Friday, September 7, 2012

ရန်ကုန်မြို့ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်တွင် Suzuki Wagon R+ ယာဉ်တစ်စီး မတော်တဆမီးလောင်






ယနေ့(စက်တင်ဘာ၇ရက်) ညနေ ၅ နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်တွင် Suzuki Wagon R+ ယာဉ်တစ်စီး မတော်တဆမီးလောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဘကြီးသက်
Unknown at 10:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ကြီးအသစ်များ ကျမ်းသစ္စာကျိန်


အစိုးရသစ် လက်ထက် ကျင်းပနေတဲ့ လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ကာကွယ်ရေး ၀န်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် အပါအ၀င် တခြားသောလစ်လပ်နေသည့် ၀န်ကြီးဌာန ၀န်ကြီး ၁၁ ဦးနှင့် အသစ်ခန့်အပ်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်တို့ ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှာ အငြိမ်းစားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် စစ်တပ်ရာထူး အပြောင်းအလဲ တွင် စစ်ထောက်ချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဖြစ်လာနိုင်သူဟု တစ်ပေးခြင်းခံရသူလည်း ဖြစ်သည်။
ယခုအခါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခင် ကာကွယ်ရေးဝန်ကြီး တာဝန်ယူနေသူ ဒု ဗိုလ်ချုပ်ကြီး လှမင်း အား စစ်ဘက်ဆိုင်ရာတွင် ပြန်လည် တာဝန်ထမ်းစေမည်ဟု သမ္မတ ဦးသိန်းစိန် ထံ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ ကံဇော်၊ သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဒေါက် တာ မြင့်အောင်၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာ ကိုကိုဦး၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းရှိန်၊ ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူ ၊ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ စက်မှုဝန်ကြီး ဦးအေးမြင့်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီး ဦးဌေးအောင် တို့ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်လာခဲ့သည်။
ထူးခြားသည်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးအဖြစ် ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား တာဝန်ပေးခဲ့ရာ ပထမဆုံး အမျိုးသမီး ၀န်ကြီး ဖြစ်လာခြင်းဖြစ်သည်။
ရန်ကုန်တိုင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယခု အစိုးရသစ် တွင် ပညာရှင်များနှင့် လုပ်ငန်း အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များအား တာဝန်ပေးခြင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။
မကြာသေးခင်ကမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဇေယျာအောင် သည်လည်း မီးရထား ၀န်ကြီး အဖြစ် တာဝန်ယူမည် ဖြစ်သည်။
အလားတူ ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ယခင် သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်အား နုတ်ထွက်သွားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဟောင်း ဦးလွန်းမောင်၏ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသည်။
အစိုးရအဖွဲ့ အတွင်း အပြောင်းအလဲကို ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် ၀န်ကြီးအသစ်များ ခန့်အပ် အတည်ပြုခြင်းဖြစ်သည်။

ဘကြီးသက်
Unknown at 10:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်



သက်တမ်း(၂)နှစ်ခန့်ရှိပြီဖြစ် သော သမ္မတကြီးဦးသိန်းစိန်၏ အစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်း လဲဖွဲ့စည်းလိုက်ခြင်းသည် သမ္မတ ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များ ပိုမိုတွင်ကျယ်အရာထင် လာစေရေးအတွက်ဟု ဆိုသော ကြောင့် နိုင်ငံရေးတွင် လုပ်ရိုးလုပ် စဉ်ဖြစ်သော်လည်း မြန်မာ့နိုင်ငံ ရေးအတွက်မူ အရေးပါသော ခြေလှမ်းဟု ဆိုရပေမည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်တွင် အထောက်အကူမဖြစ်၊ အလုပ်မတွင်သူ အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား ရာထူးမှရွှေ့ပြောင်း ခြင်း၊အနားပေးခြင်းများပြုလုပ်နေပြီး သမ္မတကြီးဦးသိန်းစိန်၏ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်၊အထူး သဖြင့်ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ရှေ့တန်း ရောက်သူများဖြစ်ပြီး လူအများ အကြားနာမည်ရလာသူအစိုးရ အဖွဲ့ဝင် ၀န်ကြီးများကို ရာထူး တိုးမြှင့်ခန့်အပ်ခြင်းမှာ မဆန်းပေ။
သို့သော် ဒု-၀န်ကြီးများကို အသစ်ခန့်အပ်ရာတွင် စစ်ဘက် နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီတို့မှမဟုတ်ဘဲ သက် ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူအသိပညာရှင်၊အ တတ်ပညာရှင်များဖြစ်သောကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အရေးပါမှုကို အလေးထားကြောင်း ဖော်ပြနေသကဲ့သို့ အမျိုးသမီး ပညာရှင်များ ပါဝင်လာစေခြင်း ကလည်း ထူးခြားသည့် ခြေလှမ်း ပင်ဖြစ်သည်။
သြဂုတ်လ(၂၇)ရက် ပြည် ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင် သွင်းမှုကို လွှတ်တော်ကိုယ်စား လှယ်များဆွေးနွေးကြရာတွင် တပ်မတော်သားကိုယ်စားလှယ်များ ၏တင်ပြချက်များမှာ သမ္မတကြီး က လွှတ်တော်သို့အဆိုပြုချက်နှင့် ကွဲလွဲသည်ကိုထောက်၍ သမ္မတ ကြီး၏အပြောင်းအရွှေ့များနှင့်ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စစ်ဘက်ကလည်း အခိုင်အမာ ကျားကန်ပေးနေသည်ဟု ယူဆ ရသည်။
အမှန်တကယ်တွင်လည်း ခေတ်မမီတော့သော မြန်မာ့တပ် မတော်ကို ခေတ်မီဖွံ့ဖြိုးသော တပ်မတော်အဖြစ်ဒေသတွင်း ရင် ပေါင်တန်းနိုင်ရေး မြှင့်တင်ရာတွင် လိုအပ်သည့်အကူအညီများ၊ဒေသ တွင်းနှင့်အထူးသဖြင့် အမေရိကန် ပြည်ထောင်စုထံမှ ရယူရန်သမ္မတ ကြီးဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်တွင် တပ်မတော် အနေနှင့်ပူးပေါင်းပါဝင်မှဖြစ်ပေ မည်။သို့ရာတွင် ကချင်စစ်ပွဲများ အပါအ၀င် ပြည်တွင်းစစ်ရပ်စဲရေး တွင် စစ်တပ်၏အနေအထားမှာ သမ္မတကြီး၏အမိန့်ကို မနာခံသော ကြောင့် နာမည်ဆိုးသာရဆဲဖြစ် သည်။
တစ်ချိန်တည်းတွင် ရခိုင် ပြည်နယ်ပဋိပက္ခ၌ နိုင်ငံတကာနှင့် စေ့စပ်ညှိနှိုင်းခြင်း၊အဝေးရောက် အတိုက်အခံများကို ပြည်ဝင်ခွင့် ပေးခြင်း၊နာမည်ပျက်စာရင်းအများ အပြားလျော့ချခြင်း၊ရခိုင်ဒေသ ပဋိပက္ခကြောင့် ထောင်နန်းစံရသူ ကုလသမဂ္ဂ၀န်ထမ်းသုံးဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းတို့ သည် ယခင်စစ်အစိုးရများ၏ တံခါးပိတ်ဝါဒကို သမ္မတကြီး ဦးသိန်းစိန်က ခ၀ါချခဲ့ပြီဟု ပြသ နေပုံရပြီး၊နိုင်ငံတကာ၏ အရေး ပါမှုကိုလည်း လက်ခံလာကြောင်း ပြဆိုနေသည်။
အပြန်အလှန်အားဖြင့် စက် တင်ဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက် မည့် သမ္မတကြီးဦးသိန်းစိန်ကို အမေရိကန်သမ္မတ ဘားရက်အို ဘားမားက ပြည်ဝင်ခွင့်ဗီဇာကန့် သတ်ထားမှုအား ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ကြုံရမည့် ရခိုင် အရေးနှင့်ပတ်သက်သည့် သံတမန် ရေး ဖိအားများလျော့ကျသွားနိုင် ဖွယ်ရှိသည်။
ယခုအစိုးရအဖွဲ့အတွင်း အ ပြောင်းအလဲသာမက မူဝါဒရေး ရာ အရွှေ့အပြောင်းကြောင့်သမ္မ တကြီးဦးသိန်းစိန်အား မပြတ်မသား ဟု အားမလိုအားမရထင်မြင်ဝေ ဖန်ခဲ့သူများပင်လျှင် အစစအရာရာ တွက်ဆပြီး ရှေ့တိုးဆုံးဖြတ်လုပ် ကိုင်တတ်သူဟု ပြောင်းလဲရှုမြင် လာကြသည်။
သမ္မတကြီးအနေဖြင့် ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေ အနေမှာ ပြောင်းလဲလိုသူများက တစ်ဘက်၊မပြောင်းလဲလိုသူများက တစ်ဘက်ဖြစ်သည့် ထမ်းပိုးကို ထမ်းရင်းပြုပြင်ပြောင်းလဲရေး ကြိုးတန်းပေါ်လမ်းလျှောက်နေသကဲ့ သို့ပင်၊ကျရှုံးခြင်း၊အောင်မြင်ခြင်း တို့သည် သမ္မတကြီး၏ ပင်ကိုယ် အရည်အချင်း၊နိုင်ငံရေးနှင့်အုပ် ချုပ်ရေးကျွမ်းကျင်မှုအပေါ်တွင် များစွာ မူတည်နေပေသည်။
သမ္မတကြီး၏ပြုပြင်ပြောင်း လဲမှုများနှင့်အတူ ပြည်သူလူထု ကလည်း မိမိတို့စွမ်းဆောင်နိုင် သည့်ဘက်က ကြိုးစားလုပ်ဆောင် နေကြသည်။လူသားချင်း စာနာ ထောက်ထားသည့် အကူအညီ များ၊အခမဲ့ ပညာသင်ကြားရေး စနစ်၊ကျန်းမာရေးစောင့်ရှောက်မှု စသည့် လူမှုအကျိုးပြုလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်နေ ကြသည်။ထိုနည်းတူစွာ(၈၈)မျိုး ဆက်များကလည်း မြန်မာနိုင်ငံ တွင် လွတ်လပ်ပွင့်လင်းသည့် လူ့ အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက် လာစေရန် သူတို့စွမ်းအားရှိသမျှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိနေကြသည်။သူတို့၏ အနစ်နာခံဆောင်ရွက်မှု၊ကိုယ်ကျိုးစွန့် လွှတ်မှု၊သဘောထားကြီးမှု၊နိုင်ငံ နှင့်လူမျိုးအပေါ်ထားရှိသည့် မှန် ကန်သော စိတ်စေတနာများ ကြောင့် ပြည်သူပြည်သားတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံကြရပြီး ပြည် သူလူထု၏ နှလုံးသားများတွင်ရော မြန်မာ့သမိုင်းမှာပါ မော်ကွန်းထိုး ကမ္ပည်းတင်ခံရသူများဖြစ်နေကြ ပေပြီ။
မိမိအုပ်စု၊မိမိအသိုင်းအ၀ိုင်း အတွက်မဟုတ်ဘဲ ပြည်သူ့အတွက် အနစ်နာခံစွန့်လွှတ်ကာ လမ်းစဉ် မှန်မှန်ဖြင့် အမှန်တကယ်လုပ် ဆောင်မည်ဆိုပါလျှင် ပြည်သူက အမှန်တကယ်ပင် ချစ်ခင်လေးစား ပြီး မြန်မာ့သမိုင်းတွင် ကမ္ပည်း ထိုးခံရပေမည်။
တစ်နည်းဆိုရလျှင် ပြည်သူ ချစ်လျှင် ကမ္ပည်းအတင်ခံရပေ မည်။


Myanmar Express
ဘကြီးသက်
Unknown at 10:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေရဲ့ဇာတ်လမ်း ( ဇော်မင်း)

သည် ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။

တဲ့တဲ့ပြောစမ်းပါဗျာ၊ တိတိလင်းလင်း ပြောစမ်းပါဗျာဟု တောင်းဆိုလာသူ မိတ်ဆွေများလည်း ရှိသေးသည်။ ဟုတ်ကဲ့။ တဲ့တဲ့နဲ့ တိတိလင်းလင်း ပြောရမည် ဆိုပါက ကျနော်တို့မျိုးဆက်တွေ ညီညီညွတ်ညွတ် မရှိတာ ကို မြင်ရသောကြောင့်ပင်။ ကျနော်တို့ မျိုးဆက်ဆိုတာ ရှစ်လေးလုံးက ပေါက်ဖွားလာသော နိုင်ငံရေး သမား၊ တော်လှန်ရေးသမားများကို ဆိုလိုတာ ဖြစ်သည်။ နိုင်ငံရေး၊ တော်လှန်ရေး တိုက်ရိုက်ကိစ္စတွေကို မလုပ်တော့ဘဲ မီဒီယာလုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ လည်း ဒီအထဲမှာ ပါသည်။ အန်ဂျီအို လုပ်ငန်းတွေမှာ ကူးပြောင်းလုပ်ကိုင် နေသူတွေလည်း အကျုံးဝင်သည်။


အခုအခြေအနေက အရင်လို မဟုတ်တာတော့ သေချာသည်။ အရင်တုန်းက နိုင်ငံရေးအခြေအနေက တိုက်ရိုက် စစ် အုပ်ချုပ်ရေး အောက်မှာ ပြားပြားဝပ်နေခဲ့ရတာကို ဆိုလိုရင်းဖြစ်သည်။ အခုတော့ အတော်အတန် ပြောဆိုခွင့်တွေ ရလာ သည်။ အတော်အတန်လေး ပြောဆို၊ လုပ်ကိုင်၊ သွားလာခွင့် ရလာတဲ့ အပေါ်မှာ တချို့က ဂုဏ်မောက်လာသည်။ တချို့က မျက်နှာကြော ပြောင်းလာသည်။ တချို့က အိုက်တင်များလာသည်။ တချို့က ပဲများလာသည်။ အဲသည်မှာပဲ ဇာတ်လမ်းက စသည်လို့ ဆိုနိုင်သည်။ ဘာဇာတ်လမ်း စတာတုန်းလို့ မေးရင် ဖြေရပေတော့မည်။

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဆိုသည့် ဇာတ်လမ်းကြီးပင် ဖြစ်ပေတော့သည်။ အပြင် ကကောင်တွေဟာ အပြင်မှာ လွတ်လပ်နေတိုင်း သူတို့ပြောချင်ရာ ပြောသည် ဆိုသည်ဟု အထဲကကောင်တွေက ထင်သည်။ အဲသည်တော့ အပြင်က ကောင်တွေ အထဲကို ပြန်လာရင် ဘယ်လို ဆက်ဆံရမှာလဲ ဘယ်လိုသဘော ထားရမှာလဲ ဆိုတဲ့ အယူအဆ ကလေးများ ဟိုမှာသည်မှာ ပြောနေ ကြတာကို ကြားရသည်။ အတွင်းကကောင်တွေက ပြည်ပရောက်နေသူများကို အပြင် က ကောင်တွေဟု အမည်သညာပေးသည်။ ဒို့ ရှစ်လေးလုံးမျိုးဆက်တွေ၊ တချိန်က လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေလို့ သတ်မှတ်နိုင်ဖို့ ဝန်လေးနေဟန် ရှိသည်။ ကျနော်ပြောတာ လွန်သွားတယ်ဆိုပါက တောင်းပန်သည်။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးလို့သာ မည်ရသည်ဟု ဆိုထားသည်။ အပြင်ကကောင်တွေကလည်း အထဲကကောင်တွေဟာ နှစ်ပေါင်းများစွာ ထောင်တန်းကျခဲ့တော့ ကက်ပယ်စီတီ အရာမှာ နိမ့်နေသေး သည်လို့ မြင်ဟန်ရှိသည်။ ငဒို့က အနောက် နိုင်ငံများမှာ တက္ကသိုလ်တွေတောင် တက်နိုင်ခဲ့တာမို့ သူတို့ထက် ပိုတတ်ပိုသိသည်ဟု ထင်နေသူ တချို့လည်း ရှိသည်။ အထဲကကောင်တွေ နိုင်ငံတကာ မျက်နှာစာကို ဒို့လောက် နားမလည်သေး ဟုလည်း တချို့ကလည်း ထင်ဟန်ရှိသည်။ ဒါကြောင့် အထဲကို ပြန်ဝင်ပြီး သင်းကလေးတို့ကို ကက်ပယ်စီတီ မြှင့်တင်ပေးဖို့ လုပ်ပေးရမည်ဟု ဆိုလာသူလည်း ရှိသည်။ တခါ အဲတာကို ပြောင်ထုတ်ပြောမိလို့ (စကားမပြောတတ်တာလည်းပါ) မျက်နှာစာအုပ်တွေမှာ အဝေဖန်ခံရသည်။ အဆဲခံ ရသည်။ အကောင်းမြင်နဲ့ ဝေဖန်သူရှိသလို အပြင်ကကောင်တွေဆိုရင် မစွံပါဖူး၊ သည်လိုချည်းပဲဟု ဝေဖန်သူများလည်း ရှိနေသည်။

အပြင်ကကောင်တွေ မှာလည်း လူဆိုးလူကောင်းရှိသည်။ ကြွားဝါတာကို ရှေ့တန်းမတင်သူ တွေ ရှိသလို သောက်ကြွား ပိုလွန်း သူများလည်း မနည်းလှ။ အခွင့်ရေးမမက်သူနှင့် အခွင့်ရေးမက်မောသူ ဟူ၍လည်း ရှိသည်။ ဗိုလ်လုပ်ချင်သူ ရှိသလို ပူးပေါင်းဆောင်ရွက်တာမျိုးကို လိုလားသူလည်း ရှိသည်။ ဂိုဏ်းဂနစွဲ ရှိသူတွေ ရှိနေသေးသလို ပကတိ အခြေအနေတွင် လက်တွေ့လုပ်နိုင်တာကို လက်တွေ့ လုပ်လိုသူများလည်း ရှိသည်။ နာမည်ရှိထားသူများနဲ့ တပူးတွဲတွဲလုပ်ရင်း ကိုယ့်ကိုယ် ကို လူသိအောင် လုပ်လိုသူများလည်း ရှိသည်။ အပြင်မှာ နေတာကြာပြီဆိုတော့ အဆက်အသွယ်ကောင်း ဒိုနာကောင်းတွေ ရထားသူ တချို့လည်း ရှိနေသည်။ သူတို့က အထဲကိုဝင်လိုသည်။ 
ဝင်လာသည့်သူတချို့ကိုလည်း တွေ့နေရသည်။ ဘယ် ဒိုနာရဲ့ ပိုက်ဆံမှ မပါဘဲ ကိုယ့်တိုင်းပြည် အခြေအနေကို လက်တွေ့မျက်တွေ့ မြင်တွေ့လို၍ ကိုယ့်စရိတ်ကိုယ်စားပြီး ပြန်သွား ကြည့်သူများ လေ့လာသူများလည်း ရှိသည်။ အပြင်ကကောင်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေလို ကွန်ဖော့ဇုန် အတွင်းမှာ သက်တောင့်သက်သာ နေပြီး ဆရာလုပ်ချင်တဲ့ စိတ်ကများနေသည်ဟု ဆိုလာသူတွေလည်း ရှိသည်။ ငြင်းမရ ဟုတ်သင့် သလောက်လည်း ဟုတ်နေသည်။

အထဲကကောင်တွေရော ဘယ်လိုလဲ။ ကြားရတာက မသက်သာပါ။ အထဲကကောင်တွေလည်း ထင်ထားသလို ညီညွတ် ခြင်း မရှိဘဲ တိတ်တိတ်လေး ကွဲနေကြသည်တဲ့။ ရုံးခန်းကြီး ဖွင့်ထား၍ ပုံမှန်ရုံးတက်သူ တချို့ ရှိနေသော်လည်း ရုံးကို လုံးဝနီးပါး မလာတဲ့ သူများလည်း ရှိသေးသည်ဟု ကြားရသည်။ အပြင်ကကောင်တွေ အထဲအကြောင်း မသိဘဲနဲ့ ငါတို့ အထဲက ကောင်တွေကို ဆရာလုပ်တာ မကြိုက်ဟု ဆိုသူများလည်း ရှိသည်။ ဆရာလုပ်ခြင်းကို မကြိုက်တာ သဘာဝ ကျသည်။ ဆရာလာလုပ် သူကိုလည်း ပြောင်ပြောသင့်သည်။ သို့သော် အပြင်ကကောင်တွေဟာ ဆရာ သိပ်လုပ်ချင်တယ် လို့ အပြင်ကကောင်တွေ အားလုံးကို လုံးပြီး မပြောသင့်။ ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ခွဲခြားနားလည်ဖို့ တော့ လိုသည်။ ဒါ့အပြင် အထဲက ကောင်တွေကိုလည်း ဝေဖန်သူများ ရှိလာသည်။

မီဒီယာအားကောင်းသော၊ သံတမန်ရေးရာ အားကောင်းသော၊ နိုင်ငံခြားသားမျိုးစုံ ဝင်ထွက်သွား လာသော ရန်ကုန်တွင် သာ ပျော်နေသည်ဟု ဆိုသော စကားများ ဖြစ်သည်။ ဒါကို တချို့က ကွန်ဖော့ဇုန်ထဲမှာ နေလိုတာက လူ့သဘာဝ၊ ဘယ်သူ မှ ချင်းတောင်မှာ နာဂတောင်တန်းမှာ ကြာကြာသွား နေနိုင်ပါ့မလဲဟု ဖြည့်စွက်ကြသည်။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်နေသည်။ ဒါပေမယ့် နာဂတောင်တန်းကတော့ ဝေးလွန်းလှသည်။ ရန်ကုန်ကနေ သိပ်မဝေးတဲ့ တောနယ်တွေဖက် သွားပြီး လုပ်ကိုင်ပေးနိုင်တယ် ဆိုရင်တော့ သိပ်မဆိုးလှ။ ရန်ကုန်ကိုလည်း မကြာခဏ ပြန်နိုင်ဦးမည်။ နောက်တချက် ကတော့ အထက်ဗမာပြည်မှာ နိုင်ငံရေး အားမကောင်းလို့ နိုင်ငံရေးအားကောင်းရန် ကျုပ်တို့လာတာဆိုပြီး ပြောမိလို့ အထက်သားများ တရှုးရှုးဖြင့် နှာမှုတ်သံပြင်းနေတာ အပြင်ကတောင် ကြားနေရသည်။ အထက်အရပ် ရောက်တုန်း ရောက်ခိုက် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးနဲ့ သီချင်းဆိုချင်တဲ့ ခေါင်းဆောင်တယောက်ကို အထက်သားများ မျက်မှောင်ကုတ် ပြီး ကြည့်နေတာကိုလည်း သတိချပ်ဖို့လိုသည်။

လူကြီးတွေ ပြောခဲ့ဖူးတာ တခု အမှတ်ရသည်။ ဘာကြောင့် မြန်မာပြည်မှာ ပြည်တွင်းစစ် သက်ဇိုးရှည်ရတာလဲ ဆိုတာကို ပြောပြခြင်းဖြစ်သည်။ တိုတိုဆိုရသော် မြန်မာနိုင်ငံရေးသမားတွေ အကွဲကွဲ အပြားပြားနဲ့ မညီညွတ်လို့ဆိုတဲ့ ကောက်ချက် ကို မှတ်သားရဖူးသည်။ ဒီခေတ်မှာလည်း မြန်မာနိုင်ငံရေး ခေါင်းဆောင် ကြီးငယ်လတ်တွေ မညီညွတ်ရင် ဘောင်းဘီချွတ် ထားတာ ပူပူနွေးနွေးသာ ရှိသေးတဲ့ ခရိုနီများရဲ့ အဘများနဲ့ စုဖွဲ့ထားတဲ့ အစိုးရသာ သက်ဆိုး ရှည်လိမ့်ဦးမည်ဆိုတဲ့ အဖြေကိုသာ တွက်ထုတ်လို့ရသည်။

နိဂုံးချုပ်သောအခါ အပြင်ကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ အထဲကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ ဝေဖန်ပြီးရင် ဘာလုပ်မတုန်း။ မျိုးဆက်တူ ညီအကို မောင်နှမ ရဲဘော်များ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း ညှိနိုင်းတိုင်ပင်ပြီး လုပ်စရာ ရှိတာတွေ လုပ်သင့်သည်။ အမြင်မကြည်လင် တာတွေကို အပြန်အလှန် ဆွေးနွေးပြီး သကာလ၊ အပြင်ကကောင်တွေ၊ အထဲကကောင်တွေ ဆိုတဲ့ ဝေါဟာရများလည်း ပျောက်ပျက်စေသတည်းလို့ ဆုတောင်းလိုက်သည်။

ဇော်မင်း
၅ ရက် စက်တင်ဘာလ ၂ဝ၁၂ ခုနှစ်

ဘကြီးသက်
Unknown at 9:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးဘိုင်းဖုန်း ကတ်ပျက်သူများ အနီးဆုံး ဆက်သွယ်ရေးရုံးများတွင် အသစ်လဲနိုင်



From : ခေတ်လူငယ်
မိုဘိုင်းဖုန်း ကတ်ပျက်များအား အနီးဆုံး တိုင်းဒေသကြီး/ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာရုံးများ၊ ရန်ကုန်မြို့ရှိ မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊ ကော်မာရှယ်စခန်းများသို့ သွားရောက်ဆက်သွယ် တင်ပြပါက မည်သည့်နေရာဒေသမှ မိုဘိုင်းဖုန်းကတ်ဖြစ်စေ ဖော်ပြပါ အနီးဆုံးနေရာများတွင် လဲလှယ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းအင်တာနက် ၀န်ဆောင်မှုနှင့် ပက်သတ်၍လည်း အထက်ပါအတိုင်း မည်သည့်ဒေသမှ မိုဘိုင်းဖုန်းဖြစ်စေ၊ အနီးဆုံး တိုင်းဒေသကြီး/ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာရုံးများ၊ ရန်ကုန်မြို့ရှိ မိုဘိုင်းအင်ဂျင်နီယာ ချုပ်ရုံး၊ ကော်မာရှယ်စခန်းများသို့ သွားရောက် ဆက်သွယ်နိုင်ကြောင်း၊ မည်သည့်နေရာဒေသမှ မိုဘိုင်းဖုန်းဖြစ်စေ ဖော်ပြပါ အနီးဆုံး နေရာများတွင် ကျသင့်ငွေ ပေးသွင်းလျက် ရယူဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 9:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသမီးအလုပ်သမားများသာမက အမျိုးသားများသည်လည်း ဇနီးသည် ကိုယ်ဝန်ဆောင်မီးဖွားစရိတ်ရရှိမည်

လူမှုဖူလုံရေး ဥပဒေသစ် ၂၀၁၂ အရ အမျိုးသမီးအလုပ်သမားများသာမက အမျိုးသားများသည်လည်း ဇနီးသည် ကိုယ်ဝန်ဆောင်မီးဖွားစရိတ်ရရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး အဖွဲ့ဒုတိယ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

၎င်းခံစားခွင့်ကို လုပ်ငန်းခွင်တွင်၊ လုပ်သက်တစ်နှစ်ရှိကာ လူမှုဖူလုံရေး အာမခံကြေး ၆လ ဆက်တိုက်သွင်းထားသော အမျိုးသားသည် ဇနီးသည်မွေးဖွားချိန်တွင် လုပ်ခလစာ၏ ၇၀ ရာခိုင်နငန်းကို ခံစားခွင့်ရရှိမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

ယခင်လူမှုဖူလုံရေးဥပဒေအရ အမျိုးသမီးများသာ မီးဖွားခွင့်နှင့် လစာခံစားစရိတ်များ ရရှိခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ်တွင်မူ အမျိုးသားများ အတွက်ပါ ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

၂၀၁၂ လူမှုဖူလုံရေး ဥပဒေသစ်သည် အလုပ်သမားနှ့် အလုပ်ရှင်များက အမှန်လစာအတိုင်း ဖော်ပြ၍ အာမခံကြေးများ ပေးသွင်းရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် မလိုက် နာသူ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်သည် ပြစ်ဒဏ်များ ပါဝင်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည့်ဖြိုး - Popular Myanmar News Journal 

ဘကြီးသက်
Unknown at 9:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူနှင့်မှု ဘယ်အရာကိုဦးစားပေးကြမည်လဲ.....

အခုရက်ပိုင်းတွေအတွင်းမှာ တစ်နေ့တစ်ခြား အခြေခံဥပဒေခုံရုံးနဲ့ လွှတ်တော်တို့ရဲ့ ပြဿနာဟာ ကြီးမား ကျယ်ပြန့်လာတာကို မြင်တွေ့ကြားသိနေရပါတယ်။ အဲဒီလို မြင်တွေ့ကြားသိနေကြရသူ ကျနော်အပါအ၀င် ပြည်သူ အားလုံးဟာလည်း စိတ်လက်မချမ်းမသာ ဖြစ်နေကြရပါတယ်။ သာမန်အားဖြင့် လက်ရှိကြုံတွေ့နေရတဲ့ ညီအစ်ကိုမသိတသိ အခြေအနေမျိုးမှာ ယုံကြည်ချက် တစ်ခုအပေါ် တည်မှီနေတဲ့ အငြင်းအခုံတွေ၊ အယူအဆ တစ်ခုအပေါ် လွန်ဆွဲနေတဲ့ အားပြိုင်မှုတွေကသာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ ကိုက်ညီတဲ့ အခြေအနေကောင်း တစ်ရပ်၊ အနေအထားကောင်းတစ်ခုကို ဖော်ထုတ်နိုင်မယ်၊ ဖန်တီးနိုင်မယ်လို့ ပြည်သူအားလုံးက သိထားကြပြီး ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီလို အယူအဆရေးရာ အားပြိုင်မှုတွေ၊ လွန်ဆွဲပွဲတွေကို မျှော်တောင် မျှော်လင့်နေကြတာပါ။
သို့သော်လည်း ဒီလိုမျှော်လင့်ထားတဲ့ အားပြိုင်မှု၊ လွန်ဆွဲမှုတွေဟာ တကယ်တမ်းဖြစ်ပေါ် မြင်တွေ့ ကြားသိလာကြရတဲ့အခါ ပြည်သူ့အကျိုးစီးပွားကို မထင်ဟပ်ဘဲ၊ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒတွေကို အခြေမပြုဘဲ ဖြစ်ပေါ်လာတာကို စိတ်မသက်သာဖွယ်ရာ မြင်တွေ့လိုက်ကြရပါတယ်။
ဒီနေရာမှာ လွှတ်တော်က တောင်းဆိုနေတဲ့ ပြည်ထောင်စုအဆင့်ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်ရ အောင်ပါ။ ကျနော်က အစိုးရအဖွဲ့ဝင်တစ်ဦးမဟုတ်တာကြောင့် ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးနည်းလမ်းကို မတင်ပြနိုင် ပါဘူး။ ဒါပေမယ့် ဖြေရှင်းနိုင်တဲ့နည်းလမ်းဆိုရင် ခုံရုံးကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီး ဦးသိန်းစိန် ရဲ့ လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာကို ရည်ညွှန်းလိုပါတယ်။ အလားတူ နိုင်ငံရေးသမားစစ်စစ် တစ်ဦးမဟုတ်တာကြောင့် နိုင်ငံရေး ရှုထောင့်ကလည်း မဆွေးနွေးလိုပါဘူး။ နိုင်ငံရေးရှုထောင့်ကဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို ရည်ညွှန်းလိုပါတယ်။ ထို့အတူ ဥပဒေပညာရှင်တစ်ယောက်လည်း မဟုတ်တာကြောင့် ဥပဒေ ရှု့ထောင့်က မတင်ပြလိုပါဘူး။ ဥပဒေရှုထောင့်ကဆိုရင် ၂-၉-၂၀၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာများမှာပါတဲ့ ဒေါက်တာမာလာအောင် (ဒုတိယပါမောက္ခချုပ် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ) ရဲ့ Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ကို ညွှန်းလိုပါတယ်။
ကျနော်က နိုင်ငံ့အရေးအရာကို စိတ်ဝင်စားတဲ့ ပြည်သူုတစ်ဦးမျှသာဖြစ်တဲ့အတွက် သာမန်ပြည်သူတစ်ဦးရဲ့ အမြင် ကိုသာ တင်ပြချင်ပါတယ်။
  လွှတ်တော်အသီးသီးက ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဆင့်အတန်း ရလိုမှုအတွက် တောင်းဆိုတဲ့နေရာမှာ ဘာကြောင့်တောင်းဆိုကြတာလဲဆိုတဲ့ အချက်နဲ့ တောင်းဆိုချက် ရရှိ အောင်မြင်အောင် ဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ရဲ့ ကျင့်သုံးတဲ့နည်းလမ်းကိုသာ ကျနော်တင်ပြလိုရင်းဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ ဘာ့ကြောင့်တောင်းဆိုတာလဲဆိုတာ စဉ်းစားကြည့်ချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အသီးသီးမှာ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေကို နားထောင်ရသလောက်ကတော့ အဓိကအချက်က လွှတ်တော်က မေးတဲ့ မေးခွန်းတွေကို ၀န်ကြီးတွေ ကိုယ်တိုင်လာရောက်ဖြေဆိုခြင်းမရှိတာ၊ ကော်မတီများက လိုအပ်လို့် ၀န်ကြီးတွေကို ဆင့်ခေါ်မေးမြန်းလိုရင် ခေါ်လို့မရတာကြောင့် Check & Balance လုပ်လိုပါလျက် လုပ်ရတာ အင်မတန်ခက်ခဲလို့ပါလို့ ပြောကြကြောင်း ကြားသိရပါတယ်။ ဆက်ပြီးစဉ်းစား ကြည့်လိုက်ရင် မေးခွန်းတွေကို  ၀န်ကြီးတွေ ကိုယ်တိုင်လာဖြေအောင် ဘယ်လိုလုပ်ကြပါမလဲ ဆိုတဲ့ မေးခွန်းပေါ်ပါတယ်။
ဒီနေရာမှာ လူ နဲ့ မူ ခွဲခြားစဉ်းစားသင့်တယ်လို့မြင်ပါတယ်။ ကျနော်ကတော့ အဓိကအကျဆုံးသည် ၀န်ကြီးဌာနရဲ့ သဘောထား ( မူ ) သာလျှင် ဖြစ်တယ်လို့ ထင်ပါတယ်။ လွှတ်တော်လိုနေရာမှာ ဒုတိယ၀န်ကြီး တစ်ဦးက တာဝန်ခံပြီး လာဖြေပြီဆိုကတည်းက သူ့ဝန်ကြီးဌာနရဲ့ သဘောထားကို သူတာဝန်ခံနိုင်လို့သာ လာရောက်ဖြေဆိုခြင်း ဖြစ်ပါတယ်။ အဓိကလိုအပ်ချက်ကလည်း လုပ်ငန်းဆောင်ရွက်နေတဲ့ ၀န်ကြီးဌာနရဲ့ သဘောထား၊ ဖြေရှင်းချက်၊ အဖြေ၊ ပြန်လည် တင်ပြချက်တွေ ရရှိဖို့လို့ ထင်ပါတယ်။ ဒီအချက်တွေကို လွှတ်တော်က မကျေလည်ရင် ကျေလည်တဲ့အထိ ပြန်လည်ရှင်းလင်း ပေးနိုင်ဖို့က ၀န်ကြီးဌာနရဲ့ တာဝန်ဖြစ်သလို ကိုယ်သိချင်တဲ့ အဖြေ မရမချင်း မေးဖို့က မေးခွန်း မေးမြန်းသူ လွှတ်တော်မှာပဲ တာဝန်ရှိပါတယ်။ ဒုတိယ၀န်ကြီးဖြေဆိုချက်က လုံလောက်ရင် အလုပ်ဖြစ်ရင် ရပါပြီ။
တကယ်တမ်းမေးမြန်းလို့ လာဖြေတဲ့ ဒုတိယ၀န်ကြီးအဆင့်နဲ့ မဖြေနိုင်တော့ဘူး၊ မလုံလောက်တော့ဘူး၊ အလုပ်မဖြစ်တော့ဘူး ဒါ့ကြောင့် ၀န်ကြီးကိုယ်တိုင်ရှင်းလင်း ဖြေဆိုမှရတော့မယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက သဘောပေါက်ရင်၊ ယူဆရင် လွှတ်တော်က မခေါ်သည့်တိုင်အောင် ၀န်ကြီးက လာကိုလာရမှာပါ။ မေးတတ်ဖို့ပဲ လိုတယ်ထင်ပါတယ်။ ဒါ့ကြောင့် မူ ဖြစ်တဲ့ လိုလားချက်၊ မေးခွန်း၊ အဆိုများကိုသာ ထိရောက်အောင်၊ လိုရင်း ရောက်အောင် ဖြေသင့်ဖြေထိုက်တဲ့ အဖြေရအောင် မေးမြန်းကြည့်ပါ။ မဖြေသင့် မဖြေနိုင်တဲ့ပုဂ္ဂိုလ်များ လာကို မဖြေရဲဘူးလို့ ထင်ပါတယ်။ တက္ကသိုလ်အဆင့်မေးခွန်းကို အလယ်တန်းကျောင်းသားတစ်ဦး မဖြေရဲသလို ဆိုတာမျိုးနဲ့ ဥပမာပေးလို့ ရမယ်ထင်ပါတယ်။ ကိုယ့်မေးခွန်းကိုသာ တက္ကသိုလ်အဆင့်မေးခွန်း ဖြစ်အောင်ကြိုးစားပါ။ ဘယ်သူမှ မထီမဲ့မြင်လုပ်ရဲမယ် မထင်ပါ။ မူ ကိုသာ အမိအရကိုင်ထားရင် လူကမဖြစ်မနေလိုက်ပါလာရမှာ ဖြစ်ပါတယ်။ အဓိက အကျဆုံးသည် တိုင်းပြည်အတွက်အဖိုးတန်သော မေးခွန်းများ ထွက်ပေါ်လာရေးနဲ့ အဖိုးတန်တဲ့ အဖြေများရရှိရေးသာ ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။
ဝန်ကြီးလာပါလို့လည်း ခေါ်နေစရာမလိုပါဘူး။ သူကိုယ်တိုင် လာဖြေခြင်း မဖြေခြင်းသည် သူ့ကိစ္စဖြစ် ပါတယ်။ ဖြေဆိုရမယ့် မေးခွန်းသည် တက္ကသိုလ်အဆင့် ဖြစ်ပါလျက်နဲ့ အလယ်တန်းကျောင်းသား လာဖြေရင် စာမေးပွဲကျသွားမှာ ဖြစ်ပါတယ်။ မေးခွန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့၊ မှန်ကန်တဲ့ အဖြေမရမချင်းသာ မေးနိုင်ဖို့ လိုမယ် ထင်ပါတယ်။ မေးဖို့အခွင့်အရေးလည်း လွှတ်တော်မှာ ရှိပါတယ်။ အဖြေကို စောင့်ကြည့်စစ်ဆေးနေမယ့် စာစစ်ပုဂ္ဂိုလ်များသည်လည်း အလွန်ယုံကြည်အားထားထိုက်တဲ့ ပြည်သူများဖြစ်နေတာကြောင့် စိတ်ပူရန်မလိုပါ။ ဘက်လိုက်မှာ၊ မေးခွန်းပေါက်မှာ၊ အမှတ်ပိုပေးမှာ ဘာမှစိုးရိမ်ရန်မလိုပါ။ ကျနော်တို့ မျက်စေ့ရှေ့မှာတင် စာမေးပွဲကျသွားသူတွေ ဒုနဲ့ဒေးပါ။ လတ်တလောမျက်မြင်ကို မြင်ခဲ့ကြရပြီးပြီ မဟုတ်ပါလား။
ထို့အတူ Check & Balance လုပ်နိုင်တဲ့ နည်းလမ်းပေါင်းများစွာရှိပါတယ်။ ဒီနည်းလမ်းတွေဟာ တစ်ဖက်ပိတ် အသေ မဟုတ်ဘဲ ကိုယ်ကြံဆရင် ကြံဆသလောက် ပွင့်သွားနိုင်တဲ့နည်းလမ်းမျိုးတွေ ဖြစ်တာကြောင့် ၀န်ကြီးမလာလို့ ၀န်ကြီးဌာနတွေကို C & B လုပ်ရတာခက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ မလုံလောက်ပါဘူး။ ရှေ့တန်းမှာ ရန်သူမလာလို့ မတိုက်ဘဲ နေကြပါသလား။ ရန်သူကို ရှာဖွေတိုက်ခိုက်ကြရပါတယ်။ ရန်သူကို မြှူဆွယ်ကျူံးသွင်းပြီး တိုက်ခိုက်ကြရပါတယ်။ ရန်သူဆီကို သွားရောက်တိုက်ခိုက်ကြရပါတယ်။ (၀န်ကြီးတွေကို ရန်သူလို့ သတ်မှတ်ဖို့ပြောတာ မဟုတ်ပါ၊ မြင်သာအောင် ဥပမာပြုတာပါ) နည်းလမ်းတွေအများကြီးပါ။
ဒါ့ကြောင့် ၀န်ကြီးကိုယ်တိုင် လာမှ….. ဆိုတာသည် မူ ထက် လူကို ဦးတည်နေတာဖြစ်တဲ့အတွက် လက်မခံသင့်ပါ။ မူ  ကို စွဲမြဲစွာကျင့်သုံးဖို့ပဲ လိုပါတယ်လို့ တင်ပြချင်ပါတယ်။
အရင် ပထစ ခေတ်က ၀န်ကြီးများကိုယ်တိုင်သာမက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်တို့ ကိုယ်တိုင်က ဖြေဆို ရှင်းလင်းရလောက်အောင် မေးမြန်းခဲ့ကြတဲ့ မီဒီယာလောက(စာနယ်ဇင်းဆရာများ) ဟာ ပြည်ထောင်စုအဆင့် မဟုတ်ကြပါဘူး။ စာရွက်စာတမ်းနဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များလို့ သတ်မှတ်ပေးခဲ့တာ မဟုတ်ကြပါဘူး။ သို့သော် စာနယ်ဇင်းများမှာပါရှိတဲ့ မေးတဲ့ မေးခွန်းရဲ့ အရေးပါမှုအပေါ် မူတည်ပြီး ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေက အလေးထားပြီး ဖြေခဲ့ကြရတာပါ။
သူတို့ရဲ့ နိုင်ငံတော်အပေါ်ထားတဲ့စေတနာ၊ ပြည်သူ့အကျိုးကို လိုလားမှု၊ စူးရှထက်မြက်တဲ့ အမြင်များက ပါးစပ်ကတောင်းဆိုဖို့ မလိုအောင် ပြည်သူများက သတ်မှတ်ပေးခဲ့တဲ့ ပြည်ထောင်စုအဆင့် ဖြစ်နေခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့တိုင် ဒီပုဂ္ဂိုလ်ကြီးများကို ယနေ့အထိ နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များလို့ ရိုသေ လေးစားသမှု ပြုရဆဲပါ။
အခုလို သူလာမဖြေလို့ ကိုယ့်ကို ပြည်ထောင်စုအဆင့် သတ်မှတ်ပေးပါလို့ ပြောနေရခြင်းသည် ကိုယ့်အရည်အချင်းထက် သတ်မှတ်ချက်တစ်ခုကို အမှီပြုရတဲ့အသွင်မျိုး ဖြစ်နေပါတယ်။ ကိုယ်စားလှယ်တော်ကြီးများ အနေနဲ့ ယနေ့ခေတ် အခါမှာ လွှတ်တော်ထဲမှာသာမက ဂျာနယ်၊ စာစောင်များကတစ်ဆင့် ရေးသား မေးမြန်း ကြမယ်ဆိုရင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြေကိုဖြေရမှာပါ။ ခေါ်စရာမလိုပါဘူး။ ရောက်ကိုရောက်လာ ပါလိမ့်မယ်။ ဒါဆိုရင် ပြည်သူလူထုတစ်ရပ်လုံးက ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့်ကို ရနိုင်၊ ရောက်နိုင် ကြမှာ ဖြစ်ပါကြောင်း အကြံပြု တင်ပြလိုပါတယ်။ ပြည်သူလူထုက ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့်က များစွာ ပိုမို အဖိုးတန်လိမ့်မယ်လို့ထင်ပါတယ်။
နောက်ဒုတိယအချက်အနေနဲ့ ပြည်ထောင်စုအဆင့်ရရှိရေးမှာ လွှတ်တော်က ကျင့်သုံးတဲ့နည်းလမ်းကို တင်ပြလိုပါတယ်။ ခုချိန်အထိ လွှတ်တော်က ကျင့်သုံးတဲ့နည်းလမ်းသည် အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင် တာဝန်ကရပ်စဲတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဖတ်ရလွယ်အောင် ရှင်းလင်းအောင် အပြတ်ရှင်းတဲ့ နည်းလမ်းဆိုတဲ့ စကားလုံးသုံးခွင့်ပြုစေလိုပါတယ်။ သမ္မတကြီးက လွှတ်တော်ကို ပေးပို့တဲ့သ၀ဏ်လွှာမှာ ဖြေရှင်း နိုင်တဲ့ နည်းလမ်း အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နည်းလမ်း သို့မဟုတ် သားရွှေအိုးထမ်းတဲ့ နည်းလမ်းကို အကြံပြု ထားပါတယ်။ သို့သော် လွှတ်တော်က လူပုဂ္ဂိုလ်ကို အခြေပြုတဲ့ အပြတ်ရှင်းတဲ့နည်းလမ်းကိုသာ အားသန်နေတဲ့ အတွက် သမ္မတအကြံပြုတဲ့ နည်းလမ်းကို ပယ်ချခဲ့ပါတယ်။
 ဥပဒေပညာရှင် ဒေါက်တာမာလာအောင် (ဒုပါမောက္ခချုပ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တဲ့ ပြည်ထောင်စုလွှတ်တော်ဥပဒေပြင်ဆင်ခြင်း၊ ပြည်သူ့လွှတ်တော် ဥပဒေပြင်ဆင်ခြင်း၊ အမျိုးသားလွှတ်တော်ဥပဒေပြင်ဆင်ခြင်း စတဲ့ နည်းလမ်းများနဲ့ ဆောင်ရွက်နိုင်ကြောင်း တင်ပြ လာပြန်ပါတယ်။ လွှတ်တော်ရဲ့ အကျိုးစီးပွားကို မထိခိုက်စေတဲ့အပြင် အခါအခွင့်သင့်တုန်း အခြားလိုအပ်ချက်များ ကိုတောင် တစ်ပါတည်းဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အလမ်းပါ ပါရှိနေတဲ့ သမ္မတရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက်ကိုတောင် ပယ်ချခဲ့တဲ့ လွှတ်တော်များသည် ၄င်းတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ လွှတ်တော်များရဲ့ ဥပဒေပြင်ဆင်ရေးကိုလည်း ချက်ခြင်း ပယ်ချမယ်ဆိုတာ အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။
ဒီလို မူ ထက် လူကိုသာ ပြောင်းလဲလိုတဲ့၊ မိမိတို့နှင့်သဘောထားချင်း မတိုက်ဆိုင်တဲ့ လူတွေကို အပြတ်ရှင်းဖို့ နည်းလမ်းကိုသာ အားသန်ရှေးရှုနေတဲ့အတွက် လွှတ်တော်အတွင်းမှာ တင်ပြပြောဆိုမှုများနဲ့ ပြင်ပ မီဒီယာများနဲ့ တွေ့ဆုံမေးမြန်းရာမှာ ၀စီကံမြောက် ပြောကြားချက်များအားလုံးသည်လည်း တစ်စထက်တစ်စ တရားလက်လွတ် ရန်လိုတဲ့ အပြောအဆိုများ ဖြစ်လာတာကို တွေ့မြင် ကြားသိ ဖတ်ရှုနေရပါတယ်။
အခြေခံဥပဒေခုံရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော်တင်ပြီးတဲ့နောက်ပိုင်းမှာ လွှတ်တော်ဟာ တရားရေးမဏ္ဍိုင်ကိုပါ ချုပ်ကိုင်ဖို့ ကြိုးစားလာပြန်ပါတယ်။ ၁၅-၈-၂၀၁၂ The Voice Weekly fb စာမျက်နှာပါ ဖော်ပြချက်အရ .... `“တရားလွှတ်တော်အနေဖြင့် အခြေခံဥပဒေခုံရုံးအား စွပ်စွဲ ပြစ်တင်သည့် ကိစ္စတွင် ၀င်ရောက်ဟန့်တားမိပါက အခြေခံဥပဒေကို ဖောက်ဖျက်ခြင်း၊ ဥပဒေပြုရေးတွင် အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းများကြောင့် ထပ်မံစွပ်စွဲပြစ်တင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။`“ ..... ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါဟာ ကျနော်တို့ ဖြတ်သန်းနေတဲ့ အဖူးအကင်းမျှသာရှိသေးတဲ့ ဒီမိုကရေစီသက်တမ်းမှာ ပထမဦးဆုံး အနေနဲ့ တရားရေးမဏ္ဍိုင်ကို လွှတ်တော်(ဥပဒေပြုမဏ္ဍိုင်)က ပထမဦးဆုံး ခြိမ်းခြောက်လာမှုဖြစ်ပါတယ်။ ဒီလိုပြောဆိုမှုများဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ရာထူး၊ အခွင့်အာဏာနဲ့ တာဝန်ဝတ္တရားများကို ခြိမ်းခြောက် လိုက်တာဖြစ်တယ်လို့ ယူဆရတဲ့အပြင် နိုင်ငံတော်ကို မဏ္ဍိုင်ပြုရမယ့် အဖွဲ့အစည်းကြီး (၃) ရပ်အနက် မဏ္ဍိုင်တစ်ရပ်ကို အခြားမဏ္ဍိုင်တစ်ရပ်က ချုပ်ကိုင်လွှမ်းမိုးလိုတဲ့သဘောနဲ့  မပြောသင့်မပြောအပ်တဲ့ စကားမျိုးကို ပြောဆိုလိုက်တာဖြစ်တယ်လို့လည်း ထင်ပါတယ်။
နောက်တစ်ခါ ဒုတိယခြိမ်းခြောက်မှုအဖြစ် အခြေခံဥပဒေခုံရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်သွင်းတဲ့ စာချွန်တော် အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြောကြားချက်များကို ဖတ်ရပြန်လို့ စိတ်မသက်မသာ ဖြစ်ရပြန်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “သူတို့တစ်ဖွဲ့လုံးကို ခေါ်စစ်ရမယ်။ … ကိုယ်စားလှယ် (၆၀၀) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီး၊ သူ့အထက်မှာ ဘယ်သူမှမရှိတော့ဘူး။ သူ့ကို အမိန့်ပေးနိုင်မယ့် အဖွဲ့အစည်းဆိုတာ မရှိဘူး။ နိုင်ငံတိုင်းမှာ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကြီးက အမြင့်ဆုံးဖြစ်တယ်။ သူ့ကို လွှမ်းမိုးနိုင်တဲ့အဖွဲ့အစည်းဆိုတာ မရှိဘူး။ စာချွန်တော်သည် အကျိုး သက်ရောက်မှု မရှိပါဘူး။ ခုံရုံးအဖွဲ့ဝင်တွေကို ဖျက်သိမ်းဖို့၊ ရာထူးကနေ နှုတ်ပယ်ဖို့ သူ့ဆန္ဒ ဒါပဲရှိပါတယ်။ အဲဒီအတိုင်း ဖြစ်အောင် လုပ်ကြမှာပါ“ ဆိုပြီး ပြောသွားပါတယ်။
နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း `“ တောင်းပန်ရင် ရပ်မယ်၊ မတောင်းပန်ရင်တော့ လုပ်စရာရှိတာ ဆက်လုပ်သွားရမှာပဲ။ သူဘာသူ တရားလွှတ်တော်ချုပ်မကလို့ ဘယ်ပဲတင်တင်။ လွှတ်တော်ကို တားမြစ်မိန့် ထုတ်လို့ရတယ်လို့ ဥပဒေထဲမှာ တွေ့ဖူးလား။ မတွေ့ဖူးရင် မရှိလို့ပဲ။ ခုံရုံးက မလာရင်လည်း ဆုံးဖြတ်မှာပဲ`“  ဆိုပြီး ပြောပြန်ပါတယ်။ ဒီပြောကြားချက်တွေဟာ ဒီရက်ပိုင်းအတွင်း ဂျာနယ်များကတဆင့် ထွက်ပေါ်လာတဲ့ စကားလုံးအသုံးအနှုံးတွေပါ။ အခုလို အခြားမဏ္ဍိုင်တစ်ခုကို မလေးစားတဲ့ မထီမဲ့မြင်ပြုတဲ့ မာန်မာန ထောင်လွှားတဲ့ စကားလုံးအသုံးအနှုံးတွေအစား ကိုယ်စားလှယ်တော်ကြီးများပီပီ မိမိဂုဏ်သိက္ခာနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အသုံးအနှုံးများ သုံးစွဲသင့်ပါတယ်။
ဒီနေရာမှာ ကိုယ်စားလှယ်တော်ကြီးများကို အရင်တုန်းက ဟန်သစ်မဂ္ဂဇင်းမှာ ပါခဲ့ပြီး ကျနော် အလွန် သဘောကျခဲ့တဲ့ ဆရာဇော်ဝင်းကို ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ အင်မတန်ထင်ရှားတဲ့ စာရေးဆရာကြီးကို ၀ိုင်းပြီး လက်လွတ်စပယ် ပြောဆိုကြတဲ့အတွက် ဆရာဇော်ဝင်းကို က ဆောင်းပါးတစ်ပုဒ်ရေးပြီး သတိပေးခဲ့ပါတယ်။ ဆောင်းပါးအမည်ကိုလည်း `“ အမှန်ကို ပြောသည့်တိုင် အပြောမှန်ဖို့ လိုပါတယ်`“ လို့ ပေးထား ပါတယ်။ အခုလို အမှန်ကိုလည်း မပြော၊ အပြောကလည်း မမှန် ဆိုရင် ဆရာဇော်ဝင်းကို ဘယ်လိုများရေးပြီး သတိပေးလေမလဲလို့ တွေးမိပါတယ်။
ကိုယ်စားလှယ်တော်ကြီးများ ပြောသလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်ကြီးက အမြင့်ဆုံးဖြစ်တယ်လို့ ဘယ်နေရာမှာမှ ပြဌာန်းထားတာ မတွေ့ပါဘူး။ ဒါပေမယ့် ပုဒ်မ ၅၈ မှာ `“နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။ `“ ….။ ဒါ့အပြင် ဥပဒေပုဒ်မ ၂၉၄ မှာ `“……. နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေပဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး ဖြစ်သည်`“ လို့ ပြဌာန်းထားပါတယ်။
ဘာမှထပ်ပြီး ဖွင့်ဆိုစရာ မလိုလောက်အောင် ရှင်းလင်းတဲ့ ပြဌာန်းချက်တွေပါ။ ဒီပြဌာန်းချက်များဟာ ကျနော်တို့လို သာမန်ပြည်သူများ နားလည်နိုင်တဲ့ ဖော်ပြချက်ဖြစ်လို့လည်း ကျနော် ကိုးကားတင်ပြတာပါ။ စာဖတ်သူများလည်း ကျနော့်လို အလွယ်တကူ သဘောပေါက်နိုင်ပါတယ်။ အမြင့်ဆုံးဆိုတဲ့ စကားရပ်ကို ကိုယ့်ဖာသာကိုယ် သုံးစွဲလိုရင်တော့ ဥပဒေပြုရေးမှာ ငါတို့က အမြင့်ဆုံးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြမထားပါဘူး။
ကျနော်ဆိုလိုချင်တာက လွှတ်တော်သည် အမြင့်ဆုံးဆိုတဲ့ သဘောယူဆချူက်သည် လုံးဝလွဲမှား နေတယ်ဆိုတာ ထောက်ပြချင်တာပါ။ ဒီလိုဆိုလို့ လွှတ်တော်သည် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ထက် နိမ့်နေလို့လားဆိုပြီးလည်း မတွေးစေချင်ပါဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့သည် နိုင်ငံတော်အတွက် မဏ္ဍိုင်ကြီး (၃) ခု ဖြစ်တာနဲ့အညီ တစ်ခုကိုတစ်ခု လွှမ်းမိုးခြင်းမရှိစေရ ဆိုတဲ့အနေအထားကို မှန်မှန်ကန်ကန် ရှုမြင်နိုင်အောင်တင်ပြချင်တာပါ။ ဒီအနှစ်သာရအတွက် ဘယ်စာအုပ်ကိုမှ ကိုးကားနေစရာ မလိုဘူးထင်ပါတယ်။
အထွတ်အထိပ်၊ အမြင့်ဆုံးဆိုတဲ့ စကားရပ်ပါတိုင်းသာ ထင်တိုင်းလုပ်လို့ ရမယ်ဆိုရင် နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ကသာ လုပ်ပိုင်ခွင့်ရှိပါလိမ့်မယ်။ အဲဒီတော့ ကိုယ်စားလှယ်ကြီးများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးမထားတဲ့ ကိစ္စရပ်တွေကို ရသင့်တယ်လို့ထင်ပြီး ဆောင်ရွက်နေတာတွေဟာ လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ နာမ၀ိသေသနနဲ့ မလိုက်ဖက်သလို ခက်မ (၃) ဖြာ၊ မဏ္ဍိုင် (၃) ရပ်မှာ အခြား ခက်မ မဏ္ဍိုင် များကို မလေးမစား ရှုမြင်ပြောဆို  ဆောင်ရွက်နေတာမျိုးဟာလည်း မဖြစ်သင့်ပါ။ လွှတ်တော်သည် ဥပဒေနဲ့အညီ ၄င်းတို့ ရသင့်တယ်လို့ထင်တာကို  ကြိုက်နှစ်သက်ရာနည်းလမ်းကို အသုံးချပြီး လိုရာတောင်းခွင့်ရှိပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိအောင် ဆောင်ရွက်သင့်ပါတယ်။
ဒါ့အပြင် ယခုလိုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်ရန်ရှိတာတွေကို ပြင်ဆင်နိုင်ဖို့ အချိန်အခါကောင်း၊ အခွင့်အရေးကောင်းလို့ ထင်မိပါတယ်။ အင်မတန်သိမ်မွေ့ငြင်သာတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်ရင် မိမိတို့ရဲ့ လက်ငင်းလိုအင်ဆန္ဒတွေ ပြည့်မြောက်မှာ ဖြစ်တဲ့အပြင် အခြားသော ပြည်သူ့ဆန္ဒများပါ တစ်ပါတည်း ပြီးမြောက်စေမယ့် ကျွဲကူးရေပါနည်းလမ်းကောင်းများ ရှိနေပါလျက် ကြမ်းတမ်းခက်ထန်တဲ့ အလျံတညီးညီး တောက်လောင်နေတဲ့ နည်းလမ်းမျိုးကိုတော့ မရွေးချယ်စေလိုပါကြောင်း သာမန်ပြည်သူတစ်ဦး အနေနဲ့ တောင်းဆိုလိုပါတယ်။
သိမ်မွေ့ငြင်သာတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်ရတာဟာ  လွယ်ကူမယ်မဟုတ်ဖူးဆိုတာလည်း ခန့်မှန်းမိပါတယ်။ တိုင်းပြည်အတွက်မျှော်မှန်းပြီး လိုအပ်တာတွေဖြည့်ဆည်းဖို့ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ဘယ်အရာမှ လွယ်ကူတယ်ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် လူတိုင်းလည်း မလုပ်နိုင်ကြပါဘူး။
သို့သော် ပြည်သူတွေရဲ့ကိုယ်စား လုပ်ကိုင်နိုင်တဲ့ အခွင့်အရေးနဲ့တာဝန်တို့ကို ရရှိထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများသည် မည်သည့်အကြောင်းကြောင့် လွှတ်တော်ထဲရောက်လာကြသည်ဖြစ်စေ ခုချိန်မှာတော့ စေတနာရှိရင် ရှိသလို လုပ်ကိုင်နိုင်တဲ့ အခွင့်အရေး၊ တာဝန်ယူတတ်ရင် ယူတတ်သလို လုပ်ဆောင်ကြရမယ့် နေရာ၊ လုပ်ဆောင်နိုင်တဲ့နေရာများကို ရောက်ရှိနေတာမို့ မိမိတို့ဆန္ဒထက် ပြည်သူလူထုရဲ့ ဆန္ဒကိုသာ ဦးစားပေးပြီး မဖြစ်မနေ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဥပဒေပြုကြမယ့် ပုဂ္ဂိုလ်များကိုယ်တိုင် ဥပဒေရဲ့ ပြဌာန်းချက်များကို လိုက်နာကြဖို့၊ တရားရုံးရဲ့ အဆုံးအဖြတ်များကို လက်မခံချင်သော်မှ လက်ခံကြဖို့၊ နောက်ဆုံးလက်မခံနိုင်ရင် လက်မခံနိုင်တဲ့ ဥပဒေများကို ပြင်ဆင်ကြတဲ့ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေးနဲ့ မိမိတို့ရဲ့ လိုအင်ဆန္ဒများ၊ ပြည်သူများရဲ့ လိုအင်ဆန္ဒများကို ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်ကြရာမှာ လူ ထက် မူ ကိုသာ အဓိက ကိုင်စွဲပြီး ဆောင်ရွက်နိုင်ကြပါစေကြောင်း  အကြံပြုတင်ပြလိုက်ရပါတယ်ခင်ဗျား။
http://arrluelay.blogspot.com
ဘကြီးသက်
Unknown at 8:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.