Thursday, August 9, 2012
သမ္မတ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှုကို ဦးကျော်ဆန်း လက်မခံ
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က လှို့ ဝှက် စွာ ခေါ် ယူ တွေ့ ဆုံ ပြီး လက် ရှိ တာဝန်ထမ်း
ဆောင် နေသည့် ပြန်ကြား ရေး ၀န်ကြီး ရာထူးနေရာ မှာ နှုတ်ထွက် စာ တင် ရန် တိုက်တွန်း
ချက် ကို ဦးကျော် ဆန်း က လက်မခံ ဘဲ ပယ် ချ လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။
ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို့  ၏ သမ္မတ အိမ်တော် တွင်
သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ဦးသိန်းစိန် အား ဖိတ် ခေါ် ပြီး နှုတ်ထွက် ပြီး အနားယူရန်
တိုက် တွန်း သော်လည်း ဦးကျော် ဆန်း က ငြင်းဆန် ခဲ့ သည်။
ထိုတွေ့ ဆုံ မှု ပြု လုပ် ပြီး နောက် ပြန်ကြား ရေး ၀န်ကြီး ဌာန ၏ အင်တာ နက် စာမျက် နှာ နှင့်
Facebook စာမျက် နှာ များ ဖောက်ထွင်း ခံ ရသည် ဆိုကာ ဦးသိန်းစိန် အစိုးရ ၏ ရိုဟင်ဂျာ
အရေး ကိုင် တွယ် ပုံ အား ဝေဖန် မှု ပြုထား သည့် စာများ တက်ရောက် လာခဲ့ သည်။
ဦးကျော်ဆန်း နှင့် ဦးသိန်းစိန် ၏ တိုက် ပွဲ ကြား တွင် လျှပ်တပျက် ဂျာနယ် အယ်ဒီတာ ချုပ် ဦး
မြတ် ခိုင် ၊ The Voice ဂျာနယ် နှင့် Envoy ဂျာနယ် တို့  မြေစာ ပင် ဖြစ်ရသည် ဟု ရန်ကုန်
မြို့  မှာ စစ်တပ် အရာ ရှိ စာရေး ဆရာ တစ်ဦး က FNG udk ပြောသည်။
ဦးသိန်းစိန် အား လိုလား သူများ က ဦးကျော်ဆန်း ၏ လူယုံ တစ်ယောက် ဖြစ်သော ဦးမြတ်
ခိုင် အား တရား စွဲ ဆို ထား သည့် အမှု များ နောက်ကွယ် က ပါရှိ နေ ပြီး ဦးကျော်ဆန်း က
လက် စားချေ သော အား ဖြင့် ပြည်တွင်း ဂျာနယ် ၂ စောင် ကို ထုတ်ဝေ ခွင့် ပိတ် ပင် မှု ပြု
လိုက် သည် ဟု ဆိုသည်။
အဆိုပါ ထုတ်ဝေခွင့် ပိတ် ပင် ခဲ့  မှု ကြောင့် သတင်းထောက် နှင့် စာနယ်ဇင်း သမား များ ချီတက်
ဆန္ဒပြ မှု ပြု ကြ ပြီး နောက် တွင်  ဦးသိန်းစိန် က ဦးကျော်ဆန်း ကို သတိပေး စကား ဆို ကာ
ခေါ်ယူ တွေ့ ဆုံ ပြီး ၊  နှုတ် ထွက် စာ တင် ခိုင်း ခြင်း ဖြစ်သည်။
Myanmar , President, Information Department
(FNG)
ဘကြီးသက်
Unknown at 4:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဦးမောင်နှင့် တန်ဖိုးနည်းဖုန်း
ဦးမောင်နှင့် တန်ဖိုးနည်းဖုန်း
- သူရဿဝါ -
မြန်မာ့ ဆက်သွယ်ရေးမှ တန်ဖိုးနည်း ဖုန်းဟု ဆိုကာ နှစ်သိန်းတန် ဖုန်းတွေ ချပေး လိုက်သည်။ ဦးမောင် အလွန် ဝမ်းသာ၏။ လက်ကိုင်ဖုန်း ကိုင်ချင် နေတာ ကြာလှပြီ။ ဆယ်လူလာ ခေတ်ဦး တုန်းကလည်း မဝယ်နိုင်။ သိန်း နှစ်ဆယ် လောက် ပေး၍ ကိုင်ရသော ဖုန်းတွေ တုန်းကလည်း အနား မကပ်နိုင်။ ငါးသိန်းတန် ဖုန်းတွေ ပေါ်တော့လည်း ဝယ်ဖို့ရာ ပိုက်ဆံက မမှီမကမ်း တုံးခု၍ပင် မလှမ်းနိုင်။ အခုတော့ ဦးမောင် ဆန္ဒ ပြည့်တော့မည်။ တန်ဖိုးနည်း ဖုန်းဟု ဆိုသဖြင့် စပြီး ချပေး ပေးချင်း နေ့မှာပင် ဝယ်လိုက် မည်ဟု အားခဲထား သော်လည်း နှစ်သိန်း ဆိုတော့ ဦးမောင် မဝယ် နိုင်သေး။ ဝယ်သူများ ကြိတ်ကြိတ်တိုး နေသည့် ဖုန်းဆိုင် များကို မစားရ ဝခမန်း ကြည့်နေ ခဲ့ရသည်။
ဟုတ်တယ်လေ .. သူများတွေ အတွက် တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် ဦးမောင်လို ကုမ္ပဏီ ဝန်ထမ်း လခစား တစ်ဦး အတွက်တော့ နှစ်သိန်းကို နှစ်လလောက် စုလိုက် ရသည်။ ဒါတောင် ဟမ်းဆက်ဖိုးကို ယောက္ခမ ဆီက ပြန်ချေး ရဦးမှာ။
ဖုန်း ဝယ်နိုင်သည့် နေ့ကို ရောက်တော့ ဦးမောင် အစောကြီး အိပ်ယာက နိုးသည်။ ဝမ်းသာလုံး ဆို့ပြီး ဘာမဆိုင် ညာမဆိုင် ဘုရားစင်ရှေ့ ထိုင်ကာ “ဘေးမသီ ရန်မခ ပါစေနဲ့” ဟု ယောင်ပြီး ရှိခိုး ဆုတောင်း မိသေးသည်။ ပြီးမှ သူ့ဟာသူ ပြန်သတိရ သွားသည်။ အို .. ခရီးသွား မှာမှ မဟုတ်တာ ဟူ၍။ လိုင်းဝယ် ပြီးတော့ ဖုန်းဆိုင်မှာ ဟမ်းဆက် ဝယ်ရမည်။ ဖုန်းဆိုင် တစ်ဆိုင်ထဲ ဝင်သွားမိ၏။ ဟမ်းဆက် လာဝယ် ကြသည့် လူတွေ ကလည်း အလကား ဝေနေ သလား မှတ်ရ လောက်အောင် ကြိတ်ကြိတ်တိုး။ ဦးမောင် အနားကို ဖုန်းဆိုင်မှ အရောင်း ဝန်ထမ်း ကောင်မလေး တစ်ယောက် ကပ်၍ လာသည်။
“ဦး .. ဘာများ အလိုရှိ ပါသလဲရှင် ..”
“မဟမ်းတဲ့စက် လိုချင်လို့ပါကွယ်”
“အို .. ဟမ်းဆက် လုပ်ပါ ဦးရဲ့”
“ညည်း ဘာသိလို့တုန်း … ငါတော့ ဟမ်းတာ တွေချည်း ခဏခဏ မြင်ရတာ”
“အဟိ .. ဦးကလည်း စက်ပစ္စည်း ကတော့ ဒီလိုပဲပေါ့ … ကဲ .. မဟမ်းအောင် ကောင်းတဲ့ ဟမ်းဆက် လေးတွေ ကိုင်လိုက် … သမီး ပြပေးမယ်”
“အေး … အေး”
“ဦး … ဒါလေးက အိုင်ဖုန်း … တပ်ခ်ျ သိပ်ကောင်းတယ် … ဗီဒီယို ဓါတ်ပုံ အတွက်လည်း စိတ်မပူနဲ့ … မက်ဂါ ပစ်ဇယ် ရှယ်ပဲ … ဈေးကတော့ လေးသိန်းကျော်ပေါ့”
“ဟဲ့ … ဓါတ်ပုံ ဗီဒီယို ကောင်းလည်း ငါက ရိုက်ကူးရေး လုပ်စားမှာ မဟုတ်ဘူး .. လေးသိန်းဆို နောက်ထပ် ဖုန်းလိုင်း နှစ်လိုင်း ထပ်ဝယ်လို့ ရတယ်ဟဲ့”
ကောင်မလေး နည်းနည်း တွန့်သွားသည်။ သို့သော် လက်မလျှော့ .. နောက်တစ်လုံး ထပ်ထုတ် လာသည်။
“ဦး .. ဒါလေးက ဆမ်ဆောင်း”
“ဟဲ့ .. ဆိုင်မှာကတည်းက စောင်းနေတယ် ဆိုတော့ .. ငါ့အိမ်ရောက်လည်း ပြန်တည့်လို့ မရရင် ဘယ်လိုလုပ်”
“ဟာ .. ဆိုင်စောင်း မဟုတ်ဘူး .. ဆမ်ဆောင်းပါ ဦးရ .. သူလည်း ကောင်းတယ် … ဂလက်စီ အက်စ်တူးလေ .. ဂရပ်ဖစ် သိပ်ကောင်းတာ … စိုနေတာပဲ .. ဈေးကတော့ သုံးသိန်း”
“ဟယ် .. ဂရပ်ဖစ် ကောင်းလည်း ဒီဖုန်းကြီး ငါက ကိုယ့်ရည်းစားလို တစ်ချိန်လုံး မျက်တောင် မခတ် ထိုင်ကြည့် နေမှာမှ မဟုတ်တာ … မယူဘူး”
ဦးမောင် ဘုတော လိုက်တော့ ကောင်မလေး ဆမ်ဆောင်း ပြန်သိမ်း သွားပြီး နောက်တစ်လုံး ယူလာ ပြန်သည်။
“ဦး .. ဒါကတော့ ဆိုနီ အဲရစ်က်ဆင် .. အိတ်စ်ပီးဒီးယား နီယိုတဲ့ .. အန်ဒွိုက် ဗားရှင်း သိပ်မြင့်တာ .. ဈေးက သိပ်မများပါဘူး .. နှစ်သိန်းခွဲ”
“တော်ပါဟယ် … အန်ဒွိုက် ဗားရှင်းတွေ ဗားရှုပ်တွေ မသိပါဘူး … နှစ်သိန်းခွဲ ဆိုကတည်းက စိတ်မဝင်စား တော့ဘူး”
ဒီလိုနှင့် ကောင်မလေးက ပြန်သိမ်း သွားလိုက်၊ နောက်တစ်လုံး ဆိုပြီး ယူလာလိုက်၊ ဦးမောင် ငြင်းလိုက်၊ ပြန်ယူ သွားလိုက်နှင့် ဖုန်း အမျိုးအစား ပေါင်းစုံ၍ သွားသည်။ နောက်ဆုံးတော့ ရှစ်သောင်းလောက် ပေးရသော ခပ်လတ်လတ် ဟမ်းဆက် တစ်လုံးကို ရွေး၍ ဝယ်လိုက်သည်။ အလွန် ကြေး(ဂျီး) များသော ဦးမောင် ဝယ်၍  ပြီးမှပဲ အရောင်း ဝန်ထမ်း ကောင်မလေး မှာလည်း သက်ပြင်းချ နိုင်သည်။ ဟမ်းဆက် တွေကလည်း အမျိုးမျိုး အစုံစုံ အဖုံဖုံ ပါပဲ။ နိုကီရာတဲ့၊ ဆိုနီ အဲရစ်ဆင်တဲ့၊ အိုင်ဖုန်းတဲ့၊ ဆမ်ဆောင်းတဲ့၊ အိတ်ခ်ျတီစီ တဲ့၊ ဟာဝေးတဲ့။ တချို့ ဟာလေးတွေ ဆိုလျှင် ကိုက်စား ချင်စရာ လေးတွေ။ ဈေးနှုန်း ကြည့်မိ တော့မှ ကိုက်စား ချင်စိတ် ပျောက်တာ။
သူတို့ ဟာတွေက ထူးဆန်းသည်။ ပါး၍ ပါး၍ လိုက်လာလေ ဈေးက ကြီး၍ ကြီး၍ သွားလေ။ အိုင်ဖုန်း လေးသိန်း ဆိုတော့လည်း ဦးမောင်မှာ အံကြိတ်ရ၊ ဆမ်ဆောင်း သုံးသိန်း ဆိုတော့လည်း ဦးမောင် နှုတ်ခမ်း ကိုက်ရ နှင့်ပေါ့။ ဘယ့်နှယ် သူ့ဟာသူ ဘာတံဆိပ် ဖြစ်ဖြစ်၊ ကင်မရာ ဘယ်လောက် ကောင်းကောင်း၊ ဂရပ်ဖစ် ဘယ်လောက် စိုစို၊ အန်ဒွိုက် ဘယ်လောက် မြင့်မြင့် ဖုန်းဆိုတာ ဆက်လို့ ရဖို့က အဓိက မဟုတ်လား။ ကိုယ်က ဖုန်းခေါ်လျှင် တူ .. တူ .. တူ အသံမြည် ရမည်၊ ကိုယ့်ဆီ ဖုန်းလာလျှင် ဖုန်းသံ မြည်ရမည်၊ ဒါဆို အဆင်ပြေ ပြီပေါ့။ အခုတော့ ဝယ်လာသည့် ဖုန်းက တန်ဖိုးနည်း နှစ်သိန်းတန် ဖုန်းလိုင်း၊ ကိုင်ရမည့် ဟမ်းဆက်က နှစ်သိန်းကို တော်တော် ကျော်ချင် နေသည်။
နောက်ဆုံးတော့ “ကိုယ်က လူလည်ပဲ .. ဒါမျိုး လာလုပ်လို့ ဘယ်ရမလဲ” ဟု ခပ်မာမာ တွေးကာ ဆင်ဖိုးထက် ချွန်းဖိုး ကိုတော့ အကြီး မခံနိုင် ဟူသော သဘောထားဖြင့်  ရှစ်သောင်းတန် ဟမ်းဆက် ကလေးကို ပိုက်၍ ဦးမောင် သူ၏ အိမ်သို့ ရင်ကော့ ခေါင်းမော့ ပြန်လာ ခဲ့လေ တော့သည်။
၈ - သြဂတ်စ် -၂၀၁၂
TechSpace Journal
Volume (1), Issue (20)
Posted by lu bo
ဘကြီးသက်
Unknown at 4:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဝန်းသိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဌကို လာဒ်စားမှုနှင့် တရားစွဲ
 စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဌ
ဦးအောင်မိုး(ဗက-ငြိမ်း)အား စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ မှအောက်ပါ
အချက်များကို မကျေနပ်၍ တရားစွဲဆို လိုက်ကြသည်။
(၁) စစ်မှုထမ်းဟောင်းအဖွဲ့ပိုင်နမ်းခမ်းဘူတာဆိုင်ခန်းအား မိမိသဘောဖြင့်
 ရောင်းချကိုယ်ကျိုးသုံးစွဲခြင်း။
(၂) စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တစ်ဦး၏ နာရေးထောက်ပံ့ငွေအား လက်မှတ်
အတု ထိုးလိမ်လည်ထုတ်ယူ ကိုယ်ကျိုးသုံးစွဲခြင်း။
(၃) တိုးမြှင့်ပင်စင်လစာ ခံစားသော စစ်မှုထမ်းဟောင်းများအား ဆောင်ရွက်ခ
ကျပ်၅ဝဝဝ/ိ-မှ ၁၅ဝဝဝ/ိ-ထိတောင်းခံခြင်း။
(၄) ဝန်းသိုဘူတာ ဆိုင်ခန်းမှအဖွဲ့ ရန်ပုံငွေပေးသွင်းငွေအား စာရင်းဖျောက်
လိမ်လည်၍ကိုယ်ကျိုးသုံးစွဲခြင်း။
(၅) စစ်မှုထမ်းဟောင်းဖော်ထုတ် အိမ်ယာအတွက် ခွင့်ပြုအကွက်(၈ဝ)
ချပေးရာ အကွက်(၂ဝဝ)ရိုက် ၍မြို့ပေါ်ရှိလုပ်ငန်းရှင်များအားရောင်းချခြင်း။ အမှန်တာဝန်ထမ်းဆောင်ခဲ့သူစစ်မှုထမ်းဟောင်းအခိျု့မှာငွေကြေး
 မတတ်နိုင်၍မြေကွက်မရရှိခြင်း။
နာရေးထောက်ပံ့ငွေ အလွှဲသုံးစားမှုအား တရားစွဲဆိုခဲ့ရာ ရောင်းချထား
 သော ပြေစာမူရင်းများ၊ ဦးအောင်မိုးလက်မှတ်အတုထိုးထားသော
ငွေပေးဘောင်ချာများအားတင်ပြခဲ့ပါလျက် ဝန်းသိုမြို့နယ်တရားရုံးမှ
အမှုအားပလပ်လိုက်ခြင်းအတွက် အဖွဲ့ဝင်များမှမကျေမနပ်ဖြစ်ကြသည်။   အမှုအားဆက်လက်တိုင်ကြားရန်အတွက်စီရင်ချက်အားတရားဝင်
ရေးကူးခွင့်လျှောက်ထားခဲ့ရာ ၄င်းတို့တင်ပြထားသောစာချုပ်နှင့်
 ငွေပေးပြေစာအားချန်လှပ်၍ကူးပေးခဲ့ကြောင်း၊  အဖွဲ့ဝင်များမှမေးမြန်းသောအခါမှသာထပ်မံ၍ရေးကူးခွင့်လျှောက်ထား
ကူးစေခဲ့ကြောင်းသိရသည်။
 စစ်မှုထမ်းဟောင်းအိမ်ယာဖော်ထုတ်ရာတွင်လည်း  ခွင့်ပြုထားသောစစ်မှုထမ်းဟောင်းအမည်စာရင်းများတင်ပြီး
 လုပ်ငန်းရှင်များအားရောင်းချထားကြောင်း ၊တစ်ကွက်လျှင်
ကျပ်ငါးသိန်းခန့်ပေါက်နေကြောင်း နှင့် ရောင်းချထားသော
 ငွေများအနက် ကျပ်သိန်းခုနှစ်ဆယ်အား အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ ဒုဦးစီးမှူးမှ ရယူသုံးစွဲထားသည်ဟု ဦးအောင်မိုးမှ
 ပြောကြားကြောင်းသိရသည်။
Myanmar News Now
ဘကြီးသက်
Unknown at 2:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဘယ်တော့မှ မွတ်စ်လင်နိုင်ငံမဖြစ်စေရ
ဒီဓာတ်ပုံဟာ ရန်ကုန်မြို့လယ်ခေါင်က အ.ထ.က (၁) ဒဂုံရှေ့မှာ ရိုက်ထားတာပါ။
ကျနော့်ညီမလေး အပြင်သွားရင်း တွေ့လာပြီး ရိုက်ခဲ့တာပေါ့။ ကျနော့်ကိုလည်း
ပြောတယ် ကိုကိုရေ နောင် နှစ်ပေါင်းများစွာကြာတဲ့အခါ ညီမလေးတို့
တိုင်းပြည်မှာ မြန်မာမိန်းကလေးတွေ ဒီလိုဖြစ်လာရင် မခက်ပေဘူးလားနော်တဲ့။
ကျနော်က တိကျတဲ့စကားတစ်ခွန်းပြောခဲ့တယ်။ မြန်မာမတွေ
ကိုယ်ကျင့်တရားစောင့်ထိန်းနေသမျှ ဘယ်တော့မှ ဒီလိုမဖြစ်လာဘူးလို့။ ကျနော်
မြင်နေရတာက ကုလားတွေ လူပါးဝတာဟာ ကိုယ့်မြန်မာမိန်းကလေးတွေ
အနေအထိုင်မတတ်တာကြောင့်လည်းပါတယ်။
ကျနော့်ကိုယ်တွေ့ပေါ့ဗျာ ... ကျနော် မြန်မာပြည်ခဏပြန်တော့ .. ဘားတစ်ခုကို
သွားခဲ့တယ်။
ရည်ရွယ်ချက်ကတော့ နည်းနည်းပါးပါးသောက်ရုံသက်သက်ပါ။ အဲဒီ့မှာ မိန်းကလေးသုံးယောက်
လောက် ကျနော့်နားကပ်လာပြီး အင်္ဂလိပ်လို မေးတယ်။ သူတို့နဲ့ ဘာညာကိစ္စပေါ့ဗျာ။ ကျနော်က
ပြည်ပမှာ အနေကြာတာရယ် ..မျက်နှာပေါက်ကလည်း မြန်မာနဲ့သိပ်မတူတာရယ်ကြောင့်ဖြစ်မယ်
ထင်တယ် ... ကျနော့်ကို ဂျပန်လား၊ တရုတ်လားတဲ့။ ကျနော်က မသိချင်ယောင်ဆောင်ပြီး ဆက်
သောက်နေတော့ ကောင်မလေးတစ်ကောင်က ကျနော့်ဘေးကို ပူးပူးကပ်ကပ်ဝင်ထိုင်တယ်။ သူတို့
ချင်းလည်း ကျနော့်အကြောင်းပြောနေကြတယ်။ အောက်တန်းစားစကားတွေပေါ့ဗျာ။
ကျနော်လည်း သည်းမခံနိုင်တော့တာနဲ့ မြန်မာလိုပဲ ...မယ်မင်းကြီးမတို့
မြန်းပေတော့ ငါ အရက်
အေးအေးဆေးဆေးသောက်ချင်တယ်လို့ပြောတော့ ... မျက်လုံးလေးတွေပြူးပြီး
ခိုးခိုးခစ်ခစ်နဲ့ ထ
သွားကြတယ်။ လှည့်ကြည့်လှည့်ကြည့်နဲ့။ ခဏနေတော့ ကျနော့် ဘေးဝိုင်းကို
ကုလားတွေလာထိုင်တယ်။ ခုနက ကောင်မတွေကိုလည်းမြင်ရော တစ်ကောင်က ထသွားပြီး
အီတော့တာပဲ။ ဈေးညှိတယ်ပေါ့။ အဲဒီ့အချိန် ကျနော့်စိတ်ထဲ
တစ်မျိုးဖြစ်လာတယ်။ သူတို့ဖာသည်ဆိုပေမယ့် ငါတို့မြန်မာမတွေပဲဆိုတာမျိုး။
အဲဒါကြောင့် ကျနော်က သူတို့ထဲက တစ်ယောက်ကို လက်ယပ်လှမ်းခေါ်ပြီး
မင်းတို့ပြန်ပါတော့လား။ ဒါမှမဟုတ်လည်း တခြားသူနဲ့သွားပါ
ကုလားနဲ့မသွားပါနဲ့လို့ တိုးတိုးတိတ်တိတ်ခေါ်ပြောတယ်။ ဒါ ကျနော့်စေတနာ
စကားပါ။ ကျနော့်ညီမလေးတွေ ရှိပါတယ်။ ပညာသင်ကြတယ်။ ချစ်စရာကောင်းကြတယ်။ လှလှ
ပပလေးတွေ။ မိဘစကားလည်းနားထောင်ကြတယ်။ သူတို့ကို ကျနော့်ညီမလေးတွေနေရာမှာထား
ပြီး တွေးမိလို့ ကျနော်က ခေါ်ပြောမိတာ။ အဲဒီ့အချိန်မှာ
မထင်မှတ်တဲ့တုံ့ပြန်မှုက အဲဒီ့ အမျိုးသမီးက ကျနော့်ကို ဆဲတော့တာပဲ။
နင့်ကို ခေါ်ခိုင်းတုန်းက အိုက်တင်ခံနေပြီး ... အခုကိုယ်
မစားရတော့မှ သူများ လက်ထဲက လာလုနေတယ် ...စသဖြင့်ပေါ့ဗျာ၊ ထပြီး ဟော့တ်ပါလေရော။
ကုလားတွေကပါ ကျနော့်ကို မင်းက ဘာကောင်လဲ ဘာညာနဲ့
ဖြဲမယ့်အဆင်ပေါ့ဗျာ။ကျနော်လည်း ... စေတနာက ဝေဒနာဖြစ်ရတဲ့အပြင်
စောက်ကုလားနဲ့ မလိုက်ပါနဲ့ပြောတာတောင် လာဆဲတော့
ပွဲကြမ်းလေသတည်းပေါ့။ လက်ကလည်း ယဉ်တယ်ဆိုတော့ ကုလား၂ကောင်ရော ကောင်မတွေ
ရော ကောင်းကောင်းသယ်ပေးလိုက်တယ်။ ပါးစပ်ကလည်း စောက်ကောင်မတွေ မင်းတို့ဖာခံတာ
ငါတို့တိုင်းပြည်သိက္ခာမကျစေနဲ့ လို့၊ အကြိမ်ကြိမ်ဆဲမိတယ်။ ၀ိတ်တာတွေ
ဝင်ပြီးရှင်းပေးတော့မှ
ရန်ပွဲလည်း ငြိမ်းသွားတယ်။ ကျနော်က အာခီဒိုကစားဖူးတယ်။ ကာရာတေးရောပေါ့။
ကြုံတုန်းတော့ ကုလားတွေကို ဗျင်းရတာ အတော်လက်တွေ့တယ်။ ကောင်မတွေကိုတော့
စောက်ခွက်ကို တစ်ယောက် နှစ်ချက်လောက်ဆီဖြတ်ရိုက်ပေးလိုက်တယ်။ ကျနော်က
မလိုအပ်ရင် ဘယ်သူ့ကိုမှ ရန်မပြုဘဲ ကိုယ်ချင်းစာတရားအပြည့်နဲ့
ကူညီတတ်သူပါ။ ကျနော့်သွေးထဲမှာ ဆရာဝန်တစ်ယောက်ရဲ့
စိတ်စေတနာတွေလည်းအပြည့်ပါပဲ။ ဒါပေမယ့် အမျိုးဘာသာသာသနာကို ဖျက်ဆီးနေသူ
ညစ်ညမ်းအောင်လုပ်နေသူတွေတွေ့ရင်တော့ ဘယ်လိုမှမနေနိုင်ဘူး။
ကျနော့်ညီမလေးမေးတဲ့မေးခွန်းကို ကျနော် ပြတ်ပြတ်သားသားဖြေချင်လိုက်တာဗျာ။
ငါတို့နိုင်ငံ
ဘယ်တော့မှ မွတ်စ်လင်နိုင်ငံမဖြစ်စေရဘူးလို့။ ဒါပေမယ့် စောက်သုံးမကျတဲ့
အချို့သော ဖာသည်အစ ဆွေကောင်းမျိုးကောင်းမတွေ အဆုံး၊ စောက်ဖုတ်သရမ်းပြီး
လူ့တိရိစ္ဆာန်တွေနဲ့မျိုးပွား
မယ်ဆိုရင်တော့ ရင်လေးစရာပေါ့။ ကျနော်ကတော့ ဗုဒ္ဓဘာသာထွန်းကားရာနယ်မြေအဖြစ် မြန်မာ
ပြည်ကို ကမ္ဘာပျက်တဲ့အထိ ရှိနေစေချင်သေးတယ်။ ကျနော့်မိတ်ဆွေ အပေါင်းအသင်းတွေလည်း
ကိုယ့်ညီမ ကိုယ့်သမီးကို ခေါင်းမြီးခြုံကုလားမအဖြစ် မမြင်စေချင်ကြဘူးလို့
ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ ရတတ်သမျှတော့ တားဆီးရမှာအမှန်ပဲဗျာ
.....။
Myanmar Express
ဘကြီးသက်
Unknown at 10:00 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
ရခိုင်ပြည်နယ်တွင် လုံခြုံရေးကြောင့် အခြေခံပညာ (၃၄၉)ကျောင်း မဖွင့်လှစ်နိုင်သေး
ပဋိပက္ခဖြစ်ပွားမှု တစ်လကျော်ကြာနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၃၄၉) ကျောင်းမှာ လုံခြုံရေးအရ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။
 စစ်တွေ၊မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊ရသေ့တောင်မြို့နယ်တို့တွင် အခြေခံပညာကျောင်း အချို့မှာ ယနေ့(သြဂုတ်လ-၈ရက်နေ့)အထိ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ အရာထမ်းတစ်ဦးက ပြောသည်။
“ တစ်ချို့ကျောင်းတွေက လုံခြုံရေးအရ မဖွင့်သေးတာပါ၊ မဖွင့်ပဲကျန်နေတာက မောင်တောမှ ၁၅၉ကျောင်း၊ ဘူးသီးတောင်မှာ ၁၄၃ ကျောင်း၊ စစ်တွေမှာ ၂၂ ကျောင်း၊ ရသေ့တောင်မှာ ၁၀ကျောင်း၊ ကျောက်တော်မှာ ၁၅ ၊ စုစုပေါင်း ၃၄၉ ကျောင်း ရှိပါတယ်”ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မောင်တောမြို့နယ်တွင် ကျောင်းပေါင်း ၁၅၉ ကျောင်းရှိရာ ယနေ့ထိ မဖွင့်နိုင်သေးကြောင်းကိုလည်း  ၄င်းက ဆိုသည်။
“မောင်တောတစ်မြို့နယ်လုံးက မဖွင့်သေးပါ။ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကိုလည်း မိမိတို့နီးစပ်ရာကျောင်းတွေမှာ စီစဉ်ထားပါတယ်၊ နောက်တဖြည်းဖြည်းကျောင်းတွေ ဖွင့်ဖို့စီစဉ်ထားပါတယ်၊ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့က လုံခြုံရေးအဓိကပါ’’ ဟု ၄င်းက ဆက်ပြောသည်။
 ပဋိပက္ခကြောင့်လုံခြုံရေးအရ တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာရေး ကျောင်းအချို့ကို ဇွန်လ ကတည်းက တစ်လနီးပါးကို ပိတ်ထားခဲ့ရသည်။
“ကျွန်တော်တို့ မင်းပြားဘက်မှာတော့ ဖွင့်ပါတယ်၊ ဒါပေမဲ့ ဘင်္ဂလီတွေနဲ့နီးတဲ့ရွာတွေမှာတော့ မဖွင့်သေးတာ ရှိပါတယ်”ဟု မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာမှ မူလတန်းကျောင်းအုပ်က ပြောသည်။
 အလားတူ စစ်တွေတက္ကသိုလ်ကိုလည်း ယခုလ (၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားသော်လည်း  ကျောင်းတတ်ရောက်နှုန်းမှာ နည်းပါးနေသေးကြောင်း  ဒေသခံများက ဆိုသည်။
မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup
ဘကြီးသက်
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဦးတည်ရာလမ်းကြောင်း ပျောက်သွားခြင်းတဲ့လား
From : စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန
ပြီးခဲ့သည့် ရက်သတ0x081တပတ် အတွင်း ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက် တစ်ခုကို ဖောက်ဖျက်မှုဖြင့် ပြည်တွင်း အပတ်စဉ်ထုတ် သတင်း ဂျာနယ် နှစ်စောင်၏ ထုတ်ဝေခွင့်များကို ယာယီ ရပ်ဆိုင်း လိုက်ကြောင်း သက်ဆိုင်ရာ ဌာနက ထုတ်ပြန်ခဲ့သည်။ ၄င်းထုတ်ပြန်ချက် အပေါ် ပြည်တွင်း၊ ပြည်ပ မီဒီယာ ဌာနများစွာနှင့် စာနယ်ဇင်း အဖွဲ့အစည်း အသီးသီးက အမျိုးမျိုး အဖုံဖုံဝေဖန် တိုက်ခိုက်ခဲ့ကြသည်။
အခိျု့က ပြန်ကြားရေး ၀န်ကြီးဌာန၏ တရား လက်လွတ် အရေးယူမှုဟု ဆိုသည်။ အခိျု့က ဦးတည်ရာ လမ်းပျောက် သွားခြင်းဟု ဝေဖန်သည်။ အခိျု့က ခေတ်ပြောင်း စနစ်ပြောင်းနှင့် နိုင်ငံရေး အခင်းအကျင်းသစ်ကို နားလည်မှု မရှိဘဲ ၄င်းတို့၏ အခန်းကဏ0x081ဍ မှေးမှိန် သွားမည့် အရေးကိုသာ ပူပန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။ အခိျု့က နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်မှုကို နည်းမျိုးစုံဖြင့် ဟန့်တားခြင်းဟု ဆိုသည်။ အခိျု့က ဒီမိုကရေစီ စနစ်ကို တကယ် သွားနေတယ် ဆိုတာကို ပြန်ကြားရေး ၀န်ကြီးဌာနကော သိရဲ့လားဟု ပြက်ရယ်ပြုသည်။ အခိျု့က နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အပြုသဘော အမြင်တွေ၊ အဆိုးမြင် ရှုထောင့်တွေမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လုပ်ရပ်က အဆိုးမြင် ရှုထောင့်တွေကို အနိုင်ပေးကြောင်း သက်သေပြသလို ဖြစ်နေသည်ဟု တိုက်ခိုက်သည်။ အခိျု့က ထုတ်ဝေခွင့်များကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ခြင်း ဖြစ်သည်ဟု မီးလောင်ရာ လေပင့်ဆိုကြပြန်သည်။
လူ့ပတ်ဝန်းကျင်တစ်ခုအတွင်း အဖွဲ့အစည်းတစ်ခုသည် ကြီးမားသော လုပ်ငန်းကိုဖြစ်စေ၊ သေးငယ်သော လုပ်ငန်းကိုဖြစ်စေ အောင်မြင်ရန်အတွက် လုံ့လဝီရိယ ထုတ်ဆောင်ရွက်ရာ၌ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် တွေ့ဆုံဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်မှုရရန် ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုသည်တို့ကို မဖြစ်မနေ လုပ်ဆောင်ကြရသည်။ ယခုအခြေအနေ၌ အထက်တွင် ရေးသား ဖော်ပြခဲ့သကဲ့သို့ စွပ်စွဲဝေဖန်ပုတ်ခတ် ပြောကြား ခဲ့မှုများမှာ ပြန်ကြားရေး ၀န်ကြီးဌာနအဖို့ အထူးပင် စိတ်မကောင်းစရာ ဖြစ်ခဲ့ရသည်။ ရုတ်တရက် ဖြစ်ပွားလာသော ပြဿနာဖြစ်စဉ် တစ်ရပ်အပေါ်၌သာ အခြေခံကြည့်ရှု ဝေဖန်ခြင်းမျိုးမှာ အတိတ်၌ ရရှိခဲ့ပြီးသော သင်ခန်းစာနှင့် အတွေ့အကြုံများကို လည်းကောင်း၊ အနာဂတ် ဖြစ်ပေါ်လာနိုင်သော အရှည်ကိုမှတ်တွေး သုံးသပ် ဆောင်ရွက်မှုများကို လည်းကောင်း မျက်ကွယ် ပြုထားကြသည်ဟု တွေးမြင်နိုင်သည်။
ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာပေ လောကသားများသည် မည်သည့် အရာတွေကို အတိတ်က ဆောင်ရွက် ခဲ့ကြပါသနည်း။ တစ်နည်းအားဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာပေလောကသားများ တစ်ဖက်နှင့် တစ်ဖက် တွေ့ဆုံဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်မှုရရန် ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို မည်သို့ လုပ်ဆောင်ခဲ့ကြပါသနည်း။ အကျဉ်းမျှ ပြန်လည် ဖော်ထုတ် တင်ပြလိုသည်။ နိုင်ငံရေး ပြောင်းလဲလာမှု အခြေအနေများအရ ၂၀၀၅ ခုနှစ် နှစ်ဆန်းတွင် ပြန်ကြားရေး ၀န်ကြီးဌာနသည် မြန်မာ့စာပေ လောက တစ်ခုလုံးနှင့် ထိတွေ့ဆက်ဆံ ပူးပေါင်း ဆောင်ရွက်ရန် အကြောင်း ဖန်ခဲ့ရသည်။ ယင်းအချိန်မှစ၍ ပြန်ကြားရေး ၀န်ကြီးဌာနသည် မြန်မာ စာပေလောကနှင့် လောကသားများ အကျိုးကိုမှတ်တွေး၍ အဖက်ဖက်မှ ဆွေးနွေး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးခဲ့သည်။ ပြည်တွင်း ပုဂ0x081ဂလိက သတင်း လောက၏ မှေးမှိန်နေသော သြဇာအာဏာကို ပြည်သူလူထု အတွင်းပြန်လည် ထွန်းကား တောက်ပလာစေရန် အတွက် ထုတ်ဝေသူ မှတ်ပုံတင်များစွာကို ခွင့်ပြုပေးခဲ့သည်။ တစ်ချိန်က သတင်းဂျာနယ် (၁၀)စောင်ခန့်သာ ရှိရာမှ (၃၀)(၄၀)ခန့်ထိ ဖွံ့ဖြိုးလာခဲ့သည်။ အလားတူပင် အခြားသော ဂျာနယ်၊ မဂ0x081ဂဇင်းနှင့်အထွေထွေ ထုတ်ဝေခွင့် ရာပေါင်းများစွာကိုလည်း ခွင့်ပြုပေးခဲ့သည်။
ထိုစဉ်က တင်းကြပ်ထားသော စိစစ်ရေးမူ အခိျု့ကြောင့် ပြည်တွင်း သတင်းဂျာနယ်များ မှေးမှိန်နေရသည့် အချက်ကို ဖော်ထုတ်၍ နိုင်ငံတော်နှင့် ပတ်သက်သော သတင်းများ၊ ဆောင်းပါးများ ရေးသားနိုင်ရန်၊ ပြည်တွင်း၊ ပြည်ပဆိုင်ရာ သတင်းများကို ပြည်ပ သတင်းဌာနများ၏ သတင်းများအား ကိုးကား ရေးသားနိုင်ရန်၊ နိုင်ငံတကာ သတင်းများကို တင်းကြပ်စွာ စိစစ်ပိတ်ပင်မှုမှ လျော့ပေါ့နိုင်ရန်၊ သဘာဝ ဘေးအန0x081တရာယ် သတင်းများ ခွင့်ပြုပေးရန်၊ ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သော ရေးသားချက်များကို ခွင့်ပြုပေးရန်၊ လူမှုရေး နယ်ပယ်နှင့် ပတ်သက်၍ ဆင်းရဲသား ဘ၀သရုပ်ဖော် ရေးသားချက်၊ ဘာသာရေးနှင့် ဂမ0x081ဘီရဆိုင်ရာ ရေးသားချက်၊ ကမ0x081ဘာပြုမှုဖြစ်စဉ်နှင့် ယဉ်ကျေးမှု ရေစီးကြောင်းအရ လျော့ပေါ့ပေးနိုင်မည့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ အခိျု့ အချက်များ ခွင့်ပြုပေးရန်နှင့် အခိျု့သော မလိုလားအပ်သည့် တားမြစ်ထားသော အချက်များအား လျော့ပေါ့ ခွင့်ပြုရန် စသည်တို့ကို ၂၀၀၅ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့ကစ၍ ပြောင်းလဲ ဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ ပြောင်းလဲ ဆောင်ရွက်ပေးခဲ့မှု များသည်လည်း ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးဦးဆောင်သော စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနနှင့် စာပေလောကသားများ တွေ့ဆုံ ဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်မှုယူ ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့မှ ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် အရောက်တွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ စိစစ်ရေးဆိုင်ရာ မူဝါဒများသည် ယေဘုယျ သဘောသာ ဆန်လွန်းသဖြင့် စာပေလောကသားများ အပေါ် လိုသလို ဆွဲယူကောက်ချက်ချ အရေးယူ နိုင်သည် ဆိုသောအချက်အား လေ့လာဖော်ထုတ်ရန်နှင့် လိုအပ်သလို ပြုပြင် ဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနက မူတစ်ရပ် ချမှတ်ပေးခဲ့သည်။ ယင်းမူဝါဒအရ အထူးသဖြင့် သတင်း လောကသားများသည် စိစစ်ရေးမူများအပေါ်တွင် နားလည် မှန်းဆ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက စိစစ် ထောက်ပြခြင်း ဆိုသည်ထက် မိမိဘာသာ တာဝန်ယူ ဆောင်ရွက်ကြသည့် အလေ့အထ ဖြစ်ထွန်းစေရန် အတွက် လည်းကောင်း စာပေအဖွဲ့အစည်းများ၊ သတင်းဂျာနယ် လောကသားများနှင့် ပူးပေါင်း၍ စိစစ်ရေးမူဝါဒဆိုင်ရာ အသေးစိတ်အချက်များ ရေးဆွဲပြဌာန်းစေခဲ့သည်။ ယင်းအသေးစိတ် အချက်များကို အခြေခံကာ အခိျု့ သတင်း၊ ဆောင်းပါး၊ ၀တ0x081ထုစာမူများအတွက် ဂျာနယ်များအနေနှင့် မိမိတာဝန်မိမိယူ ဆောင်ရွက်စေခြင်းကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူလူထုက အတည်ပြုခဲ့သည့် နောက်ပိုင်း ပြောင်းလဲလာတော့မည့် နိုင်ငံ၏ ဒီမိုကရေစီ အခင်းအကျင်းအား ကြိုတင်မျှော်မှန်းကာ နိုင်ငံရေးနှင့် ဆိုင်သော သမိုင်းကြောင်း၊ သတင်းဆောင်းပါး၊ လတ်တလော နိုင်ငံရေးအခင်းအကျင်းအပေါ် ဝေဖန်သုံးသပ်သော သတင်း ဆောင်းပါးများကို တဖြေးဖြေးချင်း ထည့်သွင်း ဖော်ပြခွင့်ပြုခဲ့သည်။ ယင်းသို့ ထည့်သွင်း ဖော်ပြရာတွင်လည်း စာပေ လောကသားများနှင့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတို့ အပြန်အလှန် တွေ့ဆုံညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲလာသော အခြေအနေများကို သဟဇာတ ဖြစ်စေခဲ့သည်။
၂၀၁၁ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် ပြည်သူက ရွေးချယ်တင်မြှောက်သော ဒီမိုကရေစီအစိုးရ တစ်ရပ် ပေါ်ထွန်းလာခဲ့ရာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာပေလောကသားတို့၏ ပူးပေါင်း ဆောင်ရွက်နေသော အခြေအနေ အရပ်ရပ်ကိုလည်း ထပ်မံ ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည်။ ပြန်ကြားရေး ၀န်ကြီးဌာနသည် ၂၀၁၀ ခုနှစ်ကတည်းကပင် ယင်းအခြေအနေအား ကြိုတင်မျှော်တွေး၍ သုံးသပ် ဆောင်ရွက် ခဲ့သည်။ ပုံနှိပ်ဥပဒေသစ် မပြဌာန်းနိုင်မီ အတောအတွင်း ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေနှင့် စိစစ်ရေး ဆိုင်ရာ ညွှန်ကြားချက်များကို စပ်ကူး မတ်ကူးကာလ အချိန်နှင့် သဟဇာတဖြစ်စေရေးကို ပထမမူဝါဒအနေဖြင့် လည်းကောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်နှင့် သဟဇာတ မဖြစ်နိုင်သဖြင့် ဥပဒေသစ် တစ်ခုရေးဆွဲပြဌာန်း နိုင်ရေးကို ဒုတိယ မူဝါဒ အနေဖြင့်လည်းကောင်း ချမှတ်ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့်ပင်လျှင် ဒီမိုကရက်တစ်အစိုးရ တာဝန်ယူပြီး နှစ်လအကြာ ၂၀၁၁ ခုနှစ်၊ ဇွန်လ၌ ပြန်ကြားရေး ၀န်ကြီးဌာန၏ ပထမမူဝါဒဖြစ်သော ၁၉၆၂ ခုနှစ် ဥပဒေနှင့်အမိန့်ညွှန်ကြားချက်များအား စပ်ကူး မတ်ကူး ကာလနှင့် သဟဇာတဖြစ်စေရေး ပထမအဆင့် စိစစ်ရေးမူဝါဒ ပြောင်းလဲလျော့ချခြင်းကို ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယအဆင့်အားလည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝရီလတွင် တတိယအဆင့်အား လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ မေလတွင် စတုတ0x081ထ အဆင့်အား လည်းကောင်း အဆင့်ဆင့် ပြဌာန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါတွင် ပဉ0x081စမအဆင့် လျော့ချပြောင်းလဲနိုင်ရေးအား စောင့်ကြည့် သုံးသပ်လျက်ရှိပြီး အမြန်ဆုံးပြုပြင် ပြောင်းလဲနိုင်ရေးကိုပါ လျာထား ဆောင်ရွက်နေသည်။
အလားတူပင် ဒုတိယမူဝါဒဖြစ်သည့် ဥပဒေသစ် မူကြမ်းရေးဆွဲရေးနှင့် ပတ်သက်၍လည်း ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၌ ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ အချိန်(၄)လကာလအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပါဝင်သော အစည်းအဝေး (၇)ကြိမ်နှင့် မူကြမ်း ရေးဆွဲရေး အဖွဲ့အစည်းအဝေး အကြိမ်(၂၀) ကျော်ကို ပြုလုပ်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက် နေ့တွင် ပုံနှိပ်မီဒီယာဥပဒေ ပထမမူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့၍ အကြံပြု ပြန်ကြားချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်း၊ ဒုတိယမူကြမ်းကို ၂၀၁၂ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ပေးပို့ပြီး အကြံပြုချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်း၊ ၂၀၁၂ ခုနှစ်၊ မေလ(၂၂)ရက်နေ့တွင် တတိယမူကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့၍ အကြံပြုချက်များအား ဖြည့်စွက် ပြင်ဆင်ခြင်း၊ စတုတ0x081ထမူကြမ်းအား ဇွန်လ(၁၁)ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ပြီး ရှေ့နေချုပ်ရုံးနှင့် တွေ့ဆုံ ညှိနှိုင်းပြင်ဆင် ဖြည့်စွက်ခြင်း၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် ပဉ0x081စမမူကြမ်းအား ရှေ့နေချုပ်ရုံးသို့ ပေးပို့၍ တွေ့ဆုံဆွေးနွေး အကြံပြုပြင်ဆင် ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၄င်းမူကြမ်းကို နိုင်ငံတော် သမ0x081မတရုံးသို့ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့တွင် တင်ပြခဲ့ပြီး နိုင်ငံတော်သမ0x081မတရုံးမှ နိုင်ငံတော်သမ0x081မတ၏ ဥပဒေအကြံပေး အဖွဲ့၏ အကြံပြုချက်များကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် ပြန်လည် လက်ခံရရှိခဲ့သည်။ ယင်းအကြံပြုချက်များ အပေါ် ၀န်ကြီးဌာနက ပြင်ဆင်ဖြည့်စွက်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ သဘောထား ရယူခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖြစ်ပြီး သြဂုတ်လ ဒုတိယပတ်ထဲတွင် နိုင်ငံတော်သမ0x081မတရုံးသို့ ပြန်လည်တင်ပြနိုင်ရန် ဆောင်ရွက်နေသကဲ့သို့ အတည်ပြုသည်နှင့် ဥပဒေမူကြမ်းအား ယခုကျင်းပလျက်ရှိသည့် လွှတ်တော်သို့ပါ တင်ပြနိုင်ရန် လျာထားဆောင်ရွက် နေသည်။
ထိုသို့သော အခြေအနေနှင့် အချိန်အခါမျိုးတွင် စိစစ်ရေး ညွှန်ကြားချက်တစ်ခုအား ချိုးဖေါက်မှုဖြင့် ဂျာနယ်နှစ်စောင်ကို ယာယီ ထုတ်ဝေခွင့် ရပ်ဆိုင်း အရေးယူခဲ့ရသည်။ လက်ရှိ အခြေအနေသည် ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေး အတွက် စပ်ကူးမတ်ကူး ကာလသာဖြစ်ပြီး တည်ဆဲဥပဒေများက အသက်ဝင်လျက် ရှိပါသေးသည်။ အခြေအနေ အချိန်အခါနှင့် သဟဇာတ မဖြစ်သော၊ မကိုက်ညီသော တည်ဆဲဥပဒေပါ အမိန့်ညွှန်ကြားချက်များအား အဆင့်ဆင့် ဖြေလျော့ပေးလျက် ရှိသော်လည်း စည်းမျဉ်း စည်းကမ်းအခိျု့က ကျန်ရှိနေသေးသည်။ ထို့အပြင် ယင်းစည်းမျဉ်း စည်းကမ်းများသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းတည်း အတွက်သာ မဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်ရှိ လူပုဂ0x081ဂိုလ်အားလုံးအတွက်လည်း အကျုံးဝင် လျက်ရှိသည်။ ကျန်ရှိနေသေးသော ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်မညီသည့် လုပ်ဆောင်မူမျိုးအား တစ်ဦး တစ်ယောက်သောသူက ချိုးဖေါက်ခဲ့သည်ကို မသိကျိုးကျွံပြုထားလျှင် အများစုက ပရမ်းပတာဖြစ်လာ နိုင်မှုမျိုးကိုလည်း ထည့်သွင်း သုံးသပ်ကြသင့်သည်။ ထို့အပြင် ယခုအရေးယူမှုမတိုင်မီ တာဝန်ရှိသူနှင့် သက်ဆိုင်ရာဂျာနယ်တို့ နှစ်ဦးနှစ်ဖက်မည်မျှအထိ တွေ့ဆုံဆွေးနွေး နားလည်ပူးပေါင်း ဆောင်ရွက်မှုပြုခဲ့သည်ကို လည်းကောင်း၊ ရွေးချယ်ရန် နည်းလမ်း မရှိတော့သည့်အဆုံး ယင်းကဲ့သို့ အရေးယူ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ကို လည်းကောင်း ဖော်ပြလိုသေးသည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် လက်ရှိအခြေအနေ၌ စာပေများကို စိစစ်ဖြတ်တောက် အရေးယူခြင်း ဆိုသည်ထက် စောင့်ကြည့်ပူးပေါင်း ဆောင်ရွက်ရေးမူဝါဒကို ကျင့်သုံးနေသည်။ သတင်းဂျာနယ်(၄၉) စောင် အပတ်စဉ် ပုံနှိပ် ထုတ်ဝေနေရာ၌ စာပေစိစစ်၏မူဝါဒစည်းမျဉ်း စည်းကမ်းများကို လိုက်နာသည့်ဂျာနယ် (၃၃)စောင်ရှိပြီး (၁၆)စောင်ခန့်မှာ အပတ်စဉ် တစ်ခုမဟုတ် တစ်ခုကို လိုက်နာရန် ပျက်ကွက်နေကြသည်။ ယင်းအတွက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် ဥပဒေစည်းမျဉ်း စည်းကမ်းများဟူသည့် အကြောင်းပြချက်နှင့် မဆင်မခြင် ဆောင်ရွက်မှုမျိုးကို မည်သည့်အခါကမှ မလုပ်ခဲ့ပေ။ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်သည်ပင်လျှင် ကြီးသော အမှုငယ်အောင်၊ ငယ်သောအမှု ပပျောက်အောင်နှင့် ပူးပေါင်း ဆောင်ရွက်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်ကြရန် မူဝါဒချမှတ်ပေးထားသည်။ ထို့ကြောင့် စည်းကမ်းလိုက်နာမှု အားနည်းသော ဂျာနယ်များကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ် ဆွေးနွေးညှိနှိုင်းမှု အမြဲမပြတ် ပြုလုပ်ခဲ့ပြီး သတိပေးစရာ ရှိသည်များကိုလည်း ခေါ်ယူသတိပေး ပြောဆိုခြင်းများပြုခဲ့သည်။
ခေါ်ယူ သတိပေးပြောဆိုသည် ဆိုရာ၌ သက်ဆိုင်ရာ ဂျာနယ်များ၏ ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းနှင့် အဆင်မပြေမှုများကိုပါ အမြဲတမ်းဆွေးနွေးညှိနှိုင်း အဖြေရှာပေးခဲ့သည်။ ခေါ်ယူသတိပေးမှု ပြုရပြီဆိုလျှင် သက်ဆိုင်ရာ ဂျာနယ်တို့သည် စာပေစိစစ်၏တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို မချိုးဖေါက်ရ ဟူသော မီးနီအမှတ်သို့ ရောက်ရှိနေပြီ ဆိုသည်ကို ပြသခြင်းလည်း ဖြစ်သည်။ ယခုထုတ်ဝေ ခွင့်ယာယီ ရပ်ဆိုင်းခံရသော ဂျာနယ်နှစ်စောင်အနက် Envoy ဂျာနယ်သည် ၂၀၁၂ ခုနှစ်၊ မေလ(၅) ရက်နေ့က သက်ဆိုင်ရာ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အား စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ နောက်ဆုံး အဆင့် ခေါ်ယူသတိပေးခြင်းကို ခံထားရသည့် ဂျာနယ်ဖြစ်သကဲ့သို့ The Voice ဂျာနယ်သည်လည်း ၂၀၁၂ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့က အယ်ဒီတာချုပ်နှင့် တာဝန်ခံအယ်ဒီတာတို့ကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက စည်းကမ်းထပ်မံ မချိုးဖေါက်ရန်နှင့် အထူးပူးပေါင်းဆောင်ရွက်ရန် ခေါ်ယူမေတ0x081တာရပ်ခံထားခဲ့ရသည့်ဂျာနယ် ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ပြီးခဲ့သည့် ရက်သတ0x081တပတ်အတွင်းက ယင်းဂျာနယ်နှစ်စောင်၏ စည်းကမ်း မလိုက်နာခဲ့ခြင်းအပေါ် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အခြားရွေးချယ်ရန် နည်းလမ်းမရှိတော့ဘဲ အရေးယူမှု ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
အထက်ဖော်ပြပါ ဖြစ်စဉ်များအရ ပြန်ကြားရေးဝန်ကြီးဌာနက ဂျာနယ်နှစ်စောင်အပေါ် အရေးယူခဲ့ ခြင်းသည် သက်ဆိုင်ရာ ဂျာနယ်များက ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ကို ဖေါက်ဖျက်ခဲ့မှုများအတွက် အကြိမ်ကြိမ် ပူးပေါင်းညှိနှိုင်း မရသည့်အဆုံး သာမန်အရေးယူဆောင်ရွက်မှု တစ်ခုမျှသာဖြစ်သည်ကို တွေ့မြင် ကြရပါမည်။ ယင်းသို့ အရေးယူမှုသည် ဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနေသော အစိုးရ၏ရည်မှန်းချက်နှင့် လုပ်ငန်းဆောင်တာများကို ရပ်တန့်စေရန် လည်းကောင်း၊ နောက်ကြောင်းပြန်လှည့်ရန်လည်းကောင်း၊ လမ်းကြောင်းပျောက်စေရန် လည်းကောင်း စသဖြင့် ဝေဖန်စွပ်စွဲနေကြသော ဖြစ်ရပ်အခြေအနေမျိုး လုံးဝမဟုတ်ဟု အတိအလင်း ငြင်းဆိုလိုသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်မီဒီယာနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရန် ကိစ0x081စအ၀၀ကို မိမိတို့က ခွင့်ပြု၍ စာပေလောကသားတို့ရသည်ဟု မည်သည့်အချိန်ကမျှ မခံယူခဲ့ပါ။ အလားတူပင် စာပေလောကသားတို့က လွတ်လပ်မှု အတွက် တောင်းဆိုမှ ကြံစည်တွေးတော အကောင်အထည်ဖော်ပေး သည်ဟုလည်း မည်သည့်အခါမှ မရှိစေခဲ့ပါ။ စပ်ကူးမတ်ကူး ကာလ၌ အခြေအနေနှင့်အချိန်အခါကို ကြိုတင် သုံးသပ်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် စာပေလောကသားများနှင့် အမြဲမပြတ်တွေ့ဆုံဆွေးနွေး၊ အပြန်အလှန်နားလည်မှုယူ၊ ပူးပေါင်းဆောင်ရွက်ကာ လက်တွေ့နှင့်သဟဇာတဖြစ်အောင် အကောင်အထည် ဖော်သည်သာရှိခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ၏ပုဒ်မ ၇ ၌ ‘’နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်’’ ဟု အတိအလင်း ပြဌာန်းထားပြီး ဖြစ်ပါသည်။ ယင်း၏အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များမှ ပုဒ်မ ၃၅၄ တွင်လည်း ‘’နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက် ခွင့်ရှိသည်’’ဟုဆိုကာ စာပိုဒ်(၄)ပိုဒ်ကို အတိအလင်းပြဌာန်းထားပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်း ချက်များအတိုင်း မမှိတ်မသုန် ယုံကြည်စွာ ကိုင်စွဲချီတက် လျှောက်လှမ်း နေပါသည်။ ထို့အတူ ပြန်ကြားရေး ၀န်ကြီးဌာနသည်လည်း နိုင်ငံတော်အစိုးရ၏ ယန0x081တရား အစိတ်အပိုင်းတစ်ခု အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုအောက်၌ ခံယူအကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ အလားတူ နိုင်ငံသား တိုင်းသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဌာန်းချက်များ နှင့်အညီ လိုက်နာနေထိုင်ကြရန် တာဝန်ရှိသည်။ ဦးတည်ရာလမ်းကြောင်း မပျောက်စေရန်မှာ နိုင်ငံတော်အစိုးရချည်း၌သာ တာဝန်ရှိသည်မဟုတ်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ နေထိုင်ကြရမည့် နိုင်ငံသားတိုင်းတွင်လည်း တာဝန်ရှိပါသည်ဆိုသည့် အကြောင်းကို ရေးသား ဖော်ပြလိုက်ရပါသည်။
Myanmar Express
ဘကြီးသက်
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.