Friday, August 10, 2012

အိမ်ခြံမြေ အခွန် ၃ဆနီပါးတိုး



ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြောင်းလဲ ပေးဆောင် ရမည့် နှုန်းထား သစ်သည် ၀ယ်ယူသည့် ငွေအပေါ် ၀င်ငွေရ လမ်းမတင် ပြနိုင်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ပြီး တံဆိပ်ခေါင်း ခွန်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ဖြစ်ပါက ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖြစ်ပါက ၅ ရာခိုင်နှုန်းစုစုပေါင်း၃၅ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ကြောင်း၊ အဆိုပါ အခွန်နှုန်းထားသစ်သည် ယခု ဘဏ္ဍာနှစ် မှစတင်တဲ့ ၀င်ငွေခွန် စနစ်သစ် အရ စည်းကြပ် ကောက်ခံတဲ့ နှုန်းထား ဖြစ်ကြောင်းနေပြည်တော်အခွန်ဦးစီးဌာနမှ မှသိရှိ ရသည်။

ယင်းသို့ ပြောင်းလဲလိုက်ခြင်းသည် ၄ နှစ်ခန့်အထိ သက်တမ်းတိုး လာခဲ့သော အိမ်ဝယ်သူများ ကို အခွန်လျှော့ပေါ့သက်သာခွင့်ကို ရပ်ဆိုင်းလိုက် ခြင်းဖြစ်ပြီး ဘန်ကောက်ထက်၂ ဆဖြစ်နေသော ရန်ကုန်ဧည့်အိမ်ခြံမြေ ပူပေါင်း၏ နိဂုံးဟု လည်း ဈေးကွက် လေ့လာသူ များကပြောဆိုကြသည်။

၂ဝဝ၇ ခုနှစ် မတိုင်ခင်က အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အမြတ်ခွန်အဖြစ် အိမ်ခြံမြေ တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းကို ပေးဆောင်ခဲ့ရာမှ ၂ဝဝ၇ သြဂုတ်မှ စ၍ ကျပ်သန်း ၅၀၀၀ အထက်ဆိုပါက ၁၂ ရာခိုင်နှုန်းနှင့် သန်း ၅ဝဝဝ အောက်ဆိုပါက ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနက ကြေညာခဲ့သည်။

အဆိုပါ ဥပဒေကြောင့် တရားမဝင် ငွေမည်းမှ တရားဝင် ငွေဖြူအဖြစ် ပြောင်းလဲ လိုသူများ အိမ်ခြံမြေလောကအတွင်း ဝင်ရောက်လာခဲ့ရာ ဤလောကအတွင်း တန်ဖိုးကြီး အိမ်ခြံမြေများ အမြောက်အမြား ဖြစ်ပေါ်လာခဲ့သည်။

ရန်ကုန်၏ မြို့တွင်း ၆ မြို့နယ် တွင် ကျောက်တံတားနှင့် ပန်းဘဲတန်း မြို့နယ်များသည် ဝယ်လိုအား ကောင်းသကဲ့သို့၊ ဈေးနှုန်းများ မြင့်တက်မှု စံချိန်တင်နေသည့်မြို့နယ်များဖြစ်ပြီး၊လမ်းမတလျှောက် ရှိသည့် မြေညီထပ်များသည် အထူးသဖြင့်ဈေးဆိုင်များကြောင့် ငွေပုံပေးသော်လည်း ဝယ်မရနိုင်ဖြစ်နေခဲ့သည့် မြေညီထပ် အခန်း အများစု၏ ဈေးနှုန်းသည် လွန်ခဲ့သည့် ၅ နှစ်တာနှင့် ယှဉ်ကြည့်ပါက ၅ ဆကျော် မြင့်တက်လာခဲ့ကာပေ ၃ဝ၊ ပေ ၆ဝ အခန်းတခန်းလျှင် သိန်း ၂၅ဝဝ မှ သိန်း ၄ဝဝဝ နီးပါး ရှိလာခဲ့သည်။

ယင်းကဲ့သို့ အိမ်ခြံမြေ အခွန် ကောက်ခံမှုနှုန်းကို ပြင်ဆင်လိုက်ခြင်းကြောင့် ယခု ရက်ပိုင်း အိမ်ဝယ်ယူထား သူအချို့သည် စာချုပ်များ ကို တန်ဖိုးလျှော့ချ ကာ ပြန်လည်ပြင်ဆင် ချုပ်ဆိုလျက်ရှိသည်။

The Voice Weekly
ဘကြီးသက်
Unknown at 7:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစ္စလာမ်နိုင်ငံအချို့၏ ခြိမ်းခြောက်မှုများကို မြန်မာအစိုးရဘက်မှ သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်လျက်ရှိကြောင်း သမ္မတရုံး ညွှန်မှူးပြောကြား


မကြာခင် ရက်သတ္တပတ်အတွင်းက အစ္စလာမ်ကြီးစိုးတဲ့ နိုင်ငံတချို့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့အရာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချခံထားရတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဘူဘာကာဘာရှားက မွတ်ဆလင်တွေဆက်ပြီး ဖိနှိပ်သတ်ဖြတ်ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရ အနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ဘဲ ဖွဲ့စည်းပုံအခြခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။ အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် မကြာခင်ရက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးတချို့က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်တို့ကို ရှင်းပြခဲ့တဲ့အပြင် အဖြစ်မှန်တွေကို လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင်ပြသခဲ့ကြောင်းလည်း သူကပြောပါတယ်။ “သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်” လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ လက်ရှိ ခြိမ်းခြောက်မှုတွေဟာ အစစ်အမှန်ဖြစ်နိုင်သလို တချို့ကတော့ အမှန်တကယ် မဟုတ်ဘဲ ကြောက်လန့်ရုံသက်သက် ခြိမ်းခြောက်တာတွေ ဖြစ်နိုင်ကြောင်း၊ သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ်သင့်လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 7:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဏာပိုင်တွေ တောထဲစွန့်ပစ်ခဲ့တဲ့ မိန်းကလေးရဲ့အမေ ဒဏ်ငွေချခံရ

ပြည်မြို့မှာ အခြေအနေမဲ့ ကလေးတွေကို ဒေသခံ အာဏာပိုင်တွေက တောထဲသွား စွန့်ပစ်တဲ့ကိစ္စ မီဒီယာတွေကို ပြောလိုက်တဲ့ ဇင်မာလှိုင်ဆိုသူ မိန်းကလေးရဲ့အမေ ဒေါ်တင်တင်ထွေးနဲ့ အမျိုးသမီးငယ် တစ်ဦးကို ပြည်ဘူတာရုံမှာ ရဲက မနေ့ ညက ဖမ်းလိုက်တဲ့ အမှုအတွက် ပြည်မြို့နယ် တရားရုံးက ဒီနေ့ နေ့လည်မှာ အပြစ်ရှိကြောင်း အမိန့်ချပြီး ဒဏ်ငွေ ၅၀၀ ကျပ်စီ အသီးသီးချမှတ် လိုက်ပါတယ်။
ဒီအမှုမှာ သူတို့ မကျူးလွန်တဲ့အတွက် ဝန်မခံနိုင်ဘူးလို့ ဒေါ်တင်တင်ထွေးတို့က ခုခံတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆက်လက် တရားရင်ဆိုင်မယ်ဆိုရင် အကြိမ်ကြိမ် တရားရုံး လာရမယ့်ကိစ္စနဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ် အခက်အခဲ၊ အချိန်အခက်အခဲတွေကြောင့် ပြစ်မှု မကျူးလွန်ပေမယ့် အခုလို ဒဏ်ငွေရိုက်တာကို လက်ခံဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ သူတို့အမှုကို ကူညီပေးနေတဲ့ ဂရုဏာလက်များ ကွန်ယက်အဖွဲ့  ခေါင်းဆောင် ရှေ့နေ ဦးမြင့်အေးက RFA ကိုပြောပါတယ်။
အသက် ၁၂ နှစ်အရွယ် ဇင်မာလှိုင်ဆိုတဲ့ မိန်းကလေးက သူတို့စွန့်ပစ် ခံရတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ပြောလိုက်တဲ့နောက် ဘူတာရုံမှာ စကားထိုင်ပြောနေတဲ့ သူ့မိခင်နဲ့ ဈေးသည် အမျိုးသမီးငယ်တစ်ဦးကို မနေ့ညက ရဲပုဒ်မ ၄၇ ဆိုတဲ့ မူးယစ်ရမ်းကားမှုနဲ့ ဖမ်းလိုက်တဲ့အကြောင်း RFA က တင်ပြခဲ့ပါတယ်။
ဒီကိစ္စမှာ အဲဒီကလေးတွေကို ပညာသင်ပေးနေတဲ့ ရှေ့နေ ဦးမြင့်အေးတို့က လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့အတွက် မနေ့ည သန်းခေါင်ကျော် ၁ နာရီလောက်မှာ အာမခံနဲ့ လွှတ်ပေးလိုက်ပြီး ဒီနေ့ ရုံးတင် တရားစွဲ ပြစ်ဒဏ်ချမှတ် လိုက်တာပါ။
တရားရုံးကို ပေးဆောင်ရမယ့် ဒီဒဏ်ငွေကို ဒေါ်တင်တင်ထွေးတို့ ကိုယ်စား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး တစ်ဦးက ပေးလိုက်တယ်လို့ ဦးမြင့်အေးက ပြောပါတယ်။
ဂရုဏာလက်များ ကွန်ယက်အဖွဲ့ဟာ ပြည်မြို့က မိဘမဲ့နဲ့ အခြေအနေမဲ့ ကလေး ၃၀ ကျော်ကို မြကွမ်းတောင် ဘုန်းကြီးကျောင်းမှာ ပညာသင်ပေးနေသလို နေ့လည်စာလည်း စီစဉ်ပေးနေပါတယ်။

ဘကြီးသက်
Unknown at 5:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စင်္ကာပူ NUS မီးလောင် (ဓာတ်ပုံ / ဗွီဒီယို)





















Myanmar Express

ဘကြီးသက်
Unknown at 5:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အိန္ဒိယရောက် မြန်မာများ ကုလား ကို ဆန္ဒမပြပဲ သမ္မတကြီး ဦးသိန်းစိန် စက္ကူရုပ်တု ကို မီးရှို့ဆန္ဒပြ


NLD အလံကြီး ရှေ့ဆုံးက

သာသနာရေး အလံလည်းပါ

ရခိုင်အရေးကို ဒီတိုင်းကြည့်မနေပါနဲ့ သမ္မတကြီး ဆိုပဲ

မွတ်ဆလင် မီဒီယာတွေက မြန်မာဘုန်းကြီးတွေကို စော်ကားနေချိန်မှာ သံဃာတွေ ပျောက်နေမှတ်တယ်
ဦးသိန်းစိန်ပုံတူ လုပ်နေတာကိုး


ကိုယ့်နိုင်ငံက သမ္မတကို ကိုယ်တိုင်ကမလေးစားရင် ဘယ်သူက လေးစားမှာလဲ

ဒီလူတွေ ဒီဘုန်းကြီးတွေကို မှတ်ထားကြ


နောက်က ရခိုင် ကိုကယ်ဖို့ ပိုစတာ၊ ရှေ့က မီးတုတ်နဲ့ ဦးသိန်းစိန်

ဘုန်းဘုန်းဘုရား မြန်မာ ဗုဒ္ဓ ဘုန်းကြီးတွေကို ကုလားမီဒီယာတွေ လုပ်ကြံနေတာ ထ ကြည့်ပါအုံးဘုရား

ကုလားတွေက ဦးသိန်းစိန် ဓာတ်ပုံကိုပဲ မီးရှို့တာပါ
မြန်မာ ဗုဒ္ဓဘုန်းကြီးကမှ စက္ကူရုပ်တု သေချာချိုးပြီးမှ ရှို့တာပါ


အိန္ဒိက ကုလားတောင် ဒီလို မလုပ်ဘူး
ဘယ်နိုင်ငံက ကုလားမှလည်း ဒီလိုမလုပ်ခဲ့ဘူး
အသားထဲက လောက်ထွက်တဲ့ မြန်မာတွေပဲ လုပ်တယ်



ရခိုင်သားတို့ကို ဘာမှ ကူညီမှု မရှိ၊
ရခိုင်အရေးမှာ ပြည်သူတစ်ရပ်လုံး ရဲ့ ဆန္ဒ သဘောထားနဲ့ ဆန့်ကျင်နေတဲ့အပြင်
ရခိုင်အရေးကို အကြောင်းပြပြီး သမ္မတကြီး ပုံကို မီးရှို့တဲ့
နယူးဒေလီမှ ဒေါ်လာစား အတိုက်အခံများနှင့်
ဘုန်းကြီးများအား ပြင်းပြင်းထန်ထန် ရှုတ်ချပါ၏

Myanmar Express

ဘကြီးသက်
Unknown at 5:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လိုက်တမ်း ပြေးတမ်း ဝင်္ကပါ

ဖေ့စ်ဘွတ်စာမျက်နှာ တခုပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတပုံကိုမြင်တွေ့လိုက်ရတာ ကျနော့်အတွက် အတိတ်က အရိပ်ဆိုးတွေကြားထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရပါတယ်။ 
တပ်ပြေးစစ်သည် လေးတွေ ပြန်ဖမ်းမိလာတဲ့ပုံကို ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ရန်ကုန်မြို့ထဲ သွားရင်းလာရင်း အမှတ်မထင်တွေ့လိုက်ရတာနဲ့ ဓာတ်ပုံရိုက်ယူလာခဲ့ပြီး သူ့ wall ပြန်တင်ပေးလိုက်တာပါ။ သူကိုယ်တိုင်တောင်မှ ဒီမြင်ကွင်းကို ပထမဆုံး မြင်ဖူးတွေ့ဖူးတာဖြစ်ပြီး ဘာရယ်လို့ အဓိပ္ပါယ်ကောက်ယူရမှန်း မသိနိုင်အောင် ဖြစ်ရပါ တယ်လို့ ဆိုထားပါတယ်။
သူ့ wall ထဲမှာဝင်ပြီး comment ပေးသူတွေဟာလည်း မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်တကောင်ရဲ့ ပုံသဏ္ဍာန်ကို မှန်းဆကြည့်ကြသလို ကိုယ့်အထင်လေးတွေကိုယ်စီနဲ့ မရဲတရဲ ထင်ကြေးပေးထားကြတာ ဖတ်ရပါတယ်။ တပ်ပြေးလို့ ယူဆသူ တွေရှိပေမယ့် အဲဒီအတိုင်းဆို စစ်သားအချင်းချင်း ဒီလောက်အထိ ရက်စက်အညှာတာကင်းရသလား ဆိုတဲ့ ဝေဖန်အပြစ်တင်စရာလည်း ဖြစ်နေတာပေါ့။
ဒီဓာတ်ပုံလေးထဲမှာ တပ်မတော်ရဲ့ ပုံရိပ်တွေ ထင်ဟပ်နေတယ်။
အဲဒီဓာတ်ပုံထဲမှာ သံကြိုးတုပ်အဖမ်းခံထားရသူတွေဟာ တကယ့်တပ်ပြေးလေးတွေ အစစ်ပါဗျာ။
လူငယ်တွေဟာ တပ်မတော်ထဲကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာကြပြီး ပြဿနာအမျိုးမျိုးနဲ့ ပြန်ထွက်ပြေး နေကြတာ နေ့စဉ်မြင်ကွင်းတရပ်လို ဖြစ်နေပါပြီ။
တပ်မတော်ဆိုတာ လူငယ်တွေအတွက် အဖက်ဖက်က တိုးတက်ဖွံ့ဖြိုးအောင် လေ့ကျင့်သင်ကြားပေးရာ ဌာနကြီးတခုသာ အမှန်ဖြစ်နေခဲ့ရင် ခုလိုမြင်ကွင်းတွေ ပေါ်ပေါက်လာစရာအကြောင်းမရှိပါ။
အရင်တုန်းကဆိုရင် လူငယ်တယောက် တပ်ထဲရောက်သွားပြီး မိဘရပ်ထံခွင့်ပြန်လာတဲ့အခါ ရပ်ထဲရွာထဲက လူတွေ အလေးတယူ တန်ဖိုးထားဆက်ဆံကြ၊ အထင်ကြီး အားကျဂုဏ်ယူကြနဲ့ တော်တော်ကို ကျက်သရေ မင်္ဂလာ ရှိပါတယ်။ အနည်းဆုံး ပြောတာဆိုတာ နေတာထိုင်တာတွေဟာ အရင်နဲ့မတူ ပိပိရိရိ သေသေသပ်သပ် နဲ့ လောကဝတ်ကို နားလည်သိတတ်သူတွေ ဖြစ်လာတတ်ကြပါတယ်။
တချို့ဆို အရင်ရပ်ထဲရွာထဲမှာ နေတုန်းက ကိုယ်တဖက်သတ် ကျိတ်ပိုးပိုးခဲ့ရသူ၊ ကိုယ့်ကိုယောက်ျားတယောက် ရယ်လို့ အားကိုးသမှုမပြုချင်သူ ပျိုဖြူချောက ယူနီဖောင်းလေး သပ်သပ်ရပ်ရပ်ဝတ်ပြီး ခွင့်ပြန်လာတာကို တွေ့ရ တဲ့အခါမှ ဟန်ပန်တွေဖြေလျော့လို့ ကြည်ဖြူမေတ္တာမျှခဲ့တဲ့ အဖြစ်မျိုးတွေ ကြုံဖူးသူ မရှားပါ။
နောက် စစ်သည်တဦး တနယ်တကျေးမှာ အိမ်ထောင်ရက်သားကျတဲ့အခါမှာလည်း မျက်နှာမငယ်ရဘူးလေ။ တပ်ရင်းမှူးက မိဘနေရာမှာ တာဝန်ယူပြီး မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ပေးတာ။ အိမ်ထောင်ကျပြီး တော့လည်း တပ်မှာ နေစရာလိုင်းခန်းက အသင့်။ အဆင့်မီအထက်တန်းကျလှတယ် မဟုတ်သော်လည်း တူနှစ်ကိုယ် ဘဝခရီးအစမှာ ပူပင်ကြောင့်ကြ သိပ်မရောက်ရဘူး။ ခုချိန်မှာတော့ စစ်သည်က တပ်ထဲမှာ ဇနီးသည်က ယောက္ခအိမ်မှာ တကွဲတပြားစီဖြစ်နေသူတွေ မနည်းလှ။
ဟိုးအရင်တုန်းက တပ်ထဲဝင်ဖို့ ခုလောက်မလွယ်လှသေးဘူး။ စစ်သားစုဆောင်းရေးဌာနမှာ ရှိတဲ့တာဝန်ခံ ဆရာတွေက စစ်သည်လောင်းရဲ့ ကိုယ်ရေးရာဇဝင်ကို အမှန်သိရအောင် အပြန်ပြန်အလှန်လှန် စစ်မေးကြတာ။ ကျေနပ် အောင်မေးမြန်းပြီးတဲ့အခါမှာလည်း ကိုယ့်ဆုံးဖြတ်ချက် ခိုင်မခိုင် သေချာထိုင်ပြီး စဉ်းစားခိုင်းသေးတာ။ ဒါနဲ့လည်း မပြီးသေးဘူး။ ဆေးစစ်တာပါ အောင်အုံးမှ။ အိမ်ကနေ ကြုံးဝါးထွက်သွားပြီးကာမှ ဆေးမအောင်လို့ အိမ်ပြန် ရောက်လာသူတွေလည်း ရှိပါတယ်။
ကျနော် ၁၀ တန်းနှစ်မှာ အိမ်ကအစ်မနဲ့စိတ်ဆိုးပြီး တပ်ထဲဝင်ဖို့ အိမ်က ထွက်ပြေးဖူးတယ်။ အလွယ်တကူ လိုက်ရှာလို့မရအောင် ရန်ကုန်အထိသွားဝင်တာ။ မှော်ဘီ၊ မင်္ဂလာဒုံနဲ့ အလုံ စုဆောင်းရေးတွေအထိ ရောက်ခဲ့ပါတယ်။ ဘယ်စုဆောင်းရေးကမှ ကျနော့်ကို လက်မခံခဲ့ဘူး။ ကျနော်ကလည်း အတွေ့အကြုံမရှိ၊ ကျောင်းတက်မလိုလိုနဲ့ လွယ်အိတ်ထဲ အဝတ်ပို ၂ စုံထည့်ပြီး ပြေးလာတာဆိုတော့ ကျောင်းလွယ်အိတ်က ပါလာတယ်။ ဒီတော့ ကျောင်းသားဆိုတာ အလိုလိုပေါ်လွင်နေတာပေါ့။
အဲဒီအချိန်ထိ တပ်ဖွဲ့စည်းပုံ ပုံမှန်အနေအထားလောက်ပဲ ရှိဦးမယ်။ တပ်ကထွက်ခွင့်တင်တဲ့ကိစ္စလည်း ခုလောက် မခက်ခဲသေးဘူးထင်တယ်။ ဒီတော့ ရဲဘော်တွေဟာ ကိုယ်ချင်းစာတရား ထားနိုင်ကြသေးတယ်။
ခုနောက်ပိုင်း ထိပ်ပိုင်းခေါင်းဆောင်ကြီး ကြယ်ငါးပွင့်ရာထူးလိုချင်တာကစပြီး တပ်ထဲမှာ အခြေအနေတွေ ရစရာ မရှိအောင် ဆိုးသွားတော့တာ။ တပ်ဖွဲ့စည်းပုံတွေ အရမ်းကာရောချဲ့၊ တပ်သစ်တွေ အများကြီးတည်၊ လူအင်အား မမျှတနိုင်တော့ ရသမျှလူနည်းမျိုးစုံနဲ့ အဓမ္မစုဆောင်း၊ ရှိပြီးသားလူလည်း ထွက်ခွင့်မပေး၊ သက်သာချောင်ချိရေး ကျတော့ မယ်မယ်ရရမရှိ။
စစ်သည်တွေ တပ်နေပျော်ရေးကိစ္စ ဘယ်လောက်ထိ လစ်လျူရှုသလဲဆိုရင် ကျနော်နေခဲ့ဖူးတဲ့ တပ်မှာ အထက် ညွှန်ကြားချက်အရ တပ်နေပျော်ရေးစီမံချက် ရေးဆွဲကြတယ်။ စာမူကြမ်းရေးတာမှာ ဒုတပ်မှူး၊ ရေး/ထောက် အရာရှိ၊ ရုံးအုပ် စသူတွေက မရေးဘူး။ လက်အောက်ခံ စာရေးတယောက်ကို ရေးခိုင်းတယ်။ ပြီးတော့ စာမူကြမ်းကို တပ်မှူးဆီ မတင်ပြတော့ဘဲ ဒီအတိုင်းပဲ အချောသပ်ရိုက် ရေး/ထောက်အရာရှိက အပြင်အဆင် မရှိ လက်မှတ်ထိုးလိုက်ပြီး စားရိပ်သာ နံရံမှာ ချိတ်ဆွဲထားလိုက်တယ်။ (လူကြီးလာရင် ပြဖို့သက်သက်သာ)
အဲဒီလို စစ်သည်တွေကို ဖြစ်သလိုထားတော့ စစ်သည်တွေကလည်း တာဝန်မဲ့စိတ်တွေ ဝင်လာတာပေါ့။ ခိုင်းတဲ့ အလုပ်ကို တာဝန်ကျေရုံလုပ်တယ်။ အခွင့်သင့်တာနဲ့ အပြင်လစ်ဖို့ စဉ်းစားနေကြတယ်။ အနီးဝန်းကျင် ရပ်ထဲ ရွာထဲမှာ ပြဿနာတွေတက်ကြတယ်။ ခွင့်သွားပြီးရင် ပြန်မလာကြတော့ဘူး။ ဒီလိုနဲ့ တပ်ပြေးဘဝကို ရောက် ကုန်ကြတာ။
တပ်ပြေးပြန်ဖမ်းမိတယ်ဆိုတဲ့နေရာမှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့ကို ရဲက ရှောင်တခင် ဧည့်စာရင်း စစ်ရင်း ပြန်မိကြတာ၊ တချို့ကို သတင်းအရ သွားရောက်ရှာဖွေရင်း ပြန်မိတာ၊ တချို့ကျတော့ စစ်ပြေးဘဝနဲ့ ရပ်ကွက်ထဲမှာ ပြဿနာတက်၊ ရဲစခန်းရောက်၊ အမှုကြီးမယ်ထင်တော့ တပ်ပြေးကိုယ်တိုင်က ကျနော်တပ်ပြေးပါ ဆိုပြီး ဝန်ခံလို့ ပြန်မိတာ။ တပ်ထိန်းတပ်တွေမှာလည်း အခါအားလျော်စွာ တပ်ပြေးဖမ်းဆီးရေး စီမံချက်တွေ ရှိပါတယ်။
ဘယ်လိုနည်းနဲ့မိမိ ရဲက မိထားတဲ့ တပ်ပြေးစစ်သည်ကို နယ်မြေခံ တပ်ထိန်းဆီလွှဲပေးရပါတယ်။ တပ်ထိန်းက တဆင့် သူနဲ့သက်ဆိုင်တဲ့ တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းကို ကြေးနန်းထုတ်ပြီး အကြောင်းကြားရတာ။ ကြေးနန်း ရတဲ့အခါ သက်ဆိုင်ရာ တပ်က ကိုယ်စားလှယ်လွှတ်ပြီး ခေါ်ခိုင်းရပါတယ်။
ကိုယ်တိုင်အဖမ်းခံတာ မဟုတ်ဘဲ ဖမ်းလို့ပြန်မိလာတဲ့သူဟာ အချုပ်ကျထောင်ကျဖြစ်မှာကို အသာတကြည် ဘယ်လက်ခံချင်ပါ့မလဲ။ ဒါကြောင့် ရောက်လေရာမှာ လစ်ရင်လစ်သလို ထွက်ပြေးဖို့ အားထုတ်ကြတယ်။ ဒီတော့ ထွက်ပြေးရင် လူကြားထဲမှာ အလွယ်တကူပေါ်လွင်နေအောင် တပ်ထိန်းအချုပ်ရောက်တာနဲ့ ခေါင်းကို လေးကွက်ကြားရိတ်ပစ်လိုက်ကြတယ်။ အဲဒီကြားထဲကတောင် လွတ်အောင်ထွက်ပြေးနိုင်သူတွေ ရှိကြတယ်။
ဒီလိုလုပ်ကြတာက အမုန်းတရားနဲ့ အငြိုးအတေးထား လုပ်ကြတာ မဟုတ်ပါဘူး။ တပ်ထိန်းနဲ့ တပ်ပြေးစစ်သည် ဆိုတာ အရင်က သိကြဖူးသူတွေမှ မဟုတ်တာ။ ဒီတော့ အမုန်းမရှိ၊ သံယောဇဉ်လည်းမကြီး ပုံမှလူ့ဝတ္တရားအရ ဆက်ဆံကြတာ။ ဒါပေမဲ့ ကိုယ့်လက်ထဲက လွတ်ပြေးသွားရင် ကိုယ့်တာဝန်ပဲ မဟုတ်လား။ အဲလိုဖြစ်တဲ့အခါ သူထွက်ကိုယ်ဝင် ပေးဆပ်ကြရတာ။ ခံခဲ့ရဖူးတဲ့ သာဓကတွေလည်း မနည်းမနောရှိနေတော့ ကိုယ်ဒုက္ခကြုံရ မယ့်အဖြစ်ကို မရောက်အောင် ကာကွယ်ကြ ရတော့တယ်။
ဖမ်းဆီးခေါ်ဆောင်ရာမှာ ကိုယ့်ဘက်က အကာအကွယ်ယူလွန်းလို့၊ ပေါ့ဆလို့ မဖြစ်သင့်ဘဲ နစ်နာခဲ့ရတဲ့ ဖြစ်ရပ်မျိုးလည်း ရှိပါတယ်။ တခါက သင်တန်းကျောင်းက ထွက်ပြေးတဲ့ စစ်သည်တဦးပြန်မိထားတာကို သွားခေါ်သူက လက်ထိပ်နောက်ပြန်ခတ်ပြီး ခေါ်လာပါတယ်။ ချောင်းတခုကို ဖြတ်ကူးတဲ့အခါမှာတော့ ထွက်မပြေးနိုင်ဘူး အထင်နဲ့ ပေါ့ပေါ့ဆဆပဲ နေလိုက်ချိန်မှာ တပ်ပြေးစစ်သည် လှေပေါ်ကခုန်ချသွားပါတယ်။ လက်ထိပ် နောက်ပြန်ခတ်ထားတဲ့အပြင် ရေစီးလည်း သန်တာမို့ အသက်ရှင်လျက် ပြန်ပေါ်မလာတော့ပါဘူး။
ကျနော် ရေတပ်တပ်ထိန်းတပ်မှာ တာဝန်ထမ်းဆောင်ချိန်က ဒီမြင်ကွင်းတွေ နေ့တဓူဝ ကြုံတွေ့နေရတာပါ။ တခါတုန်းက တပ်ပြေးစစ်သည်က အသက်ကြီးကြီး၊ လာခေါ်တဲ့ တပ်ကိုယ်စားလှယ် ဒုတပ်ကြပ်က ငယ်ငယ် ရွယ်ရွယ်။ ဘူတာရုံခေါ်သွားဖို့ လက်ထိပ်ခတ်ကာနီးမှာ ဒုတပ်ကြပ်က အဖိုးကြီးကို လက်အုပ်ချီပြီး တောင်းပန် ပါတယ်။ “ဦးလေးက ကျနော့်အဖေအရွယ်မို့ လက်ထိပ်မခတ်ချင်ပါဘူး။ ဒါပေမဲ့ တာဝန်အရ လုပ်ရတာကို နားလည်ပေးပါ” တဲ့။ အဲလို ယဉ်ကျေးတဲ့ စစ်သည်မျိုးလည်း တွေ့ဖူးပါတယ်။
တပ်ထိန်းမှာ ရိတ်ပေးထားတဲ့ ဆံပင်လေးကွက်ကြား ကိစ္စကတော့ လာခေါ်တဲ့ တပ်ကိုယ်စားလှယ်နဲ့သာ ဆိုင်ပါတယ်။ တချို့က ကိုယ်ချင်းစာတတ်တယ်။ ဒီပုံစံကြီးနဲ့ လူကြားထဲသွားရတာ ဘယ်လောက် အရှက်ရမယ် ဆိုတာကို နားလည်စာနာပေးတယ်။ တပ်ထိန်းတပ်အနီးအနားက ဆံသဆိုင်မှာ ကတုံးရိတ်ပေးပြီးမှ ခေါ်သွား ကြတယ်။ ညှပ်ထားတဲ့ ဆံပင်ပုံကိုမမြင်ရအောင် ဦးထုပ်ခပ်ကြီးကြီး ဆောင်းပေးပြီး ခေါ်သွားသူ တွေလည်း ရှိပါတယ်။ “မင်းအပြစ်နဲ့မင်းပဲ” ဆိုပြီး ခပ်တင်းတင်း ဆက်ဆံသူတွေလည်း တွေ့ရတတ်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေလို့ပဲ ဆိုရမှာပေါ့။
ကျနော်ကတော့ ခုလို တပ်ပြေးနဲ့ တပ်ထိန်း၊ရဲတို့ လိုက်တမ်းပြေးတမ်းကစားနေတဲ့ ဖြစ်ရပ်မှာ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဘူး။ ဒီအထဲမှာ လုပ်စားနေသူအချို့တော့ ရှိပါတယ်။ ဒါက သူ့အကြောင်းနဲ့သူပါ။ အများအားဖြင့်က ကိုယ့်ကိုပေးအပ်လာတဲ့ တာဝန်အရ မလွှဲမရှောင်သာ လုပ်ကိုင်နေကြရတာပါ။ အောက်ခြေစစ်မှုထမ်းဘဝက အထက်ကခိုင်းရင် မဖြစ်မနေလုပ်ပေးကြရတာ ထုံးစံပါပဲ။
တပ်မတော် ခေတ်မီတိုးတက်ရေးဆိုတာ အထက်ပိုင်းတာဝန်ရှိသူအဆင့်ဆင့်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ကသာ အရေးကြီးပါတယ်။ စစ်သည်ဖျက်လို့ တပ်ပျက်မသွားပါဘူး။ စစ်သည်ဆိုတာ ကိုယ်နဲ့တန်ရာတန်ရာ လုပ်ငန်းတာဝန်တွေကို ထမ်းရွက်နိုင်ရင် တာဝန်ကျေပါပြီ။ သူတို့တတွေ လူ့ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်နေနိုင် ဖို့က စီမံအုပ်ချုပ်သူတွေရဲ့ စေတနာနဲ့ စိတ်ဝင်စားမှုအပေါ် တည်မှီနေပါတယ်။
ပြီးတော့ စစ်မှုထမ်းတယ်ဆိုတာကလည်း လူတယောက်ရဲ့ လွတ်လပ်စွာရွေးချယ်မှုအရပဲ ဖြစ်သင့်ပါတယ်။ တပ်ထဲဝင်တဲ့အခါမှာ လွယ်လွယ်ကူကူဖြစ်သလို သတ်မှတ်နှစ်ပြည့်လို့ တပ်ကအနားယူခွင့်တင်တဲ့အချိန်မှာ လည်း မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှု မဖြစ်သင့်ပါဘူး။ တပ်မှာ မနေချင်တော့တဲ့ စစ်သည်တဦးကို အတင်း အကျပ်ဆက်ပြီး အမှုထမ်းခိုင်းတာဟာ စစ်သည်အတွက်သာမက တပ်အတွက်လည်း အကျိုးမရှိနိုင်ပါဘူး။ အခန့်မသင့်ရင် အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်တတ်ပါသေးတယ်။
(ဓာတ်ပုံကိုhttp://www.facebook.com/#!/media/set/?set=a.213620095431398.46972.100003502285310&type=1 မှကူးယူဖော်ပြပါတယ်)
လေးစားစွာဖြင့်--
နေမင်းသူ
၁၀-၈-၂၀၁၂
lu bo

ဘကြီးသက်
Unknown at 12:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝေဟင်ထက်က ကရုဏာရှင် လေယာဉ်မှူး



လေယာဉ်မှူးကြီး ဦးသန်းထွေးကို နေအိမ်တွင်တွေ့ရစဉ်။
ဓာတ်ပုံ-သီဟတိုး

ထားဝယ်မြို့တစ်မြို့လုံး အံ့ဩချီးမွမ်း မဆုံးဖြစ်ခဲ့ရတဲ့ အဖြစ် အပျက်လေးတစ်ခု ထားဝယ်လေဆိပ်မှာ ဇူလိုင်လ ၁၀ ရက် နေ့ ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွား ခဲ့ပါတယ်။
လူသားအချင်းချင်း စာနာထောက် ထားတတ်တဲ့စိတ်ဓာတ်နဲ့ မြန်မာလူ မျိုး တွေရဲ့ တစ်ဦးကိုတစ်ဦး ကူညီဖေးမတတ်တဲ့ ကရုဏာစိတ်ထားတွေ ကို ထားဝယ် မြို့ခံတွေအားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အံ့ဩ ချီးမွမ်းမဆုံးဖြစ်ခဲ့ရ သူ ကရုဏာရှင် လေယာဉ်မှူးအဖြစ် ဂုဏ်ပြုခံရသူ ကတော့ မြန်မာ့လေကြောင်းက လေယာဉ်မှူးကြီး ဦးသန်းထွေးပဲ ဖြစ်ပါ တယ်။
အဲဒီနေ့က ထားဝယ်လေဆိပ်မှာ မြန်မာ့လေကြောင်းပိုင် လေယာဉ် အမှတ် -XY-AGB, U.B S.P.L လေယာဉ်ဟာ ထားဝယ်မြို့ကနေ ရန်ကုန် မြို့ကို ထွက်ခွာ အံ့ဆဲဆဲအချိန် ညနေ ၃ နာရီ ၄၅ မိနစ် လောက်မှာ လေယာဉ်ကွင်းထဲကို လူသုံးဦးနဲ့အတူ လူတစ်ယောက်က ပိုက်တန်း လန်းနဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပိုက်ပြီး "ကျွန်တော့သားလေးရဲ့ အသက်ကို ကယ်ကြပါ"ဆိုပြီး သားသမီးဇော ကပ်နေတဲ့အသံနဲ့ ငိုယိုအော်ဟစ် အကူအညီ တောင်းပြီး အမောတကော နဲ့ ကမူးရှူးထိုး ပြေးလာတာကို ခေါင်းခန်းမှာ လေယာဉ် စထွက်ဖို့ အသင့် ဖြစ်နေတဲ့ လေယာဉ်မှူးကြီး ဦးသန်းထွေးက လေယာဉ်ဦးခေါင်းပိုင်း ပြ တင်းပေါက်ကနေတစ်ဆင့် မြင် လိုက်ရပါတယ်။
ဒါနဲ့ လေယာဉ်မှူးကြီးက ဘာဖြစ်တာ ပါလဲဆိုပြီး စုံစမ်းမေးမြန်း လိုက်တဲ့အခါ ဆိုင်ကယ်အက်ဆီးဒင့် ဒဏ်ရာများကြောင့် သတိမေ့ မြောနေတဲ့ အရေးပေါ် လူနာတစ်ဦးဖြစ်ပြီး ထားဝယ်-ရန်ကုန် ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို လိုက်ချင်ပေမယ့် အရေးပေါ်ဖြစ်နေ တဲ့ အတွက် လက်မှတ်မ၀ယ်ရသေးလို့ အခက်အခဲဖြစ်နေတဲ့ လူနာရှင်မိသားစု လို့ သိလိုက်ရပါတယ်။
ဂလူးကို့စ်ပိုက် တန်းလန်းသွယ်ထား တဲ့ မေ့မြောနေတဲ့သားငယ်ကို ပိုက်ထား တဲ့ အဖေဖြစ်သူက လေယာဉ်မှူးကြီးကို "ကပ္ပတိန်ကြီး လေယာဉ်နဲ့ လိုက်ချင်လို့ ပါ"ဆိုပြီး ဖခင်တစ်ယောက်ရဲ့ သားသမီး အပေါ် စိုးရိမ်ဝမ်းနည်းမှုငိုသံစွက်နေတဲ့ အသံနဲ့ သနားကရုဏာ သက်ဖွယ် အကူ အညီ တောင်းခံလာပါတယ်။
စေတနာကရုဏာရှင် ကိုယ်ချင်းစာ စိတ်ပြည့်ဝသူ လေယာဉ်မှူးကြီး ဦးသန်း ထွေးက ရင်ထဲကဖြစ်လာတဲ့ ကူညီချင်စိတ်နဲ့ လူနာကောင် လေးမိသားစုကို မဆိုင်းမတွဘဲ အကူအညီပေးဖို့ စတင် ဆောင်ရွက်ပါတော့တယ်။
လက်မှတ် မ၀ယ်ရသေးလို့ စိတ်ပူပန်နေတဲ့ လူနာရှင်မိဘကိုလည်း လက်မှတ်ကိစ္စ စိတ်မပူပန်ဖို့ ပြောပါတယ်။ ဒီလက်မှတ်ကို ရန်ကုန် ရောက်မှ စီစဉ် နိုင်ကြောင်းပြောပြီး လေယာဉ်မှူး ဦးသန်း ထွေးနဲ့ တွဲဖက်လေယာဉ်မှူး ဦးမင်းလွင် တို့ဟာ သတိမေ့မြောနေတဲ့ ကလေး ရဲ့ အသက်ကို အချိန်မီကယ်နိုင်ဖို့ ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးကနေ ခွဲစိတ်သမားတော် ဆရာဝန်ကြီးရဲ့ ဆေးထောက် ခံစာနဲ့ လူနာရှင်မိသားစု လေးဦး ရယ်၊ ဆရာမ ဒေါ်စုစုထွေးတို့ရဲ့ နာမည် စာရင်းတို့ကို မှတ်သားစေပြီး လေယာဉ်ပေါ် အမြန်တက်စေ ခဲ့ကာ ထားဝယ်- ရန်ကုန် ခရီးစဉ်ကို အန္တရာယ်ကင်းကင်း မြန်ဆန်စွာ ပျံသန်းမောင်းနှင်ခဲ့ပါ တယ်။
ထားဝယ်မြို့ကနေ ရန်ကုန်ကို တစ်နာရီအတွင်းရောက်ရှိခဲ့ပြီး သတိ မေ့မြောနေတဲ့ လူနာကောင်လေးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို အချိန်မီ ပို့သဆေးကုသနိုင်ခဲ့ပါတယ်။
ထားဝယ် မြို့ လေဆိပ်ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်လေးကို မျက်မြင်ကြုံတွေ့ခဲ့ကြတဲ့ ခရီးသည်တွေနဲ့ ထားဝယ်မြို့ခံတွေ၊ လေယာဉ်ဝန်ထမ်းတွေဟာ လေယာဉ်မှူး ဦးသန်းထွေးရဲ့ လူသားအချင်းချင်း စာနာထောက်ထားစိတ်နဲ့ အကူအညီ ပေးခဲ့တဲ့မြင်ကွင်း ကို အံ့ဩချီးမွမ်းမဆုံး ထားဝယ်မြို့တစ်မြို့လုံး ပြောမဆုံးဖြစ်ခဲ့ ရပါတယ်။
ဒီသတင်းလေးက ထားဝယ်မြို့မှာတင် မဟုတ်ပါဘူး။ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာလည်း စာရေးဆရာ ထားဝယ်သွေးရဲ့ "ဘ၀ တစ်ကွေ့ အတွေ့အကြုံ" မှာ 'အံ့ဩ ချီးမွမ်းဖွယ် လေယာဉ်မှူး' အဖြစ်လည်း ဂုဏ်ပြုချီးမွမ်း ရေးသားဖော်ပြခဲ့ တာမို့ မြန်မာပြည်ရဲ့ အနယ်နယ်အရပ်ရပ်က လည်း ဖတ်ခဲ့သိခဲ့ရတယ်လို့ လေယာဉ်မှူး ကြီးက မြန်မာတိုင်း(မ်)ကို ပြောပါ တယ်။
"ပိုက်တန်းလန်းနဲ့ကလေးကို သူ့အဖေ က ပွေ့ပြီး လေယာဉ်ကွင်းထဲကို အူယား ဖားယားနဲ့ ပြေးလာတာကို မြင်လိုက်ရ တဲ့အချိန်မှာ ဦးကဘာများဖြစ်လို့ပါလဲ ဆိုပြီး စုံစမ်းလိုက်တော့ 'ကလေးက ဆိုင်ကယ်အက်ဆီးဒင့်နဲ့ ရောက်လာ တာ၊ အဲဒါ လေယာဉ်လက်မှတ် တော့ မ၀ယ်ရသေးဘူး၊ လေယာဉ်နဲ့လိုက်ချင် လို့ပါ ရမလား' လို့ မေးတော့ ဦးက 'လိုက်လို့ရပါတယ်ပေါ့' အရေးပေါ်ကိစ္စ ဆိုတော့ ဒီလိုပဲ နားလည်ပေးရမှာပဲ လေ၊ လေယာဉ်လက်မှတ်က ဘယ်မှာ ၀ယ်ဝယ်ရတယ်။
"လက်မှတ်ကိစ္စကို နောက်မှပဲစီစဉ် တော့ ကလေးက အချိန်မီရောက်ဖို့ အရေးကြီးတယ်ဆိုပြီး သူတို့ကို လေ ယာဉ်ပေါ်ခေါ်နိုင်အောင် အရင်စီစဉ်ရ တယ်။ Rules & Regulations အရ ဆိုရင်တော့ ဒါခေါ်လို့မရဘူးပေါ့။ ဒါပေ မယ့်လည်း ဒါကအရေးပေါ်လူနာဖြစ်နေ တဲ့အတွက် သူ့အရေးပေါ်အခြေအနေ ကို ဦးကူညီပေးနိုင်လို့ ကူညီပေးခဲ့တာပါ။ ပြီးတော့ ဒီလိုကူညီပေးလိုက်လို့လည်း တခြားခရီး သည်တွေကို စိတ်အနှောင့် အယှက်မဖြစ်စေဘူးဆိုတော့ သူ့အချိန် နဲ့သူ အချိန်မီရောက်သွားတော့ ဦး ကုသိုလ်ရတာပေါ့" လို့ ဦးသန်းထွေးက ဆိုပါတယ်။
"ဦးတို့အလုပ်က ခရီးသည်တွေ လိုရာ အရပ်ကို အန္တရာယ်ကင်းကင်းနဲ့ အချိန်မီ ရောက်စေချင်တဲ့ ရည်ရွယ်ချက်။ ဒါ လေယာဉ်မှူး တိုင်းရဲ့တာဝန်။ အဲတော့ ဒီလူနာကလေးလည်း အချိန်မီရောက် သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရလို့ ဦးအနေနဲ့ ၀မ်းသာ မိပါတယ်။ အခုလို ဦးတတ်နိုင်သလောက် ကူညီခဲ့ရ တဲ့အတွက်ကော၊ ပြီးတော့ ဦးကူညီခဲ့တာလေးကို အသိအမှတ်ပြုပေးတဲ့ အတွက် ကော တကယ်ကို ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ ပီတိဖြစ်ရပါတယ်" ဟု ဦးသန်းထွေး က သူ့ခံစားချက်တွေကို ပြန်လည်ပြောပြခဲ့ပါ တယ်။
လေယာဉ်မှူးကြီး ဦးသန်းထွေးရဲ့ ပင်ကိုစိတ်ထားက လူတစ်ဖက်သားကို ကူညီရိုင်းပင်းလိုစိတ်ရှိသူတစ်ဦးဖြစ်ပြီး အများက အားကျ ဖွယ် တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်စွာ နေထိုင်တတ်တဲ့ မိသားစုကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပါ တယ်။
ဦးသန်းထွေးဟာ မွေးချင်းမောင်နှမ ခုနစ်ယောက်အနက် တတိယမြောက် သားဖြစ်ပြီး မိမိအထက် အစ်ကိုအစ်မ များအပေါ် ရိုသေ လေးစားမှုရှိသကဲ့သို့ မိမိအောက် ညီ၊ ညီမများ အပေါ်လည်း သနားကြင်နာစွာ အလျှော့ပေး ဆက်ဆံ တတ်သူ ဖြစ်ပါတယ်။
အသက်အရွယ်အားဖြင့် ငါးဆယ် ကျော်ဆိုပေမယ့် အခုချိန်ထိ အလုပ်ကို တက်တက်ကြွကြွနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်လျက် ရှိပြီး ၁၉၇၉ ခုနှစ်က စပြီး တပ်မတော်လေတပ်မှာ တပ်မတော် လေယာဉ်မောင်းခဲ့သူတစ်ဦး ဖြစ်ပါ တယ်။
တပ်မတော်လေတပ်မှာ ခြောက် နှစ်တာ လေယာဉ်မောင်းခဲ့ပြီး လေယာဉ် နည်းပြဆရာသင်တန်းတက်ခဲ့ကာ လေယာဉ်နည်းပြအဖြစ် လေးနှစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၈၉ ခုနှစ်မှာတော့ မင်္ဂလာဒုံလေတပ် မှာ ဖော်ကာလေယာဉ် မောင်းခဲ့ပါသေး တယ်။ အင်ဂျင်လေးလုံးတည်းနဲ့ မောင်းရ တဲ့ ၀ိုင်အိက်စ်လေယာဉ်မျိုးတွေလည်း မောင်းခဲ့ဖူးသူပါ။
၁၉၉၈ ခုနှစ်မှာ ဒုဗိုလ်မှူးကြီးအဖြစ် မိတ္ထီလာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မှူး၊ အုပ်မှူးများအဖြစ်လည်း တာဝန် ယူခဲ့ရတယ်လို့ ဆိုပါ တယ်။
အဲနောက်မှာ လေယာဉ်မှူးသင်တန်း နည်းပြဆရာ အဖြစ်လည်း အက်ဒမင်လုပ်ခဲ့ရပါသေး တယ်။ ၂၀၀၂ ခုနှစ်မှာတော့ မြန်မာ့ လေ ကြောင်း ကိုပြောင်းကာ လေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု လက်ရှိ မြန်မာ့လေကြောင်းမှာ 'မြန်မာ့ လေကြောင်း လေ့ကျင့်ရေးနည်းပြချုပ်' အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း သိရပါတယ်။

ရေးသားသူ-သီဟတိုး
မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)
ဘကြီးသက်
Unknown at 11:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြောရဦးမယ် . . . အဘစိန် ရေ

 ၁၉၅၉ ခုနှစ်တွင် ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက်ထဲ မိခင်၊ ဖခင်တို့၏ နွေးထွေးမှု ပဲ့ပင် သွန်သင်ဆုံးမမှုတို့နှင့် ကြီးပြင်းလာရသည့် ကျွန်တော် … ၊ မိခင်၊ ဖခင်တို့၏နွေးထွေးမှု ရင်ခွင်အရိပ် အာဝါသထဲ ကြီးပြင်းလာရတဲ့ ကျွန်တော် … ၊ (၃) နှစ်သားအရွယ် ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း စစ်အစိုးရ၏ ပုပ္ပလိက စက်ရုံအလုပ်ရုံများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်းခံခဲ့ရသည်။
ထိုအချိန်အခါက မြန်မာပြည်တွင်ရှိ စက်မှု လက်မှုကုန်ပစ္စည်းများ (ပုပ္ပလိက စက်ရုံအလုပ်ရုံထုတ်ပစ္စည်းများ)မှာ ပြည်ပနိုင်ငံများမှ အထူးနှစ်ခြိုက် အားပေးခြင်း ကို ခံခဲ့ရသည်။ သို့သော် စစ်အစိုးရ၏ ပုပ္ပလိက စက်ရုံအလုပ်ရုံများသည် အများပြည်သူတို့နှင့်သာ သက်ဆိုင်သည် ဟူသော ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီများ၊ စက်ရုံအလုပ်ရုံများ၊ ရုပ်ရှင်ရုံများ စသည်တို့ကို သိမ်းဆည်းခြင်းခံခဲ့ရ သည်သာမက စက်ရုံအလုပ်ရုံပိုင်ရှင်များကိုပါ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။ ထိုကဲ့သို့ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်ခဲ့ရာတွင် ကျွန်တော်၏အဖိုး ဦးချစ်မောင် (ခေတ်အကြိုက် နိုင်လွန်စက်) ကျွန်တော်၏ဖခင်၊ ကျွန်တော်၏ ဦးလေးတို့ပါ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။
နုငယ်စဉ် ကာလဖြစ်သည်နှင့်အညီ ကျွန်တော်သည် ထိုအကြောင်းအရာများကို မသိရှိခဲ့ပါ။ ဖခင်၏ နွေးထွေးသော အရိပ်အာဝါသအောက်မှ လွတ်ကင်းခဲ့ရသည်မှာ (၁) နှစ်ခန့် ကြာမြင့်ခဲ့သည်။ မိခင်နှင့် အဒေါ်များ၊ ဦးလေးများ လက်ဝယ်ကြီးပြင်းလာခဲ့ကာ ပညာသင်ကြားခဲ့ရာ သက်တမ်းတစ်လျှောက် ဦးနေဝင်း လက်ထက်တွင် တရုတ်ဗမာအရေးခင်း၊ ဦးသန့်အရေးအခင်း စသည်တို့အား တွေ့ကြုံခံစားခဲ့ရသည်။ ယင်းကဲ့သို့ အရေးအခင်းများ၏ ဖြစ်ရပ်များကြောင့် မီးလောင်လွင်ပြင်များ၊ အော်ဟစ်ပြေးလွှားမှုများ၊ ပစ်ခတ်ဖမ်းဆီးမှုများ၊ ရိုက်နှက်ချုပ်နှောင်မှုများ သည် သိတတ်သည့်အရွယ်ကို ရောက်ပြီဖြစ်သော် ကျွန်တော့်၏ မျက်ဝန်းထဲ၊ နှလုံးသားထဲတွင် ဆိုးဝါးလှသည့် အနိဌာရုံမြင်ကွင်းများ ကိန်းဝပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။
          ထိုမှ တက္ကသိုလ်သို့ရောက်ရှိ၍ ပျော်ရွှင်ဖွယ် ပညာသင်ကြားနေခိုက်တွင် ဘဝပေးကံတရားကြောင့်လားမသိ၊ ရေစက်ကြောင့်လားမသိ ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့် အိမ်ထောင်ကျကာ ဘွဲ့မရခင် နောက်ဆုံးနှစ်တွင် ရုပ်ရှင် သရုပ်ဆောင်အဖြစ် ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့ကြသည်။ ပညာရေးလည်း ဆုံးခန်းတိုင် ဘွဲ့မရ၊ ရှုပ်ထွေးလှ သည့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာခဲ့ခြင်းအပေါ် ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်နေသူ ဖခင်နှင့် မိခင်တို့မှ ကျွန်တော်၏ ဘဝလမ်းကြောင်း မယိမ်းမယိုင်ဖြစ်စေရန် အနုပညာလောကတွင်လည်း စည်းကမ်းရှိစွာဖြင့် ကိုယ်ချင်း စာစိတ်မွေးဖွားနိုင်ရန်အတွက် အနီးကပ်ကြီးကြပ်ပေးခဲ့သည်။ ကျွန်တော်သည် အိမ်ထောင်သည်တစ်ဦး၊ ဖခင်တစ်ဦး ဖြစ်နေပြီဖြစ်ပါသော်လည်း မိခင်၊ ဖခင်တို့သည် ကျွန်တော့်အား ကလေးသဖွယ် မိဘတို့၏ မေတ္တာလွှမ်းခြုံမှုကို ပေးနေမြဲဖြစ်သည်။ အနုပညာလောကတွင် ကျွန်တော်ကြုံတွေ့ခံစားခဲ့ရသော ပြဿနာပေါင်းစုံတို့အား ဖခင်ဖြစ်သူ အား တိုင်ပင်ခြင်း၊ အကြံပြုစေခြင်း၊ ရင်ဆိုင်ဖြေရှင်းပေးစေခြင်း၊ ဆွေးနွေးညှိနှိုင်းစေခြင်းတို့အား ကျွန်တော်သည် အသက် (၄ဝ) ကျော် ၂ဝဝ၇ ခုနှစ်အထိ ဖခင်ဖြစ်သူအား အကူအညီတောင်းလေ့ရှိသည်။ ဖခင်ဖြစ်သူမှလည်း ကျွန်တော်ကြုံတွေ့နေရသော အခက်အခဲပြဿနာပေါင်းစုံတို့အား အသေးစိတ်ညှိနှိုင်းဖြေရှင်းမှုကို ကျွန်တော်၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ကာ အမှန်တရားဘက်မှ ရပ်တည်ဖြေရှင်းပေးခဲ့သော ကျေးဇူးရှင် ဖခင်တစ်ဦး လည်းဖြစ်ခဲ့သည်။ ရုပ်ရှင်လောကတွင် ကျင်လည်နေစဉ်ကာလ ၁၉၈၈ ခုနှစ်၊ (ရှစ်လေးလုံး) အရေးအခင်း ဖြစ်ပေါ် လာစဉ် ကာလ၌လည်း အများပြည်သူဘက်မှရပ်တည်၍ ဆန္ဒတောင်းဆိုပွဲများ၊ ချီတက်ပွဲများ၊ ဟောပြောပွဲများတွင် ပါဝင်လှုပ်ရှားမှုပြုရန် ဖခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့်လည်းကောင်း၊ ကျွန်တော်၏ အများပြည်သူပရိသတ်အပေါ် တိုင်းပြည်အပေါ်ကျေးဇူးဆပ်လိုသောဆန္ဒတို့ဖြင့် ချီတက်ဆန္ဒပြခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အ.ထ.က (၁)ဒဂုံ ကျောင်းတို့တွင် ဟောပြောပွဲစင်မြင့်ပေါ်သို့ တက်ရောက်ဟောပြောခြင်းတို့ကို (ရှစ်လေးလုံး) ကာလ၌ လုပ်ဆောင် ခဲ့သည်။ (ရှစ်လေးလုံး) အဆုံးသတ်လိုက်သော အချိန်ကာလတွင် စစ်ထောက်လှမ်းရေး၏ ခေါ်ယူစစ်ဆေး မေးမြန်း ခြင်းကို ကျွန်တော်ခံခဲ့ရသည်။ ထိုအချိန်ကာလ၌ ဖခင်ဖြစ်သူသည် ကျွန်တော့်အား ခေါ်ယူစစ်ဆေးသည့် မင်္ဂလာဒုံ ထောက်လှမ်းရေး (၆) ရှိရာနေရာသို့ ကျွန်တော်နှင့်အတူ ထပ်ကြပ်မကွာ သားဇောဖြင့်လိုက်ပါခဲ့သည်။
          ထိုကဲ့သို့သော ဖခင်တစ်ဦး၏ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာတို့ဖြင့် နွေးထွေးသော အရိပ်အာဝါသ အောက်တွင် ကြီးပြင်းလာရသည့်ကျွန်တော်သည် သား - ပြည်သိမ်းကျော်နှင့် သမီး - မြင့်မိုရ်ဦးတို့ တက္ကသိုလ် တက်ရောက်သည့်အချိန်ထိ မိဘနှင့်ပတ်သက်လျှင် ကလေးငယ်တစ်ဦးသဖွယ် ဖခင်ဖြစ်သူအား ဆက်ဆံနေဆဲ ဖြစ်သည်။
          ယင်းကဲ့သို့ ကလေးငယ်သဖွယ် မိဘအုပ်ထိန်းသူတို့နှင့် တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ကြီးပြင်း လာသည့် ကျွန်တော်သည် ၂ဝဝ၁ ခုနှစ်၌ ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဘဘဦးသုခနှင့် ပူးပေါင်းကာ လူမှုရေးလုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)အား မိခင်၊ ဖခင် ဆရာတော်ကြီးများ၏ ဆုံးမသြဝါဒများ၊ ဇနီးဖြစ်သူ၏ ကုသိုလ်ရေးလုပ်ကိုင်လိုသော စိတ်ဆန္ဒ ပါရမီဖြည့်မှုများ၊ အများပြည်သူတို့ကို ကျေးဇူးဆပ်လိုသော ကျွန်တော့်၏မေတ္တာတရားများကြောင့် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စရပ်များအား စတင် လုပ်ကိုင်ခဲ့သည်။ ထိုမှတဆင့် နာရေးကိစ္စရပ်အပြင် ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးစသည့် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင် ပေးဆပ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ဖခင်၏ ယုံကြည်စိတ်ချရသော သားကောင်း တစ်ဦးအဖြစ် ကျွန်တော် ဘာသာရေး၊ လူမှုရေးကိစ္စများကို ထဲထဲဝင်ဝင် လုပ်ကိုင်နိုင်ခဲ့သည်။ မိမိကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ အနှောင့်အယှက်များ၊ အတိုက်အခိုက်များကို ကြံ့ကြံ့ခံကာ ရင့်ကျက်သော လူကြီးတစ်ယောက် အနေဖြင့် ဖခင်၏ လောင်းရိပ်အောက်မှထွက်၍ ရင်ဆိုင်နိုင်ခဲ့သည်။ ထိုသို့ ရင်ဆိုင်နိုင်ခြင်းမှာ မိခင်၊ ဖခင်တို့၏ ကျွန်တော့်အပေါ် ယုံကြည်မှု၊ မေတ္တာတရား၊ နားလည်မှုတို့အပြင် ကျွန်တော်၏ ကျင့်ကြံပေးဆပ်ခဲ့သောသီလ၊ သစ္စာတရားများ ကြောင့်ပင်ဖြစ်သည်။
          ထိုမှ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး (သံဃာ့အရေးအခင်း) သံဃာတော်များ စီတန်း လှည့်လည် မေတ္တာပို့သမှုများ ပြုလုပ်သည့်အချိန်တွင် လူမှုရေး၊ ဘာသာရေးများကို လက်ခံကျင့်သုံး ဆောင်ရွက် နေသော လူမှုရေးသမားဖြစ်သည်နှင့်အညီ ကျွန်တော်သည် ရွှေတိဂုံစေတီတော်ရှေ့ဘက် ကြေးသွန်းဘုရားကြီး အရှေ့၌ နေပူပူ၊ မိုးထဲလေထဲ ထီး၊ ဖိနပ်မပါ မေတ္တာပို့သနေသော သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်း၊ ဇနီး ဖြစ်သူ ရွှေဇီးကွက်မှလည်း ရန်ကုန်မြို့ထဲ၌ သံဃာတော်များအား သောက်ရေ၊ လိမ်းဆေး၊ မျက်နှာသုတ်ပဝါများ ဆပ်ကပ်လှူဒါန်းခြင်းတို့ကို ဗုဒ္ဓဘာသာဝင်များပီပီ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ စာနာစိတ်ဖြင့် ဆပ်ကပ်လှူဒါန်းမှုကို ပြုလုပ်ခဲ့ကြသည်။ စက်တင်ဘာ သံဃာ့အရေးအခင်း ပြီးစီးအချိန်ကာလတွင် ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ ပုန်းရှောင်နေသောကြောင့် ကျွန်တော့်၏ ဖခင်ဖြစ်သူအား တစ်နေကုန် ခေါ်ယူစစ်ဆေးမေးမြန်း ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော်တို့သည် ဖခင်ဖြစ်သူအား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ကို ကျွန်တော်တို့ပုန်းရှောင်နေရာမှ သိရှိရကာ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် သက်ဆိုင်ရာအစိုးရဌာနသို့ နေအိမ်တွင် မိမိတို့အား လာရောက်ခေါ်ယူ ဖမ်းဆီးနိုင်ကြောင်း အကြောင်းကြားလိုက်သည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ ပြည်ထဲရေးရုံးနှင့် အောင်သပြေစစ်ကြောရေးစခန်းများတွင် (၈) ရက်နီးပါးခန့် ခေါ်ယူစစ်ဆေးခြင်း ကို ခံခဲ့ရတော့သည်။
          ထိုအချိန်ကာလတွင် ကျွန်တော်တို့၏ နှစ်ဘက်မိဘဆွေမျိုးများ၏ စိုးရိမ်ပူပန်မှုများသည် အမြင့်မားဆုံး ဒီဂရီ တစ်ခုသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုမှတဆင့် သက်ဆိုင်ရာမှ ကျွန်တော်နှင့် ကျွန်တော့်ဇနီးအား အပြစ်မရှိ၍ နေအိမ်သို့ ပြန်လည်လွတ်မြောက်လာချိန်တွင် ကျွန်တော်သည် ရုပ်ရှင်အနုပညာလုပ်ငန်းအား လုပ်ခွင့်မရတော့ချေ။ ထို့ကြောင့် ကျွန်တော်သည် ၂ဝဝ၁ ခုနှစ်မှစ၍ အများပြည်သူတို့အတွက် ပေးဆပ်လုပ်ကိုင်ခဲ့သော လူမှုရေးလုပ်ငန်း တစ်ခုထဲကိုသာ ကုသိုလ်ယူဇောက်ချလုပ်ခဲ့တော့သည်။ ကျွန်တော်အား အနုပညာလုပ်ငန်းများ ပိတ်ဆို့လိုက်သော ပုဂ္ဂိုလ်ကြီးများအားလည်း ကျွန်တော် သာဓု ခေါ်ခဲ့ပါသည်။ ထို့အပြင် အနုပညာ(ရုပ်ရှင်)လုပ်ငန်းအား လုပ်ခွင့် မရသည့်အပေါ် ကျေနပ်စိတ်ချနေမည့်သူကား ကျွန်တော်၏ ဖခင်၊ မိခင်နှင့် ဇနီးသည်တို့ပင် ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆို ကျွန်တော်သည် ရုပ်ရှင်အနုပညာနယ်ပယ်၌ ကျင်လည်စဉ်ကာလအတွင်း၌ ရှုပ်ထွေးလှသော အနုပညာနယ်ပယ်တွင် ပြဿနာပေါင်းစုံ အနည်းနှင့်အများပြုလုပ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် မိမိပြုလုပ် ခဲ့သော ပြဿနာများအား ရင်ဆိုင်ဖြေရှင်းပေးရသော ဖခင်၊ မိခင်နှင့် ဇနီးသည်တို့အတွက် အထုပ်အပိုးကြီးတစ်ခု လျော့ပါးသွားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
          ထိုမှ ၂ဝဝ၈ ခုနှစ်မှစ၍ လူမှုရေးအသင်းအဖွဲ့များ၏ ပြဿနာများအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဦးစီးဦးဆောင် ဖြေရှင်းခဲ့ကာ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ နာရေးကူညီမှုအသင်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၏ နာရေးကိစ္စတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ်မော်တော်ကား၊ နိဗ္ဗာန်ထော်လာဂျီ၊ နိဗ္ဗာန်ရေယာဉ်၊ နိဗ္ဗာန်လှည်း ယှဉ်၊ စတီးဗန်း၊ အလူမီနီယမ်ခေါင်း၊ မီးသင်္ဂြိုလ်စက်၊ သုဿန်ဇရပ်များအား မိမိတို့နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီကာ အလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်၍ အများဆန္ဒအတိုင်း ပံ့ပိုးကူညီ လှူဒါန်းမှုများကို ကျွန်တော်သည် ခေါင်းဆောင်တစ်ဦးအဖြစ် လူကြီးပီသစွာ ဆုံးဖြတ် အကောင်အထည်ဖော်ပေးခဲ့သည်။ ထို့ပြင် အများပြည်သူတို့၏ ကျန်းမာရေးအတွက် သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၊ သုခကုသိုလ်ဖြစ်ဆေးခန်း (ကြို့ပင်ကောက်) စသဖြင့် မြန်မာပြည် အရပ်ရပ်တွင် အများပြည်သူတို့အား (အခမဲ့) ကုသပေးခြင်း၊ ပညာရေးကဏ္ဍ အတွက် ကလေးသူငယ်များအား ပညာသင်ကြားပေးခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်း၊ 4 Skill English၊ ပန်းချီသင်တန်း၊ ကွန်ပျူတာသင်တန်း၊ LCCI သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်နာ သင်တန်း၊ TOT မွမ်းမံသင်တန်း၊ ဂျာနယ်လစ်ဇင်သင်တန်းများ အစရှိသည့် အကျိုးပြုသင်တန်းများအား တတ်သိ ပညာရှင်များနှင့် ပူးပေါင်း၍ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/ သူများအတွက် ဘာသာစုံသင်တန်း၊ ဘ/ကကျောင်းများရှိ ဆရာ/မများအတွက် လစာတိုးမြှင့်ပေးခြင်း၊ ဆေးတက္က သိုလ်တက်ရောက်သည့် ဆေးကျောင်းသား/သူများအတွက် ဆရာဝန်ဖြစ်သည်အထိ သင်ကြားနိုင်ရန်အတွက် လစဉ် ဂုဏ်ပြုငွေများ လှူဒါန်းပေးခြင်းတို့ကို ပညာဒါနကုသိုလ်အဖြစ် ပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော လူမှုရေးလုပ် ဆောင်မှုများ များပြားလာသည်နှင့်အညီ ကြုံတွေ့ရသော ပြဿနာမျိုးစုံတို့အားလည်း ဖခင်ဖြစ်သူ၏ ကူညီပံ့ပိုး ဖြေရှင်းမှုများ မလိုအပ်တော့ဘဲ မိမိတို့၏ အလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်ပင်ညှိနှိုင်း ဖြေရှင်း၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဤသည်မှာ ကျွန်တော်တို့၏သီလ၊ ကျွန်တော်တို့၏ မှန်ကန်သောပေးဆပ်မှု၊ ကျွန်တော်တို့၏ ကုသိုလ်များကြောင့်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆို “ကိုယ်ပြုသောကံ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာ မည်” မဟုတ်ပါလား။
          သို့ရာတွင် ၂ဝဝ၈ ခုနှစ် အချိန်ကာလမှ ဖခင်၏ဦးဆောင်မှု၊ ဖခင်၏လမ်းညွှန်မှု၊ ဖခက်၏အကြံပေးမှု၊ မိဘ၏ တိုက်တွန်းမှု၊ မိဘ၏အရိပ်အာဝါသမှ ရုန်းထွက်ခဲ့ကာ ကိုယ့်သမိုင်း … ကိုယ်ရေးနေသော ကျွန်တော်သည် ယခု အချိန်တွင် ငယ်စဉ်ဘဝကတည်းမှ ၂ဝဝ၇ ခုနှစ် သက်တမ်းတစ်လျှောက် ဖခင်၏နွေးထွေးစွာ အကြံပေးမှု၊ လမ်းညွှန် ပေးမှုတစ်ခုကို လိုလားတောင်းတမှု တစ်ရပ်ဖြစ်ပေါ်ခဲ့ရပြန်သည်။ ထိုတောင်းတမှုသည် ငယ်စဉ်ကလေးဘဝကလို ဖခင်ဖြစ်သူအား အားကိုးတကြီးနှင့် တောင်းဆိုလိုက်ရခြင်းပင်ဖြစ်သည်။
          ယင်း တောင်းဆိုရသည့် ပြဿနာရပ်ကား ကျွန်တော်တစ်ဦးတည်း ဖြေရှင်း၍လည်းမရ၊ ကျွန်တော့်၏ လူမှုရေးရဲဘော်ရဲဘက်များကလည်း မစွမ်းဆောင်နိုင်၊ အများပြည်သူတို့မှလည်း မလုပ်ဆောင်နိုင်သော ဖြစ်ရပ် တစ်ခုပင်ဖြစ်တော့သည်။ ထိုပြဿနာသည်ကား ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တောစွန်းကျေးရွာ၊ ဘူးသခွတ်ကျေးရွာ၊ မကိုက်ပုံကျေးရွာ၊ ဘိုးနတ်ပေးကျေးရွာတို့နှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တို့ရှိ စားကျက်မြေ များ၊ အင်းများ၊ သုဿန်မြေနေရာများတို့အား စီးပွားရေးကုမ္ပဏီကြီးများမှ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူးတို့နှင့် ပူးပေါင်း၍ သိမ်းယူခဲ့ခြင်း ပြဿနာတစ်ရပ်ပင်ဖြစ်ပေသည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးသမားတစ်ဦးဖြစ်သည်နှင့်အညီ သင်္ချိုင်းမြေများ အသိမ်းခံရခြင်း၊ သင်္ချိုင်းမြေများ တူးဖော်ခံရ ခြင်းတို့ ကိစ္စရပ်များအား မလိုလားပါ။ ထိုကဲ့သို့ သင်္ချိုင်းမြေများ အသိမ်းခံရခြင်းကြောင့် နာရေးကိစ္စဖြစ်ပေါ်လာပါက နီးစပ်ရာ နယ်နိမိတ်များအတွင် တိတ်တဆိတ် မြှပ်နှံသင်္ဂြီုလ်ခြင်းများကို တွေ့ကြုံရတော့မည်ဖြစ်ကြောင်း မြင်ယောင် မိတော့သည်။ “သေသောသူသည် သုဿန်သို့သာ သက်သက်သာသာ သွားသင့်သည်” ဟူသော ခံယူချက်အတိုင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်လုပ်ပေးနေသော လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မည်သို့မှ မတတ်နိုင်တော့ ချေ။ သေဆုံးကြသူများသည်လည်း နေ့စဉ်နှင့်အမျှ ဒုနဲ့ဒေး၊ ကူညီပေးဆပ်မည့်သူများကလည်း အသင့်အနေအထား၊ မြေမြှုပ်သင်္ဂြိုလ်ပေးရမည့်နေရာကား နတ္ထိဖြစ်နေသောကြောင့် နာရေးရှင်များ၊ လူမှုရေး နာရေးကူညီမှုအသင်းအဖွဲ့ များသည် မကြာမီကာလအတွင်း အလောင်းဖျောက်ဖျက်မှု၊ အလောင်းခိုးမြှုပ်မှုတည်းဟူသော ရာဇဝတ်မှုကြီးအား ကျူးလွန်ရန်အတွက် ဖိတ်ခေါ်နေသလို ဖြစ်နေတော့သည်။
          ထို့ကြောင့် ဤကဲ့သို့ လက်ငင်းဖြစ်ပေါ်နေသော အဖြစ်ဆိုးကြီး (သို့) လူသားချင်းစာနာထောက်ထားစိတ် ကင်းမဲ့သော ဖြစ်ရပ်မျိုးကို မည်သို့မည်ပုံ ဖြေရှင်းရမည်နည်းဟု တွေးမိကာ ငယ်စဉ်ဘဝကတည်းက ဖခင်မေတ္တာဖြင့် လမ်းညွှန်ပြသခဲ့သော ဖခင်ကြီးအား ငယ်စဉ်ဘဝ ကလေးငယ်တစ်ယောက်လို အားကိုးတကြီး “ပြောရဦးမယ် … အဘစိန်ရေ” ဟု မေးမြန်းအကူအညီ တောင်းလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။
          အကယ်၍များ ဖခင်ကြီးဖြစ်သူ အဘစိန်အနေဖြင့် မဖြေရှင်းနိုင်၊ အကြံမပြုနိုင်ပါက ကျွန်တော်တို့သည် စည်းကမ်းရှိစွာဖြင့် စနစ်တကျ ချီတက်ဆန္ဒပြ တောင်းဆိုပွဲတစ်ရပ်အား သက်ဆိုင်ရာ နိုင်ငံတော်အစိုးရဋ္ဌာနများ၏ ခွင့်ပြုချက်ဖြင့် တရားဥပဒေဘောင်အတွင်မှ “သုဿန်မြေရရှိရေး . . .  ဒို့အရေး” ဟူ၍ တောင်းဆိုခြင်းမှအပ အခြား နည်းလမ်း မရှိနိုင်တော့ချေ။
ကျော်သူ
စာကြွင်း - (ကျွန်တော်၏ ဖခင်ကြီးဖြစ်သူ ဦးစိန်တင်အား အဘစိန်ဟူ၍လည်း ခေါ်ကြပါကြောင်း…..)

  lu bo
 ဘကြီးသက်
Unknown at 11:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂ဝ၁၃ အမှီ ၅ဝဝဝတန်ဖုန်းထွက်ရှိရေး ရွှေပြည်တံခွန်က တင်ဒါဝင်ပြိုင်မည်

၅ဝဝဝတန်ဖုန်း ထုတ်လုပ်မည်ပာု သတင်းထုတ်ပြန် ထားသော ရွှေပြည်တံခွန် ကုမ္ပဏီက ဆင်းကဒ်ထုတ်လုပ် ခွင့်ရရှိရေး အတွက်   မြန်မာ ဆက်သွယ်ရေးမှ ခေါ်ယူမည့် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာ တင်ဒါခေါ်ယူခြင်းအား ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တင်ဒါစည်းမျဉ်း စည်းကမ်းများအား လေ့လာလျှက် ရှိကြောင်း ထိုတင်ဒါ အောင်မြင်မှုနှင့်  ခေါ်ယူချိန် အပေါ်မူတည်၍ ၅ဝဝဝတန်ဖုန်းထွက်ရှိလာမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးလွင်နိုင်ဦးကပြောသည်။

“၅ဝဝဝတန်ဖုန်းထွက်ရှိဖို့ ထွက်ရှိဖို့ ကျွန်တော်တို့ တင်ဒါဝင်ပြိုင်မှာပါ။ ဒီပုံစံအတိုင်း သွားမယ်ဆို ၂ဝ၁၃အမှီ ၅ဝဝဝတန်ဖုန်း ထွက်လာနိုင်ပါတယ်။”ဟု ဦးလွင်နိုင်ဦးက ဆက်လက်ပြောသည်။

အဆိုပါတင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာအတိုင်ပင်ခံအဖွဲ့ များခေါ်ယူပြီးမှသာ တင်ဒါခေါ်ယူ နိုင်မည်ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ဇူလိုင်လ နောက်ဆုံးအပတ်က  မြစ်မခသို့ ပြောကြားမှုအရ သိရှိရသည်။

သို့ သော် နိုင်ငံတကာ အကာအတိုင်ပင်ခံခေါ်ယူမှုအား သြဂုတ်(၁)ရက်နေ့တွင် အတိုင်ပင်ခံ ပုဂ္ဂိလ်များ အဖွဲ့ခေါ် ယူမည်ပာုသိရသော်လည်း လက်ရှိအချိန်အထိ အတိုင်ပင်ခံစာရင်းအား ကြေညာခြင်း မရှိသေးကြောင်းကိုလည်း သိရသည်။

အဆိုပါရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် ၅ဝဝဝတန်ဖုန်းထုတ်လုပ်ရန်နည်းပညာမှာ အသင့်ရှိနေပြီး မြန်မာ့ဆက်သွယ်ရေးမှ ခွင်ပြု မိန့်ကျရန်လိုအပ်သဖြင့်  နိုင်ငံတကာတင်ဒါ ဝင်ရောက်ယဉ်ပြိုင် ရခြင်းဖြစ်ကြောင်းသိရသည်။

''ကျွန်တော်တို့အနေနဲ့ ဒီတင်ဒါမှာအောင်မြင်သွားရန် မြန်မာ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီးသား ဖြစ်မှာပါ''ပာု ရွှေပြည်တံခွန်က တာဝန်ရှိသူက ဆက်ပြောသည်။

မြန်မာဆက်သွယ်ရေးအနေဖြင့်  ဇန်နဝါရီလအတွင်းက ၅ဝဝဝတန်ဖုန်းထုတ်လုပ်မည့်စီမံကိန်းအား နည်းပညာအရ အချိန်များစွာယူရဦးမည်နှင့် ဥပဒေကြောင်းအရ ကိုက်ညီမှုမရှိသည့်အတွက် ၅ဝဝဝ တန်ဖုန်း ကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ကြေညာခဲ့ သည်။

အဆိုပါ ၅ဝဝဝတန်ဖုန်း ထုတ်လုပ်ရန်ကိစ္စနှင့် ပတ်သက်၍ လူမှုအဖွဲ့ အစည်းအချို့ ဦးဆောင်မှုဖြင့်  လူထုလက်မှတ်များဖြစ် သမ္မတထံမှ ဆင်းကဒ်ထုတ်လုပ်ရန်တောင် ဝိုင်းဝန်းတောင်းဆို ခဲ့ကြောင်း ကိုလည်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၁၈၈၄ခုနှစ်မှစတင်၍ တယ်လီဖုန်းဝန်ဆောင်မှုများ စတင်အသုံးပြုခဲ့ ရာ အိတ်ချိန်း ဌာန ၈၈၇ခု ၊အော်တိုနှင့် လက်သုံးဖုန်းလိုင်းအင်အား ၇၃၄၂၁၉ လိုင်း၊ မိုက်ခရိုဝေ့စခန်း ၂၂၉ခု၊ မိုက်ခရိုဝေ့လိုင်းစက်ကြောင်း ၁ဝ၆ခု ၊မိုက်ခရိုဝေ့ခယ်နယ်ပေါင်း ၅ဝ၂၂ဝ ရှိခဲပြီးဂြုလ်တုဆက်သွယ် ရေးမြေပြင်စခန်း ၂ခုနှင့်  ဂြုလ်တုဆက်သွယ်ရေးချယ်နယ် ၆ဝ၃ခုနှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုချယ်နယ် ၁၇၆၄ ခုအား တပ်ဆင်ပေးခဲ့ပြီး ယခုတင်ဒါခေါ်ယူပြီးပါက ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရမည် ဖြစ်သည်။

စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup


ဘကြီးသက်
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမှန်တကယ် ငွေရရှိနိုင်မည့် application တစ်ခုကို Facebook တို့ စတင်လွှင့်တင်




လူမှုရေး ကွန်ရက် ဝက်ဆိုက်ကြီး ဖြစ်သည့် Facebook မှာ ၎င်းတို့၏ ပထမဆုံး လောင်းကြေးဖြင့် ကစားနိုင်မည့် ကစားနည်း တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ လန်ဒန် အခြေစိုက် အွန်လိုင်း လောင်းကစား လုပ်ငန်းကြီး ဖြစ်သည့် Gamesys မှာ Bingo Friendzy ခေါ် အသက် ၁၈ နှစ် ပြည့်ပြီးသူများ ကစားနိုင်မည့် application တစ်ခုကို မိတ်ဆက်လိုက်ကာ ပြိုင်ပွဲဝင်များအတွက် တကယ့် ဆုကြေးငွေများကို ရရှိစေမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုလို လွင့်တင်မှု အတွက် ဗြိတိန်မှ အသင်းဝင်များသာ ကစားနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။ facebook ၏ အဓိက ဂိမ်းလုပ်ငန်း ဆက်စပ်သူ Zynga မှာ ၎င်းတို့ အနေဖြင့် အမှန်တကယ် ငွေကြေး ရရှိစေမည့် လောင်းကစားနည်းများကို အွန်လိုင်းမှတစ်ဆင့် လာမည့် နှစ်အတွင်း မိတ်ဆက်သွားမည် ဖြစ်ကြေင်းလည်း သိရသည်။ ယခုလို လုပ်ဆောင်ချက်များနှင့်အတူ Facebook မှ ပြောရာ၌ ၎င်းတို့ အနေဖြင် အသက်မပြည့်သေးသူများ မကစားနိုင်စေရန် အတွက် age-gating ခေါ် နည်းပညာကို သုံးပြီး စစ်ဆေးမှုများ ပြုလ်ုသွားမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။
 From : MRTV4
ဘကြီးသက်
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားရောဂါထမိတဲ့ ကျွန်မနဲ့ စင်ကာပူနိုင်ငံ



မီးရောင်စုံတွေနဲ့ လှပနေတဲ့ မြို့လည်ကောင်မှာ အ၀တ်သေတ္တာ ခပ်ကြီးကြီးတစ်လုံး ကျောပိုးအိတ်တစ် လုံးကို လွယ်ထားတဲ့ မိန်းကလေးတစ်ယောက် ။ အချိန်ကား ည ၁၀ နာရီတိတိ ။ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝိုင်းကာ အားငယ်ဝမ်းနည်းမှုတွေကို မာန်တင်းဟန်ဖို့နေတဲ့ မိန်းကလေးတစ်ယောက်။
ခြေစုံရပ် နေသော ခြေထောက်တွေ ဦးတည်ရာ တစ်ခုခုကို တွေ့ရှိလိုက်သလို စတင် ရွေ့လျားပါပြီး အ၀တ်သေတ္တာကို ဆွဲကာ ခြေလှမ်းလှမ်းမှန်မှန်ဖြင့်နေရာ တစ်ခုဆီကို ဦးတည်လို့ ထွက်ခွာ
လာပါသည် ။ လမ်းမှာ လူတစ်ယောက်ကို တစ်စုံတစ်ခုမေးလိုက်ပါသေးသည် ။ လေးလွန်းတဲ့ သေတ္တာကို ဆွဲကိုင်လာသော လက်တွေ မခံနိုင်အောင် နာကျင်လှသော်လည်း အံကျိတ်ခံကာ လိုရာရောက်အောင် လျှောက်လာခဲ့သည် ။ ဟော ! တွေ့ပါပြီ။
ဆိုင်းဘုတ်လေး တစ်ခု ။ သူမ သွားနေတာကတော့ မြန်မာတည်းခိုးခန်းတစ်ခုကိုပါ ။ ကောင်တာမှာ အခန်းယူကာ အခန်းရှိရာကို ကိုယ်အိတ်ကိုယ်ဆွဲ တတ်လာခဲ့ပါသည် ။ အခန်းထဲရောက်တယ်ဆိုရင်ဘဲ ခြေပစ်လက်ပစ် ကုတင်ပေါ်လဲလျောင်းလိုက်ရင်း အားရပါးရ ငိုချလိုက်မိပါတော့သည် ။

ကျွန်မဘ၀မှာ မိဘ အရိပ်အောက်မှာ အေးချမ်းစွာ နေလာခဲ့သူပါ ။ သိပ်ကို သွားချင်လှတဲ့ နိုင်ငံခြားဆို တာကြီးကို ကိုယ်ဘာကို ငမ်းငမ်းတက်ရောက်ရှိလာခဲ့သူဆိုလည်း မမှားပါဘူး ။ သူများတွေလို အိမ်အခြေနေကြောင့် ၊ စီးပွားရေးတွေ ကြောင့်လဲ မဟုတ်ဘဲ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ချင် တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ရောက်လာသူပါ ။ ဘ၀ဆိုတဲ့ လောကဇာတ်ခုံကြီးက ဘယ်လောက်ထိ ကျယ်ပြောတယ် ၊ လူတွေက ဘယ်လိုဆိုတာကို ခုမှ ကျွန်မ စတင် သိရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။ ကျွန်မ မြန်မာပြည်ကနေ စင်ကာပူနိုင်ငံကို တစ်ယောက်ထဲ လာခဲ့ပါသည် ။ လေဆိပ်မှာထဲက ကြိုသူမယ့် တစ်ယောက်ထဲ တည်းမယ့်လိပ်စာကို တက္ကဆီငှားရောက်လာခဲ့ပါသည် ။ တည်းမယ့်အိမ်က ကွန်ဒိုတစ်ခု ပါ ။ ကွန်ဒို အဆောင်အဦးရှေ့မှာဘဲ တက္ကဆီက ချပေးခဲ့တာမို့ အခန်းနံပတ်ကိုဂိတ်မှာ ပြောပြကာ ၀င်ဖို့ပြောရပါသည်။ ကံဆိုးစွာ အခန်းမှာ ပြန်ဖြေမယ့်သူမရှိဘူးဆိုတဲ့  secury ရဲ့စကားသံကို ကြားလိုက် ရချိန်မှာကျွန်မဘ၀အတွက် တစ်ယောက်ထဲ ရပ်တည်မှုတွေကို စတင်စေခဲ့ပါတော့သည် ။ ကြီးမားလှတဲ့ ကျွန်မအ၀တ်အိတ်ကို ကြည့်ကာ မျက်လုံးအိမ်မှာ မျက်ရည်တွေ ချက်ချင်းရစ်ဝဲလာခဲ့ပါသည် ။ ဒီအချိန်မှာ ကျွန်မ တောင်းတမိလိုက်တာကတော့ ကျွန်မ ဖေဖေကိုပါ ။
ဖေဖေ ကို ဆက်သွယ်ဖို့ မြန်မာပြည်ကို ဖုန်းခေါ်မှ ရမှာမို့ အရင်ဆုံး ကျွန်မ အိတ်တွေနဲ့ ဖုန်းကတ်ဝယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
လက်ကနာ၇ီကို ငုံ့ကြည့်လိုက်တော့ အချိန်က ည ၁၁ နာရီ ထိုးပါတော့မယ် ။ ဘာလုပ်ရမည်ဆိုတာကို ဦးနှောက်ကို ချက်ချင်းအလုပ်ပေးရပါတော့သည် ။ ကျွန်မတည်းခိုဖို့ အတွက် ဟောတည်တစ်ခုကို အရင်ဆုံးရှာရမယ်တိုတဲ့ အသိနဲ့ ဂိတ်ကိုမေးတော့ နည်းလေးလျှောက်လိုက်ရင် ဟောတည် တစ်ခုရှိတယ်ဆိုတာကို လမ်းညွှန်ပေးတာကြောင့် အိတ်ကိုဆွဲကာ ဟော်တည်ကို ရောက်လာခဲ့ပါတော့
သည်။ အားရအောင် ငိုပြီးချိန်မှာတော့ ရေချိုးလိုက်ပါသည်။ အားလုံးပြီးစီးချိန် နာရီကြည့်လိုက်တော့ ည ၁၂ နာရီခွဲနေပါပြီ ။ ဟော်တည်အပြင်သို့ထွက်ကာ ဖုန်းကတ်တစ်ခုဝယ်ကာ အဖေဆီ ဖုန်းခေါ်ကာ အကျိုးကြောင်းကို ပြောပြလိုက်ပါသည် ။

ကျွန်မတော်တော်ကြာအောင် တွေးခဲ့ရတာတွေကို ဖေဖေက မိနစ်ပိုင်းလေးနဲ့ မြန်မာပြည်ကနေ စီစဉ်ပေးနိုင်ခဲ့ပါတယ် ။ ဖုန်းဆက်ပြီး နာရီဝက်လောက်ဘဲကြာပါတယ် ကျွန်မဆီကို ဖေဖေ မိတ်ဆွေ ဇနီးမောင်နှံ လာတွေ့ပါသည်။ မနက်ကို လာခေါ်မယ် တည်းမယ့်နေရာကို သေချာလိုက်ပို့မယ် ၊ ဘာမှ ကြောက်စရာမရှိဘူးဆိုတာတွေ သေချာပြောပြ မှာကြားပြီး ပြန်သွားကြပါသည်။ မိဘဆိုတာ အဝေး
တစ်နေရာထိ အရိပ်တွေ လိုက်မိုးပေးတယ်ဆိုတာကို ကိုယ်တွေ့ ထပ်မံသိလိုက်ရပြန်ပါသည်။ ဒါကလည်း မကုန်နိုင်တဲ့ မိဘမေတ္တာတစ်ခုပါပဲလေ ။ ဒီလိုနဲ့ ကျွန်မ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ညကို အိပ်စက်လိုက်ပါ တော့သည် ။

နောက်နေ့ မနက်မှ တည်းခိုရမယ့် အိမ်ကို ကျွန်မ ရောက်ရှိခဲ့ပါသည် ။ စင်ကာပူနိုင်ငံ ဆိုတာ အားလုံးက အလုပ်ကိုယ်ဆီနဲ့ စက်ရုပ်လူသားတွေလို ရှင်သန်နေကြတယ်လို့ ကျွန်မတင်စားချင်ပါသည် ။ လူတိုင်းကြည့်လိုက်ရင် အလုအယက် လမ်းသွားနေသူတွေ ။ မျက်လုံးပွင့်တယ်ဆိုတာနဲ့ အလုပ်ကို ပြေးကြရသည် ။ ဒါကြောင့်လည်း ခဏလေးအတွင်း အရမ်းကို တိုးတက်လာခဲ့ခြင်း ဖြစ်နိုင်ပါ
သည် ။ ဒီက လူတွေကို ကြည့်ပြီး စင်ကာပူရောက်မိတ်ဆွေကို ကျွန်မရောက်နေတယ်ဆိုတာကို အကြောင်းကြားဖို့ အားနာ ၀န်လေးနေမိပါသည် ။ ကျွန်မ လျှောက်လည်ချင်သည် ။ mrt စီးကာ မြေပုံ ကိုင်ကာ ကိုယ်ကိုကိုယ် သတ္တိမွေးလိုက်ပါသည် ။ ဒီနိုင်ငံမှာ အရမ်းဈေးကြီးတာကြောင့် ရေဘူးကအစ ကျောပိုးအိတ်ထဲ ထည့်ကာ ကျွန်မ တစ်ယောက်ထဲ လျှောက်လည်တဲ့ ခရီးစဉ်ကို စတင်လိုက်ပါသည်။

စင်ကာပူနိုင်ငံဆိုတာကို ရောက်မှ ကျွန်မအိမ်မှာ အလွယ်တစ်ကူ ရရှိခဲ့သောအရာ အားလုံးသည် ထိုက်တန်သော တန်ဖိုးတွေ ရှိနေပါလားဆိုတာကို ကျွန်မသိရှိနားလည်လာခဲ့ရပါသည် ။ အိမ်မှာ မိုးလင်းတာနဲ့ မျက်စိရှေ့ကို ရောက်ရှိလာတဲ့ ကော်ဖီနဲ့ မုန့်တခုခု (ဒါမှမဟုတ်) ထမင်းကြော် ဒီအစားသောက်တွေဟာ သူများနိုင်ငံမှာ ကိုယ်ပိုက်ဆံနဲ့ ကိုယ် အမှန်တစ်ကယ် ၀ယ်စားရတော့မယ့် အချိန်မှာ ကျွန်မလက်တွေ တွန့်ဆုတ်နေမိပါသည် ။ မိဘ ပိုက်ဆံ ကို လွယ်လင့်တကူ သုံးခဲ့တုန်းက အပြုံးမပျက် ခွင့်လွတ်အပြုံးနဲ့ ကျေနပ်ကြည်ဖြူ ပေးခဲ့တဲ့ ဖေဖေ နဲ့ မေမေ ကို အမြဲလို ပြေးမြင်ခံစား မိပါသည် ။ နိုင်ငံရပ်ခြားမှာ အခြေတကျ အလုပ်လုပ်နိုင်ဖို့ဆိုတာ တစ်ကယ်တမ်းကျ အင်မတန်
မှ ခက်ခဲလွန်းပါတယ် ။ ကျွန်မ အလုပ်ရှာတဲ့ရက်တွေမှာ စိတ်အားငယ်ခြင်း ၊ စိတ်ပင်ခြင်း ၊ အေးဂျင့်က စိတ်မှ ချရဲ့လား ၊ ငါပေးလိုက်မိတဲ့စရံလေးများ ပလုံသွားမလားဆိုတဲ့ ယောက်ယက်ခက်တဲ့ အတွေးပေါင်း မြောက်မြားစွာတဲ့ အိပ်မရတဲ့ ညတွေက အများသား ။ အိမ်က vzo ချက်မယ်ပြောရင်တောင် မျက်ကွင်း ဟောက်ပတ် ကိုယ်ပုံကို မမြင်စေချင်တာကြောင့် တွေ့ချင်ရက်နဲ့ မတွေ့ရတဲ့ ဒုက္ခကတမျိုး  ။

ဒီလို များပြားထွေလီတဲ့ ခံစားချက်တွေကို အံ့တုရင်ဆိုင်ကာ ကြိုးစားနေသော်ညား အလုပ်က အဆင်မပြေ ။ ကဲဘယ်မလဲ ပျော်စရာဆိုတာ ဘယ်သူကလွတ်ခဲ့တာလဲ ? ကိုယ်သဘောနဲ့ ကိုယ်လာခဲ့တာပါ ။ ဟုတ်ပြီ ဘာလို့ အဆင်မပြေတာလဲ ? ပြင်ဆင်မှု အားနည်းခဲ့လို့ပါ ။ ဒါဆို
ဘာလုပ်မလဲ ? ဟုတ်ကဲ့ တွေးနေပါတယ် ဆိုတဲ့ အဖြေနဲ့ အတူ လူက အားအင် ကုန်ခမ်းနေပါပြီ ။ ကျွန်မလက်တွေ့ တစ်ခုကို နမူနာလေးပြောပြချင်ပါသည် ။ ကျွန်မ အလုပ်သွားတင်တဲ့ အေးဂျင့်မှာ အမတစ်ယောက်ကို တွေ့ခဲ့ပါသည်။ သူက မြန်မာပြည်မှာ accounting ကို ၁၀ နှစ်လောက်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူလို့ ပြောပါသည်။ အမှန်တစ်ကယ်ကို လည်း သူတကယ်လုပ်ခဲ့တာပါ ။ အေးဂျင့်က သူကို admin ကနေ စ၀င်ပြီး ကျင့်သားရမှ accounting  ကို ပြောင်းဖို့ ပြောပေမယ့်  အဲဒီအမက သူမှာလုပ်ငန်းအတွေ့ကြုံ ရှိနေပြီးတားမို့မလိုကြောင်းပြောကာ accounting ကနေ စအလုပ်ဝင်ပါသည်။
အလုပ်ဝင်ပြီး တစ်ပတ်အကြာမှာ ဘယ်လိုမှ မတူတာကြောင့် အဆင်မပြေတာတွေ များကာ အေးဂျင့်ဆီ ငိုလို့ရောက်လာချိန် ကျွန်မတွေ့မြင်ခဲ့ရခြင်းပါ ။ ဆိုလိုချင်တာကတော့ နေရာတွေ အထာတွေ ပုံဆံတွေ
ကွာခြားတယ်ဆိုတာကို ပြောချင်တာပါ ။ အင်္ဂလိပ်စကား (သို့မဟုတ် ) တရုတ်စကား (သို့မဟုတ်) မလေးစကားကို ကျွမ်းကျင်စွာပြောတတ်နေဖို့က ပထမဆုံးအရေးကြီးပါသည်။ နောက်တစ်ခုက ဆုံးဖြတ်ချက်ခိုင်မာရမယ် ။ ကိုယ်ကို ကိုယ် ယုံကြည်မှု အပြည့်ဝရှိဖို့လည်း အထူးပင်လိုအပ်ပါသည်။ ကိုယ်ကပြောတတ်ပြီး သူများပြောတာကို နားမလည်သူတွေလည်း တော်တော်များများတွေ့ရပါသည်။ အင်္ဂလိပ်စကားကို ပြောတတ်ဖို့လိုသလို ၊ သူများပြောလာတာကိုလည်း သေချာ သဘောပေါက် နားလည်ဖို့လည်း လိုအပ်ပါသည်။ 
လူကဲခတ်တတ်ဖို့လည်း လိုအပ်ပါသေးသည် ။ အရေးကြီးဆုံးအချက်ကတော့ ကိုယ်ကိုကိုယ် အမှန်တစ်ကယ် ရပ်တည်နိုင်ရဲ့လား သူများနိုင်ငံကို သွားဖို့ငါမှာ အချက်လက် ၊ အရည်ချင်းတွေ ပြည့်စုံပြီလားဆိုတဲ့ အချက်က အဓိက အကျဆုံးအချက်ပါဘဲရှင် ။ ဒီတော့ ကျွန်မလို နိုင်ငံခြားရောဂါထနေသူတွေ ကို ဒီဆောင်းပါးလေးကို ဖတ်ပြီး သေချာ ပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းရင်း လူတိုင်း မိမိလိုရာပန်းတိုင်ကို လျှောက်လှမ်းပျော်ရွင်နိုင်ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးလိုက်မိပါတော့သည်။

*ကေ* 29
  lu bo

ဘကြီးသက်
Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက် လုယက်နေသည့် ဂိုဏ်းမိပြီ

ဘကြီးသက်
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.