Monday, August 6, 2012
ဘာကြောင့် ခင်ဗျား Blog ကို လူကြိုက်နည်းတာလဲ
ဘာကြောင့် ခင်ဗျား Blog ကို လူကြိုက်နည်းတာလဲ
သူရ (ရေစကြို)
၁၉၉၇ ခုနှစ်က ရိုဘော့ဝစ်စဒမ့်ကွမ် ၀က်ဘ်ဆိုက်မှာ စတွေ့ရတဲ့ ဝေါဟာရတစ်ခုလို့ အဆိုရှိခဲ့တဲ့ Blog ဆိုတဲ့ အသုံးအနှုန်းဟာ ဒီနေ့ မသိ့တဲ့သူ မရှိသလောက်ပဲ။ သူ့ကို စတင်အသုံးပြုခဲ့တဲ့ နာမည်က weblog ပါ။ ဒါပေမဲ့ နောက်ပိုင်းတော့ အတိုချုံးခေါ်ရာကနေ blog လို့ပဲ လူသိ့များလာခဲ့တယ် ဆိုပါတော့။ အဲဒီလိုနဲ့ blog ကိုရေးသားတဲ့ Blogger တွေဆိုတာ ဒီနေ့ခေတ်မှာ မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ မိုးပေါ်မှာ စာရေးတဲ့ blogger တွေ များလာလေ အောင်မြင်တဲ့ Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ မလွယ်ကူလေပေါ့။ ဒီနေရာမှာ အောင်မြင်တဲ့ Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုလို့ စာဖတ်သူ အမြင်မမှားစေချင်ပါ။ အွန်လိုင်းမှာ ပိုက်ဆံရှာနေတဲ့ Blogger တွေရှိသလို စေတနာ မေတ္တာ အပြည့်နဲ့ တက်သလောက် သိ့သလောက် ပြန်လည်မျှဝေပေးနေတဲ့ blogger တွေလဲ ရှိပါတယ်။ ကျွန်တော်ဆိုလိုတဲ့ အောင်မြင်တဲ့ blogger ဆိုတာ ငွေကြေးဥစ္စာပစ္စည်းရရှိမှု ကို ရည်ရွယ်ပြောဆိုခြင်းမဟုတ်ပါ။ ပရိတ်သက် လက်ခံအားပေးမှုကို ဆိုလိုပါတယ်။ အများအားဖြင့်တော့ မိုးပေါ်မှာ စာရေးတဲ့ blogger တစ်ယောက်အနေနဲ့ ပီတိကို စားရပါတယ်။ စာဖတ်သူတွေ လာရောက်လည်ပတ်ကြည့်ရှု့သူတွေရဲ့ စေတနာ မေတ္တာစကား ၊ အားပေးစကားတွေနဲ့ ပီတိ ဖြစ်ရပါတယ်။ “ဒီနေ့ ငါ့ဆိုဒ်ကလေး လူဘယ်နှစ်ယောက် ၀င်တယ်။ ဘယ်နှစ်ယောက် Commands ပေးသွားတယ်” ။ “ငါ့ Facebook Page လေးကို ဘယ်နှစ်ယောက် Like ပေးသွားတယ်”။ စသည်ဖြင့် အွန်လိုင်းပေါ်က ဘယ်သူဘယ်ဝါမှန်းမသိ့တဲ့လူတွေ ၊ ဘယ်ကလာပြီးဘယ်လို စိတ်နဲ့ ကြည့်သွားမှန်း မသိ့တဲ့ သူတွေရဲ့ အားပေးထောက်ခံမှုကို အရသာ ခံရပါတယ်။ တစ်ချို့ကျပြန်တော့လဲ ရယူလိုစိတ် တစ်ခုကို ရှေ့တန်းတင်ပြီး ရေးကြပါတယ်။ Site မှာ လည်ပတ်တဲ့လူများဖို့၊ နာမည်ကြီးဖို့ စသည်ဖြင့် ရည်ရွယ်ပြီး ရေးသားကြတာကိုလည်း တွေ့ရပါတယ်။ ဒီခေတ်ကြီးထဲမှာ ကိုယ်ပိုင် website တစ်ခု ၊ blog တစ်ခုမှ မရှိရင် နည်းပညာသမားဖြစ်ရတာ လူရာမ၀င်သလိုတောင် ခံစားလာရတယ်။ ဒါပေမဲ့ blog တစ်ခုထောင်ပြီး စာရေးမယ်ဆိုပြန်တော့လဲ ကိုယ့် blog လေးကို အတိုင်းအတာ တစ်ခုထိတော့ ကျေနပ်နှစ်သက်အားပေးမှုကို ခံချင်ကြတဲ့ လူမျိုးတွေကြီးပါပဲ။ ကျွန်တော် ပေးထားတဲ့ နာမည်က “ ဘာကြောင့် ခင်ဗျား blog ကို လူကြိုက်နည်းတာလဲ” တဲ့ ။ ခေါင်းစဉ်ကိုက ကိုးလို့ကန့်လန့် ။ ရေးထားတဲ့ အချက်တွေနဲ့ ခင်ဗျား blog နဲ့ တိုက်ဆိုင်မှုရော ရှိရဲ့လား ဖတ်ကြည့်လိုက်ပါဦး ။
(၁) Blog အပြင်အဆင် 
ဒါက ပထမဆုံး စဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ ခင်ဗျား blog မပြည့်စုံမှုတွေရဲ့ နောက်ကွယ်မှာ အပြင်အဆင် Design ဟာလည်း အရေးကြီးပါတယ်။ Blogger Template တွေနဲ့ပါတ်သက်လို့ အွန်လိုင်းမှာ Free ပေးနေတဲ့ site တွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ အဲဒီကနေမှ ခင်ဗျားဟာ မိမိရဲ့ Template ကို ပြင်ဆင်မှု တစ်စုံတစ်ရာ မလုပ်ပဲ ဒီအတိုင်းပဲ လက်လွတ်စဖွယ် အသုံးပြုလိုက်မယ်ဆိုရင်တော့ လာရောက်လည်ပတ်ကြည့်ရှုသူတွေ အနေနဲ့ စိတ်ပျက်စရာ ကိစ္စတွေနဲ့ ကြုံလာနိုင်ပါတယ်။ အဲဒီအတွက် ခင်ဗျားဟာ Blogger တစ်ယောက်အနေနဲ့ HTML, CSS, JavaScript နဲ့ပါတ်သက်တဲ့ Knowledge အနည်းအကျဉ်း ရှိထားမယ်ဆိုရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ Web Designing နဲ့ ပါတ်သက်တာတွေကို တက်နိုင်သလောက် လေ့လာထားသင့်ပါတယ်။ အခုဆိုရင် အွန်လိုင်းမှာ လေ့လာစရာ site တွေဟာလည်း မရေမတွက်နိုင်အောင် များပြားလွန်းနေပါပြီ .... ။ 
(၂) စာလုံးအရွယ်အစား ၊ Fonts 
ခင်ဗျား Blog မှာ ရေးသားထားတဲ့ စာလုံး Fonts တွေဟာ အရမ်းသေးငယ်လွန်းနေရင်၊ အရမ်းကြီးလွန်းနေရင် သို့မဟုတ် Template Colour နဲ့ အဆင်မပြေဖြစ်နေခဲ့မယ်ဆိုရင်တော့ လာလျှောက်လည်ပတ် ကြည့်ရှုသူတွေအနေနဲ့ အခက်အခဲတစ်ခုကို ရင်ဆိုင်နေရသလို ခင်ဗျား Blog ကို နှစ်သက်ကြည့်နူးမှု တွေ လျှော့နည်းသွားစေပါလိမ့်မယ်။ 
(၃) Page Load Time 
ဒီအချက်ကလဲ အရေးကြီးပါတယ်။ ခင်ဗျား blog ရဲ့ loading time က လိုအပ်တာထက် ပိုပြီး ကြာမြင့်နေခဲ့မယ်ဆိုရင် လည်ပတ်ကြည့်ရှု့သူတွေအနေနဲ့ စိတ်ပျက်စရာ ကိစ္စတစ်ခုကို ကျော်ဖြတ်ရပြန်ပါပြီ။ ခင်ဗျား အနေနဲ့ ဒီနေရာမှာ ကျွန်တော့် Blog ရဲ့ loading Time ကို ဘယ်လို မြှင့်တင်ရမလဲ လို့ မေးစရာ ရှိပါတယ်။ Light Template တနည်းအားဖြင့် Simple Template မျိုးကို အသုံးပြုပါ။ Blog တစ်ခုရဲ့ Template ကိုရွှေးချယ်တဲ့ အခါမှာ လိုအပ်တာထက် ပိုနေတာမျိုးတွေ မဖြစ်အောင် ဂရုစိုက်ပါ။ Dead Code တွေကို ဖယ်ရှားပစ်ပါ။ Dead Code ဆိုတာက blog ရဲ့ template ထဲက မလိုအပ်တဲ့ code တွေကို ဖယ်ရှားပစ်ပါ။ နောက်ဆုံး တစ်ခုအနေနဲ့ကတော့ gadget တွေကို လိုတာထက်ပိုပြီး အသုံးမပြုပါနဲ့။ gadget တွေအများကြီး အသုံးပြုထားခြင်းအားဖြင့် မိမိ blog ရဲ့ loading time ကို လိုအပ်တာထက် ပိုပြီး အချိန်ကြာမြင့်စေတာကို တွေ့ရပါတယ်။ 
(၄) Writing Skills 
ခင်ဗျားရဲ့ Blog နဲ့ပါတ်သက်လို ခင်ဗျားကိုယ်တိုင်က အဓိက စာရေးဆရာ တစ်ယောက်ပေါ့။ အကောင်းဆုံး Post တစ်ခု ဖြစ်ဖို့ ဘယ်လိုရေးသားရမယ်၊ ဘာတွေ လေ့လာသင်ယူဖို့ လိုအပ်တယ်ဆိုတာကို ခင်ဗျားကိုယ်တိုင် သေချာ သိ့ဖို့ လိုအပ်ပါတယ်။ ခင်ဗျား blog ရဲ့ post တွေဟာ ကိုယ့်ရဲ့ Target ပေါ်မူတည်ပြီး စိတ်ဝင်စားဖွယ်ကောင်းနေရမယ်။ စာရေးသားရာမှာလဲ အဓိကကျတဲ့နေရာမျိုးတွေကို ဂရုစိုက်ရမယ်။ ဥပမာ- စာလုံးကို Bold တင်သင့်တဲ့ နေရာမျိုးတွေဆို Bold တင်ပေးရမယ်။ Colour ထည့်သင့်တဲ့ နေရာကို Colour ထည့်ပေးရမယ်။ Blog မှာ တင်လိုက်တဲ့ Artical တွေဟာ လိုအပ်တာထက် ပိုပြီး ရှည်လျှားထွေပြားနေမယ်ဆိုရင်လည်း လာရောက်ကြည့်ရှုလည်ပတ်သူတွေ အနေနဲ့ ငြီးငွေ့ဖွယ်ကောင်းလွန်းတဲ့ စာတစ်ပုဒ်ကို ဖတ်ရသလို ဖြစ်နေနိုင်ပါတယ်။ 
(၅) Reply Your Visitor's Queries 
ခင်ဗျား Post တစ်ခု တင်လိုက်ပြီ ဆိုကတည်းက စာဖတ်ပရိတ်သတ်အနေနဲ့ ခင်ဗျားကို မေးစရာ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ Visitor တွေရဲ့ Query နဲ့ Comment တွေကို ခင်ဗျားအနေနဲ့ အတက်နိုင်ဆုံး သေချာ ဂရုတစိုက် ဖြေကြားပေးနိုင်ရပါမယ်။ Visitor တွေကို လျှစ်လျူရှုပြီး ကိုယ်ထင်ရာကိုပဲ ဆက်လက်ရေးသားနေမယ်ဆိုရင်တော့ Visitor တွေအနေနဲ့လည်း ခင်ဗျား Blog ကို တစ်ကြိမ်ဝင်ကြည့်ပြီး နောက်တစ်ကြိမ်ဝင်ကြည့်ဖို့ဆိုတာ မသေချာနိုင်တော့ပါဘူး။ 
(6) Don't Put Copy Paste Articles 
ဒီအချက်ကလဲ အရေးကြီးတဲ့ အချက်တစ်ခုပါ။ ခင်ဗျားရဲ့ Blog ကို ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် အတက်နိုင်ဆုံး post တွေကို တစ်ခြား Blog မှ Copy ကူးယူခြင်းကို ရှောင်ကြည်ပါ။ တက်နိုင်သလောက် ကိုယ်တိုင်ရေးပါ။ Visitor တွေအနေနဲ့က ခင်ဗျား blog တစ်ခုတည်းကိုပဲ ၀င်ရောက်ကြည့်ရှု့နေကြတာ မဟုတ်ပါဘူး။ Post တစ်ခုကို မြင်လိုက်တာနဲ့ ဒီ post ဟာ ဘယ်သူ့ Site မှာရေးထားတယ်ဆိုတာကို ခွဲခြား သိ့မြင်နိုင်ပါတယ်။ စာဖတ်သူတွေကို ဗဟုသုတ ရစေမဲ့အကြောင်း အရာမျိုးတွေ၊ မျှဝေသင့်တဲ့ အရာမျိုးတွေကို ကူးယူ မျှဝေမယ်ဆိုရင်လည်း မူရင်းစာရေးသူကို လေးစားသင့်ပါတယ်။ Author နဲ့ Site Name ကို Credit အပြည့်အ၀ ပေးထားသင့်ပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ ကူးယူဖေါ်ပြခြင်းအားဖြင့် ခင်ဗျား Site ရဲ့ ဂုဏ်သတင်းကို လျော့ကျစေနိုင်ပါတယ်။လည်ပတ်ကြည့်ရှု့သူတွေ အနေနဲ့လည်း စိတ်ပျက်စရာ Site တစ်ခုအဖြစ် ထင်မှတ်သွားစေနိုင်ပါတယ်။ 
အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ အမျိုးမျိုးသော Visitor တွေဟာ ပြုပြင်ပြောင်းလဲမှု မရှိတဲ့ ၊ Update မဖြစ်တော့တဲ့ Blog တစ်ခုကို ထပ်ခါတလဲလဲ လာရောက် လည်ပတ်နေကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ခင်ဗျား အနေနဲ့ မိမိရဲ့ Blog ၊ Site အတွက် အများကြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ Post တွေကိုလဲ အမြဲဂရုတစိုက်နဲ့ တင်ပေးဖို့ လိုအပ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် စာမရေးနိုင်တဲ့ အခါမျိုးတွေမှာလဲ ကိုယ့်ရဲ့ စာဖတ်ပရိတ်သတ်ကို လျစ်လျူရှု မထားသင့်ပါဘူး။ စာတစ်ပုဒ်ရေးဖို့ Computer ရှေ့မှာထိုင်လိုက်တာနဲ့ ဘာအကြောင်းအရာနဲ့ ပါတ်သက်ပြီး ရေးမှာလဲ ၊ ဘာအတွက်လဲ ၊ ဒီအကြောင်းအရာကို ရေးလိုက်ခြင်းအားဖြင့် ဘယ်လို လူမျိုးတွေအတွက် အကျိုးကျေးဇူးရသွားနိုင်သလဲ ကိုယ့်ကိုကိုယ် မေးခွန်းအမျိုးမျိုး မေးဖို့လည်း လိုအပ်ပြန်လာပါတယ်။ အကြောင်းအရာ တစ်ခုထဲကို ထပ်ခါတလဲလဲ ရေးနေပြန်တော့လဲ လာရောက်ကြည့်ရှု လည်ပတ်သူတွေကို စိတ်ပျက်ငြီးငွေ့စေပြန်ပါတယ်။ 
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကျွန်တော်လေ့လာမိသလောက် ရေးသားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ကတော့ ဒီ site လေးထောင်ပြီး စာရေးနေတယ်ဆိုတာ ဘာအကျိုးအမြတ်ကိုမှ မျှော်လင့်ခြင်း အလျဉ်းမရှိပါ။ ၀ါဿနာနဲ့ စေတနာ မေတ္တာကိုသာ ပေါင်းစပ် ရေးသား မျှဝေခြင်း သက်သက်ဖြစ်ပါတယ်။ ကျွန်တော့်ဆီကို အလည်လာတဲ့ မိတ်ဆွေတွေအတွက် တစုံတစ်ခု လေ့လာမိသွားတယ် ၊ သိ့သွားတယ်ဆိုရင်ပဲ မျှဝေရကျိုး နပ်ပါတယ်။ 
ဒီလောက်ဆိုရင်တော့ ကျွန်တော့်စာဖတ်ရတာ စာဖတ်သူတွေ ပျင်းလောက်ရောပေါ့။ အားလုံးပဲ အဆင်ပြေကြပါစေ .. လေးစားစွာဖြင့် .... သူရ
Myanmar ICT Journal (Volume 1 , No.26) Aug 5-12, 2012 
 http://www.tramyanmar.net/2012/08/blog.html
ဘကြီးသက်
Unknown at 8:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရပ်ဆိုင်းခံရသည့် ဂျာနယ်နှစ်စောင် ပြန်လည် ထုတ်ဝေခွင့်ရ
ချင်းမိုင်(မဇ္ဈိမ) ။      ။ ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်းခံရသည့် အပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ပြန်လည် ထုတ်ဝေခွင့်ပြုလိုက်ကြောင်း သိရသည်။
၎င်းဂျာနယ်နှစ်စောင်အား စာပေစိစစ်ရေးဌာန၏ သတ်မှတ် စည်းကမ်းများ ချိုးဖောက်သည်ဟု ဆိုကာ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ အကန့်အသတ်မရှိ ရပ်ဆိုင်းထားရာမှ ပြန်လည် ထုတ်ဝေခွင့်ပြုလိုက်ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက တနင်္လာနေ့တွင် သက်ဆိုင်ရာ ဂျာနယ် တာဝန်ရှိသူများအား ခေါ်ယူ၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ကို ဒီနေ့ နေ့လည် နှစ်နာရီ ပတ်ဝန်းကျင်လောက်မှာ စာပေစိစစ်ရေးက ခေါ်ပြောပါတယ်။ နှစ်ပတ်ပြည့်ရင် ထုတ်ဝေခွင့်ရမယ်လို့ ပြောပါတယ်” ဟု Envoy ဂျာနယ် အယ်ဒီတာချုပ် ဦးဇော်ထွဋ်မောင် က ပြောသည်။
လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် စာမူများကို စာပေစိစစ်ရေးဌာနသို့ တင်ပြပြီး ၁၉ ရက်နေ့တွင် ပြန်လည်ထုတ်ဝေ
ဖြန့်ချိမည် ဖြစ်ပြီး သတင်းမီဒီယာများအား ပိတ်ပင်မှုများ ထပ်မံမဖြစ်ပေါ်စေလိုတော့ကြောင်းလည်း “ဒီလိုမဖြစ်အောင် မီဒီယာရဲ့ အခန်းကဏ္ဍဟာ ဘာလဲဆိုတာကို သေချာအောင် သိအောင် မြင်အောင် ကြည့်တတ်ဖို့ လိုတယ်လို့ပဲ ယူဆပါတယ်။ နောက်နောင် မီဒီယာတွေကို ဂျာနယ်ပိတ်တဲ့အထိ အရေးယူတာမျိုး မဖြစ်ဖို့ဘဲ မျှော်လင့်ပါတယ်။ အဲဒီအတွက် မီဒီယာကို ပိတ်တယ်ဆိုတဲ့ဟာမျိုး မရှိသင့်တော့ဘူးလို့ ပြောချင်ပါတယ်” ဟု Envoy ဂျာနယ် အယ်ဒီတာချုပ် က ပြောသည်။
ယခုကဲ့သို့ ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်သည့်အတွက် ဝန်ထမ်းများ အပတ်စဉ် ရရှိနေသည့် အကျိုးခံစားခွင့်များ ထိခိုက်နစ်နာမှုများ ရှိပြီး ဂျာနယ်အတွက်လည်း နှစ်ပတ် ထုတ်ဝေခွင့် မရသည့်အတွက် ဆုံးရှုံးမှုများ ရှိသည်ဟု ဦးဇော်ထွဋ်မောင်က ပြောသည်။
အလားတူ The Voice Weekly ကိုလည်း လာမည့် သြဂုတ်လ ၁၈ ရက်နေ့တွင် ပြန်လည် ထုတ်ဝေမည် ဖြစ်ကြောင်း Facebook တွင် စာဖတ် ပရိတ်သတ်များအား အသိပေးကြေညာထားသည်။
ထို့ပြင် ယာယီရပ်ဆိုင်းခံရသည့် ကာလအတွင်း The voice Weekly အား အားပေး ထောက်ခံခဲ့ကြသော စာဖတ် ပရိတ်သတ်များ၊ ပုံနှိပ်သတင်းမီဒီယာ အသိုင်းအဝိုင်းမှ လုပ်ဖော်ကိုင်ဘက်များ၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး နယ်ပယ်များမှ သတင်း ရင်းမြစ်များနှင့် လူပုဂ္ဂိုလ်များအား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ထားသည်။
သြဂုတ်လ ၁ ရက်နေ့ထုတ် The Voice ဂျာနယ် မျက်နှာဖုံးတွင် ဝန်ကြီးငါးဦး ဌာနပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်နေဟု ဖော်ပြခဲ့သဖြင့် ရပ်ဆိုင်းခံလိုက်ရခြင်း ဖြစ်မည်ဟု ယူဆနေကြသည်။
ထိုဂျာနယ်များအား ရပ်ဆိုင်းခံလိုက်ရပြီးနောက် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိရေးအတွက် သတင်းထောက်များက မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press စာတတ်းပါ တီရှပ် အနက်ရောင်များ ဝတ်ဆင်၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
ဘကြီးသက်
Unknown at 8:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ခ) စာရေးဆရာကြီး နောင်စစ်သည်အား မေးခွန်း အနည်းငယ် မေးမြန်းခဲ့ရာ-
"ကိုသိန်းစိန်က ဘယ်တော့မှ လက်လွတ်စပယ်လုပ်တဲ့ လူမျိုးလည်း မဟုတ်ဘူး"
Monday, August 06, 2012
နိုင်ငံမဲ့ ရိုဟင်ဂျာများအရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပို့မည်။ လာခေါ်မည့်သူမရှိပါက ခြံခတ်ထားမည်ဟုဆိုကာ မြန်မာနိုင်ငံအတွင်းနေ တိုင်းရင်းသားများ၌ လုံးဝပတ်သက် ခြင်းမရှိသော ရိုဟင်ဂျာများနှင့်ပတ်သက် မိမိ၏ သဘောထားအား အတိအလင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတကြီး၏ ရပ်တ
ည်ချက်အပေါ် ပြည်သူများမှ လွန်စွာ အားရဖြစ်လျက်ရှိပြီး အချို့သောဒေသ များ၌မူ သမ္မတကြီး၏ သဘောထား ထုတ်ပြန်မှုအပေါ် ထောက်ခံကြိုဆိုသော အားဖြင့် နိုင်ငံတော် အလံများပါလွှင့်ထူခဲ့ကြသည်။
ထိုသို့ နိုင်ငံတော်သမ္မတကြီး၏ ရိုဟင်ဂျာကိစ္စအပေါ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်းနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ အကြောင်းအား သမ္မတကြီး တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့စဉ်က သမ္မတကြီး၏ ဆရာတစ်ဦးဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ခ) စာရေးဆရာကြီး နောင်စစ်သည်အား မေးခွန်း အနည်းငယ် မေးမြန်းခဲ့ရာ-
မေး- ကျွန်တော်တို့ ပြည်တွင်းမှာ ဂရက် ရိုက်နေတဲ့ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ် သက်ပြီးသမ္မတကြီး ဦးသိန်းစိန်ရဲ့ ရပ် တည်မှုနဲ့ သဘောထား ထုတ်ပြန်ခဲ့မှုအပေါ် ပြည်သူတွေအနေနဲ့ အလွန်နှစ် ထောင်းအားရဖြစ်ကြပါတယ်။ သမ္မတကြီး ဦးသိန်းစိန် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ဘဘဟာ သမ္မတကြီးရဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့တယ်လို့သိရပါ တယ်။ တစ်ချိန်က သမ္မတကြီးရဲ့ ဆရာ ဖြစ်ခဲ့သူတစ်ယောက်အနေနဲ့ ရိုဟင်ဂျာ ပြဿနာနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ သဘောထား ထုတ်ပြန်ခဲ့မှု အပေါ် ဘယ် လို မြင်မိပါသလဲ။
ဖြေ- ကိုသိန်းစိန်က Man of Principal ပဲ။ သူက ဟိုးအရင်ထဲက စည်းစနစ်နဲ့ နေတဲ့သူ။ ပြီးတော့ ရောင့်ရဲတင်းတိမ်မှုလည်း ရှိတယ်။ လောဘဇောတိုက်မယ့် သူလည်းမဟုတ်ဘူး။ ကိုသိန်းစိန်အကြောင်းပြောရရင် အရင်နိုင်ငံတော် ၀န်ကြီးချုပ်လိုပေါ့နော်။ သူက သူအငြိမ်းစားသွားတဲ့အခါကြလို့ ငွေတစ်ပြားတစ်ချပ်ပိုလာရင် ကျွန်တော်ကို ဆဲကြပါ၊ ဆို ကြပါ၊ ထောက်ပြစမ်းပါဆိုတာမျိုးပါ။ ကိုသိန်းစိန်အနေနဲ့ကလည်း ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်ပါဘူး။ ရခိုင်ကရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကိုသိန်းစိန်ရဲ့ သဘောထား အပေါ် အမြင်ကိုပြောရမယ်ဆိုရင်For Most People Near Enough is Good Enough. အဲ့ဒါက လူအများစုကတော့ ရိုး ရိုးသားသားနဲ့ ကျေကျေနပ်နပ်လေးရရင် ရောင့်ရဲတင်းတိမ်ကြတာပဲ။ နောက်တစ်ခု For few people good enough is never enough. ဒါကတော့ လူနည်းစု တွေက လောဘဇောတွေမသက်နိုင်ဘူး ဆိုတာမျိုးပါ။ ကိုသိန်းစိန်ကတော့ ပထမ ပုဂ္ဂိုလ်မျိုးပါ။ ကိုသိန်းစိန် ပြောတာတွေကလည်း ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ရင် အားလုံး လမ်းမှန်ကမ်းမှန်တွေပါပဲ။
မေး- နိုင်ငံမဲ့ ရိုဟင်ဂျာတွေ ကိစ္စနဲ့ပတ် သက်ပြီးတော့ရော ဘဘ အနေနဲ့ ဘယ်လို ရှုမြင်သုံးသပ်မိပါသလဲ။
ဖြေ- ရိုဟင်ဂျာဆိုတာ ဘဘတို့ရဲ့ တိုင်းရင်းသားမဟုတ်ဘူး။ ဧည့်နိုင်ငံသားအနေနဲ့ပဲ သူတို့ကို လက်ခံထားတာ။ တစ်ခြား နိုင်ငံတွေမှာဆိုရင် လှေကလေးနဲ့ အတင်း ကမ်းလိုကပ်ပြီး လာကြတာ။ အဲ့သလို လာတဲ့အခါကြတော့လည်း ဥပမာ ယိုးဒယားဆိုပါဆို့။ သူတို့တွေက လှေတွေနဲ့ ၀င်လာပြီး ကမ်းကပ်ဖို့လုပ်တယ်။ အဲ့ဒါ ထိုင်းရေတပ်ကနေပြီးတော့ အတင်းကြိုးနဲ့ ပြန်ဆွဲသွားပြီး ပင်လယ်ထဲရောက်တဲ့အခါ ကြိုးကို လွှတ်ပေးလိုက်ရော။ ဒါ တွေကို CNN တို့ BBCတို့ စတဲ့သတင်းတွေမှာ တွေ့ရတယ်။ ခု ရိုဟင်ဂျာဆိုတာ ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပျက်ယွင်းလာတာပဲ။ ဟိုတုန်းက အိန္ဒိယက မွတ်စလင်ထဲမှာ ဗုဒ္ဓဘာသာကတော့ စောစောစီးစီးကွဲသွားတယ်။ အဲ့ဒီတော့ မွတ်စလင်ထဲမှာ ရိုဟင်ဂျာဆိုတာ ဘင်္ဂလားဒေ့ရှ်နဲ့ပဲ ဆိုင်တယ်။ ဒါပေမယ့် သူ့ဟာက ခုဒီထဲကိုတောင် ရောက်နေပြီ။
မေး- ရခိုင်ဒေသမှာဆိုရင် တိုင်းရင်းသား ဦးရေထက် ဘင်္ဂါလီဦးရေက အဆမတန် ပိုများနေပါတယ်။ ဘဘအနေနဲ့လည်း တပ်မတော်မှာ အဆင့်ဆင့် တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတာ့ အဲ့သလို တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း ရခိုင်ဒေသနဲ့ ပတ်သက်ပြီး အတွေ့အကြုံလေးတွေရှိ ရင် ပြောပြပေးပါလား။
ဖြေ- ဘဘရဲ့ အတွေ့အကြုံကို ပြောရ မယ်ဆိုရင် ဘဘနဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ရခိုင်ဘူးသီးတောင်မောင်းတောဘက် ရောက်သွားတဲ့အခါ ရခိုင်တိုင်းရင်းသား က ၃ ရာခိုင်နှုန်းပဲရှိတယ်။ ဘင်္ဂါလီက တော့ (၉၇)ရာခိုင်နှုန်းလောက်ရှိနေတယ်။ သူတို့က ရခိုင်တိုင်းရင်းသူလေးတွေကို လက်ထပ်ယူထားကြတယ်။ အဲ့ဒါကိုကြည့် ပြီး ဗိုလ်ချုပ်ကြီး တင်ဦးရော၊ ဘဘရော စိတ်ဆင်းရဲလိုက်တာ။ ဒါမေပယ့် အချိန်က တော့်တော့်ကို လွန်နေပြီ။ ပြောရရင် လူမြိုတာပေါ့နော်။ လူမြိုတဲ့အခါမှာ လည်း သဘာဝနဲ့ တူညီတဲ့ပုံစံမဟုတ်တဲ့ အခါကြတော့ သိပ်ကိုသိသာထင်ရှားတဲ့ သဘောဖြစ်သွားတာပေါ့။
ဘဘတို့ နိုင်ငံရဲ့ မြောက်ဖက်ခြမ်းမှာဆိုရင်လည်း တရုတ် ပြည်၊ အဲ့ဒီဘက်မှာလည်း သူတို့မြိုထားတာ တော်တော်များတယ်။ အဲ့ဒီတုန်းက ဘဘတို့ စစ်ဆင်ရေးဝင်တဲ့အခါ ဘဘက ဗိုလ်ချုပ်မှူးလောက်ပဲ ရှိဦးမယ်။ မူဆယ်၊ နမ့်ခမ်းရဲ့ ဒီဘက် ပလောင်တောဝေါ ရောက်လို့ မြေပြင်ပေါ်ကြည့်လိုက်ရင် ရွာတွေက အစက်အပြောက်လေးတွေပဲ မြင်ရတယ်။ အဲဒီအစက်အပြောက်လေး တွေက မြေပြင်မှာတော့ တကယ့်ရွာကြီး တွေပဲ။ အဲဒီရွာရောက်ပြီး သေချာကြည့် လိုက်တော့လည်း တရုတ်တွေကြီးပဲ။ မှတ်ပုံတင်ကြည့်ပြန်တော့လည်း အမျိုးသားမှတ်ပုံတင်တွေဖြစ်နေပြန်ရော။ ဒါတွေ နားလည်မှု တွေပေါ့နော်။ အဲ့သလို အောက်ခြေမှာ ဖြစ်နေတဲ့ နားလည်မှုလေးတွေကြောင့် တရုတ်ကြီးတွေက မုတ်ဆိတ်ကြီးတွေနဲ့ အမျိုးသားမှတ်ပုံတင် ကိုင်ထားတာတွေ့ရတယ်။
မေး- ခု ရိုဟင်ဂျာတွေအပြင် အနီးစပ်ရာ နိုင်ငံအလိုက် လူမျိုး မြိုမှုတွေတွေ့နေရပါတယ်။ အဲ့သလိုမြိုလာမှုတွေရဲ့ ရေရှည် အကျိုးဆက်က ဘာများဖြစ်နိုင်ပါသလဲ။
ဖြေ- ခုလွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါ ခုမန္တလေးလို နေရာမျိုးမှာတောင် တရုတ်တွေ မြိုနေပြီ။ အဲ့ဒါအပြင် ဟိုဖက်ကလည်းတစ်မျိုး။ ခု ရိုဟင်ဂျာ ကိစ္စမှာစစ်တကောင်းဟိုဘက်မှာဆိုရင် ဒါသူတို့နိုင်ငံပဲ။ ဒါပေမယ့် သူတို့က အချိန်အစောကြီးကတည်းက ဒီဘက် ရောက်လာတယ်။ အဲ့သလို ရောက်လာပြီးခုတော့ အသားတော်တော် ကျနေပြီ။ ဒါတွေကို တိုင်းရင်းသားလို့ တွက်ဆလို့မရဘူး။ ဟိုတုန်းကတော့ ဧည့်နိုင်ငံသားတွေ လုပ်တာပေါ့။ အဲ့ဒါကြီးကို ကိုယ့် နိုင်ငံနဲ့ လူမျိုးပါလို့ ဆိုလိုက်ရင် သမိုင်းပါ ပျက်သွားမယ်။
မေး- ဒီရိုဟင်ဂျာတွေဟာ လူဦးရေသိပ် သည်းစီးဝင်မှုသီအိုရီ(Population Density)နဲ့ ကျွန်တော်တို့ နိုင်ငံထဲစိမ့်ဝင်ဝါးမြိုခဲ့ပါတယ် အဲ့ဒီသီအိုရီအပေါ်မှာရော ဘဘလို တပ်မတော် ရဲ့ ခေါင်းဆောင်ပိုင်းမှ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးအနေနဲ့ ဘယ်လိုရှုမြင် မိပါသလဲ။
ဖြေ- ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သက်မြင့်ဦးရဲ့ စာအုပ်ထဲ မှာ မြန်မာနဲ့ တရုတ်ဆက်ဆံရေး၊ အိန္ဒိယ မြန်မာဆက်ဆံရေးကို ရေးထားတယ်။ အဲ့ဒီထဲမှာ ဘာပါသလဲဆိုတော့ မြန်မာနိုင်ငံဟာ ကြားနေနိုင်ငံတစ်နိုင်ငံဖြစ်နေတာကြောင့် အဲ့ဒီနိုင်ငံကြီးတွေရဲ့ Population Density m Best ဖြစ်လာပြီး ဒီိနိုင်ငံဒုက္ခဖြစ်မယ်ဆိုတာလေးကို တွေ့ရ ပါတယ်။ ပြီးတော့ လူးဝစ်ဆင်းဘက်ရဲ့ တရုတ်မြန်မာဆက်ဆံရေးစာအုပ်မှာလည်း မြန်မာနိုင်ငံနဲ့ ထိပ်စပ်နေတဲ့ တရုတ်နိုင်ငံကြီးဘက်ကလည်း တော်တော် အန္တရာယ် များလာတယ်လို့ ရေးထားတယ်။ အဲ့ဒါ က ဘာလည်းဆိုရင် တပ်မတော်ရဲ့ အကြောင်းကို ကောင်းကောင်း နားမလည်တဲ့အခါကျတော့ တရုတ်ကိုသွားပြီးအကူ အညီတောင်းရတာပေါ့။ အဲ့ဒီမှာ တရုတ် နဲ့ပိုပြီးတော့ စီးပွားရေးတွေအားလုံးက တရုတ်ဘက်ပါကုန်ရော။
မေး- ဘဘအနေနဲ့ နောက်ဆုံးအနေနဲ့ ဒီသမ္မတကြီး ဦးသိန်းစိန်ရဲ့ တိုင်းရင်းသား ပြည်သူတွေဘက်က ရပ်တည်မှုနဲ့ ရိုဟင်ဂျာ ပြဿနာအပေါ် ဘာများပြောကြား ချင်ပါသလဲ။
ဖြေ- မကြာသေးခင်က ဂျွန်ဟောကင်း တက္ကသိုလ်က ပါမောက္ခ ကားလ်ဂျက်ဆင်နဲ့အဖွဲ့တွေ အိမ်ကိုရောက်လာပြီး ဘဘကို မေးတယ်။ ကျွန်တော်တို့ နေပြည်တော်က ပြန်ဆင်းလာတာ ဟိုမှာ တရုတ်တွေကြီးပဲတဲ့။ အဲဒါဘာပြောချင်သလဲလို့မေးတယ်။ အဲ့ဒီသဘောမျိုးပါပဲ။
ဒီ ရိုဟင်ဂျာကိစ္စက ဘင်္ဂလားနဲ့မြန်မာ ကြားမှာ ဖြစ်တာလေ။ ကိုသိန်းစိန်တောင် ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ ခရီးစဉ်ကို ရပ်ဆိုင်းထားတယ်လေ။ ဒါမျိုးလေးတွေရှိတော့ တော်တော့်ကို ချိန်ဆရတယ်။ နိုင်ငံတွေကလည်း လူလည်လုပ်တာတွေအများ ကြီး။ အဲ့ဒီဟာ တွေကို ကိုင်တွယ်ဖို့ဆိုရင်တော့ ကိုသိန်းစိန်အနေနဲ့ အပြည့်အ၀ကို ကိုယ်တွယ် နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုသိန်းစိန်က ဘယ်တော့မှ လက်လွတ်စပယ်လုပ်တဲ့ လူမျိုးလည်း မဟုတ်ဘူး။ ဟိုးအရင်ထဲ က အရမ်းကို ရိုးရိုးသားသားနေခဲ့တာ။ သူရော သူ့မိသားစုရောပေါ့နော်။ အားလုံးက ဟိတ်ဟန်မရှိဘူး။ ဒီကိစ္စနဲ့ပတ် သက်ပြီးတော့ ကိုသိန်းစိန်က ပညာရှင်တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်သွားမှာပါ””ဟု ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ(ခ)စာရေး ဆရာကြီး နောင်စစ်သည်က ၁၉၅၂ ခုနှစ် မှစတင်ကာ မြန်မာ့တပ်မတော်၌ တာဝန် အဆင့်ဆင့် ထမ်းရွက်ခဲ့ပြီး ၁၉၉၇ ဒီဇင်ဘာ(၇)ရက်နေ့၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူရာ ယခုတွင် နောင်လာနောင်သား မျိုးဆက်သစ်များအတွက် အကျိုးဖြစ်စေရန် ရည်ရွယ်၍ စာပေရေးသားခြင်းများ ပြုလုပ်နေလျက်ရှိသည်။
ဘကြီးသက်
Unknown at 7:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အစ္စလာမ်မစ် စစ်သွေးကြအုပ်စု မြန်မာကို ဦးတည်ချိန်ရွယ်နေပြီ
ဆယ်စုနှစ်များ အထီးကျန်နေခဲ့ရသော မြန်မာစစ်အစိုးရ၏ အုပ်ချုပ်ရေးစနစ်ကုန်ဆုံးသွားပြီးနောက် ပထမမျိုးဆက်သစ်တို့က မြန်မာနိုင်ငံအားဒီမိုကရေစီပြုပြင်ပြောင်းလဲ ခြင်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးလာနေပြီဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပြုလုပ်နေစဉ်အတွင်း မျှော်လင့်မထားသော အကျိုး ဆက်နှင့် လွှမ်းမိုးမှုများတစ်ခု အဖြစ် ပြည်တွင်းနှင့် ပြည်ပတို့ကပါ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ရသည်။ ထိုအကျိုးဆက်များ မှာ မြန်မာအစိုးရ၏ ပွင့်လင်းမြင်သာမှုကို ဦးတည်ဆောင်ရွက်နေသော လမ်း ကြောင်းသစ်အတွက် အတွင်းလှိုက် စားမှုတစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။
မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံအနောက်ဘက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခသည် အရှေ့တောင်ပိုင်းနှင့် အရှေ့တောင်အာရှတစ်ခွင်ရှိ အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများ၏ အာရုံ စိုက်ခြင်းကို ခံခဲ့ရသည်။
နိုင်ငံအတွင်းမှ ထွက်ပြေးသွားသူ ထောင်ချီသော ရိုဟင်ဂျာများ ဦးရေမြင့်တက်လာခဲ့ပြီး ၄င်းတို့က ကမ္ဘာပေါ်တွင် ဂျီဟတ်များ၏ ရန်ဘက်အဖြစ် ယခင်က မသိခဲ့သော မြန် မာအပေါ်တွင် ဂျီဟတ်ဝါဒဖြန့်ချိ မှုများကို မေလလောက်ကပင်စတင်၍ မြန်မာသို့ ဦးတည်လာခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် အရှေ့ တောင်အာရှနှင့် တောင်အာရှတွင်ပါ ဒေသဆိုင်ရာ မတည်မငြိမ်ဖြစ်မှုများ ကြီးထွားလာခဲ့ရသည်။ ၄င်းဒေသများမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယအာသံနယ်မြေဆက်စပ် နယ်စပ်တစ်လျှောက်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ် တစ်ချိန် တည်းမှာပင် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်း ရှိ မူဆလင်များနှင့် ဟိန္ဒူတို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြပြန်သည်။
ဇူလိုင်လလယ်လောက်မှ စတင်ဖြစ်ပွားနေခဲ့ရာ စုစုပေါင်း လူ (၃ဝ) ကျော် သေဆုံးသွားခဲ့ကြပြီး အာသံနယ်ထဲမှ လူဦးရေ (၁၅ဝဝဝဝ)ခန့် နေရပ်ရွှေ့ပြောင်း ထွက်ပြေး ခဲ့ကြပြီဖြစ်ပေသည်။ ၄င်းဖြစ်ရပ်မှာ အိန္ဒိယနိုင်ငံရှိ ကိုရာဟာနှင့် ချာရင်းခရိုင်များတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုး နွယ်စုဘိုဒူးများနှင့်လာရောက် အခြေချနေထိုင် သူ အစ္စလာမ် ဘာသာဝင်များအကြား ပြဿနာ ဖြစ်ခဲ့ကြခြင်းဖြစ်သည်။
ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေချနေထိုင်သူများ ဖြစ်ပြီး တရားမဝင်လာရောက်သူများအဖြစ် မြန်မာနိုင်ငံသားများက ယူဆထားကြသည်။ ထိုနည်း တူစွာ အိန္ဒိယနိုင်ငံအာသံပြည်နယ်ရှိ ဘင်္ဂါလီများကိုလည်း ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်လာရောက်နေထိုင်သူ ဘင်္ဂါလီများအဖြစ် ယူဆကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့လူဦးရေ သိပ်သည်းထူထပ်မှု အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ထို့ပြင် အိန္ဒိယ နှင့် မြန်မာတို့မှာ ဒုက္ခသည် ဘင်္ဂါလီ အစုံအပြုံလိုက်တို့ကို တရားဝင် အထောက်အထား မပြည့်စုံသူများအဖြစ် ယာယီဆက်သွယ်လက်ခံ ထားသောနိုင်ငံများ ဖြစ်သည်။ ဘင်္ဂလားဒေရှ့်၏ လူဦးရေသည် သန်း ၁၆ဝ မျှရှိပြီး ဧရိယာ အကျယ်အဝန်းမှာ အမေရိကန်နိုင်ငံ အိုင်အိုဝါ ပြည်နယ် (Iowa) လောက်သာရှိသည်။ လူဦးရေ ၃ သန်းမျှသာရှိသော အိုင်အိုဝါပြည်နယ်နှင့် လူဦးရေကွာခြားမှု အလွန် ပင် ခြားနားနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၄င်းတို့၏ ဘိုးစဉ်ဘောင်ဆက်ကပင် မူဆလင်အစွန်းရောက်အုပ်စုများနှင့် ပြဿနာများစွာရှိနေခဲ့သော နိုင်ငံတစ်ခု ဖြစ်သည်။ ထိုအုပ်စုများထဲမှ ဟစ်ဇ်အပ်တာရီရာ( Hizb ut-Tahrir) အဖွဲ့ကို ၂ဝဝ၉ ခုနှစ်တွင် တရားမဝင် အဖွဲ့တစ်ခုအဖြစ် အာဏာပိုင်များက တားဆီးပိတ်ပင်ထားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးမြိြု့ ကီး နှစ်ခုဖြစ်ေ သာဒါကာနှင့် စစ်တကောင်းတို့၌ မြေအောက်လှုပ်ရှားနေသော အဖွဲ့တစ်ခုဖြစ်သည့် အင်ဒီယန်းမူဂျာ ဟစ်ဒင် ( Indian Mujahideen) ခေါင်းဆောင် ယာဆင်ဘာခဲ ( Yasin Bhatkal)သည် ပါကစ္စတန်တော် လှန် ရေးအဖွဲ့ ( ISI- Inter-Services Intelligence)၏ အကူအညီရယူထား သူအဖြစ် စွပ်စွဲခံထား ရသူ ဖြစ်သည်။
ဘင်္ဂလားဒေရှ့်အစိုးအနေဖြင့် အစ္စလာမ်အစွန်းရောက်များ၏ အန္တရာယ်ကို သိမြင်လာခြင်းကြောင့် ၄င်းတို့နိုင်ငံအတွင်း အစွန်းရောက် များလက်ကျန်မရှိစေရန် ရပ်တည် ချက်  ဖ်ာပြလာခဲ့သည်။ မကြာသေးမီကာလ တိုးမြင့်လာနေသော ဘာသာရေး အစွန်းရောက်များ၏ ဂျီဟတ်ဝါဒဖြန့်မှုများ အပေါ်တွင် ရှုတ်ချသည့် အနေဖြင့် မိမိတို့နိုင်ငံအတွင်း ဝင်ရောက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို ကူညီထောက်ပံ့ပေးရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့သည်။
ဇူလိုင်လ ၂ဝ ရက်နေ့တွင် တာလီဘန်တို့က မြန်မာနိုင်ငံအပေါ် ခါးခါးသီးသီးကြေညာချက်တစ်ခုကို ထုတ်ပြန်လာခဲ့ကြသည်။
”မြန်မာနိုင်ငံရှိ မူဆလင်များသည် လူသားသမိုင်းတွင် မည်သည့်အခါမှ မတွေ့မြင်ဖူးခဲ့သည့် ဖြစ်ရပ်အဖြစ် လွန်ခဲ့သော ၂ လကတည်းက အဖိနှိပ်ခံရက်စက် ယုတ်မာမှုများ ကို ခံစားနေကြရကြောင်း၊ ထို့ပြင် ညှာတာမှု ကင်းမဲ့စွာဖြင့် ကလေးငယ်များ၊ အမျိုးသမီး၊ အမျိုးသားများကို မီးတင်ရှို့ကြပြီး သိုးတစ်ကောင်ကဲ့ သို့ပင် မီးဖုတ်ခံခဲ့ကြရသည်။ မည်သည့် တရားဥပဒေမျှမရှိဘဲ ကုသိုလ်ကံ မကောင်းလှသော မွတ်ဆလင် များ ကို ဦးတည်၍ အုပ်စုလိုက် လူသတ်ပွဲကြီးကို ပြုလုပ်ခဲ့ကြသည်။
၎င်းတို့သည် မိမိတို့၏ နယ်မြေများကို စွန့်ခွာလာကြရပေပြီ၊ အိုးအိမ်ရာများမှ နှင်ထုတ်ခံကြရရုံသာမက ဓနဥစ္စာများကိုပါ ကျူးကျော်လုယူခံနေကြရသည်။ သူတို့၏ အတင်းလုယူ ဓားပြတိုက်ခံနေရသော ချီးကျူးဂုဏ်ပြုစရာများကို မူဆလင် ကမ္ဘာတစ်ခုလုံးက မမြင်ချင်ယောင် ဆောင်မနေကြဘဲ ၄င်းတို့၏ အတိဒုက္ခကို မျှဝေပြောင်းလဲ ရန် ဖြစ်သည်။
အာဖဂန်နစ္စတန် အစ္စလာမ် ပြည်ထောင်စု ( The Islamic Emirates of Afghaniston)က လူ့ သမိုင်း၏ ရာဇဝတ်မှု ဒဏ်ရာအမှတ်တစ်ခုအဖြစ် တွေးတောယူဆလျက် ဤကဲ့သို့ ရက်စက်မှုများနှင့် လူသတ်ပွဲဖြစ် စဉ်များကို မြန်မာအစိုးရက ချက်ချင်းရပ်ဆိုင်းပေးရန်နှင့် လူ့အခွင့်အရေးကို ချိုးဖောက်သည့် သမိုင်းဖြစ်ရပ် ဆူပူမှုများကို ရပ်ဆိုင်းရန် တောင်းဆိုလိုက်သည်။ သူတို့သိမြင်သင့်သည်မှာ မြန်မာနိုင်ငံရှိ မူဆလင်များ အပေါ် ရာဇဝတ်မှုကျူးလွန်သည် သာမက မူဆလင်ကမ္ဘာသားတစ်ဝှမ်းလုံး အပေါ် အထူးသဖြင့် ခွင့်မလွှတ် နိုင်သည့် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်”ဟု ဖော်ပြထားသည်။
ဤသို့ ထုတ်ပြန်ချက်များသည် ရိုဟင်ဂျာ၏ ပြဿနာများကို မမြင်နိုင်သော နေရာများရောက်ရှိနေသော အစ္စလာမ်အစွန်းရောက်များဆီသို့ ပေးလိုက်သော သတင်းစကား များဖြစ်သည်။ သူတို့၏ ဝါဒလမ်းစဉ်သည် အစွန်းရောက် အုပ်စုများရှိရာ ဒေသအားလုံးသို့ ရည်ညွှန်း ဦးတည်နေပေသည်။
၎င်းတို့ထဲတွင် ဖြစ်နိုင်ခြေရှိသော လှုံ့ဆော်ပေးသူပုံရိပ်များရှိကြသည်။ ရိုဟင်ဂျာတစ်ဦးဖြစ်သူ အဘူဇာအယ်ဘူမီ ( Abu Zar al- Burmi) သည် ဘာသာရေးပညာရှင် တစ်ဦး ဖြစ်ပြီး ပါကစ္စတန် နှင့် အာဖဂန်နှစ် နိုင်ငံအကြားရှိ ဥဇဘက်ကစ္စတန် အခြေစိုက် အစ္စလာမ်မစ်လှုပ်ရှားရေး အဖွဲ့ဝင်၏ လုပ်ရပ် အဖြစ် ယူဆထားကြသည်။ မည်သည့် နိုင်ငံအထောက်အထားမျှ မရှိသူများဖြစ်သည့် ရိုဟင်ဂျာများ ကို မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့က နိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်ခံ လိမ့်မည်မဟုတ်။ ဤဖြစ်ရပ်ကို အယ်ဘူမီက နိုင်ငံတကာနယ်စပ်များ ကျင့်ထုံးလေးစား လိုက်နာမှုမရှိဘဲ ကမ္ဘာ့မူဆလင် အသိုက်အဝန်းကြီးဆီသို့ ဦးတည်၍ ပရိုမိုရှင်း ( Promotion) တစ်ရပ်ကို ဖန်တီးပေးလိုက်ပေသည်။
ရခိုင်နှင့် အာသံပြည်နယ်များတွင် တိုးပွားလာနေသော တိုက်ခိုက် မှုများ အကြမ်းဖက်မှုများနှင့် ပြည့်လျှံ ထွက်လာသော အကျပ်အတည်း များမှာ မြန်မာနှင့်ဘင်္ဂလားဒေရှ့် အစိုးရအပေါ်တွင် ဖိအားအသစ် များ ပေးလာကြတော့သည်။ ဤကဲ့သို့ ဆူပူမှုဝဲကတော့များနှင့် အစိုးရများ၏ ရပ်ရွာအေးချမ်းတည်ငြိမ်မှု ပျက်ပြားနိုင်ခြင်း၊ လူသတ်မှု များဖြစ်လာခြင်းကြောင့် တရားဥပဒေစိုးမိုးမှု ကျဆင်းလာပြီး လုံခြုံမှုမရှိဘဲ အကျပ်အတည်းများစွာရှိသော ဒေသနယ်မြေအသစ် တစ်ခုအဖြစ်ရောက်ရှိ လာနိုင်ပေသည်။
(မှတ်ချက်- ယခုဖော်ပြသတင်း သည် Asia Time သတင်းစာမျက်နှာတွင် Jacob Zenn ၏ ‘ Islamic Militants Take Aim at Myanmar’ ကို ထုတ်နုတ် ရည်ညွှန်းဖော်ပြထားခြင်းဖြစ်သည်။ Jacob Zenn သည် ဝါရှင်တန်အခြေစိုက် နိုင်ငံရေးသုတေသီ အကြံပေးတစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် နိုင် ဂျီးရီးယားတို့ရှိ စစ်သွေးကြွအုပ်စုများကို လေ့လာစောင့်ကြည့်နေသူဖြစ်သည်။)
ကိုလင်းမာန်အောင်
----------------------
 Burma Muslims Must Choose between Death And Forced Migration, UN Condemns\ photo +18Burma
နိုင်ငံတကာရှိ မူဆလိမ် ဘာသာရေးလှုံ့ ဆော်သူများက နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့သော ဓါတ်ပုံများကို သုံးလျှက် ရိုဟင်ဂျာတို့ အသတ်ခံရလေဟန်ဖြင့် သတင်းဖြန့် နေကြသည်.။
ဘကြီးသက်
Unknown at 3:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မျက်နှာပွင့်ဘို့ 
   puupuu
http://su-lay.blogspot.com
နေ့တိုင်းမျက်နှာပွင့်အောင် လုပ်လို့ရတယ်
လူတွေကနေ့တိုင်းအပြင်ကို တစ်ခါမဟုတ်တစ်ခါတော့ထွက်ကျမှာအမှန်ပါပဲ။။နေ့တိုင်း လူချစ်လူခင်ပေါပြီး သွားလေရာ ရောက်လေရာမှာ အနှောင့်ယှက်ကင်းကင်းနဲ့ အဆင်ပြေပြေဖြစ်အောင်ကူညီသူပေါ၊
မေတ္တာထားသူပေါများ တဲ့ ဓါတ်သဘာဝကို ပီယဓါတ်ဟု ခေါ်ပါတယ်။ အဲဒီတော့ အပြင်ထွက်တဲ့အခါ
ကိုယ့်မျက်နှာလေးကိုသူများတွေမြင်တာနဲ့ ခေါ်ချင်ပြောချင်စိတ်တွေပွားပီး အကြွေးရှင်တောင် သွားဖြဲပြနိုင်
အောင်လို့ သူငယ်ချင်းတို့ကို ပီယဓါတ်ရွှင်နည်းလေးပေးလိုက်ပါရစေ။တချို့တွေပြောတယ်မို့လား မင်းကောင်မ
လေးနဲ့အဆင်ပြေသွားပီပေါ့ ဟုတ်လား၊ သူငယ်ချင်းရာ ငါလဲအဲလိုမျိုး ပီယ ဓါတ်လေးလိုချင်လိုက်တာ မင်းဆီ
မှာ ပီယဆေးရှိရင်ငါ့ပေးပါလားတို့ ဘာတို့ပေါ့ ကဲ စိတ်ဝင်စားမယ်ဆိုရင် အောက်မှာဆက်ပီး ဖတ်ကြည့်လိုက်
နော်။
အိမ်က အပြင်ထွက်ရင် သွားလေရာ လမ်းတစ်လျှောက် အနှောင့်ယှက် ပေးတဲ့လူလည်းကင်းဝေးချင်တယ်၊
သူတစ်ပါး သဘောကျလောက်အောင်လည်း စတိုင်ထုတ်ချင်တယ်၊ ဒီလိုအနေအထားမျိုး မိန်းကလေးတိုင်း
လိုလားတယ်။ဒီနေရာမှာ ပီယဓါတ်က သိပ်အရေးကြီးတယ်လေ။
လိုက်နှောင့်ယှက်တာမျိုး၊ က္ကနြေ္ဒပျက်လောက်အောင်ဒုက္ခပေးစော်ကားမော်ကားပြောဆို ပြုမူတာတွေ အရှက်
ကွဲအောင် ရိုင်းစိုင်းပြောဆိုတာမျိုး ဘယ်မိန်းကလေးမှမလိုလားတာ အမှန်ပါပဲ။ နောက်ပြောင်သူ အနှောင့်ယှက်
ကင်းပြီး ချစ်ခင်သနားစိတ်နဲ့ ရိုင်းပင်းကူညီ လေးစား ဆက်ဆံသူပေါများပြီး ကိုယ့်တစ်ချက်လောက် ပြုံးပြတာနဲ့
တစ်ဖက်လူက ကူညီလိုစိတ် ညွတ်ကျစေတဲ့ ဓါတ်ကို ပီယလို့ခေါ်ပါတယ်။
အမျိုးသားများအဖို့လည်း ရန်အနှောင့်အယှက်ကင်းပီး မိန်းကလေးတွေစိတ်ဝင်စားခံရပြီး အကြီးအကဲ ဆရာ
သမားပင် နှစ်သက်ခံရတဲ့ မျက်နှာပွင့်ခြင်းကို ပီယလို့ ခေါ်ပါတယ်။
မျက်နှာပွင့် ပီယ ကောင်းအောင် ဒီလိုလုပ်ပါ။
တနင်္ဂနွေနေ့  ။          ။ အိမ်ကထွက်ရင် ဦးခေါင်းထိပ်မှာ (အ) အက္ခရာကို လက်ညှိုးနဲ့တို့ထိရေးပြီး ထွက်ပါ။
တစ်နေ့တာ စိတ်ချမ်းသာစေရမယ်။
တနင်္လာနေ့။            ။ အိမ်ကထွက်ရင် လက်ညှိုးဖြင့် နဖူးမှာ (က) အက္ခရာကိုရေးပြီး ထွက်ပါ။
တစ်နေ့တာလုံး ထူးခြားစွာ အဆင်ပြေပါလိမ့်မယ်။
အင်္ဂါနေ့။                ။ အိမ်ကထွက်ရင် မျက်လုံးမျက်ခုံးပေါ်မှာ (ဆ) အက္ခရာရေးပြီး အိမ်ကထွက်ပါ။ အားလုံး
အဆင်ပြေ ခရီးလမ်းပန်းချောမွေ့ တနေ့တာ အဆင်ပြေမည်။
ဗုဒ္ဓဟူးနေ့။            ။ အိမ်မှထွက် လက်ညှိုးလေးနဲ့ လျှာပေါ်မှာ (ရ)အက္ခရာကို ရေးပြီးထွက်။ထူးခြားစွာ အဆင်
ပြေလိမ့်မည်။
ကြာသပတေးနေ့။         ။အိမ်ကထွက်ရင် လက်ညှိုးနဲ့ ညှပ်ရိုးမှာ(ပ)အက္ခရာရေးပြီးထွက်ပါ။ဒီနေ့ကိစအားလုံး
ချောမွေ့ပါလိမ့်မယ်။
သောကြာနေ့။              ။ မှာ အိမ်ကအထွက် ရင်ညွန့်မှာ (သ) အက္ခရာရေးပြီးထွက်ပေါ့။
ဟန်ကျသွားလိမ့်မယ်။
စနေနေ့။                      ။တွင် ချက်မှာ (တ) အက္ခရာရေးပြီ အိမ်မှာထွက်ပါ။ လိုရာခရီးမှာ သွားလေရာ ကူညီပေးသူပေါ်ပီး အန္တာရယ်ကင်းစေပါမည်။
အဓိက သတိထားရမှာကတော့ အက္ခရာတွေရေးတဲ့ အခါ ပီသမှန်ကန်အောင်ရေးပါ။လက်ညှိုးထိပ်ဖျားနဲ့ ခပ်ဖွဖွတို့ထိပြီးရေးပါ။
ယောက်ျားလေးဆို ညာလက်ညှိုးသုံးပါ။ မိန်းကလေးဆို ဘယ်လက်ညှိုးသုံးပါ။
အင်တာဗျူးတွေ၊ အလုပ်ကိစတွေ၊ စာမေးပွဲဖြေတဲ့အခါတွေ့တာတွေက အစ နှစ်ဦး တွေ့ကြရင်းအဆုံး 
အဆင်ပြေအောင် လက်တွေ့သုံးစွဲကြည့်ပါ။
ဘကြီးသက်
Unknown at 1:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Good bye မြန်မာပြည်
ဟိုးအရင်ခေတ်အဆက်ဆက်ကလည်း အစိုးရသတင်းစာတွေက ရေးချင်တာရေးနေ တာကိုပဲ ပြည်သူတွေက ဖတ်ချင်သည် ဖြစ်စေ မဖတ်ချင်သည် ဖြစ်စေ ဖတ်ခဲ့ရတယ် ၊ ခုသမ္မတကြီး ဦးသိန်းစိန် လက်ထက်ရောက်တော့ လည်းမီဒီယာလွတ်လပ်ခွင့် အထိုက်လျောက်ဆိုသလိုရလာလို့ ပြည်သူတွေ အသိပညာ ဗဟုသုတ တိုးမလားအောင့်မေ့ပါတယ် ဂျာနယ်တွေ ရေးချင်တာ ရေးချင်သလိုရေးနေတာကို ဖတ်နေရတာပါဘဲ၊ အစွန်းတစ်ဘက်ကနေ နောက်ထပ်အစွန်းတစ်ဘက်ကိုရောက်သွားတာကလွဲလို့ ဘာမှထူးမလာပါဘူး ။
ဟိုးအရင်ခေတ်အဆက်ဆက်က နယ်စပ်တလျောက်မှာ လက်နက်ကိုင် တော်လှန်မှုတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်ကို ခုသမ္မတကြီး လက်ထက်မှာ ငြိမ်းချမ်းရေးတွေဘာတွေရလို့ အေးအေးချမ်းချမ်းနေရမလားအောင့်မေ့ပါတယ် အတွင်းမှာ အချင်းချင်းကွဲလိုက်ကြ ပြဲလိုက်ကြ ဆန္ဒတွေပြလိုက်ကြ ၊ ဆန္ဒတွေထုတ်ဖေါ်လိုက်ကြ ၊ သတ်လိုက်ကြ ဖြတ်လိုက်ကြ ၊ မီးတွေရှို့လိုက်ကြ ၊ လူမှုကွန်ယက်တွေမှာ ငြင်းလိုက်ကြ ခုန်လိုက်ကြ ၊  ဆဲလိုက်ဆိုလိုက်ကြ တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုတိုးတိုးလာတာပဲ တွေ့နေရပါတယ် ။
မြန်မာတွေ စည်းလုံးပြီး ကမ္ဘာမှာ မြန်မာဟေ့လို့ ဖြစ်လာမလားဆိုပြီး မျှော်လင့်နေခဲ့တာကြာပါပြီ ... ဖွံ့ဖြိုးပြီး တိုင်းပြည်တွေက လူ့အဖွဲ့အစည်းတွေလို ဖြစ်လာလေမလား မျှော်လင့်ခဲ့တာလည်းကြာပါပြီ ခုတော့ဘာမှဖြစ်မလာပဲ တနေ့ထက်တနေ့ ပိုပို ဆိုးလာတာပဲတွေ့ရပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သွားသတိရမိတယ်...
" အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊ " တဲ့ဗျာ... မှန်လိုက်တာဆရာကြီးရယ်...
 ပြောရမယ်ဆိုရင် အရိပ်လို နေပူကစောင့်ဆိုလို့ စောင့်နေခဲ့တာကြာပါပြီ နေလောင်တာပဲ အဖတ်တင်ပါတယ် ၊ ဆိတ်ဖွားကတော့ ဒီနေ့ ဒီလိုပြောင်းပြီးစဉ်းစားလိုက်တယ် အရိပ်လို နေပူကစောင့်မနေတော့ဘူး ... ကြာတယ်... ရိပ်တဲ့နေရာမှာပဲ သွားနေလိုက်တော့မယ် ....
Goodbye မြန်မာပြည်
ဒေါက်တာဆိတ်ဖွား
ဘကြီးသက်
Unknown at 1:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျောက်တော်မြို့ အပေါက်ဝကျေးရွာတွင် ဒုတိယအကြိမ် မီးရှို့မှု ဖြစ်ပွား
From : YPI
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ယနေ့ မွန်းလွဲ ၃နာရီက မီးရှို့မှု ဒုတိယအကြိမ်ဖြစ်ပွားကာ ၂ လတာအတွင်း ဒုတိယအကြိမ် မီးရှို့မှုဖြစ်၍ အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်ဟု အမည်မဖေါ်လိုသူ ကျေးရွာသားတဦးက YPI သို့ပြောသည်။
ဘင်္ဂါလီလူမျိုးများ အများစု နေထိုင်သည့် ယင်းအပေါက်ဝ ကျေးရွာတွင် ရဲစခန်းရှိသော်လည်း ရဲစခန်းမှ မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ၎င်းက ပြောသည်။ မီးရှို့မှုအပြင် လူတဦးလည်း အသတ်ခံရကာ သေဆုံးခဲ့ရသည်ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ် မောင်တော၊ စစ်တွေမြို့တို့တွင် မငြိမ်မသက်မှုများ ဖြစ်ပွားပြီးခါစ ဇွန်လ ၁၅ ရက်နေ့ကလည်း အပေါက်ဝ ကျေးရွာရှိ လူနေအိမ်များကို မီးရှို့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ကာ နေအိမ် ၄၀ နီးပါး လောင်ကျွမ်းခဲ့သည့်နောက် ၂ လနီးပါးအကြာ ယခုကဲ့သို့ ဒုတိယအကြိမ် မီးရှို့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် မီးရှို့မှု သတင်းကို အစိုးရထုတ်နေ့စဉ် သတင်းစာ၌ ဖေါ်ပြခဲ့ရာတွင် အိမ်ခြေ ၁၂ လုံးသာ မီးလောင်ကျွမ်းကာ လက်သည်တရားခံကို ရှာဖွေလျှက်ရှိသည်ဟု ဖေါ်ပြထားခဲ့သည်။
ယင်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်သာရှိသဖြင့် ယခုတကြိမ်မီးလောင်ပြီးနောက် အိမ်ခြေ ၃၀ ကျော်သာကျန်ရှိတော့ကြောင်းလည်း သိရသည်။
ယနေ့မီးရှို့မှု၏ လက်သည်မှာ ယခင်တကြိမ် မီးရှို့သူပင်ဖြစ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်းပြောဆိုသောလည်း သီးခြား အတည်ပြုချက်မရသေးပါ။ မီးမှာ ညနေ ၅နာရီဝန်းကျင်တွင် ငြိမ်းသွားခဲ့သည်ဟု လည်း၎င်းကပြောသည်။
အိမ်ခြေ ၇၀ ကျော်မီးလောင်ကျွမ်းသွားသဖြင့် အပေါက်ဝကျေးရွာတွင် နေစရာ အိမ်မလုံလောက်သည့် အခက်အခဲနှင့်ရင်ဆိုင်နေကြရသည်ဟုလည်း သိရှိရသည်။
ဇွန်လဆန်းတွင် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၇၇ ဦးသေဆုံးခဲ့ကာ လူနေအိမ် ၄ ထောင်ကျော် မီးလောင်ကျွမ်းခဲ့ရပြီး လူပေါင်း သောင်းနှင့်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်များ အရသိရသည်။
ယင်းအကြမ်းဖက်မှု များကို ထိန်းသိမ်းရန် ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် အခြေအနေကြေညာထားကာ မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲလည်း ဖြစ်သည်။ ။
Unknown at 12:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နောက်ဆုံးပေါ် အာဏာရှင် စည်းစိမ်ဖွက်နည်း။ (၁)
ဒီတခါတော့ ဘောဂဗေဒဘက် ခြေဦး လှည့်လိုက်ဦးမယ်ဗျာ။ နိုင်ငံတစ်နိုင်ငံ တိုးတက်မှုရဲ့ အခြေခံအချက်က စီးပွားရေးဆိုတာကြီး ဖြစ်နေလေတော့ ဒီဘောဂဗေဒ ဆိုတာကြီးကလည်း မပါရင် မပြီးပြန်ဘူးဗျို့။
ဘောဂဗေဒအကြောင်း ပြောမယ်ဆိုလို့ မင်းက ဘယ်လောက် နားလည်လို့လဲလို့ မေးလာရင် သိပ်တော့ နားမလည်ဘူးဗျ။ ဒါပေမဲ့ ဝိသမ လောဘဇော အမြတ်ကြီးစား စီးပွားရေး သောင်းကျန်းသူများကို ဦးတည်ချင်လို့ ဆက်စပ်ပြောရတာပါ။
ဒါပေမဲ့ ဘောဂဗေဒ သဘောတရားထဲက တစ်ခုဖြစ်တဲ့ “ဝယ်လိုအားများရင် ရောင်းလိုအားနည်း” ဆိုတဲ့ သဘောတရားတစ်ခုကို နားလည်တာနဲ့တင် မြန်မာပြည်ရဲ့ စီးပွားရေးကို အတော်လေး ခြုံငုံမိတယ်ဆိုပြီး ဘဝင်မြင့်မိတာတော့ ဝန်ခံရမယ်။ စဉ်းစားကြည့်လေ….. မြန်မာပြည်မှာ ဘယ်တုန်းကများ ရောင်းလိုအား များခဲ့ဖူးလို့လဲ။ မြန်မာပြည်သားများခမျာ ဘယ်ပစ္စည်းမှ ဖောဖောသီသီ သုံးခဲ့ရတာ မရှိပါဘူး။ အခွင့်ထူးခံ လူ့မလိုင် အမြတ်ကြီးစား လက်တစ်ဆုပ်စာ ကုန်သည်တစ်စုက ဆိုင်ရာကုန်ပစ္စည်း အမျိုးအစားအလိုက်  မြန်မာပြည်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ကြီးဘဲ လုပ်နေကြတာမို့  အဲ့ဒီ ကိုယ်စားလှယ်ကြီး တင်သမျှ ဈေးနဲ့ဘဲ ဝယ်ယူ စားသုံး/သုံးစွဲ နေကြရတာပါ။
မဝယ်လို့လည်း မရ၊ အခြေခံ စားသောက်ကုန်ပစ္စည်းတွေ ဖြစ်နေတယ်လေ။ ဒီလိုနဲ့ ဝယ်လိုအားတွေ များလာရော၊ ဝယ်လိုအားများတော့ ရောင်းလိုအားနဲ၊ ရောင်းလိုအားနဲတဲ့ ဘောဂဗေဒ အကျိုးတရားက ရှင်းပါတယ်။ ဈေးတွေ တက်ကုန်ရောပေါ့ဗျာ။ သူတို့က ပိတ်ချင်တဲ့ ပစ္စည်းကိုပိတ် ဖွင့်ချင်တဲ့ သူကိုတော့ဖွင့် ဒီလိုလုပ်တာကိုးဗျ။ မြန်မာပြည်က ကုန်ဈေးနှုန်းများ ကျတယ်ဆိုတဲ့ ဝေါဟာရကို မတီထွင်ခဲ့မိသယောင် တက်ကြီးကို တက်နေတော့တာပါဘဲ။ နိုင်ငံတော် ခေါင်းဆာင်ကြီးတွေက “ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီ” ဆိုပြီး ဖွဲ့စည်းကာ သူတို့ အစည်းအဝေး တစ်ခါထိုင်လိုက်တိုင်း တစ်ခါ ဈေးတက်နေလေတော့ “ကုန်ဈေးနူန်း မှန်ကန်မြန်ဆန်ရေး ကော်မတီ” ဆိုပြီး ပြောင်းခေါ်လိုက်ရတာ သတိထားမိ လိုက်တယ်။
၈၈ အရေးအခင်းတုန်းက လူတွေရဲ့ မကျေနပ်မှု တချို့လေးက တကယ်ကို သံဝေဂ ရစရာပါ။ ဘာတဲ့ “ဆန်တစ်ပြည် ၁၅ ပြား စိန်လွင် သေမှစား၊ ဆန်တစ်ပြည် ၁၅ ကျပ် စိန်လွင် ခေါင်းကိုဖြတ်” တဲ့။ ဆန်တစ်ပြည် ၁၅ ကျပ်မို့လို့ လူတွေ ပေါက်ကွဲခဲ့ကြပုံများ၊ အခုတော့ ဆန်တစ်ပြည် ၃၀၀၀ ကျော်ပြီမို့ သန်းရွှေခေါင်းကို ဖြတ်ရပေတော့မယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ကုန်ဈေးနှုန်းများ အဆ ၂၀၀ ကျော် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ နှစ် ၂၀ အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှု ပြယုဂ်လို့ ပြောရလေမလား။
ဒါကြောင့် ကျွန်တော်သိတဲ့ “ဝယ်လိုအားများရင် ရောင်းလိုအားနည်း” ဆိုတဲ့ သဘောတရားနဲ့တင် မြန်မာပြည်ရဲ့ စီးပွားရေးကို ခြုံငုံမိပြီ ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် ဘဝင်မြင့် နေရခြင်း ဖြစ်ပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား တန်းညှိတာတွေ ဘာတွေက စာထဲမှာသာ ရှိတော့တာ၊ လက်တွေ့ မြန်မာပြည်ရဲ့ စီးပွားရေး နယ်ပယ်မှာ အသုံးမဝင်တော့ပါ။
နိဒါန်းပျိုးနေရတာနဲ့တင် ဆိုလိုရင်း ပျောက်သွားမှာ စိုးရသေးတယ်။ ကျွန်တော် ပြောလိုတာက အခုတလော မြန်မာပြည် စီးပွားရေးလောကမှာ သိပ်ခေတ်စားနေတဲ့ အစိုးရ စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးနေတယ် ဆိုတာပါ။ ပုဂ္ဂလိကပိုင် လုပ်ငန်းလို့ ကြားရတာနဲ့တင် နားအရသာ ရှိလှပေတယ်။ ကိုယ်မပိုင်ရင်နေ၊ ပုဂ္ဂလိကပိုင်ဆိုတဲ့ စကားလုံးကတင် ကိုယ့်ကို ကိုယ်စားပြုသလို ခံစားရတယ်လေ။
တကယ်လည်း ပုဂ္ဂလိကပိုင် လုပ်ငန်းများ တွင်ကျယ်လာမှုက နိုင်ငံတစ်ခု တိုးတက်မှုရဲ့ အဓိက ရေသောက်မြစ်ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုဆိုပါတယ်၊ အားပေးပါတယ်၊ သို့ရာတွင်ပေါ့လေ။ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ ကြေငြာလို့မှ မဆုံးသေး၊ လျာထားချက် ပြည့်သွားပြီ။ အစိုးရ စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးတော့မည်၊ ကြေငြာလို့မှ မပြီးသေး၊ ထပ်ကာ ပြောင်းသွားတော့သည်။
အဲ့ဒီ ပုဂ္ဂလိကပိုင် လုပ်ငန်းများကို လက်မြန်ခြေမြန်နဲ့ ဘယ်သူတွေကများ လက်ဦးမှု ယူသွားကြပါလိမ့်၊ ရှည်ရှည်ဝေးဝေး စဉ်းစား မနေပါနဲ့၊ ယခု မြန်မာပြည်မှာ ကျင်းပနေတဲ့ Myanmar National League ဘောလုံးပြိုင်ပွဲက အသင်းပိုင်ရှင်များလို့သာ မှတ်လိုက်ပါတော့။ (MNL ဘောလုံးပြိုင်ပွဲကြီး နေ့ချင်း ညချင်း ကြီးထွားလာရခြင်းမှာ မြန်မာပြည်ရဲ့ အားကစားလောကကို မြေတောင်မြှောက် ပေးတာထက် နိုင်ငံရေး အခင်းအကျင်းရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် မဟာဗျူဟာမြောက် ဖေါ်ဆောင်လိုက်တဲ့ ပြိုင်ပွဲကြီးသာ ဖြစ်ပါကြောင်း အလျဉ်းသင့်လျှင် ရေးသား တင်ပြပါဦးမည်။ ဤကား စကားချပ်)
နအဖက ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ချချပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ အဲဒီ ၁၀ ဦးမျှလောက်သော သူဌေးကြီးများကသာ ပြိုင်ဘက်မရှိ အညီအမျှ ခွဲဝေယူနေကြတာ ဖြစ်ပေတော့တယ်။ ကျွန်တော်ပြောတာကို မယုံရင် ကိုယ်တိုင် လေ့လာကြည့်ပါ။ ယခု မြန်မာပြည်က အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ ပိုင်ရှင်၊ မြန်မာပြည်ရဲ့ အကြီးဆုံး စားသောက်ကုန် လုပ်ငန်းပိုင်ရှင်၊ မြန်မာပြည်ရဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းပိုင်ရှင်၊ ဘယ်သူတွေများပါလိမ့်လို့ ရှည်ရှည်ဝေးဝေး သိပ်ပြီး အတွေးခေါင် မနေပါနဲ့၊ Myanmar National League မှာ အားလုံး တစ်စုတစ်စည်းထဲ တွေ့နိုင်ပါလိမ့်မယ်။
မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ ပိုင်ရှင်များဟာ ဒီ Myanmar National League ကြီးမှာရှိတဲ့ ကလပ်အသင်း ပိုင်ရှင်များ ဖြစ်ကြပါတယ်။ လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ မြန်မာပြည်ကြီးမှာ ဒီ ၁၀ ဦးလောက်ကဘဲ ပုဂ္ဂလိက ဖြစ်နေတာကတော့ မနိပ်လှဘူးဗျို့။
စီးပွားရေးသမားမို့ လာဘ်မြင်တာမျိုး မဟုတ်ဘဲ နောက်ဖေးလမ်း လာဘ်မြင်သလိုမျိုးကြီးဗျ။ သူတို့ဟာက ရန်ကုန်ဘူတာကြီးမှာ လက်မှတ် ရောင်းသလိုမျိုး ဖြစ်နေတယ်။ လက်မှတ်ရောင်းချိန်က နံနက် ၇:၀၀ နာရီတဲ့၊ ဒါပေမဲ့ ၇:၀၀ နာရီက မထိုးသေးဘူး “ကုန်ပြီ” ဆိုတဲ့ စာတမ်းက အစီအရီ ပေါ်နေတော့တယ်။ ဘယ်အချိန် ဘယ်လို ကုန်အောင် ရောင်းလိုက်သည်မသိ။ အဘယ်မျှ မျက်စိရှင်အောင် ထားထား၊ အဘယ်မျှ အိပ်ရေးပျက်ခံပြီး လာစောင့်စောင့် လက်မှတ်ရောင်းတာကို အမြဲတမ်းလိုလို မတွေ့ရ။ “ကုန်ပြီ” ဆိုတဲ့ စာတမ်းက နေရာယူထားပြီးသားကို တွေ့မြင်ကြရတာ များပါတယ်။
ဘာလို့ ပုဂ္ဂလိက ချပေးလိုက် သူတို့က လက်ဝါးကြီးအုပ်လိုက် ဖြစ်နေရတာလဲ။ ဒါက ရှင်းပါတယ်။ “ခေတ်သစ် အာဏာရှင် စည်းစိမ်ဖွက်နည်း” ဖြစ်ပါတယ်။ ယခင်ခေတ်ကာလက အာဏာရှင်များဟာ သူတို့ မတရားယူထားတဲ့ စည်းစိမ်ငွေမဲတွေကို ဆွစ်ဇာလန်နိုင်ငံ ဘဏ်သို့ အပ်မယ်။ နိုင်ငံတကာမှာ အိမ်တွေ၊ ခြံတွေ ဝယ်မယ်။ အဲ့ဒီလိုနည်းနဲ့ စည်းစိမ်ဖွက်ကြတယ်။
အခု စစ်အာဏာရှင်တွေကတော့ ဒီလိုနည်းနဲ့ စည်းစိမ်မဖွက်ကြတော့။ ထိုနည်းများက ဦးနေဝင်း လုပ်ခဲ့တဲ့နည်းတွေ။ စိတ်မချရတော့။ ပြန်လည် သိမ်းဆည်းခံရနိုင်တယ်။ ယခုကြည့်ပါ၊ အီဂျစ်သမ္မတဟောင်း မူဘာရက်၏ ပိုင်ဆိုင်မှုများကို ဆွစ်ဇာလန်နိုင်ငံက ထိမ်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ အခုနောက်ဆုံးပေါ် စည်းစိမ်ဖွက်နည်းကတော့ ငွေကို အရှင်ထားခြင်း ဖြစ်တယ်။ ဥပမာ - ဦးတေဇရဲ့ Air Bagan လေကြောင်းပို့ဆောင်ရေးတဲ့၊ ဒါပေမဲ့ Air Bagan ရဲ့ လေယာဉ် တဝက်ကျော်ကျော်လောက်ကို ဦးသန်းရွှေသမီးက ပိုင်ဆိုင်တယ်။ ဦးတေဇက တရားဝင် လုပ်ငန်းရှင်သာ ဖြစ်တယ်။ အခွန်ဆောင်တယ်။ ဝင်ငွေအားလုံး ငွေဖြူဖြစ်တယ်။ အကြောင်းတစုံတရာကြောင့် ဦးသန်းရွှေကို အဂတိလိုက်စားမှုနဲ့ တရားစွဲ၊ လူကိုသာ ထောင်ထဲ ပို့လို့ရမယ်။ ဦးတေဇ၏ Air Bagan ကိုတော့ ထိမ်းလို့ မရ။ အားလုံးက တရားဝင် လည်ပတ်နေတဲ့လုပ်ငန်း ဖြစ်နေတာကိုး။ မပိုင်ဘူးလား။
အလားတူ မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်သမီးတွေ ရှယ်ယာ ပါပြီးသား။ ဤသို့ ဤပုံ မြန်မာစစ်ဗိုလ်ချုပ်များက ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားတတ်ကြတယ်။ ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြတယ်။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက အခြေအနေ အပြောင်းအလဲကြောင့် စစ်အစိုးရ ပြုတ်ကျလျှင်တောင်မှ ပြည်သူတွေနဲ့ဆိုင်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ မရှိတော့တဲ့ အခြေအနေပင်။ ပြောရလျှင် ပုဂ္ဂလိက အမည်ခံကာ အစိုးရပိုင်အဖြစ်မှ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပင်။
အလွန်တရာ ကလိန်စေ့ ငြမ်းဆင်နိုင်သော လှည့်ကွက်ပင် ဖြစ်ပါတယ်။။ သူတို့ ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။
(သိုးထိန်း)။
 မှတ်ချက် (စည်းလုံးခြင်းသည်အင်အားဝက်ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်)
MYANMAR-POLITICS-US-SANCTIONS Myanmar tycoon Tay Za (C) raises a toast along with unidentified officials during the third anniversary of his Air Bagan company in Yangon, 05 November 2007. Tay Za denounced US sanctions against his airline and other firms which he said would only hurt the people of the impoverished Southeast Asian nation. US President George W. Bush last month ordered sanctions against seven companies with ties to Myanmar's ruling junta. AFP PHOTO/ Khin Maung WIN (Photo credit should read KHIN MAUNG WIN/AFP/Getty Images) AFP/Getty Images
ဘကြီးသက်
Unknown at 11:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောကြား
ကမ္ဘာမှာ မူစလင်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတ
ယ်။
အနောက်ဂျားဗား ရှိသူ့ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနို က သူ့ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေ ကို တတ်နိုင်သမျှ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နဲ့ ဘက်မလိုက်ဘဲ ကြိုးစား ရှင်းပြနေတာဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်၊
ရခိုင်- ရိုဟင်ဂျာ ပဋိပက္ခ ဟာ ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြားဖြစ်ပွါးတဲ့ ပဋိပက္ခ သာဖြစ်ပြီး အကြောင်းတိုက်ဆိုင်လို့ ရိုဟင်ဂျာ တွေက မူဆလင်ဖြစ်ပြီး ရခိုင်တွေက ဗုဒ္ဓဘာသာ ဖြစ်နေတာ သာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားသမ္မတ ကပြောပါတယ်
ရိုဟင်ဂျာတွေဟာ ဘင်ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ ဒါပေမဲ့ မျိုးဆက်
လေးဆက်လောက်နေထိုင် လာတဲ့ သူတို့ ကို မြန်မာ အစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထဲ့သွင်းမှု မရှိသေးဘူး လို့  လည်းပြော ပါတယ်။
ဒီပဋိပက္ခမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ကနေ ၅၃၀၀၀ ထိ များပြားလါကြောင်း၊ စာရင်းအရ ရခိုင် ဒုက္ခသည် ၂၄၀၀၀ ရှိနေကြောင်း ၊ဝေဖန်သူတွေက မြန်မာအစိုးရ ဟာ ရခိုင်တွေကို ဦးစားပေး နေတယ်လို့ 
ဆိုကြပေမဲ့ တဖက်မှာလည်း ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂ ရဲ့ အကူအညီ အထောက်အပံ့ ပိုရနေတယ်လို့ ရခိုင်တွေက သတိမူ သဘောပေါက် ထားကြောင်းလည်း ပြောဆိုပါတယ်၊
မြန်မာနိုင်ငံက ပြဿနာဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ သံတမန် လမ်းကြောင်း က တတ်နိုင်သမျှဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ထံလည်း အင်ဒိုနီးရှားနိုင်ငံ ရဲ့မျှော်လင့်မှုတွေ နဲ့ပတ်သက် လို့ စာစောင်ပေးမို့ မယ်ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။
Myanmar Express
ဘကြီးသက်
Unknown at 11:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင်
နိုင်ငံမဲ့ ရိုဟင်ဂျာများအရေးနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်မှ ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပို့မည်။ လာခေါ်မည့်သူမရှိပါက ခြံခတ်  ထားမည်ဟုဆိုကာ မြန်မာနိုင်ငံအတွင်း နေ တိုင်းရင်းသားများ၌ လုံးဝပတ်သက် ခြင်းမရှိသော ရိုဟင်ဂျာများနှင့်ပတ်သက် မိမိ၏ သဘောထားအား အတိအလင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတကြီး၏ ရပ် တည်ချက်အပေါ် ပြည်သူများမှ လွန်စွာ  အားရဖြစ်လျက်ရှိပြီး အချို့သော ဒေသ များ၌မူ  သမ္မတကြီး၏ သဘောထား ထုတ်ပြန်မှုအပေါ် ထောက်ခံကြိုဆိုသော အားဖြင့် နိုင်ငံတော် အလံများပါလွှင့်ထူ ခဲ့ကြသည်။
ထိုသို့ နိုင်ငံတော်သမ္မတကြီး၏ ရို ဟင်ဂျာကိစ္စအပေါ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်းနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ အကြောင်းအား သမ္မတကြီး တပ်မ တော်၌ တာဝန်ထမ်းဆောင်ခဲ့စဉ်က သမ္မတ ကြီး၏ ဆရာတစ်ဦးဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ခ) စာရေး ဆရာကြီး နောင်စစ်သည်အား မေးခွန်း အနည်းငယ် မေးမြန်းခဲ့ရာ-
မေး- ကျွန်တော်တို့  ပြည်တွင်းမှာ ဂရက် ရိုက်နေတဲ့ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ် သက်ပြီးသမ္မတကြီး ဦးသိန်းစိန်ရဲ့ ရပ် တည်မှုနဲ့ သဘောထား ထုတ်ပြန်ခဲ့မှုအ ပေါ် ပြည်သူတွေအနေနဲ့ အလွန်နှစ် ထောင်းအားရဖြစ်ကြပါတယ်။ သမ္မတကြီး  ဦးသိန်းစိန် တပ်မတော်မှာ တာဝန်ထမ်း ဆောင်ခဲ့စဉ် ဘဘဟာ သမ္မတကြီးရဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့တယ်လို့သိရပါ တယ်။ တစ်ချိန်က သမ္မတကြီးရဲ့ ဆရာ ဖြစ်ခဲ့သူတစ်ယောက်အနေနဲ့ ရိုဟင်ဂျာ ပြဿနာနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ သဘောထား ထုတ်ပြန်ခဲ့မှု အပေါ် ဘယ် လို မြင်မိပါသလဲ။
ဖြေ- ကိုသိန်းစိန်ကMan of Principal ပဲ။ သူက ဟိုးအရင်ထဲက စည်းစနစ်နဲ့ နေတဲ့သူ။ ပြီးတော့ ရောင့်ရဲတင်းတိမ်မှု လည်း ရှိတယ်။ လောဘဇောတိုက်မယ့် သူလည်းမဟုတ်ဘူး။ ကိုသိန်းစိန်အ ကြောင်းပြောရရင် အရင်နိုင်ငံတော် ၀န် ကြီးချုပ်လိုပေါ့နော်။ သူက သူအငြိမ်း စားသွားတဲ့အခါကြလို့ ငွေတစ်ပြားတစ် ချပ်ပိုလာရင် ကျွန်တော်ကို ဆဲကြပါ၊ ဆို ကြပါ၊ ထောက်ပြစမ်းပါဆိုတာမျိုးပါ။ ကို သိန်းစိန်အနေနဲ့ကလည်း ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်  မဟုတ်ပါဘူး။ ရခိုင်ကရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကိုသိန်းစိန်ရဲ့ သဘောထား အပေါ် အမြင်ကိုပြောရမယ်ဆိုရင်For Most People Near Enough is Good Enough. အဲ့ဒါက လူအများစုကတော့ ရိုး ရိုးသားသားနဲ့ ကျေကျေနပ်နပ်လေးရရင် ရောင့်ရဲတင်းတိမ်ကြတာပဲ။ နောက်တစ်ခု For few people good enough is never enough. ဒါကတော့ လူနည်းစု တွေက လောဘဇောတွေမသက်နိုင်ဘူး ဆိုတာမျိုးပါ။ ကိုသိန်းစိန်ကတော့ ပထမ ပုဂ္ဂိုလ်မျိုးပါ။ ကိုသိန်းစိန် ပြောတာတွေ ကလည်း ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ရင် အားလုံး လမ်းမှန်ကမ်းမှန်တွေပါပဲ။
မေး- နိုင်ငံမဲ့ ရိုဟင်ဂျာတွေ ကိစ္စနဲ့ပတ် သက်ပြီးတော့ရော ဘဘ အနေနဲ့ ဘယ် လို ရှုမြင်သုံးသပ်မိပါသလဲ။
ဖြေ- ရိုဟင်ဂျာဆိုတာ ဘဘတို့ရဲ့ တိုင်း ရင်းသားမဟုတ်ဘူး။ ဧည့်နိုင်ငံသားအနေ နဲ့ပဲ သူတို့ကို လက်ခံထားတာ။ တစ်ခြား နိုင်ငံတွေမှာဆိုရင် လှေကလေးနဲ့ အတင်း ကမ်းလိုကပ်ပြီး လာကြတာ။ အဲ့သလို လာတဲ့အခါကြတော့လည်း ဥပမာ ယိုးဒ ယားဆိုပါဆို့။ သူတို့တွေက လှေတွေနဲ့ ၀င်လာပြီး ကမ်းကပ်ဖို့လုပ်တယ်။ အဲ့ဒါ ထိုင်းရေတပ်ကနေပြီးတော့ အတင်းကြိုးနဲ့ ပြန်ဆွဲသွားပြီး ပင်လယ်ထဲရောက်တဲ့ အခါ ကြိုးကို လွှတ်ပေးလိုက်ရော။ ဒါ တွေကို CNN တို့ BBCတို့ စတဲ့သတင်း တွေမှာ တွေ့ရတယ်။ ခု ရိုဟင်ဂျာဆိုတာ ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပျက်  ယွင်းလာတာပဲ။ ဟိုတုန်းက အိန္ဒိယက မွတ်စလင်ထဲမှာ ဗုဒ္ဓဘာသာကတော့ စောစောစီးစီးကွဲသွားတယ်။ အဲ့ဒီတော့ မွတ်စလင်ထဲမှာရိုဟင်ဂျာဆိုတာဘင်္ဂလား ဒေ့ရှ်နဲ့ပဲ ဆိုင်တယ်။ ဒါပေမယ့် သူ့ဟာက ခုဒီထဲကိုတောင် ရောက်နေပြီ။
မေး- ရခိုင်ဒေသမှာဆိုရင် တိုင်းရင်းသား ဦးရေထက် ဘင်္ဂါလီဦးရေက အဆမတန်  ပိုများနေပါတယ်။ ဘဘအနေနဲ့လည်း တပ်မတော်မှာ အဆင့်ဆင့် တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတာ့ အဲ့သလို တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း ရခိုင်ဒေသနဲ့ ပတ်သက်ပြီး အတွေ့အကြုံလေးတွေရှိ ရင် ပြောပြပေးပါလား။
ဖြေ-  ဘဘရဲ့ အတွေ့အကြုံကို ပြောရ မယ်ဆိုရင် ဘဘနဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ရခိုင်ဘူးသီးတောင်မောင်းတောဘက် ရောက်သွားတဲ့အခါ ရခိုင်တိုင်းရင်းသား က ၃ ရာခိုင်နှုန်းပဲရှိတယ်။ ဘင်္ဂါလီက တော့ (၉၇)ရာခိုင်နှုန်းလောက်ရှိနေတယ်။ သူတို့က ရခိုင်တိုင်းရင်းသူလေးတွေကို လက်ထပ်ယူထားကြတယ်။ အဲ့ဒါကိုကြည့် ပြီး ဗိုလ်ချုပ်ကြီး တင်ဦးရော၊ ဘဘရော စိတ်ဆင်းရဲလိုက်တာ။ ဒါမေပယ့် အချိန် က တော့်တော့်ကို လွန်နေပြီ။ ပြောရရင် လူမြိုတာပေါ့နော်။ လူမြိုတဲ့အခါမှာ လည်း သဘာဝနဲ့ တူညီတဲ့ပုံစံမဟုတ်တဲ့ အခါကြတော့ သိပ်ကိုသိသာထင်ရှားတဲ့ သဘောဖြစ်သွားတာပေါ့။ ဘဘတို့ နိုင်ငံ ရဲ့ မြောက်ဖက်ခြမ်းမှာဆိုရင်လည်း တရုတ် ပြည်၊ အဲ့ဒီဘက်မှာလည်း သူတို့မြိုထား တာတော်တော်များတယ်။ အဲ့ဒီတုန်းက ဘဘတို့ စစ်ဆင်ရေးဝင်တဲ့အခါ ဘဘက ဗိုလ်ချုပ်မှူးလောက်ပဲရှိဦးမယ်။ မူဆယ်၊ နမ့်ခမ်းရဲ့ ဒီဘက် ပလောင်တောဝေါ ရောက်လို့ မြေပြင်ပေါ်ကြည့်လိုက်ရင် ရွာတွေက အစက်အပြောက်လေးတွေပဲ မြင်ရတယ်။ အဲဒီအစက်အပြောက်လေး တွေက မြေပြင်မှာတော့ တကယ့်ရွာကြီး တွေပဲ။ အဲဒီရွာရောက်ပြီး သေချာကြည့် လိုက်တော့လည်း တရုတ်တွေကြီးပဲ။ မှတ်ပုံတင်ကြည့်ပြန်တော့လည်း အမျိုး သားမှတ်ပုံတင်တွေဖြစ်နေပြန်ရော။ ဒါ တွေ နားလည်မှု တွေပေါ့နော်။ အဲ့သလို အောက်ခြေမှာ ဖြစ်နေတဲ့ နားလည်မှု လေးတွေကြောင့် တရုတ်ကြီးတွေက မုတ်ဆိတ်ကြီးတွေနဲ့ အမျိုးသားမှတ်ပုံတင် ကိုင်ထားတာတွေ့ရတယ်။
မေး- ခု ရိုဟင်ဂျာတွေအပြင် အနီးစပ်ရာ နိုင်ငံအလိုက် လူမျိုး မြိုမှုတွေတွေ့နေရပါ တယ်။ အဲ့သလိုမြိုလာမှုတွေရဲ့ ရေရှည် အကျိုးဆက်က ဘာများဖြစ်နိုင်ပါသလဲ။
ဖြေ- ခုလွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါ ခုမန္တလေးလို နေရာမျိုး မှာတောင် တရုတ်တွေ မြိုနေပြီ။ အဲ့ဒါအ ပြင် ဟိုဖက်ကလည်းတစ်မျိုး။ ခု ရိုဟင်ဂျာ ကိစ္စမှာစစ်တကောင်းဟိုဘက်မှာဆိုရင် ဒါသူတို့နိုင်ငံပဲ။ ဒါပေမယ့် သူတို့က အချိန်အစောကြီးကတည်းက ဒီဘက် ရောက်လာတယ်။ အဲ့သလို ရောက်လာ ပြီးခုတော့ အသားတော်တော် ကျနေပြီ။ ဒါတွေကို တိုင်းရင်းသားလို့ တွက်ဆလို့မ ရဘူး။ ဟိုတုန်းကတော့ ဧည့်နိုင်ငံသား တွေ လုပ်တာပေါ့။ အဲ့ဒါကြီးကို ကိုယ့် နိုင်ငံနဲ့ လူမျိုးပါလို့ ဆိုလိုက်ရင် သမိုင်းပါ ပျက်သွားမယ်။
မေး- ဒီရိုဟင်ဂျာတွေဟာ လူဦးရေသိပ် သည်းစီးဝင်မှုသီအိုရီ(Population Density)နဲ့ ကျွန်တော်တို့ နိုင်ငံထဲစိမ့်ဝင်ဝါးမြို ခဲ့ပါတယ် အဲ့ဒီသီအိုရီအပေါ်မှာရော ဘဘလို တပ်မတော် ရဲ့ ခေါင်းဆောင်ပိုင်းမှ တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ဦးအနေနဲ့ ဘယ်လိုရှုမြင် မိပါသလဲ။
ဖြေ- ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သက်မြင့်ဦးရဲ့ စာအုပ်ထဲ မှာ မြန်မာနဲ့ တရုတ်ဆက်ဆံရေး၊ အိန္ဒိယ မြန်မာဆက်ဆံရေးကို ရေးထားတယ်။ အဲ့ဒီထဲမှာ ဘာပါသလဲဆိုတော့ မြန်မာ နိုင်ငံဟာ ကြားနေနိုင်ငံတစ်နိုင်ငံဖြစ်နေ တာကြောင့် အဲ့ဒီနိုင်ငံကြီးတွေရဲ့ Population Density m Best ဖြစ်လာပြီး ဒီိနိုင်ငံဒုက္ခဖြစ်မယ်ဆိုတာလေးကိုတွေ့ရ ပါတယ်။ ပြီးတော့ လူးဝစ်ဆင်းဘက်ရဲ့ တရုတ်မြန်မာဆက်ဆံရေးစာအုပ်မှာလည်း မြန်မာနိုင်ငံနဲ့ ထိပ်စပ်နေတဲ့ တရုတ်နိုင်ငံ ကြီးဘက်ကလည်း တော်တော်အန္တရာယ် များလာတယ်လို့ ရေးထားတယ်။ အဲ့ဒါ ကဘာလည်းဆိုရင် တပ်မတော်ရဲ့ အကြောင်းကို ကောင်းကောင်းနားမလည် တဲ့အခါကျတော့ တရုတ်ကိုသွားပြီးအကူ အညီတောင်းရတာပေါ့။ အဲ့ဒီမှာ တရုတ် နဲ့ပိုပြီးတော့ စီးပွားရေးတွေအားလုံးက တရုတ်ဘက်ပါကုန်ရော။
မေး- ဘဘအနေနဲ့ နောက်ဆုံးအနေနဲ့ ဒီသမ္မတကြီး ဦးသိန်းစိန်ရဲ့ တိုင်းရင်းသား ပြည်သူတွေဘက်က ရပ်တည်မှုနဲ့ ရိုဟင် ဂျာ ပြဿနာအပေါ် ဘာများပြောကြား ချင်ပါသလဲ။
ဖြေ- မကြာသေးခင်က ဂျွန်ဟောကင်း တက္ကသိုလ်က ပါမောက္ခ ကားလ်ဂျက် ဆင်နဲ့အဖွဲ့တွေ အိမ်ကိုရောက်လာပြီး ဘဘကို မေးတယ်။ ကျွန်တော်တို့ နေ ပြည်တော်က ပြန်ဆင်းလာတာ ဟိုမှာ တရုတ်တွေကြီးပဲတဲ့။ အဲဒါဘာပြောချင် သလဲလို့မေးတယ်။ အဲ့ဒီသဘောမျိုးပါပဲ။ ဒီ ရိုဟင်ဂျာကိစ္စက ဘင်္ဂလားနဲ့မြန်မာ ကြားမှာ ဖြစ်တာလေ။ ကိုသိန်းစိန်တောင် ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ခရီးစဉ်ကိုရပ်ဆိုင်း ထားတယ်လေ။ ဒါမျိုးလေးတွေရှိတော့ တော်တော့်ကို ချိန်ဆရတယ်။ နိုင်ငံတွေ ကလည်း လူလည်လုပ်တာတွေအများ ကြီး။ အဲ့ဒီဟာတွေကိုရှိတော့ တော်တော့် ကိုချိန်ဆရတယ်။ နိုင်ငံတွေကလည်း လူ လည်လုပ်တာတွေအများကြီး။ အဲ့ဒီဟာ တွေကို ကိုင်တွယ်ဖို့ဆိုရင်တော့ ကိုသိန်း စိန်အနေနဲ့ အပြည့်အ၀ကို ကိုယ်တွယ် နိုင်မယ်လို့ယုံကြည်ပါတယ်။ ကိုသိန်းစိန် က ဘယ်တော့မှ လက်လွတ်စပယ်လုပ် တဲ့လူမျိုးလည်းမဟုတ်ဘူး။ ဟိုးအရင်ထဲ က အရမ်းကို ရိုးရိုးသားသားနေခဲ့တာ။ သူရော သူ့မိသားစုရောပေါ့နော်။ အား လုံးက ဟိတ်ဟန်မရှိဘူး။ ဒီကိစ္စနဲ့ပတ် သက်ပြီးတော့ ကိုသိန်းစိန်က ပညာရှင် တွေနဲ့တိုင်တိုင်ပင်ပင် လုပ်သွားမှာပါ””ဟု ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ(ခ)စာရေး ဆရာကြီး နောင်စစ်သည်မှ ၁၉၅၂ ခုနှစ် မှစတင်ကာ မြန်မာ့တပ်မတော်၌ တာဝန် အဆင့်ဆင့် ထမ်းရွက်ခဲ့ပြီး ၁၉၉၇ဒီဇင် ဘာ(၇)ရက်နေ့၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူရာ ယခုတွင် နောင်လာနောင်သား မျိုးဆက်သစ်များအတွက် အကျိုးဖြစ်စေ ရန် ရည်ရွယ်၍ စာပေရေးသားခြင်းများ ပြုလုပ်နေလျက်ရှိသည်။
ခန့်ခန့် (မောရ၀တီ)
ဘကြီးသက်
Unknown at 11:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာ့ဆက်သွယ်ရေး လုပ်ရပ် မကျေနပ်ကြ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  မှ ကြိုးဖုန်းနှစ်စဉ်ကြေးများကို ယခင်က တစ်နှစ်လျှင် ကျပ် ၅၄၀ အစား တစ်နှစ်လျှင် ကျပ် ၆၀၀၀ သို့ ၂၀၁၂ မေလမှစ၍ သတင်းစာ တွင် ကြေညာခြင်းမရှိဘဲ တိုးမြှင့်  သတ်မှတ်လိုက်ကြောင်း သိရသည်။
“မီတာခတောင် တစ်ယူနစ် (၃၅) ကျပ်တိုးတယ်ဆိုတာ သတင်းစာထဲထည့်တယ်။ အခု ဟာက ကျွန်တော်တို့ ဘီလ်သွား ဆောင်မှသိရတယ်။ တာဝန်ရှိသူ  တွေကို မေးတော့နိုင်ငံတော်ပိုင်းက ပြည်ထောင်စုဝန်ကြီးကပြောင်းခိုင်း တာပါ၊ ခေတ်စနစ်နဲ့ အညီကောက်  ခံတာပါလို့ပြောတယ်။ ဒါက လွှတ်တော်မှာ ဆွေးနွေးသင့်တယ်၊ အခုလိုမသိမသာတိုးမြှင့်ကောက်  တော့ပြည်သူတွေကခံရတာပေါ့၊ ဘာပဲဖြစ်ဖြစ်တရားဝင်ကြေညာ သင့်တယ်”ဟု ရန်ကင်းမြို့နယ်နေ  အငြိမ်းစားဝန်ထမ်းတစ်ဦးကပြော ပြသည်။
ကြိုးဖုန်းအတွက် နှစ်စဉ် ကြေးများကောက်ခံရာတွင် သက်ဆိုင်ရာမြို့နယ်အလိုက်စာ တိုက်မှူးများသို့ ဖုန်းဘေလ်အား ဖြန့်ဝေ၍ ငွေကောက်ခံခြင်းဖြစ်ပြီး နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခြင်းမရှိဘဲ ယခင်နှုန်းထား ထက်ဆယ်ဆကျော်သို့တိုးမြှင့်ခြင်း အပေါ်ပြည်သူအများစုကလက်ခံ ကျေနပ်ခြင်းလုံးဝမရှိကြောင်း သိရသည်။
သတင်းချစ်သူ
ဘကြီးသက်
Unknown at 11:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
“ကြက်တူရွေး အာခေါင်နီ ကွမ်းကလပ်ကိုချီ”
“ခရိုနီတွေအကြောင်းလည်း နည်းနည်းပါးပါး ရေးစမ်းပါဦး ဆရာ။” လို့ ချွန်တွန်းလုပ်လာတဲ့အခါ အမ်းမြို့မှာ အနုပ်စုတ်ဂုတ်စုတ်လူနာတွေနဲ့ လုံးလည်ချာလည်လိုက်နေတဲ့ အစုတ်ပလုပ်ဆရာဝန်ကလေးပီပီ အဲဒီ ခရိုနီဆိုတာကြီးကို ဘာပြောမှန်း နားမလည်ပါဘူး။ ကြားဖူးလောက်အောင်တောင် ဘုန်းကံက မပါလာတာ ထင်ပါရဲ့။ ဖြစ်သေးပါဘူး။ နုံချာရတဲ့အထဲ နုံအ လှချည့်လား လို့တော့ အပြောမခံနိုင်တာနဲ့ ရန်ကုန်ရောက်တော့ ဗဟုသုတဟင်းလေးအိုးကြီးများဆီ မေးမြန်းဆည်းပူးရတယ်။ လက်စသတ်တော့ သည်လူကြီးတွေ ငါသိတာ ကြာပေါ့။ လက်ညှိုးကြီးများတောင် ငေါက်ကနဲ ငေါက်ကနဲ ထိုးပြလို့ရသေး။ သူတို့အကြောင်း ကောင်းရာမွန်ရာ သာယာနာပျော်ဖွယ်ကလေးတွေချည့်ပဲ ရေးပြန်ရင်လည်း မျက်နှာလိုအားရ မစားရအညှော်ခံ ငတ်ကြီးကျရာ ရောက်ဦးမယ်။ ဒီလိုလုပ်တာ ဘာကောင်းသလဲ။ တော်ရော့လား။ ရေးပြန်တော့ မနာလို ၀န်တိုမိစ္ဆာဖြစ်အားကြီးတယ် ဆိုဦးမယ်။ တစ်ခွန်းတည်းပြောစမ်းပါ အဲဒီလူကြီးတွေ ကောင်းသလား မကောင်းဘူးလားဆိုရင်တော့ ခင်ဗျားဘယ်ဘုရားရှိခိုးသလဲ လို့ ပြန်မေးရမှာပဲ။ ဘယ်ဘုရားပဲ ရှိခိုးရှိခိုး သူတို့ပြုသောအမှုများကို ကောင်းချီးပေးမယ့် ဘုရားသခင်မျိုးကတော့ မြေကမ္ဘာမှာရော၊ ကောင်းကင်ဘုံတခွင်ရော၊ စကြာဝဠာတိုက်တစ်သောင်းမှာပါ ပွင့်တော်မမူသေးပါဘူး။ သို့သော်လည်း အဲဒီခရိုနီဆိုတာကြီးတွေက ကိုယ့်ပြည်တွင်းမှာမှ မဟုတ်ဘူး။ နိုင်ငံတကာမှာ ပိုတောင် ပေါသေးတယ်။ ခေတ်အဆက်ဆက်လည်း ဘယ်တုန်းကမှ မကင်းခဲ့ဘူး။ ဒါဖြင့် သူတို့က ဘယ်ဘုရားမှ မရှိခိုးတဲ့ ဘာသာမဲ့တွေမို့လားလို့တော့ မထင်လိုက်နဲ့။ သူတို့အားလုံးအတွက် တစ်ခုတည်းသောကိုးကွယ်ရာကတော့ ပိုက်ဆံပဲ။ အဲဒီပိုက်ဆံအတွက် ချည်းကပ်တဲ့ဗျူဟာကျတော့ အာဏာရယ်၊ အကျင့်ပျက်ခြစားခြင်းရယ်ကို ဝေစားမျှစား ဆရာမွေးတပည့်မွေးမူဝါဒနဲ့ ချဉ်းကပ်ကြတာပေါ့။ အခုလောလောဆယ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းရေး၊ ဆိုင်းငံ့ထားရေးကိစ္စတွေဟာ အဲဒီခရိုနီတွေရဲ့ ရန်ကိုကြောက်လို့ သည်လောက် ကြန့်ကြာနေတာပါ။ ကာတွန်းတွေနဲ့ သရုပ်ဖော်သလိုပဲ ငတ်ပြတ်ဆင်းရဲနေတဲ့ ပြည်သူတွေကို လက်ညှိုးထိုးပြပြီး အတိုင်းတိုင်းအပြည်ပြည်က အကူအညီ အထောက်အပံ့ မှန်သမျှကို လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ ပူးပေါင်းလို့၊ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်လို့ ကိုယ်ကျိုးအတွက် စီးပွားရှာသူတွေကို ခရိုနီလို့ ခေါ်ပါသတဲ့။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အခွင့်ထူးခံလူတန်းစား လို့ ခေါင်းစဉ်တပ်ရင်လည်း မမှားဘူး။
          မြန်မာရှင်ဘုရင်တွေ လက်ထက်တုန်းကတော့ မြေပေါ်မြေအောက် ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာတွေကို ရှင်ဘုရင်ကချည့်ပဲ အကုန်ပိုင်တယ်ဆိုတာတောင် ရေနံတူးတဲ့နေရာမှာတော့ တွင်းရိုးတွင်းစားများကို မျိုးရိုးစဉ်ဆက် အပိုင်စား တူးခွင့်ဖော်ခွင့် ပေးသနားထားကြပါတယ်။ တူးတိုင်းလည်း အောင်တာမှ မဟုတ်ပဲ။ သူ့ကုသိုလ်ကံကပါဦးမှ လို့ အယူရှိကြတယ်။ ပိုက်ဆံတတ်နိုင်လို့ သူတို့စီးပွားရေးနယ်ပယ်ထဲ ၀င်တိုးရင်တောင် ဘုရင်မင်းမြတ် အခွင့်တော်ခံရတဲ့ မျိုးရိုး မဟုတ်ရင် ငွေဘယ်လောက်ရှိရှိ တောင်ပံနီတွင်းစား လို့ပဲ သမုတ်တယ်။ တွင်းရိုးဖြစ်ဖို့ဆိုတာ အဝေးကြီး။ တွင်းရိုးအစစ်ကြီး ယူလိုက်တာတောင် တွင်းစားပဲ ဖြစ်တယ်။ ကျောက်မျက်ရတနာနဲ့ ပတ်သက်လာရင်တော့ ဘယ်သူတူးလို့ရရ ဘုရင့်ကိုဆက်သရတာချည့်ပဲ။ ငမောက်ပတ္တမြားကြီးတုန်းကတောင် တ၀က်ကို ခွဲပြီး ၀ှက်ထားလို့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မီးရှို့သတ်ပါသတဲ့။ ကိုယ့်ဆွေမျိုးတွေ ကျောက်အောင်တာတောင် သူဌေးအိမ်ထမင်းကပ်စားရဖို့ နေနေသာသာ မဆီမဆိုင် မီးလောင်တိုက် ခွဲတမ်းရကုန်တာပေါ့။ လက်လွတ်ထွက်ပြေးရှာတဲ့ မနန်းကြည်ဆိုတဲ့ အမျိုးသမီးက တောင်ပေါ်ကနေ မျက်ရည်စက်လက် နဲ့ မိုးကုတ်မြို့ဘက် မျှော်ကြည့်ခဲ့လို့ အဲသည်တောင်ကို နန့်ကြည့်တောင် လို့ ခေါ်ကြပါသတဲ့။ ဟုတ်တာ မဟုတ်တာ အပထား ပြောစမှတ်တော့ ရှိခဲ့တာပဲ။
          ကိုလိုနီခေတ်ကိုရောက်တဲ့အခါမှာတော့ လုပ်ငန်းကြီးတွေ၊ လိုင်စင်တွေကို အစိုးရမင်းများထံ လျှောက်ထားအသနားခံလို့ လက်သင့်ရာ စားတော်ခေါ်ပြီး လုပ်ကိုင်ခဲ့ကြပါတယ်။ အထက်တန်းမြန်မာစာမှာ သင်ခဲ့ရတဲ့ အင်းလေလံဆိုတဲ့ ၀တ္ထုတိုကလေးဟာ မှတ်သားစရာလည်းကောင်း၊ သင်ခန်းစာလည်းရတဲ့ အဲသည်ခေတ်က ခရိုနီတွေအကြောင်း တစွန်းတစ လှစ်ပြထားတဲ့ စာကလေးတစ်ပုဒ်ပါ။ အင်္ဂလန်က ဘုရင်မကြီးကိုယ်တိုင်က သူကောင်းပြုထားတဲ့ ဆာဘွဲ့ရ ပုဂ္ဂိုလ်တွေတောင် ပေါ်လာခဲ့သေးတယ်။ သခင်အားရ ကျွန်ပါးဝအမျိုးတွေလို့ ကင်ပွန်းတပ်ပြီး ၀ံသာနုစိတ်ပြင်းထန်တဲ့ မြန်မာတွေကတော့ အားမပေးပဲ ရှုံ့ချခဲ့ပါတယ်။ ဒါတွေက မနာလိုလို့ သွားပုပ်လေလွင့်ပြောနေတာတွေပါဆိုပြီး ခရိုနီတွေကတော့ မျိုးရိုးစဉ်ဆက်အလိုက် ခေါင်းထောင်မပျက်ခဲ့ပါဘူး။ အင်းသူကြီးလုပ်စားလည်း ကျောင်းဆောက်လှူလိုက်ရင် ကျောင်းဒကာကြီး ဖြစ်သွားတာပဲ မဟုတ်လား။ သူလှူတဲ့ကျောင်းပေါ်တက်သီတင်းသုံးပြီး ငါးစိမ်းသည်တွေ လက်ရဲဇက်ရဲ ထုရိုက်ခုတ်ဖြတ်တာ အပယ်လားတဲ့ တရားတော် အကျယ်တ၀င့်ဟောတဲ့ ဘုန်းကြီးရော ရှိပါ့မလား။ ဒီလိုနဲ့ ခရိုနီတွေရဲ့ ပုံရိပ်ဟာ မြန်မာလူမှုအသိုင်းအ၀ိုင်းမှာ ချောင်းငယ်ရေ၊ မြစ်ငယ်ရေ၊ ပင်လယ်ရေ နဲ့ ဆေးစရာမလိုပဲ ပိုက်ဆံတွေအိပ်ထဲပြည့်နေရင် အလိုလို သန့်စင်သွားတဲ့ အယူဝါဒကို တစတစ ပြောင်းလဲလာပါတယ်။
          ကိုလိုနီခေတ်ကလွန်လို့ မြန်မာတွေကိုယ်တိုင် အာဏာရလာတဲ့ခေတ်မှာတော့ ခရိုနီတွေ ရွှေခေတ်လို့ ပြောရမယ် ထင်ပါတယ်။ ဦးနု ၀န်ကြီးချုပ်ဖြစ်တဲ့အခါ သူ့အိမ်မှာရှိတဲ့ပစ္စည်း ငါးပြားတစေ့မကျန် မှတ်တမ်းတင်ပါ။ သူဝန်ကြီးချုပ် သက်တမ်းစေ့လို့ နှုတ်ထွက်တဲ့အခါ ငါးပြားတစ်စေ့ပိုနေခဲ့ရင် သူ့ကို လာဘ်စားမှုနဲ့ ဖမ်းပါ လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အဖိုးအဖွားများခေတ်တုန်းက နေ့ချင်းညချင်း တိုက်တာအိမ်မြေတွေနဲ့ ကြွယ်ဝသွားတဲ့ လိုင်စင်သူဌေး တွေ အားလုံးဟာ ဦးနုရဲ့ မိတ်ဆွေ သင်္ဂဟ အ၀န်းအ၀ိုင်းထဲကပဲဆိုတာ ကလေးဘ၀ကတည်းက မျက်ဝါးထင်ထင် မြင်ဖူးထားပါတယ်။ ငွေများရင် တရားနိုင်တဲ့ခေတ် လို့ ကိုယ်တွေ့ကြုံဖူးသူတွေက နင့်နင့်နဲနဲ ဇာတ်ကြောင်းပြန်ပြတဲ့ ပုံပြင်တွေလည်း ကြားခဲ့ဖူးပါတယ်။ အရင်တုန်းကတော့ ကလေးပီပီ သူတို့ဘာကိုပြောချင်မှန်းမသိပဲ လူကြီးစကားဝိုင်းဘေး နားစွန်နားဖျားကြားထားတဲ့ စကားတွေဟာ အခုမှပဲ ပြန်တွေးကြည့်ဖြစ်ပါတော့တယ်။ ဦးနေ၀င်းခေတ်ကို ရောက်တဲ့အခါမှာတော့ သူဌေးတွေ သင်္ဘောမှောက်တဲ့ခေတ်ကို ရောက်လာပါတယ်။ ဗုံလုံတလှည့် ငါးပျံတလှည့်ပေါ့ဗျာ။ ဥက္ကဋ္ဌ နှင့် သားမြေးများ ကောင်းစားသော ခေတ်ကို ကိုယ်တိုင်မှီလိုက်ပါသေးတယ်။ ပြည်သူ့ဆိုင်ခွဲတမ်း နဲ့ ဆန်တန်းစီဝယ်စားရတဲ့ခေတ်တုန်းက အရပ်ထဲမှာ ဘုန်းကြီးရဟန်းထက် ရိုရိုသေသေ တလေးတစား ခရီးဦးကြို နှုတ်ခွန်းဆက်ရသောသူတွေကို အခုထက်ထိ မှတ်မိနေပါသေးတယ်။ ဒေါက်တာဇီဗားဂိုးဇာတ်ကား ကြည့်ရတဲ့အခါ အေးစက်နေတဲ့ လူမမယ် သားငယ်ကလေး အနွေးဓါတ်ပေးဖို့ ကိုယ့်အိမ်ခြံစည်းရိုးက ထင်းကလေးနှစ်ချောင်း (အဲသည်အချိန်မှာတော့ ပြည်သူပိုင်သိမ်းထားတဲ့ ဘုံရိပ်သာဖြစ်နေပြီ) ကို မသိအောင် ယူမိတဲ့ အပြစ်အတွက် ခုံရုံးတင် တရားစွဲတာ ပြထားတော့ မျက်စိထဲမှာ ကိုယ့်တိုင်းပြည်ကြီးပဲ ပြေးပြေးမြင်မိပါတော့တယ်။
          မဆလခေတ်မှာ ပြည်သူပိုင်စံနစ်နဲ့မို့ ခရိုနီတွေ ပျောက်ကွယ်ညှိုးမှိန်သွားရမယ့်အစား သူ့နည်းသူ့ဟန်နဲ့ ခေတ်စံနစ်ကို လျှော်ညီစွာ ပြန်လည်ပေါ်ထွက်လို့လာပါတယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းအငယ်စားကလေးတွေ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကလေးတွေကို ဆိုရှယ်လစ်စီးပွားရေးစံနစ်ရဲ့ ထိန်းချုပ်မှုအောက်မှာ အကန့်အသတ်များစွာနဲ့ ခွင့်ပြုလုပ်ကိုင်ကြပါတယ်။ သို့သော် အများသူငါ ရလေ့မရှိတဲ့ အထူးအခွင့်အရေးကလေးတွေကို ဌာနဆိုင်ရာနဲ့ နီးစပ်ရာ ခရိုနီ အသိုင်းအ၀ိုင်းတွေမှာ လက်ဝါးချင်းရိုက်ပြီး ရှဥ့်လည်းလျှောက်ကြ ပျားလည်းစွဲကြ ကျန်တာ ဘယ်သူမှ မသိစေနဲ့ဆိုတာမျိုး လုပ်နိုင်ကိုင်နိုင်တဲ့သူတွေဟာ ပြိုင်ဘက်လုပ်ငန်းရှင်တွေကို သမင်ဆယ်လှမ်း ကျားတစ်လှမ်းနှုန်းနဲ့ အောင်မြင်မှုတွေ ဝေေ၀ဆာဆာ ရကုန်ကြပါတယ်။ ဥပမာဆိုကြပါစို့ တိုးတက်ဖွံ့ဖြိုးလာတဲ့ မြို့ပြစီမံချက်တွေအရ လက်ကားပွဲရုံတွေကို တရုတ်တန်းမှာ ခွင့်မပြုတော့ဘူး။ အကုန်လုံး ဘုရင့်နောင်ပွဲရုံတန်းကို ပြောင်းကြ လို့ အမိန့်ထွက်လာတဲ့အခါ အကုန်လုံး မဖြစ်မနေ ပြောင်းကြရွှေ့ကြ ဒုက္ခပင်လယ်ဝေနေတုန်း ဒူးကလေးနှန့်ရင်း ဈေးရောင်းမပျက်တဲ့၊ အနီးအနားက ယှဉ်ရောင်းမယ့်ဆိုင် မရှိတော့လို့ ၀က်ဝက်ကွဲရောင်းကောင်း ချမ်းသာ စီးပွားဖြစ်သွားတဲ့သူတွေ တွေ့ခဲ့ဖူးပါတယ်။ ကားပစ္စည်းဆိုင်တွေ ရွှေ့တော့လည်း သည်အတိုင်းပဲ။ အစိုးရဆီက အမိန့်စာတစ်ခု ထွက်တိုင်းထွက်တိုင်း ချမ်းသာသွားတဲ့သူတွေ နည်းမှ မနည်းခဲ့တာ။
          အတိတ်ဘ၀က လှူခဲ့တန်းခဲ့တဲ့ ကုသိုလ်ကံနည်းခဲ့လို့ သည်ဘ၀မှာ လူတန်းမစေ့ ချမ်းချမ်းသာသာ မနေနိုင်ရတဲ့ကြားထဲ သူများတကာ သူ့ကုသိုလ်နဲ့သူ ချမ်းသာကြွယ်ဝလာတာကို မုဒိတာ မပွားပဲ အဘိဇ္ဇာတွေပွားနေမိတဲ့အတွက် သည်သူငယ်ကလေးတော့ နောက်ဘ၀ နောက်ဘ၀တွေမှာ သည့်ထက်သည် ဆင်းရဲနွမ်းပါးရဦးမယ် ထင်ပါရဲ့။ ရွှေဆိတ်ရုပ်တွေ မြေကမပေါက်ပဲ၊ လက်ပန်းပေါက်ခပ်လိုက်ရင် ရွှေမိုးငွေမိုးမရွာပဲ၊ ဇောတိက၊ ဇဋိလ၊ ကာကောဏ္ဍ၊ မေဏ္ဍက သူဌေးကြီးတွေလောက် ကြွယ်ဝတဲ့သူတွေ မြန်မာပြည်မှာ ပေါများလာတာကိုလည်း အများသူငါ ကုသိုလ်ဒါနပြုချင်တဲ့ သဒ္ဒါစိတ်တွေ ယိုဖိတ်လာစေခြင်းငှာ တစ်ဦးချင်းတစ်ယောက်ချင်း မိတ်ဆက်မပေးတော့ပါဘူး။ အဲသည် သူဌေးကြီးတစ်ယောက်တိုင်း တစ်ယောက်တိုင်းကို မိတ်ဆက်ပေးတဲ့အခါ သူ့ရဲ့ ကျောထောက်နောက်ခံက ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာ ပြောစရာမလိုအောင်ကို ပွင့်ပွင့်လင်းလင်း လူတကာသိဖြစ်ကုန်ပါပြီ။ ဘယ်သူတွေ စောင်မလို့ ဘယ်နေရာမှာ ထောင်ကြွသွားတာလည်း မခိုင်လုံတဲ့ ကောလာဟလတွေမို့ စကားထဲထည့်မပြောချင်ပါ။ သူများပြောလို့ သိရတဲ့ဘ၀ကများ ကိုယ်ပြောမှ သူများသိရမှာကြလို့။ သူဌေးသင်္ဘောမှောက်တာ ကိုယ့်အရာ မဟုတ်တဲ့အတွက် သူတောင်းစားပီပီ ကိုယ့်ခွက်ပျောက်ရတဲ့အကြောင်းပဲ ကိုယ် ပြောပါတော့မယ်။
          ၂၀၀၆ ခုနှစ် လောက်ကိုင်ကို မပြောင်းရခင်အချိန်အထိ အလုပ်သမားဆေးရုံမှာ ပထမလက်ထောက်ဆရာဝန်အဖြစ် အလုပ်လုပ်နေခဲ့ပါတယ်။ အဲသည်တုန်းက ကိုယ်နဲ့တာဝန်ကျတဲ့ အလုပ်သင်ဆရာဝန်ကလေးတွေခမျာ ညဘက် အရေးပေါ်လူနာလာရင် ကိုယ့်ဆီချက်ချင်းဆက်သွယ်ဖို့အရေး ဖုန်းသုံးလေးလုံးလောက် တစ်ခုမဟုတ်တစ်ခုခေါ်ပြီးမှ အဆက်အသွယ်ရပါတယ်။ ညကြီးအချိန်မတော်ဆိုရင် အိမ်အပေါ်ထပ်က မိသားစုကို အရမ်းအားနာရပါတယ်။ သူတို့အလုပ်လည်း မဟုတ်ပဲ အိပ်ကောင်းတုန်း ဆင်းဆင်းခေါ်ပေးရလို့ပါ။ ဟန်းဖုန်းဆိုတာ ကိုယ့်အရာမှ မဟုတ်တာ။ ဌာနမှူးလုပ်တဲ့ ကိုယ့်ဆရာကြီးတောင် အသည်းအစားထိုးခွဲတာ အောင်မြင်တော့မှ တစ်လုံးလောက် ၀ယ်ခွင့်ရတယ်။ ကိုယ့်ဘာသာ ၀ယ်ကိုင်ဖို့ဆိုတာ အိပ်မက်တောင် မမက်ဘူး။ ဆေးရုံမှာ ဆရာကြီးတွေ ခွဲစိတ်နေတုန်း သူတို့ဖုန်းတွေ မြည်လာရင် ကိုယ့်မှာ ဒုက္ခကိုရောက်လို့။ လုပ်ကြပါဦး။ ဘယ်ခလုပ်ကိုနှိပ်ပြီး ကိုင်ရမှာတုန်း နဲ့။ လောက်ကိုင်ကို ရောက်တဲ့အခါမှာတော့ ဆေးရုံက အလုပ်သမားတွေမှာ ဟန်းဖုန်းကိုယ်စီနဲ့ဗျ။ လမ်းဘေးက အမှိုက်သိမ်းတဲ့သူလည်း လည်ပင်းဆွဲထားတာ။ ပထမဆုံးခွဲပေးတဲ့လူနာက သူ့ဆာဂျင်မှာ ဖုန်းမရှိဘူးလို့ သိသွားတော့ သနားသွားပြီး “ရော့ ငါ့ဟာ ယူလိုက်တော့” လို့ စွန့်ကျဲသွားတယ်။ ဘူတန်က ပြန်ကာနီးမှာ လောက်ကိုင်မှာ အသစ်ဝယ်လာတဲ့ ဟန်းဆက်ကလေးပျက်သွားလို့ မပြန်ခင်သုံးလို့ရအောင် မြန်မာငွေ သုံးသောင်းလောက်ပဲ တန်တဲ့ဟာကလေး ကိုင်တော့ အလုပ်သမားလေးတစ်ယောက်က “Sir, Shame on you.” လို့ ပြောတယ်။ ဆရာဝန်ဖြစ်နေပြီး အဲလို အပေါစားကြီး မကိုင်ပါနဲ့ လို့ဆိုတယ်။ တော်ပါသေးရဲ့ ကိုယ်ပြန်လာတဲ့အခါ ဆယ့်ငါးသိန်းတန်ဖုန်းကဒ်အစား၊ ငါးသိန်းတန်ဖုန်းကဒ်တွေ ပေါ်နေပြီမို့ ၀မ်းသာအားရ ၀ယ်ဖြစ်သွားတယ်။ ဒါပေမယ့် စောစောက ရှက်ဖွယ် ရှက်ဖွယ် အကဲ့ရဲ့ခံရတဲ့ ဟန်းဆက်မျိုးကို တစ်သိန်းကျော်ပေးဝယ်ရတယ်။ ဟောအခု နှစ်သိန်းဖုန်းပေါ်လာပြီ။ လက်ထဲကဟာကြီးက ပိုကောင်းလို့လည်း မဟုတ်ဘူး။ လိုင်းပိုမိတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်တောင် ညာလို့မရဘူး။ အင်တာနက်လည်း သုံးလို့မရဘူး။ သုံးချင်တစ်လုံး ထပ်ဝယ်လိုက်ပေါ့တဲ့။ သိပ်မကြာခင် တစ်သိန်းဖုန်း၊ ငါးသောင်းဖုန်းတွေလည်း လာဦးမတဲ့။ အစကတည်းက သူများနိုင်ငံတွေမှာ အောက်ခြေလူတန်းစားသုံးတဲ့ဟာတွေကို ကိုယ့်ဆီမှာတော့ ကောင်းကင်ကကျလာတဲ့ ဘိလပ်ရည်ပုလင်းဖုံးကလေးလို အလုအယက် ရွှေနဲ့စက်လို့ဝယ်ရတယ်။ ကြံများကြိတ်သလို ပြည်သူတွေအိပ်ထဲက ရှိစုမဲ့စု ပိုက်ဆံကလေးတွေကို သူဌေးတွေ အိပ်ထဲမရောက်ရောက်အောင် အပြန်ပြန်အလှန်လှန် တစ်စက်မကျန် ညှစ်ယူတယ်။ ဒါက ကိုယ်က ဖုန်းလောက်ပဲ သုံးနိုင်တဲ့ ငါးသိန်းတန်အစားလောက်မို့ပါ။ (ဒါတောင် နိုင်ငံခြားမှာ အလုပ်လုပ်ပြီး စုဆောင်းလာခဲ့တာလေးနဲ့မှ ၀ယ်နိုင်တာနော်။ လခနဲ့များတော့ ဝေးသေး) ကားစီးနိုင်တဲ့အစားတွေ ဘယ်လိုရောင်းဝယ် စီးမောင်းနေကြသလဲ တွေးသာ ကြည့်ပါတော့။ ခုလောက်ဆိုရင် ခရိုနီဆိုတာ ဘာလုပ်တဲ့သူတွေလဲ ခပ်ရေးရေး သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဟင် ဘာမှလည်း မဆိုင်ပဲနဲ့ လို့ ဆိုသူတွေအတွက် နောက်တစ်မျိုး ရှင်းရသေးတာပ။ အဲဒီအကြောင်းကို ရေးချင်လို့ ခရိုနီတွေကို ရမယ်ရှာရပါတယ်ဗျ။
          လယ်သမားကြီးတွေခမျာ သူတို့လယ်ယာမြေတွေ မတရားသိမ်းပိုက်ခံကြရတဲ့အတွက် လယ်ထွန်စက်ဘီးအောက် ပက်လက်ထိုးဝင်ပြီး ဆန္ဒပြကြပါသတဲ့။ ဘယ်သူတွေက သိမ်းတာလဲ။ နိုင်ငံတော်က သိမ်းတာလေ။ ဒါဆိုလည်း ခိုင်လုံတဲ့ အကြောင်း တစုံတရာ မရှိပဲ ဘယ်သိမ်းပါ့မလဲ။ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစိးပွားအတွက် သိမ်းတာ ဖြစ်ပါလိမ့်မယ်။ ကျုပ်တို့အမ်းမြို့မှာလည်း လေယာဉ်ကွင်းကြီးတည်ဆောက်တဲ့အခါ လူနေအိမ်ခြေတွေကို ဖယ်ရရွှေ့ရတဲ့အတွက် သည်လိုပဲ နစ်နာကြတာပေါ့။ မြို့သစ်မှာ မြေကွက် ပြန်ပေးသားပဲ။ သွားရေးလာရေးခက်ခဲတဲ့အရပ်မှာ လေယာဉ်ကွင်းကြီး ပြီးသွားတဲ့အခါ အများကြီး စည်ပင်ဖွံ့ဖြိုးလာမယ် မဟုတ်ဘူးလား။ အခုလည်း နေပြည်တော် ပျဉ်းမနား လယ်ဝေးတ၀ိုက်က လယ်မြေတွေကို သိမ်းယူတယ်ဆိုတာ နိုင်ငံတကာအဆင့်မီ ဟော်တယ်ကြီးတွေ၊ အဆင့်မြင့်အိမ်ယာကြီးတွေ၊ စီမံကိန်းလုပ်ငန်းကြီးတွေအတွက် သိမ်းယူတာ မဟုတ်လား။ သာဓုခေါ်ပြီး ရေစက်ချလိုက်ကြတာပေါ့။ ဒီထိတော့ လက်မခံလည်း လက်ခံရမှာပဲ။ ဘာတတ်နိုင်တာလိုက်လို့။ ခက်တာက ဘာမှ မကြာလိုက်သေးဘူး။ အဲသည်လယ်ကွက်ကြီးတွေကို ပိုင်းပိုင်းပြီး ပြန်ရောင်းလိုက်တာ အမေရိကန်ပြည်ထောင်စုမှာတောင် အဲသလောက် မြင့်မားတဲ့ အိမ်ခြံမြေဈေးနှုန်းမရှိဘူးတဲ့။ နိုင်ငံတော်က ရောင်းတာလား။ ဟင့်အင်း ကံထရိုက်ရတဲ့ သူဌေးကြီးက ရောင်းတာလေ။ ကဲ ဘာပြောချင်သေးလဲ။ အလကားသိမ်းထားတဲ့မြေတွေကို တစ်ပေပတ်လည် သိန်းရာပေါင်းများစွာနဲ့ တွက်ရောင်းတဲ့သူဌေးကြီးရဲ့ သမာအာဇီဝ ကို နတ်လူသာဓုမခေါ်နိုင်ကြတာ ကိုယ့်ထက်သာ မနာလိုတဲ့သူတွေပေါ့နော်။ လူတွေကိုက ခက်ပါတယ်။ အဲဒါကြောင့် မတိုးတက်တာ။
          ဘယ်ကိစ္စမဆို တဘက်တည်းက ကြည့်မြင်နေသမျှ တဘက်သတ်အမြင်ပဲ ရမှာပေါ့။ တခြားတဘက်ကနေ သုံးသပ်ဦးစို့။ လူတွေရဲ့ လောဘဆိုတာ အတောမသတ်နိုင်ပါဘူး။ လူ့အလို နတ်မလိုက်နိုင် လို့တောင် ဆိုကြတယ်။ နစ်နာကြေး လျှော်ကြေးတွေ ပေးတဲ့အခါ ပေးနေတာတွေ ရှိပါတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန် တရားနည်းလမ်းကျကျ ဟုတ်ပါ့မလား။ ကိုယ်တွေ့ပဲ ပြောကြတာပေါ့နော်။ ကျောက်ဖြူကနေ ကူမင်းအထိ ဓါတ်ငွေ့ပိုက်လိုင်းကြီး သွယ်တဲ့အခါ ဥယျာဉ်ခြံမြေတွေ၊ လယ်ယာမြေတွေကို ဖြတ်သွားရတဲ့အတွက် သိမ်းယူလိုက်ရတဲ့အတွက် ထိုက်သင့်တဲ့ လျှော်ကြေးငွေတွေကို နစ်နာသူတောင်သူလယ်သမားများအား သက်ဆိုင်ရာ ကုမ္ပဏီတွေက စိစစ်ပြီး ပေးပါသတဲ့။ မြိတ်ဘက် ထားဝယ်ဘက်မှာ အလားတူ ကြုံဖူးလို့ မြိန်သွားတဲ့သူတွေက သည်ဘက်မှာလည်း ပိုက်လိုင်းဖြတ်မယ့် မြေတွေကို ဈေးကောင်းပေးပြီး လိုက်ဝယ်ကြ၊ မတန်တဆလျှော်ကြေးတွေ တောင်းကြတဲ့ ဈေးကွက်ကြီးကြောင့် ကျောက်ဖြူကမြေဈေးတွေလည်း ၀င်ဒါမီယာနီးပါး လိုက်လာပါလေရော။ စိုက်ခင်းရှင်တွေကို အပင်အရေအတွက်နဲ့ လျော်ကြေးပေးတာမို့ မြေယာအငြင်းပွားတဲ့ ပြဿနာတွေအပြင်မှာ လာမစစ်ခင်တစ်ရက်လောက်မှ ပင်ထောင်ကိုင်းကူး တူးကာဆွကာ မတ်တတ်ထောင်ထားတဲ့အပင်တွေကို လက်ညှိုးထိုးလျော်ခိုင်းတာတွေလည်း မကြာခနပါပဲ။ တကယ်တမ်းနစ်နာသူ တောင်သူအစစ်တွေကတော့ အဲဒါမျိုးတွေလည်း နားမလည်၊ စကားရေလည်အောင်လည်း မပြောတတ် မဆိုတတ်တဲ့အတွက် ဘာခံစားခွင့်မှ မရကြပါဘူး။ နောက်တစ်ချက်က အဲလိုမျိုး စီမံကိန်းလုပ်ငန်းကြီးတွေမှာ နစ်နာသူဒေသခံတွေအတွက် နိုင်ငံတော်ကဖြစ်စေ၊ အကြီးအကဲများကဖြစ်စေ၊ တစုံတရာသော အကူအညီပေးလေ့ရှိပါတယ်။ ဥပမာ ရွှေ့ပေးရတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို ရပ်ကွက်အသစ်မှာ မူလအခြေအနေအတိုင်း အိမ်တစ်လုံးပြန်ဖြစ်လာဖို့ ငွေကြေးအင်အား လူအင်အား အကူအညီပေးရပါကြောင်း ငွေစာရင်းရှင်းတမ်းနဲ့ အထက်ကိုတင်ပြသော်ငြားလည်း တကယ်တမ်းမှာ တစ်အိမ်ထောင် ငွေငါးထောင်နဲ့ မနက်ဖြန် မမြင်ချင်ဘူး စကားတစ်ခွန်းနဲ့ ပြောင်းခဲ့ရသူတွေချည့်ပါပဲ။ အာစရိကြီးများ စိတ်မရှည်ပုံက သူများတကာ အိမ်သစ်တောင် ဆောက်လို့မပြီးသေးဘူး။ ပါဂျဲရိုးတွေ လေးငါးစီးဝယ်စီးပြတော့ သီချင်းနားထောင်လေ့မရှိတဲ့ ဘုန်းဘုန်းကတောင် “ပုလဲလေးတွေဆိုတာ ကမာကောင်ကလေးတွေရဲ့မျက်ရည်ပဲခင် ဒါကြောင့်သာပင် လည်မှာ မဆွဲစမ်းပါနဲ့ခင်။”  လို့ တရားထဲ ထည့်ဟောချင်လာလောက်အောင်ပါပဲတဲ့။ (ဒါကြောင့်လည်း ဒီဘုန်းဘုန်း ကျုပ်နဲ့ပေါင်းလို့ရတာ ထင်ပ)
          အရင်တုန်းကတော့ ကြွေးတင်ရင် ရှင်ဘုရင်ဆပ်လိမ့်မယ် လို့ ဆိုရိုးစကားရှိပါတယ်။ လောလောဆယ်မှာတော့ အရင်ရှင်ဘုရင်ရဲ့အကြွေး နောက်ရှင်ဘုရင် လာမတောင်းကြေး ဆိုတာမျိုးကလည်း ပြောကြပြန်သကိုလေ။ ဒီလိုကြေးသာဆိုရင်ဖြင့် ကျုပ်လည်းပဲ ငါးနှစ်တခါ ငွေလိုက်ချေးလို့ချည့်နေမှနဲ့တူရဲ့။ တကယ်တော့ ဘယ်သူတွေပဲ ချမ်းသာချမ်းသာ ကိုယ့်မစားရသော်ငြား ၀မ်းသာပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့စည်းစိမ်တွေ တိုးသထက်တိုးအောင် ကိုယ်တွေက ဖွတ်ကျောပြာစု အငတ်ခံအသေခံရမယ်ဆိုရင်တော့ ဟုတ်သေးပါဘူးနော့။ ဒါနဲ့ပဲ ကိုယ့်မရှိသော်ငြား တိုင်းပြည်ရှိ ကိုယ်ချမ်းသာသလိုပဲပေါ့ လို့ သဘောထားကြီးကြီးထားပြီး မုဒိတာပွားနိုင်အောင် ကြိုးစားနားလည်ပေးလိုက်တဲ့အခါ အဆင်ပြေသွားပါတယ်။ ခရိုနီတွေ ဘယ်လိုပဲ ကျိကျိတက်ချမ်းသာချမ်းသာ၊ သူတို့ဘ၀ဟာ လက်နဲ့ထိသမျှ ရွှေဖြစ်စေ ဆုပန်ထားတဲ့ ဘုရင်ကြီးနဲ့ပဲ တူပါတယ်။ သူတို့နဲ့ထိစပ်သမျှ အရာအားလုံးဟာ ငိုက်ဆံငွေကြေးအတွက်သာ အပေးအယူသဘောကိုဆောင်တယ်။ အပြုံးလေးတစ်ပွင့်၊ နှုတ်ချိုစကားကလေး တစ်ခွန်းတောင် စိတ်ရင်းစေတနာနဲ့ မရနိုင်တော့ဘူး။ ဘာမဆို ငွေပေးဝယ်ရတယ်။ အလကား ဘာမှ မရတော့ဘူး။ ရခဲ့ရင်လည်း သူတို့က အဖိုးတန်တယ် မထင်တော့ဘူး။ ဒီလိုနဲ့ ငွေပေးဝယ်လို့ရတဲ့ အရာတွေ အားလုံး ပြည့်စုံလာတဲ့တနေ့ သူ့ဆီမှာ ငွေနဲ့ဝယ်လို့မရတာတွေ တစ်ရွေးသားမှ မကျန်တော့ဘူး လို့ နားလည်လာလိမ့်မယ်။ မယားတွေ မရေမတွက်နိုင်အောင် ရချင် ရပါလိမ့်မယ်။ မေတ္တာစစ်နဲ့ချစ်တဲ့သူ တစ်ယောက် မပါနိုင်တော့ဘူး။ စားကောင်းသောက်ဖွယ်တွေ လိုလေသေးမရှိ နေ့ညမရွေး ရနိုင်သော်ငြား ချိုမြိန်ရောင့်ရဲမှုတွေကိုတော့ ခံစားနိုင်မှာ မဟုတ်တော့ဘူး။ ပြည်သူတွေရဲ့ မျက်ရည်စက်လက်ငိုသံတွေကို မျက်ကွယ်ပြုလိုက်တဲ့အချိန်မှာ စိတ်ထဲကမပါပဲ ဟန်ဆောင်ရယ်မောသံတွေနဲ့ ပျော်မွေ့ချင်ယောင်ဆောင်ရတော့မယ်။ ဒီ့ထက်ဆိုးတာကတော့ မယ်ဘုရားထွေးလိုက်တဲ့ ၀ါးဖတ်တော် ကွမ်းနုညက်ကိုလည်း မရွံမရှာ လက်နှစ်ဘက်နဲ့ခံယူလို့ မြိန်ရေယှက်ရေ ၀ါးမြိုသယောင်ပြုရမယ်။ ရွှေကိုယ်တော်တွေ ပန်တော်ကျစွန့်လိုက်ရင်လည်း မက်မက်စက်စက် စုံဖက်ပေါင်းသင်းရလိမ့်မယ်။ အကာတွေမှန်သမျှ ပြည့်စုံလာတဲ့တနေ့မှာ အနှစ်တွေမှန်သမျှလည်း ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ သပျစ်သီးမစားဖူးပေမယ့်လည်း ကြည့်ရတာ ချဉ်မယ့်ပုံကြီးပါကွယ်။ နှုတ်ခမ်းနာနဲ့လည်း တည့်ချင်မှ တည့်မှာပေါ့။ ကိုယ်စားနေကျ မုန့်ပျားသလက်ကလေးစား၊ ကောက်ရိုးပုံတိုးအိပ်တာပဲ ကောင်းပါတယ်။ မရှိတော့ မရှိဘူးပေါ့။ မကြောင့်ကျရတာ အေးချမ်းတယ်။ ရှင်ဘုရင်နဲ့ပေါင်းပြီး လူထုမျက်ရည်ချောင်းစီးအောင် လုပ်မယ့်သူကလည်း လုပ်ပါစေလေ။ ဆင်းရဲသားနဲ့ပေါင်းပြီး အချင်းချင်း မျက်ရည်သုတ်ပေးမယ့်သူရှိနေရင် တော်သေးတာပေါ့။ ခရိုနီလည်း နီပါစေ။ အာဏာရှင်လည်း ရှင်ပါစေ။ “ကြက်တူရွေး အာခေါင်နီ ကွမ်းကလပ်ကိုချီ။ မချီပါနဲ့ ကိုကြက်တော ဘကြီးလာမှ ပြော။ နင့်ဘကြီး ငါမကြောက် ဆေးတံကြီးနဲ့ခေါက်” တဲ့။ ဘကြီးရော ကြက်တောရော တစ်သဘောတည်းမို့ ပြောလည်း ဆေးတံနဲ့အခေါက်ခံရရုံ ရှိတာပ။ ကဲ တိတ်တော့ တိတ်တော့။ မငိုပါနဲ့။ ပျော်ပျော်ပါးပါး သောက်စားကခုန်ကြပါစို့။ ပျော်သလားဟေ့ မောင်တို့ရေ့… ။ ပျော်တယ်ဟေ့ ... ပျော်တယ်ဟေ့။ ပျော်သလားဟေ့ မောင်တို့ရေ့...။ ပျော်တယ်ဟေ့ …  ပျော်တယ်ဟေ့။
  lu bo
ဘကြီးသက်
Unknown at 11:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နိမိတ်ကောင်းတဲ့ နှုတ်ထွက်စကားလေးတွေ ပြောဆိုတတ်ကြပါစေ
*ကေ* 29
ကျွန်မ အမျိုးသားနဲ့ vzo ချက်နေတဲ့ အချိန်လေးမှာ အမှတ်မထင်ကြားလိုက်မိတဲ့ စကားသံက တိုးတိုးလေးပါ ။
ကျွန်မ နားထဲတော့ ပဲ့တင်ထပ်ကျယ်လောင်နေခဲ့ပါတယ် ။ မျက်ရည်တွေ အတားဆီးမဲ့စွာ ပါးပေါ်စီးကျခဲ့တယ် ။
ရုတ်တရက်ထငိုလိုက်တဲ့ ကျွန်မကို အမျိုးသားက အံ့သြစွာ မေးပါတော့တယ် ။ ကျွန်မ အကုန်ကြားလိုက်တယ်မောင် ။
အဲဒါ တကယ်ကြီးလားမောင် ။ ဖြေပါအုံး တကယ်လားလို့ ။ ဟုတ်တယ် ဒါပေမယ့် မိန်းမနဲ့ မဆိုင်ပါဘူးကွာ ။ မိန်းမပြောတိုင်းဖြစ်ရမှာလား မဟုတ်သေးပါဘူး ။ အဖြစ်ပျက်လေးက ဒီလိုပါ ။ 
မကြာသေးမှီက ကျွန်မတို့ မိတ်ဆွေ မင်္ဂလာဆောင်တစ်ခုကို သွားခဲ့ပါတယ် ။ အဲဒီမင်္ဂလာ လက်မှတ်ရေးထိုးပွဲလေးမှာ အသိသက်သေ လက်မှတ်ထိုးတဲ့ ကောင်လေးက ကျွန်မအမျိုးသား သူငယ်ချင်းပါ ။ လက်မှတ်ထိုးပြီးအပြန် ကျွန်မ သူကို နောက်လိုက်မိတယ် ။ သူများကို သက်သေထိုးတဲ့
သူက နောက်နှစ်လောက် မိန်းမ မရဘူးနော်... လူပျိုကြီးလည်း ဖြစ်တတ်တယ်လို့ စလိုက်မိတယ် ။ သူမျက်နှာပျက်သွားတယ်
ဆိုတာကို အဲဒီအချိန်က သေချာ သတိမထားလိုက်မိဘူး ။ ကျွန်မစလိုက်တယ်ဆိုတာလည်း တကယ်ကို ဘာရယ်မဟုတ်
စလိုက်မိတာမျိုးပါ ။ ဒီအဖြစ်ပျက်လေး ဖြစ်ပြီး မကြာမှီမှာ ကျွန်မ နဲ့ အမျိုးသား VZO ချက်နေကြချိန် ကွန်ပြူတာထဲက အသံ
ကို ကျွန်မသေချာကို ကြားလိုက်ရတယ် ။ အမျိုးသားဆီ သူအသိတွေ ရောက်လာပြီး ... ( ဟိတ်ကောင် ကိုမင်းအကြောင်း
သိပြီးလား ..သူဆော်ဆုံးသွားပြီ ...မင်းမိန်းမ နိမိတ်ဖတ်လိုက်တာ မှန်နေသလိုဖြစ်နေတာပေါ့ကွာ ) တဲ့ လေ။ ကျွန်မ
အမှန်တစ်ကယ်ကို ခြောက်ခြားသွားမိပါတယ် ။ တစ်ကယ်တော့ ကျွန်မတစ်ကယ်ကို ပေါ့ပေါ့ပါးပါးလေး စလိုက်မိတာပါ ။
ဘယ်သူတွေက ဘာတွေ ပြောနေနေ ကျွန်မနဲ့ မဆိုင်ပါဘူးဆိုပေမယ့် ကျွန်မရင်ထဲမှာ အမှားမကင်းသလို အရမ်းကို ခံစား
နေရပါတယ် ။ ဒီအဖြစ်ပျက်လေးကို သင်ခန်းစာယူပြီး အတွေးတွေ ဆက်စပ်ကြည့်လိုက်မိတယ် ။ လူတစ်ယောက် နှုတ်ထွက်
စကားတိုင်း တစ်ကယ်ဖြစ်မှာလား ။ မဆိုင်ပါဘူး ။ ဒါပေမယ့် လူတိုင်းနှုတ်ဖျားဆီက ထွက်လာတဲ့ စကားလုံးလေးတွေတိုင်း
ကောင်းတဲ့ အတိတ်ကိုဆောင်တာလေးတွေ ၊ မင်္ဂလာရှိတာလေးတွေကိုဘဲ ရွေးချယ်ပြောကြမယ်ဆို လောကကြီးကလည်း
မင်္ဂလာရှိစွာ လှပနေမှာပါ ။ဘာရယ် မဟုတ် ကိုယ်အတွက်ကော သူအတွက်ပါ အကျိုးမရှိစေတဲ့ အတင်းအဖျင်းစကားတွေ ၊
နမိတ်မရှိတာတွေ ပြောမိတာထက် လူသားချင်းချင်း ပျော်ရွင်စရာကောင်းတာတွေ အတိတ်နိမိတ်ကောင်းတာလေးတွေကို
ရွေးချယ်ပြောဆိုကြခြင်းဖြင့် ကျွန်မလို နောင်တတွေက ကင်းဝေးကာ လောကကြီးကို ပိုမိုလှပအောင် အလှဆင်နိုင်သူတွေ
ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်မိပါတော့တယ်ရှင် ။
အချစ်ကို ကိုးကွယ်သူလေး
lu bo
ဘကြီးသက်
Unknown at 10:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျောက်တော်မြို့နယ်အတွင်း မီးရှို့မှုတွေဖြစ်
ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့စဉ်က မီးရှို့ ဖျက်ဆီး တာတွေ ဖြစ်ခဲ့ပါတယ်။
မနေ့တုန်းက ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် အတွင်းမှာ ရှိတဲ့ ဂုပ္ပီထောင့်နဲ့
 အပေါက်ဝ ကျေးရွာတွေမှာ မီးရှို့မှု တွေဖြစ်ပွား ခဲ့ပါတယ်။
ဒီမီးရှို့မှု တွေ နဲ့ ပတ်သက်လို့ ရွာခံ တဉီးက ဘီဘီစီကို ပြောပြရာမှာတော့ မြို့ပေါ်က
 လူတွေက အဲဒီနေရာ တွေကို လိုက်လာ ခဲ့ကြတဲ့ အကြောင်းနဲ့ လုံခြုံရေးတွေက
အဲဒီ လိုက်လာခဲ့ကြ သူတွေကို လူစုခွဲခဲ့ တဲ့အကြောင်း တွေကို ပြောပြသွားပါတယ်။
ကျောက်တော် မြို့နယ်ဟာ ရခိုင် အများစု နေထိုင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။
ကျောက်တော် မြို့နယ်မှာသာ မကဘဲ ကျောက်ဖြူ မြို့ဘက်မှာလည်း မီးရှို့ဖို့ ကြံစည်
သူတွေကို ဖမ်းမိတဲ့ အကြောင်း သတင်းရရှိ ပါတယ်။
ဘီဘီစီ - မြန်မာပိုင်း
ဘကြီးသက်
Unknown at 10:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.