Saturday, September 8, 2012

“ဒီတစ်ခါလည်း မုဒိန်းမှုပါပဲ” အပိုင်း(၁)

 

သို့/ ဦးဝီရသူ မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက် မန္တလေးမြို့။ ရက်စွဲ၊ ၂၀၁၂-ခုနှစ်၊ စတင်ဘာလ(၂)ရက် ရိုသေစွာ ဦးတင်လျှောက်ထားအပ်ပါသည် ဘုရား…..

 ၁။ ဘုရားတပည့်တော်မသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အိမ်အမှတ်(-----)၊ စန္ဒာလမ်း၊ ရက်ကွက်ကြီး(----)တွင် နေထိုင်သည့် အဘ ဦး……၊ အမိ ဒေါ်…….တို့၏ သားသမီး(၄)ဦးအနက် သမီးအကြီးဖြစ်သူ မ…….(ခ)……..၊ အသက်(၃၄)နှစ်၊ မှတ်ပုံတင်အမှတ်(…………….)ဖြစ်ပါသည် အရှင်ဘုရား။

၂။ ဘုရားတပည့်တော်မသည် မိသားစုတွင် သမီးအကြီးဆုံးဖြစ်သည်ကတစ်ကြောင်း၊ မိသားစု(၆)ဦးအတွက် ဖခင်တစ်ဦးတည်း၏ ဝင်ငွေနှင့် မိသားစု စားဝတ်နေရေးအတွက် ရပ်တည်ရန် ခက်ခဲသည်ကတစ်ကြောင်း၊ ညီမအငယ်(၃)ဦး၏ ပညာရေးအတွက် ကူညီပံ့ပိုးလိုသည်ကတစ်ကြောင်း၊ ထို့ကြောင့် တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေရန် ပြင်ဦးလွင်မြို့၊ ဂေါက်ကွင်းအတွင်း ဖွင့်လှစ်ထားသော “KM” ဂေါက်အပိုပစ္စည်းဆိုင်တွင် အရောင်းစာရေးမအဖြစ် ၂၀၁၀ခုနှစ် (၁၀)လပိုင်းတွင် အလုပ်စတင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ၄င်း “KM”ဂေါက်အပို ပစ္စည်းဆိုင်၏ ဆိုင်တာဝန်ခံ(မန်နေဂျာ)မှာ ပြင်ဦးလွင်မြို့၊ သစ်ထုတ်လုပ်ရေး ဝန်းအတွင်းနေ မွတ်ဆလင်ကုလားဖြစ်သူ အသက်(၅၅)နှစ်အရွယ်ရှိ ဦးအေးမြင့် ဖြစ်ပါသည်။ ဦးအေးမြင့်အား အဆိုပါဆိုင်တွင် အလုပ်မဝင်ခင်ကတည်းကပင် တပည့်တော်မတို့ နေထိုင်သည့် အိမ်အနီးရှိ ဂေါက်လေ့ကျင့်ရေးကွင်းတွင် တွေ့မြင်ဖူးပြီး ၄င်းမှပင် တပည့်တော်မအား “KM”ဂေါက်ပစ္စည်း အရောင်းဆိုင်တွင် အလုပ်ခန့်ထားပေးခဲ့ခြင်း ဖြစ်ပါသည်။



 ၃။ ထိုသို့ “KM”ဂေါက်အပိုပစ္စည်းဆိုင်တွင် တာဝန်ထမ်းဆောင်နေရင်း ၂၀၁၁-ခုနှစ်၊ ဇူလိုင်လအတွင်း၏ နေ့တစ်နေ့ (နေ့ရက်မမှတ်မိ) နေ့လည်(၁၂)နာရီဝန်းကျင်တွင် Golfer-များ ဂေါက်ကွင်းဝန်ထမ်းများ ကယ်ရီများ နေ့လည်ထမင်းစား ပြန် ချိန်တွင် တပည့်တော်မမှ ဆိုင်အတွင်းရှိ အိမ်သာသို့ဝင်ပြီး ပြန်အထွက်တွင် ဦးအေးမြင့်မှ တပည့်တော်မအား အိမ်သာထဲသို့ လက်ဖြင့်ဆောင့်တွန်းကာ တံခါးပိတ်၍ ၎င်းတွင်အသင့်ပါလာသော ဓားဖြင့် တပည့်တော်မအား ထောက်ပြီး “နင်မအော်နဲ့၊ အော်လျှင်သတ်ပစ်မည်”ဟု ပြောပြီး အိမ်သာအုတ်နံရံနှင့် တပည့်တော်မ၏ ဦးခေါင်းအား(၃)ချက်ခန့် ဆောင့်တိုက်ပြီး ဦးခေါင်းမူးဝေနေစဉ် အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့် စော်ကားခဲ့ပါသည်။ တပည့်တော်မမှ မိဘများနှင့် သက်ဆိုင်ရာသို့ တိုင်ကြားမည်ဟု ငိုယို၍ပြောရာ အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဦးအေးမြင့်မှ “င့ါသိက္ခာကျအောင်လုပ်ကြည့်၊ နင်နှင့်အတူနင့်ညီမတွေကိုပါ အရှက်ခွဲပြီး အသေသတ်ပစ်မယ်၊ ရဲတိုင်လျှင်လည်း ငါ့အစ်ကိုမှာ သိန်း(၂၀၀၀)လောက်ရှိတယ်၊ ငါ့မိသားစုမှာလည်း ငွေရှိတယ်၊ နင်အမှုဖွင့်လျှင် နိုင်မည်ထင်နေလား၊ ဥပဒေဆိုတာငွေနှင့် ပိတ်လျှင်ရတယ်၊ တရားသူကြီးနှင့် ရှေ့နေတွေထဲမှာ ငါ့အသိတွေအများကြီးရှိတယ်၊ ငါ့မှာအဖွဲ့အစည်းတွေလည်းရှိတယ်၊ နင့်မှာငွေမရှိလျှင် Golfer-တွေရဲ့ စပွန်စာလုပ်လိုက်ပါလား၊ တရားဥပဒေနှင့် ရင်ဆိုင်မယ်ဆိုလျှင် ငွေအရင်ရှာထားလိုက်ဦး။”ဟု ခြိမ်းခြောက်ပြောဆိုပါသည်။

၎။ တပည့်တော်မအား အထက်ပါကဲ့သို့ ပြုကျင့်ပြီး ဦးအေးမြင့်မှ အတင်းထိုင်ခိုင်းပြီး မိန်းမကိုယ်အား ရေဆေးခိုင်းခြင်း၊ သက်သေခံ အတွင်းခံဘောင်းဘီိကိုလည်း အတင်းချွတ်၍ သူကိုယ်တိုင် ယူဆောင်သွားခဲ့ပါသည်။ ထို့ပြင် “နင်ဗိုက်ကြီးလျှင် ငါတာဝန်ယူနေရမည်ဆိုပြီး” ၎င်းနှင့်အသင့်ပါလာသော ဆေးကပ်အသေးလေးထဲရှိ အဖြူရောင်ဆေး(၂)လုံးမှ ဆေးတစ်လုံးကို တပည့်တော်မအား အဓမ္မသောက်ခိုင်းသည့်အတွက် သောက်ခဲ့ရပါသည်။ ၎င်း ဦးအေးမြင့်မှပင် “နင်အလုပ်ထွက်မည်ဆို လျှင်လည်း ငါကစီးပွားရေးနှင့် ဘွဲ့ရထားတာ၊ နင်ရောင်းချသော ဆိုင်မှပစ္စည်းများအား စာရင်းအင်းပညာဖြင့် ပစ္စည်းစာရင်းကွာရန်၊ ရောင်းကြေးငွေကွာရန် လုပ်ကြံလိမ်လည်၍ ငွေပစ္စည်းအလွဲသုံးစားမှုနှင့် တရားစွဲထောင်ချပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် တပည့်တော်မမှ မည်သူကိုမျှ မတိုင်ရဲ၊ အသိမပေးရဲဘဲ ကြောက်ရွံ့လျက်သာ တိတ်တစိတ် ဒုက္ခရောက်နေခဲ့ ရပါသည်။ အထက်ပါကဲ့သို့ အိမ်သာအတွင်း အနိုင်ကျင့် ဖျက်ဆီးစော်ကားပြီး နောက်ပိုင်းတွင်လည်း အခြားတစ်နေရာသို့ ၎င်းနှင့်အတူ လိုက်ပါ၍ ကာမစပ်ယှက်ရန် ချော့တစ်ခါ၊ ချောက်တစ်လှည့်ဖြင့် ခေါ်ဆိုခဲ့ပြီး တပည့်တော်မ နည်းအမျိုးမျိုးနှင့် လိုက်ပါရန် ငြင်းဆန်ခဲ့ရပါသည်။ ၎င်းဦးစီးရသည့် “KM”ဂေါက်အပိုပစ္စည်းဆိုင်တွင်လည်း ဗုဒ္ဓဘာသာမြန်မာမှု ဓလေ့ထုံးစံအရ ဘုရားစာရွတ်ဆိုခြင်း၊ ပုတီးစိပ်ခြင်း၊ ဘုရားရှိခိုးခြင်းများ လုံးဝမပြုလုပ်ဘဲ တပည့်တော်မအိမ်မှ ထုတ်လာသော ထမင်းချိုင့်ကိုပင်၊ ၀က်သားမယူရ၊ ဈေးဝယ်လျှင်ပင်ဗုဒ္ဓဘာသာဆိုင်တွင် မ၀ယ်ရဘဲ ၎င်းတို့၏ မူဆလင်ဆိုင်တွင်သာ ဈေးဝယ်စေပြီး လူမှုရေး၊ ဘာသာရေးများ ချိုးနှိမ်ခံခဲ့ရပါသည်။ ၎င်းဆိုင်တွင် အလှူခံလာသော ဗုဒ္ဓဘာသာ သီလရှင်၊ ဘုန်းကြီးရဟန်း၊ လူပုဂ္ဂိုလ်များကိုပင် အလှူငွေ လောင်းလှူခြင်း မပြုရပါ။

 ၅။ ထို့သို့ နေလာရင်း လွန်ခဲ့သည့်(၁၄-၅-၂၀၁၂)ရက်နေ့ ညနေ(၅)နာရီခန့်တွင် တပည့်တော်မ တာဝန်ယူရောင်းရသည့် ဂေါက်အပိုပစ္စည်းများ လိုအပ်နေပါ၍ ဦးအေးမြင့်ထံ ဖုန်းဆက်ရာ ဖုန်းပိတ်ထားသဖြင့် ဦးအေးမြင့်မှ အရေးကြီးလျှင် ဆက်သွယ်ရန် ပေးထားသော ၎င်း၏ညီမဖုန်းအား ဆက်ရာ ဦးအေးမြင့်၏ ညီမက “နင့်ငါ့ဖုန်းဆက်စရာမလိုဘူး၊ ငါ့အစ်ကိုနားကပ်လို့ ရမယ်ထင်နေသလား”ဟု ပြောပြီး မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုကြိမ်းမောင်းကာ ဖုန်းပိတ်သွားပါသည်။ ခဏအကြာတွင် တပည့်တော်မ၏ ဖခင်မှ ဆိုင်သို့လာပြီး အိမ်တွင် ဦးအေးမြင့်၏ အစ်မနှင့် ညီမဟု ဆိုသူများက ပြဿနာလာရှာနေကြောင်း၊ လိုက်ရှင်းဦးဟု ပြော၍ တပည့်တော်မလည်းဆိုင်သို့ ဦးအေးမြင့်ပါ ထပ်ရောက်လာသဖြင့် ၄င်းကိုပါ လိုက်လံဖြေရှင်းပေးရန် ခေါ်ဆောင်လာခဲ့ပါသည်။ တပည့်တော်မ၏ နေအိမ်ခြံဝန်းအတွင်းသို့ အရောက်တွင် အိမ်အတွင်းသို့ အရင်ရောက်ရှိနေသော ဦးအေးမြင့်၏ အစ်မနှင့် ညီမမှ “နင်အလုပ်က အခုချက်ချင်းထွက်၊ ငါ့အစ်ကိုနားကို ကပ်ချင်မနေနဲ့”ဟု စွပ်စွဲပြောဆိုပြီး ဆဲဆိုခြိမ်းခြောက်ကာ တပည့်တော်မ ဆံပင်အား ၀ိုင်းဆွဲပြီး၊ ပါးရိုက်ခြင်း၊ ထုထောင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုအချိန်မှ တပည့်တော်မ၏ မိဘများမှ သတိဝင်လာကာ အနိုင်အထက်မပြုလုပ်ရန်၊ လက်မပါရန် ၀င်ရောက်ပြောဆိုမှသာ တပည့်တော်မအား ရိုက်နှက်သတ်ပုတ်ခြင်းမှ လွတ်မြောက်ခဲ့ပါသည်။ တပည့်တော်မလည်း မည်သို့မျှ မြိုသိပ်မထားနိုင်တော့ဘဲ ဦးအေးမြင့်မှ သားမယားအဖြစ်အဓမ္မ အလိုမတူဘဲ ပြုကျင့်ခဲ့ကြောင်း မိဘများအား ဖွင့်ပြောတိုင်ကြားခဲ့ပါသည်။ တပည့်တော်မ၏ မိဘများက ဦးအေးမြင့်အား မေးမြန်းရာ အထက်ပါကဲ့သို့ တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ၀န်ခံခဲ့ပါသည်။

 သို့အတွက်(၁၈-၉-၂၀၁၂)ရက်နေ့၌ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တပည့်တော်မ၏ အမှုကိုလိုက်ပါဆောင်ရွက် ပေးမည့် ရှေ့နေအဖွဲ့နှင့်အတူ အမှုဖွင့် တရားစွဲဆိုခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်း၌ သက်သေခံပစ္စည်းလည်း မရှိတော့ခြင်း၊ အချိန်လည်း ကြာပြီဖြစ်သည့်အတွက် အတင်းအဓမ္မတစ်ကြိမ်ကျူးလွန်သည့်အစား အကြိမ်ကြိမ်ကျူးလွန်သည်ဟု တိုင်မှသာလျှင် ပြစ်မှုမြောက်မည်ဟု တပည့်တော်မ၏ အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် ဥပဒေအကျိုးဆောင်ရှေ့နေ၊ အမှုစစ်အရာရှိနှင့် ရဲစခန်းမှ အတင်းအဓမ္မပြောဆို၍ အမှုတိုင်ချက်အား လက်မှတ်ရေးထိုးစေခဲ့သဖြင့် မသိနားမလည်စွာ လက်မှတ်ရေးထိုးပေးလိုက် ရပါသည်။ တပည့်တော်မနှင့်တကွ မိသားစုများမှလည်း ထိုကဲ့သို့ မမှန်မကန် လက်မှတ်ရေးထိုးပေးရသည်ကို စိတ်မချမ်းမြေ့သ ဖြင့် အခြားနားလည်တက်ကျွမ်းသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့နှင့် ပြောဆိုတိုင်ပင်ကြည့်မှသာလျှင် အထက်ပါတိုင်ကြားချက် သည် အမှုပေါ့လျော့အောင် ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရှိရပါသဖြင့် တရားသဖြင့် လိုက်ပါဆောင်ရွက်ပေးသည့် ပရဟိတ စိတ်သက်သက်ဖြင့် လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေအကျိုးဆောင်ရှေ့နေများနှင့် ချိတ်ဆက်မိ၍ ယခုအခါ တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်ပါသည်။

 တရားလိုဖြစ်သော တပည့်တော်မ တစ်ဦးတည်းပင် ရုံးချိန်း(၃)ကြိမ်ခန့် စစ်ဆေးရာ ယနေ့ထက်တိုင် ပြီးပြတ်အောင် စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် သက်ဆိုင်ရာ အဖွဲ့စည်း (ဌာနဆိုင်ရာ)များကိုပင် အပြည့်အ၀ ယုံကြည်အားထားရန် မဖြစ်နိုင်ကြောင်းသံသယ ဖြစ်မိပါသည်။ သို့ဖြစ်ပါ၍ ဘာသာရေး၊ သာသနာရေး၊ လူမျိုးရေးနှင့် ပက်သက်၍ မေတ္တာရှေ့ထား ကူညီဆောင်ရွက်ပေးပါသော ဆရာတော် ၀ီရသူ(မစိုးရိမ်)အား ယခုရင်ဆိုင်နေရသော လူမျိုးခြား/ဘာသာခြား တစ်ဦး၏ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကောင်း တစ်ဦးအပေါ် အဓမ္မအနိုင်ကျင့် ဖျက်ဆီးသည့် ကိစ္စရပ်အား အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သော တရားဥပဒေအဖြစ်ဒဏ်၊ လူမှုရေးအပြစ်ဒဏ်၊ ဘာသာသာသနာရေးအပြစ်ဒဏ်များ တရားမျှတစွာ ချမှတ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် လေးမြတ်စွာ အသနားခံလျှောက်ထားအပ်ပါသည်ဘုရား။

 တပည့်တော်မကိုယ်တိုင်လည်း နောင်မျိုးဆက် ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများ တပည့်တော်မကဲ့သို့ လူမျိုးခြား၊ ဘာသာခြား၏ အနိုင်အထက်စော်ကား မခံရလေအောင် စံနမူနာပြ၍ အရှက်နှင့်သိက္ခာကို ပဓာနမထားဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်မည်ဟု ကတိသစ္စာပြု၍ ယခုအမှုကို အမှုမှန်ပေါ်သည်အထိ ဖြေရှင်းပါမည်ဟု ထပ်လောင်းလျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား…………………

ရှိခိုးဦးတင်လျှက်
 (အနိုင်ကျင့်ခံရသူ တစ်သူမိန်းကလေးတစ်ဦး)
 ပြင်ဦးလွင်မြို့။

ရေးသားသူအဖွဲ့  ; မောင်ကျောက်ခဲ

ဘကြီးသက်

Unknown at 1:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖားကန့် စစ်ပြေးတဦး ပစ်သတ်ခံရ

ချင်းမိုင်(မဇ္စျိမ) ။         ။ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ထွက်ပြေး တိမ်းရှောင်နေသော ဖားကန့်မြို့ပေါ်မှ စစ်ပြေး ဒုက္ခသည် အသက် ၂၁ နှစ်အရွယ် ကိုစဂ လအောင်(Sa ga La Aung)ဟု မှော်မောင်းကုန်း ကျေးရွာသို့ အသွားတွင်
သောကြာနေ့ နံနက်ပိုင်းက အစိုးရတပ်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှိ စစ်ပြေးဒုက္ခသည် ကိုစဂလအောင်သည် မိမိ၏ ကျေးရွာ မှော်မောင်ကုန်းသို့ ပြန်ချင်သည်ဟုဆိုကာ ယနေ့နံနက် ၆ နာရီက ဒုက္ခသည်စခန်းမှ ထွက်သွားပြီး
နောက် လမ်းခုလတ်တွင် ပစ်ခတ်ခံခြင်း ဖြစ်သည်။

“ညက သူက သူ့အမေကို အိမ် အရမ်းပြန်ချင်တယ်လို့ ပြောတယ်။ ဒီမနက် သူ့အမေကို ပြောပြီး ပြန်သွားတာ။ အသွားလမ်း မှော်မောင်းဘွမ်မရောက်ခင် တိန်းကေမှာ သတ်ခံရတယ်။ အဲဒီရွာမှာ တချို့ အရပ်သားတွေ ရှိတယ်။ သူတို့ကလည်း ရွာကို မရောက်ဘူးလို့ ပြောတော့ သူက လမ်းမှာ ပျောက်နေတယ်”ဟု မော်ဝမ်း စစ်ပြေးဒုက္ခသည်များ အစားအသောက်အတွက် တာဝန်ယူနေသူ ဒေါ်ဘွမ်လီက ပြောသည်။ သို့သော် ပစ်ခတ်သည့် တပ်အမည်ကို ပြောပြ
နိုင်ခြင်း မရှိပါ။

အစိုးရနှင့် KIA တပ်များအကြား တိုက်ခိုက်ရန် အသင့်အနေအထားတွင် ရှိနေသဖြင့် လုံခြုံရေးအရ သေဆုံးသူ၏ အလောင်းအား ယခုချိန်ထိ သွားရောက်ယူနိုင်ခြင်း မရှိပေ။
ဘကြီးသက်
Unknown at 1:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်အမှတ်(၃)လမ်းမကြီး လေးလမ်းသွားတိုးချဲ့မည်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရှိ အမှတ်(၃)လမ်းမကြီးကို လက် ရှိ (၂၂)ပေအကျယ်မှ (၄၈)ပေ အထိကျယ်သော လေးလမ်းသွား လမ်းမကြီးအဖြစ် ပွင့်လင်းရာသီ တွင် လမ်းတာပေါင်ချဲ့ထွင်သွား မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်မှပြောကြားသည်။
အဆိုပါလမ်းမကြီး၏ လမ်း တာပေါင်ချဲ့ခြင်းကို လာမည့် ပွင့် လင်းရာသီတွင်စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း အဆင့်အထိပြီးစီးအောင် စီမံ ချက်ဖြင့် ဆောင်ရွက်မည်ဟု သိရ သည်။
““အမှတ် ၃ လမ်းမကြီးကို မက်စ်မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီက (၄)လမ်းသွား (၄၈) ပေအကျယ်ထိ လမ်းတာပေါင် ချဲ့မယ်၊ ၂၀၁၃-၂၀၁၄ မှာ ကတ္တ ရာလမ်းအဆင့်ပြီးအောင် စီမံ ချက်နဲ့လုပ်မယ်””ဟု သူကဆိုသည်။
ယင်းအမျတ် ၃ လမ်းမကြီး သည် ဘုရင့်နောင်ဘက်သို့အသွား အပြန် ကုန်တင်ကားကြီးများ ၀င် ရောက်သွားလာခြင်း၊ အောင် မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ကားများ သွားလာခြင်း၊ သစ်လုံး တင်ယာဉ်ကြီးများ၊ ကုန်တင်ယာဉ် များ နေ့စဉ် သွားလာနေသည်။ နှစ်လမ်းသွားအဖြစ် ဆောက်လုပ် ထားသော လမ်းဖြစ်သောကြောင့် လမ်းကြောပိတ်ဆို့မှုကို မကြာ ခဏဖြစ်ပွားလေ့ရှိသည်။
““လမ်းပြင်မယ်ဆိုရင် ဘုရင့် နောက်ဖက်က သွားလာမည့် ယာဉ်ကြီးတွေကို လမ်းကြောင်း ခဏပြောင်းထားဖို့လိုမယ်၊ ဒီလမ်း က အစကတည်းက လမ်းကြော ကြပ်တော့ လမ်းချဲ့နေစဉ်ဆို ပို ကြပ်မှာ၊လမ်းကြောင်းတွေ အရင် ရှင်းထားမှ အဆင်ပြေနိုင်မယ်””ဟု ဘုရင့်နောင် ၀င်းအတွင်းရှိ ကုန် စည်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

မေဇင်ကို

ဘကြီးသက်
Unknown at 1:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပြောင်းအလဲတွေ လမ်းပေါ်ထိ မရောက်သေး



------------------------------------------------------------------------------------------------- 
အစိုးရ အဖွဲ့သစ်ထက်စာရင် လူတွေ ပိုပြီးစိတ်ဝင်စားတာက နေ့စဉ်ပေါက်ဂဏန်းပါ (ဓာတ်ပုံ- ဧရာဝတီ)
ရန်ကုန်မြို့လယ်ကနေ ကားနဲ့ မိနစ်အနည်းငယ်ပဲ သွားရတဲ့နေရာမှာ နေနေပေမယ့် ဦးလှရွှေတယောက် ကမ္ဘာတခုထဲ ရောက်နေသလို ဖြစ်နေပါတယ်။
သူနေတဲ့ရပ်ကွက်က ရေလည်းမလာတဲ့အပြင် အမှိုက်လည်း မသိမ်းပါဘူး။ အနီးဆုံးဘတ်စကားမှတ်တိုင်ကို ရောက်ဖို့ဆိုရင်လည်း နောက်ဖေး လမ်းကြိုလမ်းကြားတွေကိုဖြတ်ပြီး အဝေးကြီး လမ်းလျှောက်ရပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ပြည်သူလူထု အကျိုးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကြေငြာခဲ့တာ အခုဆိုရင် ၁၇ လ ရှိသွားပါပြီ။ အခုအချိန်ထိတော့ ဦးလှရွှေ နေတဲ့အရပ်ဆီ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မရောက်လာသေးပါ။
ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ သမ္မတက အစိုးရအဖွဲ့အတွင်း ဝန်ကြီနေရာအပြောင်းအလဲတွေ တသီတတန်းလုပ်လိုက်တဲ့အခါ ဒါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အဓိက တွန်းအားဖြစ်စေတဲ့အရာတခုလို့ ပြည်တွင်းပြည်ပ အင်အားစု တွေက ယူဆကြပါတယ်။
ဒါပေမယ့် တချိန်ထဲမှာလည်း အခုလို အစိုးရအဖွဲ့အပြောင်းအလဲက ဆင်းရဲမွဲတေမှု အမှတ်မျဉ်း (Poverty Line) အောက်မှာ ရှိနေဆဲဖြစ်တဲ့ မြန်မာပြည်သူ ၂၅ ရာခိုင်နှုန်းအတွက် စီးပွားရေးအရ ဒါမှမဟုတ် လူမှုရေး အရ တိုးတက်ကောင်းမွန်မှု တစုံတရာ ဆောင်ကျဉ်းလာပါ့မလားဆိုတာ မေးခွန်းမေးစရာ ဖြစ်လာပါ တယ်။
ဝန်ကြီးနေရာအပြောင်းအလဲနဲ့ပတ်သက်ပြီး ဦးလှရွှေနေတဲ့ အရပ်ထဲက လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ကို ကျနော်မေးကြည့်မိပါတယ်။ သူက “ပြောင်းတော့ ဘာဖြစ်လဲ” တဲ့။

ဟုတ်တာပေါ့။ အများစုက အလုပ်လက်မဲ့ဖြစ်နေကြပြီး ၂ လုံးထီနဲ့ ကံစမ်းနေကြတဲ့ ဒီအရပ်မှာ ဝန်ကြီးအပြောင်းအလဲ ဆိုတာ သူတို့အတွက် စိတ်လှုပ်ရှားစရာမှ မဟုတ်တာကိုး။ အဲ့ဒီတော့ ပြောင်းလဲ ပြောင်းပေါ့ပဲ ရှိမှာပေါ့။ အစိုးရအဖွဲ့ထဲရောက်လာတဲ့ လူသစ်တွေထက်စာရင် သူတို့ ပိုပြီးစိတ်ဝင်စားတာက နေ့စဉ်ပေါက်ဂဏန်းလေ။
“အစိုးရအဖွဲ့သစ်မှာ ဘယ်သူတွေပါတယ်၊ လွှတ်တော်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဒီကလူတွေက ဂရုမစိုက်ဘူး။ တနေ့စာ တနေ့ကာမိအောင် အလုပ်ရှုပ်နေကြတာ” လို့ အသက် ၇၅ နှစ် အရွယ် အဘိုးအိုတယောက်က ပြောပါတယ်။ ဝန်ကြီးနေရာ ၃၀ အပြောင်းအလဲကို သမ္မတက ကြေငြာအပြီး ရက် အနည်းငယ်အကြာမှာ သူက ကျနော့်ကို အခုလို ပြောပြတာပါ။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ဟောင်း ဝါရင့်နိုင်ငံရေးသမားကြီး ဦးချန်ထွန်းကလည်း ပြုပြင်ပြောင်းလဲမှု အစစ်အမှန်ဆိုတာ သာမန်ပြည်သူတွေရဲ့ဘဝတွေ ပိုကောင်းလာတာကို ဆိုလိုတာဖြစ်တယ်၊ ထိပ်ပိုင်းက ဝန်ကြီး အဆင့်မှာ ပြောင်းရုံတခုထဲနဲ့ မရဘူးလို့ ဆိုပါတယ်။

“အောက်ခြေမှာ တိုးတက်မှုတွေကို မြင်ချင်တယ်ဆိုရင် မြို့နယ် ဒါမှမဟုတ် ရပ်ကျေးအဆင့် အာဏာပိုင် တွေကိုပါ ပြောင်းပစ်ဖို့လိုတယ်” လို့ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဦးချန်ထွန်းက ပြောပါတယ်။ လယ်သမားတွေကို အမတော်ကြေးငွေတွေ ချပေးတဲ့အခါ အာဏာပိုင်တွေကြားမှာ ခြစားမှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့လည်း သူက ထောက်ပြပါတယ်။

“ခြစားတဲ့ဝန်ထမ်းတွေက အစိုးရက အားနည်းစေတယ်။ အားနည်းတဲ့ အစိုးရက ပြည်သူလူထု အကျိုးရှိ တာထက်ရှိရင် ဒုက္ခပိုဖြစ်စေမယ်” တဲ့။
ဒီမိုကရက်ပါတီ (မြန်မာ) ရဲ့ ဥက္ကဌ ဦးသုဝေကတော့ အစိုးရထဲက ရှေးရိုးဝါဒီနဲ့ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေရဲ့ အကွဲအပြဲဟာ တကယ့်အပြောင်းအလဲတွေဖြစ်ဖို့ ခက်ခဲစေလိမ့်မယ်လို့ ယုံကြည်နေသူပါ။
“တပ်မှူးငယ်တယောက်က သမ္မတရဲ့အမိန့်ကို ဖီဆန်ရဲတယ်ဆိုရင် သူ့အထက်မှာ သူ့ကို ကာကွယ်ပေးနိုင်မယ့် ပြီးတော့ သမ္မတအမိန့်ကို မနှစ်သက်တဲ့သူ တစုံတယောက်ရှိနေလို့သာ အဲ့ဒီလို ဖီဆန်ရဲတာပေါ့။ ဒါကြောင့်မို့လည်း သမ္မတရဲ့ ပြုပြုင်ပြောင်းလဲရေး လုပ်ငန်းစဉ် အများစုက သေသေချာချာ အကောင်အထည် မပေါ်တဲ့အပြင် သာမန်ပြည်သူလူထုလည်း ဆိုးဆိုးဝါးဝါး နစ်နာနေရတာပါ” လို့ သူက ဆိုပါတယ်။
မကြာသေးခင်က သူ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း လက်ရှိလုပ်ငန်းစဉ်တွေမှာ အတားအဆီး အနှောင့်အယှက် တချို့ရှိနေတဲ့အကြောင်း သမ္မတက သူ့ကို ဝန်ခံခဲ့တယ်လို့ ပြောပြပါသေးတယ်။
“ပြည်ပရောက် မြန်မာတွေ ပြည်တော်ပြန်တဲ့ကိစ္စကို ကြည့်ရအောင်။ အဲ့ဒီလူတွေကို Black List ကနေ တရားဝင် ဖယ်ထုတ်နိုင်ဖို့အရေး သူ တနှစ် အချိန်ယူခဲ့ရတယ်။ ဒီလောက်ဆို အခြားကိစ္စတွေမှာ ဘာတွေဖြစ်နေလဲ ဆိုတာ မှန်းကြည့်လို့ ရနိုင်ပါတယ်” လို့ ဦးသုဝေက ဆက်ပြောပါတယ်။ သူ့နာမည်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ အစိုးရက အဲ့ဒီ Black List ကနေ ဖယ်ထုတ်ခဲ့တာပါ။
မြန်မာ့အရေးကျွမ်းကျင်သူတွေကတော့ နောက်ဆုံး အစိုးရဝန်ကြီးအဖွဲ့အပြောင်းအလဲဟာ “ပြုပြင်ပြောင်းလဲလိုစိတ် မရှိသည့်” သဘောထားတင်းမာသူ တချို့ကိုရှင်းထုတ်တဲ့ သမ္မတရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီလို ပြောင်းလဲလိုစိတ်မရှိသူတွေကို ချန်ထားခဲ့ရမှာပဲလို့ သူရဲ့ မေလ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာကိုး။
“အစိုးရအဖွဲ့သစ်ထဲမှာသဘောထားတင်းမာသူတွေ မရှိတော့တာမို့ အခုဆိုရင် သမ္မတအနေနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ပြီလို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီအပြောင်းအလဲက အစပိုင်းလေးမှာပဲ ရှိသေးတဲ့အတွက် သူဘယ်လောက်အတိုင်းအတာအထိ လုပ်နိုင်မယ်ဆိုတာကိုတော့ ကျနော်တို့ မသိသေးပါဘူး” လို့ ဦးသုဝေက ထပ်ဖြည့်ပြောပါတယ်။
သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတရုံးဝန်ကြီးတွေကို ၆ ဦးအထိ တိုးမြှင့်ခန့်ထားလိုက်တာဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ သူ့နည်းသူ့ဟန်နဲ့ ပြင်ဆင်တာလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ခေါင်းဆောင် ကိုကိုကြီးက ယူဆပါတယ်။
“ဝန်ကြီးအဖွဲ့ အပြောင်းအလဲအပြီးမှာ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို မြှင့်တင်နိုင်မယ့် မှန်ကန်တဲ့ မူဝါဒ အပြောင်း အလဲတွေ ကျနော်တို့ တကယ်တွေ့လိုပါတယ်” လို့ သူက ဆိုပါတယ်။
အစိုးရအဖွဲ့ အပြောင်းအလဲနဲ့ပတ်သက်လို့ သံသယ တစုံတရာရှိနေကြပေမယ့် ကျနော်စကားပြောဖြစ်တဲ့သူတွေ ကတော့ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေကို ဒုဝန်ကြီးတွေအဖြစ် ခန့်အပ်လိုက်တာဟာ အပြုသဘောဆောင်တဲ့ လက္ခ ဏာဖြစ်တယ်လို့ မြင်ကြပါတယ်။
“ဝန်ကြီးအဖွဲထဲမှာ ကိုယ့်အလုပ်အကြောင်း ကိုယ်သိတဲ့သူ ရှိတာက အမိန့်နာခံဖို့ပဲ လေ့ကျင့်ထားတဲ့သူရှိတာထက် ပိုကောင်းပါတယ်” လို့ ဦးချန်ထွန်းက ဆိုပါတယ်။
ဦးလှရွှေကလည်း အစိုးရအနေနဲ့ တကယ်အပြောင်းအလဲတွေလုပ်ချင်ရင် ဖြစ်အောင်လုပ်ရမယ်လို့ ပြောပါတယ်။
“သူသမ္မတဖြစ်တာ ၁၇ လ ရှိသွားပေမယ့် အခုထိ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ရလာဒ် ဘာမှ မတွေ့ရသေးတာမို့ အစိုးရက ‘ပြုပြင်ပြောင်းလဲမှု ဒါမှမဟုတ် အပြောင်းအလဲ’ ဆိုတာကို သံယောင်လိုက် စတန့်ထွင်နေသလားလို့ တောင် ထင်နေမိတယ်” လို့ သူက ဆိုပါတယ်။
“သူတို့ (အစိုးရ) အနေနဲ့ ဆင်းရဲမွဲတေမှုကို လျော့ပါးစေချင်ရင် လူထု ဒုက္ခရောက်နေတာကို မျက်စေ့နဲ့တတ်အပ်မြင်ရ အောင် ဘာဖြစ်လို့ အောက်ခြေအဆင့်ထိ ဆင်းမကြည့်လဲ။ ဆင်းရဲသားတွေနေတဲ့ နေရာတခုကို သွားလည်ရင်တောင် အခြေအနေ ဘယ်လိုရှိသလဲဆိုတာ သူတို့ သိသွားနိုင်တာပဲ” လို့လည်း သူက ပြောပါသေးတယ်။
သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုကို အားကောင်းစေဖို့ သူ့ရဲ့ အစိုးရအဖွဲ့သစ်ကို ကြေငြာပြီး ၄ ရက်မြောက် ညနေမှာ ကိုမင်းဇော်တယောက် ရန်ကုန်မြို့လယ်က ဘတ်စကားဂိတ်တခုမှာ ရှိနေခဲ့ပါတယ်။ သူက သူနေတဲ့ မြို့စွန် ကနေ အရောင်းစာရေးအဖြစ် အလုပ်လုပ်နေတဲ့ မြို့လယ်ကိုရောက်ဖို့ နေ့စဉ် နာရီပေါင်းများစွာ ဘတ်စကား တိုးစီးနေ ရသူပါ။
“သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှုကိစ္စတွေကို ကျနော် နည်းနည်းလေးပဲ သိပါတယ်” လို့ သူက ပြောပြပါ တယ်။
“ဒါပေမယ့်ဗျာ တကယ်လို့သာ သမ္မတကြီးအနေနဲ့ ကျနော်တို့ သက်တောင့်သက်သာနဲ့ အိမ်ပြန်နိုင်အောင် ဘတ်စကား လိုင်းတွေ ပိုပြီးစီစဉ်ပေးနိုင်မယ်ဆိုရင် သူဟာ သိပ်ကို စာနာတတ်တဲ့သူ ဖြစ်ပါလိမ်မ့ယ်” လို့ အခြားခရီးသည်တွေနဲ့ အတူ ကားပေါ် မတိုးတက်ခင်မှာ သူက ပြောသွားပါတယ်။
Hpyo Wai Tha ၏ Waiting for Reform to Hit the Streets ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

ဘကြီးသက်
Unknown at 1:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.