Wednesday, August 29, 2012

သမ္မတ ဖိတ်ခေါ်လို့ ပြည်တွင်းသို့ ပြန်ဝင်သူ ရှေ့နေစောကျော်ကျော်မင်း ထောင် ၆ လ ချခံရ


ပြည်ပမှ မကြာခင်က ပြန်လည်ဝင်ရောက်လာတဲ့ စောကျော်ကျော်မင်း ယနေ့ထောင်ချခံရ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲ ကိုစောကျော်ကျော်မင်း ဒီမနက်ပဲ ၀င်သွားရတယ်။

စောကျော်ကျော်မင်း ဟာ ကျမ မြန်မာပြည်ပြန်လာပြီး တလ ကျော်လောက်အကွာမှာ သူလည်းပြန်ဝင်လာတာပါ။ သူက ရှေ့နေ ဥပဒေသမားလည်းဖြစ်တော့ စေ့စပ်သေချာချင်တယ်ထင်ပါရဲ့ အရင်က သူ့ကို စွဲခဲ့တဲ့အမှု

ကို ဆက်ရင်ဆိုင်ခဲ့ တယ်၊ သူဟာ ဒီအမှုမှာ ရှေ့နေတယောက်အနေနဲ့ သူမမှားဘူး အမြဲပြောခဲ့တယ်၊ သူမမှားလို့ ရင်ဆိုင်လိုက်တာပေါ့၊ အ မှုချိန်းတွေ ဆက်တိုက်ရှိနေတယ်သိရပေမဲ့ သူလည်း သူ့ကို ထောင်ချလိမ့်ဦးမယ်လို့ ထင်မထားပါဘူး၊ ဒါပေမဲ့ ဒီနေ့ မြောက်ပိုင်းခရိုင်တရားရုံး (အင်းစိန်) မှာ သူ့ကို ထောင် (၆) လ ချလိုက်ပါတယ်၊ ပြစ်ဒဏ်ချတာနဲ့ လက်ထိပ်ခတ်ပြီး ကား ပေါ်တင်သွားတယ် အင်းစိန်ထောင်ဆီကိုပေါ့။ လဲစရာအ၀တ်တောင် ပေးခွင့်မရလိုက်ဘူး။

ယခင်အမှုကိစ္စ …
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သန်းဇင်မျိုး အပါအ၀င် (၁၁) ဦးရဲ့အမှုကို ရှေ့နေ စောကျော်ကျော်မင်းနဲ့ရှေ့နေ ညီ ညီထွေး တို့က လိုက်ပါဆောင်ရွက်ပါတယ်၊ အမှုစစ်စဉ်မှု အမှုသည်တွေက တရားရုံးကို ကျောပေးထိုင်တဲ့ကိစ္စနဲ့ ပတ် သတ်ပြီး ရှေ့နေ့တွေကို တရားသူကြီးက အမိန့်ပေးတယ်၊ တရားခံတွေကို ရှေ့လှည့်ထိုင်ဖို့ပေါ့။ ရှေ့နေ စောကျော် ကျော်မင်း တို့က အမှုသည်ရဲ့ ညွှန်ကြားချက်မဟုတ်တဲ့အတွက် မပြောပေးနိုင်ဘူးဆိုတဲ့အတွက် စောကျော်ကျော်မင်း တို့ကို တရားရုံးမထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့ တရားစွဲပါတယ်၊ အမိန့်မချခင် စောကျော်ကျော်မင်း ပြည်ပကို ထွက်ခွာခဲ့ပါ တယ်။

ခု သမတရဲ့ ဖိတ်ခေါ်မှုကြောင့် ပြန်လာတဲ့အခါ သူက သူမမှားဘူးယုံကြည်တဲ့ အမှုကို ဆက်ရင်ဆိုင်ခဲ့ပေမဲ့ ယနေ့ မနက် မှာ ထောင်ချလိုက်ခြင်း ဖြစ်ပါတယ်။

စောကျော်ကျော်မင်း ဟာ ပြန်လည်ရောက်ရှိလာပြီး ချက်ချင်း အလုပ်သမားသမဂ္ဂတွေကို ဖွဲ့စည်းနိုင်ဖို့ သူ့အကူအညီတွေ အများကြီးရှိခဲ့ပါတယ်၊ အလုပ်သမားသမဂ္ဂ (အခြေခံ အဖွဲ့အစည်းပေါင်း) ၁၀ ခု အထက် သူ ကူညီဖွဲ့စည်းခဲ့ပါတယ်၊ ဂျနီ ဗာ ကို ကိုယ်စားလှယ်အဖြစ်သွားရောက်ခဲ့ရတဲ့ အောင် ကြွေပြားစက်ရုံ အလုပ်သမားအဖွဲ့ကို သူ မှတ်ပုံတင်ပေးခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အင်းစိန်မြို့နယ် လူငယ်တာဝန်ခံ (၂) ဟောင်းလည်း ဖြစ်ပါတယ်။ ဥပဒေ ရေးရာတွေ ကို အပတ်တကုတ်ကြိုးစားလုပ်ဆောင်တက်ပြီး သူ့ဖခင် ဦးမြင့်ကြွယ် ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါ တယ်။

ကျမတို့နဲ့ သူ့ဖခင် ဦးမြင့်ကြွယ်က အဖွဲ့ချုပ်မှာ အတူလက်တွဲလုပ်ကိုင်ရင်း သူ့ဖခင် ၁၉၉၅ မှာ ထောင်ကျခဲ့တဲ့အတွက် စောကျော်ကျော်မင်းတို့မောင်နှမ နှစ်ယောက်ကို အဖွဲ့ချုပ်ဆီကို ကျမ ခေါ်သွားခဲ့ပါတယ်၊ အဲဒီ့အချိန်ကစပြီး နိုင်ငံရေးကို လူငယ်တယောက်အနေနဲ့ ရှေ့နေဖြစ်ပြီး ရှေ့နေတယောက်အနေနဲ့ ရဲရဲရင့်ရင့် ပြောဆိုရပ်တည်ခဲ့တာ ယနေ့ထက်ထိမို့၊ မောင်လေးတယောက်လို ရဲဘော်တယောက်လိုချစ်ခင်ရတဲ့ စောကျော်ကျော်မင်း အတွက် အင်မတန်မှ ခံပြင်းဒေါသဖြစ်
ရပါတယ်၊ ကျမတို့ တိုင်းပြည်ကိုပြန်ခဲ့တာ ပြည်သူအတွက် အလုပ်လုပ်ဖို့ဖြစ်တာမို့ ရှေ့ဆက်ပြီး အမှန်တရားအတွက် ရဲရဲ ရပ်သွားပါမယ်။

အိရွှေစင်ညွန့်

ဘကြီးသက်
Unknown at 6:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရှုခင်းသာ လမ်းမကြီး ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား(ဓာတ်ပုံများ)














ယနေ့ မွန်းလွှဲ ၁၁ နာရီခန့်က သံဃာ ကိုးပါးနှင့် လူလေးဦး လိုက်ပါလာသော Light Truck ယာဉ်သည် သာကေတ မြို့ နယ်မှ ယုဇန ဥယာဉ်မြို့ တော် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းသို့ အသွား သန်လျင်တံတားအနီး ရှုခင်းသာလမ်းမကြီးပေါ်တွင် တစ်ဘက် ယာဉ်ကြောမှ မောင်းနှင်လာသော ကွန်တိန်နာယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာလေးပါးနှင့် လူနှစ်ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားကြောင်း သံဃာလေးပါးမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆေးရုံပို့ဆောင်သည်အထိ သတိပြန်လည် ရရှိခြင်း မရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် မီးသတ်တပ်ဖွဲ့ဝင် များထံက သိရသည်။
ဘကြီးသက်
Unknown at 4:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နာရေးကူညီမှုအသင်း (ရန်ကုန်) Website ဖွင့်ပြီ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)

သြဂုတ် ၂၉၊ ၂၀၁၂
Website သည် တစ်ကမ္ဘာလုံးကို ဖြန့်ချိပေးနေတဲ့ ကွန်ရက် (World Wide Web) တစ်ခုဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး (United Nations) မှ ၂ဝ၁ဝ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာကြေညာစာတမ်း (Geneva Declaration on Internet Freedom) ကို ပြဋ္ဌာန်းခဲ့သည်။ ထိုကြေညာစာတမ်းတွင် အင်တာနက် (Internet) သည် အတွေးအခေါ်များ ဖလှယ်ရာနှင့် ကူးလူး ဆက်သွယ်ရာ အပြည်ပြည်ဆိုင်ရာနေရာလေးတစ်ခု (auniversal space) ဖြစ်သည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီအနေ အ ထားနှင့် စီးပွားရေးအခြေအနေများကို ထောက်ထားစရာမလိုပဲ လူအချင်းချင်း အပြန်အလှန်နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု ဆိုထားသည်။

၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အသင်းပိုင်ဝက်ဘ်ဆိုဒ်အား စတင်လွှင့်တင်ခြင်းနှင့် စာနယ်ဇင်း မိတ်ဆက်ခြင်း အခမ်းအနားအား နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဝက်ဘ်ဆိုဒ်အား Tun new technology co.,ltd. (TNT) မှ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် ဝက်ဘ်ဆိုဒ် ရေးဆွဲလှူဒါန်းခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် Website မရှိသည်မှာ မိမိတို့၏ အားနည်းချက်ဖြစ်ကြောင်း၊ အသင်းသည် (၁၂) နှစ်တာကာလရောက်ရှိသော်လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်မရှိခဲ့ချေ။ နာဂစ်မုန်တိုင်း အချိန် ကာလ၌ နာဂစ်ကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး အများပြည်သူတို့အား မည်သည့်နေရာဒေသများသို့ သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ်နေ ကြောင်းနှင့် လိုအပ်သည့် လှူဒါန်းဖွယ်ပစ္စည်းများတို့အား အလှူရှင်များ လှူဒါန်းနိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရန်အတွက် Website လုပ်ခဲ့၍ ကြိုးစားခဲ့ကြောင်း၊ နောက်ပိုင်း၌ Update မလုပ်နိုင်ခဲ့ခြင်းကြောင့် ရပ်ဆိုင်းခဲ့ရပြီး နောက်တစ်ခါထပ်ကြိုးစားကြောင်း၊ ယခုအချိန် သည် စတုတ္ထအကြိမ်မြောက် ကြိုးစားခဲ့ခြင်းဖြစ်ပြီး မိမိတို့အသင်းအတွက် အရမ်းလိုအပ်နေသည့် အရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေများနှင့် ပစ္စည်းများအား မိမိတို့ မည်သို့ပြန်လည်၍လှူဒါန်းခြင်း၊ အသုံးချခြင်းများကို တင်ပြရန်အရေးကြီးပါကြောင်းနှင့် အသင်းအတွက်လိုအပ်လျှက်ရှိသော Website ကို လှူဒါန်းပေးခဲ့သော TNT ကုမ္ပဏီအားလည်း အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားသွားခဲ့ပါသည်။
ဆက်လက်၍ TNT ကုမ္ပဏီမှ MD ကိုထွန်းထွန်းမှ အသင်း၏ဝက်ဘ်ဆိုဒ်အား ရေးဆွဲလှူဒါန်း ခြင်းနှင့်ပတ်သက်၍ မိမိတို့ TNT ကုမ္ပဏီ၏ (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင်လည်း Website မရှိသေးသည်အတွက် (၁) နှစ်ပြည့် အခမ်းအနားနှင့် တိုက်ဆိုင်ခြင်းကြောင့် ဝက်ဘ်ဆိုဒ်ပုံစံအကြမ်းပြသပေးခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်ဟိန်း၊ ကိုဖြိုးကိုကိုတို့မှလည်း အစစအရာရာ ကူညီပေးသည့်အတွက်ကြောင့် ယခုကဲ့သို့ အထမြောက်သွားကြောင်းနှင့် ၄င်းတို့အားလည်း ကျေးဇူးတင်ပါကြောင်း၊ ဝက်ဘ် ဆိုဒ်စတင်ပြီဆိုပါက အမြဲတမ်း Up to date ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုကြပြီး နောက်ဆုံးဖြစ်ပျက်နေသည့် သတင်းများ ဖတ်ရှုလိုချင်ကြပြီး အလှူရှင်များသည်လည်း မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (ရေဘေး၊ မီးဘေး . . . )၊ အရေးပေါ်ကယ်ဆယ်ရေး အစရှိသည့် ကိစ္စရပ်များအား အသုံးပြု၍ လှူဒါန်းမှု များအား သိရှိနိုင်စေရန် အတွက် ဝက်ဘ်ဆိုဒ်တွင် လိုအပ်သည့်အချက်အလက်များအား ကဏ္ဍအသီးသီးဖြင့် အသေးစိတ်ဖော်ပြပေးထားကြောင်း၊ မကြာမီကာလ အတွင်း အင်္ဂလိပ်ဘာသာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဝက်ဘ်ဆိုဒ်အား တင်ပြတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အသင်းဝက်ဘ် ဆိုဒ်လိပ်စာနှင့် အသုံးပြုပုံအဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော စာနယ်ဇင်းသမားများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသား/သူများတို့အား မိတ်ဆက်ပြသ ပေးခဲ့ပြီး မီဒီယာများ၏မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ပြီး အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန် ကုန်) ၏ အများပြည်သူတို့အပေါ် ပေးဆပ်ကူညီဖေးမမှု ကုသိုလ်ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတစ်ခုတည်းတွင်သာမက ကမ္ဘာ့နိုင်ငံ အသီးသီးတို့မှ ဝက်ဘ်ဆိုဒ်ပေါ်၌ Up to date ပေးဆပ်မှုများအား ကြည့်ရှု့နိုင်တော့မည်ဖြစ်ပါသည်။ ကြည့်ရှု့လိုသူများအနေဖြင့် မိမိတို့၏ ကွန်ပြူတာပေါ်တွင် www.ffssyangon.org ဟူ၍ရိုက်လိုက်ရုံဖြင့် ကျွန်တော်တို့ F.F.S.S (Ygn) နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အချိန် မရွေးရောက်ရှိနိုင်တော့မည်ဖြစ်သည်။
“အင်တာနက် (Internet) ကို လွတ်လပ်စွာအသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်များ၊ လွတ်လပ်ပြီး ဒီမိုကရေစီ ဆန်သောလူ့ဘောင်ကို အပြည့်အဝခံစားနိုင်ရန် မရှိမဖြစ်လိုအပ်သည်။”

ဘကြီးသက်
Unknown at 12:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးသိန်းစိန်ရဲ့ “အလှည့်” နဲ့“အပြောင်း”

တူမောင်ညို၊ သြဂုတ် ၂၉၊ ၂၀၁၂
ပြည်ထောင်စုဝန်ကြီး ၉ ဦး “ပြောင်းလဲ တာဝန်ပေး” တယ်ဆိုတာ တကယ်တော့ သမ္မတဦးသိန်းစိန်ဟာ သူ့ရုံးခန်းထဲမှာရှိတဲ့ အဆင့်ဆင့်သော အံဆွဲတွေကို ဟိုဆင့်ကနေ ဒီအဆင့်၊ ဒီအဆင့်ကနေ ဟိုအဆင့်၊ အဆင့်နေရာပြောင်းတာသာဖြစ်ပါတယ်။
ဒါကြောင့် မူလကပြည်ထောင်စုဝန်ကြီး ၂ ဦးသာရှိတဲ့ သမ္မတရုံးဝန်ကြီးဌာနဟာ ပြည်ထောင်စုဝန်ကြီး ၆ ဦးရှိတဲ့ ဝန်ကြီး ဌာနကြီးဖြစ်လာပါတယ်။ သမ္မတရုံးဝန်ကြီးဌာန ရဲ့လုပ်ငန်းတာဝန်တွေကဘာတွေလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေမေးပေးကြပါဦး။ မပြီးဆုံးသေးတဲ့ “ပြည်ထောင်စုအဆင့်အငြင်းပွားမှုပြဿနာ” နောက်မှာ “ပြည်ထောင်စုဝန်ကြီးဖောင်းပွမှုပြဿနာ” ပါထပ်တက်လာပါပြီ။
 ပြန်ကြားရေးဝန်ကြီးက သမဝါယမဝန်ကြီးဌာနကို စီမံကိုင်တွယ်နိုင်သလို၊ အလုပ်သမားဝန်ကြီးကလည်း ပြန်ကြားရေး ဝန်ကြီး ဌာနကိုထိန်းချုပ်ကွပ်ကဲနိုင်ပါတယ်။ ဒါကလည်းကျနော်တို့ဝန်ကြီးများရဲ့ပြိုင်စံမပေါ်တဲ့တတ်ပွန်လိမ်မာမှုတွေလို့ပြောရမှလား။ အထွေထွေ ကျွမ်းကျင်သူတွေလို့ပဲဆိုရမှာလား။ နိုင်ငံတကာကို ခေါင်းမော့ဝင့်ကြွားရမယ်အချက်များလား။
“ခရီးမတွင်တဲ့လူတွေ ကျနော်တို့အစိုးရအဖွဲ့ထဲမှာလည်းရှိပါတယ်၊ လွှတ်တော်ထဲမှာလည်းရှိပါတယ် — လေးလေးပင်ပင်နဲ့ လုပ်နေတဲ့သူတွေကတော့ နောက်ချန်ထားခဲ့ရမှာပဲ” လို့ ဦးသိန်းစိန်က ဗွီအိုအေနဲ့ဗျူးရာမှာပြောခဲ့ဖူးတယ်။ လေးလေးပင်ပင် လုပ်နေသူ တွေ က အစိုးရအဖွဲ့ထဲမှာ “လေးလေးပင်ပင်စာရင်းဝင်” ဘယ်နှယောက်ရှိသလဲ။ဘယ်သူတွေလဲ။
 ဦးသိန်းစိန်ဟာ သူပြောသလို တကယ်ပဲ နောက်ချန်ထားခဲ့သလား။
ဒါတွေကိုသိဖို့ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဝန်ကြီးတာဝန်အပြောင်းအလဲတွေနဲ့ တိုက်ဆိုင်ကြည့်ကြရအောင်။
ပြောလုံးကလေးတွေနဲ့စမယ်။ “လေးလေးပင်ပင်လုပ်နေသူတွေ”တဲ့  ဒါကဦးသိန်းစိန်စကား။ သဘောထားတင်းမာသူတွေလို့ သူ့ရဲဘော်တွေကိုပစ်ပစ်ခါခါ မသုံးရှာဘူး။ ဖယ်ရှားပစ်မယ်လို့လည်း ရက်ရက်စက်စက်မပြောဘူး။ “နောက်ချန်ထားခဲ့ရမှာပဲ”တဲ့။ သိပ်ပျော့ ပျောင်းတဲ့သမ္မတကြီး။ စစ်ဗိုလ်ချင်းဝံသာနုတဲ့ စစ်ဗိုလ်သမ္မတကြီး။ အတိုက်အခံတွေလေ့လာအတုယူစရာပေါ့။
“ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲတာဝန်” ပေးတာမှာ ၉ ဦးစလုံး “လေးလေးပင်ပင်စာရင်းဝင်” သမားတွေ ဟုတ် မယ်မထင်ပါဘူး။
အဲဒီအထဲမှာ မြို့မေတ္တာခံယူမယ့်သား ဦးကျော်ဆန်း တစ်ယောက်ကိုတော့အထင်းသားမြင်သည်လို့ ဆိုရမှာပဲ။ သူဟာ အစိုးရ ပြောရေးဆိုခွင့်ရအာဏာပိုင်၊ ဝန်ကြီးဌာန ၂ ခုကိုကိုင်ထားသူဖြစ်ပါတယ်။ အခုတော့သူ့ကို သမဝါယမဝန်ကြီးဌာနသို့ “ပြောင်းလဲ” ပေး လိုက်တယ်။ အစိုးရအဖွဲ့ တန်းစီဇယားအမှတ်စဉ်အရ ဆိုရင် သူဟာယခင်က အမှတ်စဉ်(၈)။ အခုတော့ အမှတ်စဉ်(၁၈)နေရာ ရောက်သွားတယ်။ အစိုးရအဖွဲ့ တန်းစီဇယားအရဆိုရင် “အောက်ရောက်သွားတယ်”လို့ သုံးသပ်ရမှာလား။ “ကျ”သွားတယ်လို့ပြောရမလား။  မီဒီယာ သမားတွေအတွက်တော့ “အဘကျော်”ရန်က လွတ်ပြီလို့ဆိုရမလား။ “အဘကျော်”ကို နေရာရွှေ့ပြီး မီဒီယာသမားတွေကို ကျောသပ်ချွေး သိပ်လိုက်တာများလား။  ဒါမှမဟုတ်နောက်လာတဲ့ “အဘကြည်”က သွားလေသူ “အဘကျော်” ထက်ကဲနေမလား။ တခြားကွဲပြားမှုတော့ မသိပါဘူး။ “အဘကျော်”နဲ့ မတူတာတော့ “အဘကြည်”က “အမေစု” နဲ့ စိမ်းလဲ့ကန်သာမှာ အကြိမ်ကြိမ်ထိတွေဆက်ဆံဖူးသူဖြစ်တယ်။
မေးဖို့လိုတာတော့  ဦးကျော်ဆန်းဟာ အစိုးရပြောရေးဆိုခွင့်အာဏာပိုင် တာဝန်ကနေရောပြောင်းလဲလိုက်ပြီလား။ အရင် တိုင်း ပဲလား။
ဦးအောင်ကြည်။ သူလည်း ဝန်ကြီးဌာန ၂ ခုကိုင်တဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆက်ဆံရတဲ့ စိမ်းလဲ့ကန်သာ“ဆက်ဆံရေးဝန်ကြီး”လည်းဖြစ်တယ်။ (နအဖ) စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  (၉) ကြိမ်တွေ့ဆုံခဲ့ ဖူးပြီး ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရလက်ထက်မှာ (၄) ကြိမ် ထိတွေ့ဆက်ဆံဖူးတယ်။ သူဟာ အစိုးရအဖွဲ့တန်းစီဇယားအမှတ်စဉ်အရဆိုရင် ယခင်ကအမှတ်စဉ်(၁၆) ကနေ ယခုအမှတ်စဉ် (၈)ဦးကျော်ဆန်းနေရာကို ရောက်လာတာဖြစ်တယ်။ဒါကြောင့်“အထက်တက်သွားတယ်” လို့သုံးသပ်ရမှာလား။ ဦးသိန်းစိန်စကားနဲ့ဆိုရင် ဦးကျော်ဆန်းကို “နောက်ချန်ထားခဲ့”တာမဟုတ်ဘဲ။ “နောက်ကိုပို့လိုက်တာ” လို့ ပြောရ မယ်ထင်ပါတယ်။ ဦးအောင်ကြည်ကိုရော စိမ်းလဲ့ကန်သာ “ဆက်ဆံရေးဝန်ကြီး” တာဝန်ကနေ အနားပေးလိုက်ပြီလား။
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်ကနေ ဇူလိုင် ၁ ရက်နေ့အတွင်း “ကျန်းမာရေးအကြောင်းပြပြီး နှုတ်ထွက်ကြသူ” ၆ ဦးရှိပါတယ်။ နုတ်ထွက်ကြသူတွေထဲမှာ ဒုတိယသမ္မတ (၁) ဦး၊ ပြည်ထောင်စုဝန်ကြီး (၁)ဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် (၁) ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (၁) ဦး နဲ့  ဒုတိယဝန်ကြီး (၂) ဦး တို့ပါဝင်ပါတယ်။ သူတို့ဟာ ထုတ်ပယ်ခံရသူတွေမဟုတ်ပါဘူး။ သူတို့ ဟာ ဦးသိန်းစိန်ရဲ့“လေးလေးပင်ပင်စာရင်းဝင်”တွေလား။
နေမြဲအတိုင်းအပြောင်းအလဲ မရှိ၊ ထူးခြားသူတစ်ဦးတော့ရှိပါတယ်။ သူက ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းဖြစ်ပါတယ်။ သူဟာ ဧရာဝတီမြစ်ဆုံအရေးမှာ “ကျွန်တော်တို့ဘယ်တော့မှနောက်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့နောက်ဆုတ်မှာလားလို့မေးခွန်းတစ်ခုမေးပါတယ်။နောက်မဆုတ်ပါဘူး။ဆက်လုပ်မှာဖြစ်ပါတယ်” ဆိုပြီး ကြမ်းခဲ့ ရမ်းခဲ့သူပါ။ သူဟာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် နေမြဲပါပဲ။ ဦးသိန်းစိန်ရဲ့“လေးလေးပင်ပင်စာရင်း”ထဲ  ဦးဇော်မင်း မပါဘူးလား။
သမ္မတဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ထဲမှာပါတဲ့ (ကာလုံ)အဖွဲ့ဝင်တွေကိုတော့ အခုလို “ပြောင်းလဲတာဝန်ပေး”လို့မရနိုင်ပါဘူး။ အစိုးရအဖွဲ့ထဲက(ကာလုံ)အဖွဲ့ဝင်တွေဆိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆီကနေ စာရင်းပေးလို့ခန့်ထားရသူတွေမဟုတ်လား။ ဦးသိန်းစိန်ရဲ့ “လေးလေးပင်ပင်စာရင်း”ထဲ (ကာလုံ)အဖွဲ့ဝင်တွေ မပါနိုင်ဘူးလား။ ပါဝင်နေတယ်ဆိုရင် ဦးသိန်းစိန် ဘယ်လိုများ ပြောင်းလဲ မှာပါလိမ့်။
ဦးသိန်းစိန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့အညီ  လှည့်စရာ ပြောင်းစရာတွေ အများကြီးရှိပါတယ်။ ဦးသိန်းစိန်ရဲ့ “အလှည့်”၊  “အပြောင်း” မှာ နစ်ပြီး မျောမသွားကြဖို့သတိပေးချင်ပါတယ်။ 
( အယ်ဒီတာ့မှတ်ချက် – တူမောင်ညိုဆောင်းပါးသည် ၂၈ သြဂုတ် ကရေးသားခဲ့သောဆောင်းပါးဖြစ်ပါတယ်)
 Moe Ma Kha
ဘကြီးသက်
Unknown at 12:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နာမည်ပျက်စာရင်းဝင် ပြည်ပရောက်မြန်မာနိုင်ငံသား ၂ ထောင်ကျော် ပြည်ဝင်ခွင့် ပေးမယ်

ပြည်ပမှာနိုင်ငံရေးခိုလှုံခွင့်ရထားသူများ Blacklistများ မြန်မာပြည်ပြန်ချင်လို့ ရှိရင် သံရုံးမှာဒီလို ၀န်ခံဂတိချုပ်ကိုထိုးရပါတယ်။

သြဂုတ် ၂၈၊ ၂၀၁၂၊
( မူရင်း၊ Yangon Press International )


ပြည်ပရောက် မြန်မာနိုင်ငံသား စုစုပေါင်း ၆၁၆၅ ဦးကို အမည်မည်း (black list) စာရင်းသွင်းထားခဲ့ရာမှ ယင်းတို့အနက်၂၀၈၂ ဦးအား ပယ်ဖျက်ပေးလိုက်ကြောင်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ယနေ့ နံနက် သတင်းထုတ်ပြန်လိုက်သည်။


နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အတွက် နိုင်ငံရေး၊ သတင်းမီဒီယာနှင့် စီးပွားရေး စသည့် နယ်ပယ်အသီးသီးမှ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမည်မည်း စာရင်းသွင်းထားရာမှ ယခုလက်ရှိ အခြေအနေတွင် ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအကောင်အထည် ဖေါ်ဆောင်ရွက် လျှက်ရှိခြင်းကြောင့် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟုကြေညာချက်တွင် ဖေါ်ပြထားသည်။


ယခုကဲ့သို့ ပယ်ဖျက်ပေးလိုက်သူများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရန် ခွင့်ပြုပေးသွားမည်ဟု ဖေါ်ပြပါရှိကာ မည်သူမည်ဝါ ပါဝင်သည်ဆိုသည့် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မရှိသေးပေ။

နိုင်ငံရေး လုပ်ရှားခဲ့သူ တဦးဖြစ်ပြီး လက်ရှိ အမေရိကန် နိုင်ငံတွင် နေထိုင်လျှက်ရှိသည့် ကိုတင်နိုင်ထွန်းက “ ကျွန်တော့်နာမည် အမည်မည်း စာရင်းထဲ ပါသလား မပါလားတော့ မသိဘူး၊ တကယ်လို့ ပါတယ်ဆိုရင်လည်း တကယ်တော့ ကျွန်တော်တို့ကို အမည်မည်း စာရင်းထဲ မသွင်းသင့်တာပါ၊ အခုပြန်လို့ရတယ်ဆိုတော့ ၀မ်းသာရတာပေါ့ ” ဟု ဆိုသည်။

လာမည့် စက်တင်ဘာ (၁) ရက်နေ့တွင် နှစ်ပေါင်း ၂၀ ကျော် နိုင်ငံရေး အတိုက်အခံအဖြင့် လှုပ်ရှားခဲ့သူ ၈၈ အရေးအခင်း ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မိုးသီးဇွန်နှင့် အခြား အတိုက်အခံ နိုင်ငံရေး သမား ၆ဦး တို့ရန်ကုန်မြို့သို့ လာရောက်ရန် ပြင်ဆင်နေချိန်တွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံရေး အကြောင်းဖြင့် ၎င်း၏ခင်ပွန်းဖြစ်သူအား ပြည်ပြေး ကြေညာခြင်း ခံထားရသူ မသန္တာက မူ “အခုလိုကြေညာတာ မတရားဘူးလို့ ထင်တယ်။ စီးပွားရေးနယ်ပယ်မှာတော့ ငွေကြေး အလွဲသုံးစား၊ လိမ်လည်တာကြောင့် အမည်မည်း စာရင်းသွင်းတယ်ဆိုတာ လက်ခံပေမယ့် နိုင်ငံရေး သမားမှာ အမည်မည်းဆိုတဲ့ စကားလုံး မရှိသင့်ဘူး၊ ဒီမိုကရေစီ ကိုသွားနေတဲ့ဆိုတဲ့ ဒီနေ့လိုကာလမှာ အကုန်ပြန်ဝင်ဖို့ သမ္မတကြီးက ဖိတ်ထားပြီပဲ၊ အခုလို ၂၀၀၀ ကျော်ကို ဖျက်ပေးတယ်ဆိုတာမျိုး ကို နားမလည်နိုင်ဘူး” ဟု ပြောသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၂၀၁၀ ခုနှစ်လည် မိန့်ခွန်းတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် တစုံတယောက်ကို နစ်နာစေသည့် ပြစ်မှုကျူးလွန်ထားခြင်း မရှိပါက ပြန်လာနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။ ။

(မူရင်းလင့်ခ www.facebook.com/ygnpress)

ဘကြီးသက်
Unknown at 11:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုက်ပွဲတွေကြောင့် ဖားကန့်ကျောက်တူးသမား သောင်း ချီ တိမ်းရှောင်...


ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ 
ဖားကန့်မြို့နယ်အတွင်းမှာ ဒီရက်ပိုင်း
အတွင်း အစိုးရ စစ်တပ်နဲ့ ကချင်လွတ်
လပ်ရေးတပ်မတော် KIA အကြား
 တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာ
 တာကြောင့် ကျောက်တွင်းတွေမှာ အလုပ်လုပ်ကိုင်နေသူ တစ်သောင်းကျော်လောက် ဖားကန့်မြို့
ပေါ်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။
 ထွက်ပြေးလာသူတွေဟာ ဖားကန့်မြို့ပေါ်က ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေပြီး ဘာသာရေး၊ လူမှုရေး စတဲ့ အဖွဲ့အစည်းတွေနဲ့ မြို့ခံတွေက ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးနေရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်ဒေသဘက်ကို ပြီးခဲ့တဲ့ အပတ်တွေကစပြီး အစိုးရစစ်တပ်ဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းခဲ့ တဲ့နောက် နှစ်ဖက်တပ်တွေအကြားမှာ ကြိုးကြား ကြိုးကြား ပစ်ခတ်တာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရက် ပိုင်းအတွင်းမှာတော့ တိုက်ပွဲတွေက ပိုပြင်းထန်လာတာကြောင့် ဖားကန့်မြို့ ပတ်ဝန်းကျင်က ကျောက်စိမ်း မှော်တွေမှာ အလုပ်လုပ်ကိုင်နေသူတွေဟာ မနေရဲတော့ဘဲ ဖားကန့်မြို့ကို ထွက်ပြေးခိုလှုံလာတာ ဖြစ်ပါတယ်။

ဖားကန့်မြို့ပေါ်ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ကူညီနေသူ ဒေသခံတယောက်က လက်ရှိအခြေအနေကို အခုလို ပြောပြပါတယ်။
“ဖားကန့်မြို့ပေါ်မှာ ရောက်လာတဲ့ မနေ့က ရတဲ့စာရင်းအရဆိုရင် တစ်သောင်းခွဲဝန်းကျင်လောက်ပဲ ဒီလောက်ပဲ ရှိမှာပေါ့။ ဒုကသည်တွေ ခိုလှုံတဲ့နေရာက နှစ်ချင်းခရစ်ယာန်အသင်းတွေ၊ ကက်သလစ် အသင်းတော်။ နောက် ပြီးတော့ မြို့ဦးစေတီ၊ လှိုင်ဂူ ဗုဒ္ဓဘာသာကျောင်း၊ သီရိမင်္ဂလာမဏိဇေယျံ၊ စန်းကြွယ် မစိုးရိမ် ကျောင်းတိုက်၊ နောက် ရောင်ခြည်ဦး သီလရှင်စာသင်တိုက်။ နောက်တခါ ရခိုင်ရိုးရာယဉ်ကျေးမှုအသင်း။ နှစ်ချင်း အသင်းတော် တို့၊ ကက်သလစ်အသင်းတော်တို့ ဆိုတာတွေက ကျောင်းတွေက အများကြီးနော်။ အဲဒီမှာတွေ အပြည့်ရှိတယ်။ ဒုက္ခသည်တွေက။”
ဖားကန့်မြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ မြို့ခံတွေက ၀ိုင်းဝန်း ကူညီထောက်ပံ့ထားတယ်လို့ သူက ပြောပါတယ်။
“ကျနော်တို့ကတော့ မနေ့တုန်းကရော၊ ဒီနေ့ရော၊ ဟိုပြီးခဲ့တဲ့နေတွေတုန်းကရော အဲဒီကျောင်းတွေ ကို နှံ့အောင် အကုန်လိုက်လှူထားပြီ တတ်နိုင်သလောက်ပေါ့လေ။ ဘုန်းကြီးကျောင်းတွေကလည်း ရှိတဲ့ဆန်
တွေ ဘာတွေ ထုတ်ပေးပေါ့ဗျာ။ 
ခရစ်ယာန်အသင်းတော်တွေဆိုတာလည်း ရှိတဲ့ဟာတွေ ထုတ်ပေးပြီး အဆင်ပြေအောင်တော့ စီစဉ်ထားပါတယ်။”
အခြားဒေသခံတယောက်လည်း ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ပြောပါတယ်။
“တိုက်ပွဲအခြေအနေက လွန်ခဲ့တဲ့ ကြာသပတေး၊ သောကြာနေ့ကတည်းက နေ့တိုင်းလိုလိုပဲ တိုက်ပွဲဖြစ်နေတာ ပေါ့။ သေနတ်သံကြားနေတာပေါ့။
 ဒီနေ့လည်း ဆိုင်းဂျာဘွမ်ဆိုတဲ့ဖက် ဒီမနက်တည်းက သေနတ်သံပြန်ကြား နေရတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ အခုစစ်ဖြစ်တဲ့နေရာတွေက အစိုးရစစ်ကြောင်း စစ်ဖြစ်တဲ့နေရာတွေပဲဖြစ်နေတာ။ ကြားတာကတော့ အစိုးရစစ်တပ်က အင်အားထပ်ဖြည့်နေတယ် 
ဘာညာ သတင်းကြားနေတယ်။ တပ်မတွေလည်းပြန်ထိုးလာတယ်။ စစ်အင်အားက အတော်များ
လာတယ်လို့ ကြား နေတာပဲ။”
အခြားဒေသခံတွေကတော့ ဒီရက်ပိုင်းတွေအတွင်းမှာ တပ်မ (၃၃) က တပ်ဖွဲ့တွေ ဖားကန့်ဒေသဘက် 
ကို ၀င်ရောက်လာနေတယ်လို့ ပြောပါတယ်။ အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဖားကန့်မြို့နယ် က ကျောက်တွင်းတွေမှာ ရှာဖွေစားသောက်နေသူ လက်လုပ်လက်စားသမားတွေဟာ အဓိက အခက်အခဲတွေ့ကြုံနေရပြီး ရေရှည်လာရင် ဖားကန့်ကို ရောက်နေတဲ့ ဒုက္ခသည်တွေဟာ စားရေး သောက်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ ရင်ဆိုင်လာရနိုင်တယ်လို့ ဒေသခံတွေ က 
သုံးသပ်နေပါတယ်။
KIA နဲ့ မြန်မာအစိုးရတို့ဟာ ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဇွန်လက တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ 
တနှစ်ကျော်ကြာ တိုက်ပွဲကာလအတွင်းမှာတော့ စစ်ပွဲကြောင့် ဒေသခံပြည်သူ အနည်းဆုံး ၇ သောင်းကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ်က မြို့ကြီးတွေဆီကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့စနေနေ့ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးဖို့ စာပေးပို့ထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIO ဘက်ကို အတည်ပြုချက်ရဖို့ ကြိုးစားပေမဲ့ ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။ 
VOA (မြန်မာပိုင်း)

ဘကြီးသက်
Unknown at 11:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတကြီး၏ Political Reform နှင့် ယနေ့ မြန်မာ့ပညာရေးစနစ်အပေါ် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ အမြင်




From : Hot News

သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်သော ပြည်ထောင်စုအစိုးရ သစ်တက်လာပြီးသည့်နောက်ပိုင်း သမ္မတကြီးအနေဖြင့်ပြည်တွင်း ငြိမ်းချမ်းရေး၊တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအားရှေးရှု၍ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊အခြားသော အင်အားစုများနှင့်လက်တွဲကာ ပွင့်လင်းမြင်သာမှုရှိသောဆောင် ရွက်ချက်များပြုလုပ်ခဲ့ပြီး အဆိုပါ သမ္မတကြီး၏ ဆောင်ရွက်ချက် များအပေါ် ပြည်သူများအပြင် ကမ္ဘာ့နိုင်ငံများမှလည်း ထောက်ခံ ကြိုဆိုကြလျက်ရှိသည့်အတွက် သမ္မတကြီး၏ Political Reform အပေါ် ယခင်နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီးဦးခင်ညွှန့်အား Hot News သတင်းထောက်မှ တွေ့ဆုံ၍ အမြင်သုံးသပ်ချက် အချို့အားမေးမြန်းဖြစ်ခဲ့ရာ-

ဘဘအနေနဲ့သမ္မတကြီး ဦးသိန်းစိန်ရဲ့ စိတ်နေသဘော ထားနဲ့ သမ္မတကြီးရဲ့ Political Reform အပေါ်ဘယ်လိုမြင်မိပါ သလဲ။

ဘဘနဲ့သမ္မတကြီးဦးသိန်း စိန်တို့ဆိုတာ နှစ်တွေအကြာကြီး တပ်မတော်မှာလက်တွဲပြီး တာဝန် ထမ်းဆောင်ခဲ့ကြတာလေ ဒီတော့ သမ္မတကြီးရဲ့စိတ်နေစိတ်ထား သ ဘောထားတွေအပေါ် ဘဘအနေ နဲ့သုံးသပ်ရမယ်ဆိုရင် ဘဘမြင် တာတော့ သမ်္မတကြီးဟာ အင် မတန်ကို ရိုးသားပါတယ်။အတော့် ကိုလည်းပွင့်လင်းမှုရှိပါတယ်။ပြီး တော့ သူ့ရဲ့စိတ်ကိုက တိုင်းပြည် ကြီးကို တော်တော့်ကို ဖွံ့ဖြိုးတိုး တက်စေချင်တယ်။ကောင်းစားစေ ချင်တယ်။ဘဘကတော့ အဲ့သလို မြင်တယ်။

သမ္မတကြီးရဲ့မိန့်ခွန်းတွေအ ပေါ်မှာရော ဘဘ အနေနဲ့ဘယ် လိုသုံးသပ်မိပါသလဲ။

သူပြောတဲ့မိန့်ခွန်းတွေကို ဘဘကြားတယ်။ နားလည်းထောင် ဖူးတယ်။ အဲ့ဒီသူ့ရဲ့မိန့်ခွန်းတွေမှာ ဘာတွေ့သလဲဆိုတော့ သူ့ရင်ထဲ စိတ်ထဲကလာတဲ့ စကားတွေကို ပြောတယ်လို့ပဲ ဘဘမြင်တယ်။ သူ့မိန့်ခွန်းတွေကို ကြည့်ခြင်းအား ဖြင့်သူ့အနေနဲ့ ရိုးရိုးသားသားပြော တယ်ဆိုတာ၊မှန်မှန်ကန်ကန်ပွင့် ပွင့်လင်းလင်းပြောတယ်ဆိုတာ အရမ်းကို ထင်ရှားနေပါတယ်။ တိုင်းပြည်အတွက် သူဖြစ်ချင်တာ တွေကို အရိုးသားဆုံးပြောတယ် လို့ပဲ ဘဘက မြင်ပါတယ်။သူ့ကို လည်း ဘဘအနေနဲ့ယုံကြည်ပါ တယ်။

သမ္မတကြီးရဲ့ဆောင်ရွက် ချက်တွေအပေါ် ဘဘအနေနဲ့ဘာ များပြောချင်တာရှိပါသလဲ။


ခုနက သူ့အနေနဲ့မိန့်ခွန်း တွေမှာပြောသလို သူ့အနေနဲ့ပြော တဲ့အတိုင်းဆက်ပြီးတော့ အကောင် အထည်ဖော်သွားဖို့တော့လိုမယ် ပြီးတော့ သမ္မတကြီးနဲ့မိန့်ခွန်းတွေ၊ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး တော့အောင်အဆင့်ဌာနဆိုင်ရာ အကုန်လုံးက သမ္မတကြီးပြောတဲ့ အတိုင်းအပြည့်အ၀ပူးပေါင်း အ ကောင်အထည်ဖော်သွားဖို့လိုမယ် တိတိကျကျ ဆောင်ရွက်သွားဖို့ လည်းလိုမယ် အဲ့သလိုလုပ်လို့ တကယ်အကောင်အထည်ပေါ် လာရင် ဘဘတို့ တိုင်းပြည်အရမ်း ကို ကောင်းသွားမယ် အရမ်းတိုး တက်သွားမယ် အဲ့သလိုအကောင် အထည်ဖော်ဖို့အတွက်လည်း သမ္မတကြီးအနေနဲ့လုပ်ဆောင် သွားနိုင်လိမ့်မယ်လို့ ဘဘအနေနဲ့ အပြည့်အ၀ယုံကြည်ပါတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့အရေး ကိစ္စတွေထဲကနေ အားနည်းနေ တယ်လို့ ဘဘမြင်တာလေးများ ရှိရင် ပြောပြပေးပါလား။

ဘဘတို့တိုင်းပြည်မှာ သမ္မတကြီးဦးသိန်းစိန်တို့ဦးဆောင်ပြီး တိုင်းပြည်အတွက်လုပ်နေကြပြီ လေ။တစ်ခုပြောချင်တာက ဘဘ တို့ တိုင်းပြည်ရဲ့ပညာရေးစနစ်ကို ဘဘ သိပ်အားမရဘူး။တိုင်းပြည် မှာ ယနေ့ကျင့်သုံးနေတာက ကျောင်းသားဗဟိုပြုသင်ကြားရေး စနစ်မဟုတ်ဘူး။ဆရာဗဟိုပြုသင် ကြားရေးစနစ် ဖြစ်နေတယ်။ဒီ တော့ ကျောင်းသားဗဟိုပြုတဲ့အခါ ကြတော့ ကလေးတွေရဲ့ပညာရေး လျော့ရွဲမှုတွေဖြစ်လာတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမဲ့လာ တယ်။တိုင်းပြည်တစ်ပြာ်အတွက် ပညာရေးစနစ်ကောင်းဖို့အရမ်း အရေးကြီးတယ်။ဒါမှပဲတိုင်းပြည် ကောင်းစားမှာလေ ဒါကြောင့် ဘဘတို့တိုင်းပြည်ရဲ့ပညာရေးစနစ် ကို ဆရာဗဟိုပြုသင်ကြားရေး စနစ်နဲ့သွားလို့မရတော့ဘူး။ကျောင်း သားဗဟိုပြုသင်ကြားရေးနဲ့သွားရ မယ် အဲ့သလိုကျောင်းသားဗဟို ပြုသင်ကြားရေးစနစ်နဲ့သွားတဲ့အခါ မှာလည်းသင်ကြားမယ့်ဆရာ၊ဆ ရာမတွေအနေနဲ့အရည်အချင်း ပြည့်ဝဖို့အရမ်းကိုလိုမယ် သူတို့ အရည်အချင်းရှိမှ သူတို့သင်ကြား ပေးမယ့် ကလေးတွေကလည်း အရည်အချင်းရှိတဲ့ကလေးတွေဖြစ် လာမှာပေါ့ ဘဘ ကတော့ ဒီလို ပဲမြင်တယ်။

ဘဘအနေနဲ့တိုင်းပြည်မှာ တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ တဲ့ပုဂ်္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့အတွက် ဘဘ ရဲ့ဖြတ်သန်းမှု့အတွေ့အကြုံ တွေနဲ့ပတ်သက်ပြီး နောင်လာ နောင်သားတွေလေ့လာနိုင်ဖို့ စာအုပ်တွေရေးသားဖို့ အစီအစဉ် ရောရှိလား။

ဘဘမှာ စာရေးဖို့တော့ အချိန်သိပ်မရှိဘူး။ရေးရင်လည်း ရေးစရာတွေက အများကြီးပဲလေ ခုချိန်မှာတော့ မရေးနိုင်သေးဘူး ခု ဘဘ ဘာသာရေး၊လူမှု့ရေး လုပ်နေတာတွေနဲ့ပဲ ပီတိဖြစ်ကျေ နပ်နေပါပြီ လတ်တလောအနေ အထားအရတော့ စာအုပ်ရေး သားဖို့တော့မရှိသေးပါဘူး။ဘာလို့ ဆိုတော့ အချိန်မပေးနိုင်သေးလို့ ပါ

ဟု ယခင်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ ပြန်လည်ဖြေကြားပေးသွားခဲ့သည်။ ယခင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်သည် နေအိမ် အကျယ်ချုပ်မှပြန်လည်လွတ်မြောက် လာပြီးသည့်နောက်ပိုင်းတစ်လျှောက် လုံး ယခုအချိန်ထိလူမှု့ရေးလုပ် ငန်းများ၊ဘာသာရေးအလုပ်များ၊ အလှူအတန်းကိစ္စများနှင့်သစ်ပင် ပန်းမန်စိုက်ပျိုးရေးလုပ်ငန်းများကို သာ အထူးအလေးပေးဆောင် ရွက်နေလျက်ရှိပြီး ယခင်အတွင်း ရေးမှူး(၁)/နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်များထမ်းဆောင်ခဲ့စဉ်က တည်းက ကလေးငယ်များ၏ ပညာရေးအား အထူးအလေးပေး ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ် သည်နှင့်ညီစွာ ယခုအခါတွင် လည်းနွမ်းပါး၍ ပညာသင်ကြား ရန်မတက်နိုင်သော ကလေးသူငယ် များ၏ ပညာဆက်လက်သင်ကြား နိုင်ရေးအတွက် ရွှေမှော်ဝန်း ပရ ဟိတအသင်း၌ နာယကကြီး အဖြစ် တာဝန်ယူကာ ဆောင် ရွက်ပေးနေလျက်ရှိသည်။

Myanmar Express

ဘကြီးသက်
Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စီမံခန့်ခွဲသူတို့ သိရှိထားသင့်သည်များ အပိုင်း (၁)(၂)


(1)   လူသားတိုင်း အမှားမကင်းပါ ဒါကြောင့် အမှားတစ်ခု လုပ်လိုက်မိရင် မှားပြီလို့လက်ခံလိုက်ပါ ပြီးရင် မှန်အောင် ပြင်ပါ ။

(2)   ကိုယ့်ဝန်းကျင်က လူတွေရဲ့ မွေးနေ့တွေကို ဒိုင်ယာရီ သတ်သတ်စာအုပ်နဲ့ ရေးမှတ်ထားတာမျိုး သီးသန့်ထားပါ လူတိုင်းကို သူတို့မွေးနေ့တွေမှာ ဆုတောင်းပေးနိုင်တာပေါ့ ( မွေးနေ့ အမှန်ဖြစ်ဖို့တော့ ဂရုစိုက်ပါ )

(3)   ရုံးဝန်ထမ်းတိုင်းရဲ့ မွေးနေ့တွေမှာ ကျန်လူတွေက ငွေစုထည့်ကျင်းပတဲ့ မွေးနေ့ပါတီ လုပ်ကြဖို့ စည်းရုံးထားပါ ဆော်ဩပါ ။


(4)   ဝန်ထမ်းတွေက ပြောစရာရှိလာရင် ဂရုတစိုက် နားထောင်ပါ သူတို့တင်ပြတဲ့ အကြံဥာဏ်တွေကို အသိအမှတ်ပြုပါ ။

(5)   သူများ စိတ်ကူးကို ကိုယ့်စိတ်ကူးလုပ်ပြီး အမှတ်မယူမိပါစေနဲ့ ။

(6)   အဖွဲ့နဲ့ လုပ်ရတဲ့ လုပ်ငန်းတစ်ခု စီမံချက်တစ်ခု ပြီးသွားတိုင်းမှာ အဖွဲ့ဝင်တွေကို သူတို့ရဲ့ပူးပေါင်းပါဝင် လုပ်ဆောင်မှုတွေအတွက် ကျးဇူးစကားပြောပါ ။

(7)   ကိုယ့်ဝန်ထမ်းတွေကို ကိုယ်တက်နိုင်တဲ့ အတိုင်းအတာအရ လက်ဖက်ရည် ကော်ဖီ ဘီစကွပ် စတဲ့ သရေစာတွေ ပံ့ပိုးပေးထားပါ ။

(8)   လုပ်ငန်းခွင်က သိပူအိုက်လွန်းတာ သိပ်အေးတာမျိုးဖြစ်ရင် အလုပ်လုပ်ရတာ အခက်အခဲ တွေ့ပါတယ် ပန်ကာတို့ အပူပေးစက်တို့ ဖန်တီးပေးထားပါ ။

(9)   ဝန်ထမ်းအသစ်ကို လုပ်ငန်းခွင်နဲ့ အကျွမ်းဝင်သွားအောင် လိုက်ပြပေးပါ သက်ဆိုင်သူတွေနဲ့လည်း မိတ်ဆက်ပေးပါ ။

(10)  အရင်တုန်းက အဆင်ပြေခဲ့တဲ့ နည်းစနစ်ဟာ ယခုအဆင်ပြေချင် ပြေမယ် ပြေချင်မှလည်း ပြေမယ် ဝန်းထမ်းတွေဟာ ကောင်းမယ် ထင်တာ ထွင်လုပ်ကြည့် စမ်းကြည့်နိုင်ကြကြောင်း ပြောပြထားပါ လိုအပ်တဲ့နေရာမှာကူးပြီး အကြံပေးပါ ။

(11)  တစ်ခုခုမှာ ပိုကောင်းအောင် လုပ်ချင်နေတဲ့ တိုးတက်မှု ရချင်နေတဲ့ ဝန်ထမ်းတစ်ဦးကို ညှိနှိုင်းအကြံပေးလိုက်ရတဲ့ အခါမျိုးမှာ သူ့ အခြေအနေ ဘယ်လိုလဲဆိုတာ ( နောက်တစ်ပတ် တစ်လအကြာ ) ထပ် စစ်ဆေးမေးမြန်းပါ တိုးတက်မှုရလာတာ တွေ့ရင် သူ့ ကိုအသိပေးပါ ။

(12)  ကိုယ်တစ်ယောက်တည်း တာဝန်ခံလုပ်ကိုင်ရတဲ့လုပ်ငန်းမျိုးမှာ ကိုယ့်ရဲ့စိတ်ပါမှု တက်ကြွမှု ဘယ်လောက်များပြားနေသေးသလဲဆိုတာ အမြဲပြန်စစ်ပါ မနိုင်ရင် အကူရှာပါ မကြာခဏဆိုသလို ကိုယ်စိတ်နှစ်ပါးစလုံး အနားယူပါ ။

(13)  တစ်နေ့နေ့မှာ ကော်ဖီတို့ မုန့်တို့နဲ့ ညနေခင်းပါတီကလေးလုပ်ပေးပါ ကိုယ့်အဖွဲ့သားအားလုံးကို ဖိတ်ပါ သူတို့လည်း လန်းသွားမယ် အချင်းချင်းလည်း ပိုရင်းနှီးတာပေါ့ ။

(14)  လုပ်ကြီးတစ်ခုပြီးမြောက်သွားရင် အထိမ်းအမှတ်ပွဲတစ်မျိုးမျိုး ဖန်တီးပေးပါ ။

(15)  လုပ်ငန်းတစ်ခု စီမံကိန်းတစ်ခုစီစဉ်ရင် ဝန်ထမ်းတွေအပေါ်ကျလာမယ့် အလုပ်ဒဏ်ကို ထည့်စဉ်းစားပါ အလုပ်တွေ စုပြုံမလာအောင် လွှဲပေးခြင်း ခွဲပေးခြင်း အားဖြင့် ဝန်ထမ်းတွေအပေါ် မလိုအပ်ဘဲ အလုပ်ဒဏ်ပိတာမျိုးကို ရှောင်နိုင်ဖို့ စီမံပါ ။

(16)  တကယ်အကောင်အထညိဖော်/ ကိုယ်တိုင်လုပ်ရတဲ့လူမျိုးကို အထောက်အကူပေးဖို့လိုပါတယ် အကြံပေးပြီး ပံ့ပိုးတာမျိုးပိုပြီးသုံးပါ ။

(17)  ဝန်ထမ်းတွေကို ရုံးတယ်လီဖုန်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ပြောခွင့်ပြုထားလိုက်ပါ ။

(18)  အပြင်က ရေပိုက်ပြင်သမား မီးပြင်သမားတွေ ရုံးလာအလုပ်လုပ်တဲ့အခါ သူတို့ကို ရုံးဝန်ထမ်းတွေအတွက် သရေစာကျွေးမွေးသလိုပဲ ကျွေးမွေးဧည့်ခံပါ ပစ်မထားပါနဲ့ ။

(19)  ဝန်ထမ်းတွေကို ဌာနတွင်းသင်တန်းတွေ စီစဉ်ပေးပြီး အဆင့်မြှင့်တင်ပေးပါ အပြင်သင်တန်းတွေ သွားတက်နိုင်အောင် ပံ့ပိုးပေးပါ။ ဒါမှ သူတို့ရဲ့ အရည်အသွေးတွေ မြင့်လာမယ် ။

(20)  ကြီးကြီးမားမား မျှော်လင့်ထားရင် ကြီးကြီးမားမားတွေရလာတက်ပါတယ် အကောင်ဆုံး အားထုတ်ကြိုးပမ်းမှုမျိုးကိုပဲ မျှော်လင့်ထားကြာင်း ဝန်ထမ်းတွေကို ပြောပြထားပါ ကြိုးစားပြနိုင်သူကို ထိုက်ထိုက်တန်တန် ချီးမြှင့်မြှောင့်စားပါ ။

(21)  ဝန်ထမ်းတစ်ယောက်ရဲ့ အခက်အခဲတစ်ခုကို ကိုယ်က ဖြေရှင်းမပေးသာတဲ့ အနေအထားမျိုး ရှိတတ်တယ် ဖြေရှင်းမပေးနိုင်ပေမယ့် စာနာမှုကို ပြနိုင်မှာပါ အဲဒိလို စာနာပြလိုက်ခြင်းဟာ ထူးခြားမှု ရှိလာပါလိမ့်မယ် သူအားငယ်နေတဲ့အချိန်မှာ ကိုယ်က ရောက်လာပြီး အားပေးတာကို သူ နားလည်မှာပါ ။

(22)  ကိုယ့် ဝန်ထမ်းတွေဟာ “ကိုယ်နဲ့ လက်တွဲလုပ်ကြသူတွေ“ လို့ပြောဖို့နဲ့ “ကိုယ့်အတွက်လုပ်ကိုင်ပေးနေကြတဲ့သူတွေ“ ဆိုတဲ့ သဘောမျိုးမပြောမိဖို့ သတိထားပါ ။

(23)  လိုရင် ရှာမတွေ့နိုင်တာမျိုးမလုပ်ပါနဲ့ ကိုယ့်ကိုဘယ်မှာ တွေ့နိုင်မယ် ဘယ်မှာရှိနိုင်မယ်ဆိုတာ အသိပေးထားပါ ။

(24)  အတိုင်းအတာတွေကြောင့်ဖြေရှင်းရဖို့ရှိလာရင် မကျေနပ်ချက် တိုင်ချက်ကို သေသေချာချာ နားထောင်ပါ အချက်အလက်မှန်မမှန် ထပ်စစ်ပါ ပြီးမှလုပ်စရာရှိတာလုပ်ပါ ပြဿနာရဲ့ သဘာဝကို အရင်းဆိုက်အောင် မရှာဘဲနဲ့ အလျင်စလို ဆုံးဖြတ်ချက်ချရင် မျက်နှာပူစရာ အားနာစရာတွေ ဖြစ်လာတတ်တယ် ။

(25)  သိချင်တာတွေ အကြံပေးချင်တာတွေရှိရင် ရေးသူနာမည် ဖော်ပြစရာမလိုတဲ့ စာတွေရေးပို့ပြီး စုံစမ်းနိုင် အကြံပေးနိုင်ကြောင်းကိုပါ ဝန်ထမ်းတွေကို အသိပေးထားပါ အဲဒီစာမျိုးတွေ လက်ခံဖို့ ပုံးတစ်ပုံးထောင်ထားပေးပါ ကိုယ့်အုပ်စုကို ပုံမှန်အစည်းအဝေးခေါ်ပြီး အဲဒီစာတွေမှာပါတဲ့ မေးမြန်းချက်တွေဖြေပြပါ အကြံပေးချက်တွေကို အားလုံးရှေ့မှာ ပြောပြပါ ။

(26)  လုပ်ငန်းခွင် လောကမှာ အထူးသဖြင့် ထုပ်လုပ်တပ်ဆင်စက်တွေမှာ အလုပ်အမားတွေဟာ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နေမှုတွေနဲ့ အဆက်ပြတ်နေတက်ကြတယ်။ သူတို့ကို ခေတ်ပေါ်တိုးတက်မှုတွေအကြောင်း မှန်မှန်းအကြောင်းကြားပေး ဟောပြောပေးပါ ။

(27)  ရုံးသုံးစက်တွေ ဝယ်သုံးရင် ရိုးရိုးရှင်းရှင်းတွေကိုပဲ ရွေးပါ သုံးဖို့ကြုံလာတဲ့အခါ ဝန်ထမ်းတိုင်းက သုံးတက်နေဖို့လိုပါတယ် ။

(28)  ရာထူးသိပ်မကြီးလို့ဆိုပြီး ဝန်ထမ်းတစ်ဦးကို လူရာမသွင်းတာ အားငယ်အောင်လုပ်တာမျိုး မဖြစ်ပါစေနဲ့ ။

(29)  ဝန်ထမ်းတစ်ယောက်ကို ဘာမပြော ညာမပြောနဲ့ အလုပ်ရပ်စဲလိုက်တယ်ဆိုရင် မတရားရာ ကျပါတယ် အခြားဝန်ထမ်းတွေရဲ့ စိတ်ထဲ မှာလည်း စိုးရိမ်စိတ်တွေ ပွားလာစေနိုင်တယ် ။

(30)  ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကြောင့် ဝန်ထမ်းတွေကို လစာတိုးမပေးနိုင်သေးရင် အဲဒီအနေအထားကို သူတို့တွေကိုရှင်းပြပါ။ ဝန်ထမ်းတွေရဲ့ နားလည်မှု သစ္စာရှိမှုကိုရရင် အခက်အခဲ ကျော်လွှားနိုင်မှာပါ ။

(31)  ကိုယ့်ဝန်ထမ်းတော်တော်များများရဲ့ ဇနီး ခင်ပွန်း တွေကပါ အလုပ်လုပ်ကြရင် ( အိမ်မှာ မနေဘဲ အပြင်ထွက် လုပ်ကိုင်ကြတယ်ဆိုရင်) နေ့ကလေးထိန်း ဌာန မူကြို ကျောင်းတစ်ခု ဖွင့်ပေးပါ ကုန်ကျစရိတ်ကိုတော့ မိဘတွေနဲ့ ကုမ္မဏီကမျှခံပေါ့ ။

(32)  ဝါရင့်ဝန်ထမ်းတွေကို အခြားသူတွေနဲ့ အဆင်ကွဲအောင်စီမံပေးပါ ယူနီဖောင်းအရောင်ခွဲပေးတာ လည်စည်းအရောင်ခွဲပေးတာ  နာမည်ရင်ထိုး အထူးတံဆိပ်စသည်ဖြင့် စီမံပေးပါ ။

(33)  ကိုယ့်ရာထူးအရ လုပ်ငန်းအရ လက်ဆောင်တွေအပေးခံရရင် ကိုယ့်ဌာနကဝန်ထမ်းတွေကိုပါ သတိရလိုက်ပါ သူတို့ကိုပါခွဲဝေပေးပါ။ ဒါမှမဟုတ် ကိုယ့်အိတ်ထဲက စိုက်ပြီး သူတို့အတွက် လက်ဆောင်တွေ ဝယ်ပါ ။

(34)  ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရင် သူ့အတွက် ထိုက်ထိုက်တန်တန် နှုတ်ဆက်ဂုဏ်ပြုပွဲ လုပ်ပေးပြီး တန်ဖိုးရှိ လက်ဆောင်တစ်ခု ချီးမြှင့်ပါ ။

(35)  လုပ်ဆောင်စွမ်းရည်နဲ့ အသိအမှတ်ပြုမှုတို့ဟာ တိုက်ရိုက်ဆက်စပ်နေကြတယ် တစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြု ပေးလိုက်ရင် သူ့ကိုယ်သူ လေးစားမှုတွေ တိုးပွားလာပြီး လုပ်ဆောင်နိုင်စွမ်း ထုပ်လုပ်နိုင်စွမ်းတွေ ပိုမြှင့်လာလိမ့်မယ် ။

(36)  ဝန်ထမ်းတစ်ယောက်ဟာ သုံးမရလောက်အောင်ဖြစ်ရင် တန်းပြီးဖြုတ်မပစ်ပါနဲ့ သူနဲ့ ဟန်ကျမယ့် အလုပ်မျိုးကို ကုမ္မဏီတွင်း လုပ်ငန်းခွင်တွင်းမှာ လိုက်ရှာကြည့်ပါဦး သူဟာ တကယ့်အဖိုးတန် ဝန်ထမ်းတစ်ယောက် ဖြစ်လာနိုင်ပါတယ် ။

(37)  လူတိုင်းကို အပြုသဘော ဝေဖန်ချက်တွေ တအားလုပ်တာ ခဏခဏလုပ်လွန်းတာ ရှောင်ကြဉ်ပါ မရှောင်ရင် လူတွေက ကိုယ့်ကို တတ်နိုင်သမျှ ရှောင်လာကြလိမ့်မယ် ။

(38)  ကိုယ်ရေးလက်ထောက် အတွင်းရေးမှူးကို အထူးဂရုစိုက်နေရာပေးပါ သူတို့ဟာ ကိုယ်မရှိတုန်း ခရီးထွက်တုန်းမှာ လုပ်ငန်းတွေကို ဆက်လည်ပတ်ပေးနေကြမယ့်သူတွေဖြစ်တယ် ။

(39)  ကိုယ့်လုပ်ငန်းက ကြီးထွားလာတာနဲ့အမျှ ( ရာထူးမြင့်လာတာနဲ့အမျှ ) စာရွက်စာတမ်းတွေကြား ဆုံးဖြတ်ချက်ပေးရတာတွေကြားမှပဲ အချိန်ပိုကုန်နေတက်တယ် အဲဒီလိုနဲ့ အရင်က ဖက်လဲတကင်းရှိခဲ့တဲ့လူတွေနဲ့ တဖြည်းဖြည်းဝေးသွားရော အဲဒါမျိုးဟာ အန္တာရာယ်ရှိတယ် ။

(40)  အလုပ်လုပ်ရတဲ့အတွက် မျှော်လင့်သင့်တဲ့ရလဒ်နှစ်ခုကတော့ အလုပ်လုပ်ရလို့ ကျေနပ်ကြည်နူးမှုရယ် ကိုယ့်စွမ်းဆောင်မှုကိုသူများတွေ သဘောပေါက်သွားစေချင်တာရယ်ပဲ ဖြစ်ပါတယ်။ အောင်အောင်မြင်မြင်ဆောင်ရွက်လို့ ကြည်နူးရမှုရယ် အများက အသိအမှတ်ပြုခြင်းရယ် ဆိုပါတော့ ။

ဆက်ပါဦးမည် ----
ဘကြီးသက်
Unknown at 9:54 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.