Saturday, September 22, 2012

ပြည်ပအကူအညီ အဟောသိကံ မဖြစ်စေသင့်

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂမှာ လက်ရှိ တာဝန်ထမ်းနေကြတဲ့ မြန်မာဝန်ထမ်းတွေ၊ မြန်မာပြည်က တာဝန်ထမ်းဆောင်နေ သူတွေ၊ ကုလသမဂ္ဂအငြိမ်းစား မြန်မာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲ့လိုတွေ့ဆုံရာမှာ အမိနိုင်ငံအတွက် ကောင်းကျိုးပြုပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သလို၊ ပြည်ပအကူအညီကို ဘယ်လိုရယူသင့်သလဲဆိုတာကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာက ဆက်ပြီး ပြောပြပေးပါမယ်။
ဒီကနေ့ ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာဝန်ထမ်းတွေ၊ ဝန်ထမ်းဟောင်းတွေနဲ့ တွေ့ဆုံမူဟာ ထူးခြားတဲ့ အစီအစဉ်တရပ်လို့ ဆိုရပါလိမ့်မယ်။ ဒီပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်တိုင် သိလာရတဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို အခြေခံပြီးတော့ အမိနိုင်ငံအတွက် အကြံညဏ်တွေကို အပိုအလိုမရှိ တင်ပြဆွေးနွေး ခဲ့ကြတာ ကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လည်း တချိန်တုန်းက ကုလသမဂ္ဂမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်လေတော့ ဒီလူတွေဆီက အကြံညဏ်တွေ ရယူနိုင်မယ်ဆိုတာက သူက သိရှိထားပါတယ်။
“အခုလာတာက တကယ်တော့ အကြံညဏ်တွေ ယူဖို့ပါ။ နားထောင်ဖို့ပါ။ ကျမတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက်၊ ဖွံ့ဖြိုးရေးအတွက်၊ ဘယ်လိုအကြံညဏ်တွေ ပေးကြချင်သလဲ၊ ဘယ်လိုအကြံညဏ်တွေ ယူပြီးတော့ နိုင်ငံတိုးတက်ရေးအတွက် လုပ်နိုင်မလဲဆိုတာကို ပူးပေါင်းပြီးတော့ စဉ်းစားဖို့ ဖြစ်ပါတယ်။
ကျမတို့ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ခေါင်းအများကြီး ယုံကြည်မူရှိရမယ်။ အမျိုးမျိုး အတွေးအခေါ် အမြင်တွေကို အကြံတွေကို နားထောင်ရဲရမယ်။ သုံးသပ်ရဲရမယ်။ ဘယ်ဟာလေးက အကောင်းဆုံးဖြစ်လဲ၊ ဘယ်ဟာလေးက အသင့်တော်ဆုံး ဖြစ်လဲဆိုတာကိုလည်း ဆုံးဖြတ်ချက် ချရဲရမယ်။
အဲ့ဒီ့တော့ အဲ့ဒီ့ဟာကို လုပ်တဲ့နေရာမှာလည်း အများရဲ့ ပါဝင်မူနဲ့ လုပ်ဆောင်စေချင်တယ်။
ဒီမိုကရေစီလမ်းကြောင်းသွားမယ်ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမူဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အားလုံးဟာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးကြစေလိုပါတယ်။ဆုံးဖြတ်ချက် ချတဲ့အခါမှာ ဘာကြောင့်ချလဲဆိုတာကို ထင်သာမြင်သာ ဖြစ်ရပါမယ်။”
အကြံညဏ်တင်ပြတဲ့အထဲမှာ အဓိကကျတဲ့ အချက်တခုကို သတိပြုမိ တာကတော့ ပြည်ပအကူအညီနဲ့ပတ်သက်ပါတယ်။ ဥပမာ ကုလသမဂ္ဂရဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ရုံးချုပ်တွေကို မြန်မာနိုင်ငံလို နေရာမျိုးမှာ ဖွင့်လှစ်မယ်ဆိုရင် လက်ခံနိုင်မလား။ တခါ ပြည်ပအကူအညီတွေ ပိုမို ရရှိနိုင်တဲ့ နည်းလမ်း စတာတွေကိုလည်း တင်ပြကြတာ တွေ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
“ကျမတို့ နိုင်ငံမှာ အကူအညီတွေ လိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့် စနစ်တကျတော့ ပေးဖို့ လိုပါတယ်။ အကူအညီ သိပ်များပြီး စနစ်မကျလို့ရှိရင် တချို့နိုင်ငံတွေမှာ ဥပမာဆိုလို့ရှိရင် အရင်တုန်းက ကမ္ဘောဒီးယားမှာ ဖြစ်ခဲ့သလိုပေါ့။ ပေးတဲ့အကူအညီတွေက သိပ်များတယ်။ စနစ်မကျတဲ့အခါကျတော့ တော်တော်များများ အဟောသိကံဖြစ်သွားတာပေါ့။ အဲ့တာမျိုးတော့ ကျမတို့ မဖြစ်စေချင်ဘူး။
စနစ်ကျကျနဲ့ နည်းလမ်းကျကျနဲ့ လုပ်နိုင်ဖို့ကိုတော့ ကျမတို့ ညှိနှိုင်းပြီးတော့ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံကို ကူညီချင်တာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ တချို့ကဆိုရင် “ Go rush of invested and donors” ပေါ့နော်။
Aids တွေဘာတွေဟာ သေသေချာချာ မညှိလို့ရှိရင် သိပ်များပြီးတော့ အဟောသိကံဖြစ်သွားလို့ရှိရင် နောင်ကျလို့ရှိရင် ဒီလိုပေးတဲ့အကူအညီတွေဟာ မထိရောက်ဘူးဆိုတဲ့အမြင်နဲ့ ကူညီချင်တဲ့သူတွေက တွန့်သွားမှာကိုလည်း ကျမတို့ စိုးရိမ်ရပါတယ်။”
ဒီဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ ကုလသမဂ္ဂမြန်မာဝန်ထမ်းဟောင်းတွေထဲမှာ မြန်မာနိုင်ငံ မဆလခေတ်တုန်းက ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေါက်တာညီညီလည်း ပါဝင်ပါတယ်။ အသက်၈၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာညီညီကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ကျမ်းမာရေး ဂရုစိုက်ဖို့ အကြံညဏ်ပေးပြီး ပြည်ပအကူအညီယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း အခုလိုဖြည့်စွက် ဆွေးနွေးခဲ့ပါတယ်။
“အရေးကြီးတာ ကျနော်တို့မှာ ကိုယ့်ပြသနာကို ဘာရှိလဲဆိုတာ ကိုယ် အရင်သိအောင် လုပ်ဖို့လိုပါတယ်။ ကိုယ့်ပြသနာကို ကိုယ်မဆုံးဖြတ်နိုင်ရင် ကျန်တဲ့သူက လာပြီး ဆုံးဖြတ်ပေးမယ်။ ခင်ဗျားတို့ လုပ်နိုင်တာ ဒါပဲဆိုပြီး၊ လာပေးရင် အဲ့တာ ပိုက်ဆံတွေလာပေးလို့ ယူလိုက်ရင် ကျနော်တို့ ပိုက်ဆံကုန် တာထက် အချိန်ကုန်တာနဲ့ သိပ်အရေးကြီးတယ်။
ကျနော် ပထမဆုံးအဆင့် တင်ပြချင်တာက ဒေါ်စုရော အစိုးရရောပေါ့လေ ဘာလုပ်ဖို့လိုလည်းဆိုတော့ ကိုယ့်မှာ ဘာပြသနာတွေရှိလဲ ဒါတွေ ဘယ်လိုများဖြေရှင်းရင်ကောင်းမလဲဆိုတာ ကိုယ့်ဘာသာကို အရင်စဉ်းစားထားဖို့၊ ပြီးတော့မှ သူများတွေနဲ့ ဆွေးနွေး ဒါမှမဟုတ်ပဲ ဘာမှမရှိပဲ ဗလာနဲ့ သွားဆွေးနွေးရင် သူတို့ဟာသူတို့လာပြီး ဆေးခြယ်သွားမယ်။”
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီ ဆွေးနွေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာပြောတာကို လက်ခံကြောင်း နိုင်ငံခြားပုဂ္ဂိုလ်တွေနဲ့လည်း ဒီကိစ္စအတွက် ကြိုးစားညှိနှိုင်း လုပ်ဆောင်နေတဲ့အကြောင်း တချိန်တည်းမှာပဲ သူဟာ အစိုးရမဟုတ်သေးဘူးဆိုတဲ့ အကြောင်းကိုလည်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
VOA
21.09.2012
http://burmese.voanews.com/content/daw-aung-san-suu-kyi-met-with-un-burmese-staffs-at-un-in-nyc/1512830.html
 လူဗိုလ်ဟူသည်
ဘကြီးသက်
Unknown at 8:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ်ပညာရေးဥပဒေ အုပ်ချုပ်ရေးပိုင်း အဓိကထား ပြင်မည်



 

တက္ကသိုလ်ပညာရေး ဥပဒေကြမ်းရေးဆွဲရာ၌ အုပ်ချုပ်ရေးပိုင်းကို အဓိကထားပြုပြင်သွားမည်ဟု ပညာရေးမြှင့်တင်မှုကော်မတီမှ သိရသည်။

တက္ကသိုလ်ပညာရေး ဥပဒေကြမ်းအား အစအဆုံးပြုပြင်မည်ဖြစ် သော်လည်း အုပ်ချုပ်ရေးပိုင်းကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖဆပလခေတ်နှောင်း ပိုင်းမှစ၍ အုပ်ချုပ်ခဲ့သည့် ပညာရေး ဝန်ကြီးဌာနမှ တိုက်ရိုက်အုပ်ချုပ်သည့် စနစ်အစား တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီများ ဖွဲ့စည်း၍ အုပ်ချုပ်သည့် ပုံစံကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေး မြှင့်တင်မှု ကော်မတီမှ ဦးစိန်ထွန်း ကပြောသည်။

တက္ကသိုလ်များကို အုပ်ချုပ်မည့် တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီများတွင် တက္ကသိုလ် ဆရာ၊ ဆရာမများအပြင် ကျောင်းသူ၊ ကျောင်းသားများလည်း ပါဝင်နိုင်ရေး ကို ဆောင်ရွက်သွားမည်ဟု ၄င်းထံမှ သိရသည်။

”ကျွန်တော်တို့ဆီက ပညာ ရေးအခြေခံမူနဲ့ သင်ရိုးတွေက မညံ့ပါဘူး။ သင်ထောက်ကူ ပစ္စည်းတွေ မလုံလောက်ဘူး။ ကျောင်းသူ၊ ကျောင်းသားတွေ ထားမယ့်နေရာတွေ မလုံလောက်ဘူး။ အဲဒီအပိုင်းတွေကို ပြင်ရမှာပါ”ဟု ၄င်းက ပြောသည်။

တက္ကသိုလ် ကျောင်းသားများ ကျောင်းအိပ်၊ ကျောင်းစား နေနိုင်ရေး အခွင့်အလမ်းရှိပါက နိုင်ငံခြား တက္ကသိုလ်များနှင့် ချိတ်ဆက်ခွင့်ရနိုင်ရေးနှင့် နိုင်ငံခြားမှ ဆရာ၊ ဆရာမများ ခေါ်ယူသင်ကြားနိုင်ရေးကို ဥပဒေကြမ်းတွင် ထည့်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

ပညာရေးမြှင့်တင်မှု ကော်မတီမှ ဒေါက်တာ မြဦးကလည်း တက္ကသိုလ်ပညာရေး ဥပဒေကြမ်း အားလာမည့် ပဉ္စမအကြိမ် လွှတ်တော် အစည်းအဝေးတွင် အတည် ပြုနိုင်ရန် ၄င်းတို့ ကော်မတီမှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရန် အချိန်ကာလလိုအပ်ကြောင်း ပညာ ရေးစနစ်ပြုပြင် ပြောင်းလဲမှုများကို မကြာ ခဏ ပြုလုပ်ပါက ပညာသင် ကျောင်းသားများကို ထိခိုက်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်သည်။

လက်ရှိ ပညာရေးနှင့် ပတ် သက်၍¤င်းက ”အခု အခြေအနေ အရလည်း ပြည့်စုံပြီးသားပါ။ ခေတ် မီ တိုးတက်ချင်တဲ့ ဆန္ဒနဲ့ပညာရေး ဆိုတာ ချက်ချင်းကြီး ပြောင်းလို့ရ တာ မဟုတ်ပါဘူး။ အားလုံးသဘော ပေါက်အောင်၊နိုင်ငံတကာနဲ့လည်း အံဝင်ခွင်ကျဖြစ်အောင် အချိန် တော့ယူရမှာပါ”ဟု ပြောသည်။

လက်ရှိ တက္ကသိုလ်ပညာရေး ပြန်လည်ပြင်ဆင်မှုတွင် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင် ရာ ပညာရှင်များနှင့် ပညာရေးဝန်ကြီးဌာနတို့၏ အကြံ ဥာဏ်များရယူ၍ ပြင်ဆင်ဆောင် ရွက်သွားမည်ဟု ပညာရေးမြှင့်တင် မှု ကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
တက္ကသိုလ်ပညာရေး ဥပဒေ ကြမ်းကို ယခုကျင်းပပြီးစီးခဲ့သော စတုတ္ထအကြိမ် လွှတ်တော်အစည်း အဝေးတွင် အတည်ပြုရန် ပြုလုပ်ခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်က ယင်းတက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို ပြုပြင် ရန်လွှတ်တော်သို့ တင်ပြခဲ့သည်။ ယင်းတင်ပြချက်ကို ပြည်ထောင်စု လွှတ်တော်မှ သဘောတူခဲ့သည်။

ဘကြီးသက်
Unknown at 8:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂလီတို့၏ ရှေ့နေ လူပျက်ဇာဂနာ အတွက် မန္တလေးသားတို့မှ အိတ်ဖွင့်ပေးစာ





ကိုဇာဂနာက မန္တလေးကဘင်္ဂါလီဆန့်ကျင်ရေးဆန္ဒပြပွဲက ဓာတ်ပုံတွေကို photoshop လုပ်ထားတာဆိုပြီး စော်ကားသွားတယ်။ကိုဇာဂနာက ဘင်္ဂါလီရှေ့နေလုပ်ချင်နေတာလား ဘင်္ဂါလီပွဲစားလုပ်ချင်နေတာလား? ကိုဇာဂနာ ခင်ဗျား မြန်မာပြည်အတွင်းမှာ ဟာသပြက်လုံးတွေ ပြောခဲ့တာတွေ အလကားမဖြစ်ရအောင် ဘင်္ဂါလီအရေးနဲ့ပတ်သတ်ရင် သတိထားပြီး စကားပြောစေချင်ပါတယ်။ ခင်ဗျားလူရွှင်တော်လုပ်ပြီး ပြက်လုံးတွေထုတ်တာတခြားကိစ္စတွေပဲ ရယ်စရာလုပ်ပါဗျာ။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးကိစ္စကို ခင်ဗျား ပေါက်ကရပြောဟာသလုပ်ပြက်လုံးထုတ်ရင် ပြည်သူရဲ့ဒဏ်ခတ်တာကို ခံရလိမ့်မယ်။ တခြားကိစ္စဟာသလုပ်ပြက်လုံးထုတ်ရင် လူထုက ပန်းကုံးစွပ်မှာဖြစ်ပေမဲ့ ဘင်္ဂါလီအရေးမှာ နောက်သလိုပြောင်သလို ပြက်လုံးဆန်ဆန်တွေပြောရင် ဖိနပ်နဲ့အပေါက်ခံရလိမ့်မယ်။ မြန်မာတစ်မျိုးသားလုံး ဘင်္ဂါလီဆန့်ကျင်ရေး အမျိုးသားရေးစိတ်ဓာတ်နိုးကြားနေချိန်မှာ ဘင်္ဂါလီအရေးကို ကိုဇာဂနာလာပြီး နောက်သလို ပြောင်သလို ပေါက်ကရပြောလို့မရဘူးနော်။ (စဉ်းစားလေ ဒေါကန်စရာကောင်းလေပါပဲ။ ဘင်္ဂါလီတွေဘက်ကတော့ ရခိုင်အရေးစုံစမ်းရေးကော်မရှင်မှာပါတဲ့ ဇာဂနာက မန္တလေးဆန္ဒပြပွဲဓာတ်ပုံတွေက အကြံအဖန်လုပ်ထားတာလို့ ပြောတယ်ဆိုပြီး ၀ါဒဖြန့်လို့ကောင်းသွားပြီ။ ကိုဇာဂနာရဲ့လုပ်ရပ်က တကယ့်ကို ဘင်္ဂါလီ အားပေးဖြစ်သွားတယ်။ မန္တလေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူများ၊ဆန္ဒပြပွဲကို ကိုယ်တိုင်တွေ့ကြုံခဲ့သူများ၊မန္တလေးသားများ ကိုဇာဂနာပြောတာ ဟုတ်တယ် မဟုတ်ဘူးဆိုတာ comment ရေးပေးကြပါ။) 

 Myanmar Express
ဘကြီးသက်
Unknown at 8:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဆင့်မြင့်ထောက်လှမ်းရေးအရာရှိများနှင့် နိုင်ငံရေးအကျဉ်းသားအများစု လွတ်မြောက်ရန်ကျန်ရှိ




ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသူများတွင် နိုင်ငံရေး အကျဉ်းသား(၈၉) ဦးခန့်သာပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအများစုနှင့် ထောက်လှမ်းရေး အရာရှိဟောင်း(၂၀)၀န်းကျင်မှာ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးကြောင်း သိရှိရသည်။
 
ထောက်လှမ်းရေးအရာရှိဟောင်းများမှာ အမျိုးသားထောက်လှမ်းရေးအဖွဲ့အား ဖျက်သိမ်းစဉ် ၂၀၀၄ ခုနှစ်ကတည်းက ထိမ်းသိမ်းခံခဲ့ရသူများဖြစ်သည်။ 
 
 ယခင်နိုင်ငံတော်သမ္မတ၏ လွှတ်ငြိမ်းချမ်းသာမှုများတွင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ အနည်းငယ်စီ ပါဝင်သော်လည်း လက်ရှိတွင် အဆင့်မြင့်အရာရှိ(၂၀)ဦးဝန်းကျင်ကျန်ရှိနေသေးကြောင်း ထောက်လှမ်း ရေးအရာရှိဟောင်းများရပ်ဝန်းက သိရသည်။
 
အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသည့် အဆင့်မြင့်အရာရှိဟောင်းများမှာ ဗိုလ်ချုပ် သိန်းဆွေ၊ ဗိုလ်ချုပ် သန်းထွန်း၊ ဗိုလ်မှူးကြီး တင်လှ၊ ဗိုလ်မှူးကြီး တင်ဦး၊ ဗိုလ်မှူးကြီး မြင့်မောင်ကျော်၊ ဗိုလ်မှူးမောင်ကံ၊ ညွှန်ချုပ် ဗိုလ်မှူးကြီး ထွန်းလှအောင်၊ အမျိုးသားထောက် လှမ်းရေး ရုံးအဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်းအောင်၊ ဗိုလ်မှူး နိုင်ထွေး၊ ဦးတင်ထွဋ်၊ ဗိုလ်မှူး မြတ်ဆွေ၊ ထောက်လှမ်းရေး (၁၂)တပ်မှူး ဗိုလ်မှူး နေစိုး၊ ထောက်လှမ်းရေး(၁) ဗိုလ်မှူးမိုးသူအစရှိသည့ှ်ထောက်လှမ်းရေးတပ်ဖွဲ့မှ အကျဉ်းကျခံနေရသူ (၂၀)၀န်းကျင် ကျန်ရှိနေခြင်းဖြစ်သည်။
 
နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီစနစ်ဖေါ်ဆောင်နေချိန်၌ အကြိမ်ကြိမ် လွှတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သော်လည်း အချို့မှာ စစ်ဆေးရန် ကျန်ရှိနေဆဲဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“ထောက်လှမ်းရေးတွေကိုလည်း လွှတ်ပေးစေချင်တယ်၊ ဘာလို့လည်းဆိုတော့ ထောင်ကျနေသူ တွေရဲ့မိသားစုဝင်တွေ စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်လို့ပါ၊ ပြီးတော့ ကိုယ်ချင်း လည်းစာတယ်၊ ဖောက်ခွဲရေးသမားတွေကို တောင်လွှတ်ပြီး နိုင်ငံရေးသမားတွေနဲ့ သူတို့ကို ဘာလို့မလွှတ်သေးတာ လည်းဆိုရင် သေချာစစ်ဆေးနေကြလို့တူပါတယ်၊ ကျွန်တော်တုန်းကလည်း အကြိမ်ကြိမ်စစ်ဆေးရေး ၀င်ပြီးမှ လွှတ်လာတာလေ”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးခင်မောင်ဆွေက ၄င်း၏အမြင်ကိုပြောသည်။
 
၂၀၁၂ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့တွင် အကျဉ်းထောင်ပေါင်း(၂၆)ထောင်ခုမှ အကျဉ်းသား စုစုပေါင်း(၅၁၄)ဦး စေလွှတ်ခဲ့သည်။
 
 အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား(၄၀)ကျော်ကျန်ရှိနေပြီး တောင်ငူထောင်နှင့် သာယာဝတီထောင် တို့တွင်လည်း နိုင်ငံရေးအကျဉ်းသားအများစု ဆက်လက်ကျန်နေသည်။
 
သာယာဝတီအကျဉ်းထောင်တွင် ကျန်ရှိနေသောနိုင်ငံရေးအကျဉ်းသားများမှာ ကိုအေးမင်းနိုင်၊ ကိုကျော်ဇင်ဦး၊ကိုကျော်စွာလင်း၊ ကိုထက်ကိုလွင်ကိုဇော်လွင်၊ဒေါ်ခင်ရီ၊မစန်းစန်းမော်နှင့်သံဃာတော် များကျန်ရှိနေကြောင်း နိုင်ငံရေးအကျင်းသားမိသားစု များအကျိုးဆောင်ကွန်ယက်က သိရှိရသည်။
 
နှစ်ရှည်ထောင်ဒဏ်များချမှက်ခံထားရကာ ဒေါ်ခင်ရီနှင့် မစန်းစန်းမော်တို့မှာ ၁၇/၁ ၊ ၁၃/၁ (ဖောက်ခွဲ(၃) စသည်ပုဒ်မများ နှင့် ထောင်ဒဏ်(၆၅)နစ် အပြစ်ပေးခံရသူများဖြစ်သည်။
 
ယခုအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမှာ စစ်အာဏာသိမ်း နှစ်ပတ်လည် စက်တင်ဘာ(၁၈) ရက်နေ့အား ပုံဖော်ခြင်းနှင့် နိုင်ငံတော်သမ္မတ၏ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန် အချိန်နှင့် တိုက်ဆိုင်နေသောကြောင့် သဘောရိုးစေတနာမှန်နှင့် လွှတ်ပေးမှုထက် အစိုးရ၏နိုင်ငံရေး အကျိုးမြတ်အပေါ် ရည်ရွယ်၍လွတ်ပေးခြင်းလည်း   ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်က ကိုဟန်ဝင်းအောင်ကဆိုသည်။
 
  “အမှန်တကယ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီမိုကရေစီအရေး လှုပ်ရှားမှုဖြစ်စဉ်တွေမှာ လွတ်လပ်ကျယ်ပြန့်စွာ ပါဝင်လာနိုင်စေဖို့ စေတနာအမှန်နဲ့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့လိုပါတယ်”ဟု ကိုဟန်ဝင်းအောင်က သုံးသပ် ပြောဆိုခဲ့သည်။
 

ဘကြီးသက်
အေးချမ်းဟိန်+မောင်ယဉ်ကျော် (မြစ်မခ)
Unknown at 10:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာလိင်လုပ်သားများအတွက် အခွင့်အရေး



မြန်မာလိင်လုပ်သားများအတွက် အခွင့်အရေးနှင့်ထိန်းချုပ်မှုမျာ
းပါဝင်သည့် လိင်လုပ်သားဆိုင်ရာဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်လျက်ရှိကြောင်း လိင်လုပ်သားများအရေးဆောင်ရွက်ပေးနေသူများထံက သိရှိရသည်။

လိင်လုပ်သားများအား အခွင့်အရေးနှင့် ထိန်းချုပ်မှုများ ပေးလိုက်ပါက HIV /
 AIDS ပြဿနာများမှာ လျော့နည်းသွားနိုင်ပြီး၊ လျှို့လျှို့ဝှက်ဝှက်ဖြင့် လိင်အလုပ်သမားများလုပ်ဆောင်နေလျှင် တိုင်းပြည်အတွက်ဆိုးရွား သည့် အြေ
ခအနေများ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း သိရသည်။

“ဒီ sex worker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေပေးသင့်သလို့ တဖက်ကလည်း စည်းကမ်းတွေ ချသင့်တယ်လို့ထင်တယ့် အခုဆိုလို့ရှိရင် အမမြင်ရသလောက်ကတော့ ဒီ sex worker တွေနဲ့ပတ်သက်လို့ ဘာအခွင့်အရေးမှ မရှိဘူးပေါ့နော် ပြောရမယ်ဆိုလို့ရှိရင် အနီးစပ်ဆုံးထိုင်းနိုင်ငံမှာတော
င်မှ ဒီ sexworker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေ ပေးထားတယ် တဖက်ကလည်း ထိန်းချုပ်ထားတာတွေရှိတယ် ” ဟု မင်္ဂလာတောင်ညွှန့်၊ ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းမှပြောဆိုခဲ့သည်။

ထိုကဲ့သို့ တရားဝင်လုပ်ကိုင်ခွင့်များချမပေ
းဘဲ ယဉ်ကျေးမှုအား ဖက်တွယ်ထားလျှင်လည်း တိုင်းပြည်သည်ရောဂါများဖြင့် အခက်အခဲတွေ့လာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆက်ပြောသည်။

လိင်လုပ်သားတွေပပျောက်ရေးအတွက် နိုင်ငံတော်မှ ၁၉၄၉ ခုနှစ်တွင် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ အားပြဌာန်းခဲ့ပြီး ၊ လိင်လုပ်သားများအား တစ်နှစ်ထက် မပိုသည့်ထောင်ဒဏ်ချမှတ်နိုင်ပြီ
းယခုအချိန်တွင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်အဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအစိုးရတက်ပြီးချိန်၌ ပြောင်းလဲသတ်မှတ်ခဲ့သည်။

“ဥပဒေပိုင်းတွေ ဘာတွေကိုလည်း သေချာလုပ်သင့်တယ်လို့ ထင်တယ်၊ အမတို့ကစိုးရိမ်တာပေါ့နော် တရားဝင်လုပ်ခွင့်လည်း တောင်းချင်တယ်၊ အဲ့ဒီမှာ ပြဿနာရှိပြန်တယ် အမတို့က ယဉ်ကျေးမှုအရပေးမှာလား မပေးဘူး လား ပိုသတိထားပြီး အမတို့အတွက် ပိုကျပ်သွားမလား ဘာလားကိုလည်း ကြောက်နေရတယ်” ဟု မြန်မာနိုင်ငံလိင်လုပ်သားများ ကွန်ယက်မှ ဥက္ကဌ ဒေါ်နှင်းနှင်းယု က ပြောသည်။

အဆိုပါလိင်လုပ်သားများကွန်ဆက်မှ
 မြို့ပေါင်း(၁၃)မြို့နှင့်ဆက်သွယ်ထားပြီး၊ အမျိုးသမီးလိင်လုပ်သားအဖွဲ့ဝင်ဦးရေ (၇၀၀)၀န်းကျင်ရှိကြောင်း သိရသည်။

လိင်လုပ်သားများအနေဖြင့်လည်း လူသားများဖြစ်သဖြင့် ၎င်းတို့အား လူ့အခွင့်အရေးများအပြည့်အ၀ပေးစေ
ချင်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။

“ကျွန်မတို့ဆိုရင် ကိုယ်ရှာတာက ကိုယ့်အတွက်မဟုတ်ဘဲ ရဲတွေအတွက်ဖြစ်နေတယ်၊ နေ့တိုင်းဒီနေရာကိုရောက်ရင် ရင်တထိတ်ထိတ်နဲ့ ဘုရားတပြီးလာနေရတယ်” ဟု ရန်ကုန်မြို့တွင်းမှ အသက် ၂၅ နှစ်ဝန်းကျင်လိင်အလုပ်သများတစ်ဥ
ီးက လက်ရှိ၎င်းတို့ကြုံတွေ့နေ ရသည့်  အဖြစ်အပျက်အား ရှင်းပြသည်။

အဆိုပါ လိင်အလုပ်သမားများအတွက်ပြဌာန်းထ
ားသော ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအား ပြောင်းလဲရန် အတွက်မူ လွှတ်တော်အတွင်းတွင် အမျိုးသမီး အရေအတွက် နည်းပါးနေခြင်းကြောင့်မြန်မာနိုင်ငံတွင်း၌ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပါက ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း အင်ဂျန်းယန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုသည်။

ဘကြီးသက်
Unknown at 10:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဖေ့ သမီးအတွက် … ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု ……


 ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်….
အဖေသမီးကိုတစ်ခုပြမယ် ………… 
အရေးကြီးတယ်နော် …… ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ဂျာီအိပ်ထဲကနှိုက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။
ဘာလဲဆိုတာသိချင်လားလို့ သမီးဖြစ်သူကို မေးတယ်။ 
သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ . . .
ဒါဆို သမီး ထိုင်ထ ၁ ခေါက်လုပ် . .
သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ ဆိုပြန်တယ်။ 
သမီးဖြစ်သူကလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ ခေါက်လုပ်ပြန်ပါတယ်။
ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။

ထိုအခါ သမီးဖြစ်သူက ၁၀ ခေါက်လုပ်ပြီးတော့ . . အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ ဆိုတယ်။
အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကို ဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာ နောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ ပြောပြန်တယ်။
သမီးဖြစ်သူက . . 
မကြည့်ချင်ပါဘူး . . သမီး ကြည့်ပြီးပြီပဲဟာ .. လို့ ပြန်ပြောလိုက်တယ်။
ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါ သမီးရယ် .. အဖေ ပြပါ့မယ်လို့ ဆိုသတဲ့။
၁ခေါက်လဲမလုပ်နိုင်ဘူး . . တွေ့ပြီး မြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ် . . ကြည့်မလားလို့ ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး . . တွေ့ပြီးမြင်ပြီးသွားရင် ဘာတန်ဖိုးရှိတော့တာမှတ်လို့…  ဆိုပြီး သမီးဖြစ်သူက ပြန်ပြောတယ်။
အဲ့ဒီတော့မှ ဖခင်ဖြစ်သူက  … 
ဒီဥပမာလေးလိုပဲ သမီးရယ် . . မတွေ့ခင် မမြင်ခင်က တန်ဖိုးကြီးမားပြီး လိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူး မဟုတ်လား …
 ဒီလိုပဲ သမီးရေ . . .
ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့ အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး. . .
သမီးတို့ရဲ့ … အပျိုစင်ဘ၀ကိုလဲ ဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး။
 အမျိုးကောင်းသမီးများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပါတယ်………………
 
Lu Soe Lay
ဘကြီးသက်
Unknown at 10:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂက်(စ်)အိုး အရောင်းဆိုင်များ ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ဖွင့်ခွင့်ပိတ်ပင်


From : ခေတ်လူငယ်

ဂက်(စ်)အိုးနှင့် ပေါက်ကွဲစေတတ်သောပစ္စည်း ရောင်းချသည့် ဆိုင်များအား ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ဆက်လက်ဖွင့်လှစ် ရောင်းချခွင့်များ ပေးသွားတော့မည် မဟုတ်ဟု သက်ဆိုင်ရာမှ သတင်းရရှိသည်။ အဆိုပါ ပစ္စည်းများ ရောင်းချခြင်းကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရပြီး မီးလောင်မှု ဖြစ်ပွားပါကလည်း ပတ်ဝန်းကျင်ကို အန္တရာယ်များစွာ ရှိစေခြင်းကြောင့် ကန့်သတ်တားမြစ်ရခြင်း ဖြစ်သည်ဟုလည်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အရောင်းဆိုင်များကို မြို့တွင်း ခြောက်မြို့နယ်တွင် ရောင်းချခွင့် မပြုတော့သော်လည်း ဘုရင့်နောင်လမ်းရှိ သတ်မှတ်နေရာများတွင် ရောင်းချသွားစေမည်ဟုလည်း သိရသည်။ လမ်းမတော်မြို့နယ်တွင် စက်တင်ဘာ ၇ ရက်က အိမ်သုံး ဂက်စ်ပစ္စည်းဆိုင် တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ အဆိုပါ မီးလောင်မှုမှာ ၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် အန္တရာယ်အရှိဆုံး မီးလောင်မှုဟု သတ်မှတ်မှုများ ပင်ရှိခဲ့ပါသည်။ အဆိုပါ မီးလောင်မှုမှာ အချိန် ၂ နာရီကြာမျှ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုယ်တိုင် သွားရောက်ကြည့်ရှု ညွှန်ကြားမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။ ဂက်(စ်)အိုး ရောင်းချသော ဆိုင်များအနေဖြင့် အိုးအလွတ် သပ်သပ်ရောင်းချပါက အန္တရာယ် မရှိနိုင်သော်လည်း ဂက်စ်ငွေ့များ ဖြည့်တင်းရောင်းချမှုများ ရှိလာသောကြောင့် အန္တရာယ်ရှိသည့် အနေအထားရှိနေကြောင်း မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက မှတ်ချက်ပြုပြောကြားသွားခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ထုတ် News Watch Weekly  ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express

ဘကြီးသက်
Unknown at 10:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.