Thursday, September 6, 2012

 နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့်ပြု

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာကို နိုင်ငံတော်သမ္မတရုံးမှ စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
နုတ်ထွက်ခွင့်ပြုခဲ့သော ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ ဦးသိန်းစိုး -ဥက္ကဋ္ဌ၊ ဒေါက်တာတင်အောင်အေး -အဖွဲ့ဝင် (၁)၊ ဒေါ်ခင်လှမြင့် -အဖွဲ့ဝင်(၂)၊ ဦးထွန်းကြည်-အဖွဲ့ဝင် (၃)၊ ဦးစိုးသိန်း-အဖွဲ့ဝင် (၄)၊ ဦးခင်ထွန်း- အဖွဲ့ဝင် (၅)၊ ဦးဆန်းမြင့်-အဖွဲ့ဝင် (၆)၊ ဦးမြင့်ကြိုင်-အဖွဲ့ဝင် (၇)၊ ဒေါ်မိမိရီ-အဖွဲ့ဝင် (၈) တို့ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၆ ပြဋ္ဌာန်းချက် နှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတက ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၉ ဦးကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့က ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်အရ အရာထမ်းရာထူး ၆၄ နေရာ၊ အမှုထမ်း ရာထူး ၁၃၄ နေရာ၊ စုစုပေါင်းရာထူး ၁၉၈ နေရာဖြင့် ဖွဲ့စည်း ခဲ့ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သက်တမ်းသည် ပြည်ထောင်စု လွှတ်တော်၏ သက်တမ်းနှင့်အညီ ငါးနှစ်ဖြစ်သည်။
နိုင်ငံတော် သမ္မတရုံး၏ ယခုအမိန့် မထွက်ပေါ်မီက လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအကြား အပြန်အလှန် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။
လွှတ်တော်ကော်မတီများအား ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်နိုင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ သြဂုတ်လ ၈ ရက်နေ့က တင်ပြခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူရန် အစရှိသည့် အချက်များ ပါဝင်သော သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့သည်။ ယင်းကဲ့သို့ပေးပို့သည့် သ၀ဏ်လွှာအပေါ် လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းအစား ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်သို့ သြဂုတ်လ ၂၀ ရက်နေ့တွင် အကြောင်း ပြန်ကြားခဲ့သည်။ ထို့နောက် သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦးက လက်မှတ်ရေးထိုး၍ စွပ်စွဲပြစ်တင်မှုအဆို တင်သွင်းခဲ့သည်။ ယင်းအဆိုနှင့် ပတ်သက်၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှလွဲ၍ ကျန်ကိုယ်စားလှယ် အားလုံးက ထောက်ခံခဲ့ကြသည့်အတွက် အဆိုအတည်ဖြစ်ခဲ့သည်။
ထို့နောက် ယင်းစွပ်စွဲချက် အဆိုအား ပြည်သူ့လွှတ်တော်သို့ ဆက်လက်ပေးပို့ခဲ့သည်။ ပြည်သူ့လွှတ်တော်မှ အဆိုပါအဆိုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့အား သြဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အဆိုပါစုံစမ်းရေး အဖွဲ့သည် စက်တင်ဘာလ ၃ ရက်နေ့တွင် ခုံရုံးမှ စွပ်စွဲခံရသူများအား စတင်ကြားနာ နိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ သို့သော် ၃ ကြိမ်တိုင် ဆင့်ခေါ်ခဲ့သော်လည်း ခုံရုံးမှ တာဝန်ရှိသူများ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့် စက်တင်ဘာလ ၆ ရက်နေ့တွင် အဆိုပါစုံစမ်းရေးအဖွဲ့မှ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာကို လွှတ်တော်မှ အတည်ပြုမပြု အဆုံးအဖြတ်ခံယူခဲ့ရာ ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။ ထို့နောက် ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်သည့် အဆိုကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၀၇ မဲဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော်က ထောက်ခံသည့်အတွက် အဆိုအား အတည်ပြုခဲ့ကြောင်း သိရသည်။
 EMG
ဘကြီးသက်
Unknown at 11:47 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖေ့စ်ဘွတ်ကာဟောလစ်စ် ( Facebookaholics ) - ဖေ့စ်ဘုတ်စွဲလမ်းသူများ

      လူ့လောကသဘာဝကြီးသည် ထူးဆန်းအံသြဖွယ်ကောင်းလှသည် ။ အရာအားလုံးမှာ အပူ နဲ့ အအေး ၊ အကြီးနဲ့ အငယ် ၊ အဖိုနဲ့ အစ်မ ၊ အကောင်းနဲ့ အဆိုး တို့ဟာ ဆန့်ကျင်ဖက်တို့ နဲ့ တွဲဖက်ပြီး အခြင်းအရာ တစ်ခုကို ဖြစ်ပေါ်ခိုင်မြဲအောင် ထောက်ပံ့ပေးထားကြသည် ။ ၂၁ ရာစုရဲ့ နည်းပညာပေါက်ကွဲ မှုနဲ့ အတူ ပေါ်ထွက်လာခဲ့ တဲ့ အင်တာနက်မြန်နှုန်းမြင့် ခေတ်ကြီးမှာ လည်း အကောင်း အဆိုး အကြောင်းအကျိုးတွေ ဟာ မျှမျှတတ သဟဇာတ ဖြစ်လျှက် ရှိပေသည် ။

             အင်တာနက်ရဲ့ ကောင်းကျိုးတွေ ကြောင့် သတင်းချက်လက်တွေ အချိန်နှင့် တပြေးညီ သိရှိလာကြပြီး အသိဥာဏ်တွေဟာမြန်မြန်ဆန်ဆန်ပွင့်လင်းလာခဲ့ကြသည် ။ နည်းပညာပေါင်းကူးမှု ၊ ယဉ်ကျေးမှုးစီးဆင်းမှုတို့သည်လည်းအရှေ့အနောက်တောင်မြောက်မကွဲပဲကမ္ဘာကြီးနှင့်တပါတည်းတွဲလျှက်ပါလာနိုင်ကြသည်။ကမ္ဘာကြီးဟာတကယ်ကိုရွာကြီးဖြစ်ခဲ့ပါပြီ ။ ရွာတောင်ပိုင်းက ကိစ္စ တွေကို ရွာမြောက်ပိုင်းက ချက်ချင်းမသိနိုင်သည့်တိုင် ကမ္ဘာအရှေ့ခြမ်းက ကိစ္စတွေကိုတော့ ကမ္ဘာ့အနောက်ခြမ်းက အချိန်နဲ့တပြေးညီသိရှိနိုင်နေပေပြီ။သိပ္ပံဆိုင်ရာ၊အတွေးခေါ်ဆိုင်ရာတွေမှာလည်းပင်ဟိုးယခင်ခေတ်များကလိုပညာရှင်နှင့်သာမန်လူသားများအဖြစ်ခွဲခြားတဲ့အသွင်မဆောင်တော့ပါ။
အင်တာနက်ရဲ့ပေါင်းစည်းမှုနဲ့ အတူ သိပ္ပံပညာရှင်တွေ ရဲ့ ဖြေရှင်းဖို့ ခက်ခဲနေတဲ့ ပြသနာတွေကို သာမန်အင်တာနက်အသုံးပြုသူတစ်ယောက်က သာမန်အမြင်နဲ့ ဝင်ထောက်ပြပြီး ပြေလည်သွားနိုင်တဲ့ အခြေနေတွေရှိသလို ကျွမ်းကျင်သူတွေ ရဲ့ ပညာရပ်တွေကိုလည်း သာမန်လူတွေက အလွယ်တကူ ဆည်းပူးလေ့လာခွင့်တွေလည်းရရှိနေကြပြီဖြစ်သည်။
         ထို့ အတူ နိုင်ငံရေးနယ်ပယ်မှာလည်း လူထုခေါင်းဆောင် ၊ နိုင်ငံခေါင်းဆောင်တွေဟာ အင်တာနက်ရဲ့ ဆိုရှယ်နက်ဝေါ့ခ်များမှာလူထုအသံကို အလွယ်တကူ နားထောင်လို့ရနိုင်သလို ၊ မိမိရဲ့ လုပ်ဆောင်မှုတွေ နှင့် အတူ ပြည်သူလူထုကို အချိန်နဲ့ တပြေးညီ ချပြစည်းရုံးမှုတွေ ပြုလုပ်နိုင်နေပြီဖြစ်သည် ။ ပြည်သူလူထုအနေနဲ့လည်း မိမိတို့ ရင်တွင်းကဆန္ဒ များကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ခွင့် ၊ ခေါင်းဆောင်များရဲ့ ဆောင်ရွက်မှုတွေကိုလည်း မနှစ်သက်တဲ့ခါ သက်ဆိုင်ရင် တရားဝင်ဝဘ်ဆိုဒ်တွေ ၊ တရားဝင်ပေ့ခ်ျ တွေမှာ သွားရောက်ကန့်ကွက်မှုတွေ ၊ ဝေဖန်မှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်သည် ။
အင်တာနက် စွဲလမ်းသူ (Netaholic ) နှင့်  ကွန်ပျူတာမုဆိုးမများ ( cyberwidow)
          အင်တာနက်ရဲ့ ကောင်းကျိုးအထွေထွေကို ခံစားရရှိနိုင်သည်နည်းတူ အင်တာနက်ရဲ့ ဆိုးကျိုးများကိုလည်းကျွန်တော်တို့လူသားတွေ မလွဲမသွေခံစားနေကြရပြီဖြစ်သည် ။ Netaholic ဟူသည်ကား အရက်စွဲသူ ၊ ဆေးစွဲသူများကဲ့ သို့ အင်တာနက်ကို စွဲလန်းသည့်စိတ်ရောဂါတစ်မျိုးပင်ဖြစ်သည် ။ အရက်စွဲသူ ၊ ဆေးစွဲ သူများကဲ့ သို့ ပေါ်ပေါ်တင်တင် မဆိုးဝါးသည့်တိုင် ဆေးစွဲသူများထက် ဖြတ်ရန်ပိုမိုခက်ခဲသော ၊ သိမ်မွေ့ သော ရောဂါတစ်မျိုးအဖြစ် လက်ခံထားကြသည် ။ လက်တွေ့ ဘဝမှာ လက်ဆုပ်လက်ကိုင်ပြနိုင်သောစွဲလန်းမှု မဟုတ်သောကြောင့် တကယ့်ပြင်ပဆေးခန်းများမှာ ပျောက်ကင်းအောင်ကုသဖို့မဖြစ်နိုင်သေးပါ ။ ထို့ကြောင့် တိုးတက်တဲ့နိုင်ငံတွေမှာ visual clinic ၊ online clinic စတာတွေကို အစိုးရကိုယ်တိုင်ဦးဆောင်ဖွင့်လှစ်စေပြီး ကုသပေးနေကြရပြီဖြစ်သည် ။
          Cyberwidow ဆိုတာကတော့ ကိုယ့်ရဲ့ဇနီး ၊ ခင်ပွန်း သို့တည်းမဟုတ် မိသားစုဝင်တစ်ဦးဦး က Netaholic ဖြစ်တဲ့ခါ လူမှုရေး ဒုက္ခ အိမ်ထောင်ရေး ဒုက္ခ တွေကို မုဆိုးမတစ်ဦးလို ခါးစည်းခံစားကြရသူတွေကို ဆိုလိုတာဖြစ်ပါတယ်။ Netaholic နှင့် cyberwidow ကိုတော့ ဒီနေရာမှာ အရင်ကရေးခဲ့ဖူးပါတယ် ။
ကျွန်တော်တို့မြန်မာအသိုင်းဝန်းနှင့်ဖေ့စ်ဘွတ်ခ်
          ဆိုရှယ်နက်ဝေါ့ခ်တွေရဲ့ ရေစီးကြောင်းနဲ့အတူ အားပြင်းပြင်းနဲ့စီးဆင်းလာတဲ့ နက်ဝေါ့ခ်တစ်ခုကတော့ Facebook ပါပဲ ။ ကမ္ဘာတစ်ဝှမ်းဖေ့စ်ဘွတ်ခ် အသုံးပြုသူပေါင်းဟာ သန်းပေါင်း ကိုးရာကျော် (901,000,000) ရှိသွားခဲ့ပြီဖြစ်ပါတယ် ။ ကမ္ဘာတစ်လွှားကျော်ကြားမှုများနည်းတူ ကျွန်တော်တို့ရဲ့ မြန်မာမှာလည်း အင်တာနက်သုံးသူတိုင်းနီးပါးဖေ့စ်ဘွတ်ခ် သုံးစွဲနေကြပြီဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းတွေ ဖွဲ့ကြ၊ ဝါသနာပါသူတွေ စုပြီး ပရဟိတလုပ်ငန်းတွေလုပ်ကြ ၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေ လုပ်ကြ ၊ မြန်မာပြည်တွင်း က ကျောင်းနေဖို့မတက်နိုင်တဲ့ စာတော်တဲ့ ကလေးငယ်တွေပဲဖြစ်ဖြစ် ၊ ဆေးဝါးကုသဖို့မတတ်နိုင်တဲ့ သူတွေပဲဖြစ်ဖြစ် ဖေ့စ်ဘုတ်ပေါ် အားလုံးသိအောင်ချပြပြီး မျှဝေပေးကြတဲ့ခါ အလှုရေစက် လက်နဲ့မကွာဆိုတဲ့ ကျွန်တော်တို့မြန်မာလူမျိုးများဟာ လှုကြတန်းကြ နဲ့ မြင်ရတွေ့ရတာအင်မတန်မှ ကျက်သရေရှိလှပါတယ်  ။ ထို့ အတူ မိမိနှစ်သက်ရာ စာရေးဆရာတွေ ၊ အနုပညာရှင်တွေရဲ့ ဖန်ပေ့ခ်ျ (fan pages) တွေမှာဆိုရင်လည်း ပရိတ်သတ်နဲ့ စာပေပညာရှင် ၊ အနုပညာရှင်များဟာ ရင်းရင်းနှီးနှီး မေးကြမြန်းကြ ၊ ဖြေကြနဲ့ ကြည့်ရတာနွေးထွေးနေပါတယ် ။ ဟိုးအရင်ကဆို စာရေးဆရာကြီးတွေ မှာ စာရေးကောင်းတယ်လို့ ကျွန်တော်တို့ ထင်ထားခဲ့ ကြတယ် ၊ ဖေ့စ်ဘွတ်ခ် သုံးစွဲပြီးနောက်ပိုင်းမှာတော့ စာရေးဆရာအဖြစ် အသက်မွေးဝမ်းကြောင်းမပြုသည့်တိုင် စာရေးအင်မတန်ကောင်းသောသူများ ၊ ဗဟုသုတကြွယ်ဝသူများ ၊ ကဗျာဆရာများ ၊ ဖတ်ဖူးနေကြ စာအုပ်တွေ မှာ မတွေ့ နိုင်သေးတဲ့ ဆန်းသစ်တဲ့ အရေးအသားစတိုင်လ်တွေလည်း များစွာ တွေ့လာရပါတယ် ။ နိုင်ငံရေးသတင်း ၊ စီးပွားရေးသတင်း ၊ လူမှုရေးသတင်း နှင့် သဘာဝဘေးအန္တရာယ် သတင်းတွေဆိုရင်လည်း မြန်မာပြည် မှာ ဖြစ်ပျက်နေသမျှကို အချိန်နဲ့တပြေးညီ သိရှိနိုင်နေပြီဖြစ်ပါတယ်။
          ဖေ့စ်ဘွတ်ရဲ့ကောင်းကျိုးအထွေထွေများနည်းတူဆိုးကျိုးအထွေထွေတွေကလည်းကပ်လျက်ပါနေပါတယ် ။ လူမျိုးရေး ၊ ဘာသာရေး ၊ နိုင်ငံရေးအစွန်းရောက် သူများရဲ့ မှိုင်းတိုက်ရေးသားမှုတွေ ၊ သွေးထိုးလှုံဆော်မှုတွေ  ကိုလည်း ဖေ့စ်ဘွတ်ခ်ရဲ့ နေရာအတော်များများမှာ တွေ့ ရှိလာရပါတယ် ။ လူတစ်ဦးတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခု ပေါ်မှာ ဖြစ်ပေါ်နေတဲ့ မိမိရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာမကျေနပ်ချက်တွေကို လူအများသုံးစွဲရာဖေ့စ်ဘွတ်ကို ပစ်မှတ်ထားပြီး ဂုဏ်သိက္ခာ ကျဆင်းအောင် ရေးသားဖြန့်ဝေတာတွေ ၊ မမှန်ကန်တဲ့ အချက်လက်တွေ အသုံးပြု ပြီးလအများကိုအယုံသွင်းတာတွေလည်း ဖြစ်ပေါ်လျှက်ရှိနေပါတယ် ။ တစ်ယောက်နဲ့တစ်ယောက်ပုဂ္ဂိုလ်ရေးမကျေနပ်တဲ့ခါ ကိုယ်မကျေနပ်သူတစ်ဦးတစ်ယောက်နဲ့ ပက်သက်သူတွေ ကို အကျင့်စာရိတ္တမကောင်းသူ ၊ လူမှုရေးဖောက်ပြန်မှုများကျူးလွန်နေသူ (သို့) မိန်းမရွှင်များ အဖြစ် လုပ်ကြံရေးသားမှုများလည်းရှိနေပါတယ် ။ ဘာသာရေးခံယူချက် ၊ နိုင်ငံရေးခံယူချက် မတူသူ အုပ်စုများအချင်းချင်း ရိုင်းစိုင်းစွာဆဲဆိုမှုတွေ ၊ တစ်ဖက်နဲ့တစ်ဖက် အပြန်လှန် ခြေထိုးမှုတွေလည်း စိတ်မကောင်းစွာမြင်တွေ့နေရပါတယ် ။ မိန်းကလေးများရဲ့ ဖေ့စ်ဘွတ်မှာ အမှတ်မထင် တင်မိတဲ့ ဓာတ်ပုံများကို ခိုးယူပြီး အရပ်ပျက်မအဖြစ် ငွေကြေးတစ်စုံတစ်ရာ နှင့် ပျော်ပါးနိုင်တယ်စသဖြင့် ညစ်ညမ်းဝဘ်ဆိုဒ်များကိုပို့တာမျိုးတွေရှိနေပါတယ် ။  သူငယ်ချင်းအချင်းချင်း တစ်ယောက်ရဲ့ လူသိမခံဝံ့ တဲ့ အားနည်းချက်တွေ ကို ဖေ့စ်ဘွတ် မှာထုတ်ဖော်ပြောဆိုမိလို့ အသတ်ခံရတာတွေ ၊ အယူအဆမတူသူအချင်းချင်း ဖေ့စ်ဘွတ် မှာ စကားများကြရမှာ အပြင်မှာ တကယ် အသတ်ခံရတာတွေလည်း ဖြစ်ပေါ်နေပါတယ် ။ ထို့အတူ ဖေ့စ်ဘွတ်ခ် ကို အသုံးချပြီး လူကုန်ကူးမှု ၊ ခြိမ်းခြောက်မှု ၊ ငွေညှစ် မှု တွေလည်း ဖြစ်ပေါ်နေကြတာကိုလည်းကြားသိနေရပါတယ် ။ ကျွန်တော်တို့ မြန်မာ facebookers များအနေနဲ့လည်း ကောင်းကျိုးတွေကို အသုံးချသလို ဆိုးကျိုးတွေကိုလည်းသတိထားရှောင်းရှားနိုင်ကြဖို့လိုပါတယ် ။
Facebookaholics  (ဖေ့စ်ဘုတ်စွဲလမ်းသူများ )
          -holics နဲ့ ဆုံးတဲ့ စကားလုံးအတော်များများဟာ အကြောင်းရာ ကိစတစ်ခုကို သာမာန် ထက်ပိုပြီး အလွန်အကျူး စွဲလန်းတာမျိုးပါ ။ တကယ်လို့ -holics အဆင့် ကိုရောက်ပြီဆိုရင်တော့ စိတ်ရောဂါ တစ်ခုအဖြစ်စွဲကပ်နေပြီဖြစ်ပါတယ် ။ ဥပမာ shopaholic ဆိုရင် ဈေးမဝယ်ရရင်မနေနိုင်တဲ့ စွဲလမ်းမှုစိတ်ရောဂါတစ်မျိုးပါ ။ ပိုက်ဆံရှိတာပဲဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ် ၊ ဝယ်လိုက်တဲ့ပစည်းဟာ အသုံးလိုတာပဲဖြစ်ဖြစ် ၊ မလိုတာပဲဖြစ်ဖြစ် ဝယ်နေရမှကိုသူ့စိတ်မှာကျေနပ်နေတာပါ ။ ဈေးဝယ်ဖို့ အခြေနေကိုလည်း ပိုက်ဆံ မရှိတော့သည့်တိုင် ဘဝတွေ ၊ သိက္ခာတွေ ၊ အကျင့်စာရိတ္တတွေ ကိုရင်းပြီးမဖြစ်ဖြစ်အောင်ကိုဖန်တီးယူပါတယ်။
အရက်စွဲသူ ၊ ဆေးစွဲ သူများဟာလည်း ထို့အတူပါပဲ ။ မသုံးစွဲရရင်မနေနိုင်လောက်အောင် ဖြစ်ပြီး ၊ သုံးစွဲဖို့ကိုလည်း မဖြစ်ဖြစ်အောင်ဖန်တီးတတ်ကြပါတယ် ။
          Facebookaholics ဆိုတာကတော့ ဖေ့စ်ဘုတ်ရဲ့ကျော်ကြားမှု နောက်ပိုင်း ပညာရှင်တွေ ၊ နိုင်ငံအစိုးရတွေ လက်ခံစဉ်းစားလာရတဲ့ netaholics တစ်မျိုးပါပဲ ။ ဖေ့စ်ဘုတ် မသုံးရရင်မနေနိုင်လောက်အောင်စွဲလမ်း တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ် ။ Facebookaholic တစ်ယောက် ရဲ့ symptoms တွေကို အတိအကျ သတ်မှတ်နိုင်ခြင်းမရှိသေးပေမဲ့ အောက်ပါ အချက်အလက်များနှင့်ပြည့်စုံနေရင်တော့ Facebookaholic (ဖေ့စ်ဘွတ်ခ်စွဲလန်းသူ) တစ်ယောက်အဖြစ် ယေဘုယျသတ်မှတ်လို့ ရပြီလို့ လေ့လာနေသူများကဆိုပါတယ် ။
(၁)  လူတိုင်းလူတိုင်းဖေ့စ်ဘုတ် အကောင့်တစ်ခုတော့ ရှိနေပြီလို့ ကိုယ့်စိတ်ထဲမှာ ယူဆနေလျှင်
(၂) ကိုယ်ရဲ့ friends list ဟာ အယောက် ၂၀၀ ထက်ကျော်နေပြီဆိုလျှင်
(၃) ကိုယ့်ဖေ့ဘွတ်ခ် profile ကို အမြဲလိုလို ဝင်စစ်ဖြစ်နေပြီဆိုလျှင်
(၄) တစ်နာရီခြားတစ်ခါ လောက် ကိုယ့်စိတ်ထဲက ခံစားချက်တွေကို ဖေ့စ်ဘုတ်မှာ status    အဖြစ်တင်နေပြီဆိုလျှင်  
(၅) ကိုယ်ဘယ်ရောက်နေပြီ ၊ ဘာလုပ်နေတယ် ၊ ဘယ်လိုခံစားနေရတယ်ဆိုတာတွေကို နာရီခြားတစ်ခါလောက် Postတွေ ၊ ဓာတ်ပုံတွေ တင်နေမိပြီဆိုလျှင်
(၆) ကိုယ့် wall ပေါ်မှာ တက်လာသမျှ Post တိုင်းကို လိုက်ပြီး comment ပေးမိနေပြီဆိုလျှင်
(၇) ကိုယ့် wall ပေါ်တက်လာသမျှ post တိုင်း ကို like ခလုတ် နှိပ်မိနေပြီဆိုလျှင်
(၈) ကိုယ့် ဆီကို ပို့လာတဲ့ မက်ဆေ့ခ်ျတိုင်း အချိန်နဲ့ တပြေးညီ reply ပြန်ဖြစ်နေပြီဆိုလျှင်
(၉) ကိုယ့်မိသားစုဝင်တွေ ၊ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေထက်ပိုပြီး Facebook ကပိုကောင်းတယ်လို့ အထင် ရှိနေပြီဆိုလျှင်
(၁၀) Facebook ဟာ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ယုံကြည်လက်ခံနေပြီဆိုလျှင်
ခင်ဗျားဟာ Facebookaholic  တစ်ယောက်အဖြစ် ဖေ့စ်ဘွတ်ခ် စွဲလန်းခြင်း ရောဂါကို စတင်ခံစားနေရပါပြီ ။
စိတ်နဲ့ ပက်သက်တဲ့ ရောဂါ ဖြစ်တဲ့ အတွက် အရက်စွဲသူ ၊ ဆေးစွဲသူ တွေထက်ပိုပြီး သိမ့်မွေနက်နဲသလို ကုသရလည်းခက်ပါတယ် ။ ဆေးပညာ တွေ အနေနဲ့လည်းလေ့လာဆဲ အဆင့်မှာပဲရှိနေပါသေးတယ် ။ တခြားနိုင်ငံတွေမှာတော့  online clinic ဖွင့်လှစ် ပြီး စမ်းသပ် ကုသနေပြီ ဖြစ်ပေမဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကုရာနထ္ထိဆေးမရှိ ရောဂါဖြစ်ပါတယ် ။ ဒါကြောင့် အင်တာနက် ၊ ဖေ့စ်ဘွတ်ခ် တို့ နှင့် ပက်သက်နေတဲ့ မြန်မာများအားလုံး ကောင်းကျိုးအထွေထွေသာရှာဖွေအသုံးချပြီး လူမှုဘဝအတွက်အကျိုးရှိကြပါစေကြောင်းဆုတောင်းရင်း ….။
(ရုပ်ဆိုး)

ဘကြီးသက်
Unknown at 10:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကချင်ဒုက္ခသည် အမျိုးသမီးငယ်တွေ ရောင်းစားခံနေရ

အစိုးရစစ်တပ်နဲ့ KIA ကချင်တပ် တွေအကြား စစ်ရေး တင်းမာမှုကြောင့် ကချင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဒေသခံ ကချင်အမျိုးသမီးငယ် တွေဟာ လူမှောင်ခို ပွဲစားတွေရဲ့ ပစ်မှတ်ထားပြီး တရုတ်ပြည်ဘက်ကို ရောင်းစားခံ နေရတယ်လို့ စုံစမ်းသိရပါတယ်။

စီးပွားရေးကျပ်တည်းမှု၊ အကြားအမြင်ဗဟုသုတ အားနည်းမှုတွေ
အပေါ်မှာ အခွင့်ကောင်းယူပြီး လူမှောင်ခိုပွဲစားတွေဟာ တရုတ်နယ်စပ် ဒုက္ခသည်စခန်းတွေက အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားပြီး တရုတ်ပြည်ထဲကို ရောင်းစားနေတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လိုင်ဇာအခြေစိုက် ကချင်အမျိုးသမီး အဖွဲ့ (Kachin Women Association)ရဲ့အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

လိုင်ဇာမြို့အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့အနေနဲ့ ၂၀၀၆ ခုနှစ်ကနေ ဒီနှစ်အထိ တရုတ်နိုင်ငံထဲကို ရောင်းစားခံရတဲ့ အမျိုးသမီး ၂၉၀ ဦးရဲ့ အရေးကိစ္စတွေကို စုံစမ်းဖော်ထုတ်ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်ဇန်နဝါရီကနေ သြဂုတ်လကုန်ထိ လိုင်ဇာပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခသည်စခန်းအချို့က အမျိုးသမီးငယ် ၉ ဦး လူမှောင်ခို ပွဲစားတွေရဲ့ ရောင်းစားတာခံခဲ့ရတယ်လို့ သိရပါတယ်။

ကချင်ဒုက္ခသည်စခန်းတွေက အမျိုးသမီးငယ် အများစုဟာ တရုတ် ယူနန်ပြည်နယ်၊ ယင်ကျန်း၊ထိန်ချုန်း၊ စန်တုန်းနဲ့တစ်ခြားမြို့တွေမှာရှိတဲ့ ဆင်းရဲသား တရုတ်လယ်သမားတွေနဲ့ အဓမ္မလက်ထပ်ထိမ်းမြားဖို့ အခုလိုရောင်းစားခံရတာဖြစ်ပြီး ရောင်းစားမခံရခင်မှာ လူမှောင်ခိုပွဲစားတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံကြရတယ်လို့ ကချင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။

အဓမ္မလက်ထပ်ဖို့အတွက် မြန်မာအမျိုးသမီး တစ်ယောက်ကို တရုတ် ယွမ်ငွေ တသောင်း ကနေ ၅သောင်းကြား၊ မြန်မာကျပ်ငွေနဲ့ဆိုရင် ၁၅ သိန်းကနေ သိန်း ၄၀ကြား ဈေးနဲ့ လူမှောင်ခိုပွဲစားတွေက
ရောင်းစားနေကြတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

ကချင်အမျိုးသမီးအဖွဲ့အနေနဲ့ ကချင်ဒုက္ခသည်စခန်းတွေကနေ လူကုန်ကူးခံ နေရမှုတွေကို အနည်းအကျဉ်းလောက်သာ ကူညီဆောင်ရွက်ပေးနိုင်တာဖြစ်ပြီး၊လွယ်ဂျယ်၊ မိုင်းဂျားယန်၊ဆဒုံး၊ပန်ဝါ
စတဲ့နေရာတွေ ကနေလည်း အသက် ၁၆နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးငယ်တွေ နည်းမျိုးစုံနဲ့ရာင်းစားခံနေရတယ်လို့ သိရပါတယ်။

RFA Burmese



ဘကြီးသက်
Unknown at 9:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ကြီးဌာန ဖျက်သိမ်းခြင်း နှင့် ပြင်ဆင်ဖွဲ့စည်းခြင်း



ဝန်ကြီးဌာန ဖျက်သိမ်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၄/၂ဝ၁၂

၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ ( ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး၏ သဘော တူညီချက် အရ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနအား ဖျက်သိမ်း လိုက်သည်။

(ပုံ)သိန်းစိန်၊
နိုင်ငံတော်သမ္မတ၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်



ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၃/၂ဝ၁၂

၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် (၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး၏ သဘော တူညီချက် အရ အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန တို့ကို လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

(ပုံ)သိန်းစိန်၊
နိုင်ငံတော်သမ္မတ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
ာ်


Myanmar Express

ဘကြီးသက်
Unknown at 9:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖြူးရဲစခန်းတွင် လူငယ် ၁ ဦး သေဆုံး

စက်တင်ဘာ ၁ ရက်နေ့ညက လောကနတ် စားသောက်ဆိုင်က ဆိုက်ကားစီးပြီး ပြန်လာတဲ့ ကိုလင်းလင်းထက် (ခေါ်) လင်းကိုကိုထက်ဟာ ရဲ ဒု-တပ်ကြပ် ဖိုးစီနဲ့အဖွဲ့က ရဲစခန်းထဲခေါ်သွားပြီး သိပ်မကြာခင်မှာ ဆုံးသွားပါတယ်။

ရဲစခန်းရောက်နေရတဲ့ မောင်ဖြစ်သူကို လိုက်ခေါ်တဲ့ အစ်မဖြစ်သူ ဒေါ်မိခက်က  ရဲစခန်းမရောက်သေးခင် ဆေးရုံကို အရင်ရောက်ပြီး မောင်ဖြစ်သူရဲ့အလောင်းကို တွေ့လိုက်ရတာလို့ ပြောပါတယ်။

“ဆေးရုံရှေ့ရောက်တော့ ရဲတွေလည်း အများကြီးပဲ၊ လူတွေလည်း ရောက်နေပြီ။ ကျမသွားကြည့်တော့ မောင်လေးက အရေးပေါ်ခန်းမှာ သေနေပြီ။ ဒီလိုမျိုးဖြစ်ပြီး သေတယ်လို့ ကျမက မထင်ဘူး။ မထင်တဲ့အနေအထားမှာ နဖူးတဖက်က ဖုတွေထနေတယ်၊ တဖက်ကကွဲနေတယ်။ နှာခေါင်းနဲ့ ပါးစပ်မှာလည်း သွေးတွေစို့နေတယ်။ မျက်နှာမှာလည်း အညိုအမည်းတွေလည်း စွဲနေတယ်။ ”

သေဆုံးသူ အသက် ၂၄ နှစ်အရွယ် ကိုလင်းလင်းထက်ဟာ စားသောက်ဆိုင်က ပြန်လာတဲ့အချိန်မှာ အရက်သောက်ထားပြီး အပြန်မှာ ဆိုင်ရှင်က ဆိုက်ကားပေါ်တင်ပေးလိုက်တာပါ။

ရဲကခေါ်သွားတဲ့အကြောင်းနဲ့ပတ်သက်ပြီး အစ်မဖြစ်သူက “ရဲစခန်းနဲ့ လောကနတ်ဆိုင်က မျက်စောင်းထိုးလောက်ရှိတယ်။ ဆိုက်ကားကွေ့လာတဲ့အချိန်မှာ ရဲက ဘာဖြစ်လာတာလဲလို့. မေးတယ်တဲ့။ သူက မင်းကဘာကောင်မို့ မေးတာလဲဆိုပြီး ပြန်ပြောမှာပေါ့။ အဲစကားအပေါ်မှာ မကျေနပ်တာနေမှာပေါ့။ ရှုပ်တယ်ကွာဆိုပြီး ဆိုက်ကားပေါ်ကနေ ရဲက စခန်းကို ဆွဲခေါ်သွားတယ်။ တွေ့လိုက်တဲ့လူတွေက ပြောတယ်။”

ကိုလင်းလင်းထက်ဟာ သေဆုံးချိန်မှာ ထိုးကြိတ်ခံထားရသလို မျက်နှာပေါ်မှာ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ဒေါ်မိခက်က ပြောပါတယ်။

ရဲဘက်ကတော့ သူတို့ဆီ ရောက်လာတဲ့အချိန်မှာ အခြေအနေ မလှတော့လို့ ဆေးရုံကို ပို့လိုက်ရကြောင်း ပြောတယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သေဆုံးသူဘက်က အမှုဖွင့်ဖို့ ကြိုးစားရာမှာ ရဲစခန်းက အမှုဖွင့်ဖို့ လက်မခံဘဲ သေမှုသေခင်း အနေနဲ့ လုပ်ထားတယ်လို့ ဒေါ်မိခက်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြူးရဲစခန်းကို မေးမြန်းရာမှာ “သူတို့ မိဘတွေလည်း စခန်းမှူးနဲ့ တွေ့တယ်လို့ ပြောတယ်ဗျ။ လောလောဆယ်တော့ စခန်းက သေမှု သေခင်းနဲ့ ဖွင့်ပြီး စုံစမ်းနေတာပါ” လို့ ပြောပါတယ်။
ရဲစခန်းထဲကို ခေါ်သွားတာ၊ ရဲစခန်းထဲမှာ ဘယ်လို ရိုက်နှက်၊ နှိပ်စက်တယ်ဆိုတာကို မျက်မြင်တွေ့ကြ၊ ကြားကြတဲ့ သက်သေတွေလည်း အများကြီး ရှိတဲ့အတွက် ကာယကံရှင် ဒေါ်မိခက်တို့ဘက်မှ ကျူးလွန်သူတွေဘက်ကို တရားစွဲနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

by မိုးမြင့်ဇင် (ဒီဗွီဘီ)


သေဆုံးသူ ကိုလင်းလင်းထက်
ဖြူးရဲစခန်း

ဘကြီးသက်
Unknown at 9:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သောလူသတ်မှု


From : popular
စက်တင်ဘာ(၆)နံနက်ပိုင်းက လူသတ်မှုတစ်ခု ပုဇွန်တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ သေဆုံးသူမှာ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဦးဝိဇ္ဖာလမ်းရှိ တိုက်တစ်တိုက်မှ (၅)လွှာတွင်နေထိုင်သူ အသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖိုခ
န်းထဲတွင် ထိုးသွင်းဒဏ်ရာ (၁၀)ချက်မျှဖြင့်သေဆုံးနေခြင်းဖြစ်သည်။ သူ၏ သမီးဖြစ်သူအပြင်မှပြန်လာစဉ် အိမ်တံခါးကိုသော့ဖြင့်ခတ်ထားသည့်အပြင် မိခင်ကိုလည်း ခေါ်မရသဖြင့် သော့ပြင်ဆရာကိုခေါ်ကာ သော့ဖွင့်ပြီး အိမ်ထဲသို့ဝင်ရာ မီးဖိုခန်းတွင် မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။ ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်းသိရသည်။ အမှုကို ပုဇွန်တောင်ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်းလျှက်ရှိကြောင်းသိရသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါက်တာထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးတွင် ထပ်မံစစ်ဆေး



မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွား
ခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေက
အမှု ၅ မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဒေါက်တာ
ထွန်းအောင် (ခေါ်) နုရာဟက်ကို စစ်တွေခရိုင်
တရားရုံးမှာ ဒီကနေ့ ထပ်မံ ရုံးထုတ် စစ်ဆေး
ခဲ့ပါတယ်။

ဒေါက်တာ ထွန်းအောင် (ခေါ်) နုရာဟက်ကို အာဏာပိုင်တွေက ပြစ်မှုဆိုင်ရာ
 ဥပဒေပုဒ်မ-၄၆၈၊ ၄၂၀ - မှတ်ပုံတင် အတုပြုလုပ်မှု၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်
စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၅၃(က)၊ ၅၀၅(ခ)၊
 ၁၄၈ - နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတဲ့အမှု၊ နိုင်ငံခြားငွေ လဲလှယ်မှု
စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က)၊ အရေးပေါ်စီမံမှု အက်ဥပဒေ
ပုဒ်မ-၅(ည)နဲ့ စွဲဆိုပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါက်တာ ထွန်းအောင်ရဲ့ သမီးဖြစ်သူ UNHCR အကြီးတန်းအရာရှိ

မမြနန္ဒာအောင်နဲ့ ခင်ပွန်းဖြစ်သူကိုလည်း အာဏာပိုင်တွေက ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း
ဖမ်းဆီးပြီး ရန်ကုန်အင်းစိန်ထောင်မှာ ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ မိသားစုဝင်တွေက
 ပြောပါတယ်။

နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က) အရ ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါက်တာ ထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးက ထောင်ဒဏ်-

၃ နှစ်ချမှတ်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိတဲ့ ပုဒ်မတွေအတွက် ဒီကနေ့ ထပ်မံရုံးထုတ်ခဲ့တာ
 ဖြစ်ပါတယ်။

ဒေါက်တာ ထွန်းအောင်ကို အခုလို ထောင်ဒဏ်- ၃ နှစ်ချမှတ်ခဲ့တာကို မကျေနပ်တဲ့အတွက်

စစ်တွေမြို့က တရားလွှတ်တော် ရှေ့နေ ဦးစံလှက အယူခံဝင်ဖို့ စီစဉ်နေတယ်လို့ ရှေ့နေ
 ဦးစံလှက RFA ကိုပြောပါတယ်။

ဒေါက်တာ ထွန်းအောင်(ခေါ်) နုရာဟက်ဟာ ၁၉၉၀ ခုနှစ် နိုင်ငံရေး အခင်းအကျင်း

ကာလမှာ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီပါတီက မောင်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။
 နောက်ထပ် အမှုရုံးချိန်းကိုတော့ တရားရုံးကစက်တင်ဘာလ ၁၁ ရက်နေ့ကို ချိန်းဆို
လိုက်ပါတယ်။

RFA(မြန်မာပိုင်း) 


ဘကြီးသက်
Unknown at 9:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခေတ်သစ်ပန်းဦးလွှတ်ပွဲ

Mr. Jugger

ခါတိုင်းလိုပင် ထွေလီကာလီစကားဝိုင်းလေးကို
သောက်နေကျလက်ဖက်ရည်ဆိုင်သို့သွားကာ လူစုံသည်နှင့်တပြိုင်နက် အစပြု
လိုက်ကြသည်။ မိုးကလည်း အလွန်စွေနေသည်မှာ ကြာပြီဖြစ်သောကြောင့်
အိမ်တွင်းအောင်းနေရင်း စကားဝိုင်းလေး ပြန်မစဖြစ်သည်မှာ
အချိန်အတော်နှောင်းသွားရသဖြင့် ပြောစရာထွေလီကာလီ အကြောင်းအရာတွေလည်း
အားလုံးတွင် ကိုယ်စီကိုယ်ငှ တပုံတပင် များပြား လှနေတော့မည်။
လူငယ်လေးတွေချည်းစုပြီး ဝိုင်းဖွဲ့နေကြသော စကားဝိုင်းမှ အသံများသည်
မိုးသံလေသံများအကြားတွင် တဝါးဝါး တဟားဟားဖြင့် မိုးမင်းနှင့်အပြိုင်
သူနိုင်ကိုယ်နိုင်ကျဲနေကြသည်။ ထိုသို့မိုးသံလေသံများအကြားမှ
တစ်ယောက်သောသူ၏ အသံက ကျယ်လောင်စွာထွက်ပေါ်လာပါတယ်။


“ငယ်ငယ်က မိုးရာသီကျောင်းဖွင့်ရက်တွေမှာ ကိုရွှေမိုးမင်းက
ညနေကျောင်းဆင်းချိန်တိုင်း အခုလို အုံးအုံးဒိုင်းဒိုင်းနဲ့ သည်းသည်းမဲမဲ
ကို ရွာသွန်းဖြိုးလေ့ရှိတယ်။ အိမ်ကိုပြန်တဲ့လမ်းနဘေး ကားလမ်းက
ဘယ်ညာမျက်စိတစ်ဆုံး လယ်ကွက်ကြီးတွေတစ်လျှောက်မှာ မိုးစက်
မိုးပေါက်တွေအကြား တေးတကြော်ကြော်နဲ့ လယ်ထွန်နေတဲ့ လယ်သမားကြီးတွေကို
အမြဲတွေ့ရလေ့ရှိတယ်။ ကိုယ်တွေကတော့ ထီးကလေးကိုဆောင်း လွယ်အိတ်ကလေးကို
ရင်မှာပိုက်လို့ ကွင်းပြင်ကြီးထဲမှာ အပေါ်ပိုင်းဗလာ ခါးတောင်းကျိုက်လေးနဲ့
မိုးတရွှဲရွဲ ရွှံ့ထဲ ဗွက်ထဲမှာ ခြေသလုံး ‘မျှော့’ အတွယ်ခံရင်း
လယ်ထွန်နေကြတဲ့ သူတို့တွေကိုကြည့်ရင်း အံသြမိတယ်။ ဒါတောင် “ထွေးညို
ထွေးညို” ဆိုတဲ့တေးချိုချိုအသံလေးတွေလည်း မိုးသံလေသံကို ထိုးဖောက်ပြီး
ကိုယ်တွေနားထဲရောက်အောင် တေးတကြော်ကြော်နဲ့ ဦးကြီးတွေသီဆို လယ်ထွန်ရင်း
ပျော်နေကြတယ်။ ပြောချင်တာက အခုလိုမိုးရာသီဟာ ဆန်ကိုသာအဓိကထားစားသုံး
စိုက်ပျိုးရောင်းချကြတဲ့ ကိုယ်တို့နိုင်ငံ အတွက် မိုးစပါးစိုက်ရတဲ့
အချိန်ပဲဖြစ်တယ်။ ဒီအချိန်မှာ တောင်သူဦးကြီးတွေဟာ မိုးထဲရေထဲ
မျှော့တွဲလွဲနဲ့ ပျော်တပြုံးပြုံး နွားနှင့်ဖက်ပြီး ရုန်းကြရလေ့ရှိတယ်။
အခုတော့…”
                                               ဟုဆိုကာ
စကားကိုဆက်ပြောသေးဘဲ လက်ဖက်ရည်တစ်ခွက်ကို အသာယူမော့လိုက်ပါတယ်။ ပြီးမှ
သူ့စကားကို စိတ်ဝင်တစားအာရုံစူးစိုက်နားထောင်နေကြတဲ့ သူတွေကို
တစ်ချက်ဝှေ့ကြည့်ကာ သူကပဲဆက်ပြောပါတော့တယ်။

“ တကယ်တော့ ကိုယ်တို့နိုင်ငံရဲ့ အဓိကထွက်ကုန်ဟာ ဆန်စပါးဖြစ်တယ်။
ဒါကြောင့် တောင်သူဦးကြီးများကို နိုင်ငံဝင်ငွေ အတွက်ရော
တိုင်းပြည်စားနပ်ရိက္ခာအတွက်ပါ အားကိုးအားထားပြုရတယ်။ သူတို့တတွေဟာ
လက်မှုလယ်ယာတောင် မနည်းကုန်းရုန်း အားစိုက်ပြီး လုပ်နေကြရတဲ့
ကိုယ်တို့နိုင်ငံမှာ တစ်မိသားစုလုံး မိုးရွာနေပူမရှောင် ရွှံ့ထဲဗွက်ထဲမှာ
ထမင်းကြမ်းခဲစားပြီးတစ်နှစ်ပတ်လုံး ပါတ်ချာလည်နေကြရှာတယ်။ သူတို့တတွေဟာ
သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေကို ဘိုးဘွားပိုင်အဖြစ်
စဉ်ဆက်မပြတ်ထိန်းသိမ်း စောင့်ရှောက်ရင်း အခြားတိုးတက်ရာ လုပ်ငန်းတွေထက်
ပင်ပန်းဆင်းရဲတဲ့ လယ်ယာလုပ်ငန်းကိုပဲ မိရိုးဖလာအလုပ်အကိုင်အဖြစ်
ရိုးဂုဏ်မြောက်စွာ ဆက်လက်လုပ်ကိုင်ကြတယ်။ မြန်မာပြည်မှာရှိတဲ့ သန်း(၆၀)
သောလူထုဟာ သူတို့ချွေးနဲ့ ရင်းထားတဲ့ ဆန်ကိုချက်ပြီး ထမင်းအဖြစ်
အဟာရနေ့စဉ်မှီဝဲကြရတယ်။ ဒါကြောင့် တောင်သူဦးကြီးတွေဟာ လူထုရဲ့ ထမင်းရှင်၊
ကျေးဇူးရှင်ဖြစ်တယ်။ အခုလိုမိုးသည်းတဲ့ကာလမှာ မျက်ရည်ရွှဲနေရတဲ့
သူတို့ရဲ့အဖြစ်ကိုမြင်တော့ ရင်ထဲမချိအောင်ခံစားရတယ်။ အရင်က “ထွေးညို”
သံချိုနဲ့ ကောက်စိုက်တေးသံတွေ အစား ကိုယ့်ဘိုးဘွားပိုင် လယ်ယာမြေကို
အသာငေးကြည့်ရင်း တောင်သူဦးကြီးတွေ ရင်ထဲနှလုံးသားထဲ နှစ်လုံးသားထဲက
မချိတင်ကဲ ခံစားချက်တွေနဲ့ မတရားမှုအပေါ် မတရားမှန်းသိပေမယ့် အံကြိတ်ကာ
မျက်ရည်တလိပ်လိပ်ကျနေတဲ့ မျက်ဝန်းညို စိုစိုကြီးတွေနဲ့ ငိုရှိုက်သံတွေဟာ
မိုးသံလေသံကို လွှမ်းလို့ လယ်ကန်သင်းရိုးတစ်လျှောက် ပျံ့လွှင့်နေတယ်။”

“ ဘာကြောင့် ‘ထွေးညို’ အစား ‘ ဆွေးငို’ နေရတာလည်းဆိုတော့ အာဏာကို
တိုင်းပြည်ကောင်းစားရေးထက် မိမိကြီးပွားရေးကို သာ တလွဲသုံးတဲ့
အာဏာရူးတွေရယ်၊ “ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အာဏာရူးတွေနဲ့
ပေါင်းပြီး အကျင့်ပျက်ခြစားနေကြတဲ့ ခေတ်ပျက်စီးပွားရေးသမား
လောဘရူးတွေကြောင့် ပဲဖြစ်တယ်။ အဲဒီအာဏာရူး၊ လောဘရူးတွေဟာ လူထုတွေဖြစ်တဲ့
အလုပ်သမား လူတန်းစားအလွှာကို ဂုတ်သွေးစုတ်လို့ အားမရသေးတဲ့အပြင်
ကိုယ့်နိုင်ငံရဲ့ ကျေးဇူးရှင် ထမင်းရှင်ဖြစ်တဲ့ ရိုးသားတဲ့ စာပေမနှံစပ်၊
ဥပဒေမကျွမ်းကျင်တဲ့ တောင်သူဦးကြီးတွေကိုပါ ပါဝါပြပြီး ဥပဒေကိုင်ကာ
ခြောက်လိုခြောက်၊ ငွေထုတ်ကလေးတရမ်းရမ်းနဲ့ ဂုဏ်မောက်ကာ ငေါက်လိုငေါက်နဲ့
ယုတ်မာကောက်ကျစ်ကြတယ်။ နိုင်ငံတော်ကို နှစ်ပေါင်းများစွာ
အခွန်မပြတ်ပေးဆောင်လာတဲ့ ဘိုးဘွားပိုင် လယ်ယာမြေ ဧကပေါင်းများစွာကို
မတရားသဖြင့် သိမ်းတယ်။ ပြီးတော့သူတို့တွေ ကြီးပွားရာကြီးပွားကြောင်း
စက်ရုံကြီးတွေထောင်ဖို့ မြေကွက် ရိုက်ရောင်းစားကြတယ်။ လယ်သမားကြီးတွေဟာ
ဘာလို့ဘာကိုင်ရမှန်းမသိဘဲ အခွန်တော်ဖြတ်ပိုင်းလေးတွေ
လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်ရည်ဖြိုင်ဖြိုင်ကျနေရတယ်။
အဲဒီမျက်ရည်တွေကို ခြေဆေးရေအဖြစ် အာဏာရူးတွေ လောဘရူးတွေက
ပျော်ပျော်ပါးပါးကြီး မျက်နှာပြောင်တိုက်ကာ
ဆေးကြောသန့်စင်နေကြတုန်းဖြစ်တယ်။”

“လယ်သမားကြီးတစ်ဦးရဲ့ ဆန္ဒထုတ်ဖေါ်နေတဲ့ ဓာတ်ပုံတစ်ခုကို
ဖေ့ဘုတ်စာမျက်နှာပေါ်မြင်ရတဲ့အခါ ရင်ထဲ သိပ်ကိုမွန်းကြပ်ခံစား သွားရတယ်။
လယ်သမားကြီးက မျက်ရည်တွေစိုရွှဲနေတဲ့ မျက်ဝန်းညိုညိုကြီးနဲ့အတူ လက်ထဲမှာ
ကိုင်ထားတဲ့ ကတ်ထူပြားလေးပေါ် “ကျွန်တော်တို့ စာမတတ်တဲ့အတွက်
စာတတ်တဲ့သူများ ကူညီပေးကြပါခင်ဗျား” ဆိုပြီး ရေးထားတယ်။ လှိုင်သာယာက
မတရား လယ်မြေအသိမ်းခံရတဲ့ လယ်သမားထုကြီးဆီက မြင်တွေ့လိုက်ရတဲ့
ပုံရိပ်လွှာတစ်ခုပဲဖြစ်တယ်။ တခြား တွံတေးမြို့နယ် ထော်ကူးဘက်က
မတရားအသိမ်းခံထားရတဲ့ လယ်မြေဧက(၈၀၀) ကျော်၊ နောက်ထပ်ပေါ်ပေါက်လာတဲ့
လှိုင်သာယာမြို့နယ် ပဒန်းကျေးရွာ၊ ကျွန်းကလေး၊ ကျွန်းကြီး၊ ကမ်းပြို
စတဲ့ရွာပေါင်းလေးရွာက လယ်မြေဧက (၆၈၀) ကျော်၊ မုံရွာခရိုင်
ကက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မတရားအသိမ်းခံရတဲ့
ဆားလင်းကြီးမြို့နယ်က လယ်ဧကပေါင်း(၇၈၀၀) ကျော်စသဖြင့်
နိုင်ငံတော်တဝှမ်းမှာ မတရားသဖြင့် အမြတ်ထုတ် မှုတွေ ဖုံးလွှမ်းနေတယ်။
အမှန်တရားနဲ့ တရားဥပဒေဆိုတာ ဘာလဲလို့ တောင်သူဦးကြီးတွေအဖို့ ဘယ်သူမှ
အဖြေမထုတ်ပေးနိုင်ကြတော့ ဘူးလားလို့ တွေးမိတယ်။”

“မတရားအသိမ်းခံရတဲ့ နိုင်ငံတော်တဝှမ်းသတင်းတွေထဲက မောင်းစည်သံလွှမ်းပြီး
မေတ္တာပို့သံနဲ့အတူ ညာချီသံ နံပါတ်တုတ်နဲ့ ဒိုင်းကို
တဘုန်းဘုန်းခြောက်လှန့်ရိုက်မြည်သံ လွှမ်းတဲ့ရမ်းချင်တိုင်းရမ်းနေကြတဲ့
မုံရွာ ဆားလင်းကြီးမြို့ အဖြစ်အပျက်တစ်ခုကိုပဲ ထုတ်ပြီးပြောပြရမယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က တောင်သူဦးကြီးတွေကို စီမံကိန်းအတွက်
လယ်ကွင်းတွေကို ကားကြီးတွေဖြတ်ပြီးမောင်း သွားမှာ ဖြစ်တာကြောင့်
ဆိုပြီးသီးနှံတွေအတွက်လျော်ကြေးအဖြစ် သုံးနှစ်စာ ကျပ်ငွေငါးသိန်းနဲ့
နှစ်သောင်းလောက်ပေးခဲ့တယ်။ တောင်သူဦးကြီးတွေခမျာ
မိမိတို့စိုက်ပျိုးထွန်ယက်ထားတဲ့ လယ်ယာမြေတွေအပေါ်
ကားကြီးတွေဖြတ်မောင်းသွားမှာကို မကြိုက်ပေမယ့် လည်း
မပြောဝံ့မပြောရဲတာတွေကြောင့် တစ်နှစ်စာ သီးနှံအထွက်ဖိုးလောက်တောင်မရှိတဲ့
ငွေကိုသုံးနှစ်စာလျော်ကြေးအဖြစ် ကြောက်ကြောက်နဲ့ ရိုးသားစွာ
လက်ခံလိုက်ရတယ်။ အခုလိုသုံးနှစ်အကြာ ၂၀၁၂ ခုနှစ်လည်းရောက်ရော
“စည်းကျော်လျှင် ပစ်မည်” ဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး
အပြီးတိုင်သိမ်းပိုက်လိုက်ကြတယ်။ တစ်ထောင်ကျော်ခန့်သော လယ်သမားထုကြီးဟာ ‘
ကျေးရွာပိုင် ယာမြေများအပေါ် မည်သူမျှ မကျူးကျော်ရ’
ဆိုတဲ့ဆိုင်းဘုတ်ကလေးတွေကို ကိုင်ပြီး သူတို့လယ်ယာမြေတွေဆီ
ငြိမ်းချမ်းစွာ ချီတက်လာကြတယ်။ ‘ ပြည်သူ့အသက်ဦးအိမ်စည်းစိမ်ကို
ကာကွယ်စောင့်ရှောက်ပါမည်’ ဆိုတဲ့ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေက
ကားကြီးတွေတဝူးဝူးမောင်းလို့ ဒိုင်းကို ရာဘာတုတ်နဲ့ ရိုက်ပြီး
ညာသံချီချောက်လို့ ဘာလက်နက်မှမပါတဲ့ တောင်သူဦးကြီးတွေကို
သူပုန်သူကန်တွေလို သေနတ်ကြီး တွေထောင်လို့ တောမောင်းသလို ခြောက်ကြ
လှန့်ကြတယ်”

“ ကိုယ့်ရဲ့ ဆွေစဉ်မျိုးဆက်နှစ်ပေါင်းများစွာ စိုက်ပျိုးထွန်ယက်လာကြတဲ့
ဘိုးဘွားပိုင်မြေကို မည်သူမဆိုမြတ်နိုးကြမှာဖြစ်တယ်။ အခုလို
မတရားအသိမ်းခံရတဲ့အခါ ‘ ငါတို့က စာမတတ်ဘူး၊ တရားရုံးတက်ပြီးရှင်းရင်လည်း
ရှုံးမှာပဲ၊ ဒါကြောင့်သေရင်သေပါစေ၊ တို့မြေကို
အဆုံးရှုံးမခံနိုင်ဘူး၊’ဆိုတဲ့ မတရားမှုကို တော်လှန်တဲ့ ရိုးမာန်နဲ့
ညာချီသံတွေကို လွှမ်းအောင် မောင်းကိုထုပြီးချီတက်ကြတယ်။
အရင်ရိုးရိုးသားသား လယ်ယာစိုက်ပြိုးဖို့အတွက် အသုံးပြုတဲ့ ပေါက်တူး၊
တံစဉ်၊ ဝါးချွန်တွေကို ကိုယ်စီကိုင်လို့ ‘ ရန်ပြုရင် လှန်မဟယ်’ ဆိုပြီး
မဝံ့မရဲ လက်နက်သဖွယ် ကိုင်ဆောင်ထားကြတယ်။ ပြည်သူထဲက ပေါက်ဖွားလာတဲ့
သကောင့်သား ပြည်သူ့ရတပ်ဖွဲ့တွေရှေ့မှာ ငုတ်တုတ်ကလေးတွေထိုင်ပြီး
တောင်သူဦးကြီးတွေ၊ ကောက်စိုက်သမလေးတွေ အချို့ဟာ
ငိုယိုရှိခိုးတောင်းပန်ကြတယ်။ “စည်းကျော်ရင် ပစ်မည်”
ဆိုတဲ့ဆိုင်းဘုတ်ရှေ့မှာ “ ကျေးရွာပိုင်ယာမြေ မည်သူမျှ မကျူးကျော်ရ”
ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ရဲဝံ့စွာစိုက်ထူကြတယ်။
“ကိုယ်စိုက်ပျိုးတဲ့အပင်၊ ကိုယ်ပြန်ရိတ်သိမ်းရတယ်” ဆိုတဲ့စကားဟာ
သူတို့အတွက်တော့ အမှား၊ နားခါးစရာပဲဖြစ်တယ်။ တကယ်တော့ တောင်သူဦးကြီးတွေဟာ
့ပြန်ရိတ်သိမ်းဖို့နေသာသာ စိုက်ပျိုးစရာမြေတောင် မရှိဖြစ်နေရရှာတယ်။
မတရားအသိမ်းပိုက်ခံထားရတယ်။ သူတို့တတွေပြောလေ့ရှိတဲ့ ‘မင်းမဲ့စရိုက်’
ဆိုတာဥပဒေကို နားရွက် တံတွေးစွတ်နေကြတဲ့ သူတို့ဆီမှာသာလျှင် ရှိနေတယ်။
လယ်သမား ကြီးတွေဟာ လယ်ယာမြေကို မှီခိုအားထားပြီး အသက်ဆက်နေရသူတွေဖြစ်တယ်။
သူတို့ရဲ့ မိသားစုတွေဟာ လယ်ယာမြေမရှိတော့တဲ့ အတွက် ဘာကိုလုပ်လို့
ဘာနဲ့စားပြီး အသက်ဆက်ရမလဲဆိုတာ မသိနိုင်တော့ကြအောင်ကို ဖြစ်နေတယ်။အခုလို
မိုးရာသီကျောင်းဖွင့်ချိန် တောင်သူဦးကြီးတွေရဲ့ ကလေးတွေ ဘယ်ကငွေနဲ့
ကျောင်းဆက်ထားရမလဲဆိုတာ သူတို့မတွေးတတ်တော့ကြရအောင် ဖြစ်နေတယ်။
အရင်လိုမိုးရာသီမှာ တေးတကြော်ကြော်အော်ရင်းးထွန်တုံးနဲ့ ပျော်နေကြရတဲ့
တောင်သူဦးကြီးတွေဟာ သောကအပူမီးတွေ ရင်မှာပိုက်ပြီး မျက်ရည်စက်လက်နဲ့
စိုက်ပျိုးစရာ လယ်ယာမဲ့ဘဝဟာ အနာဂတ်မဲ့နေသလို ခံစားနေကြရရှာတယ်”

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က ပုဂံပြည်ကြီးမှာ
အရည်းကြီးတွေဟာ “ပန်းဦးလွှတ်” ပွဲတော်ကို ကျင်းပလေ့ရှိတယ်။ “
ပန်းဦးလွှတ်ပွဲ” လို့ဘာကြောင့်ခေါ်ရသလဲဆိုတော့ ပန်းကလေးတစ်ပွင့်လို
လှပဖြူစင်တဲ့ အပျိုစင်အမျိုးသမီးငယ်လေးကို ဦးဦးဖျားဖျား
တစ်ညတာအိပ်စက်ဖို့ အရည်းကြီးတွေဆီပို့လွှတ်ရတဲ့အတွက်ဖြစ်တယ်။ မိဘတွေဟာ
သူတို့သမီးပျို အိမ်ထောင်ပြု မင်္ဂလာဆောင်တော့ မယ်ဆိုရင် အရည်းကြီးတွေရဲ့
ကျောင်းတော်ကြီးဆီ ပန်းဦးလွှတ်ပွဲလုပ်ပြီး တစ်ညသွားပိုရလေ့ရှိတယ်။
အရည်းကြီးဆိုသူ လူယုတ်မာတွေ ရဲ့ အုပ်စုလိုက် အပျိုရည်ဖျက်တာခံပြီးတော့မှ
သတို့သမီးဟာ သတို့သားလောင်းကို လက်ထပ်ခွင့်ရှိတယ်။ ဘုရင်က
အရည်းကြီးဆိုသူတွေ ကို ကိုးကွယ်ထားလေတော့ ပြည်သူတွေဟာ
ကိုယ်သမီးပျိုလေးကို မျက်ရည်စက်လက်ကနဲ့ အဖျက်အဆီးခံရမယ့်ဆီ
ပွဲတော်ကျင်းပလို့ ပို့ဆောင်ခဲ့ရတယ်။ အရည်းကြီးတွေဟာ
ဘာသာရေးမှိုင်းတိုက်ပြီး မသိနားမလည်တဲ့ ပြည်သူနဲ့
ဘုရင်ကိုမျက်လှည့်ပြလိမ်လည်လှည့်ဖျားပြီး မိဘတွေရဲ့ သောကအပူမီး
မျက်ရည်ပူတွေနဲ့ ခြေဆေးလို့ သမီးပျိုလေးတွေကို ဖျက်ဆီးတဲ့
ကိုယ်ကြိုးသက်သက်သမား လူယုတ်မာတွေ သာဖြစ်တယ်။ တောင်သူကြီးတွေဟာ
သူတို့စိုက်ပျိုးနေတဲ့လယ်ယာမြေကို သားသမီးသဖွယ်
စောင့်ရှောက်ထိန်းသိမ်းမြတ်နိုးကြတယ်။ အခုတော့ မုံရွာဆားလင်းကြီးက
တောင်သူဦးကြီးတွေဟာ မသက်သာတဲ့အဆုံး ခေတ်သစ်အရည်းကြီးလက်သစ်တွေထဲ ကို
ပန်းဦးလွှတ်သလို သုံးနှစ်စာလောက် ကားလမ်းအဖြစ် မိမိတို့ရဲ့လယ်ယာမြေကို
အပျိုရည်အဖျက်ခံရတယ်။ အရည်းကြီးတွေကမှ ပန်းဦးလွှတ်ပွဲတစ်ညပြီးရင်
သမီးပျိုကို ပြန်အပ်ပေမယ့် ခေတ်သစ်အရည်းကြီးတွေကတော့
အပိုင်သိမ်းလိုက်ကြတော့တယ်။ အခုလို မိုးသည်းတွေအတိုင်း
ငယ်ငယ်ကျောင်းသားဘဝက ညနေကျောင်းပြန်ချိန်တိုင်း မြင်ခဲ့ရတဲ့
လယ်ကွင်းထဲမှာ တေးတကြော်ကြော်နဲ့ မိုးထဲရေထဲက နွားနဲ့အတူ လယ်ထွန်နေကြတဲ့
တောင်သူကြီးတွေရဲ့ ကောက်စိုက်သေးသံကို နားထဲပြန်ကြားနေမိတယ်။ ပြီးတော့
မိုးရေထဲမှာ အရင်လိုစိုက်ပျိုးခွင့်မရှိတော့တဲ့ မတရားအသိမ်းခံလိုက်ရတဲ့
ကိုယ်ပိုင်ယာမြေလေးတွေကို ကြည့်ရင်းနားထဲမှာ နိုင်ငံရဲ့ ရိုးသားလှတဲ့
ကျေးဇူးရှင်တောင်သူဦးကြီးတွေရဲ့ ငိုရှိုက်သံတွေကို သဲ့သဲ့
ကြားယောင်နေမိတယ်..။”

ဟုပြောကာ သူ့မျက်ဝန်းတွင်းမှလည်း မျက်ရည်စလေးများ စီးကျလာပါတော့တယ်။

သူ၏စကားအဆုံးတွင် ကျွန်တော်သက်ပြင်းရှည်ကြီးတစ်ခုကို ပင်ပန်းကြီးစွာ
မှုတ်ထုတ်မိလိုက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ‘စာတတ်သူများ ကူညီကြပါ’ ဆိုတဲ့
တောင်သူဦးကြီးတွေအတွက် စာတတ်ပညာတတ်သော ကျွန်တော်တို့တတွေရော ဘာများ
လုပ်နိုင်ဦးမည်နည်းဟု စဉ်းစားကာ သူပြောသလို “ခေတ်သစ်
ပန်းဦးလွှတ်ပွဲ”တွေကို အရသာရှိရှိခြေတော်တင်နေကြတဲ့ မျက်ရည်ပူတွေနဲ့
ခြေဆေးနေကြတဲ့ ခေတ်သစ်အရည်းကြီးများသည် ယနေ့လွှတ်တော်ထဲသို့ ရောက်ရှိနေသော
အမတ်လောင်းကြီးများ ဖြစ်နေသည်ရှိသော် ဟုတွေးမိကာ  ရင်ထဲမွန်းကြပ်စွာ
ခံစားမိသွားသောကြောင့်ပါတည်း။

မောင်ပြည်သိမ်း

ခေတ်လူများ၏မှတ်စု ဂျာနယ်၊ အမှတ်(၈)
ထွေလီကာလီစကားဝိုင်း ကဏ္ဍမှ
ဘကြီးသက်
Unknown at 9:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အများပိုင် အိုင်တီ ကုမ္ဗဏီ တစ်ခုဖြစ်ရေး ခြေလှမ်းပြင်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်တွင်း အိုင်တီလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများ လုပ်ကိုင်မည့် အများပိုင် ကုမ္ဗဏီတစ်ခု
ဖြစ်လာစေရန် ဦးတည်ကာ တည်ထောင်မှုအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါ  ကုမ္ပဏီ၏ BOD အဖွဲ့ဝင် ဖြစ်သည့် ဦးမင်းဦးက ပြောသည်။
ကုမ္ပဏီကို စတင် လည်ပတ်ရန်အတွက် ကျပ်သိန်း တစ်သောင်းခွဲ ဝန်းကျင်လျာထားကာ BOD အဖွဲ့ဝင် ၉ ဦးဖြင့် စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။
ဦးမင်းဦးက “ အိုင်တီလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံဖို့ အိုင်တီ လုပ်ငန်းရှင်တွေနဲ့ စိတ်ဝင်စားသူတွ စလုပ်တာပါ။
နောက်ပိုင်းမှာ အများပိုင် ကုမ္ပဏီဖြစ်လို့ Public ကို ရှယ်ယာတွေ ထုတ်ရောင်းမှာပါ။ ဒါတွေ အကုန်လုံးက အဆင့်ဆင့် သွားရမှာပါ။ ” ဟု ပြောသည်။
နောက်ပိုင်းတွင် အများပြည်သူသို့ ရှယ်ယာများ စတင်ရောင်းချသွားမည်ဖြစ်ပြီး ရှယ်ယာ တစ်ခုလျှင် ကျပ်တစ်သောင်း တန် ရှယ်ယာဖြစ်ပြီး BOD အဖွဲ့ဝင် အနေဖြင့် အစုရှယ်ယာ ၂၀၀၀ ဝယ်ရမည် ဖြစ်သည်။ BOD အဖွဲ့ဝင်များကို လျှို့ဝှက် မဲစနစ်ဖြင့် ရွေးချယ်ခြင်း ဖြစ်ပြီး ရွေးချယ်ခံရသူ အများစုသည် အိုင်တီ လုပ်ငန်းရှင် အသက် ၃ဝ မှ ၄ဝ ဝန်းကျင် ဖြစ်ပြီး အိုင်တီနယ်ပယ်တွင် နာမည်ရှိပြီးသားသူများ ဖြစ်သည်။

ဘကြီးသက်
Unknown at 8:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်ပွဲရပ်ရန် ဖားကန့်လူထု တောင်းဆို

Print This Post

ကချင် ဒုက္ခသည်စခန်းအတွင်း မြင်ကွင်းတခု (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် လက်ရှိဖြစ်ပွားနေသော ထိုးစစ်များ ချက်ချင်းရပ်တန့်ပေးရန် အစိုးရနှင့် နှစ်ဘက်တိုက်ပွဲ တာဝန်ရှိသူများထံ မြို့ခံ ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၊ လူမှုကူညီရေးအသင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများမှ ယခုလဆန်းပိုင်းက စာပေးပို့တောင်းဆိုလိုက်ပြီဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းများ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းများနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များထံ ဖားကန့်ဒေသခံလူထုကိုယ်စား အထက်ပါ အသင်းအဖွဲ့ ခေါင်းဆောင် ၅၀ ဦးက လက်မှတ်ထိုး တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“နှစ်ဘက် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ အိုးအိမ်စည်းစိမ်များစွန့်၍ တိမ်းရှောင်နေရခြင်း၊ စစ်ဘေးတိမ်းရှောင်သူ များပြားလာသည်နှင့်အမျှ ကျွေးမွေးထောက်ပံ့ရန် ခက်ခဲလာခြင်း၊ တိုင်းရင်းသားပြည်သူများ ရှာဖွေစားသောက်ရန် ခက်ခဲလာခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရသဖြင့် ကလေးသူငယ်များ ပညာရေးနှောင့်နှေးခြင်း၊ ဒုက္ခသည်စခန်းများတွင် ခက်ခဲကြပ်တည်းစွာ နေထိုင်ရခြင်းတို့ကြောင့် စစ်မက်ဖြစ်ပွားမှု ရပ်တန့်ပေးပါရန်” ဟု တောင်းဆိုထားကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIO တို့အကြား ယခင်နှစ် ဇွန်လပိုင်းမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဖားကန့်မြို့နယ်တွင်းသို့ ယခင်လကုန်ရက်ပိုင်းက ကူးဆက်လာခဲ့ပြီး ပြင်းထန်သည့် ထိုးစစ်များကြောင့် ဒေသခံ ၈ ထောင်ကျော်မှာ ဖားကန့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များထံတွင် ခိုလှုံခဲ့ကြရသည်။
ထို့ကြောင့် ယင်းအသင်းအဖွဲ့ ခေါင်းဆောင်များက ဒေသခံပြည်သူများကိုယ်စား သက်ဆိုင်ရာ ဌာနအသီးသီးထံ ယခုကဲ့သို့ တောင်းဆိုမှု ပြုလုပ်နိုင်ရေးအတွက် “ဖားကန့်ဒေသ စစ်မက်ဖြစ်ပွားမှု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့” ဖွဲ့စည်းကာ လက်မှတ်ထိုး တောင်းဆိုလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။
စစ်မက်ဖြစ်ပွားမှု ရပ်တန့်ပေးရေး တောင်းဆိုချက်ကို တိုက်ပွဲဖြစ်ပွားမှု၏ အဓိကအဖွဲ့များနှင့် အစိုးရဌာန အသီးသီးသို့ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့သဖြင့် အစိုးရအပါအဝင် ထိုအဖွဲ့များအနေဖြင့် လူထု၏ တည်ငြိမ်အေးချမ်းမှုရရှိရန် လိုက်နာမည်ဟု တောင်းဆိုသူများက မျှော်လင့်နေကြသည်။
အစိုးရတပ်အနေဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သော်လည်း အစိုးရတပ်က ရပ်တန့်ပေးခြင်းမရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။
သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာတွင် အစိုးရတပ်များနှင့် KIA တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားရာ အနီးမှ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ၏ ယမ်းဂိုဒေါင်ကို ထိမှန်ကာ ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး ဖားကန့်မြို့အပါအဝင် ၁၀ မိုင် ဝန်းကျင်အတွင်း တုန်လှုပ်ခြောက်ခြားမှု ဖြစ်သွားစေခဲ့ကြောင်း ဘာသာရေးခေါင်းဆောင်များက ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် ရှေ့တန်းစစ်မြေပြင်ရှိ အစိုးရ ခလရ ၂၆၉ တပ်ရင်းမှ တပ်အင်အား ၇၀ ကျော်ကျဆုံးခဲ့ပြီး KIA တပ်ဖွဲဝင် အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကုမ္ပဏီအနီးရှိ စိုင်းဂျာဘုံ၊ ဗလခ၊ မြောက်ဖြူ၊ ရှရှော်ခ စသည့် ကျေးရွာများအတွင်း ကျောက်ခဲစများ လွင့်စင်ခဲ့သည့်အတွက် နေအိမ်များပျက်စီးခဲ့ကြောင်း၊ ရွာခံများမှာ ယင်းပေါက်ကွဲမှု မတိုင်မီ မြို့ပေါ်သို့ တိမ်းရှောင်ပြီးဖြစ်သဖြင့် ထိခိုက်မှုမရှိခဲ့ဟု ဗလခ ရွာခံ NLD ပါတီဝင် တဦးက ဆိုသည်။
ဖားကန့်မြို့ခံ ခရစ်ယာန် အသင်းအုပ်ဆရာတဦး က “ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သံတွေက ရွာတွေတင်မကဘူး၊ ကျနော်တို့ ဖားကန့်မြို့တောင် မလုံခြုံတော့ဘူး။ ဒုက္ခသည်တွေလည်း အရင်အတိုင်း အေးအေးချမ်းချမ်း ဖြစ်ဖို့လိုတယ်။ ဟိုတနေ့က ပေါက်ကွဲမှုဖြစ်ပြီးတော့ ဒုက္ခသည်တွေကို စားဝတ်နေရေး အကူအညီတချို့ ပေးနေတဲ့ လောပန် (သူဌေး) တွေတောင် ဖားကန့်မှာ မနေရဲလို့ အောက်ပြန်ဆင်းကုန်ကြပြီ။ ဒါကြောင့် ဒုက္ခသည်တွေကို ရေရှည်ကူညီနိုင်ဖို့ မလွယ်ဘူး” ဟု ပြောသည်။
ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်း ၂၃ ခုတွင် ခိုလှုံနေကြသော ဒုက္ခသည်များမှာ ယခုလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများပါ စတင် ကြုံတွေလာနေကြရကြောင်း ငှက်ပျောတော ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဦးတူးဂျာက ပြောသည်။
KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ် တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်ရင်းသို့ မပြန်နိုင်ကြသေးဘဲ ဖြစ်နေကြသည်။
ထို့အတူ မိုးညှင်းခရိုင် တောတောင်များအတွင်း၌လည်း ခြေသလုံးအိမ်တိုင်ဘဝဖြင့် ရွှေ့ပြောင်းခိုလှုံ နေရသူများလည်းရှိပြီး အိမ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ကချင်ဒုက္ခသည်စခန်းများ ကော်မတီက ပြောသည်။
တရုတ်နိုင်ငံထဲသို့ သွားရောက်ခိုလှုံနေသည့် ကချင်စစ်ရှောင် ဒုက္ခသည်များမှာလည်း သြဂုတ် ၂၂ ရက်မှ စတင်ကာ တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံထဲသို့ အဓမ္မ ပြန်လည် ပို့ဆောင်ခြင်း ခံနေရသည်။

ဘကြီးသက်
Unknown at 8:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော်တွင်းဆွေးနွေးချက် ပြည့်စုံစွာ ဖော်ပြပေးရန် ပြန်ကြားရေး ၀န်ကြီးဌာနကို တိုက်တွန်း

နေပြည်တော် လွှတ်တော်မှာ ဘာတွေ ဆွေးနွေးနေကြသလဲ ဆိုတာကို တစ်နိုင်လုံးက ပြည်သူတွေ သိသင့်တဲ့အတွက် ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
RFA
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လွှတ်တော်အစည်းအဝေး တက်ရောက်နေစဉ်။
"အခု ကော်မရှင်ဆိုင်ရာ မေးမြန်းမှု၊ ဖြေကြားမှု၊ လွှတ်တော်စစ်ဆေးရေး အဖွဲ့ဆိုင်ရာ မေးမြန်းမှု၊ ဖြေကြားမှုများဟာ ဒီနေ့ ဒီအချိန်မှာ အရေးကြီးတဲ့ မေးခွန်း၊ အရေးကြီးတဲ့ ဖြေကြားမှုများ ဖြစ်ပါတယ်။ မေးမြန်းမှုနဲ့ ဖြေကြားမှုများကို လွှတ်တော် ကိုယ်စားလှယ်များတင်မက နိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ မိဘပြည်သူအားလုံး သိရှိနိုင်ရေးဟာ အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ကြားရေး ဝန်ကြီးဋ္ဌာနအနေနဲ့ လွှတ်တော်ကမေးတဲ့ မေးခွန်းများနဲ့ သက်ဆိုင်ရာ ကော်မရှင်၊ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တို့က ဖြေကြားမှုများကို ပြည့်စုံစွာ ဖော်ပြပေးဖို့ လွှတ်တော်ကတဆင့် တိုက်တွန်းပါတယ်"
လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာတွေမှာ အပြည့်အစုံ မဖော်ပြတဲ့အတွက် လွှတ်တော်အမတ်တွေအကြား မကျေမနပ် ဖြစ်ကြရတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း အမျိုးသားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးရန် ခုံရုံးကို အကြောင်းကြားခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှ လာရောက်စစ်ဆေးခံခြင်း မရှိတဲ့အတွက် ခုံရုံးအဖွဲ့ဟာ အခြေခံဥပဒေကို မခန့်လေးစား လုပ်နေခြင်းသာဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဝင် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
"စွပ်စွဲခံရသူများသည် လူကိုယ်တိုင် လာရောက်ခြင်း သော်လည်းကောင်း၊ စာဖြင့်ဖြေရှင်း တင်ပြခြင်း သော်လည်းကောင်း မပြုလုပ်ခဲ့ကြပါ။ စွပ်စွဲခံရသူများ၏ ဤသို့ပြုမူမှုသည် ပြည်သူ့လွှတ်တော်ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကိုလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသော စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်းကောင်း မခန့်လေးစား ပြုမှုခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်"
အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို လွှတ်တော်ကို လာရောက် အစစ်ဆေးခံဖို့ စက်တင်ဘာလ ၃ ရက်နေ့က အကြောင်းကြားခဲ့ပေမဲ့ အဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ လာရောက် စစ်ဆေးခံခြင်း မရှိဘဲ လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကန့်ကွက်ခဲ့ကြောင်း၊ စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြောင်းလဲပြီးနောက် ထပ်မံ ဆင့်ခေါ်ခဲ့ပေမဲ့လည်း လာရောက်ခြင်း မရှိကြောင်း၊ ဒါကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူသွားမှာ ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားပါတယ်။
ခုံရုံးရဲ့ လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ချက် ကာလအတွင်း အခြေခံဥပဒေခုံရုံး အနေနဲ့ စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မျက်ကွယ်မှာ စီရင်ချက်ချခွင့် ရှိကြောင်း သိရပါတယ်။
 RFA New
ဘကြီးသက်
Unknown at 8:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးသီးဇွန်တို့အဖွဲ့က တကယ့်ချီးထုပ်..ချီးထုပ်ကိုအိမ်ပေါ်တင်တဲ့သူက ????

>> မိုးသီးက အမေရိကမှာ ဘာအလုပ်မှ မလုပ်ဘူး.. ဟိုအိမ်တက်စား.. ဒီအိမ်တက်စားသမား..

 >> ထွန်းအောင်ကျော်က ဆူရှီးသမား..ပြောလိုက်ရင် AB ခေါင်းဆောင်ဟောင်းက တပြားမှမလျှော့ဘူး.. အခုABကိုတာဝန်ယူနေသူတွေကို ဘာတွေလုပ်ပေးဖူးသလဲမေးကြည့်..

 >> ရင်အေးနဲ့ရွှေစင်ထွန်းက ဆရာတပည့် နိုင်ငံရေး ခိုလှုံချင်သူတွေကို ပိုက်ဆံယူပြီး လုပ်တဲ့ကောင်တွေ.. ရင်အေးက ဆူရှီး.. အာရင်အေးလို့နောက်ကွယ်မှာ ခေါ်ကြတယ်..ရွှေစင်ထွန်းက ပီဇာသမား.. ဖွံကြောင်.. လူမလေးခွေးမခန့် ဘယ်သူမှ စကားမပြောကြဖူး.. စောက်ကြီးစောက်ကျယ်.. သူတို့လုပ်လို့ပဲပြောင်းရတယ်ရှိသေး.. >> မူးသာက စားသောက်ဆိုင်မှာ လုပ်တယ်..

 >> ကိုကိုလေးဆိုတဲ့ ကုလားကို San Fran မှာ ဘယ်သူမှ စကားအဖက်လုပ်မပြောဘူး..

 >> အေးမင်းက ဆရာဝန်ဆိုတော့ သူက အဓိကထောက်ပံ့တာ..ဒါပေမဲ့ အဲ့ဒီကောင်က ဆရာဝန် အသိုင်းအဝိုင်းကြားမှာ နှပ်ချေးလို့နာမည်ကြီးတယ်..ဘုန်းကြီးကျောင်း အလှူကောင်းရင် ရောက်အောင်လာတယ်.. ဇာတ်လမ်းက အထဲမှာ မင်းကိုနိုင်တို့ ခေတ်ကောင်းနေပြီ.. လူတွေထောက်ခံကြတယ်.. ငါတို့တော့ အမေရိကမှာ လူအထင်မကြီး.. အရင်ပြန်ပြေးမှ လူဖြစ်မယ် ဆိုပြီး.. မိုးသီးခေါင်းတင်ပြီးကပြန်လာကြတာ..

နောက်တခေါက်မေးရင် ဒီ The Mission for Peace in Motherland ဘယ်က ပိုက်ဆံနဲ့လုပ်မှာလဲမေးကြည့်.. အောင်ဒင်လောက် ပိုက်ဆံရှာနိုင်ရင် ဒီမှာအဖွဲ့ထောင်တာ ကြာလောက်ပြီ.. ကိုအောင်ဒင်လောက် လူရာဝင်ရင် မိုးသီးတို့ မြင်တောင် မြင်ရမှာ မဟုတ်ဘူး။ အခုဟာက ငတ်တော့မယ်ဆိုတာ သိလို့ အကွက်ဖန်ဆင်တွေပါ။

 KNU နဲ့ ဦးသိန်းစိန် တို့ ငြိမ်းချမ်းရေး လုပ်လိုက်တော့ ABSDF က ရပ်တည်လို့ မရတော့ဘူးဆိုတာနဲ့ နိုင်ငံထဲ ၀င်လာတာပါ။

 တခါးကို ဖွင့်လိုက်ရင် အမှိုက်သရိုက်တွေ ၀င်လာတတ်တယ်။ အပုတ်နံ့တွေ ၀င်လာတယ်။ အဲဒါတွေကို ခွဲခြားတတ်တော့မှ အဖိုးတန် နဲ့ ပန်းရနံတို့ဝင်လာတာ မဟုတ်လား။ အခုအချိန်မှာ မိုးသီး၊ အောင်နိုင် ကိုထွန်းအောင်ကျော် တို့ဆိုတာ အမှိုက်သရိုက် နဲ့ အပုတ်နံတွေလို့ ပြောပါတော့။
 (စည်ပင်သာယာကြောင်)
ရေးသားသူအဖွဲ့  ; မောင်ကျောက်ခဲ
ဘကြီးသက်
Unknown at 1:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

SME အတွက် ဘဏ်ချေးငွေများ လုပ်ငန်းရှင်များတလွဲအသုံးချမှု များရှိနေ

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင် များသည် SME လုပ်ငန်းများ အတွက် ထုတ်ချေး ထားသော ဘဏ်ချေးငွေ များအား လုပ်ငန်း လည်ပတ် မှုတွင် ထိရောက်စွာ အသုံးမချပဲ မိသားစုစား ၀တ်နေရေး တွင် အသုံးချမှု များရှိနေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းဇော်က ထုတ်ဖော်ပြောကြား လိုက်သည်။

“တချို့အမှုတွဲတွေလာတာတွေ့နေရတာက လုပ်ငန်းအတွက်ထုတ်ယူ တဲ့ ချေးငွေတွေမှာ သားသမီး တွေကိုကျောင်း အပ်ပစ်တာ၊ သားသမီးတွေကို မင်္ဂလာဆောင်ပေး လိုက်တာမျိုးတွေရှိနေတယ်” ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိဘဏ်ချေးငွေမှာ တစ်နှစ်စာအတိုးနှုံး ၁၃ရာခိုင်နှုံးသတမှတ်ထားသော်လည်း အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ အတွက် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရး ဏ်မှ အတိုးနှုံး ၁၂ ရာခိုင်နှုံးဖြင့်ချေးငွေများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့စက်မှုလုပ်ငန်းများတိုးတက်လာစေရေးတွင် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို ကနဦးပြုပြင်ပြောင်းလဲရေးများ အရှိန် အဟုန်မြှင့်ပေးနိုင်ရန်မှာ အရေးကြီးသကဲ့သို့ ဘဏ်ချေးငွေ ချထားပေး နိုင်ရေးမှာ အဓိကကျသည့်တွန်းအားဖြစ်သကဲ့သို့ လက်ရှိအနေအထားတွင်ဘဏ်ချေးငွေရရှိမှု မှာ အားနည်း နေသေးကြောင်း လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ သုံးသပ်မှုများရှိနေသည် ကိုလည်းတွေ့ရသည်။

ယင်းနှင့်ပတ်သက်၍ကမ္ဘောဇဘဏ်ဒုတယဥက္ကဌ ဦးသန်းလွင်က “ SMEs တွေအတွက် အာမခံကုမ္ပဏီတွေ အများကြီးက အာမခံပေးနိုင်ဖို့ လိုတယ်။အာမခံပေးသင့် မသင့်ကိုလည်းသေချာ စစ်ဆေးပေးနိုင်ရမယ်။ ဘဏ်တိုးနှုံး ၁၂ ရာခိုင်နှုံးဆိုတာတော်တော်လေး သက်သာတယ်ဆိုပေးမယ့် လက်ရှိအနေအထားမှာ များနေသေးတယ်ဆိုတာ လက်ခံပါတယ်။ တခြားအာဆီယံနိုင်ငံတွေမှာ ၅ ရာခိုင်နှုံး ၆ ရာခိုင်နှုံးပဲရှိတယ်။ စင်္ကာပုမှာဆို အများကြီးသက်သာတာ တွေ့ရပါတယ်” ဟု သုံးသပ်ပြသည်။

လက်ရှိတွင် SMEs လုပ်ငန်းများမှာ အတိုးနှုံးကြောင့် ဒဏ်ပိနေခြင်းများလည်းရှိနေကြောင်းနှင့် ပြန်လည် ထူထောင်နိုင်ရေး ဘဏ်တိုးနှုံးများကိုလည်း သက်သာသည့်နှုံးထားတစ်ခုသို့ ညှိနှိုင်းသွားရန်လို အပ် နေကြောင်း လည်း ယင်းကဆက်လက်သုံးသပ်သည်။

“ဘဏ်တိုးနှုံးတွေလည်း SMEs တွေပြန်လည်ထူထောင်ရေး ညှိနှိုင်းသင့်ပါတယ်။ဒါပေမဲ့ အပ်သူနဲ့ ချေးသူ ကြားနစ်နာမှုမ၇ှိအောင်လုပ်ရပါမယ်။ အတိုးနှုံးဟာ ဗဟိုဘဏ်ရဲ့အရေးကြီးတဲ့ ဖြေရှင်းစရာပါ” ဟု ဦးသန်းလွင်က မှတ်ချက်ပြုပြောကြားသည်။

SMEs လုပ်ငန်းများအား လိုအပ်သလို ဘဏ်ချေးငွေချထားပေးနိုင်မှု မရှိသေးကြောင်းနှင့် ဘဏ်များအနေဖြင့် လည်းချေးငွေများမဆုံးရှုံးရေးမှာ အရေးကြီးနေကြောင်း နှင့် ဘဏ်အပ်ငွေများအတွက် အပ်သူအကာ အကွယ် ပေးရေး မှာလည်း အရေးကြီးကြောင်း ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးသိန်းဇော်က သုံးသပ်ပြောကြား သည်။

မြန်မာနိုင်ငံရှိဘဏ်များမှ ၂၀၁၂ ဇွန်လကုန်အထိ SMEs များသို့ ထုတ်ချေးထားသည့် ချေးငွေပမာဏ မှာ ကျပ်သန်းပေါင်း ၃ ဒသမ ၇သန်းကျော်ရှိပြီးကုန်သွယ်မှု ၊ဆောက်လုပ်ရေး နှင့် ပို့ဆောင်ရေး ကဏ္ဍများတွင် အများဆုံး ထုတ်ချေးထားကြောင်းသိရသည်။

၂၀၁၂ ဇွန်လအထိကောက်ယူထားသည့်စစိတမ်းများအရ မြန်မာနိုင်ငံတွင် အသေးစားစက်မှုလုပ်ငန်းပေါင်း ၃၁၁၃၇ ခုနှင့် အလတ်စား စက်မှုလုပ်ငန်းပေါင်း ၇၂၈၇ ခု ရှိရာ အသေးစားစက်မှု လုပ်ငန်းမှာ ၈၈ဒသမ၈၈ အထိ၇ှိနေ သည်။

တည်ကြည်အေး - Yangon Media Group



ဘကြီးသက်
Unknown at 1:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ကြီးတံခွန်မြို့နယ်မှာ အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး လောင်မှု ဖြစ်ပွား

မန္တလေးမြို့တော်ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၆၆လမ်းနှင့် ၆၇လမ်းကြား၊ ယောမင်းကြီးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ မြစ်ဝါ ပရိဘောဂ စက်ရုံတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက် ၂နာရီ ခွဲခန့်က အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး
လောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းနေစဉ် ဖြစ်ပေါ်သော အဆိုပါ မီးလောင်မှုကြောင့် ပေ (၄၀'/၆၀')အကျယ် ထရံကာ သွပ်မိုး(၃)ထပ် အိမ်(၁)လုံး၊ ပေ(၂၅'/၅၀')အကျယ် ထရံကာသွပ်မိုး ၂ ထပ်အိမ် ၁လုံး၊ ပေ (၂၅'/၅၀')အကျယ် တစ်ထပ်အိမ် ၁လုံး၊ ပေ(၃၀'/၅၀')အကျယ် နံကပ်သွပ်မိုး အိမ်(၁)လုံး၊ စုစုပေါင်း အိမ် (၄)လုံး မီးလောင်ခဲ့ပြီး အဆောက်အဦးဆုံးရှုံးငွေကျပ်(၇၃၄၀၀၀၀)သိန်း ကုန်ကျခဲ့ကြောင်း၊ ငွေကျပ် ငါးသောင်းတန်ဖိုးရှိ သစ်ဖြတ်စ (၁၀)တန်နှင့် ဝါပိဿာချိန် (၂၀၀)အတွက် တန်ဖိုးငွေကျပ် နှစ်သောင်း ဆုံးရှုံးခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးမှ သိရှိရသည်။

မီးလောင်မှုဖြစ်ပွားသည့် မြစ်ဝါပရိဘောဂစက်ရုံပိုင်ရှင် ဦးအောင်နိုင် နှင့် ညစောင့် ဦးစိုးနိုင် (၁၉)နှစ် အဘ ဦးလှမင်း တို့အား မန္တလေးမြို့  ပြည်ကြီးတံခွန် အမှတ် (၁၁) အဆင့်မြင့်ရဲစခန်းမှ ပ-၅၂၃/၂၀၁၂ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

The Voice Weekly



ဘကြီးသက်
Unknown at 1:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြင်ဆင်ဖွဲ့စည်းသည့် ပြည်ထောင်စု ၀န်ကြီး စာရင်းများ



၁။ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်၊
၂။ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို၊
၃။နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဋ္ဌေး၊
၎။နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊
၅။ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်၊
၆။လယ်/ဆည်ဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်
၇။ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းရှိန်
၈။ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်လွင်
၉။အမျိုးသားစီမံကိန်းဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကံဇော်
၁၀။စီးပွားကူးသန်းဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်
၁၁။ဆက်သွယ်စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း
၁၂။ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းထွန်း
၁၃။မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့်
၁၄။သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမြင့်ဇော်
၁၅။သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း
၁၆။အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဦးမောင်မြင့်
၁၇။ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းအောင်
၁၈။ဟိုတယ်နှင့်ခရီးဝန်ကြီးဌာန ၀န်ကြီး ဦးဋ္ဌေးအောင်
၁၉။စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်
၂၀။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုး
၂၁။ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်ဖေသက်ခင်
၂၂။ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမြအေး
၂၃။သာသနာရေးဝန်ကြီးဌာန ၀န်ကြီး သူရဦးမြင့်အောင်
၂၄။သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကိုကိုဦး
၂၅။လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်
၂၆။အားကစားဝန်ကြီးဌာန ၀န်ကြီး ဦးတင်ဆန်း
၂၇။ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဇေယျာအောင်
၂၈။စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသန်းဋ္ဌေး
၂၉။ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်ကြူ
၃၀။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ
၃၁။ သမတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းညွန့်
၃၂။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးမောင်
၃၃။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်း
၃၄။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း
၃၅။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်း
၃၆။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်း
၃၇။ ပြည်ထောင်စု စာရင်းစစ်ချုပ် - ဦးသိန်းထိုက်

ဘကြီးသက်
Unknown at 1:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဆက်သွယ်ရေးမှ ကျပ်သုံးထောင်နှင့် ကျပ်ငါးထောင်တန် ဖုန်းငွေဖြည့်ကတ်များ ထုတ်လုပ်နိုင်ရန် စီစဉ်


From : ခေတ်လူငယ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်ကတ်များကို လူအများစု အသုံးပြုနိုင်သော ကျပ်သုံးထောင်တန်နှင့် ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်၍ အသုံးပြုနိုင်ရန် အတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ကြိုတင် ငွေဖြည့်ကတ်များမှာ အနည်းဆုံး ကျပ်တစ်သောင်းတန်ကတ်မှ အများဆုံး ကျပ်ငါးသောင်းအထိ ရှိသောကြောင့် ဝယ်ယူသုံးစွဲသူများအနေဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအခက်အခဲများကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော ငွေဖြည့်ကတ်များ ထုတ်လုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်မည်ဟု သိရသည်။ “လတ်တလော ထုတ်လုပ်ထားတာက ကျပ်တစ်သောင်းတန်ကတ်က အနည်းဆုံး ဖြစ်နေတော့ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အခက်အခဲ ရှိကြမှာပါ။ ဒါကြောင့်လည်း ဝယ်ယူဖို့ လွယ်ကူတဲ့ ကျပ်သုံးထောင်တန်နဲ့ ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်တွေ ထုတ်လုပ်ပေးဖို့အတွက် အစီအစဉ်ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောသည်။ ကျပ်သုံးထောင်တန် ငွေဖြည့်ကတ်နှင့် ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များကို မည်သည့်အချိန်တွင် စတင်ထုတ်လုပ်၍ မည်သည့်အချိန်တွင် စတင်အသုံးပြုနိုင်မည်ကို ပြောကြားခဲ့ခြင်း မရှိသော်လည်း ပြည်သူအများစု၏ အခက်အခဲများကို အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ယခုအခါ မိုဘိုင်းဖုန်း ကြိုတင် ငွေဖြည့်ကတ်များကို ပြည်ပ အိမ်နီးချင်း နိုင်ငံအများစုတွင် မိမိတတ်နိုင်သော ငွေကြေးပမာဏ အတိုင်းအတာဖြင့် ဝယ်ယူ သုံးစွဲနိုင်ပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်းစနစ်ကဲ့သို့ အသုံးပြုနိုင်ရန် အတွက် ဆောင်ရွက်ပေးရန် ပြည်သူအများစု မျှော်လင့်လျက်ရှိသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 12:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျွန်တော် စိတ်အပျက်ဆုံး commentရေးသူ သုံးမျိုးသုံးစား


လင်းလွန်းညို at Ozzy Win

ဒီနေ့ မနက်ပဲ ... ကျွန်တော်ဟာသတိုလေး တစ်ပုဒ်တင်ပါတယ်... မောင်းသူမဲ့လေယာဉ်အသစ် ဆိုတဲ့ ဟာသ ပါ.... အဲဒီ ဟာသပို့စ် လေးအောက်မှာ လာရေးတဲ့ comment များကိုကြည့်ပြီး .... အတော်ကလေး ရင်ထဲမကောင်းလို့ ဒီလိုရေးလိုက်ရတာပါ...ရင်ထဲမကောင်းရတာ က ....မြန်မာပြည်မှာ စာဖတ်တဲ့လူ အတော်နည်းသွားပြိး ဆရာလုပ်တဲ့လူအတော်များလာတာကို သိလို
က်ရလို့ ပါပဲ...... 

မင်းကများ ကြီးကြီးကျယ်ကျယ်လို့ ပြောလာရင်လည်း ခံရမှာပါပဲ....
မြန်မာပြည်ကလူတွေ ကို စာပိုဖတ်စေချင်ပါတယ်.......

ဒါက အဲဒီပို့စ်ရဲ့ လင့်ခ်ပါ....
https://www.facebook.com/photo.php?fbid=493418044019888&set=a.463675320327494.118428.463656166996076&type=1&relevant_count=1

အရင့်အရင်တုန်းကလည်း ဒီလိုပဲတွေ့ခဲ့ဖူးပါတယ်....ဒါပေမယ့် .... အခုလောက်များများစားစားတော့မဟုတ်ဘူးပေါ့လေ.....ဒီတစ်ခါတော့ .. အတော်လေး ရင်ထဲမကောင်းတာပါ...... ဒါကြောင့်
ကျွန်တော် စိတ်အပျက်ရဆုံး Comment ရေးသူ သုံးမျိုးသုံးစားကို ပြောပြပါ့မယ်...


နံပါတ် ၁

ပို့စ်တစ်ခု ... တွေ့တာနဲ့ ...တင်ထားတဲ့ ပုံကိုလည်းကြည့်တယ်... စာကိုလည်း ဆုံးအောင်ဖတ်သွားတယ်.... ဒါပေမယ့် စာတပုဒ်လုံးက ဘာကို ဆိုလိုချင်မှန်းလုံးဝနားမလည်ဘူး ..... စိတ်ထဲထင်ရာကို ကောက်ရေးသွားတယ်... သူကတော့ နည်းနည်း တော်သေးတယ်ပြောရမယ်... စာဖတ်ချင်တဲ့ စိတ်ကလေးရှိတယ် ... တည့်မတ်ပေးနိုင်ရင်.. ကောင်းသွားနိုင်တယ်... ဒါမှ မဟုတ် စာတွေ ဖတ်ရင်း.... အကျင့်ရလာရင်... ကောက်နှုတ်တတ်လာမယ်... လို့ ထင်တယ်....

နံပါတ် ၂

ပုံကိုကြည့်လိုက်တယ်.... အောက်မှာပေါ်နေတဲ့ ပေါ်ဆုံး စာလေး နှစ်ကြောင်းသုံးကြောင်းကိုဖတ်တယ်..... ပြီးရင်.... စိတ်ထင်ရာကို ဟုတ်သော်ရှိမဟုတ်သော်ရှိ .. ကိုယ်ထင်ရာမြင်ရာတွေ ရေးသွားတယ်..... သူက နည်းနည်း .. အဆင်မပြေတော့ဘူး ... စာလေး တစ်ပုဒ်ကိုတောင်ဖွင့်ဖတ်ရမှာ ပျင်းတတ်တယ်.... အဆိုးဆုံးကတော့ ... ဆရာလိုလိုလုပ်သွားပြီး .... ရေးတဲ့လူကို ပြန်ခနဲ့ သွားတာပဲ .... စာဖတ်ပျင်းတဲ့ အကျင့်... လွယ်လွယ်ကောမန့်ရေးတတ်တဲ့ အကျင့်လေးပြင်ရင်တော့ ကောင်းသွားမယ်ထင်ပါတယ်....

နံပါတ်သုံး ...
ပုံကိုကြည့်တယ်... အောက်ကစာကိုတောင်မဖတ်တော့ဘူး .... မိုက်တယ်တို့ .... ဘူလဲဟင်တို့ ... ဘာဖြစ်တာလဲဟင်တို့ .... စတာတွေ လိုက်ရေးတတ်တဲ့လူစားမျိုး .... သူကတော့ ကျင်းဆုံးသွားပြိ..... စာကိုဖတ်ချင်စိတ်မရှိတာ ..... ရေပေါ်ဆီလိုပဲ .... သုံးလို့ မရတော့ဘူးပေါ့.... ပြုပြင်လို့ လဲရမယ်မထင်တော့ ပါဘူး ... သူ့မှာ စာကို ဖတ်ချင်စိတ်မှ မရှိတာ .....

ဆရာကြီးဦးအောင်သင်းက ပြောခဲ့ဖူးပါတယ်...

(စာတပိုဒ်၊ ဟောပြောချက်တစ်ခု၊ ဆွေးနွေးမှု တစ်ကဏ္ဍကို ဖတ်ရှုနားထောင်လိုက်ပြီးနောက် အရေးကြီးသည့်အချက်များ ကို မယူတတ်၊ မပြောတတ်လျှင် ထိုသူမှာဘ၀တွင် အောင်မြင်မှုရရှိရန် အတော်လေး ခက်လိမ့်မည် ဖြစ်ပါသည်)(မူရင်းအတိုင်း)

တဲ့ ... စာသင်ခြင်းနှင့် စိတ်သင်ခြင်း ဆောင်းပါးမှာထင်ပါတယ်.....

ဒီတော့ အဲဒီစကားလေးနဲ့ သာ ချိန်ထိုးပြီးစဉ်းစားကြည့်ပါတော့ ..... ကျွန်တော်တို့ facebook ပေါ်မှာ ... ဘယ်လိုလူတွေများနေသလဲ .... ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ .. ဘယ်လိုလူတွေများနေသလဲ.... ကျွန်တော်တို့ ရဲ့ မြန်မာပြည်ကြိးမှာ .... ဘယ်လိုလူတွေ များနေသလဲ .......

ကိုယ်ရော ဘယ်လိုလူထဲကလဲ..... ???????

စာဖတ်ပျင်းသူများကို အားမနာတမ်းပြောရရင် အင်မတန်စိတ်ပျက်မိပါတယ် ခင်ဗျား .........

by: လင်းလွန်းညို
 —

ဘကြီးသက်
Unknown at 12:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာအစိုးရကို အတုခိုးတဲ့ ဗြိတိသျှအစိုးရ

ခေါင်းစဉ်ကိုကြည့်ပြီး မဟုတ်တရုတ် ပြောတော့မယ်လို့တော့ မထင်လိုက်ပါနဲ့၊ တကယ် တကယ်... တိုက်ဆိုင်ပုံများရယ်လို့ပဲ ပြောရမှာပါ။ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးမှာ တွန့်ဆုတ် ကျောက်ကန်နေသူတွေကို ထားခဲ့မယ်လို့ ပြောခဲ့ပြီးနောက်ပိုင်း အချိန်ကျတဲ့အခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ကျားကွက်ရွှေ့သလို အပြောင်းအလဲ လုပ်ပစ်လိုက်ပါတယ်။

အများစု ထင်ကြေးပေး တွက်ဆထားတဲ့အတိုင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို နေရာရွှေ့ပစ်လိုက်တယ်။ ခပ်ရွတ်ရွတ် စကားပြောခဲ့တဲ့ လျှပ်စစ်(၁)၀န်ကြီး ဦးဇော်မင်းကို အနားယူစေလိုက်တယ်။ လွှတ်တော်နဲ့စပ်ပြီး ပြဿနာတက်ခဲ့တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်လည်း နားသွားရတယ်။


အရပ်စကား၊ ၀ိုင်းစကားပြောရရင်တော့ သန့်ရှင်းရေး လုပ်ပစ်လိုက်တာ... အိမ်သန့်လိုက်တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ဘေးထိုင်ကြည့်နေသူတွေ သဘောကျသွားတယ်။ ပိုကောင်းတာက အစိုးရဟာ ဆက်သွယ်ရေး နည်းပညာကို တကယ်ကို အသုံးချလာတာပါပဲ။

အရင်ကဆို မသိမသာ ပြောင်းလိုက်တာ၊ သတင်းစာ အမြဲဖတ်နေသူသာ ရာထူး အတိုး၊ အဆုတ်ကို သိလိုက်တာမျိုး မဟုတ်ဘဲ သမ္မတရုံး ညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘုတ်ကနေ သတင်းတွေ တက်နေလိုက်တာမှ မသိရင် ဖေ့စ်ဘုတ်သုံးနေသူတွေဟာ အစိုးရအဖွဲ့ထဲ ပါနေသလိုကို ထင်သွားရပြီး နာရီမဆိုင်းဘဲနဲ့ကို ဝေဖန်သုံးသပ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံ့အရေး ကိုယ့်အရေးဟာ တကယ်ဖြစ်နေတော့တာပါ။

တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ စက်တင်ဘာ ၄ မှာပဲ ဗြိတိသျှ အစိုးရကလည်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို အပြောင်းအလဲ လုပ်လိုက်ပါတယ်။ မသန့်ရှင်းသူ၊ စွမ်းဆောင်ရည်နည်းသူတွေကို နေရာရွှေ့ပြောင်း ဒါမှမဟုတ် ဖယ်ရှားပစ်လိုက်ပြီး စွမ်းရည်ပြခဲ့သူတွေ၊ တင်းတင်းရင်းရင်း လုပ်မယ့်သူတွေကို နေရာပေးလိုက်ပါတယ်။

ဒါကို ဘီဘီစီရဲ့ နိုင်ငံရေးဆိုင်ရာ အယ်ဒီတာ နစ် ရောဘင်ဆင်က ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းဟာ စီးပွားရေး ခေါင်းဆောင် တယောက်လို တွက်ချက်ပြီး အစိုးရရဲ့ အားနည်းချက်ကို ပြင်ဖို့ အခုလို လုပ်လိုက်တာဖြစ်တယ်၊ ၀န်ကြီးချုပ်က အလုပ်ဖြုတ်တယ်၊ အလုပ်ခန့်တယ် ဒါကို လုပ်လိုက်တယ်လို့ ၀ါရင့် သတင်းစာဆရာကြီး နိုင်ငံရေး ပရောဟိတ်က တွက်ချက် ဝေဖန်ပါတယ်။

တကယ်တော့ သမ္မတ ဦးသိန်းစိန်လိုပဲ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း သူ့အစိုးရ မူဝါဒတွေ တင်းရင်းအောင် ပြုပြင်ရင်း လက်ကျန် သက်တမ်းကို ဆက်လျှောက်ဖို့ ပြင်လိုက်တာပါ။ တခုပဲ ရှိတယ်၊ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက တပါတီထဲ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖြစ်နေတာ မဟုတ်ဘူး၊ သူက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် မနိုင်ခဲ့တော့ လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ပေါင်းပြီး အစိုးရ ဖွဲ့ထားရတာ... သမ္မတ ဦးသိန်းစိန်ကတော့ အပြတ်အသတ် နိုင်ထားခဲ့တော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ ပေါင်းပြီး အစိုးရ ဖွဲ့ထားကြတာ... ဒီတခုတော့ ကွာပါတယ်။

နောက်တခု ကွာတယ်လို့ ပြောနိုင်တာက ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (၄၅ နှစ်) က အစိုးရအဖွဲ့ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ၂၈ လ အကြာမှာ အစိုးရအဖွဲ့ဝင်တွေကို အပြောင်းအလဲ လုပ်လာဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန် (၆၈ နှစ်) ကတော့ အစိုးရအဖွဲ့ ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ၁၇ လ အကြာမှာ အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရနောက်က လိုက်လုပ်တဲ့ နောက်တချက်လို့ သုံးသပ်နိုင်တာက သမ္မတ ဦးသိန်းစိန်က သူ့အစိုးရအဖွဲ့ထဲ စွမ်းရည်ပြခဲ့တဲ့ ၀န်ကြီးလေးဦးကို (သမ္မတရုံး ၀န်ကြီးတွေအဖြစ်) သူ့နားခေါ်လိုက်တာပါ၊ ဒါဟာ သူ့ပြုပြင်လမ်းကြောင်းရဲ့ တိုက်စစ်မှူးတွေအဖြစ် ရုပ်လုံးဖော်လိုက်တာလို့လည်း ယေဘူယျ တွက်ဆနိုင်ပါတယ်။ သမ္မတရုံး ၀န်ကြီးတွေ ဖြစ်လာသူတွေကတော့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဦးလှထွန်းတို့ပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း သူ့အစိုးရရဲ့ မူဝါဒ မောင်းနှင်အား ဒါမှမဟုတ် အမာခံ ခေါင်းဆောင်တွေ ဖြစ်တဲ့ ၀န်ကြီးလေးဦး... ဘဏ္ဍာရေးဝန်ကြီး ဂျော့ အော့စဘွန်း၊ ပြည်ထဲရေးဝန်ကြီး ထရီဇာ မေ၊ နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟိဂ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖိလစ် ဟမ်မန်းတို့ကို လက်ကျန် အစိုးရ သက်တမ်းမှာ အပြည့်အ၀ အသုံးချဖို့ ဆက်ထားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ၀န်ကြီးဦးကျော်ဆန်း အပါအ၀င် လေးဦးကို ခပ်ပြင်းပြင်း ဖယ်ရှား ရှင်းလင်းလိုက်သလို ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ၀န်ကြီးငါးဦးနေရာကို ခပ်ကြမ်းကြမ်း အပြောင်းအလဲ လုပ်ပစ်လိုက်ပါတယ်။ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စွမ်းရည်မပြနိုင်တဲ့ ကျန်းမာရေးဝန်ကြီး အင်ဒရူး လန့်စ်လေကို ဖယ်ပြီး သူ့နေရာမှာ လန်ဒန်အိုလံပစ် ၂၀၁၂ ကို တခမ်းတနား ဖြစ်အောင် ဦးဆောင်ကျင်းပခဲ့တဲ့ ယဉ်ကျေးမှုဝန်ကြီး ဂျရယ်မီ ဟန့်ကို ခန့်အပ်လိုက်ပါတယ်။

စီးပွားရေး တိုးတက်ရေးကို တနည်းတလမ်းနဲ့ ထောက်ကူဖို့နဲ့ ဥရောပရဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး ခရီးသည်ဝန်ဆောင်မှုပေး လေဆိပ်ကြီး အဖြစ် ဆက်ရပ်တည်နိုင်ဖို့ လန်ဒန်က ဟီးသရိုးလေဆိပ်ကြီးမှာ ပြေးလမ်း နံပါတ်သုံး တိုးဆောက်/မဆောက် အခြေအတင် ပြဿနာမှာ အရေးကြီးတဲ့ နေရာက ရှိနေတဲ့ ပို့ဆောင်ရေး ၀န်ကြီးကို ဖယ်ပြီး ပါတီလှုံ့ဆော်ရေးမှူး ပက်ထရစ် မက်လော့လင်းနဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။ တရားရေးဝန်ကြီးကိုလည်း လဲပစ် လိုက်သလို ပါတီ ဥက္ကဌ ဘယ်ရိုနက်စ် ၀ါစီကိုလည်း (အစိုးရ အသုံးစရိတ် အလွဲသုံးမှု စွပ်စွဲချက်တွေ ရှိခဲ့သူ) ဖယ်ရှားပစ်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ပြန်ပြင်ဖွဲ့လိုက်တဲ့ အစိုးရမှာ ဌာနလက်ကိုင်မဲ့ ၀န်ကြီးတဦးနဲ့ ရှေ့နေချုပ် အပါအ၀င် ၂၇ ဦး http://www.bbc.co.uk/news/uk-politics-19475248 ပါဝင်လာတာကို တွေ့ရပါတယ်။ ၂၂ ဦးက သူတို့ပါတီက ဖြစ်ပြီး၊ ကျန် ၅ ဦးကတော့ ဒုတိယ ၀န်ကြီးချုပ် နစ် ကလက်ခ်ျရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ဖြစ်ပါတယ်။

မြန်မာကို အတုခိုးတယ်လို့ ပြောနိုင်တဲ့ နောက်တချက်က ပြုပြင်ပြောင်းလဲ ၀န်ကြီးစာရင်းတွေကို ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူ့ရဲ့ တွစ်တာ အကောင့်ကနေ လူထုကို အသိပေးခဲ့တာပါ။ ဒါကို`` တွစ်တာ အပြောင်းအလဲ`` လို့တောင် သတင်းစာတစောင်က ခေါ်ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အပြောင်းအလဲကိုလည်း ဖေ့စ်ဘုတ်မှာ သမ္မတရုံး ညွှန်ကြားရေးမှူးက တောက်လျှောက် တင်နေခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းလို တွစ်တာရော မြန်မာလူထုတချို့ မက်မက်စက်စက် သုံးကြတဲ့ ဖေ့စ်ဘုတ်ကိုပါ ကိုယ်တိုင် သုံးသေးပုံ မရပါဘူး။ သူ့နာမည်နဲ့ အကောင့် မတွေ့သေးပါဘူး။ ဗြိတိန်မှာတော့ ၀န်ကြီးတွေက သူတို့ ၀န်ကြီး ဒါမှမဟုတ် ရာထူး အပြောင်းအလဲ ဖြစ်တာကို ပြောင်းတာနဲ့ ချက်ချင်း ဆိုသလို တင်ကြပါတယ်။ ပါတီ ဥက္ကဌ ရာထူးကနေ နားရတဲ့ ၀ါစီဆို ပါတီဥက္ကဌဆိုတဲ့ အကောင့်နာမည်ကနေ သူ့နာမည်နဲ့ အကောင့်ကို ပြောင်းလိုက်တဲ့အကြောင်း တွစ်တာကနေ ပြောခဲ့ပါတယ်။

သူတို့က နောက်မှ လုပ်တာပါ၊ မြန်မာပြည်က ပြန်ကြားရေး ဒုတိယ၀န်ကြီး ဖြစ်လာတဲ့ ဦးရဲထွဋ်က အရင် လုပ်ခဲ့တာပါ။ ညွှန်ကြားရေးမှူးချုပ်ကနေ ဒုတိယ ၀န်ကြီး ဖြစ်သွားပေမယ့် သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်ကို ဆက်ထားမှာ ဖြစ်တဲ့ အကြောင်းနဲ့ သမ္မတကြီးက ချီးမြှင့် မြှောက်စားတာကို ကျေးဇူးတင်ကြောင်း၊ တာဝန်များကို အသေအချာ ဆက်လက် ထမ်းဆောင်ပါမယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာအစိုးရလောက်တောင် မဟုတ်မဟပ် တွေ့ရတာက ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အမျိုးသမီး သုံးဦးကို အစိုးရအဖွဲ့ထဲကနေ ဖယ်လိုက်ပါတယ်။ သူတို့ကတော့ ခုန ပြောခဲ့တဲ့ ပါတီ ဥက္ကဌရယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ကယ်ရိုလင်း စပယ်မန်းနဲ့ ဝေလပြည်နယ်ဝန်ကြီး ချယ်ရီ ဂီလန်းတို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ သမ္မတ ဦးသိန်းစိန်က ဒုတိယ၀န်ကြီးနေရာမှာ အမျိုးသမီးတွေကို ထပ်တိုးလို့ ခန့်ခဲ့ပါသေးတယ်။ ဒါကြောင့် မြန်မာကတောင် ခပ်သာသာရယ်လို့ ပြောလိုက်ချင်ပါတယ်။

အဲ... အဆုံးမသတ်ခင်လေး စိတ်ဝင်စားစရာတခု ပြောပြချင်တာကတော့ မြန်မာပြည်ကို လာသွားခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး အင်ဒရူး မစ်ချယ်ကတော့ ပါတီရဲ့ လှုံ့ဆော်ရေးမှူး နေရာကို ပြောင်းရွှေ့ခြင်း ခံလိုက်ရပါတယ်။ ၀ါရင့် နိုင်ငံရေးသမားတဦးလည်း ဖြစ်တဲ့ အင်ဒရူး မစ်ချယ်ဟာ မြန်မာ့အရေးကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ လူယုံတဦးလို့လည်း ဆိုကြပါတယ်။

၂၀၁၂ စက်တင်ဘာ ၄၊ ည ၁၀ နာရီ။
လန်ဒန်။

ရည်ညွှန်း- www.bbc.co.uk/news, London Evening Standard newspaper (September 4, 2012).

ဘကြီးသက်
Unknown at 12:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.