Sunday, August 26, 2012

ဒု ရဲအုပ်ကျော်စိုးမိုး နှင့် အဖွဲ့မှ လက်ထိပ်ခတ် ၀ိုင်းရိုက်ခြင်း

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ နယ် တံတားကြီးရပ်ကွက် အမှတ် ၁၇၆ အောင်မင်္ဂလာလမ်း နေ
ကိုသီဟသူ(ခ)ကိုသူ ကို အောင်မင်္ဂလာရဲကင်းက ရဲကင်းမှူး ဒု-ရဲအုပ် ကျော်စိုးမိုးနဲ့ တပ်သား ၃ယောက် ပေါင်း လေးယောက် ဟာ ဆိုင်ကယ်ဖမ်းဆိုပြီး သြဂုတ်လ (၁၄)ရက်နေ့ ည က ၀ိုင်းဝန်ရိုက်နှက် ခဲ့ကြောင်းသိရပါတယ်။

ရိုက်နှက်စဉ်မှာ ရဲ အားလုံး အရက်မူးနေ ကြတယ်လို့  ကာယကံရှင်တွေက ပြောပါတယ်။ ဆိုင်ကယ် carry ဆွဲတဲ့ ကိုသီဟသူ ကို  လက်ထိပ်ခတ်ပြီး ရဲကင်းထဲကို ခေါ်သွား ပြီး ဒု-ရဲအုပ်ကျော်စိုးမိုးနဲ့ သူ့ရဲ တပ်သားတွေဟာ  ၀ိုင်းပြီး ထိုးကြ ကျိတ်ကြ ကန်ကြပါတယ်... သူတို့စီးထားတဲ့ ဖိနပ်တွေနဲ့ ကျော၊ ရင်ဘတ်၊မျက်နှာ တွေကို ၀ိုင်းကန်ကြပါတယ်... ပြီးတော့ မင်္ဂလာဒုံ ရဲစခန်းကို ခေါ်သွားပြီး မူးယစ်ရမ်းကား နဲ့ အမှုဖွင့်ပြီး လူကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

သြဂုတ်လ (၁၅)ရက်နေ့ မှာ မိခင်ဖြစ်သူက အာမခံလုပ်ပေးကာ အချုပ်ထဲကပြန်ထုတ်ခဲ့ပြီး။ တရားရုံးမှာ ဒဏ်ငွေ ငါးဆယ် ဆောင်ရတယ်လို့ပြောပါတယ်။ ဒါပေမဲ့ မင်္ဂလာဒုံ ရဲစခန်းမှာ  ကျပ်သုံးသောင်းခွဲလောက်ကုန်တယ်လို့လည်း ပြောပါတယ်။

ရဲတွေဟာ ပြည်သူတွေကို မကာကွယ် ဒီလိုတွေ လုပ်နေပါတယ် ဆိုတာ အများပြည်သူကို သိစေချင်ကြောင်း ကိုသီဟသူ ရဲ ညီဖြစ်သူ ကိုရဲလင်းသူ က Myanmar News Now ကို ပြောပါတယ်။


ရဲတွေ ၀ိုင်းဝန်း ရိုက်နှက်ခံ ရသူ ကိုသီဟသူ

ဘကြီးသက်
Unknown at 4:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာစစ်အဖွဲ့က သတင်းထုတ်ပြန်ထား

၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံး၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှစတင်၍ သတ်မှတ်ထားသော နှုန်းထားဖြင့် ရောင်းချပေးမည်ဖြစ်သည်။ စာမေးပွဲ ဝင်ခွင့်လျှောက်လွှာ တင်သွင်းရာ၌ ဘာသာတွဲအမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ အမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားသည်။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေးအတွက် ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှ စက်တင်ဘာလ ၂၈ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်သည်။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများနှင့် တွဲဖက်ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်အဖွဲ့ရုံးသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၂ ရက်အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်သည်။ သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့် ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှုရှိမရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရမည် ဖြစ်သည်။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော် ရုံးအမှတ် (၅၂) မြန်မာနိုင်ငံ စာစစ်အဖွဲ့(ရုံးချုပ်) နှင့် ရန်ကုန်မြို့ လှိုင်မြို့နယ် လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့(ဇွဲကပင်ဆောင်)တွင် လာရောက် ဝယ်ယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
ဘကြီးသက်
Unknown at 12:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ

PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ တောင်ကြီးမြို့မှာ ဒီကနေ့တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ ရှေ့မှောက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
Photo Courtesy of Nay Min
အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးရန် PNLO ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်တို့ တောင်ကြီးမြို့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။
ဒါဟာ PNLO နဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အနေနဲ့ သဘောတူ လက်မှတ်ရေးထိုးတာလို့ PNLO အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ အချက် ၅ ချက်အပေါ်မှာ ပြည်နယ်အဆင့်အနေနဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးကြပါတယ်။ PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့ကတော့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။"
ပြည်နယ်အဆင့် သဘောတူညီမှု လက်မှတ်ထိုးပွဲ ပြီးတဲ့နောက်မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ဆက်လက် ညှိနိုင်းခဲ့ကြတယ်လို့ လည်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ဒီနေ့လက်မှတ်ထိုးပွဲနဲ့ ဆွေးနွေးပွဲတွေကို တောင်ကြီးဟော်တယ်မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။
PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဟာ ၁၉၉၁ ခုနှစ်က အစိုးရနဲ့အပစ်အခတ် ရပ်စဲလိုက်တဲ့ PNO ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး သူဟာ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ အဲဒီအချိန်က ရပ်တည်ခဲ့ပါတယ်။
 RFC
ဘကြီးသက်
Unknown at 10:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးခင်ညွန့် ကာလရှည် ပဉ္ဖင်းထပ်ဝတ်မည် တောထွက်မည်။


Tun Wai
ယခင်စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးအကြီးအကဲ ဖြစ်သူ ဦးခင်ညွန့်သည် မကြာမီလပိုင်းအတွင်း ကာလရှည် ပဉ္ဖင်းခံရဟန်းဝတ်ရန် အစီအစဉ်ရှိကြောင်း ၎င်း၏ မိသားစု အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

http://tunwai-states.blogspot.jp/2012/08/blog-post_4996.html
"ဒီလိုအစီစဉ်ဖြစ်တာက ဦးခင်ညွန့်ရဲ့ အစ်ကိုဖြစ်သူက တိုက် တွန်းတဲ့အတွက် အခုတစ်ခေါက်ထပ်ပြီး ပဉ္ဖင်းခံမှာဖြစ်ပါ တယ်။ ဒါနဲ့ဆို သူဝတ်တာ နှစ်ကြိမ်ရှိပြီ။ ပထမဦးဆုံးတကြိမ် က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လွတ်လာပြီး လအနည်းငယ် အတွင်းမှာပဲ ဝတ်တာ ပါ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

၎င်းသည် ယခင် စစ်အစိုးရလက်ထက်၌ စစ်ထောက်လှမ်းရေး အကြီးအကဲ့တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်ပေး လာဘ်ယူအမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကြခံခဲ့ရပြီး အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တတိယ အကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထဲ၌ ပါဝင် လာသူ တစ်ဦးဖြစ်သည်။

"ဦးခင်ညွန့် ပြန်လွတ်လာတဲ့အချိန်က ဝန်ကြီးအချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ လာတွေ့ပြီး အားပေးခဲ့တယ်။ ပြီးတော့ သူ့ကို နိုင်ငံရေး လောကထဲ ပြန်ဝင်အောင် တိုက်တွန်းကြတဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူက အချိန်မတန်သေးဘူးဆိုပြီး ပြောခဲ့တယ်"ဟု ၎င်းအားထောက်ခံသူ ဗိုလ်မှုးကြီဟောင်းတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လွတ်မြောက်လာသည့်အချိန်၌ အရပ်သားအစိုးရသစ်၏ ဝန်ကြီးအချို့ နှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အချို့မှ တွေ့ဆုံအားပေးမှုများ ပြလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ဦးခင်ညွန့် အသုံးပြုရန် ကား သစ်တစ်စီး ပေးအပ်ခဲ့ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)၏ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသေးကြောင်း စစ်ထောက်လှမ်းရေးအရာရှိ ဟောင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

sweet(Yangonchronicle)

ဘကြီးသက်
Unknown at 10:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူကိုလိမ်ညာပြီး နည်းမျိုးစုံနဲ့ ပိုက်ဆံယူနေတဲ့ Sky net

ပြည်သူကိုလိမ်ညာပြီး နည်းမျိုးစုံနဲ့ ပိုက်ဆံယူနေတဲ့ Sky net



ရွှေသံလွင် ကုမ္ပဏီ ကနေ Sky Net ရုပ်သံလိုင်းများ ဂြိုဟ်တုပြောင်းမှာဖြစ်လို့ဆို ပြီး ထိပ်ဖူးများကို တစ်လုံးလျှင် (၈၀၀၀) ကျပ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံလဲ ပေးနေပါတယ်။

သူတို့ ဂြိုဟ်တုပြောင်း တာ သူတို့ကုမ္ပဏီရဲ့တာဝန်သာဖြစ်ပါသည်။ ကျွန်တော်တို့နှင့်ဘာမှမဆိုင်လို့ထင်ပါသည်။ တစ်လုံးကို (၈၀၀၀) ကျပ်ဆိုပါက တစ်နိုင်ငံလုံး အလုံး ၁ သိန်း ရှိပါက ကျပ်သိန်း (၈၀၀၀) အနည်းဆုံးရရှိမည်ဖြစ်ပါသည်။ (ထို့ထက်မကနိုင်ပါ) မြန်မာပြည်မှာငွေရှာ ရတာတော်တော် လွယ်တာပဲ နော်။
အဆိုးဆုံးမှာ ဘောလုံးပွဲ အားလုံးလွှင့်ပေးသည် ဆိုသည့် အချက်ဖြင့် တစ်လုံးကို တစ်သိန်းကျော် ပေးဝယ် ယူထားသူများအဖို့ ကြိုတင်အသိပေးခြင်းမပြုဘဲ ပရီးမီးယားလိဒ် ဘောလုံးပွဲစင်များ ထုတ်လွှင့်ပေးခြင်း မပြုတော့ခြင်းဖြစ်ပါသည်။
ပြည်သူတွေကိုနားလှည့် ပါးရိုက် လုပ်စားနေသော ရွှေသံလွင် ကုမ္ပဏီ ကိုပြည်သူများ ၊ စာနယ်ဇင်း မီဒီယာများမှ ၀ိုင်းဝန်း ဆန့်ကျင်ကန့်ကွက် ဒဏ်ခတ်သင့်သည်ဟု ထင်မြင်ယူဆပါသည်။
Sky Net ရုံးချုပ် ဖုန်းနံပါတ် ၀၁- ၂၉၂၅၇၁ သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မှတ်ချက် ။ ။ ကျွန်တော်နှင့် ရွှေသံလွင် ကုမ္ပဏီ ကြား ဘာပြဿနာမှ မရှိပါ။
မူလနေရာ = https://www.facebook.com/UKoKoKyaw

ဘကြီးသက်
Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပရဟိတဆိုတာ ကိုယ့်အတ္တကို အကောင်းဆုံး ပုံဖော်ခြင်း မဖြစ်သင့်ဘူးလေ

ကျနော် လူဆိုးဖြစ်နေပြီလားတော့ မသိဘူး။ ဒါမှ မဟုတ် အဆိုးမြင်တွေပဲ များနေပြီလား မသိဘူး။ အခု အားလုံးသိတဲ့ အတိုင်းပဲ ကျနော်တို့ တိုင်းမှာ ရေတွေ ကြီးနေတယ်။ ရေဘေး ကယ်ဆယ်ရေးတွေလဲ လုပ်ကြတာပေါ့ ဗျာ။ ရေဘေးကြောင့် ၀မ်းနည်းရပေမယ့် လုပ်နေကြတာတွေ တွေ့တော့လဲ အားရစရာကြီးပါဗျာ။ အဲဒီမှာပဲ ပြောချင်တာတွေ ရှိလာတယ်။ ပြောချင်နေတာတော့ ကြာပါပြီ ။
အခု ရေဘေးကျမှပဲ ပြောဖြစ်တော့တယ်။ ကျနော် ပြောတာမှားသွားရင်လဲ ကျနော်ပြောတာ ကျနော် တာဝန်ယူပါ့မယ်။ ပရဟိတ လုပ်နေကြတဲ့ လူတွေကို ကျနော် ကြည့်လိုက်တော့ အကြမ်းဖျင်းအားဖြင့် ကောင်းတာ (၂) မျိုး၊ ဆိုးတာ (၂) မျိုးပဲ တွေ့နေရတယ်။ ဆိုးတဲ့ (၂) မျိုးအကြောင်း အရင်ပြောကြည့်မယ်နော်။
အဆိုး(၁)။ ။ ပရဟိတလေးကို လာဗန်းပြပြီး ကိုယ် နာမည်ကြီးအောင် လုပ်တဲ့သူတွေ။ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့ရမှာပါ။ လှုစရာရှိတဲ့ လူက ၅၀၀ လောက်ကို ၅၀ စာလောက် လာလှုပြီး ဓါတ်ပုံတွေ ရိုက်၊ သူများကို ကြွား၊ တစ်ချို့ဆို မီဒီယာတွေကိုပါ တစ်ခါတည်း ခေါ်လာပြီး ဘယ်တုန်းက ဘယ်လိုလှုခဲ့တာ။ ငါတို့က ဘယ်လောက်လှူခဲ့တာကွ ဘာပေါ့ ညာပေါ့။ အဲဒီလူတွေက စေတနာတော့ မလှူတာထက်စာရင် ကောင်းပါတယ်။ ဒါပေမယ့် ပေးတာထက် ယူတာက ပိုများနေတယ်။ ဒုက္ခသည်တွေကို ဘာအသုံးချနေသလိုပဲ။ ကျနော်တော့ အဲလိုတွေ တွေ့ရတာ ရင်နာတယ်။
အဆိုး(၂)။ ။ ငါတို့က ပရဟိတ လုပ်တာကွ။ ကျန်တဲ့သူုတွေကတော့ ဘာအသုံးမှ မကျဘူး။ ငါတို့ကမှ လူကောင်း၊ ကျန်တဲ့သူတွေက ဘာစိတ်ဓါတ်မှ မရှိတဲ့သူတွေ စသည်ဖြင့် ဘ၀င်မြင့် လေကြီးနေတဲ့သူတွေ။ ကျန်တဲ့သူတွေ ဘာလုပ်တယ် ဘယ်လိုစိတ်ဓါတ်ရှိတယ် ဆိုတာ မသိဘဲ စွတ်ပြီးတင်နေတဲ့သူတွေပေါ့။ သူ့ဘာသူ အိမ်မှာနေပြီး ဆန်လှူနေတာလဲ သုမသိတာဖြစ်မှာပေါ့။ ကျနော် ကြုံဖူးတယ်။ အခုမှ စလုပ်ဖူးတဲ့ ကျောင်းသားတစ်စုကို ဘယ်လိုလှူလဲ ဘာလဲ နဲနဲပါးပါးလေး မေးတာတောင် မဖြေချင်သလို ဖြေချင်သလို။ မေးတဲ့သူကိုပဲ အဖတ်မတန်သလို ဘာလိုလို။ ပြီးတော့လဲ ရှိသေးတယ်။ လမ်းမှာ ကြုံတာတောင် ငါ အဲ့ဒုက္ခသည်စခန်းက ပြန်လာတာပါ ဆိုတာတောင် ကျနော်တို့ လှူမှာလေ။ ထမင်းတွေ ဟင်းတွေလေ ဆရာသိတယ်မလား ဘာ ညာနဲ့ ။ ကျနော်တော့ ဘာပြောရမှန်းမသိဘူး။ စိတ်ကိုညစ်ရော။ နောက်တော့မှ တွေးဖြေလိုက်တယ်။ အော် …. အရက်ဆိုင် ရောက်နေတာထက်စာရင်တော့ ဘယ်လိုပဲ အတွေးလွဲလွဲ ၊ ဘယ်လောက်ပဲ ဘ၀င်မြင့်မြင့် တစ်ချိန်တော့ လုပ်ပါများရင် မှန်လာမှာပေါ့ လို့ဆိုပြီး တွေးလိုက်ရတယ်။
ကဲ…. အကောင်း(၂) မျိုးကို ပြောကြည့်မယ်။ ကျနော်ကတော့ အဲ့လူတွေ အကြောင်းပြောရတာ အားရ၀မ်းသာရှိတယ်ဗျာ။
အကောင်း(၁)။ ။ လုပ်လဲ တကယ်လုပ်တယ်။ စိတ်လဲ တကယ်ရှိတယ်။ အရင်ကလဲ အများကြီး လုပ်ဖူးထားတော့ အတွေ့အကြုံကလဲ ရှိမှရှိ။ နာမည်ကောင်းလဲ တစ်ခါမှ မယူဘူး။ သူတို့ကို တွေ့လိုက်ရင် ဘယ်နေရာတွေက ကယ်ဆယ်ရေးတွေ မရောက်သေးတာ သွားရဦးမယ်။ ဘယ်နေရာတွေမှာတော့ ပိုလိုအပ်နေတာ။ ဘယ်နေရာမှာတွေ မှာတော့ ဘာတွေ လိုအပ်နေတာ။. ကျနော်တို့ လှူတာ ဘယ်လိုဆိုရင် ပိုပြီးကောင်းမယ်။ ပိုပြီး စနစ်ကျမယ်။ ဘယ်လိုလုပ်မှ ပိုထိရောက်မယ် စသည်ဖြင့် အမြဲ ပိုကောင်းသထက်ကောင်းအောင်ပဲ တွေးနေကြတာ။ ကြွားဖို့၊ သူများကို နှိမ့်ချဖို့၊ ဒုက္ခသည်တွေကို အသုံးချဖို့ ဝေးလို့ အဲလိုတွေ တွေးကြံ လုပ်ကိုင်နေရတာနဲ့တင်ပဲ သူတို့မှာ လုံးဝမအားကြဘူး။ သူတို့ကို ကြည့်လိုက်ရင် ကိုယ်တွေတောင်သိမ်ငယ်တယ်။ တစ်ချို့တွေဆို တော်တော် ငယ်ငယ်လေးတွေ။ ဆက်လုပ်ကြ… ငါ့ကောင်တွေရေ။
အကောင်း(၂)။ ။ သူတို့တွေကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေ၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေပေမယ့် လဲ အလှူသွားခံ တစ်ခါမှ မငြင်းဘူး။ အထပ်ထပ် အခါခါ လှူတာပဲ။ နောက်ပြီး အမြဲလဲ နားစွင့်နေတာပဲ။ ဘယ်သူတွေနဲ့ လှူရမလဲ။ ဘယ်လိုလှူရမလဲ။ သူတို့ အလုပ်လဲ မပျက်၊ အများကောင်းကျိုးကိုလဲ တစ်ဖက်တစ်လမ်းက လုပ်နိုင်ကြတော့ ကောင်းတာပေါ့ဗျာ။ တစ်ချို့ဆို စိတ်ကူးတောင် ကောင်းကြသေးတယ်။ ထမင်းထုပ်ဝေရင်းနဲ့ ထမင်းထုပ်ထဲ သူတို့ တတ်နိုင်သလောက် ၁၀၀၀ တန်တို့ ၅၀၀ တန်တို့ကို ပလပ်စတစ်အိပ်လေးနဲ့ ထည့်ပြီး ကံစမ်းမဲလိုမျိုး ရတဲ့သူတွေ ခေတ္တတော့ ဘ၀အမောတွေ ပြေအောင် လုပ်တတ်ကြတယ်ဗျာ။
အင်း…. ပြောရရင်တော့ အပေါ်က လူ(၄) မျိုးစလုံး ပရဟိတ လုပ်နေကြတာပဲ။ လုပ်ပုံကိုင်ပုံ၊ စိတ်ဓါတ်မတူ တာပဲ ရှိတာပါ။ အဲတော့ ကျနော် ဆုတောင်းလိုက်တာက အဆိုး (၂) မျိုးလဲ နောက်ပိုင်း ကောင်းလာကြပါစေ။ အကောင်း (၂) မျိုး လူတွေလဲ ပိုများလာပါစေ။ သူတို့ အဆင်ပြေပြေ ဆက်လုပ် နိုင်ကြပါစေလို့။
ပရဟိတ လို့ပြောပြီး ကိုယ့်အတ္တကို အကောင်းဆုံး ပုံဖော် ကြေငြာ နေတာမျိုးမှ ကင်းလွတ်ကြပါစေဗျာ။
Soe Kothu Facebook
  lu bo

ဘကြီးသက်
Unknown at 9:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.