဟု သူ၏ ဆန္ဒ ကို ဆိုခဲ့သည်။
ဦးအောင်ကျော်ဇော သည် မိသားစုနှင့် အတူ လက်ရှိတွင် တရုတ် -မြန်မာ နယ်စပ် တွင် နေထိုင် ကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်ဝေဖန် သူ တစ်ဦး အဖြစ် ရပ်တည်နေပြီး တိုင်းရင်းသား များ တန်းတူ ညီတူ နေထိုင်ရေး၊ ငြိမ်း ချမ်းရေး နှင့် လွတ်လပ် တရားမျှတရေး တို့အတွက် ကူညီဆောင် ရွက်ပေးနေ သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။
 
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ယာ)နှင့် သမီး ဒေါက်တာ လှကျော်ဇော

ဘကြီးသက်
Unknown at 9:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရေပေါ်ညဈေးနှင့် အပန်းဖြေ နေရာ မော်လမြိုင်တွင် တည်ဆောက်မည်


From : The Voice
မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ရေပေါ်ညဈေးနှင့် အပန်းဖြေနေရာကို ယခုနှစ်တွင် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ တွင် ရေးသားထား ချက်များအရ သိရသည်။

အဆိုပါအပန်းဖြေနေရာကို ပြည်သူများ ကျန်းမာရေးလုပ်ရှားမှုများကို စနစ်တကျပြုလုပ်နိုင်ရန်၊ သံလွင
်မြစ် ပတ်ဝန်းကျင် အလှကို ကြည့်ရှုနိုင်ရန်နှင့် ကမ်းနားလမ်းတွင် ညဈေးရောင်း ချသူများကို စနစ်တကျ ရောင်းချနိုင်ရန် ရည်ရွယ်ကာ ပြည်နယ်အစိုးရ ညွှန် ကြားချက်ဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အကောင် အထည်ဖော်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။


တည်ဆောက်နေသော ရေပေါ်ညဈေး နှင့် အပန်းဖြေ နေရာစီမံကိန်းမှာ အလျား ပေ ၆၀၀ နှင့် အနံပေ ၅၀ တည်ဆောက်ရန် ရည်ရွယ်ထားသောလည်း၊ ယခုနှစ်တွင် အလျားပေ ၃၀၀ နှင့် အနံပေ ၅၀ ကို ကနဦး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ယင်းတွင်ဖော်ပြ ချက်အရသိရသည်။


အဆိုပါ ညဈေးနှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော် ရုံးပိတ်ရက်ဖြစ်သောကြောင့် ရုံးဖွင့်ရက်တွင် မေးမြန်း ပါရန် အဆိုပါ ရုံး ၀န်ထမ်း အမျိုးသမီး တစ်ဦးက ဖြေကြားသည်။

ဘကြီးသက်
Unknown at 9:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟော…. ဒီမှာ…. ဒီမိုကရေစီတွေရမယ်ဗျို့ …. ၀ယ်ကြဦးမလား (ထက်အောင်)

စာပေ၊ စာနယ်ဇင်းလောကအတွက်တော့ သမိုင်းတခေတ်ဖွင့်လှစ်လိုက်ပြီလို့ပဲဆိုရမလား…။ ဒါမှမဟုတ် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ မီဒီယာမဏ္ဍိုင်တွေအကြားပဲ တဘက်နဲ့တဘက် အပြန်အလှန်တရားစွဲဆိုမှုတွေနဲ့ပဲ သမိုင်းသစ်တခုမှာ ရှေ့နေတွေ၊ တရားသူကြီးတွေပဲအလုပ်တွေဆက်ရှုပ်နေဦးမလားတော့ မပြောတတ်ဘူး။ စာနယ်ဇင်းကောင်စီ(ယာယီ)တော့ ဖွဲ့စည်းပြီးသွားပါပြီ….။ ပြန်ကြားရေးဝန်ကြီးအပြောင်းအလဲမှာပဲ ၀န်ကြီးအသစ်က ရုပ်ရှင်လောကသားတွေအပါအ၀င် စာနယ်ဇင်းသမားတွေနဲ့ ထင်သာမြင်သာရှိတဲ့ တွေ့ဆုံမှုတွေကိုလည်း ပြုလုပ်ပြီးတဲ့အကြောင်း ထွက်ရှိခဲ့ပြီးတဲ့ ဂျာနယ်တွေမှာ ဖတ်ခဲ့ရတော့ ငါတို့တတွေ တော့ စာပေကင်ပေတိုင်ဘ၀က လွတ်ပြီဟဲ့လို့ တကိုယ်တည်းကြွေးကြော်မိတယ်…။ သတင်းသမားတွေဘက် ကလည်း တာဝန်ခံမှုတွေကပိုရှိလာတယ်..။
ကျွန်တော်တို့နိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာက ဆာလောင်မွတ်သိပ်နေကြတဲ့ သတင်းလွတ်လပ်ခွင့်ဟာ ဒီကနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲကာလတစ်ခုမှာ သတင်းမီဒီယာမဏ္ဍိင်အတွက် ရုတ်ချည်းဆိုသလို ပြောင်းလဲလာတဲ့ အပြောင်းအလဲတခုကိုတော့ လက်ခံရမှာပဲ…။
(တချို့မှောင်နေသေးတဲ့ နေရာတွေက လွဲရင်ပေါ့….။) သတင်းသမားဆိုတာကလည်း ခေတ်အဆက်ဆက်မှာ အစိုးရ၊ နိုင်ငံရေးပါတီနဲ့ အခြားအဖွဲ့အစည်းတွေ၊ နောက် စီးပွားရေးသမားတွေရဲ့ လက်ကိုင်တုတ်မဖြစ်ရဘူးလို့ အခြေခံ ကျင့်ဝတ်တွေ ထဲမှာ ပါပြီးဖြစ်လောက်တယ်..။ ပြည်သူလူထုကိုပဲ တသက်လုံးမျက်နှာမူရပါမယ်တဲ့…။ အချို့ကလည်း အစိုးရမကောင်းကြောင်းချည်းပဲ ဆက်တိုက်ပြောလာခဲ့ကြတယ်…။ ကောင်းတာလုပ်ရင် ကောင်းတယ်လို့ပြောဖို့ ၀န်လေးကြတယ်…။ မိမိရဲ့စာကို ဖတ်နေတဲ့သူတွေ လျော့သွားမှာ၊ မိမိက အစိုးရကောင်းတာကို ကောင်းတယ်လို့ပြောရင် မိမိကို အထင်သေးမှာ တွေကို စိုးရွံ့တတ်ကြတယ်..။ အစိုးရကို များများမကောင်းပြောပေးတဲ့ ဆောင်းပါးရှင်ကိုမှ အားပေးတတ်ကြ တယ်။ တနည်းအားဖြင့်တော့ အချို့လူငယ်နိုင်ငံရေးဆောင်းပါးတွေ၊ သတင်းတွေ ရေးသားတဲ့ လူငယ်တွေ အတွက် ၀မ်းသာစရာကိစ္စမဟုတ်ဘူး။
စစ်အာဏာရှင်အစိုးရလက်ထက်မှာတော့ သတင်းသမားတွေ၊ သတင်းစာသမားတွေကို နည်းအမျိုးမျိုးနဲ့ နှိပ်ကွပ်ခဲ့ကြတော့ အခုဆိုရင် တချို့ကဒေါင်းအိုကြီးတွေဖြစ်လို့၊ တချို့ဆိုရင်ဒေါင်းပျိုတွေရဲ့ အခန်းကဏ္ဍကို ၀င်ပြီးစွက်လားဖက်လားလုပ်ချင်တဲ့ စိတ်ကမပျောက်ချင်သေးဘူး…။ အတွေးအခေါ်တွေ အကန့်သတ်ခံထားရ တဲ့အခါမှာ လွတ်လပ်စွာမတွေးခေါ်ခဲ့ကြဘူး..။ မိမိရဲ့ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော် ရေးသား၊ ဖြန့်ဝေခွင့်မရခဲ့ကြတဲ့အခါမှာ အတွေးအခေါ်တွေကမှိုတက်၊ ထုတ်ဝေခွင့်ရတဲ့စာတွေအပေါ်မှာသာ မှီခိုပြီးတော့ ဖတ်မှတ်၊လေ့လာပြီး တဆင့်ပြန်ရေးရတဲ့အခါမှာ လူငယ်တွေအတွက် အခွင့်အရေးတွေတချို့ ဆုံးရှုံးခဲ့ရပါတယ်..။ ဒီကနေ့မှာတော့ ထွက်လာလိုက်တဲ့ သမိုင်းတွေ၊ ထွက်လာလိုက်တဲ့ နိုင်ငံရေးဆောင်းပါး တွေ၊ ထွက်လာလိုက်တဲ့ နိုင်ငံရေးသဘောတရား၊ အယူအဆတွေ၊ ဖတ်မနိုင်၊ မှတ်မနိုင်ဖြစ်နေရတာကလဲ နိုင်ငံရေးသေနေတဲ့၊ ဝေးနေတဲ့ ကျွန်တော်တို့မျိုးဆက်တွေအတွက် အကောင်းလား၊ အဆိုးလားတောင် မဆန်းစစ်တတ်တော့ဘူး..။ ကျွန်တော့်မှာဆို ဖတ်စရာတွေအခန်းထဲမှာ အုပ် (၂၀) လောက်ရှိတယ်..။  ဒီမိုကရေစီတွေ မနိုင်မနင်းများဖြစ်နေသလားလို့…..။ နေ့စဉ်ထုတ်သတင်းအသားပေးနဲ့ နိုင်ငံရေးဆောင်းပါးတွေ၊ ဥပဒေသဘောတရားတွေကိုတော့ အလျဉ်မီအောင်လိုက်ဖတ်နေရတယ်…။
မနေ့ကပဲ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကြီးကတော့ စီတန်းလမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲတွေ၊ အခမ်းအနားတွေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ အခြားနယ်မြို့တွေမှာတော့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြ တယ်။ မနေ့ညက အင်တာနက်သတင်းတွေအရတော့ ခွင့်ပြုချက်မရပဲပြုလုပ်ခဲ့ကြသူတွေ ဦးဆောင်တဲ့သူတွေ ကို ဥပဒေအရအရေးယူသွားမယ်ဆိုတာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရဲမှူးတယောက်က သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်….။ အခြားမြို့ကြီးတွေမှာတော့ ငြိမ်ငြိမ်သက်သက်ပဲလို့ သိရတယ်…။ ဓာတ်ပုံတွေအောက်က comment တွေမှာတော့ မတူကွဲပြားတဲ့အမြင်တွေတွေ့ရတယ်…။ တချို့ကတော့ စည်ပင်ဥပဒေကိုပြောကြတယ်..။ ဥပဒေနဲ့မညီတဲ့အလုပ်တွေကိုလုပ်တယ်လို့ပြောကြတယ်..။ တချို့ကလည်း တကယ်ဆိုရင် အမှန်တကယ်တိုက်ပွဲဖြစ်နေတဲ့နေရာမှာ သွားပြီးလုပ်ကြဖို့ပြောတယ်…။ တချို့ တက္ကစီသမား တွေကတော့ လမ်းကြောတွေပိတ်လို့ ပတ်မောင်းလိုက်ရတာ အချိန်ကုန်၊ဆီကုန်ဖြစ်ကြတယ်တဲ့…။ တချို့ကြတော့လည်း ဒီလိုဆန္ဒဖော်ထုတ်တာကို ခွင့်ပြုမိန့်ဘာလို့မပေးရတာလဲ။ မပေးတဲ့အပြင် ဖမ်းဆီးမှုတွေ ကိုဘာကြောင့်လုပ်ရတာလဲ…။ တချို့ကျတော့လဲ ပြည်သူလူထုတရပ်လုံးမပါဝင်လာတာကို အကြောင်းပြပြီး သန်း ၆၀ ကျော်တဲ့ ပြည်သူလူထုကြီးက ငြိမ်းချမ်းရေးမလိုချင်တော့သယောင်ပြောနေဆိုနေကြတယ်…။
ဒီနေရာမှာ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုချပြရရင်တော့ စီတန်းလှည့်လည်ဆန္ဒပြတဲ့ နည်းဥပဒေဟာ တရားမမျှတဘူးဆိုရင် အဲဒီဥပဒေကိုပြင်ဆင်၊ပြောင်းလဲ၊ပြဋ္ဌာန်းပေးဖို့ အရင်ဆုံးတောင်းဆိုရမယ်…။ တဘက်သတ်ရေးဆွဲထားတဲ့ဥပဒေဖြစ်နေရင် တရားမျှတတဲ့ဥပဒေဖြစ်အောင် အရင်ပြုလုပ်ရမယ်…။ အခုတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ငြိမ်းချမ်းရေးကွန်ယက်လှုပ်ရှားသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူတွေကြားမှာ သိသိသာသာကြီးအမြင် ကွဲပြားသွားကြတာပဲလို့ သုံးသပ်မိတယ်…။ သေနတ်သံတွေကြားထဲမှာ ခွပ်ဒေါင်းအလံတော်ကိုရဲရဲကိုင်ပြီး ဒီမိုကရေစီရမှအမျှဝေပါလို့ ပြောဆိုသွားတဲ့ အာဇာနည်ကျောင်းသားရဲဘော်တွေရှိခဲ့ရင်တော့ ဘယ်လိုဝေဖန် သုံးသပ်ကြမလဲလို့ တွေးမိပါတယ်…။ (ကျွန်တော်တဦးတည်းအမြင်ပါ)
ဆန္ဒဖော်ထုတ်တာနဲ့ပက်သက်ပြီး မိတ်ဆွေတယောက်ကပြောပြတာကို ပြန်ပြောပြရရင် သူက ကုမ္ပဏီတခုက ကားဝယ်တယ်။ သူ့ကို ဓာတ်ပုံပြပြီး ရောင်းတယ်..။ တကယ်လည်းကားလည်းရောက်လာရော ဓာတ်ပုံထဲက ပါတဲ့ဟာတွေ တချို့ကပါမလာဘူး..။ သူက ကားကုမ္ပဏီကိုမကျေနပ်ဘူး..။ ဆန္ဒဖော်ထုတ်ချင်တယ်.။ သူတယောက်တည်း အဲဒီကားကုမ္ပဏီရှေ့မှာ (၂) နာရီလောက် တရက်တည်းဆန္ဒဖော်ထုတ်ချင်တော့ သက်ဆိုင်ရာရဲစခန်းမှာ ဆန္ဒပြခွင့်လျှောက်ထားတယ်..။ တာဝန်ရှိသူကမေးပါတယ်..။ ဘာကြောင့်လဲဆိုတော့ သူတို့က လုံခြုံရေးကိုစီစဉ်ပေးရမယ်တဲ့။ မပေးလို့မရပါဘူး..။ ပြည်သူကဆန္ဒဖော်ထုတ်ချင်ရင် ပေးကိုပေးရပါ မယ်လို့ ရှင်းပြတယ်…။ အကျိုးအကြောင်းကိုသိတော့ ကားကုမ္ပဏီနဲ့ကားဝယ်သူကို နှစ်ဦးနှစ်ဘက်တွေ့ဆုံစေ ပြီးညှိနှိုင်းဖြေရှင်းပေးလိုက်တာ အဆင်ပြေသွားတယ်လို့သိရတယ်…။ ဒါကိုသုံးသပ်ကြည့်ခြင်းအားဖြင့် နည်းဥပဒေအရ ပေးကိုပေးရမယ်…။ မလိုအပ်ပဲ ဆန္ဒဖော်ထုတ်တာကို မလုပ်စေချင်ဘူး..။ ကျွန်တော်တို့ လူမျိုးတွေများဆန္ဒပြတာကို တကယ့်ဒီမိုကရေစီအစစ်ကြီးလို့ ထင်နေပုံရတယ်လို့ တွေးမိတယ်..။ လုပ်ရပ်တိုင်း မှာ ရလဒ်တခုခုတော့ ရကိုရရမယ်…။
မုံရွာကြေးနီတောင်ကြီးကတော့ လိုအပ်တယ်..။ သဘာဝပတ်ဝန်းကျင်ရှုထောင့်၊ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့နေရာကြီး၊ ကျွန်တော်တို့ ထိန်းသိမ်းရမယ်..။ ဒါကလိုအပ်တယ်…။ အဲဒီမှာစစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့ သက်ဆိုင်ရာနယ်မြေက မြို့နယ်မှူးကတော့ သူ့လုပ်ခဲ့တဲ့ဒဏ်ကိုသူပြန်ခံရမယ်…။ သေချာတာတခုတော့ရှိတယ်….။ ကျွန်တော်သိတဲ့ဒီမိုကရေစီဆိုတာ ဆန္ဒပြပွဲတွေခဏခဏဖြစ်နေတာတော့ မဟုတ်လောက်ပါဘူး….။
ပြီးခဲ့တဲ့တပတ်ကပဲ ထူးခြားသတင်းတပုဒ်ရတယ်..။ လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ (RUBY DRAGON COMPANIES ပိုင်ရှင်) တရားမမျှတမှု၊ ၀န်ထမ်းတယောက်အပေါ်မှာ တရားမဲ့ဆုံးဖြတ်မှုကို နားနဲ့ဆတ်ဆတ် ကြားလိုက်ရတယ်..။ ဖြစ်ပုံက ရုံးအဖွဲ့မှူးကခိုင်းတာကို ၀န်ထမ်းကအချိန်မတော်အထိ လုပ်ပေးပါတယ်..။ နောက်တရက်ကျတော့ သက်ဆိုင်ရာဌာနက မန်နေဂျာက သူ့ကိုမပြောလို့ဆိုပြီး သူဋ္ဌေးလွှတ်တော်အမတ်ကြီး ကို ချွန်တယ်ပေါ့ဗျာ…။ ၀န်ထမ်းနဲ့ရုံးအဖွဲ့မှူးကမှန်ကန်နေပါလျှက်နဲ့ အဖြစ်အပျက်ကိုသေချာမစုံစမ်းပဲနဲ့ ၀န်ထမ်းကို ချက်ချင်းအလုပ်ထုတ်လိုက်ပါတယ်..။ ပထမတော့ အလုပ်ရှင်အလုပ်သမားကိစ္စက ကိုယ်နဲ့မဆိုင် ဘူးလေလို့နေမလို့ပါပဲ…။ တရုံးလုံးမှာက အမှန်တရားပျောက်ဆုံးနေတဲ့သဘောကိုပါ စုံစမ်းသိရှိရတယ်..။ ကျွန်တော်တို့လူမျိုးတွေကို မက်မောလောက်တဲ့ငွေကြေးကိုပေးထားပြီး ငွေကြေးအားကိုးနဲ့ တရားမျှတမှုကို မျက်ကွယ်ပြုထားတဲ့သူကိုယ်တိုင်က လွှတ်တော်အမတ်တယောက်ဖြစ်နေတယ်ဆိုတော့ ကျွန်တော် တော်တော်လေးကိုစိုးရိမ်သွားတယ်…။ သူက ပအို့ဝ်လူမျိုးတယောက်ပါဖြစ်နေပါတယ်တဲ့..။ ခုလိုအမျိုးသား သွေးစည်းညီညွှတ်ရေးတည်ဆောက်နေတဲ့ကာလမှာ အလုပ်ရှင်၊အလုပ်သမားပြဿနာက တိုင်းရင်းသားတွေ စည်းလုံးညီညွှတ်မှုအထိ ထိခိုက်သွားနိုင်တယ်..။ နောက်တခုက ဥပဒေပြုမဏ္ဍိုင်က အမတ်တယောက်ဖြစ်နေ တော့ တိုင်းပြည်အရေးကိုတွေးမိလို့ စိတ်လေးတယ်..။ လွှတ်တော်ဥက္ကဋ္ဌကြီးသိမှသိပါလေစ၊ နောက်တခုက လွှတ်တော်ရဲ့ဂုဏ်သရေကို ဘယ်လောက်တောင်ထိခိုက်နိုင်တယ်ဆိုတာ တွေးမိပါလေစ၊ မိမိရဲ့ဝန်ထမ်းကို အပြစ်မရှိပဲနဲ့ တရားမဲ့အလုပ်ထုတ်ပစ်တယ်ဆိုရင် အဲဒီ့အမတ်ရဲ့ဒေသက ပြည်သူလူထုတွေအပေါ်မှာကော အမတ်ကြီးဘယ်လိုသဘောထားမလဲဆိုတာ မေးကြည့်ချင်တယ်…။ အမတ်ဘယ်လိုဖြစ်လာသလဲဆိုတာလဲ မေးခွန်းထုတ်စရာပါပဲ…။ အလုပ်ထုတ်ခံရတဲ့ဝန်ထမ်းဘက်ကကြည့်မယ် ဆိုရင် အပြစ်မရှိဘူး၊ နစ်နာကြေးမပေးဘူး။ အလုပ်တခုကို ချက်ချင်းရှာဖို့ခက်ခဲနေတဲ့အတွက် နင်းပြားလူတန်း စားဘ၀တွေအတွက်တော့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာပါပဲ…။ စိတ်ဝင်စားရင်တော့ သတင်းဂျာနယ်တွေကို လက်တို့လိုက်ချင်ပါရဲ့….။
တနေ့ကတော့အစ်ကိုတော်တွေနဲ့အတူ ပုသိမ်ရေဘေးကယ်ဆယ်ရေးကိုလိုက်သွားဖြစ်တယ်…။ ရန်ကုန်-ပုသိမ် ကားလမ်းတလျှောက်မှာ လမ်းမပေါ်ရေကြီးနေတဲ့နေရာတွေကို တွေ့ခဲ့ပါတယ်..။ ရေကတော့ကျသွားပြီ ဒါပေမယ့် နောက်ဆက်တွဲပြဿနာတွေအများကြီးကို တွေ့ခဲ့၊မြင်ခဲ့၊ကြားခဲ့ရတယ်…။ မီဒီယာတွေပွင့်လင်းလာတဲ့ အခါမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ပြည်သူတွေကိုမတရားလုပ်တာတွေကို မြို့ကိုယ်စားပြုလူငယ်သတင်း ထောက်တွေကတဆင့် လူမှုကွန်ယက်တွေရဲ့ စာမျက်နှာတွေထက်မှာ နေ့စဉ်နဲ့အမျှမြင်တွေ့လာနေရတယ်..။ ပြန်လာတဲ့လမ်းတလျှောက်မှာတော့ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရင်ဆိုင်ကျေးရွာမှာ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ရွာသူရွာသားများမှတဆင့်သိခဲ့ရတယ်…။ ကျွန်တော်တို့နဲ့အတူ Sky Net က သတင်းထောက်လေးတယောက်ပါလာပါတယ်…။ ရွာသူရွာသားတွေခင်ဗျာမှာ ဘယ်လောက်အထိ ဖိနှိပ်ခံနေရ သလဲဆိုရင် ကျွန်တော်တို့တစ်တွေကားပေါ်ကဆင်းလာတာမြင်တော့ မျက်နှာတွေက တော်တော်လေးကို ပြုံးရွှင်နေကြတယ်….။ သူတို့ခံစားနေရတဲ့ဒုက္ခတွေကို အလုအယက်ပြောပြကြတယ်…။ နိုင်ငံတော်သမ္မတကြီး က လယ်/ဆည်ကတဆင့် မျိုးစပါးတွေကို တဧက (၁) တင်းပေးဖို့သတ်မှတ်ထားတယ်..။ မြှုပ်ပျက်လို့ခေါ်တဲ့ လယ်တွေက (ရေမြုပ်လို့ပျက်သွားတဲ့လယ်ပေါ့) ဧက (၂၀၀) လောက်ရှိတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဧက (၇၀၀) စာတောင်းတဲ့ကိစ္စတွေကိုပါသိခဲ့ရတယ်…။ ကိုယ့်အတ္တကိုရှေ့တန်းတင် ရေမြောင်းတွေကိုပိတ်ထားတော့ အနိမ့်ပိုင်းကျတဲ့ရွာတွေဟာ (၁)လနီးပါးလောက် ရေတောထဲမှာနေခဲ့ရတယ်..။ ကျောင်းကုန်းဆိုတာ ရန်ကုန်နဲ့ သိပ်မဝေးပေမဲ့ မီဒီယာတွေနဲ့အလှမ်းဝေးနေတော့ ဒီလိုတရားမဲ့မှုတွေကို တပြည်လုံးအတိုင်းအတာ မသိနိုင်ဘူး..။ ကျွန်တော်လဲ အစ်ကိုတော်ကို မေးခွန်းထုတ်မိတယ်..။ အစ်ကို ကျောင်းကုန်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မရှိဘူးလားပေါ့…။ ဒါတွေကို သူမသိဘူးလားလို့မေးမိတယ်..။  သူကပြောတယ်…။ အလုပ်မလုပ်လို့ပေါ့ ညီလေးရာတဲ့…။ နောက်ထပ်ဒုက္ခတွေရှိနေပေမယ့် စာရှည်မှာစိုးလို့ မရေးတော့ပါဘူး….။
ဖဆပလခေတ်က အဘတယောက်ကပြောဘူးတယ်…။ နိုင်ငံရေးသမားတွေအာဏာလုနေလို့ နေ၀င်းကြီးက ကောက်စားသွားတာပါတဲ့….။ ခုလက်ရှိအခြေအနေမှာကော နိုင်ငံရေးသမားတွေ အာဏာလုနေတယ်၊ မလုနေဘူးဆိုတာလေးကို သတင်းတွေနဲ့ကိုယ်တွေ့ကို အခြေခံပြီးပြောရရင် ဒီရက်ပိုင်းတွေမှာ ၈၈ အရေးတော် ပုံကြီးတလျှောက် တခန်းတကဏ္ဍကနေ အုတ်တချပ်၊ သဲတပွင့်အဖြစ် ပါဝင်ကပြအသုံးတော်ခံခဲ့ကြတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားခဲ့ကြတဲ့သူတွေနဲ့ တော်တော်လေးကိုဆုံဖြစ်တယ်…။ သူတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်း တွေကိုလည်း သူတို့တွေကမြိန်ရေယှက်ရေပြောပြကြတယ်…။ နောက်ဆုံးတော့ အစုအဖွဲ့တခုမှာ အားလုံးအတူ တကွပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေ အင်အားကြီးမားလာမှာအမှန်ပါပဲ..။ အခုတော့ အင်အားတွေက တစစီပြန့်ကျဲနေတယ်..။ နောက်တခုက ကိုယ်တိုင်လဲလုပ်ကိုင်ဆောင်ရွက်နိုင်မှု အားနည်းပြီး သူတပါးလုပ်ကိုင်ဆောင်ရွက်နေတာတွေကို အပြုသဘောမဝေဖန်မထောက်ပြပဲနဲ့ အပျက်သဘော တွေကို တွေ့တွေ့လာရတယ်..။ ဒီမိုကရေစီအင်အားစုတွေအချင်းချင်း ခွက်စောင်းခုတ်နေကြတယ်..။ ဒီမိုကရေစီလို့အော်အော်နေပြီးတော့ အာဏာရှင်စရိုက်တွေလွှမ်းမိုးနေတယ်…။ မိမိသာလျှင် ဒီမိုကရေစီစစ်စစ် အဖြစ်တယ်လို့ ထင်နေကြတယ်…။ ပြည်သူလူထုအတွက် ကိုယ်ကျိုးမဖက်ပဲ အမှန်တကယ်အလုပ်လုပ်မယ့် ကွန်ယက်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေများများ ပေါ်ပေါက်လာတာကောင်းပါတယ်…။ လုပ်နည်းကိုင် နည်းတချို့တော့ လွဲချော်နေသေးတယ်…။
အာဏာရှင်တွေကပူးပေါင်းဆောင်ရွက်မှုအားကောင်းတယ်..။ ဒီမိုကရေစီဘက်တော်သားတွေကျတော့ ပူးပေါင်းဆောင်ရွက်မှုအားနည်းပါတယ်…။ တယောက်နဲ့တယောက် အပြစ်ပြောဖို့ဝန်မလေးကြဘူး…။ တော်တော်လဲ တရားကျဖို့ကောင်းတဲ့သူတွေပါပဲ….။
မီဒီယာတွေကောကြည့်ဦးမလား…။ အချို့ဆိုကိုယ်သွားပြီးအင်တာဗျူးလုပ်ရမည့်သူက ဘယ်သူမှန်းမသိ၊ ဘာကောင်မှန်းမသိ၊ ဘာတွေမေးမှန်းလဲမသိ၊ အဆင့်အတန်းတွေမြှင့်ဖို့လိုနေပါသေးတယ်…။ ဂျာနယ်တိုက်တွေ အနေနဲ့မိမိရဲ့ သတင်းထောက်တွေကို အခြေခံဂျာနယ်လစ်သင်တန်းလေးလောက်တော့ အလကား သင်ပေးဖို့ကောင်းတယ်…။ ပွင့်လင်းလာတဲ့ခေတ်မှာ မီဒီယာတွေပေါက်ကရလုပ်ရင် လုပ်တဲ့သူက ခံရမှာပဲ…။ ဓာတ်ပုံလေးတစ်ပုံနဲ့ ဓာတ်ပုံထဲမှာပါတဲ့အကြောင်းအရာလေးလောက် ရေးနိုင်၊သားနိုင်တာကို ကိုယ့်ကိုယ်ကိုယ် သတင်းသမားလို့ထင်မနေနဲ့..။ အနာဂတ်မှာဖြစ်လာနိုင်တဲ့  စီမံကိန်းတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြည်သူလူထုကိုကော၊ အစိုးရကိုကော ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြရမယ်…။ ဒါမှ လူထုအပေါ် တာဝန်ကျေမယ်….။ ခုတော့ ရာခိုင်နှုန်းတော်တော်များများက တရက်ကို သတင်းလေးတပုဒ်လောက်ရရင် တာဝန်ကျေပြီလို့ သတ်မှတ်ကြတယ်….။ လွတ်လပ်တဲ့၊ အမှီအခိုကင်းတဲ့ ပြည်သူ့အတွက် သတင်းသမားတွေ များများလိုအပ်တယ်…။
ခုလိုအချိန်မှာ သေသွားတဲ့သူတွေကို လွမ်းဆွတ်တမ်းတကြေကွဲယုံနဲ့ အလုပ်တွေကမပြီးဘူး။ သူတို့ပြောခဲ့သလို လုပ်ဖို့၊ သူတို့လုပ်ခဲ့သလိုလုပ်ဖို့ပဲလိုအပ်တယ်..။ တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးကို ပုံဖော်နေကြတဲ့သူတွေ ကိုယ်တိုင် ပြုပြင်ပြောင်းလဲချင်တဲ့စိတ်၊ ရိုးသားတဲ့စိတ်နဲ့သာ တည်ဆောက်ဖို့လိုတယ်…။
နောက်ဆုံးအနေနဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ခွက်စောင်းခုတ်ချင်တဲ့စိတ်တွေ၊ အကျင့်စာရိတ္တ မကောင်းတဲ့လွှတ်တော်အမတ်တွေ၊ နောက်ကြောင်းပြန်လှည့်ချင်သူတွေ၊ ပြန်လှည့်ဖို့ကြိုးစားနေသူတွေ၊ မီဒီယာသမားတွေ၊ စာရိတ္တမကောင်းခဲ့တဲ့ ပြည်တော်ပြန်တွေ ကျပ်ကျပ်သတိထားပါ…။ ပေါက်ကရလုပ်ရင် ပြည်သူလူထုဒဏ်ခတ်တာကို ပြန်ခံရလိမ့်မယ်။
(ကျွန်တော်စာမရေးတာကြာသွားတဲ့အတွက် ခွင့်လွှတ်ကြစေချင်ပါတယ်…။ စာတွေရေးတာတွေ များလာတဲ့ အခါ တာဝန်ခံမှုပါ ပါလာတဲ့အတွက် အရင်လိုခပ်စိပ်စိပ် မရေးနိုင်တော့တာပါ…။ ကျွန်တော့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမတွေရဲ့ သွန်သင်၊ လမ်းညွှန်မှုတွေအတိုင်း ကိုယ်ယုံကြည့်တဲ့လမ်း၊ ကိုယ်ယုံကြည်တဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားပါမယ်..။ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း ရဲ့ သြဇာခံ၊ လက်ကိုင်တုတ် မဖြစ်ရအောင် ကြိုးစားနေထိုင်သွားပါမယ်..။ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိပါစေ…။)
လေးစားစွာဖြင့်
ထက်အောင် (၂၀၁၂၊ စက်တင်ဘာ၊ ၂၂)

ဘကြီးသက်
Unknown at 8:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရေစီ နိုင်ငံမှာ ဆန္ဒပြပွဲတွေ မရှိစေချင်လို့ ဖြစ်နိုင်ပါ့မလား

ပြည်သူလူထုရဲ့ ပကတိ လိုလားချက်တွေ ပြည့်ဝနေရင် ဘယ်သူမှ အပင်ပန်းခံပြီး ဆန္ဒထွက်ပြနေမှာ မဟုတ်တာကတော့ အရှင်းဆုံးလို့ ဆိုရပါမယ်။ တာဝန်ရှိသူတွေဟာ လူထု လိုလားချက်တွေ ပြည့်ဝအောင် ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူတွေက တာဝန်ယူပြီး လုပ်ပေးကြမှာလဲ၊ လုပ်ပေးကြတဲ့အခါမှာ ဘာကို အခြေခံပြီး လုပ်ပေးရမလဲ...စသဖြင့် လေးနက် ကျယ်ပြန့်စွာ မြော်မြင်ပေးနိုင်မှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူနဲ့ အစိုးရ ဆိုတာ နိုင်ငံတခု ငြိမ်းချမ်း ဖွံ့ဖြိးစွာ တည်တန့်နိုင်ဖို့ အဓိက အကျဆုံး ခွဲခြားသတ်မှတ်ထားရတဲ့ လူသားအရင်းအမြစ် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အစစ်အမှန် တန်ဖိုးအရှိဆုံး အင်အားဖြစ်ပါတယ်။
ရွှေပုံကြီးပေါ်မှာ ထိုင်နေရုံသက်သက်နဲ့ ထမင်းစားရမှာ မဟုတ်ပါဘူး။ ပိုင်တဲ့ ရွှေတွေကို ထုခွဲရောင်းချ ပေးကမ်းပြီး ထမင်းစားဖို့တော့ အနည်းဆုံး လုပ်ယူရပါမယ်။
ကမ္ဘာဦးအစ လူသားတွေ စဖြစ်လာတုန်းက ပတ်ဝန်းကျင် သဘာဝကိုသာ အမှီပြုရင်း လူသားမျိုးဆက်ကို တည်တန့်စေခဲ့တာပါ။ ဒါကြောင့် ရွှေငွေ သယံဇာတတွေက အဓိက မဟုတ်ပါဘူး။ ရှိနေရင်လည်း အမြော်အမြင်ရှိရှိ အသုံးချနိုင်ရမှာသာ ဖြစ်ပါတယ်။
လိုရင်းကတော့ လူက အဓိက ဖြစ်ပါတယ်။ လူမှာ အသိဥာဏ်ကောင်းကောင်းရှိမှ နည်းလမ်းကောင်းတွေကို ကြံဆနိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့ အစိုးရဆိုတာ လူထုကြားထဲက ပေါက်ဖွားလာသူတွေပါပဲ။ နိုင်ငံ့ရေးရာ ကိစ္စတွေကို စီမံခန့်ခွဲ လုပ်ဆောင်နိုင်ဖို့ အရည်အချင်းရှိသူတွေကို လူထုကိုယ်စားလှယ်အဖြစ် လူထုက ရွေးကောက်ပွဲတွေကတဆင့် ခန့်အပ်ထားသူတွေသာ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ကို အခကြေးငွေရယူပြီး လုပ်ဆောင်ကြလို့ နိုင်ငံ့ဝန်ထမ်းလို့ ခေါ်လိုက်ကြပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ ထမ်းဆောင်ရတဲ့ တာဝန်မှာ အထက်က ပေးလာတဲ့ အမိန့် ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်လုပ်ရုံနဲ့ လုံလောက်တဲ့ တာဝန်ကျေမှုလို့ မဆိုနိုင်ပါဘူး။ ညွှန်ကြားသူနဲ့တကွ လိုက်နာထမ်းဆောင်ရသူတို့ အားလုံးရဲ့ အသိစိတ်ဟာ ကိုယ်ကျင့်တရား ဖြောင့်မတ်မှုနဲ့အတူ ဒီမိုကရေစီအပေါ် အမြဲတမ်း ရာနှုန်းပြည့် အခြေခံရပါမယ်။  အဲဒီလို ဖြစ်စေတဲ့စနစ်ကို ဖန်တီးယူနိုင်ရပါမယ်။
မြန်မာနိုင်ငံကို လည်ပတ်နေစေတဲ့ ယန္တယားမှာ အဓိက အားနည်းချက်က အဲဒါပါပဲ။
ဆက်သွယ်ရေးစနစ် လျင်မြန်မှုနဲ့အတူ လူတွေရဲ့ အသိတရား နိုးကြားမှုနဲ့ တုန့်ပြန်မှုကလည်း သိပ်ကို လျင်မြန်လာနေပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ( အစိုးရအသီးသီး + နိုင်ငံရေးပါတီ ) တို့ရဲ့ လိုအပ်သလို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းဟာ ခေတ်စနစ်ကို၊ လူထုလိုလားချက်ကို အလျင်မီနေစေရပါမယ်။
ပြည်သူတွေက တာဝန်ရှိသူတွေထက် နှာတဖျားသာသွားရုံနဲ့ လူထုကိုယ်စားလှယ်အသစ်တွေ ထွက်ပေါ်လာပါလိမ့်မယ်။ ဒီအသိကို တာဝန်ရှိသူတိုင်းက နားလည်နေရပါမယ်။ ဒါကို နားမလည်ဘဲ တားဆီးထိန်းချုပ်ရင်လည်း ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ အံဝင်မှာ မဟုတ်တော့ပါဘူး။  
ဒီမိုကရေစီ လူ့ဘောင်ထဲမှာ လူတိုင်းပါဝင်နေဖို့က သိပ်အရေးကြီးတဲ့ အချက်တခုပါပဲ။ ဒီမိုကရေစီ အသိုင်းအဝိုင်းထဲ မပါဘဲ နေချင်လည်း ရပါတယ်။ အဲဒီလို သီးခြား နေနိုင်ခွင့်အပေါ် ဒီမိုကရေစီက ကြည်ဖြူပေးထားပြီး ဖြစ်ပါတယ်။
မတူကွဲပြားမှုကို လက်ခံကျင့်သုံးကြရာမှာ အများစု အသိုင်းအဝိုင်းနဲ့ မဆန့်ကျင်နေသမျှ ပြဿာနာကြီးငယ် ရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ ဆန့်ကျင်လာရင်လည်း နှစ်ဘက်ပြေလည်အောင် ဖြေရှင်းနိုင်စွမ်း ရှိရပါမယ်။ ဖြေရှင်းနိုင်စွမ်း မရှိရင် လူ့သဘာဝအရ မိမိဆန္ဒနောက်ကိုသာ လိုက်နေကြမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ လူ့ဘောင်ထဲမှာ ပါဝင်နေကြပြီဆိုရင် လူတိုင်းဟာ အရည်အချင်း လိုအပ်ရင် ထပ်ဖြည့်ဆည်းရမှာပါပဲ။ မိမိထက်သာသူကို တွန်းပို့ ထောက်ခံရဲတဲ့ အပြုအမူကောင်းတွေ လေ့ကျင့်ယူ၊ ကျင့်သုံးတတ်ရပါမယ်။
ဆန္ဒပြတာတွေကို မရှိစေချင်ရင် ဥပဒေ အမိန့်တွေနဲ့ တားမြစ်လို့ မရနိုင်တဲ့အကြောင်း သဘောမျှ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ တကယ်ဆိုရင် ပြည်သူတွေက ဆန္ဒပြလာကြမှသာ အစိုးရအနေနဲ့ မိမိလိုအပ်ချက်ကို သိရှိပြီး ထပ်မံ ဖြည့်ဆည်းပေးနိုင်ရင် အစိုးရလည်း ဂုဏ်တက်တာပါပဲ။
ဆန္ဒပြရာမှာ အရပ်သား ပြည်သူတွေကသာ ဆန္ဒပြတာ မဟုတ်သေးပါဘူး။ နိုင်ငံ့ဝန်ထမ်းတွေလည်း အလားတူ ဆန္ဒပြပိုင်ခွင့် ရှိနေပါတယ်။ လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းတွေရဲ့ ပကတိ လိုအပ်ချက်တွေ ရှိနေတတ်ပါတယ်။ ဖြည့်ဆည်းပေးနိုင်စွမ်း အားကောင်းရင် ဘယ်သူမှ ဆန္ဒပြမှာ မဟုတ်တာကတော့ သေချာပါတယ်။
အခြားတဖက်က ပြန်တွေးစရာတွေကိုလည်း ချင့်ချိန်စဉ်းစားရပါမယ်။ ဥပမာ- လူ့အလို နတ်မလိုက်နိုင် ဆိုတာမျိုးတွေပါ။ တောင်းလို့ ရမှန်း သိနေရင် ပေးမဆုံးတော့ပါဘူး။ မပေးနိုင်တဲ့ တနေ့ ပြဿနာ တက်လာနိုင်ပါတယ်။ ပြည်သူတွေဟာ ကာလံ-ဒေသံ-ပယောဂံအလိုက် တကယ်လိုအပ်ရဲ့လား.. ဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်လဲ.. နောက်ဆက်တွဲ သက်ရောက်မှုက ဘယ်လိုရှိမလဲ .. စသဖြင့် အစိုးရဘက်က ချင့်ချိန်နိုင်စွမ်းအား ကောင်းဖို့ လိုအပ်တဲ့ အကြောင်းပါ။
ဒီလိုပဲ တောင်းဆိုသူတွေဘက်ကလည်း အမှန်တတကယ် “ပကတိ လိုလားချက်” သာ ဖြစ်ရပါမယ်။ လူထုဘက်က အမြော်အမြင် ရှိဖို့ဆိုတာက သိပ်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တနိုင်ငံလုံးက ပြည်သူတွေကို ကိုယ်စားပြု တောင်းဆိုရတာ ဖြစ်လို့ လူထုထဲမှာ တွေးတောကြံဆ မြော်မြင်တတ်သူတွေ အမြဲတမ်း နိုးနိုးကြားကြား ရှိနေတာကြောင့်ပါပဲ။
ဒီလိုပဲ မတူကွဲပြားစွာ အတူယှဉ်တွဲ နေထိုင်ကြတဲ့ လူ့ပတ်ဝန်းကျင်မှာ လူနည်းစုတွေရဲ့ ကောင်းကျိုးချမ်းသာ ကိစ္စကိုလည်း လစ်လျူမရှိုဘဲ အလေးအနက် ထားရမှာ ဖြစ်ပါတယ်။
ဒါတွေ..ဒါတွေသာမက တွေးတောကြံဆနိုင်သမျှ အားလုံးကို အဆင်ပြေအောင် ပြင်ဆင် စီမံ လုပ်ဆောင်ထားနိုင်ရင် ဆန္ဒပြပွဲတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲ မဖြစ်ဖူးတဲ့ ဒီမိုကရေစီနိုင်ငံရယ်လို့ ကမ္ဘာမှာ မရှိပါဘူး။ ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့သာမက ရေရှည် တည်တန့်ခိုင်မြဲစေဖို့ ရွေးကောက်ပွဲ၊ လွှတ်တော်၊ တရားဥပဒေ စိုးမိုးမှု၊ အခြေခံဥပဒေ၊ နိုင်ငံရေးပါတီ၊ အပြန်အလှန် အာဏာထိန်းကျောင်းမှု စတာတွေနဲ့အတူ ဆန္ဒပြတာကလည်း ဒီမိုကရေစီရဲ့ အရေးပါတဲ့ အခြေခံ အုတ်မြစ်တခု ဖြစ်နေပါတယ်။
လွင်အောင်စိုး
၂၃-၉-၂ဝ၁၂
..............................

ဘကြီးသက်
Unknown at 8:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.