Saturday, September 15, 2012

နေပြည်တော်၌ MPU စနစ်အတွက် Recovery Center ဆောက်လုပ် သွားမည်


Myanmar Payment Union MPU Data များ အကြောင်း တစုံတရာကြောင့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါက Data Back Up အနေနဲ့ ရှိနေစေဖို့ အတွက်
နေပြည်တော်မှာ Recovery Center ၁ ခု ဆောက်လုပ် သွားဖို့ ရှိတယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကင်းမြို့နယ်၊ ဗဟိုဘဏ်မှာ ကျင်းပပြုလုပ်တဲ့ Myanmar Payment Union Card ထုတ်ဝေ သုံးစွဲခြင်းနဲ့ ပတ်သက်တဲ့ ရှင်းလင်း တင်ပြခြင်း အခမ်းအနားမှ MPU စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးရဲမင်းဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို Recovery Center ဆောက်လုပ် ရခြင်းမှာ ရန်ကုန်ရှိ Data Center ရှိစက်များ အကြောင်း တစ်စုံတစ်ရာကြောင့် တစ်ခုခု ဖြစ်သွားခဲ့ရင် နှောင့်နှေး ကြန့်ကြာမှုများ မရှိစေဖို့ အတွက် Data များ သိမ်းဆည်း ထားဖို့ အတွက် ဖြစ်ပါတယ်။ အခု လက်ရှိမှာ MPU အတွက် ရုံးခန်း Data Center ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်မှာ ထားရှိထားတာ ဖြစ်ပါတယ်။

အဆိုပါ Data Center ကနေပြီး MPU ကတ်များကို ဘဏ်များအလိုက် ထုတ်ဝေပေးခြင်း၊ ATM စက်များနဲ့ ချိတ်ဆက် အသုံးပြုတဲ့ POS စက်များမှာ သုံးစွဲမှု၊ ပေးချေမှုများ စာရင်း ရှင်းလင်းနိုင်ဖို့ ဆောင်ရွက်ပေးခြင်း၊ MPU ကတ်သုံးစွဲခြင်း ၀န်ဆောင်မှု လုပ်ငန်း အတွက် စီမံခန့်ခွဲ ဆောင်ရွက်ခြင်း များကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခု လက်ရှိမှာ MPU ရဲ့ Card System Project အတွက် ပြည်တွင်းမှ MIT ကုမ္ပဏီနဲ့ Access Spectrum ကုမ္ပဏီတို့မှ Network နဲ့ Software ပိုင်းဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက် လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။

ဘကြီးသက်
Unknown at 8:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အဖွင့်ပွဲ မြန်မာအသင်း ဂိုးပြတ်နိုင်



From : The Voice

ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသာ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အုပ်စု(က) အဖွင့် ပွဲစဉ်တွင် မြန်မာအသင်းက ဖီလစ်ပိုင် အသင်းအား သုံးဂိုးပြတ် အနိုင် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာအသင်း၏ အဖွင့်ဂိုးကို ပထမပိုင်း ပွဲအစ ငါးမိနစ်တွင် စန်းစန်းမော်က ၁၈ ကိုက်စည်း အတွင်း ဒိုက်ဗင်ထိုး ၍ ခေါင်းတိုက် သွင်းယူ ပေးခဲ့သည်။ ပွဲချိန် ၃၈ မိနစ်တွင် ဖိလစ်ပိုင် နောက်ခံလူ အမှားမှ တစ်ဆင့် ရရှိလာ သည့် အခွင့်အရေးကို နီလာမြင့် အပိုင် အသုံးချ နိုင်ခဲ့သဖြင့် မြန်မာအသင်း ပထမပိုင်းတွင် ၂-၀ ဖြင့် ဦးဆောင်ခဲ့ သည်။

ဒုတိယပိုင်း ပွဲချိန်(၈၂) မိနစ် အရောက်တွင် သန်းသန်းထွေး ပေးပို့မှုကို ရီရီဦးက ဂိုးဧ ရိယာထဲ ဆွဲဝင် ကန်သွင်းယူရန် ကြိုးစားခဲ့ရာ ဖိလစ်ပိုင် နောက်တန်းလူက ဥပဒေပ ဖျက်ထုတ် ခဲ့သောကြောင့် မြန်မာအသင်း ပင်နယ်တီ ကန်ခွင့် ရခဲ့သည်။ယင်းပင်နယ်တီကို စန်းစန်းမော်က အမှားအယွင်းမရှိ ကန်သွင်းယူသ ဖြင့် မြန်မာအသင်း (၃-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် ၂၀၁၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် (AFF Women's Championship 2012) ပွဲစဉ်ကို စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင် ကျင်းပလျှက် ရှိရာ မြန်မာအသင်းအနေဖြင့် ဒုတိယပွဲစဉ် အဖြစ် စက်တင်ဘာ ၁၅ရက်နေ့တွင် စင်ကာပူနှင့် ဆက်လက် ရင်ဆိုင် ရမည် ဖြစ်သည်။မြန်မာအသင်းသည် အုပ်စု(က)တွင်အိမ်ရှင် ဗီယက်နမ်၊စင်ကာပူ၊ဖိလစ်ပိုင် တို့နှင့် အတူ ကျရောက် နေသည်။

Myanmar Express

ဘကြီးသက်
Unknown at 7:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးပိုင် အလောင်း ဒေသခံများ မီးသင်္ဂြိုလ် လိုက်ပြီ (ရုပ်/သံ)

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးတွက် လှုပ်ရှားမှုကို ထိပ်တိုက် ရင်ဆိုင်ပြီး ဆူပူအုံကြွ နေသည်ဟု ယူဆပြောနေမှုသည် ဦးပိုင်ကုမ္ပဏီဘက်မှ ကာကွယ်နေခြင်း ဖြစ်သောကြောင့် ၁၅.၀၉.၂၀၁၂နေ့တွင် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားနေသူများက ရှုံချသည့် အနေဖြင့် ဦးပိုင် အလောင်းထည့်ထားသည့် အခေါင်းပုံ ပြုလုပ်ပြီ လိုက်ပါပို့  ဆောင် မီးသင်္ဂြိုလ်လိုက်သည်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ











 MNN .
ဘကြီးသက်
Unknown at 4:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေဝါရောင် မေတ္တာ စာအုပ်နှင့် စာရေးသူရဲ့ နှလုံးသား


ဓာတ်ပုံ- Ashin Htavara

ဒီလ ဟာ စက်တင်ဘာလ ဖြစ်တယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ မှာ ဘာတွေ ဖြစ်ခဲ့ဖူးလဲ ???


ပေးဆက်သူတို့၏ ရွှေဝါရောင် နှလုံးသား


အရှင် ထာဝရ

“အော်စကာဆုချီးမြှင့်ပွဲ ရွှေဝါရောင် သံဃာတော်တွေကို ဖိတ်ကြား ” ဟူသော သတင်းခေါင်းစဉ်ဖြင့် ဖေဖော်ဝါ ရီလ ၂၄ ရက်နေ့က သတင်းခေါင်းစဉ်တစ်ခုကို တွေ့မြင်မိပြီး စိတ်ဝင်စားစွား ဖတ်ကြည့်မိသည်။

ထူး ခြားတာကတော့ ဟောလိဝုဒ်ရုပ်ရှင်အော်စကာဆုလျာထားစာရင်းထဲမှာ ၂၀၀၇ က မြန်မာနိုင်ငံ တွင်း ပြည်သူတွေရဲ့ စား ၀တ်နေရေး အထွေထွေအခက်အခဲတွေအတွက် သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက် ဆန္ဒပြပွဲကို အခြေခံရိုက်ထားတဲ့ Burma VJ မှတ်တမ်းတင်ရုပ်ရှင်ကားကို ထည့်သွင်းထားခြင်း ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ဖေဖော်ဝါရီလ ၂၃ ရက်နေ့သတင်းတစ်ခုမှာ နောက်ထပ် “ သံဃာတော် များ ဖမ်းဆီးရန်ရှိဟု မယက ပြော ” ခေါင်းစဉ်နဲ့ သတင်းတစ်ခုကိုပါ တွဲလျက်တွေ့ရပါသည်။

ဒီသတင်းနှစ်ခုကို ဖတ်ရှုရင်း ကျွန်တော့်အတွက် စဉ်းစားစရာတွေ ဖြစ်လာပါတော့သည်။ ကျွန်တော်သိ ရသလောက် ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအတွင်းမှာ သံဃာတော်တွေ၊ သီလရှင်များပါမကျန် မြတ်ဗုဒ္ဓ ၏ သာသနာ့ဝန်ရှင်ရဟန်းများမှာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါသည်။

သူတို့ဟာ ငိုရှိုက်သံ၊ သက်ပြင်း ချသံ တွေကို နိစ္စဓူဝ ကြားသိမြင်တွေ့နေရတဲ့အပြင်၊ သံဃာတော်တွေကို စစ်မိစ္ဆာလက်ဝေခံတွေက တိုင်မှာကြိုးတုတ် ရိုက်နှက်၊ ညှင်းဆဲပြီး နှစ်ပေါင်း နှစ် ထောင်ကျော်
ကြာ အောင် မြင့်မြတ်စွာ တည်တံ့ခိုင်မြဲ အခြေတည်လာတဲ့ ဗုဒ္ဓ၏ သံဃာ့အဖွဲ့ အစည်းကိုပါ စော်ကားလို့ မခံမရပ်နိုင်ဖြစ်ပြီး အဓမ္မတရားတွေကို ဆန့်ကျင်ပြခဲ့ကြပါသည်။

လောက၌ “ အဓမ္မ ” မလွှမ်းမိုးနိုင်အောင်ကြိုးပမ်းခြင်းသည် မျိုးချစ်အာဇာနည်တို့၏ လုပ်ငန်းနှင့် သူတို့ ၏ တာဝန်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားကိုကျင့်ကြံလိုက်နာပွားများနေသော သံဃာတော် အရှင်မြတ်များသည် နအဖစစ်မိစ္ဆာတို့၏ ဘာသာ၊ သာသနာ၊ လူမျိုးအပေါ် စော်ကားမှုများလာသောအခါ သူတော်ကောင်းတို့၏ ထုံး နှလုံးမူ ပြီး ငြိမ်းချမ်းစွာမေတ္တာပို့၍ အဓမ္မတရားတွေ ပျံ့နှံ့အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။

ဗုဒ္ဓဒေသနာတော်များ၌ အသာစံခြင်း နှင့် အနာခံခြင်းနှစ်မျိုးတို့တွင် အနာခံခြင်းက အသာစံခြင်းထက် တန်ဖိုးကြီးကြောင်း တွေ့ရသည်။ အနာခံခြင်းကား မြင့်မြတ်သူများသာ လုပ်နိုင်သော လုပ်ငန်းဖြစ်၏။

ထိုကဲ့သို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မကို အမှန်တကယ်သက်ဝင်ယုံကြည်သော ရဟန်းသံဃာတော်မြတ်များသည် ၂၀၀၇ စက် တင်ဘာတော်လှန်ရေးတွင် ကာယအားဖြင့်တသွယ်၊ စိတ်ဓါတ်ပိုင်းဖြင့်တစ်ဖုံ ပါဝင်ပတ်သတ်ခဲ့ပြီး ဘာသာ၊ သာ သနာ၊ လူမျိုး အကျိုးအတွက် ပေးဆပ်ခဲ့ကြသည်။

ထိုထိုသောများမြောင်လှသည့် သာသနာ့အာဇာနည်အရှင်မြတ်များထဲမှ ၂၀၀၇ စက်တင်ဘာသံဃာ့ လှုပ်ရှားမှု တွင် သန္ဓေတည်ပေါက်ဖွားလာခဲ့သော “ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ ” ( All Burma Monks Representative Committee ) အကြောင်းကို အကျဉ်းတင်ပြချင်ပါသည်။

၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့တွင် ပခုက္ကူမြို့၌ သံဃာအပါး ၅၀၀ လောက်က မေတ္တာသုတ်များ ရွတ် ဆိုပြီး လှည့်လည်ခဲ့သည်။ ရည်ရွယ်ချက်မှာ အခြေခံစားသုံးကုန်စည်ဈေးနှုန်းလျော့ချရေး နှင့် ပြည်သူတို့၏ လူမှု ဘ၀ ပြဿနာများ ပြေလည်အောင်လုပ်ပေးရန် နအဖအာဏာပိုင်တို့အား တောင်းဆိုခြင်းဖြစ်သည်။ဘုရား၊ တရား၊ သံဃာဂုဏ် ကျေးဇူးကို မသိနားမလည်သော နအဖလက်ပါးစေများက ဦးပညာစက္က နှင့် ဦးပညာနန္ဒ ဘွဲ့အမည်ရှိသော ကိုယ်တော်နှစ်ပါးကို ဓာတ်တိုင်ကြိုးတုတ်ပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပါသည်။

အဲ့ဒီမှာတင် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုလို့ ကမ္ဘာ့သမိုင်း နှင့် မြန်မာ့သမိုင်း အပါအ၀င် ဘာသာရေးသ မိုင်းမှာပါ မော်ကွန်းဝင်ကမ္မည်းထိုးထိုက်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး စခဲ့ပါသည်။ ဆရာတော်၊ သံဃာတော် များက နအဖစစ်အာဏာပိုင်များအား ကျူးလွန်ခဲ့သည်များကို ပြန်လည်ဝန်ချတောင်းပန်စေခဲ့ပါသည်။ ဒါပေမယ့် လူသတ်လက်နက် ကိုသာ အားကိုးပြီး အာဏာမှိုင်းမိနေသော မကောင်းဆိုးဝါးများ ပူးကပ်နေသော နအဖ စစ်အာ ဏာရှင်များဟာ ဒေ၀ဒတ်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါသည်။

၂၀၀၇ စက်တင်ဘာ ၁၇ မှာ ရွှေတိဂုံစေတီတော် မြတ်ခြေရင်းမှာ ရဟန်းသံဃာ ၁၀၀၀ ကျော် နှင့် ကျောင်းသား၊ လူထုအပေါင်းတို့ စုဝေးချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။ တစ်ရက်ပြီးတစ်ရက် ဆန္ဒပြမှု အဟုန်ဟာ ကြီးမားလာခဲ့ပါသည်။ မိမိအာဏာတန်ဖိုးကြီးကြောင်း ပြသလိုတဲ့ စစ်အာဏာရှင်တွေဟာ မာရ်နတ် စစ်သည်
တွေ ဗုဒ္ဓမြတ်စွာကို အံတုပြိုင်ခဲ့သလို သံဃာအဖွဲ့အစည်းကို စိန်ခေါ်ခဲ့ကြပါသည်။

စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ သံဃာ့အင်အား ထောင်ပေါင်းများစွာနှင့် ကျောင်းသား၊ ပြည်သူ လူထုအပေါင်းတို့ဟာ ရွှေတိဂုံစေတီတော်မှသည် ဆူးလေစေတီတော်ကြီးထိတိုင်အောင် ချီတက်ခဲ့ကြပါသည်။

ထိုနေ့ ညနေ ၄ နာရီအချိန်မှာဘဲ ရဟန်း၊ သံဃာ၊ သီလရှင်၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့၏ အားပေး ထောက်ခံ မှုဖြင့် “ ဗမာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့ ” ( All Burma Monks Representative Committee ” ကို ဆူးလေစေတီတော်ရင်ပြင်ပေါ်မှာဘဲ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။


ထိုအဖွဲ့သည် ဓမ္မအတွက် တိုက်ပွဲဝင်ရသော စစ်မြေပြင်တွင်ပွင့်ဖူးသော ပန်းမြတ်တော်ဝင်တစ်ခုပင် ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ် -

၁။ အရှင်ကောဝိဒ ( ဥက္ကဌ )
၂။ အရှင်ထာဝရ ( အထွေထွေ အတွင်းရေးမှူး )
၃။ အရှင်နေမိန္ဒ ( သတင်းနှင့်ပြန်ကြားရေး )
၎။ အရှင်စန္ဒီယ ( စည်းရုံးရေး )
၅။ အရှင်သံဝရ ( စည်းရုံးရေး )
၆။ ရှင်ဣန္ဒက ( ဘဏ္ဍာရေးမှူး )
၇။ အရှင်ဇာဂရ ( စည်းကမ်းထိန်းသိမ်းရေး )
၈။ ကေသရိန္ဒ ( ရုံးအကြီးအကဲ )
၉။ အရှင်သာသန ( ရုံးအဖွဲ့ )
၁၀။ အရှင်ရသ ( ရုံးအဖွဲ့ )
၁၁။ အရှင်ဥတ္တမ ( ရုံးအဖွဲ့ )
၁၂။ အရှင်ဓမ္မညာဏ ( ရုံးအဖွဲ့ )
၁၃။ အရှင်ဝိဇယ ( ရုံးအဖွဲ့ )
၁၄။ ရှင်လက္ခဏ ( ရုံးအဖွဲ့ )
၁၅။ ရှင်ထေရ၀ံသ ( ရုံးအဖွဲ့ )
တို့ဖြစ်ပါသည်။

အရှင်ထာဝရဦးဆောင်တဲ့အဖွဲ့ဝင် ၁၅ ပါးဦးဆောင်တဲ့ ဒီအဖွဲ့ကြီးကို သာသနာရေးဝန်ကြီး ဗိုလ်ချုပ် သူရမြင့်မောင် က သံဃာတု၊ သံဃာယောင်များဖြစ်ကြောင်း မဟာသံဃာ့နာယကအဖွဲ့ ကို စေလျှောက်တင်ခဲ့ သည် လို့ သိရပါသည်။

ဒါ့အပြင် ဒီတရားမ၀င်အဖွဲ့ကြီးဟာ ထိုင်းနယ်စပ်မှာ ဖွဲ့ခဲ့တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်လုပ်ကိုင်နေပါသည်ဟု လိမ်လည်တင်ပြခဲ့ပါသည်။

ဒီအဖွဲ့ကြီး ရည်ရွယ်ချက်ကတော့ ဗုဒ္ဓသာသနာအဓွန့်ရှည်ရေး၊ တိုင်းပြည်တွင်း ပြည်သူတို့ခံစားနေရ သော စားဝတ်နေရေး အဆင်ပြေရေး၊ ငြိမ်းချမ်းသော တိုင်းပြည်ဖြစ်ရေး ….. စတဲ့ လူသားတို့ ဘ၀ သာယာချမ်းမြေ့ရေး အတွက် ရည်ရွယ်ပါသည်။

အဖွဲ့တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီဖြစ်လို့ ဒီသံဃာ့ကိုယ်စားလှယ်များအဖွဲ့ကြီးဟာ မြန်မာနိုင်ငံ လုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု ကဲ့သို့သော သံဃာ့အဖွဲ့များနှင့်အတူ ဆင်းရဲအတိဒုက္ခရောက်နေကြသော သန်း ၅၀ ကျော် မြန်မာပြည်သူတို့အတွက် သေနတ်ကိုင်ပြီး ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်များကို အံတုနိုင်ခဲ့ သည်။

၂၀၀၇ စက်တင်ဘာ ၂၂ မှာဆိုရင်ဖြင့် သံဃာ့ကိုယ်စားလှယ်များအဖွဲ့ဝင် သံဃာတော်များဟာ အခြား သံဃာတော်များနှင့်အတူ အကျယ်ချုပ်ခံနေရသော ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိ ရာသို့ ရဲရဲဝံ့ဝံ့သွားရောက်ပြီး မေတ္တာပို့ဆုမွန်ကောင်းများကို ၁၅ မိနစ်ခန့်ပေးခဲ့သည်။

လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် ခြံဝထွက်ပြီး သံဃာတော်များကို ဂါရ၀ပြုခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်များအဖွဲ့ဝင် သံဃာတော်တို့၏ ဓမ္မအတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင် ခဲ့ပုံ၊ လူထုတွေ ကြုံတွေ့နေရသည့်ဒုက္ခကို စာနာနားလည်ပုံ နှင့် ကယ်တင်လိုစိတ်ကို စက်တင်ဘာ ၂၃ ရက်နေ့ တွင် အထင်အရှားတွေ့မြင်နိုင်သည်။

ဘုရား၊ တရား၊ သံဃာတို့၏ ဂုဏ်ကျေးဇူးထက် သေနတ်ကိုင် အာဏာရှင် စစ်မိစ္ဆာတို့၏ အမိန့်ကိုသာ နာခံ တတ်သော လက်ပါးစေတို့၏ သေနတ်ပြောင်းဝအောက်တွင် ပြည်သူသန်းပေါင်း များစွာ၏ အသက်အိုးအိမ် အတွက် အမှန်တရားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ရဲသော ရဟန်းအာဇာနည်၊ လူအာဇာနည် တို့၏ စိတ်ဓါတ်ကား အံ့သြဖွယ်ပင်ဖြစ်ပါသည်။

ထိုစက်တင်ဘာ၂၃ ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးနေရာတွင် နေ့လည် နှစ်နာရီခွဲလောက်မှစပြီး လူထုဟောပြောပွဲကြီး ကျင်းပနိုင်ခဲ့သည်။ ကဗျာဆရာကိုအောင်ဝေး၊ ကျောင်းသား ခေါင်းဆောင် ကျော်ကိုကို တို့လည်း တတ်ရောက်ဟောပြောခဲ့ပါသည်။

တတိယမြောက်ဟောပြောသူကတော့ သံဃာ့ကိုယ်စားလှယ်များအဖွဲ့မှ အရှင်နေမိန္ဒ (စာရေးသူ။ မှတ်ချက် ယခု ထိုင်း၊ မြန် မာနယ်စပ်တွင် ဆင်းရဲကျပ်တည်းစွာ သတင်းသုံးနေရသူ၊) ဖြစ်သည်။

အရှင်နေမိန္ဒက ရသန်းရှင်လူကျောင်းသားအပေါင်းတို့အား မိန့်ခွန်းဟောရာတွင် “ ကျောင်းသားများ၊ ပြည်သူများ အားလုံး ညီညီညွတ်ညွတ်ရှိကြပါ။ သဟဇာတရှိရှိနေထိုင်ကြပါ။

တစ်သဘောတည်းထားကြပါ။ ကျောင်းသား နှင့် ပြည်သူလူထုကြီးအပေါင်းတို့ ဒီလှုပ်ရှားမှုကြီးမှာ တစ်ဦး နဲ့ တစ်ဦး သွေးမကွဲဘဲ ညီညွတ်စွာ သံဃာ တော်များနှင့်ပူးပေါင်းကြရန် ” မေတ္တာရပ်ခံဟောကြားခဲ့ပါသည်။


မြတ်ဗုဒ္ဓ၏ သွန်သင်မိန့်ကြားချက်များအတိုင်း ပဋိပတ္တိ၊ ပဋိယတ္တိ၊ ပဋိဝေဒ သုံရပ်ကိုသာ ကျင့်ကြံပွားများ
လေ့လာ နေကြသော ရဟန်းသံဃာတော်များမှာ ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်လာ “ ဥပနိဿပစ္စည်း ” အရ အားကြီးသော ကျေးဇူးပြုခြင်းဖြင့် ကျေးဇူးပြုသောသဘောအတိုင်း မြန်မာနိုင်ငံတော်ကြီးကို ကျေးဇူးဆပ်ရန်
သေနတ်ပြောင်း ၀အောက် ရဲရဲဝံ့ဝံ့ ရပ်နိုင်ခဲ့လေပြီ။

ကျေးဇူးရှင်ကို ဤလောကမှ မပျောက်ကွယ်ရလေအောင် ကျေးဇူးဆပ်ရန်မှာ လူပီသသောလူသားတိုင်း၏ တာဝန်ပင်မဟုတ်ပါလော။ တိုင်းရင်းသားအချင်းချင်း၊ တိုင်းသူ ပြည်သားအချင်းချင်း၊ လူသားတိုင်းအချင်းချင်း ကို သူတော်ကောင်းတို့ ထုံး နှလုံးမူပြီး “ သမ္မ၀ါယ သမ္မန္ဓ ” နည်းအရ စည်းရုံးစေသည်မှာ မြင့်မြတ်သူတို့၏ အကျင့်မြတ်တစ်ခုပင် ဖြစ်ပါသည်။

မြင့်မြတ်သူဖြစ်လိုလျှင် အများအတွက် တကယ်လိုအပ်တဲ့အခါမှာ အနစ်နာခံလိုစိတ်ရှိရမည်ဖြစ်သည်။ မြင့်မြတ်သူဖြစ်လိုလျှင် မြင့်မြတ်သောနှလုံးသားရှိရုံမက လက်တွေ့အားဖြင့်လည်း တာဝန်ယူ လုပ်ကိုင် ရဲရမည် ဖြစ်သည်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ထိုကဲ့သို့စိတ်ထားမြင့်မြတ်ပြီး အများအတွက် အနစ်နာခံရဲသူများ ကိုတွေ့နိုင်ပါသည်။

အရှင်နေမိန္ဒနောက် သံဃာ့ကိုယ်စားလှယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး အရှင်ထာဝရ ( ယ္ခု အိန္ဒိယ နိုင်ငံတွင် သီတင်းသုံးနေ ) က ဟောပြောခဲ့သည်။ အရှင်ထာဝရက “ ကိုယ်တော်တို့ဟာ သာသနာ့ဝန်ထမ်း ရှင်ရဟန်း များဖြစ်သည့်အားလျှော်စွာ သွေးထွက်သံယိုဖြစ်မည့် ပြဿနာမျိုးကို လုံးဝအလိုမရှိပါ။

ငြိမ်းချမ်းစွာ စေ့ စပ်ဆွေးနွေးပြီး အဖြေရှာလိုပါသည်။ ယခုအခါမှာ မိမိပြည်သူတွေ ဘာကို အရေး တကြီးတောင်း ဆိုနေတယ်ဆို တာကို နအဖအာဏာရှင်အနေနဲ့ ကောင်းကောင်း နားလည်သဘောက်ပေါက် မယ်လို့ ယုံကြည်ပါတယ်။

ဗမာနိုင်ငံမှာ မြေပေါ်မြေအောက် သဘာဝသယံဇာတပေါကြွယ်ဝပါတယ်။ တကယ်ဆို ခေတ်မီနိုင်ငံတစ်ခုဖြစ် ရမှာပါ။ ဒါ ပေမယ့် နအဖအာဏာပိုင်တွေက သူတို့အကျိုးစီးပွားအတွက်ဘဲ လုပ်နေကြလို့ ကမ္ဘာ့ အဆင်းရဲဆုံး
နိုင်ငံ ဖြစ်နေပါ ပြီ။ လက်တစ်ဆုပ်စာခန့်သာရှိသော စစ်အာဏာပိုင်များ နှင့် အပေါင်းပါလူတစ်စုက တိုင်းပြည် သယံဇာတတွေကို မတရားလက်ဝါးကြီးအုပ် ခွဲယူသုံးစွဲနေလို့ ပြည်သူတွေမှာ အလွန်ဘဲ ဆင်းရဲနေရပါတယ်။

သူတို့လက်တစ်ဆုပ်စာ ကောင်းစားဖို့ သန်း ၅၀ ကျော်တို့၏ အသက်အိုးအိမ်စည်းစိမ်တွေကို စတေးခံနေရပါ တယ်။ ဒါဟာ လုံးဝ မတရားပါဘူး။

နအဖရဲ့အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရားဟာ အလွန်သေးသိမ်ပြီး မင်းကောင်းတို့ရဲ့ စရိုက်လက္ခဏာ နဲ့ လုံးဝမကိုက်ညီပါဘူး။ တကယ်တော့ မြန်မာပြည်သူလူထုအများစုဟာ ဆင်းဆင်းရဲရဲ နေထိုင်နေရပေမယ့် အ တွေးအခေါ်နဲ့ ဆင်ခြင်တုံတရားမှာ ကမ္ဘာ့အဆင့်မီပါတယ်။

ဒါပေမယ့် ညံ့ဖျင်းလှတဲ့ အုပ်ချုပ်ရေး ယန္တရားကြောင့် သာ ဒီလိုကြမ္မာဆိုးတွေနဲ့ ကြုံတွေ့နေရပြီး ကမ္ဘာပေါ်မှာ မျက်နှာငယ်နေရတာပါ။ စစ်အုပ်စုအနေနဲ့လည်း ဗမာ ပြည်တွင်းပြဿနာတွေကို နားလည်သဘောပေါက်ပါ လိမ့်မယ်။ ဒါပေမယ့် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို မသိ တာဘဲ ဖြစ်ပါလိမ့်မယ်။

သူတို့တွေဟာ အဲ့ဒီလိုပြဿနာတွေကို လှည့်ဖြားဖို့ လမ်းပြမြေပုံ ( ၇ )ရပ်ကို ထုတ်ခဲ့တာပါ။ အဲ့ဒီမြေပုံ မှာ ပြည်သူတွေ ကို အကျိုးယုတ်စေမှာဘဲ ဖြစ်ပါတယ်။

မင်းကျင့်တရား ( ၁၀ ) ပါးကို လိုက်နာတဲ့ မင်းကောင်းမင်းမြတ်ကြောင့်သာ တိုင်းပြည်ငြိမ်းချမ်းသာယာ ပြီး စည်ပင်ဝပြောနိုင်မှာ ဖြစ်ပါတယ်။ အာဏာရှင်ဆန်ဆန်အုပ်ချုပ်ပြီး မင်းကျင့်တရား ( ၁၀ ) ပါးမညီညွတ်တဲ့ မင်းဟာ ပြည်သူပြည်သားတွေရဲ့ ရိုသေလေးစားမှုကို မရနိုင်ပါဘူး။ ထို့ပြင် အဲ့ဒီတိုင်းပြည်ဟာ မတည်မငြိမ်ဖြစ် ပြီး ကပ်အမျိုးမျိုးဆိုက်ရောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်တော်အနေနဲ့ စစ်အာဏာရှင်တွေကို တိုက်တွန်းချင်တာကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီနည်းကျပြီး တရားမျှတတဲ့ အစိုးရဖြစ်အောင် လုပ်ကြပါ။ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ သဘောထား ကြီးစွားထားပြီး ဖြေရှင်းကြပါ။ ကြမ်းတမ်းတဲ့ ဖြိုခွဲရေးနည်းလမ်းကို မသုံးကြပါနဲ့။ နိုင်ငံရေးနည်း ကို နိုင်ငံရေး နည်း ဖြင့်သာ ဖြေရှင်းကြပါ။ တိုင်းရင်းသားအုပ်စုတွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်အောင် လုပ်ကြပါ။
နိဂုံးချုပ်ပြောရရင် စစ်အစိုးရအနေနဲ့ ပြဿနာတွေကို မဖြေရှင်းဘူးဆိုရင် ကိုယ်တော်တို့ သံဃာတော်များ ဟာ ပြည်သူနဲ့ပူးပေါင်းပြီး မကြောက်မရွံ့ ငြိမ်းချမ်းသောနည်းနဲ့ ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ ”


တစ်ကမ္ဘာလုံးက အရက်စက်ဆုံးလို့ သတ်မှတ်ထားခံရတဲ့ ဗမာစစ်အာဏာရှင်တို့ကို ယခုလို ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ် သားသား တောင်းဆိုရဲသော သံဃာတော်များ၏ သတ္တိမှာ အံ့သြချီးကျူးဖွယ်ဖြစ်သည်။ ယမ်းငွေ့ဝေနေ တဲ့ သေနတ်ပြောင်းဝတည့်တည့်မှာ မိမိတို့ရဲ့ အသက်ခန္ဓာကို ပေးဆပ်ပြီး အများအတွက် အနစ်နာခံရဲတဲ့ အာ ဇာနည်တွေရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကို တွေ့နိုင်ပါသည်။

သူရဲကောင်းအစစ်အမှန်များကို စစ်မြေပြင်မှာသာ တွေ့နိုင်သလို စိတ်ဓါတ်မြင့်မြတ်ပြီး အများအကျိုး တကယ်ဆောင်ရွက်နေသူများကိုလည်း လူထုကြားမှာသာ တွေ့နိုင်ပါလိမ့်မယ်။ သူတို့သာလျှင် လူထုရဲ့ မျက် ရည်ကို တွေ့နိုင်မယ်။ လူထုရဲ့သက်ပြင်းချသံကို ကြားနိုင်မှာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်လို့ ဆရာကြီး ဦးရွှေအောင် ရေးသားပြုစုခဲ့တဲ့ ဗုဒ္ဓ ( သို့ ) လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ( စာ - ၂၁ ) မှာ -
နိုင်ငံဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်၊ လူမျိုးအတွက် အနစ်နာခံနိုင်သူများ၊ ဘ၀ကို စတေးနိုင်သူ များ ပေါများသည်နှင့်အမျှ ထိုနိုင်ငံ၊ ထိုလူမျိုးသည် ကမ္ဘာ၌ ထိပ်တန်းနိုင်ငံ၊ ထိပ်တန်းလူမျိုး ဖြစ်မည်မှာ သေချာ ၏။ ဤနေရာ၌ ထိပ်တန်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၌ ထိပ်တန်းကို ဆိုလိုသည်မဟုတ်။

အတတ်ပညာပိုင်း ဆိုင်ရာ ပြည့်စုံမှု၌လည်း ထိပ်တန်းကို ဆိုလိုသည်မဟုတ်၊ ကိုယ်ကျင့်သိက္ခာပိုင်း ဆိုင်ရာ ပြည့်စုံမှု၌သာ ထိပ်တန်း ကိုဆိုလိုခြင်းဖြစ်၏။ အမှန်အားဖြင့် ရင့်ကျက်သောအမြင်ဖြင့် ကြည့်ပါက ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများသည်လည်း မြတ်နိုးဖွယ်မဟုတ်။

အတတ်ပညာပိုင်းဆိုင်ရာ ပြည့်စုံမှုများသည်လည်း မြတ်နိုးဖွယ်မဟုတ်။ တကယ်တမ်း မြတ် နိုးဖွယ်ကား “ ကိုယ်ကျင့်သိက္ခာ နှင့် ပြည့်စုံမှု ” သာ ဖြစ်၏။ ဤနေရာတွင် အောက်ပါ ဓမ္မပဒဂါထာ၏ အဆိုအ မိန့်သည် များစွာ မှတ်သားဖွယ် ကောင်း၏။ မှတ်သားဖွယ်ကောင်းသည့် အလျောက်လည်း လိုက်နာကျင့်ကြံနိုင် အောင် ကြိုးပမ်းဖို့ ကောင်း၏။

ဂါမေ ၀ါယဒိ ယဒိ ၀ါ’ ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။
ယတၱ အရဟေႏၱာ ၀ိဟရႏၲိ၊ တံ ဘူမိ ရာမေဏယ်ကံ။
( ဓမၼပဒဂါထာ - ၉၈ )

“ ဒေသတစ်ခုသည် “ ရွာ ” ဖြစ်ချင်ဖြစ်မည်။ “ တော ” ဖြစ်ချင်ဖြစ်မည်။ “ ချိုင့်ဝှမ်း ” ဖြစ်ချင်ဖြစ်မည်။ “ ကြည်ကုန်း ” ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်များ နေထိုင်ရာ ဖြစ်ရိုးမှန်ပါက ထိုနေ ရာ၊ ထိုဒေသသည် ကမ္ဘာ့မြေအပြင်တွင် မွေ့လျှော်ဖွယ် အကောင်းဆုံး ဖြစ်၏။ဟုဆိုထားပါသည်။ ဆင်ခြင် သတိမှုရာပင်ဖြစ်သည်။ ”

ယခု အချိန်မှာ ဆိုရင် စစ်အာဏာရှင်များဟာ သူတို့ အာဏာတည်းမြဲရေးအတွက် ပြည်သူတွေ မျက်ရည် တစ်ဖြိုင်ဖြိုင်ကျနေတဲ့ ကာလမှပင် ဆန္ဒခံယူပွဲကို အတင်အားဓမ္မလုပ်ခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် တိုင်းရင်းသားခေါင်းဆောင်၊ ကျောင်းသားခေါင်းများနှင့် အမှန်းတရားအတွက် တိုက်ပွဲ့ဝင်နေကြသူ ထောင်ပေါင်းများစွာကို ဖမ်းဆီနှိပ်စက် အပြစ်ပေးထားပါတယ်။

ကမ္ဘာနှင့် မြန်မာပြည်သူများကို နည်းလမ်းပေါင်းစုံးဖြင့် သတ်ဖြတ် ညှင်ဆဲပြီး ဘာသာ သာသနာ ကို စော်ကားနေသော ဒီ နအဖ စစ်အာဏာရှင်များကို သူတော်ကောင်းတို့၏ စိတ်နှလုံးသားရှိသူတိုင် နစ်နာခံ တွန်းလှန်းဖယ်ရှားဖြစ်ရပါမယ်။ ထို့မှာသာ ဘာသာ သာသနာနှင့် လူမျိုးဂုဏ်တင့်တယ်မှာပါသော်သည်။

ရေးသားသူ။ Dhammawira (HDAK) ပြည်ပရောက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ ၂ နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုရေးဖွဲ့ပါသည်။

စာရေးသူ အရှင်ထာဝရ၏ ဖေ့စ်ဘုတ်စာမျက်နှာ။

ဘကြီးသက်
Unknown at 1:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ပံတောင်း အရေး ဖမ်းဆီးထားသူများ ခံဝန်ကတိဖြင့် ပြန်လွှတ်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာသိမ်းထားမှုကြောင့် ၀တ်ပြု ဆုတောင်း၍ ဖမ်းဆီးခံထားသူ ၄ ဦးကို ခံဝန်ကတိဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ၀န်ကြီးချုပ်က ယနေ့ညနေပိုင်းက ပြန် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။
“အခု မုံရွာအကျဉ်းထောင်က မသွဲ့သွဲ့ဝင်းတို့ အားလုံး ပြန်လွတ်လာပါပြီ”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင် မီ က ဧရာဝတီကို ပြောသည်။
လွတ်မြောက်လာသူများထဲက မသွဲ့သွဲ့ဝင်းကလည်း ၀မ်းမြောက်ကြောင်း ဧရာဝတီသို့ တယ်လီဖုန်းဖြင့် ဖြေကြားသည်။
“အခုလို လွတ်မြောက်လာတဲ့အတွက် အရမ်းကို ၀မ်းသာပါတယ်ရှင်။ ကျမ အတိုင်းမသိ ၀မ်းသာပါတယ်။ အစစ အရာရာ ကျမတို့ လွတ်မြောက်အောင် လုပ်ပေးတဲ့ သူတွေအားလုံးလည်း ကျမ ကျေးဇူးတင်ပါတယ်”ဟု မသွဲ့သွဲ့ဝင်းက ဆိုသည်။
ယနေ့ နံနက် ၁၀ နာရီကျော်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီ ပါဝင်သည့် အဖွဲ့တို့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးသာအေးနှင့် ဆွေးနွေးညှိနှိုင်းမှုများအပြီး ယခုကဲ့သို့ ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
“၀န်ကြီးချုပ်နဲ့ မနက်က တွေ့တယ်။ အန်တီတို့ တောင်းဆိုထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သူက အန်တီတို့ကို အမြန်ဆုံး သတင်းကောင်း ပေးပါ့မယ်လို့ ကတိပေးခဲ့တယ်၊ ခံဝန်နဲ့ ခဏနေရင် ပြန်လွှတ်မယ်လို့ ရဲမှူးက အန်တီ့ကို အကြောင်းကြားလာပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောပြသည်။
ပြန်လွှတ်ပေးသည့်အခါ လုံးဝကင်းကင်းရှင်းရှင်း ပြန်လွှတ်ပေးစေလိုကြောင်း ပြောခဲ့သော်လည်း ခံဝန်နှင့် ဖြစ်သည့်အတွက် အပြည့်အ၀ စိတ်မချမ်းသာနိုင်ကြောင်း၊ တဖက်ကလည်း တိုင်းဒေသကြီး အစိုးရက ပြဿနာကို ပို၍ မကြီးထွားစေရေး အကောင်းဆုံး ဆုံးဖြတ်ပေးမည်ဟု ပြောခဲ့ကြောင်း၊ ၀န်ကြီးချုပ်နှင့်တွေ့ပြီး နာရီပိုင်းအကြာတွင် ဒေါ်အောင်ဆန်းစုကြည် က လည်း ဖုန်းဆက်၍ အခြေအနေ အကျိုးအကြောင်း မေးမြန်းလာကြောင်း သူက ဆက်ပြောသည်။
စက်တင်ဘာ ၁၀ ရက်နေ့က မုံရွာမြို့သို့ သွားရောက်ဝတ်ပြု ဆုတောင်းသူများထဲမှ ၁၂ ဦးကိုထိန်းသိမ်းခဲ့ပြီး ၉ ဦးကို နေ့တွင်း ချင်း ပြန်လွှတ်ခဲ့သော်လည်း ၀က်မှေးရွာသူ ၃ ဦး ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူဝင်းတို့ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။
ထိုဒေသခံရွာသားများကို ကူညီပေးနေသည့် ကိုဝေဠု ကိုလည်း သြဂုတ် လကုန်ပိုင်းကဖမ်းဆီးခဲ့ရာ ၄င်းတို့အားလုံးကို ပြန် လွှတ် ပေးရေးအတွက် မုံရွာမြို့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
ယမန်နေ့က ဆွေးနွေးညှိနှိုင်းမှု ရလာဒ်အရ ဆန္ဒပြမှုတွင် ပါဝင်သည့် ဒေသခံရွာသူ ရွာသားများ နှင့် ကျောင်းသားများကို ဆက် လက်ဖမ်းဆီးမှု မလုပ်တော့ဘဲ အေးချမ်းလုံခြုံစွာ နေနိုင်ကြောင်းနှင့် လုံခြုံရေး တင်းကျပ် ထားမှုများကို လျှော့ချ ခဲ့ကြောင်း၊ ဒေသခံများဘက်ကလည်း ဆန္ဒပြမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။
ဒေသခံများ၏ ဆန္ဒမှာ ၄င်းတို့၏ သိမ်းဆီးခံ လယ်ယာမြေများပြန်ရရေး၊ ကြေးစင်တောင်ကို နမူနာယူကာ သဘာဝ ပတ် ၀န်းကျင် ပျက်စီးမည့် အရေး၊ ဘ၀တသက်တာ စားဝတ်နေရေးတို့ကို ထောက်ပြပြီး ကြေးနီ စီမံကိန်းကို လုံးဝ ရပ်တန့် သွားစေလိုသည်ကိုလည်း တိုင်းဒေသကြီး အစိုးရကို ယနေ့ နံနက်က တင်ပြခဲ့ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
ဆွေးနွေးမှုတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦး သောင်းစိန်၊ တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်တို့လည်း ပါဝင်ပြီး စီမံကိန်းရပ်တန့်ရေး ကိစ္စသည် ပြည်ထောင် စု အစိုးရ အဆင့်သာ ဖြေရှင်းပေးနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောဆိုကြောင်း သိရသည်။
“စီမံကိန်းကိစ္စ၊ မြေယာ သိမ်းမှုနဲ့ လျော်ကြေးကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့က တိုင်းဒေသကြီး အဆင့်မှာဘဲ ရှိတဲ့အတွက် ဒီ ကိစ္စဟာ ပြည်ထောင်စု အစိုးရက ဖြေရှင်းရမယ့် ကိစ္စမျိုးဖြစ်တာကြောင့် သူတို့ အဆင့်နဲ့ ရှင်းလို့ မရနိုင်ဘူး၊ ဒါကြောင့် ပြည် ထောင်စု အစိုးရနဲ့ ရှင်းမှဘဲ အလုပ်ဖြစ်မယ့် သဘော ပြောပါတယ်”ဟု ကိုဂျင်မီက ပြောဆိုသည်။
ယခုကဲ့သို့ ဖမ်းဆီးထားသူများ ပြန်လည် လွတ်မြောက်လာသော်လည်း စီမံကိန်းကို ရပ်တန့်ခြင်း မရှိသေးပေ။
စက်တင်ဘာ ၁၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာ ၂၆ ရွာကို ကိုယ်စားပြုသော ရွာသူရွာသားများက ဆည်တဲရွာတွင် လူထုအစည်းအဝေးလုပ်ကာ လျော်ကြေးပေးရေးထက် ထိခိုက်နစ် နာမှုများ ဖြစ် လာမည်ကို စိုးရိမ်သည့်အတွက် ယင်းစီမံကိန်းအား လုံးဝ ရပ်ဆိုင်းပေးရန် တောင်းဆိုသည့် ကြေညာချက် တစောင်ကို ထုတ်ပြန်ထားသည်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ချင်းတွင်းမြစ်အား ညစ်ညမ်းစေနိုင်ခြင်း၊ သာသနာ့အောင်မြေအား ဖျက်ဆီး နေခြင်း၊ လက်ပံတောင်းတောင် ဒေသ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ မုံရွာမြို့ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု ဖြစ်ပေါ် နိုင်ခြင်းတို့ကြောင့် ကြေးနီစီမံကိန်း လုံးဝမလုပ်ဘဲ အပြီးတိုင် ဖျက်သိမ်းရန်နှင့် လက်ပံတောင်းတောင်ရှိ ကျေးရွာပေါင်း ၂၆ ရွာကိုယ်စား ရွာ ၁၂ ရွာ မှ လူအင်အား ၃၂၀ တို့ဟာ တဦးချင်းသဘောထက် နိုင်ငံတော် လူထု အကျိုးစီးပွားကို ရှေးရှုပြီး မိမိတို့ ဆန္ဒကို အသိပေးအပ်ပါကြောင်း”ဟု ကြေညာချက်က ဆိုသည်။
မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နှင့် တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတ၀ိုက်၌ ကုမ္ပဏီဘက်မှ လုံခြုံရေးများ လာရောက်ချထားရာမှ ဒေသခံများနှင့် တင်းမာမှု စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ၀က်မှေး၊ ဆည်တဲ၊ တုံတောကျောင်း၊ ဇီးတော ရွာများ ၀န်းကျင်က မြေများကို ကုမ္ပဏီဘက်က ဘူဒိုဇာများနှင့် ထပ်ထိုးသည့်အတွက် စီမံကိန်းပြန်မလုပ်ရန် ရွာသားများက ကားများ ရှေ့တွင် ကာ၍ တားမြစ်ခဲ့ကြပြီး လယ်သိမ်း တိုက်ပွဲများ ဖော်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့သည်။

ဘကြီးသက်
Unknown at 11:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ရေပို့ပိုက်မကြီး ပေါက်သွား၍ မြို့နယ် ၁၄ ခုအား ရေပေးဝေမှု (၃) ရက်ကြာ ရေ ဖြတ်တောက်မည်"


လှော်ကားကန်မှ ရန်ကုန်မြို့ တွင်းသို့
ရေပေးဝေလျက်ရှိသော အချင်း ၆၆ လက်မရှိသော ရေပို့ပိုက်မကြီး ပေါက်သွား
သောကြောင့် ပိုက်လိုင်းပြုပြင်နေစဉ်

ကာလအတွင်း အဓိက
မြို့နယ် ၁၄ ခုအား
ရေပေးဝေမှု သုံးရက်ကြာ ဖြတ် တောက်

ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊
ရေနှင့်သန့်ရှင်းမှုဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြို့နယ် ၁၄ ခုကို စက်တင် ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရေဖြတ်တောက်
မည်ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပုံမှန်အတိုင်း ရေပေးဝေသွား
မည်ဖြစ်ကြောင်း သိရသည်။

''လှော်ကားကန်က မြို့တွင်းကို ရေပေးဝေတဲ့ အချင်း ၆၆ လက်မရှိတဲ့ ရေပို့ပိုက်မကြီး လှော်ကားနားမှာ ပေါက်သွားတာ
နေရောညရော ပြုပြင်နေပါတယ်။

ဒါကြောင့် ပိုက်လိုင်းပြုပြင်နေစဉ် ကာအတွင်းမှာ အဓိက မြို့နယ် ၁၄ ခုကို ရေသုံးရက်ကြာ ဖြတ်တောက်ထားမယ်။ ကျန်ရှိတဲ့ မြို့နယ်တွေကိုတော့
ပုံမှန်အတိုင်းရေပေးနေမှာပါ။

ပိုက်လိုင်းပြင်တာကို ၁၆ ရက်နေ့ နောက်ဆုံး အပြီးသတ်မှတ်ပြီး ၁၇ ရက်နေ့မှာတော့ ပုံမှန်အတိုင်းရေ ပြန်လည်ပေးဝေသွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောပြခဲ့သည်။

ရေဖြတ်ထောက်ထားမည့် မြို့နယ် ၁၄ ခုမှာ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊
လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတားနှင့် သာကေတမြို့နယ်တို့ဖြစ်ကြောင်း
သိရသည်။(eleven)


ဘကြီးသက်
Unknown at 11:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗမာပြည်အကြောင်း ဒလိုင်းလားမားပြော

dalai-lama-
 ဒလိုင်းလားမားက စိတ်မကောင်းစရာကောင်းတဲ့ ဗမာပြည်အတွင်းက
လူ့ အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းကို အင်မတန်မှ ကံဆိုးမိုးမှောင်ကျတာပဲ ဟု မှတ်
ချက်ပြုလိုက်ပါတယ်။  ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ကိုရော မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ သူဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောခဲ့ ပါတယ်။
The Dalai Lama called reports of gross human rights violations in Burma “very unfortunate”
and said he has tried to contact pro-democracy leader Aung San Suu Kyi and the Burmese
government over the issue.“ ဟုတ်ပါတယ်။ ဒါဟာ ကံဆိုးမိုးမှောင်ကျတာပါ။ ဒါပေမယ့် ဘုန်းကြီးအနေနဲ့ မြန်မာအစိုးရကို ဆက်သွယ်ဘို့ 
ဘာနည်းလမ်းမှ မရှိပါဘူး။ ဘုန်းကြီးက ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပေမယ့်၊ ဂျပန်နိုင်ငံကလွဲလို့ 
၊ဗုဒ္ဒ ဘာသာ နိုင်ငံတွေ ထဲမှာ နိုင်ငံအနည်းငယ်ကသာ ဘုန်းကြီးကို ဘုရားဖူး ခရီးထွက်ခွင့်ပေးပါတယ်” လို့ 
ဘုန်းတော်ကြီး ဒလိုင်းလားမားက ဗုဒ္ဒဟူးနေ့ က the Payul .com website ရဲ့ ဆောင်းပါးတစ်ခုမှာ ပြောခဲ့ ပါတယ်။ “Yes, it’s very unfortunate. But no avenue of communication with the Burmese government
is open to me. Although I am a Buddhist, very few Buddhist countries, apart from Japan,
have given me permission to visit them on pilgrimage,” the Dalai Lama said in an article
on the Payul.com website on Wednesday.
တကယ်တော့ ဘုန်းကြီး ဟာ ခရစ်ယာန်နိုင်ငံတွေ၊ ဂျော်ဒန်လို မှုစလင်နိုင်ငံတွေမှာ ဗုဒ္ဒဘာသာကိုးကွယ်တဲ့
နိုင်ငံတွေမှာထက် ပိုပြီးတော့ လွတ်လွတ် လပ်လပ်သွားလာ ၊ ၀င်ထွက်ခွင့်ရတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာ
ပြည်ရဲ့ အခြေအနေကလည်း တခြား ဗုဒ္ဒဘာသာ နိုင်ငံတွေက ဘုန်းတော်ကြီးကို ပေးတဲ့အခွင့်အရေးတွေနဲ့ 
သိပ်မထူးဘူးလို့  ဆရာတော်ဒလိုင်းလားမားက မိန့် ခဲ့ပါတယ်။
“In fact you could say I have greater freedom to visit Christian countries or even a
Muslim country like Jordan, than I do to visit most Buddhist countries. The situation
with Burma is the same, “ he said.
ဆရာတော်ဒလိုင်းလားမားဟာ နယူးဒေလီမှာ ရှိတဲ့ ဂျမီးယား မစ်လစ်ယား အစ္စလမ်မီးယား တက္ကသိုလ်
( the Jamia Millia Islamia University ) မှာ အကြမ်းမဖက်ရေးမှုရဲ့ အရေးပါပုံကို ဟောကြားခဲ့ပါတယ်။
မြန်မာပြည် ရဲ့ အရေးကိစ္စတွေ အတွက် ဆရာတော်ဟာ သူ့ ရဲ့  တစ်ဦးတည်းသော ဆက်သွယ်စရာ ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်ထံကို စာရေးခဲ့ပေမယ့် အကြောင်းပြန်ကြားချက်မရခဲ့ဘူးလို့ ဆိုပါတယ်။ နိုဘယ်လ်
ငြိမ်းချမ်းရေး ဆုရှင်နှစ်ဦးဟာ ပထမဆုံးအကြိမ်အဖြစ် မကြာခင်က လန်ဒန်မှာ ဆုံတွေ့ ခဲ့ကြပါသေးတယ်။
The Dalai Lama was speaking on the importance of nonviolence at the Jamia Millia Islamia
University in New Delhi. He said that he wrote to Aung San Suu Kyi, his only contact in the
country, on the issue, but he has not received a response. The two Nobel Peace laureates
had recently met for the first time in London.
“တလက်စတည်းပဲ၊ ဆရာတော်က ဒေလီမှာရှိတဲ့ကိုယ်တော်ရဲ့ ကိုယ်စားလှယ်ကို မြန်မာ သံရုံးကို ချဉ်းကပ်ခိုင်းခဲ့ပေ မယ့်။
ရသတ္တပတ် တော်တော် ကြာတဲ့အထိ ဘာအကြောင်းပြန်ကြားချက်မှ မရခဲ့ဘူး၊ ဒီတော့ မြန်မာပြည်အရေး ကိစ္စမှာ
ကိုယ်တော်လုပ်နိုင်တာ သိပ်များများမရှိဘူး ဆုတောင်းပေး ရုံပဲ တတ်နိုင်တော့တာပေါ့” လို့ ဆရာ တော်က မိန့် ပါတယ်။
တိဗက်ဘာသာရေးခေါင်းဆောင်က “ တကယ်လို့  မှုစလင်ညီအစ်ကိုမောင်နှမတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့
ကိစ္စမှာ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေ ပါဝင်ပတ် သက်နေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုနေတာတွေ ဟာ အမှန်တကယ်
ဆိုရင်တော့ ဒါဟာ လုံးဝမှားတာပေါ့” ဟု မိန့် ကြားခဲ့ပါတယ်။
“Likewise, I asked my representative in Delhi to approach the Burmese Embassy here, but
after several weeks we’ve had no response. So there’s little I can do but pray,” the Tibetan
spiritual leader said. “If allegations that Buddhist monks have been involved in assaulting
these Muslim brothers and sisters turn out to be true, it is totally wrong, “he said.
သက်တော်(၇၇)ရှိပြီဖြစ်တဲ့ တိဗက်ခေါင်းဆောင်က ယုံကြည်မှုနဲ့ ချစ်ခင်ရင်းနှီးမှုဟာ ပျော်ရွှင်ကျေနပ်ဘွယ်
ကောင်းတဲ့ လူ့ ဘ၀ကို ရရှိဘို့ မဖြစ်မနေလိုအပ်တဲ့ အရာတွေပါ လို့ မိန့် ကြားခဲ့ပါတယ်၊လူတိုင်းမှာ ကိုယ်တော် တို့ လိုပဲ ပျော်ရွှင်စွာရှင်သန်ခွင့်ရှိတယ်ဆိုတဲ့အယူအဆထွန်းကားလာရင် ပိုမိုကောင်းမွန်လာမှာပါလို့  ဆရာတော်က
ဆိုခဲ့ပါသေးတယ်။
The 77-year-old Tibetan leader said that trust and friendship were necessary to be a
contented human being, which he said tends to develop “much better once we realize
that all beings have a right to happiness, just as we do.”
တခြားသူတွေရဲ့ အကျိုးစီးပွားကိုဆောင်ရွက်ပေးတယ်ဆိုတာ သူတစ်ပါးကို ကူညီရုံတင်မကဘူး ကိုယ့်ကိုယ် ကိုယ်လည်း ကူညီရာရောက်ပါတယ်။ နွေးထွေးတဲ့စိတ်ထားနဲ့ တခြားသူတွေအတွက်ပူပန်ပေးတဲ့စိတ်ဆိုတာ လူ့ သဘာဝတစ်ခုပါ
ပြီးတော့ဒါဟာ လူတွေရဲ့ အကောင်းလက္ခဏာဆောင်တဲ့ တန်ဘိုးတစ်ခုပါ ဟု ဆရာတော်က ပြောပါတယ်။
“Taking others’ interests into account not only helps them, it also helps us. Warm-heartedness
and concern for others are a part of human nature and are at the core of positive human values,” he said.
၂၀ရာစုနှစ်ကို သွေးလွှမ်းတဲ့ခေတ်ကြီးလို့ တင်စားပြောဆိုရင်း ဒလိုင်းလားမား ထောက်ပြခဲ့တာက ပြဿနာတွေ နဲ့ 
အငြင်းပွားမှုအားလုံးဟာ ဆွေးနွေးညှိုနှိုင်းတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ ရကိုရ ရမယ်ဆိုတာပါပဲ။
Referring to the 20th century as an era of bloodshed, the Dalai Lama said all problems and
conflicts must be resolved through peaceful ways and dialogue.
အကြမ်းမဖက်နဲ့ ဆိုတာ မတရားမှုကို ခေါင်းငုံခံခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်အခွင့်အရေးတွက်တော့ကိုယ်ကိုယ်
တိုင်တိုက်ပွဲဝင်ရမှာပဲ။ မတရားမှုမှန်သမျှကိုဆန့် ကျင်ရမယ် ဒါတွေကိုဆန့် ကျင်ရာမှာ အကြမ်းဖက်တဲ့ ပုံစံကို
အသုံးမပြုဘို့ လိုတယ်လို့ ဆိုလိုတာပါ။ ဆက်လက်ပြီးတော့ ဘုန်းတော်ကြီးဒလိုင်းလားမားက မဟတ္တမဂန္ဒီဟာ
ယုံကြည်ချက်ခိုင်မာစွာနဲ့ အကြမ်းမဖက်နည်းလမ်းကို ကျင့်သုံးခဲ့တယ်၊ ဒါပေမယ့် ဒါဟာ မတရားသဖြင့်ရှိနေတဲ့
အခြေအနေတွေကို အလွယ်တကူ လက်သင့်ခံ ကျေနပ်နေတာမဟုတ်ဘူး၊ သူ က ဒါတွေကို တွန်းလှန်နေတာ၊
ဒါပေမယ့် သူတွန်းလှန်နေတာက ထိခိုက်နာကျင်စေမှုကို မရှိစေတဲ့နည်းလမ်းနဲ့ တွန်းလှန်နေတာပါဟု မိန့် ကြားခဲ့သည်။
“Nonviolence doesn’t mean we have to passively accept injustice. We have to fight for our rights.
We have to oppose injustice, because not to do so would be a form of violence,” the Tibetan
spiritual leader said. “Gandhi-ji fervently promoted nonviolence, but that didn’t mean he was
complacently accepting of the status quo; he resisted, but he did so without doing harm.”
This article originally foound at English verion of Mizzima News Agency Online

ဘကြီးသက်
Unknown at 10:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခါးထက်ပိုင်း ဗလာကျင်း နေသည့် ပုံ ကို ဖော်ပြသည့် Closer ကို တော်ဝင်မိသားစု တရား စွဲမည်

SINGAPORE-BRITAIN-ROYALS
 
10
 
5
 
မဲပေးပါ

မင်းသား ဟယ်ရီ ၏ လုံးတီး ပုံ ထွက် ရှိ ပြီး သီတင်း တစ်ပတ် ကျော် ခန့်  အကြာ တွင် အိမ်ရှေ့ စံ
လောင်း မင်းသား ၀ီလျှံ ၏ ကြင်ယာတော် ကတ်သရင်း မစ်ဒယ်(လ)တန် ၏ အပေါ်ပိုင်း ဗလာ
ကျင်း လျှက် ပုံ ကို ပြင်သစ် မဂ္ဂဇင်း တစ်စောင် ဖြစ်သည့် Closer က မျက် နှာ ဖုံး တွင် ဖော်ပြ
ခဲ့ သောကြောင့် ကာယကံ ရှင် ကိတ် နှင့် ဗြိတိသျှ တော်ဝင် မိသားစု သည် အတော် ပင် ဒေါမာန်
ပွလျှက် ရှိ သည် ဟု Mirror က ရေးသားထား သည်။

မင်းသား ၀ီလျှံ နှင့် ကိတ် တို့  ၏ ပြင်သစ် တောင် ပိုင်း ရှိ ပရိုဗင့် သီးသန့် ရဲတိုက်  တွင် အပန်းဖြေ ခရီး ထွက် စဉ်
ဝေးကွာသည့် နေရာ တစ်ခု မှ မှန်ဘီလူး  ဖြင့် ဆွဲယူရိုက် ကူး ထား သော အဆိုပါ ဓာတ် ပုံ များ သည် အရှေ့ တောင်
အာရှ နိုင်ငံ များ သို့  တိုင်းခန်း လှည့် လည် နေ သည့် ကင်းဘရေခ်ျ မြို့ စား နှင့် မြို့  စား ကတော် တို့  အတွက် စိတ်
ကသိ ကအောင့် ဖြစ်ရသည် ဟု ဆိုသည်။
ဘာဂင်ဟမ် နန်းတော်ရှိ တော်ဝင် မိသားစု က မူ အဆို ပါ ဓာတ်ပုံ ကို ဖော်ပြ သည့် ပြင်သစ် စွယ်စုံ ရ မဂ္ဂဇင်း Closer
ကို တရား စွဲ မည် ဟု ဆို သည်။
Closer မဂ္ဂင်း ၏ အယ်ဒီတာ လော်ရန့် ပြဲ ကမူ ” အမလေး … လေး အထူး အဆန်း မဟုတ် တာ ကို အထူး အဆန်း လုပ်
နေတယ် .. သူ ယောက္ခမ (အမ) ကြီး တုန်း ကလဲ ဒီလို ပုံ တွေ ထွက် ပါ့ ” ဟု တုံ့  ပြန် သည်။
အဆို ပါ ဓာတ်ပုံ ကို ဖော်ပြ သည့် Closer မဂ္ဂဇင်း အယ်ဒီတာ  လော်ရန့်  ပြဲ ကို တွစ်တာ ၊ ပင်တာရက်(စ)  နှင့်
တမ်ဘလာ  လူမှု ကွန်ယက် များ တွင်အား ပေး မှု ၊ ဝေဖန် မှု ၊ ကန့် ကွက် ရှုံ့ ချ မှု များ ဖြင့် သော သော ညံ လျှက် ရှိ သည်။
နာမည် ကျော်ကြား လူသိများ သူ များ ၏ ၀တ်လစ်စလစ် ပုံ များ ကို ကမ္ဘာ့ လူဦး ရေ ၏ ၈၀ ရာခိုင် နှုန်း က စိတ်ဝင်စား
ကြ သော ကြောင့် ဂေါ်ယာ ကျွန်း ရှိ အယ်ဒီတာ များ က ဈေးကောင်း ပေး ၀ယ် ရာ မှ ပါပါရာဇီ ဟု ခေါ်သည့် ဓာတ်ပုံ
မုဆိုး လုပ်ငန်း သည် ပို၍ တွင် ကျယ် လာသည်။
ဝီလျှံ နှင့် ကိတ် တို့  သည် ဗြိတိသျှ ဘုရင် မကြီး ကိုယ်စား  အာရှ ရှိ ဗြိတိသျှ ဓနသဟာ ယ နိုင်ငံ များ သို့  ချစ်ကြည် ရေး
ခရီး ထွက် ကြ ခြင်း ဖြစ်သည်။

ဘကြီးသက်
Unknown at 10:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အံ့သြလွန်းလို့ သေတော့မယ်

ကြောက်ဖော် ကြောက်ဖက်များသို့
ဗုဒ်္ဓဘာသာ အလိုအရ ဂျာနယ်သမားများ ရှေးယခင်ဘ၀များက ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးမှု ရပ်ဆိုင်းပြီး၊ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကံ အကျိုးပေးချိန်တန်ပြီလို့ ဆိုရပါမယ်။ ဥခွံထဲက ထွက်ကာစ ကြက်ပေါက်ကလေးတွေနဲ့တောင် တူနေချည်သေးရဲ့။
အမှောင်ထုထဲ ကနေ အလင်းထဲ ရောက်ကာစ ဘယ်က အန္တရာယ်များ ငါ့အပေါ် ကျရောက်လာပါ့မလဲလို့ ဇက်ကလေးပုပြီး လောကကို မရဲတရဲ အကဲခတ်နေတုန်းပဲ ထင်ပါရဲ့။ မထင်တဲ့ နေရာကနေ သိမ်းငှက်ကြီး ပေါ်လာ ချီသွားပြီး အစားခံရမလားပေါ့။
          ဒီနေ့ ကျုပ်တို့ရရှိလာတဲ့ “လွတ်လပ်ခွင့်”ဟာ မတရား အလုယူခံထားရတဲ့ ကိုယ့်ပစ္စည်း တစ်ခု နှစ်ပေါင်းများစွာ ကြာပြီးမှ အသက်သွေးချွေးတွေနဲ့ ရင်းပြီး တောင်းဆိုသူတွေက အနစ်နာခံ တောင်းဆိုခဲ့လို့ ကိုယ့်လက်ထဲ ပြန်ရောက် လာရတာပါ။
          ရှေ့က အနစ်နာခံသွားသူတွေကို ကျေးဇူးတင်ရင် သူတို့ကို ထောက်ထားရင် တစ်ခုတည်းသော ကျုပ်တို့ လုပ်ရမယ့် အလုပ်က မကြောက်ကြဖို့ပါပဲ။ မကြောက်ကြနဲ့ ဆိုတာဟာ ဆော်ဖို့ နှက်ဖို့ တိုက်ခိုက်ဖို့ သွေးထိုးပေးတဲ့ စကားမဟုတ်ပါဘူး။ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် ပြည်သူ့မျက်နှာတစ်ခုတည်းကို ကြည့်ပြီး အမှန်တရားကို ရဲရဲဝံ့ဝံ့ တက်ညီ လက်ညီ ဖော်ထုတ်ကြဖို့ပါပဲ။
          ကိုယ်ကျိုးရှာသမားတွေ၊ အရည်အချင်းမရှိသူတွေ တိုင်းပြည်အတွက် ဆူးငြောင့် ခလုတ်တွေ လွှတ်တော်ထဲ မရောက်အောင်၊ ရောက်နှင့်နေပြီး ဖြစ်ရင်လည်း ဖယ်ရှားနိုင်အောင် ပြည်သူ့ဘဏ္ဍာ ကိုယ့်ဘဏ္ဍာ မှတ်နေသူတွေ၊ လုပ်ပိုင်ခွင့်တွေကို ခရိုနီတွေနဲ့ ပေါင်းပြီး ရောင်းစားနေသူတွေ၊ အကျင့်သိက္ခာ သမာဓိကို အလွဲသုံးစားလုပ်သူတွေ၊ ပြည်သူတွေရဲ့ ရိုးသားမှုနဲ့ မသိနားမလည်မှုတွေအပေါ် မတရားကုပ်သွေးစုပ်နေသူတွေ၊ အားကြီးသူတွေက အားနည်းသူတွေအပေါ် ပြုလုပ်နေတဲ့ မတရားမှုတွေ... ဖော်ထုတ်ပေးကြပါ။
ဆန္ဒသဘောထား စစ်တမ်းများ
ပြည်သူ၊ ပြည်သူ့ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ပြည်သူ့ဆန္ဒသဘောထားကို အကဲခတ်နိုင်ဖို့ရာအတွက် ပြည်သူ့ဆန္ဒသဘောထား စစ်တမ်းကောက်ယူမှုတွေဟာ အရေးကြီးပါတယ်။ ဒါကို စာနယ်ဇင်း၊ ရေဒီယို ရုပ်မြင်သံကြားအပြင် တက္ကသိုလ်တွေကပါ ကောက်ယူ နိုင်ကြပါတယ်။ (ဖွံ့ဖြိုးပြီးနိုင်ငံများမှာတော့ တက်သိုလ်တွေဟာ အားလုံးရဲ့ ရှေ့က လျှောက်ပါ တယ်။ သူတို့ရဲ့ သုတေသနပြုမှုတွေဟာ အရေးပါပါတယ်။ ကျုပ်တို့ နိုင်ငံမှာတော့ တက်္ကသိုလ်တွေဟာ အညွန့်တွေ ကျိုးပြီး တက္ကသိုလ် ကျောင်းသားရယ်လို့ခမျာ နေစရာ အဆောင်တောင် မရှိကြရှာပါဘူး)
ဒါလေးတွေ ကောက်ပေးကြပါ
စာနယ်ဇင်းသမားများနဲ့ တက္ကသိုလ်များသာမက စာဖတ်သူများလည်း ၀ါသနာပါရင် ကောက်ယူနိုင်ပါတယ်။ လူ ၁၀၀ ကောက်ယူမယ်ဆိုရင် ၉၈ ယောက်ပဲ ကောက်ရမှာပါ။ တစ်ယောက်က ကောက်ယူသူ ကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျုပ်ရဲ့ သဘောထား တစ်ခါတည်း ပေးလိုက်မှာမို့ ဖြစ်ပါတယ်။ ကိုယ်ကောက်ယူသူတွေရဲ့ နာမည် လိပ်စာသို့မဟုတ် ဖုန်းနံပါတ် မှတ်သားထားနိုင်ရင် ပိုပြီး ခိုင်မာပါတယ်။ ဥပမာများက...
လက်ရှိ နိုင်ငံတော် သမ္မတကြီးကို နှစ်သက် မနှစ်သက်
ကျွန်ုပ် သဘောထား-နှစ်သက်ပါတယ်။
ဘာကြောင့်- တာဝန် ထမ်းဆောင်စဉ်က စလို့ ခုချိန်ထိ သမ္မတရဲ့ ဆောင်ရွက်ချက် အားလုံး မျှတပြီး သမာသမတ်ရှိတယ်လို့ ယူဆပါတယ်။ အဂတိကင်းရှင်းကြောင်း သတင်းမွှေးပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနှစ်ဦးကို နှစ်သက် မနှစ်သက်
ကျွန်ုပ် သဘောထား-နှစ်သက်ပါတယ်။
ဘာကြောင့် - မျက်နှာတင်းမာပေမယ့် ရိုးသားတယ်။ အတိုက်အခံများကို လေးစားကြောင်း ပြခဲ့ပါတယ်။
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို အားရ အားမရ
ကျွန်ုပ် သဘောထား-အားမရပါ။
ဘာကြောင့် - အမှန်ပြောရရင် ကျုပ်တို့ မဲဆန္ဒရှင်တွေက လူပြိန်းတွေပါ။ ကိုယ်စား လှယ်တွေကျတော့ လူတော်တွေဆိုပြီး ကျုပ်တို့က တင်မြှောက်ပေးလိုက်တဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ သတိထားပါ။ လူပြိန်းဆိုတော့ ဖြောင့်ဖြောင့်ပဲ တွေးတတ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် လူတော်ကြီးများဟာ ကိုယ့်မထိခိုက်မယ့် ကိစ္စမျိုးမှာ မျှမျှတတ ဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့ ဥပမာ၊ လယ်သမားနိုင်ငံတစ်ခုရဲ့ လွှတ်တော်က လယ်သမား အကျိုးစီးပွားအတွက် မဲခွဲ ဆုံးဖြတ်တဲ့အခါမှာကျတော့ လယ်သမားအကျိုးစီးပွားကို မလိုလားတဲ့ ကိုယ်စားလှယ်ပေါင်း ၂၀၀ တောင် ရှိခဲ့တယ်ဆိုတာ အံ့သြထိတ်လန့်စွာ သိခဲ့ကြ ရပါတယ်။ တကယ်တော့ လယ်သမားတွေရဲ့ အကျိုးစီးပွားကို မလိုလားတဲ့ ကိုယ်စားလှယ် တစ်ယောက်တလေတောင် မရှိသင့်တာပါ။ ဘယ်လိုလဲ ကိုယ့်အကျိုးစီးပွားနဲ့ ယှဉ်လိုက်တော့ လယ်သမားအကျိုးကို ဦးစားမပေးနိုင်တဲ့ သဘောလား။
          နောက် ဥပမာတစ်ခုက “ကောင်း/ သန့် အစိုးရဖြစ်ဖို့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်၊ မရွှေ့ပြောင်းနိုင် ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်” ဆိုတဲ့ အဆိုကို ၆၈ ယောက်ပဲ ထောက်ခံပြီး ၂၇၁ ယောက်က အကျောက်အကန် ကန့်ကွက်ကြသတဲ့။
          နောက် ဥပမာတစ်ခုက “နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စ” ပါပဲ။ ရိုးရိုးပြောရရင် ဒီပြဿနာက တစ်ယောက် တစ်ပေါက် ပုဏားခြောက်ယောက်ပါ။ ဒင်္ဂါးပြားကို ခေါင်းဘက်ကမြင်သူနဲ့ ပန်းဘက်က မြင်သူ ငြင်းရတဲ့ ကိစ္စပါ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်က အဓိကမဟုတ်ဘူး။ ဘယ်လို ပြုမူ ဆောင်ရွက်နေကြသလဲဆိုတာ အဓိကပဲ။
အခြေခံဥပဒေပြင်သင့်/မပြင်သင့်
ကျွန်ုပ် သဘောထား-ပြင်သင့်ပါတယ်။
ဘာကြောင့် - အခြေခံဥပဒေထဲမှာ သဘောထားကွဲလွဲတဲ့ အချက်တွေကို သဘောထားကွဲသူ အားလုံး ပြည်သူကြားမှာ အပြိုင် ဟောပြောခွင့်ပြုရပါမယ်။ ပြည်သူ့ရဲ့ ဆန္ဒသဘောထားကို ကောက်ယူအလေးထားပြီးမှသာ လွှတ်တော်က ဆုံးဖြတ်သင့်ပါတယ်။
ယခု အစိုးရလက်ထက်
ဆက်သွယ်ရေး ကျေနပ်မှု ရှိ မရှိ
ကျွန်ုပ် သဘောထား-ကျေနပ်မှု မရှိပါ။
ဘာကြောင့် - တိုးတက်မှုအတွက် အကြောင်း တစ်ခုခုကြောင့် တမင် အချိန်ဆွဲထားတယ်လို့ ခံစားမိပါတယ်။ ပြည်သူအတွက် သက်သာနှုန်းနဲ့ အင်တာနက်ဆိုင်တွေ ဆက်သွယ်ရေးက ဖွင့်သင့်တယ်။
ယခု အစိုးရလက်ထက်
စည်ပင် ဆောင်ရွက်မှု ကျေနပ်မှု ရှိ မရှိ
ကျွန်ုပ် သဘောထား - ကျေနပ်မှု မရှိပါ။
ဘာကြောင့် - ခေတ်နောက်ပြန်ဆွဲပြီး အနုတ်လက္ခဏာ ပြနေပါတယ်။ ယင်တလှောင်းလှောင်းနဲ့ အမှိုက်ပုံကြီးတွေ မြင်နေရခြင်းဖြင့် စိတ်ဝင်စားမှုနဲ့ လေ့လာမှု နည်းခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ဘဏ္ဍာငွေ အလေအလွင့်များပြားခြင်းများ သိသာ ထင်ရှားပါတယ်။ ယင်လုံအမှိုက် ထည့်ရန် ပလတ်စတစ် ကွန်တိန်နာပုံးများနဲ့ ၎င်းကို ချိတ်ဆွဲ သွန်ယူမည့် ယာဉ်များ သုံးစွဲသင့်ပါပြီ။
          စည်ပင်ဆိုင်ရာ လုပ်ငန်းများ ဥပမာ၊ ပလက်ဖောင်းများ တိုးတက်ဖို့မဆိုထားနှင့် နဂို အခြေအနေ ပြန်ရောက်အောင်ပင် လုပ်နိုင်စွမ်းရည် မရှိပါ။
ရှစ်လေးလုံး အထိမ်းအမှတ်
ကျောက်တိုင် တည်ဆောက်သင့်
မဆောက်သင့်
ကျွန်ုပ်သဘောထား -  တည်ဆောက်သင့်ပါတယ်။
ဘာကြောင့် - ဒီနေ့ ဒီမိုကရေစီရဲ့ ကောင်းကျိုးတွေကို ပြည်သူတွေ ခံစားနေကြရတာဟာ ဘယ်သူ့ကျေးဇူးကြောင့်မှ မဟုတ်ဘဲ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံရဲ့ ကျေးဇူး၊ အသက်သွေးချွေး ထောင်သွင်း အကျဉ်းချ ခံရခြင်းများဖြင့် ပေးဆပ်သွားသူတွေရဲ့ ကျေးဇူးကြောင့်ဆိုတာ နောင်လာနောက်သားများ အမြဲ အောက်မေ့သတိရ ကျေးဇူးတင် နေရခြင်းဖြင့် အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကိုလည်း မမေ့စေချင်ပါဘူး။
ရန်ကုန်တက္ကသိုလ်
ကျောင်းသား သမဂ္ဂအဆောက်အဦ
ပြန်ဆောက်သင့်  မသင့်
ကျွန်ုပ် သဘောထား -မဆောက်သင့်ပါ။
ဘာကြောင့် -  ပြန်ဆောက်လိုက်ရင် အလွန်အကျည်းတန် အရုပ်ဆိုးပြီး သဘောထား သေးသိမ်တဲ့ အကြမ်းဖက် လုပ်ရပ်ကြီး တစ်ရပ်ကို လူတွေ လွယ်လွယ်နဲ့ မေ့သွားမှာ စိုးပါတယ်။
          ကျုပ်သဘောက အဲဒီနေရာမှာ ကွက်လပ်ထားပြီး “ဤနေရာတွင် အပြစ်ကင်းစင်သော နိုင်ငံ၏ ရင်နှစ် သည်းချာ တက္ကသိုလ် ကျောင်းသားများ၏သမိုင်းဝင် သမဂ္ဂ အဆောက် အဦသည် သဘောထား သေးသိမ်သူများ၏ အကြမ်းဖက် ဖောက်ခွဲခြင်း ခံခဲ့ရသည်” ဆိုတဲ့ ကမ်္ပည်းကျောက်စာ တိုင်လေးတစ်တိုင်ပဲ ထားလိုက်ချင်ပါတယ်။
(ဟီရိုရှီးမားမှာလိုပေါ့)     
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၁၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၃)    

ဘကြီးသက်
Unknown at 10:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကို မင်းကိုနိုင် အမေရိကန် မသွားတော့ဘူးဆိုဘဲ..


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်နှင့် အတူ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရသည့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ ၊ ဓာတ်ပုံ- ၈၈ မျိုးဆက်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တို့အတွက် ၀ါရှင်တန် အခြေစိုက် National Endownment for Democracy –NED က ယခုနှစ် အတွက် ဒီမိုကရေစီ ဆု လက်ခံဖို့ အမေရိကန်ပြည်ထောင်စုကို မသွားဖြစ်တော့ပါဘူး။

အခုလို မသွားဖြစ်တော့တာလည်း ပါ့စ်ပို့ ကိစ္စ အခက်အခဲဖြစ်နေရလို့ပါ။ အစိုးရက ပါ့စ်ပို့ ထုတ်ပေးမည် လို့ ပြောခဲ့သော်လည်း ၈၈ ကျောင်းသားများအတွင်း ခွဲခြား ထုတ်ပေးမှုကို မလိုလား၍ တန်းတူညီမျှစွာနဲ့ အနည်းဆုံး နိုင်ငံရေး အကျဉ်းသားဟောင်း၂၀ ကို ဦးစွာ ပထမ ထုတ်ပေးသင့်ကြောင်း တင်ပြပြောဆို ထား ခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် သမ္မတနဲ့ အစိုးရအဖွဲ့၊ လွှတ်တော် ၂ ရပ်တို့ရဲ့ အထက်မှာရှိနေတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင် ရာ ( ကာ/လုံ ) ဆိုတဲ့အဖွဲ့ကြီးက တင်ပြတောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၂၀ ကို နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး လက်မှတ်မထိုးပေးတဲ့အတွက် ကြံ့ကြာမှုတွေဖြစ်နေပြီး အခုနောက်ဆုံးမှာတော့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုး ဆက်ကျောင်းသားများ ကချင်ပြည်နယ်ကို ယနေ့ မနက်ကဘဲ ထွက်ခွာသွားပါတယ်။

ကိုမင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုပြူံးချို၊ ကိုမာကီနှင့် ကိုသက်ဇော်တို့ဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းမှာ ကျင်းပမယ် မြစ်ဆုံရေကာတာ စီမံကိန်း ၁ နှစ်ပြည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲအတွက် မြစ်ကြီးနားကို ထွက်ခွာသွားပြီး စက်တင်ဘာလ ၁၉ ရက်
နေ့မှသာ ရန်ကုန်ကို ပြန်လည် ရောက်ရှိမှာဖြစ်ပါတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများက ထုတ်ပြန်ကြေညာ ထားပါတယ်။

"ဒီအတိုင်း ဆိုရင် ကိုမင်းကိုနိုင် အမေရိကန်ကို မသွားဖြစ်တော့ဘူး" လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ရုံးမှ ကိုဇော်မင်းက ဧရာဝတီကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မှာ ရှိတဲ့ NED ရဲ့ ဒီဆုပေးပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပ မှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ဒင်တို့ ၅ ဦးကို အဆိုပါ ဆု ပေးအပ်ချီး မြှင့်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုမင်းကိုနိုင်ကတော့ ဆုကို သွားရောက် ယူနိုင်တော့မှာ မဟုတ်တော့ပါဘူး။

http://tunwai-states.blogspot.jp/2012/09/blog-post_2947.html

ဘကြီးသ
က်
Unknown at 10:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇) ခု ပူးပေါင်း


Photo: မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇) ခု ပူးပေါင်းပြီး ရင်းနှီးငွေ အမေရိကန်ဒေါ်လာ လေးသန်း မတည် ထူထောင်ထားတဲ့ Myanmar Payment Union ကနေ  Debit Card ဘဏ်ကဒ် မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။  အမ်ပီယူကဒ်တွေကို လက်တလောမှာ Debit Card ဘဏ်ကတ် အဖြစ် စတင်အသုံးပြုနိုင်မှာဖြစ်ပြီး မကြာခင် Credit Card အကြွေးဝယ်ကဒ် တွေ အဖြစ် ဆက်လက်ထုတ်ဝေတဲ့အခါ Master ၊ Visa ၊ American Express ၊ JCB ၊ China Union Pay Card စတဲ့ နိုင်ငံတကာအကြေးဝယ် ကဒ်ပြားတွေ နဲ့လည်း ချိတ်ဆက်သုံးနိုင်မယ်လို့ ပြောပါတယ်။   အမ်ပီယူ Dabit Card တွေကို  လက်ရှိနိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့   အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇ လုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ များမကြာခင်မှာ နိုင်ငံတကာမှာတပ်ဆင်ထားတဲ့ ငွေထုတ်စက်တွေမှာပါ  အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာပေးမန့်ယူနီယံ အတွင်းရေးမှူး  အေဂျီဒီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။  ဒီကနေ့ စတင်မိတ်ဆက်လိုက်တဲ့ အမ်ပီယူ debit ကဒ်တွေကို ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်က ဈေးဝယ်စင်တာတွေနဲ့ ဟိုတယ်လ်တွေမှာပါ ငွေပေးချေနိုင်မယ်လို့ သိရပါတယ်။   အမ်ပီယူကဒ်နဲ့ အေတီအမ်စက်တွေကနေ ငွေထုတ်တဲ့အခါ တစ်ရက်ကို အနည်းဆုံးကျပ်တစ်ထောင်ကနေ အများဆုံး ကျပ်ဆယ်သိန်းအထိ ထုတ်ယူဖို့ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇) ခု ပူးပေါင်းပြီး ရင်းနှီးငွေ အမေရိကန်ဒေါ်လာ လေးသန်း မတည် ထူထောင်ထားတဲ့ Myanmar Payment Union ကနေ Debit Card ဘဏ်ကဒ် မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟ
ိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။

အမ်ပီယူကဒ်တွေကို လက်တလောမှာ Debit Card ဘဏ်ကတ် အဖြစ် စတင်အသုံးပြုနိုင်မှာဖြစ်ပြီး မကြာခင် Credit Card အကြွေးဝယ်ကဒ် တွေ အဖြစ် ဆက်လက်ထုတ်ဝေတဲ့အခါ Master ၊ Visa ၊ American Express ၊ JCB ၊ China Union Pay Card စတဲ့ နိုင်ငံတကာအကြေးဝယ် ကဒ်ပြားတွေ နဲ့လည်း ချိတ်ဆက်သုံးနိုင်မယ်လို့ ပြောပါတယ်။

အမ်ပီယူ Dabit Card တွေကို လက်ရှိနိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့
အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇ လုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ များမကြာခင်မှာ နိုင်ငံတကာမှာတပ်ဆင်ထားတဲ့ ငွေထုတ်စက်တွေမှာပါ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာပေးမန့်ယူနီယံ အတွင်းရေးမှူး
အေဂျီဒီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။

ဒီကနေ့ စတင်မိတ်ဆက်လိုက်တဲ့ အမ်ပီယူ debit ကဒ်တွေကို ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်က ဈေးဝယ်စင်တာတွေနဲ့ ဟိုတယ်လ်တွေမှာပါ ငွေပေးချေနိုင်မယ်လို့ သိရပါတယ်။

အမ်ပီယူကဒ်နဲ့ အေတီအမ်စက်တွေကနေ ငွေထုတ်တဲ့အခါ တစ်ရက်ကို အနည်းဆုံးကျပ်တစ်ထောင်ကနေ အများဆုံး ကျပ်ဆယ်သိန်းအထိ ထုတ်ယူဖို့ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။

ဘကြီးသက်
Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမာရွတ်မြို့နယ် လူသတ်မှု အိမ်ရှင်ဖြစ်သူအား အရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့ နယ်၊ (၁) ရပ်ကွက်၊ ဗဟိုလမ်း၊ တိုက် အမှတ် (၁၉၅)၊ တတိယထပ်၊ ညာဘက် တိုက်ခန်း၌ ယခုလ ၁၀ ရက်နေ့ က အိမ်ဖော်အမျိုးသမီးတစ်ဦး နေအိမ် အိပ်ခန်းအတွင်း သေဆုံးမှုနှင့် စပ်လျဉ်း ၍ အိမ်ရှင်ဖြစ်သူအား ပုဒ်မ ၃၀၂/ ၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ သေဆုံးသူ အိမ်ဖော်အမျိုးသမီးဖြစ်သူ မနုနုလွင် (၁၈ နှစ်)သည် နေအိမ်အိပ်ခန်းအတွင်း နှာခေါင်းသွေးအနည်းငယ် ထွက်ပြီး ယာ လက်ဖျံ၊ ယာပခုံးသွားကိုက်ဒဏ်ရာ၊ ယာ နဖူး ဖူးရောင်ဒဏ်ရာ၊ ၀ဲနို့အုံအောက် နံကြား ညိုမည်းဒဏ်ရာများဖြင့် ယခုလ ၁၀ ရက်နေ့က သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုသေဆုံးသူ အမျိုးသမီး၏ အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး ယင်းထွက်လာသည့် အဖြေ အပြီးတွင် အိမ်ရှင်ဖြစ်သူ မမေဇွန် (ခ) မျိုးဇာနည်ဇွန်ကို ကမာရွတ်မြို့နယ် ရဲစခန်းမှ (ပ)၃၆၄/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
အရေးယူခံထားရသည့် မမေဇွန် (ခ) မျိုးဇာနည်ထွန်း (၂၁ နှစ်)သည် MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွင် လျာထားခံရ သည့် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၎င်း သည် ယခုလ ၈ ရက်နေ့တွင် ပုသိမ်မြို့သို့ စာတမ်းဖတ်ရန်သွားစဉ် သေဆုံးသူ အိမ်ဖော်အမျိုးသမီး ဖြစ်သည့် မနုနုလွင် အား သော့ခတ် ထားရစ်ခဲ့သည်။
ယခုလ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန် နေအိမ်တိုက်ခန်းသို့ ပြန်လည် ရောက်ရှိလာပြီး တိုက်ခန်းသော့ဖွင့်၍ ၀င်ရောက်ရာ အခန်းတွင်း၌ မနုနုလွင် သေဆုံးနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦး က "မေဇွန်နဲ့အတူ ပါသွားတဲ့ အိမ်ဖော်ကောင်မလေး ဇင်ဇင်ထိုက်လေး ကိုလည်း သေသွားတဲ့ ကောင်မလေးအတိုင်း လုပ်တယ်။ သေ သွားတဲ့ ကောင်မလေးက ရောက်တာ ငါးလနီးနီးရှိပြီ။ အိမ်ခန်းစငှား ကတည်းက ပါလာတာ။ ဘေးပတ် ၀န်းကျင်အခန်း တွေကလည်း ဒီကောင်မလေးတွေကို ရိုက်တာ နှက်တာတွေ့တယ်။ ဒီကလေး မလေးကလည်း မနေချင်တော့ပါဘူး လို့ပြောတယ်။ ပြန်ချင်တယ် ပြောတယ်။ လမ်းစရိတ်မရှိဘူး။ ဒါပေမယ့် မပြန်တတ် ဘူး။ မပြန်တတ်ဘူး ဆိုတော့လည်း ဒီမှာပဲဆက်နေနေတာ။ နောက်တစ်ခါ ဇင်ဇင်ထိုက်ကလည်း ရောက်လာတာ တစ်လ လောက်ပဲရှိသေး တယ်။ သူတို့ နှစ်ယောက်ကို အတူတူထားတယ်။ ညှဉ်း ပန်းနှိပ်စက်တယ်။ ထွက်ဆိုတဲ့အတိုင်းပဲ ပတ်ဝန်းကျင် သက်သေတွေကို စစ် တယ်။ နောက်ဆုံး တရားခံ မေဇွန်ကို စစ် တော့လည်း သူကိုယ်တိုင် ဒီလိုလုပ်ခဲ့မိပါ တယ်ဆိုပြီး သူကိုယ်တိုင် ၀န်ခံတယ်" ဟု ပြောသည်။

ဘကြီးသက်
Unknown at 10:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

KIA မှ လက်နှက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဖားကန့်တွင် ကျောင်းသူတစ်ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ



From : The Voice

ကချင်ပြည်နယ် ဖားကန့်မြို့တွင် နှစ်ဖက်တပ်များအကြား လက်နက်ကြီးဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့သည့် တိုက်ပွဲများကြောင့် နမ၀တန်း ကျောင်းသူတစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ ပြည်သူ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်တွင်နေထိုင် သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများထံမှ စုံးစမ်းသိရှိရ သည်။

စက်တင်ဘာ၁၃ ရက်နေ့တွင် အစိုးရတပ်မတော်က ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နှက်ကြီး နှင့်ပစ်သကဲ့သို့ ကေအိုင်အေတို့က မော်ဝမ်းကြီးကျေးရွာအုပ်စု ဆွတ်ငိုင်ယန်ကျေးရွာကုန်းမှနေ၍ လက်နှက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ကြကြောင်း၊ ယင်းပစ်ခတ်မှုမှာ ညနေ ၃နာရီမှ ၄နာရီခွဲအထိကြာမြင့်ကြောင်း၎င်းတို့ကဆိုသည်။


Myanmar Express

ဘကြီးသက်
Unknown at 9:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း



TechSpace Journal

စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။

အချက်အ
လက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။

www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip


၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်

၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့မျော်လင့်ပါတယ်။

အောင်ခမ်း (TSJ team)

http://www.roadkil.net/program.php?ProgramID=29

ဒါက အဲဒီဆော့ဝဲရဲ့ ဆိုဒ်


ဘကြီးသက်
Unknown at 9:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

့ရွှေဘိုမီး နေအိမ်တလုံးပျက်ဆီးပြီ မီးသတ်ကားတစ်စီး တိမ်းမှောက်

စက်တင်ဘာလ ၁၄ ရက်နေ့ နေ့ လည် (၂)နာရီခန့်  က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ 
 ဂေါက်ကွင်းလမ်း မှာ မီးလောင်မှု တခုဖြစ်ပွါးခဲ့ ကြောင်း Myanmar  News Now မှ
 သတင်းရရှိပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။ မီးလောင်ချိန်မှာ

 နေအိမ်မှာ လူမရှိတဲ့ အတွက် လျှပ်စစ် ၀ါယာရှော့ ဖြစ်မှုကြောင့် မီးလောင်တာလို့ 
ယူဆရကြောင်း မျက်မြင်တွေ့ ရှိသူတဦးက ပြောပါတယ်။

အဆိုပါ မီးလောင်မှုကို မီးငြိမ်းသတ်ဖို့ သွားတဲ့ မီးသတ်ကားတစ်စီး ကတော့

ကျောက်မြောင်းအထွက် ဂေါက်ကွင်းလမ်းမှာ တိမ်းမှောက်ခဲ့ တယ်လို့ သိရပါတယ်။




ယနေ့ မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်

မီးသတ်ဖို့ အသွား လမ်းမှာ တိမ်းမှောက်နေတဲ့ ရွှေဘို မီးသတ်ကား



ဘကြီးသက်
Unknown at 9:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမိုင်းမှန်ပေါ်ထွန်းရေးအတွက် ဒေါက်တာနိုင်အောင်နှင့်တွေ့ဆုံလိုသောADSDF (မြောက်ပိုင်း)ကျောင်းသားများ



From : ကျော်ဇင်

ABSDF(မြောက်ပိုင်း) ကျောင်းသားများသမိုင်းအမှန်ကို ဖော်ထုတ်နိုင်ရန် ဒေါက်တာနိုင်အောင်အားတွေ့ဆုံ ခွင့်တောင်းထားကြောင်း မြောက်ပိုင်းကျောင်းသားများထံက သိရသည်။

" ကျွန်တော်တို့က သေသွားတဲ့သူတွေရဲ့ သမိုင်းကို ပြန်ဖော်နေတာပေါ့နော်။ သေသွားတဲ့သူတွေက သူတို့နောက်ဆုံးတောင်းဆိုခဲ့တာက သမိုင်းမှန်ပြန်ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်" ဟု ABSDF (မြောက်ပိုင်း) ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုဘိုဘိုကပြောသည်။

မြောက်ပိုင်းကျောင်းသားများအနေဖြင့် ဒေါက်တာနိုင်အောင်ဖြင့် တွေ့ဆုံရန် အချက်(၄)ချက်နှင့် တောင်းဆိုထားခြင်းဖြစ်သည်။ ထိုအချက်များမှာ (၁) ဒေါက်တာနိုင်အောင်အနေဖြင့် မြောက်ပိုင်းကျောင်းသားဟောင်းများဖြင့် တွေ့ဆုံစေလိုကြောင်း၊ (၂) ထို့အတွက်ကြောင့် ဒေါက်တာနိုင်အောင်၏ အသက်ကို အာမခံကြောင်း၊ (၃) ထိုတွေ့ဆုံချင်းမှုကို မီဒီယာများအား သတင်းထုတ်ပြန်ချက် မပေးကြောင်း၊ (၄) လက်ဆွဲနှုတ်ဆက်ချင်း မပြုလုပ် လိုကြောင်း စသည့်အချက်(၄)ချက်အား တောင်းဆိုထားကြောင်း သိရသည်။

'’အချက်လေးချက် ပြောထားတယ်။ ကျွန်တော်တို့ တွေ့ချင်တာက အဓိကသမိုင်းအမှန်ကိုပဲ ဖော်ချင်တာ။ သေသွားတဲ့ သူတွေကလည်း ငါတို့သတ်ခဲ့တဲ့ကောင်တွေကို ပြန်သတ်ပေးပါလို့ ပြောခဲ့တာ မဟုတ်ဘူး။ အဲတော့ သမိုင်းအမှန်ပြန်ဖော်ထုတ်ဖို့ဆိုတာ သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှု မပါပဲနဲ့ မဖြစ်နိုင်ဘူး။ ဒါကျွန်တော်တို့ဘက်က အလိုက်လျောနိုင်ဆုံးပဲ'’ဟု ကိုဘိုဘိုက ဆက်ပြောသည်။

လက်ရှိအချိန်ထိ မြောက်ပိုင်းကျောင်းသားများက တွေ့ဆုံရန်တောင်းဆိုထားသော်လည်း ဒေါက်တာနိုင်အောင်ဘက်မှ တရားဥပဒေစိုးမိုးမှုရှိသည့် အချိန်ရောက်မှသာ ပါဂျောင်ကိစ္စအား ဖြေရှင်းသင့်ကြောင်းအကြံပြုပြော ကြားထားပြီး တွေ့ဆုံခွင့်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြန်လည် အကြောင်းပြန်ကြားချင်းမျိုး မရှိသေးကြောင်းကိုလည်း သိရသည်။

ဒေါက်တာနိုင်အောင်သည် ABSDF (ကျောင်းသားတပ်မတော်)တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က တောင်ပိုင်းဗဟိုကော်မတီဥက္ကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပြီး မြန်မာနိုင်ငံအတွင်းသို့ ၂ဝ၁၂ ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့က ပြန်လည်ဝင်ရောက်လာခဲ့သည်။

Myanmar Express

ဘကြီးသက်
Unknown at 9:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးကျော်မောင်ချေ အသုဘတွင် လူသတ်တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် ပြည်သူများ တောင်းဆို

ယမန်နေ့က ပြုလုပ်သော ဦးကျော်မောင်ချေ အသုဘတွင် သူ့အား သတ်ဖြတ်သူ တရားခံ အစစ်အမှန်များကို ဖေါ်ထုတ်ပေးရန် အသုဘ လာသူများက ပိုစတာများ ကိုင်ဆောင်ပြီး တောင်းဆိုခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် တာဝန်ရှိသူ အများအပြားသည် ပြစ်မူ ကျူးလွန်သူများထံမှ လာဒ်ငွေ အမြောက်အမြား ယူပြီး လွတ်ပေးကာ ပြစ်မူ မကျူးလွန်သူများကိုသာ ဖမ်းဆီး အရေးယူလေ့ရှိနေကြောင်း သိရသည်။

သို့အတွက် ယခု ဦးကျော်မောင်ချေ အမူတွင်လည်း အမှန်တကယ် ပြစ်မူ ရှိသူများကို ဖမ်းဆီး အရေးယူခြင်း မရှိဘဲ လူသတ်မူ ကျူးလွန် ခြင်း မရှိသူ အခြေအနေမဲ့ သာမန် လူများကို ဖမ်းဆီးကာ အရေးယူပြမည်ကို ပြည်သူများက စိုးရိမ်နေကြောင်း သိရသည်။
သို့အတွက် အသုဘတွင် ပိုစတာများထောင်ပြီး တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ကျောက်တော် ဒေသခံ တစ်ဦး ဖြစ်သည်။
“ အခု လူတွေက စိုးရိမ်နေတာ အမှန် တကယ် ပြစ်မူ ကျူးလွန်တဲ့သူတွေကို ဖမ်းဆီး အရေးမယူဘဲ ဘာမှမဟုတ်တဲ့ လူတွေကို ဖမ်းဆီး အရေးယူမှာကို စိုးရိမ်နေကြပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။
ယခင်ကလည်း ယခုလို ငွေကြေး လာဒ်လာဘ ယူပြီး ပြစ်မူ ကျူးလွန်သူများကို အရေးမယူ မဖမ်းဆီးဘဲ မျက်ကွယ် ပြုထားသော ပြစ်မူများလည်း အများအပြားရှိသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ လက်ပူ လက်ကြပ် မိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလို သံသယ ဖြစ်စရာတွေ အများကြီး ရှိနေတယ်။ ကျောက်တော်မှ ရခိုင်တွေကို တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂလီတွေကို တစ်ဦး တစ်ယောက်ကိုမှ အရေးယူတာ မရှိခဲ့ပါဘူး” ဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ရှမ်းရွာမှ အိမ်တစ်ဆောင် မီးရှို့ခံခဲ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ပိုက်သည်ရက်ကွက်မှ ဆိုင်ကယ်သမား ကိုစံရွှေ (၃၁) နှစ်ကို ဘုရားပေါင်းကျေးရွာကို လူသွားပို့ပြီး အပြန်တွင် ဘင်္ဂလီ ပိုက်သည်ရွာမှ ရွာသား ၂၀ ခန့်က တုတ်ဓါးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံ တင်ပို့ခဲ့ရသည်။
အလားတူ ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၂ ရက်နေ့ ညဥ့်အချိန်ကလည်း အသစ် တည်ဆောက်ထားသော ကျောက်တော် ရွှေပြည်သစ်ကားဂိတ် အဆောက်အဦးနှင့် ဆိုင်ခန်းများကို ဘင်္ဂလီ လူအုပ်စု တစ်ခုက ၀င်ရောက်ဖြိုဖျက်သွားခဲ့ပြီး သြဂတ်စ်လ ၅ ရက်နေ့ကလည်း တောင်ပေါက်ရွာမှ ရခိုင်အမျိုးသားပိုင် မီးစက်ကြီး တစ်လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့သည်။
သို့သော်လည်း တစ်ဦး တစ်ယောက်ကိုမှ အရေးယူခြင်း၊ ဖမ်းဆီးခြင်း မရှိခဲ့ကြောင်း သိရသည်။ သို့အတွက် ကျောက်တော် ဒေသခံများက အာဏာပိုင်များ၏ ပြုမူ ဆောင်ရွက်မူများ အပေါ် သံသယ အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် ဆူပူ ဖြစ်စဉ်တွင် ရခိုင်လူမျိုး ၃၁ ဦး အဖမ်းခံခဲ့ရပြီး ထိုအထဲတွင် အမျိုးသမီးများလည်း ပါဝင်သည်။ ဖမ်းဆီးခံရသူ ရခိုင် အမျိုးသား အများစုမှာ ဆင်းရဲသူများ ဖြစ်ကြသည်ဟု ဆိုသည်။

Myanmar Express
ဘကြီးသက်
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“တနိုင်ငံလုံး စစ်ပွဲရပ်” လှုပ်ရှားမှု ပြုလုပ်မည်

ကချင်စစ်ပြေး ဒုက္ခသည်စခန်းတခုမှ အဘွားအိုတဦး (ဓာတ်ပုံ – ဧရာဝတီ)

ပြည်တွင်းစစ် ရပ်တန့်ပြီး လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည် ဖော်ရေးတို့အတွက် “တနိုင်ငံလုံး စစ်ပွဲရပ်” ဆိုသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။



စက်တင်ဘာလ ၂၁ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်ပြီး စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ကာ ၁၉၈၂ ခုနှစ်မှ စတင်၍ ကမ္ဘာတဝန်းတွင် နှစ်စဉ်ကျင်းပသည်။
ငြိမ်းချမ်းရေးကွန်ရက်၊ မဲခေါင်ကွန်ရက်၊ အဖြူရောင်တွဲလက်များ၊ နှောင်ကြိုးမဲ့ လူမှုကွန်ရက်၊ ရှမ်းပြည် ကျောက်မဲလူငယ်များကွန်ရက်၊ ရန်ကုန်ဂီတလူငယ်များ ကွန်ရက်၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ရက်၊ ပွင့်လင်းလူမှုအဖွဲ့အစည်းကွန်ရက်၊ ပန်းရဲ့လမ်း၊ ကဗျာဆရာများသမဂ္ဂ၊ စိမ်းရောင်စို၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကာတွန်းဆရာများအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကွန်ရက် စသည့် အဖွဲအစည်းများက လှုပ်ရှားမှုကို ဆောင်ရွက်မည်ဟု ရန်ကုန်မြို့ ရွှေသံလွင်ကွန်ဒိုတွင် ယနေ့ နံနက်က ကျင်းပသော “တနိုင်ငံလုံး စစ်ပွဲရပ်” ငြိမ်းချမ်းရေးလှုပ်ရှားမှု မီဒီယာရှင်းလင်းပွဲမှ သိရသည်။

ပြည်တွင်းစစ်များ အမြန်ဆုံးရပ်တန့်ပေးရေး ဘုံတောင်းဆိုချက်အဖြစ် “တနိုင်ငံလုံး စစ်ပွဲရပ်” အထိမ်းအမှတ် ငြိမ်းချမ်းရေး ကိုယ်စားပြု အပြာရောင်အဝတ်စကို နဖူးစည်း၊ လက်ပတ်များအဖြစ် အသုံးပြုကြမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့တွင် ယင်းလှုပ်ရှားမှု ဆောင်ရွက်သူများသည် ရောက်ရှိသည့်နေရာ၌ ညနေ ၄ နာရီမှ ၄ နာရီ ၁၅ မိနစ်အတွင်း ငြိမ်သက်စွာ ဆုတောင်းခြင်းများ ပြုလုပ်မည်ဟု ဆိုသည်။

အဆိုပါ လှုပ်ရှားမှုအတွက် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ တရားဝင် စီတန်းလှည့်လည်ခွင့်အတွက် စာတင်မည်ဖြစ်ပြီး ခွင့်ပြုချက် ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အဖွဲ့အစည်းများအားလုံးက လှုပ်ရှားမှုများ ပြုလုပ်ကြမည်ဟု သိရသည်။
“တရားမျှတမှုရှိမှ ငြိမ်းချမ်းရေးဆိုတာ ထာဝရဖြစ်တည်မှာပါ။ ကျမတို့အနေနဲ့ ခွင့်ပြုမိန့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လှုပ်ရှားမှုကို လုံးဝပြုလုပ်မှာဖြစ်တယ်” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူတဦးဖြစ်သူ မအက်စတာ က ပြောသည်။

လှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ တောင်ကြီး၊ အင်းလေး၊ ဟိုပုန်း၊ အောင်ပန်း၊ ရွှေဘို၊ ပြည်၊ ပေါင်းတည်၊ ဥက္ကံ၊ သာယာဝတီ၊ ဘားအံ၊ ကျောက်ဆည်၊ မြစ်သား၊ မော်လမြိုင်၊ နေပြည်တော်၊ ကျောက်မဲ၊ သံတောင်ကြီး၊ တောင်ငူ စသည့် မြို့များတွင် ပြုလုပ်မည်ဟု သိရသည်။ အနုပညာရှင်များ၊ ကဗျာဆရာများ၊ ကျောင်းသားကျောင်းသူများလည်း ပါဝင်လှုပ်ရှားမည်ဟု ဆိုသည်။

အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသန်းက “ကချင်ပြည်နယ်က မန်ဝင်းကြီး ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ ဆုတောင်းမှုတွေ ဆွေးနွေးမှုတွေ ပြုလုပ်မယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လူထုသိအောင် You Tube ကနေဖြန့်သွားမယ်။ အဲဒီနေ့မှာ Father တွေကလည်း ၀တ်ပြုဆုတောင်းမှုတွေလုပ်မယ်” ဟု ပြောသည်။
အဆိုပါ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ တံတားဖြူတွင် အဖွဲ့အစည်းများ စုပေါင်းကာ စကျင်ကျောက်တိုင်ငယ် တခုကိုလည်း စိုက်ထူပြီး အပြာရောင် မိုးပျံပူဖောင်းများ လွှတ်တင်မည်ဟု သိရသည်။

“ငြိမ်းချမ်းရေး သီချင်းတွေဖြန့်မယ်၊ စတစ်ကားတွေ ကပ်တာမျိုးတွေကို လှည်းတန်းမီးပွိုင့်မှာ လုပ်မယ်” ဟု တက္ကသိုလ် ခရစ်ယာန်ကျောင်းသားများကွန်ရက်မှ တာဝန်ခံတဦးက ပြောသည်။
ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သောင်းနှင့်ချီသော ဒုက္ခသည်များ ထွက်ပြေးနေရဆဲဖြစ်သည်။

မေစစ်ပိုင်
September 14, 2012
Irrawaddy
http://burma.irrawaddy.org/archives/20260

ဘကြီးသက်
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.