Friday, July 6, 2012

ဒါလား ဒီမိုကရေစီကို ဖေါ်ဆောင်နေပါတယ်ဆိုတဲ့ အစိုးရရဲ့ လုပ်ရပ်။


ထောက်လှမ်းရေးမှ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့  ယနေ့ ည မှာလာရောက်မွှေနှောက်နေကြောင်းသိရှိရပါတယ်...မနက်ဖြန် ၇ဇူလိုင်အခမ်းအနားနှင့်ဆက်စပ်နေမယ်လို့ ယူဆပါတယ်။  
ဒီငြိမ်းလင်း၊ ရဲမြတ်ဟိန်း၊ ဖြိုးဖြိုးအောင်တို့ သုံးဦးအား အက်စ်ဘီမှ လာရောက်ထိန်းသိမ်းမည်ဟု အသိပေးထားကြောင်း ဒီငြိမ်းလင်း၏ စာမျက်နှာတွင် ယခုပင် အသိပေးထားပါသည်။ မန္တလေး မှ ကျောင်းသား များ နှင့်  ဗ.က.သ ခေါင်းဆောင်များလည်း လာရောက် ထိန်းသိမ်းသွားပီ ဖြစ်ကြောင်း သိရပါသည်။ မန္တလေး မှ ကိုအောင်မိုင်းဆန်း၊ အောင်ကျော်မိုး အပါအဝင်မုံရွာမှ ကျောင်းသားများပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တိကျသော သတင်းဖြင့် သိရပါသည်။
မြန်မာစံတော်ချိန် ယနေ့ည ၉ နာရီ ၄၅ မိနစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်အား ခရိုင်ရဲမှူး နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးအပါအ၀င် အဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
- နှစ်ရက် သုံးရက် ကြာမှာဖြစ်တဲ့အတွက် အ၀တ်အစားများပါ ယူခဲ့ဖို့ပြောပြီး ခေါ်ဆိုသွားသည်။
- အဓိကမှာ မနက်ဖြန်ကျင်းပမယ့် 7th; JULY ပွဲကို မပျက် ပျက်အောင် ဖျက်ဖို့ကြိုးစားတာဖြစ်တယ်။ ဒါပေမယ့် ဘယ်လိုဘဲ ဘယ်လောက်ဘဲ ပျက်အောင် ဖျက်ဖျက် မဖြစ် ဖြစ်အောင် အောင်ပွဲခံ ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
  ဗကသ များအဖွဲ့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) http://www.blogger.com/post-create.g?blogID=4873660030585008232
ဘကြီးသက်
Unknown at 11:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တူဂျင်၇ှန်း (အမျိုးသားအတွင်းအား သင်တန်း)



by Mails From Freinds on Thursday, July 5, 2012 at 8:25am ·

ထိုင်ဝမ်လူမျိုး တူဂျင်၇ှန်း ဆိုတာ ကီဂွန်းကျောင်းရဲ့ ဆရာပါ ။ သူရဲ့ "၉၉ ကီဂွန်း သံမဏိအတွင်းအား" ပညာဟာ အလွန်ကျော်ကြားနေပါတယ် ။ သူ့ရဲ့ကျောင်းမှာ အလေးထားသင်ကြားပေးနေတဲ့ပညာရပ်ကတော့ အမျိုးသားတွေရဲ့ အဓိကအင်္ဂါအစိတ်အပိုင်းကိုကြောက်ခမန်းလိလိ သန်မာပြီး စွမ်းအားထက်မြက်လာအောင် လေ့ကျင့်ပေးတဲ့ ကီဂွန်း အတွင်းအားပညာရပ် ပါပဲ …
ကီလို ၃၃၀ အလေးကို မ ပြနေတဲ့ အသက် ၇၀ အရွယ် ဟောင်ရှန်ယု
၂၀၀၉ ခုနှစ်အတွင်းက တူ ရဲ့တပည့်တစ်ဦးဖြစ်တဲ့ အသက် ၇၀ အရွယ် ဟောင်ရှန်ယု ဟာ သူ့ရဲ့ အဓိကပစ္စည်း နဲ့ ကီလို ၃၃၀ လေးတဲ့ အလေးတုံးကြီးကို မ, ပြခဲ့တဲ့ သတင်းကြောင့် သူ့ရဲ့ကျောင်းဟာ ဂုဏ်သတင်းကြီးခဲ့ပါတယ်။  

တန်ချိန် ၁၀၀ လေးတဲ့ ထရပ်ကားကြီးကို ဆွဲပြနေတဲ့ တပည့်သုံးယောက်
နောက်တစ်ခါထပ်ပြီး ခပ်ဆန်းဆန်း စတန့်ထွင်အစွမ်းပြခဲ့ပါတယ် ။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ တုန်းက ပေါ့ဗျာ ။ တူဂျင်ရှန်း ရဲ့ တပည့်သုံးဦးက ခရီးသည် အယောက် ၁၀၀ ပါပြီး အလေးချိန် တန်ချိန် ၁၀၀ ရှိတဲ့ ထရပ်ကားနဲ့ သူတို့ရဲ့ အထူးအင်္ဂါတွေကို ကြိုးချည်ပြီး မီတာအနည်းငယ် ရွေ့သွားအောင် ဆွဲပြခဲ့ပါတယ် ။ လက်ဖျားခါလောက်ပါတယ်ဗျာ …
ကီဂွန်းကျောင်းအုပ်ဆရာကြီး တူဂျင်ရှန်း
ကီဂွန်းကျောင်းတွင် တပည့်များကို လေ့ကျင့်ပေးနေပုံ....
သင်တန်းသွားတက်ချင်သူများ မိန်းမခွင့်ပြုချက် ယူရလိမ့်မယ်ထင်တယ်..း)
ဒီလို သန်သန်မာမာ ယောက်ျားတစ်ယောက်ရဲ့ အကန်ခံနိုင်ဖို့ ဘယ်လောက်ခက်ခဲမလဲဆိုတာ ယောက်ျားလေးတိုင်း သဘောပေါက်ကြပါလိမ့်မယ် … ဆရာကြီး တူဂျင်ရှန်းအတွက်တော့ သွေးပူလေ့ကျင့်ခန်း လောက်ပါပဲ …း)
ကားပျက်ရင် လူငါးယောက်လောက် ဆင်းတွန်းရမဲ့ ထရပ်ကားမျိုးကို ကီဂွန်းအတွင်းအားသုံးပြီး   တစ်ယောက်တည်း ဆွဲပြနေတဲ့ ဆရာကြီး တူဂျင်ရှန်း
OMG!!! ဒါမျိုးလည်း လုပ်နိုင်တယ် ဟ …
ဆရာကြီးကိုယ်တိုင်ရဲ့ အစွမ်းအစကတော့ မိတ်ဆွေတို့ မြင်တဲ့အတိုင်းပါပဲ ။ဆရာကြီး တူ နဲ့ သူ့ တပည့်တွေ ဘယ်သူကပိုစွမ်းသလဲဆိုတာတော့ ဦးဦး မှော်ဆရာလည်း မဆုံးဖြတ်နိုင်တော့ဘူးဗျ .. သို့ပေမဲ့လည်း ကမ္ဘာ့ခွန်အားအကြီးဆုံး၊ အသန်မာဆုံးလူသားများ စာရင်းမှာ နံပါတ်တပ်ဖို့ ဆုံးဖြတ်တော့ ဦးဦး မှော်ဆရာရဲ့ တစ်ဦးတည်းအမြင်နဲ့ တူဂျင်၇ှန်းရဲ့တပည့်များဖြစ်တဲ့ ကီလို ၃၃၀ လေးတဲ့ အလေးတုံးကြီးကို မ, ပြခဲ့တဲ့ ဟောင်ရှန်ယု၊တန်ချိန် ၁၀၀ ရှိတဲ့ ထရပ်ကားကိုဆွဲပြခဲ့တဲ့ တပည့်သုံးဦးတို့နဲ့ အတူ သူတို့ဆရာကြီး တူဂျင်ရှန်းကိုပါ ပူးတွဲနံပါတ် တစ် အဖြစ် သတ်မှတ် လိုက်ပါတယ် ။
ဗီဒီယိုကြည့်ရန်  http://www.mailsfromfriends.co.cc/2012/01/blog-post_8044.html
 လူဗိုလ်
ဘကြီးသက်
Unknown at 10:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ကြီးနား စရဖ တစ်နှစ် အတွင်း အပြစ် မဲ့ ပြည်သူ ၆၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

  600215_316503671776877_441472753_n

ကချင် ပြည်နယ် မြစ်ကြီး နား မြို့  တွင် အခြေစိုက် သည့်  မြန်မာ စစ်ထောက်လှမ်းရေး တပ်
(စစ်ဖက်ရေးရာ လုံခြုံရေး) သည် မြန်မာ အစိုးရ တပ် နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်
တိုက် ပွဲ များ စတင် ချိန် မှ စ၍ တစ်နှစ် အတွင်း အပြစ် မဲ ပြည်သူ ၆၀ ကျော် ကို ဖမ်းဆီး စစ်မေး
နေ စဉ် အတွင်း အကြောင်း မဲ့ နှိပ် စက် သတ်ဖြတ် ခဲ့ သည် ဟု FNG မှ စုံစမ်း သိရှိရသည်။
မြန်မာ အစိုးရ ဒု – သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး ကျမ္မာရေး အကြောင်း ပြ ချက် နဲ့  နှုတ်
ထွက် သွားတာ ဟာ လည်း ကချင် ပြည်နယ် တွင်း မှ ရှိ တဲ့ စစ်ထောက်လှမ်းရေး တပ် ဖွဲ့  တွေရဲ့ 
မတရား မှု တွေ နဲ့  သက် ဆိုင် တယ် လို့  နေပြည်တော် ကာကွယ်ရေး ၀န် ကြီးဌာန မှ အရာ ရှိ
တစ်ဦး က FNG ကို ပြောသည်။
နောက်ဆုံး သိရ သော သတင်း များ အရ မြစ်ကြီး နား ၊ ၀ိုင်းမော် နှင့် ဗန်းမော် မြို့ နယ် မှ စရဖ အရာ
ရှိ အချို့  ကို နေပြည်တော် တွင် ခေါ်ယူစစ်ဆေး နေသည် ဟု သတင်း ရရှိသည်။
(သတင်း အပြည့် အစုံ ကို မကြာခင် ဖော်ပြ ပါမည်)
FNG 
ဘကြီးသက်
Unknown at 10:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

- မည်သူ ဖြစ်ခဲ့ပါသနည်း -


လူသည် သူ့ အတိုင်း မဟုတ်။ သူ့ချည်း ဖြစ်ရှိ နေသည့် အတိုင်း မနေနိုင်။ တစ်ခုခု ဖြစ်ရန် လုံးပမ်း နေ သူ၊ လိုလား နေသူ၊ ကြိုးပမ်း နေ သူ သာ ဖြစ် သည်။ ကမ္ဘာ ရှိ ဆင်းရဲ ဟူသမျှ တို့၏ အခြေမြစ် အကျဆုံး အကြောင်းခံ တွင် ယင်း "တစ်ခုခု ဖြစ် လာလိုမှု" သည် တစ်ခု ပါ ဝင် သည်။ ဒုက္ခ ကို ဆင်းရဲ ဟု ဆိုကြ ရာ တွင် ဒုက္ခ ၏ စင်စစ် အနက် အဓိပ္ပာယ် မှာ အခြား မဟုတ်။
  "မဖြစ် နိုင် သည် ကို လိုချင် ခြင်း" ဖြစ် သည်။ ကျောက်ခဲ ကို ရေ ညှစ် သကဲ့သို့၊ လေထဲ တိုက် အိမ်ဆောက်ခြင်း ဟု လည်း ဆိုပါ မည်။ အထူး သဖြင့် - မိမိ ကိုယ် ကို သူတစ်ပါး ဖြစ်ရန် လုံးပမ်း နေ ခြင်း၊ မိမိ ကိုယ် ကို သူတစ်ပါး နှင့် တုနှိုင်း လိုခြင်း၊ မိမိ ကိုယ်ကိုယ် မေ့လျော့ခြင်း လည်း ဖြစ်သည်။

ပုံပြင် တစ်ပုဒ် ရှိသည်။ နှစ်ပေါင်းများစွာ စာသင် စာချ တရားပြ လာ ခဲ့သော သူတော်စင် ကြီး တစ်ပါး ကွယ်လွန် အနိစ္စ ရောက်ရ ခါနီး ချိန် တွင် ဖြစ်သည်။ ၎င်း၏ တပည့် တပန်း အပေါင်းတို့က လှဲလျောင်း နေ သော ယင်း သူတော်စင် ကြီး နံဘေး သို့ ဝပ်တွား ရောက် ရှိ လာကြ သည်။ အမော ဖောက် နေ၍ သတိ မ လည် တစ်ချက်၊ လည်တစ်ချက် ဖြစ်နေသော ခဏ - တပည့် တစ်ဦး က သူ့ ကို လျောက် သည်။ "ဆရာသခင်၊ အရှင် သေ မည် ကို ကြောက်နေ ပါသလား"

သူတော်စင်ကြီးက - "ငါကြောက်နေတယ်၊ တပည့်တို့"

ဤ စကား ကို ကြား၍ တပည့်တို့ အံ့အားသင့် ကုန်ကြသည်။ "ဆရာ သခင်၊ ဘာကြောင့် များ ကြောက်လန့် နေ ရသလဲ။ အရှင့် ဘဝမှာ သနား ဂရုဏာ နှင့် ယှဉ် လျှင် လည်း ယေရှုခရစ် လို ရှိခဲ့ တယ်။ ပညာဉာဏ် ကြီးမှုနှင့် ဆက်ဆိုင် လျှင် လည်း ရှောလမုန် ဘုရင်ကြီး နဲ့ အလား သဏ္ဍာန် တူခဲ့တယ်။ တရား ဓမ္မ ဟောပြ ရာမှာလည်း ဗုဒ္ဓ လို စွမ်းဆောင် ကြိုးပမ်းနိုင် ခဲ့တာပဲ အရှင်။ အဘယ် အရာ ကိုရော ကြောက် လန့် နေရဦး မလဲ"

သူတော်စင်ကြီး က ပြန်ဖြေသည်။ "အဲ့သည် အကြောင်း ကြောင့် ပဲ တပည့် တို့။ သေ လွန်ပြီး ဘုရား သခင် ရှေ့မှောက် ကို ငါ ရောက်တဲ့ အခါ- သူက - "ရသေ့ကြီး၊ ခင်ဗျား ယေရှု ဖြစ် ခဲ့သလား၊ ရှောလမုန် ဖြစ် ခဲ့သလား၊ ဗုဒ္ဓ ဖြစ်ခဲ့ သလား" လို့ မေးမှာ မဟုတ်ဘူး။ "ရသေ့ကြီး ၊ ခင်ဗျား လူ့လောက မှာ - ခင်ဗျား စင်စစ် ဖြစ်ခဲ့သလား" လို့ပဲ မေးမှာ။"

စင်စစ် လည်း "Have you been yourself?" ခင်ဗျား ဟာ ခင်ဗျား စင်စစ် ဖြစ်ပြီး ပြီလား - ဆိုသည့် အမေး ကို ဖြေဆိုနိုင် သူ ရှား ပါး သည်။ ဖြေသူ မဆိုထားနှင့် - မေးသူ ပင် သိပ်မရှိ။

ကမ္ဘာပေါ် ရှိ လူသန်းပေါင်း များစွာ တို့သည် တစ်စုံ တစ်ခု ဖြစ် ရန် သာ ရှေးရှု လျက် ရှိသည်။ လူသည် မိမိကိုယ်မှ တစ်ပါး - အခြား သူ ဖြစ် လို သည်။ ကမ္ဘာ ပေါ် တွင် ချမ်းသာဆုံး လူ သော် လည်းကောင်း၊ သို့မဟုတ် - အခွင့် အာဏာ ရသူ သော် လည်းကောင်း၊ သမ္မတ၊ အမတ် စသည် ခုံနေရာ ပိုင်ဆိုင် သူ သော် လည်းကောင်း ဖြစ်လိုသ ည်။ ဘာသာရေး အားဖြင့် လည်း - ကျမ်းညွှန်း များ တွင် ပါရှိသည့် အဆင့်ဆင့် သို့ (ဝါ) သောတာပန်၊ သကဒါဂါမ် စသည် အဖြစ် သို့ ဦးတည် ၍ ပန်းတိုင် ကိုယ်စီ ထား ရှိသည်။ ထိုသို့ ရှိနိုင်အောင် လည်း ဘာသာရေး ဆရာ အများ က - "လက်ရှိ အဖြစ်မှ စွန့်ပယ်၍ ပိုမိုသော ကောင်းမြတ်သော တစ်စုံ တစ်ခု ဆီသို့ ဦးတည် ကြရန်" အားစိုက် ထုတ် တွန်း အား ပေးကြသည်။

မည်သူ သည် ခင်ဗျား ကို ခင်ဗျား အတိုင်း ရှင်းသန့်စွာ တည်ရှိနေ ရန် ညွှန်ကြား ပါ သနည်း။ ရှားရှား ပါးပါး မရှိ လှပေ။ ပတ်ဝန်းကျင်၊ လူ့ အဖွဲ့အစည်း၊ ပညာရေး စသည် တို့ ၌ အများစု က "လက်ရှိ အဖြစ် ကို မကျေနပ်နှင့်၊ ရှေ့ သို့ --- ရှေ့သို့ ---" ဟု သာ သွန်သင်သည်။ ယင်း အတိုင်း - သွတ်သွင်း ထားပြီး လည်း ဖြစ် သည်။

ဤသို့သော ဇော၊ ပန်းတိုင် တို့ဖြင့် လူတို့ ပျားပန်းခတ် လှုပ်ရှား လျက် ရှိနေကြ ဆဲ ဖြစ်ပါ သည်။ ပန်းတိုင် များ မျှော်မှန်းလျက်၊ ပန်းတိုင် တစ်ခုပြီး နောက် တစ်ခု မဆုံးနိုင်အောင် လျောက် သည်။ ဤသို့ဖြင့် ကိုယ်စီ ကိုယ်စီ "မောသည်" ဟု ညည်းတွား လျက် ရှိ သည်။

မည်သူ သည် ဤ ပန်းတိုင် တို့ကို ဖန်တီးခဲ့ပါသနည်း။ စင်စစ် ပန်းတိုင် ဟူ သည် ပြင်ပ တွင် သာ ရှိ သည်။ နောင်တစ်ချိန် တွင် သာ ရှိသည်။ တစ်နည်း အားဖြင့် - ပန်းတိုင် ဟူသည် ယခု ခဏ တွင် ရှိမနေကြောင်း၊ ယခု ခဏကို ဖယ်ရှား ထားရစ် မည် ဖြစ်ကြောင်း အတိ အကျ ညွှန်ပြ နေခြင်း သာ ဖြစ် သည်။

လူ တစ်ဦး အတွက် ဖြစ်တည် နေသည့် ဘဝ စင်စစ်သည် ယင်း ပန်းတိုင် နှင့် မတူပေ။ ဘဝ စင်စစ် သည် အခြား တစ်နေရာ ရှိ ပန်းတိုင် မဟုတ်ပေ။ ရှင်သန် နေ သော၊ အသိ ရှိနေသော ယခု ဘဝ သည် - ယခု ခဏ တွင်သာ ရှိပါ သည်။ အဘယ်ကြောင့် ဆိုသော် မိမိ အဖြစ် ကို မိမိ အခု မဆိုင်း ကြည့် လျှင် -- မိမိ သည် - လက်တွေ့ - ယခုသာ ရှင်သန် နေခြင်းကြောင့် ဖြစ် သည်။ နောင် အချိန် ဟူ၍ အဘယ်သူ အာမခံ ပါသနည်း။ ယင်း နောင် တစ်ချိန် ဟူသည်မှာ စိတ် နှင့် အထက်ပါ သွတ်သွင်း ခံ လာရ သမျှ တို့ ချယ်လှယ် ထားသည့် စိတ်ကူး ထည် မှ အပ၊ အခြား မဟုတ်ပေ။

လက်တွေ့ ယခု ခဏကို အသိ အပြည့်အဝ ရှင်သန် ကြည့်စေလို သည်။ မိမိ အတွင်း သန္တာန် သို့ ငုပ်လျှိုး ဝင်ကြည့် ရန် လိုသည်။ ထိုခဏ တွင် - မိမိ ဘဝ ၏ ချမ်းမြေ့မှု သန္တိ သည် ပြင်ပ တွင် မရှိ၊ အတွင်း ၌ သာ ရှိကြောင်း သိသည်။ မိမိ ၏ ပန်းတိုင် သည် အပြင် တွင် မရှိ၊ ရင်တွင်း ၌သာ တည်ရှိကြောင်း သိသည်။ ထို့ကြောင့် ပန်းတိုင် သည် နောင်တစ်ချိန်တွင် မဟုတ်။ "အခု" သာ ဖြစ် သည် - ဟု ဆိုပါမည်။ ယခု တည်ရှိ နေသော မိမိ ၏ တခဏ သည် မိမိ သန္တာန် အတွင်း တိုးဝင် သွား ရန် လည်းကောင်း၊ ဘာဝနာ ပြုရန် လည်းကောင်း၊ မိမိ ကိုယ်ကိုယ် ပြန် ရှာ တွေ့နိုင် ရန် လည်းကောင်း လုံလောက် သည်။

...............
~ "အတ္တာဟိ အတ္တနော နာထော"  On the Guest.

ဘကြီးသက်
Unknown at 10:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ထောင်စု နိုင်ငံတော် သမ္မတကြီးနှင့် အများပြည်သူသို့ အိပ်ဖွင့်ပေးစာ ။

အပြောင်းအလဲ (Change) ဆိုတာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောပြီ ။
ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျသည့်
အပြောင်းအလဲ (Change) ကို လိုလားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား။
ဆိုတာလေးဖတ်ရလို့ ဒီ အိပ်ဖွင့်ပေးစာ ရေးလိုက်ရပါတယ်...။
သမ္မတကြီး ခင်ဗျား....
   တိုင်းဒေသကြီးများမှာ ရှိတဲ့ အောက်ခြေက သူတွေ က အမိန့်ကြေငြာစာ တစုံတရာဆိုတာကို လက်ကိုင် ထားပြီး ရဟန်းရှင်လူ ပြည်သူ ကျောင်းသား အလုပ်သမား လယ်သမားနှင့်လက်လုပ်လက်စားတွေကို ဆက်ဆံနေသ၍ သမ္မတကြီးက လက်နဲ့ရေး ၊ သူတို့က ခြေနဲ့ ဖျက် အဲလိုသူ အချို့ ရှိနေသရွေ့ နိုင်ငံတော်က စာမျက်နှာ အသစ်တွေ ထွက်လာမှာ မဟုတ်ပဲ  ဆွေးနေတဲ့ စာမျက်နှာတွေ ဆက်ဖတ်နေရမှာ သေချာပါတယ်။
စကားထဲ ထည့်ထည့်ပြောမယ့် အစား အမိန့် ကြေငြာချက်သာ ထုတ်ပေးပါလားဗျာ။
နှုတ်တစ်ရာ  စာတစ်လုံးကိုး  ခင် ဗျ ...။
ဒီကနေ့ ကျောင်းသားတွေ သမဂ္ဂတွေ ဖွဲ့စည်းကြတာကို တရားမဝင်ဘူးလို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ပုဂ္ဂိုလ်တွေက ဆိုပါတယ် ။ ဆောင်ရွက်ရင် တားဆီး ဖြိုခွဲခံရမယ် ၊ အရေးယူခံရမယ်လို့ ခြိမ်းခြောက်လာပါတယ်။
ရခိုင်ကိစ္စတွေ ဖြစ်ပြီးမကြာခင်က သမ္မတကြိးပြောသွားတဲ့ မိန့်ခွန်းထဲမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် အကြောင်း ပါတာကို သူတို့ ရုပ်မြင်သံကြား မကြည့်ကြဘူး ၊ သတင်းစာ မဖတ်ကြဘူး တူပါတယ်။
ကျောင်းသားတွေက ကျောင်းပုရဝဏ်ထဲမှာ ကျောင်းသားတွေ စုစုစည်းစည်း နဲ့ ကျောင်းသား အရေးကိစ္စတွေ နဲ့ တိုင်းပြည်နှင့် လူမျိုး အတွက် အမျိုးသားရေးတာဝန် တွေ ထမ်းရွက်လိုကြတာ မင်္ဂလာရှိတဲ့ ကိစ္စ ကို လက်မခံဘူး ဖြစ်နေပါတယ်။
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ အရ မှတ်ပုံတင်ထားခြင်း မရှိလျှင် တရားမဝင်ဘူးလို့ ဆိုပါတယ်။
ဒီနေရာမှာ စဉ်းစားဖို့လိုတာက ဒီဥပဒေဟာ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကို စနစ်ကျကျ ထိန်းကျောင်းနိုင်အောင် မလိုလားတာတွေ တားဆီးနိုင်အောင် ထုတ်ပြန်ခဲ့တာ ကို လက်သင့်ခံပါတယ်။ ၈၈ ခုက ဒီ ဥပဒေပါ အကြောင်းအရာတွေ ကိုတော့ ခေတ် နဲ့ လျော်ညီအောင် ပြင်ဆင်ရဦးမှာပါ။ ကျောင်းသားဆိုတာ မူလတန်းကနေ အထက်တန်း အထိ ကျန်စစ်သားဘုရင်နောင် အလောင်းဘုရား စတဲ့ အသင်းတွေ ဖွဲ့ပြီး မိမိကျောင်းရဲ့ ဝေယျာဝစ္စတွေ နဲ့ ကျောင်းအကျိုး ကို ဆောင်ရွက်ခဲ့ကြတာပါ။ နောက်တစ်ခုက ကျောင်းအာဏာပိုင်ပါတဲ့ ကျောင်းကောင်စီ ၊ မိဘဆရာ အသင်း စတာတွေကို ယနေ့ ကျောင်းတိုင်းမှာ မြင်တွေ နိုင်ပါတယ်။ ဒီသဘော အတိုင်းရှိတဲ့ ကျောင်းသားတွေ ဖွဲ့စည်းတဲ့ သမဂ္ဂကို ဘာကြောင့် လိုက်လံ ခြိမ်းခြောက် ပိတ်ပင် တားဆီးနေတာလဲ ဆိုတာ နားမလည် နိုင်အောင် ဖြစ်နေပါတယ်။ ဖော်ပြပါ ကျောင်းတွင်းမှာ လက်ရှိ  ရှိနေတဲ့ အသင်းတွေ၊ ကောင်စိတွေ ကို ဘာကြောင့် မှတ်ပုံတင်ဖို့ မလိုအပ်တာလဲ ၊ မတားဆီးတာပါလဲ။ ထိုသို့ လုပ်ခွင့်ရလျှင် ကျောင်းသားသမဂ္ဂ ဆိုတာလည်း တန်းတူ အခွင့်အရေး ရှိရပါမယ်။ ကျောင်းတွင်းက ကျောင်းသားတွေ ကျောင်းထဲမှာ ဖွဲ့တာခြင်း အတူတူပါပဲလေ ။
သူရဦးရွှေမန်းက ၈၈ ကျောင်းသားခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြိး အနာဂါတ်ဖော်ဆောင်ရေးတွေ အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ လုပ်ရပ်ကို တွေ့မြင်တာ မကြာသေးခင်မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နှင့်အတူ ဗကသ၏ ခရိုင်တွေ ၊ ကျောင်းတွေက သမဂ္ဂတွေ ကို အားခြင်း ဒေသ အသီးသိး မှာ ခေါ်ယူဖိအား ပေးလာတယ်။ ၈၈ကျောင်းသားတွေကိုတော့ မှတ်ပုံမတင်ရသေးလို့ ဆိုပြီး ပိတ်ပင်တာ မတွေ့ရသေး ပါဘူး ။ အောက်ခြေရဲံ ဒီလုပ်ရပ်တွေကတော့ မီးစတဖက်၊ ရေမုတ်တဖက် လားလို့ အစိုးရကို အကြည်ညိုပျက်စေပါတယ်။
ဒီသဘောတရား ခပ်နိမ့ိနမ့်လေးတောင် အချို့ ဒေသအာဏာပိုင်တွေက မသိဘူးဆိုတော့ သမ္မတကြိးရဲ့ တိုင်းပြည် အပေါ်ထားတဲ့ စေတနာတွေဟာ တိုးတတိမှု မြန်ဖို့ မလွယ်ပါဘူး ။
ဒီနေ့ ကျောင်းသားတွေဟာ သမိုင်းမှာ နယ်ချဲ့ အပါအဝင် အာဏာရှင် အစိုးရ အဆက်ဆက် ကို တွန်းလှန်တိုက်ပွဲ ဝင်ခဲ့ကြတယ်။ မရိုးသားတဲ့ အစိုးရ ဟူသမျှရဲ့ မျက်နှာဖုံးကို ပြည်သူသိအောင် သာ မက ကမ္ဘာက သိအောင်ပါ ခွာချပြခဲ့ ကြတယ် ။ အဲဒီအတွက် အစိုးရ အဟောင်းတွေ ဟာ ကျောင်းသားတွေကို ကြည့်မရပါဘူး ။ နယ်ချဲ့အစိုးရ လက်ထက် (၁၉၃၀-၃၁ ခု) မှာ စတင်ခဲ့တာကိုကြည့်ရင် တိုင်းတပါးသားကတောင် ကြည်ဖြူခဲ့ပါလျက် ယနေ့ အချို့သော အစိုးရ လက်အောက်ခံ ပုဂ္ဂိုလ်များက မရှုစိမ့်နိုင်စွာ ခွင့်မပြုနိုင်ဘူး လို့ ခါးခါးသီးသီး ဖြစ်နေတာ ထောက်ရင်... သမ္မတကြီး ခင်ဗျား... လူကြီးမင်း၏ အုပ်ချုပ်ရေး ယန္တရားကြီးထဲမှာ အခွာမခံရဲတဲ့ မျက်နှာဖုံးမင်းသားတွေ ရှိနေပါတယ်လို့ သက်သေ ပြနေတာပါပဲ။
ဒီကနေ့ ကျောင်းသားတွေဟာ သူတို့ ပိုင်တဲ့ ဆိုင်တဲ့ ကျောင်းသားသမဂ္ဂ နှင့် သမဂ္ဂ အဆောက်အဦ ကို  ပြန်လည်ရရှိရေး ဆောင်ရွက် နေတာတွေဟာ ၁၉၆၂ ခုမတ်လ(၇)ရက်(၈)ရက်မှာ ဖြစ်ပွားခဲ့တဲ့ တပါတီ အာဏာရှင်လို့ နာမည်ပျက်ခဲ့တဲ့ ဥိးနေဝင်းရဲ့ မဆလပါတီက ကျောင်းသားတွေကို နိမ်နှင်းပြီး အဆောက်အဦ ကို ဖြိုခွဲခဲ့တာ ကြောင့် ဖြစ်ပါတယ်။ ယခုဆိုရင် နှစ်(၅၀)တင်းတင်း ပြည့်ပါပြီ ။ သမိုင်းတရားခံလို့ ပြောထားတဲ့ သမိုင်းအကြွေး ဆပ်ရမယ့် တာဝန်ရှိသူတွေထဲက ဦးနေဝင်း၊ဦးစိန်လွင် တို့ ဆိုတာတွေလည်း လူ့လောကက ထွက်သွားကြပါပြီ ။
၁၉၃၀-၃၁ ကနေ ၈-၇-၁၉၆၂ ထိ ကျောင်းသားတွေဟာ နယ်ချဲ့ ခေတ်မှ တပါတီအာဏာရှင်စနစ်ထိ ပြည်သူ့အတွက် ဘာမှ ခံစားခွင့်မရပဲ အသက်ပေါင်းများစွာနှင့်အတူ ပညာရေး၊လူမှုရေးတွေ ဆုံးရှုံးခဲ့ပြီး ထောင်တွေထဲမှာလဲ လူဘဝကို အရင်းအနှီးကြီးစွာ ပေးဆပ်ခဲ့ကြပါတယ်။ ယနေ့ တပ်မတော်သားတွေ နိုင်ငံတာဝန် ထမ်းဆောင်ရာမှာ စွန့်လွတ် အနာခံနေတာကို ဗိုလ်ချုပ်ကြီးထိ ထမ်းဆောင်ခဲ့တဲ့ သမ္မတကြီး သိပြီးသားပါ... သို့သော် တပ်မတော်သားတွေ ဟာ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ ခံစားရပါတယ်... ပင်စင်အထိပေါ့ ခင်ဗျာ..။ (စော်ကားခြင်းမဟုတ်ပါဘူး၊ နှိုင်းယှဉ်ပြတာပါ)
ကျောင်းသားတွေဟာ ငွေကုန်ကြေးကြခံပြီး ကျောင်းတတ်ရတာပါ။ဒီကြားထဲ သမိုင်းကပေးလာတဲ့ တာဝန်တွေ ထမ်းဆောင်ပေးဆပ်တဲ့အခါမှာ ဘယ်သူကမှ လစာမပေး ၊ ရာထူးမပေး ၊ ခံစားခွင့်မပေးပါဘူး။ အဲဒီအစား နံပါတ်တုတ်တွေ၊ စက်သေမတ် ကျည်ဆံတွေ ၊ အကျဉ်းထောင်တွေ ပဲ ရရှိခဲ့ပြိး ခုတော့ သမဂ္ဂအဆောက်အဥိကို ပါ ဖြိုချခံခဲရပါတယ်...။
ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နိုင်ငံဖခင်၊ တပ်မတော်ရဲ့ ဖခင်တစ်ဦးကို မွေးထုတ်ပေးခဲ့တဲ့ ကျောင်သားသမဂ္ဂ နှင့်အတူ ထိုထို ခေါင်းဆောင် ကျောင်းသားကြီးတွေ ရဲ့ ကြိုးပမ်းမှု အဆင့်ဆင့်ကြောင့် ယခုလို အချုပ်အချာအာဏာနှင့်တစ်ကွ ယနေ့ ပြည်ထောင်စု အစိုးရ နှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် ကျွန်ပ်တို့ ရပ်တည်ခွင့် ရနေတာကို ကြည့်ရင်း ခေတ်အဆက်ဆက်က သမဂ္ဂကြိးရဲ့ သမိုင်းကျေးဇူး မကင်းဘူးဆိုတာ သိသာထင်ရှားပါတယ်။
ယနေ့ကြုံကြိုက်ခဲမျှ နှစ်(၅၀)ပြည့်ချိန်ပါမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ ကျောင်းသားခေါင်းဆောင် မျိုးဆက် အဆင့်ဆင့် ရဲ့ သွေးတွေ၊ ချွေးတွေ၊ အသက်တွေ ကို လစ်လျုရှု ၊ မျက်ကွယ်ပြုပြီး မသိကျိုးကျွံပြုနေရမယ် ဆိုရင် အလွန်ကို ရိုင်းပြတဲ့ မျိုးဆက် အဖြစ် သမိုင်း အမည်းစက်ကြီး ထင်ကျန်ရစ်ခဲ့ပါမယ်။ ဒါကို ယနေ့ အသိတရား ရှိတဲ့ ကျောင်းသားတွေ ဟာ ကျေးဇူးတရားသိသိ တာဝန်သိသိ နှင့် ဆဲဗင်းဂျုလိုင် နှစ်(၅၀)ပြည့်ကို ကျင်းပလို ကျတာဖြစ်ပါတယ်။
သို့ပါသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ဒီအစီအစဉ်ကို ခါးခါးသီးသီး ပိတ်ပင်တားဆီး ငြင်းပယ်နေပါတယ်။ ဒီသမိုင်း အကြွေ့းကြီးက သူတို့ နှင့်ဆိုင်ပါသလား ၊ ဒီရက်ကြိးမှာ ကျောင်းသားတွေကို (လူသတ်) သတ်ခဲ့တဲ့ အထဲ ပါဝင်ဘူးလို့လား၊ အဆောက်အဦ ကြီးဖြိုခဲ့တာ သူတို့လား တွေးယူချင်စရာ ထင်မှရလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖိအားပေး ပိတ်ပင် ခြိမ်းခြောက်နေပါတယ်။
ယနေ့ ကျောင်းသားတွေ အနေနဲ့ သမိုင်းတာဝန် ထမ်းဆောင်ရတဲ့ အခါမှာ သမိုင်းမှာ ရှိခဲ့တဲ့ နောင်တော်ကျောင်းသား ကြိးတွေရဲ့ ကျေးဇူးကို သော်လည်းကောင်း ၊ မြင့်မြတ်လှသော ပေးဆပ်စွန့်စားမှု များကို ဂုဏ်ပြုခြင်းသော် လည်းကောင်း ၊ မမေ့မလျော့ ကျင်းပရမည်မှာ အမှန်ပင် ဖြစ်ပါသည်။ မလိုလားအပ်သောလမ်းပေါ်ထွက်ခြင်း၊ ဆူပူ ဆန္ဒပြခြင်း ၊ မင်းမဲ့စရိုက် ဆန်ခြင်း များ မဟုတ်ပဲ သိမ်မွေ့စွာ ကျင်းပကြမယ့် ခန်းမတွင်း အခမ်းအနား ကို ခွင့်ပြုပေးစေချင်တာ အများစု ဆန္ဒဖြစ်သည့်အတွက် သတ်မှတ်သော စည်းကမ်းနှင့် အညီ ကျင်းပခွင့်ကို နေပြည်တော်ထိ သွားရောက်လျက် နိုင်ငံတော်သမ္မတကြီး အားလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးအား လည်းကောင်း၊ သက်ဆိုင်ရာ ဌာနအသီးသီး၏ အကြိးအကဲ များထံ ကျင်းပခွင့်ကို တာဝန်သိသိ လေးလေးစားစား တရားဝင် စာ တင်ခဲ့ပါတယ်။
(သမ္မတကြိးနှင့် ပြည်ထောင်စုဝန်ကြီးထံ ရောက်မရောက်၊ အောက်ခြေက ဖျောက် မဖျောက် မသိပါ ခင်ဗျား)
သို့ပါသော်လည်း တင်ပြထားခဲ့သော ပုဂ္ဂိုလ်ကြီးများ၊ ဌာနများမှ လေးစားစွာစာဖြင့် တရားဝင်ပြန်ကြားချက် မရရှိသေးခင် ဒေသဆိုင်ရာများက တားဆီးပိတ်ပင် ခွင့်မပြုခြင်းသည် သမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြိးများထက် အာဏာပိုရှိနေသလား ထင်မှတ်မှား၍ အစိုးရသိက္ခာကို ထိခိုက်စေပါကြောင်း လေးစားစွာ အသိပေးအပ်ရင်း သမိုင်းကျေးဇူးသိတတ်စွာ ကျင်းပသော ဆဲဗင်းဂျုလိုင် နှစ်(၅၀)ပြည့် အခမ်းအနား နှင့် စပ်လျဉ်း၍ အများသိရှိနိုင်ရန် ရေးသားတင်ပြခြင်းဖြစ်ပါသည်။
နိုင်ကိုဇော်
မန္တလေးခရိုင် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦး
ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)(၁၉၉၀-၉၁)
 
လူဗိုလ်
ဘကြီးသက်
Unknown at 10:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပေါတောတော အတိုက်အခံ နှင့် ကြောင်တောင်တောင် မီဒီယာ




" ဇူလိုင် ၇ ရက်အထိမ်းအမှတ်အခမ်းအနား တရက်ကြိုတင်ပြီး လျှို့ဝှက်စွာကျင်းပ " ဆိုတဲ့ ခေါင်းစဉ်နဲ့ Yangon Press International ရဲ့ facebook စာမျက်နှာမှာ လွန်ခဲ့တဲ့ တစ်နာရီက စတင်ဖော်ပြလိုက်ပါတယ်။

ပေါတောတော အတိုက်အခံများက လျှို့ဝှက်စွာ ကျင်းပခဲ့တဲ့ ပွဲကို ဂျာနယ်လစ် ကို ဓာတ်ပုံရိုက်ခိုင်းခဲ့ပြီး ကြောင်တောင်တောင် မီဒီယာကလည်း လျှို့ဝှက်စွာ ကျင်းပ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံများကို ဖော်ပြထားပါတယ်။

လျှို့ဝှက်စွာ ကျင်းပခဲ့တဲ့ လျှို့ဝှက် ကိစ္စ က လူအများသုံးနေတဲံ facebook ပေါ် ဓာတ်ပုံနှင့်တကွ ရောက်လာခြင်းအတွက် facebook သုံးသူ မြန်မာများကလည်း နားမလည်ဖြစ်နေကြပါတယ်။

၎င်း သတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး ဝါရင့် သတင်းစာ ဆရာကြီး တစ်ဦးမှ အခုလို သုံးသပ် ထားပါတယ်

"ဒါကို ကြည့်ချင်းအားဖြင့် အခုခေတ် မီဒီယာတွေ ဘယ်လောက် ညံ့ဖျင်းလာလဲဆိုတာ သိလာစေတယ်... မီဒီယာ သတင်းအခွင့်အရေးတွေ အတင်းတောင်းတာ ကြားရတယ်၊ စိစစ်ရေးတွေ ဖျက်ခိုင်းကြတယ်... ကိုယ်တိုင်ကျတော့ ဘာမှသုံးစားမရပြန်ဘူး... ဒီလိုသတင်းမျိုးကို နိုင်ငံတကာက ဖတ်ကြရင် ဘယ်လောက် ရှက်စရာကောင်းသလဲ...." လို့ ဝေဖန်ထားပါတယ်။

အစိုးရသစ်လက်ထက်မှာ ဂျာနယ်အများအပြားကို ထုတ်တင် ခွင့်ပြုခဲ့ပြီး ပြည်ပမှ ကျွမ်းကျင်သူများနှင့် ပူပေါင်းကာ မြန်မာ့ မီဒီယာ ကဏ္ဏဖွံ့ဖြိုးအောင် ဥပဒေ၊ နည်းဥပဒေများ ရေးစွဲကာ နည်းမျိုးစုံဖြင့် ကြိုးစားနေပေမယ့်လည်း ညံ့ဖျင်းသော ဂျာနယ်လစ်များနှင့် အသုံးမကျသော အယ်ဒီတာ များက ပေါတောတော အတိုက်အခံများ နှင့် ပေါင်းကာ ကြောင်တောင်တောင် မီဒီယာ ဖြစ်နေကြကြောင်း သတင်းရရှိပါတယ်။

Myanmar Express

ဘကြီးသက်
Unknown at 10:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။

အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုရတိုင်းအတွက် အမြစ်တွယ် ဖြိုဖျက်ရခက်သည့် ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။ အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင်  မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။
နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ရောက်နေသည်ကိုလည်း စာနာမိပါသည်။ ထို့ကြောင့် ထိုကိစ္စများထဲမှ မိမိ လက်လှမ်းမီရာများကို လေ့လာဖော်ပြလိုက်ပါသည်..။ 
(၁) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ .. ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော လယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခြင်း။
အဖြေ    =    ယခင်စစ် အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့် ပလဲပနံသင့်သော ကုမဏီများ၏ ငွေမတန်တဆပေးချေကာ ..လယ်မြေ/မြေယာသိမ်းယူမှုများပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခု အစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေခြင်း။  (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း မြေယာသိမ်းယူမှုများကို ဆန္ဒပြခြင်းဖြစ်ပါသည်။
(၂) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော
စက်မှု့ဇုံ အလုပ်သမားများ ဆန္ဒပြပွဲများ..
အဖြေ    =    ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ မှ စခဲ့သော အလုပ်သမားဥပဒေများ/အလုပ်သမားအကျိုးခဲစားခွင့်များ (အခြေခံလစာဆိုင်ရာ သတ်မှတ်ချက်များ) အားနည်းခြင်း ကြောင့် အလုပ်ရှင်များ နှိပ်ကွပ်သမျှ နှစ် (၂၀) ခန့် နင်းပြား ဖြစ်ခဲ့ရခြင်း။
(ယခင်က ဆန္ဒပြလျှင် ... ယခုလောက် အလုပ်သမားဝန်ကြီးဌာနမှ မဆောင်ရွက်ပဲ မသိချင်ယောင်ဆောင်ထားခြင်းက အားလုံးအသိပင်။
(၃) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း မော်တော်ယာဉ် လိုင်များအားလုံးနီးပါးမှ ဖြစ်ပေါ်လာသော ယာဉ်စည်းကမ်းဖောက်ဖျက်မှုများ။ ယာဉ်မတော်တဆမှုများ.. အုပ်စုဖွဲ့အနိုင်ကျင့်မှုမှုများ သိသာထင်ရှားလာခြင်း။
အဖြေ။  == ယခင် စစ်အစိုးရလက်ထက် မထသ နှင့် အပါအ၀င် အခြားယာဉ်လိုင်းစုံတို့အား စစ်မှုထမ်းဟောင်များနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့မှာ အင်အားသုံးချယ်လှယ်နေကြသဖြင့် လုပ်ချင်တာလုပ်နေကြခြင်။  ယာဉ်ထိန်းရဲများအားလည်း လေးစားကြောက်ရွှံခြင်းမရှိတော့ဘဲ ငွေပေးရင်ရတယ်ဟုသောသဘောဖြင့် ပိုက်ဆံလိုချင်သော သူတောင်းစားသာသာ ဆက်ဆံခဲ့သည်မှာ နှစ်ပေါင်းများစွာ ထုံးစံလိုဖြစ်နေခြင်း။
(မထသ ၃၅ လိုင်းဆိုလျှင် ယာဉ်ထိန်းရဲအား တိုက်သတ်မှုမှာ တစ်ခုထက်ပိုပါသည်။)
(၄) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း ရေအားလျှပ်စစ် စီမံကိန်းကြီးများ ကန့်ကွက်ခံရခြင်းင့် ရပ်တန့်ခံရခြင်း။
အဖြေ === ယခင်စစ်အစိုးရလက်ထက် ရေအားလျှပ်စစ်စီမံကိန်းများကို ကော်မရှင်ရလျှင်ပြီးရော/ဒေါ်လာရလျှင်ပြီးရော စိတ်ထားဖြင့်..  MOU ထိုးကာ ခွင့်ပြုခဲ့ခြင်း။ လက်မှတ်ထိုးသူ တာဝန်ရှိသူဝန်ကြီးများမှမှ MOU တွင် ဘယ်လိုရေးထားသလဲဆိုတာတောင် သေသေချာချာ မဖတ်ပဲ ဆုံးဖြတ်ခဲ့ကြခြင်း။  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ပြည်သူလူထုကို အကျိုးပြုခြင်းဆိုင်ရာ EIA, SIA များကို လျစ်လျူရှုကာ..ထင်သလိုပြုမူခဲ့ခြင်း။
(၅) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် ဖြစ်ပေါ်လာသော နယ်မြေတွင်း တရားမ၀င်/တရားဝင် နည်းများဖြင့် စိမ့်ဝင်ပျံ့နှံ့လာသော ဘင်္ဂလီများကြောင့် အရေးအခင်းများဖြစ်ပွားခြင်း။ ရခိုင်တိုင်းရင်းသားများ သေကြေပျက်စီးခြင်း
အဖြေ === ယခင် စစ်အစိုးရလက်ထက် နိုင်ငံတ၀ှမ်း မကြုံစဖူး အဂတိလိုက်စားမှုကြီးများဖြစ်ပေါ်ခဲ့ပြီး နယ်စပ်ဒေသ (ဘင်္ဂလား) မှ ဘင်္ဂလီများ ငွေပေးလျှင် အလွယ်တကူ ၀င်ရောက်လာခဲ့ခြင်း။ ထိုမှတစ်ဆင့် ပိုမိုများပြားလာခြင်း။ လ၀ကဥပဒေ ခိုင်မာသောလည်း  White card ကို လူဦးရေ ငါးသိန်းနီးပါးကို ထုတ်ပေးထားခြင်းအပြင် လက်ရှိ တရားမ၀င် လူဦးရေ ငါးသိန်းနီးပါး (အဂတိလိုက်စားမှုများအရ) ရခိုင်ပြည်တွင်းတွင် ရောက်ရှိနေခြင်း။ ထို့အပြင် ၁၉၈၉ နောက်ပိုင်းမှဝင်ရောက်လာသော ဘင်္ဂလီများက ရန်ကုန်တွင် အခြေချကာ နိုင်ငံတော်သူဌေးများအဆင့်အဖြစ်ရောက်ရှိနေခြင်။ ထိုသူဌေးများထဲမှ ပြည်ခိုင်ဖြိုးအမတ်များအဖြစ်ရောက်ရှိနေကာ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးအဖြစ်သတ်မှတ်ပြီး  စိစစ်ရေးကတ် ပန်းရောင် ထုတ်ပေးရန်တောင်းဆိုသည်အထိ ဆိုးဝါးလားခြင်း။
(၆) ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် .ရွှေတူးနှင့် သတ္တုတူးဖော်ထုတ်လုပ်သော ကုမဏီ ရာပေါင်းများစွာမှ အစိုးရသစ်သို့ အခွန်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် အလုပ်သမားများ ဆန္ဒပြခြင်း။ ပညာရှင်းများ/စစ်ဆေးရေးအဖွဲ့များ ဖြင့် ဖွဲ့စည်းဆာင်ရွက်ခြင်းမရှိသဖြင့်  မြစ်ချောင်းများ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း
အဖြေ === ယခင် စစ်အစိုးရလက်ထက် မျက်နှာကြီးသူများ၊ သြဇာရှိသူများနှင့် (တရုတ်) သြဇာခံကုမဏီများအား ရွှေတူးဖော်ခွင့်ပြုခြင်းအပြင် ဒေသအာဏာပိုင်များ ၀င်ရောက်စွက်ဖက်ရန်မလွယ်သော အခြားလုပ်ပိုင်ခွင့်များကို ပေးထားခြင်း။ ရင်းနှီးမြုပ်နှံမှုဥပဒေများ ခိုင်ခိုင်မာမာ မရှိခြင်း။
(၇) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ ခုနှစ်တွင် အစိုးရ၏ လယ်လုပ်သူများ လယ်ပိုင်ရေးနှင့် လယ်သမားများ လယ်ပိုင်ရေးမျှော်လင့်ချက်များအား ကြိုးစားသမျှ အရာမထင်ခြင်။
ဖြေ  =  စစ်အစိုးရလက်ထက် ၂၀၀၀ ၀န်းကျင်ခန့်မှစတင်ပြီး (ဦးရွှေမန်း၏သားပိုင်ဆိုင်သော) ဧရာရွေှ့ဝါ၊ ၀ါဝါ၀င်း အစရှိသော ကုမဏီကြီးများက လယ်သမားကို စပါးပေး (စိုက်ပျိုးစရိတ်ချေးငွေ) ထုတ်ခြင်းပြီး လယ်များကို အပိုင်ရယူရန်(ချစ်တီး) များကဲ့သို့ ကြိုးစားခဲ့ခြင်း။ ၂၀၀၈ နာဂစ်အပြီးတွင်လယ် (ဦးတေဇပိုင်) ထူး .. စသော ကုမဏီများမှ ပြန်လည်ထူထောင်ရေးအကြောင်းပြကာ လယ်ယာလုပ်ငန်းများတွင် ၀င်ရောက်ရင်းနှီးမြုပ်နှံလာကြခြင်း။ ယနေ့အချိန် ၂၀၁၂ တွင် လယ်လုပ်သူလယ်သမားးများထက် ကုမဏီပိုင်လယ်များ များပြားနေသလို လယ်သမားအများစုမှာ သူရင်းငှား အဖြစ် ကုမဏီလယ်များတွင် ပြန်လည်လုပ်ကိုင်နေရခြင်း။
(၈) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် နိုင်ငံအတွင်း အင်အားအကြီုံးဆုံး စီးပွားရေးလုပ်ငန်းစုကြီများ အခွန်ဆောင်မှု နည်းပါးခြင်း
အဖြေ =  စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ အစပြုကာ အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ပလဲပနံသင့်နေသော ကုမဏီများ၊ တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နှင့် စစ်ထောက်ချုပ်ဦးဆောင်သော မြန်မာနိုင်ငံစီးပွားရေးကော်ပိုရေးရှင်း (MEC) အစရှိသည်တို့မှ အခွန်ဆောင်မှု နည်းပါးခြင်းမှစတင်ကာ ယနေ့အချိန်အထိ အခွန်ရှောင်နေကြခြင်း။
(၉) အစိုးရသစ်လက်ထက် နိုင်ငံတကာမှ စီးပွားရေးကန့်သန့်မှုများ ပျက်ပြယ်ကာ စီးပွားရေးပိတ်ဆိုမှုကို လျှော့ချလိုက်သော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မ၀င်သေးခြင်း။
အဖြေ == စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ စတင်ကာ ယနေ့အထိ ပြဌာန်းထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ/အလုပ်သမားဥပဒေများ ခိုင်မာမှုမရှိခြင်း။ နှစ်ပေါင်းများစွာ ..အမိန့်ကြော်ငြာစာများဖြင့်သာ စီမံခန့်ခွဲခဲ့ခြင်း ..။ ယခု အစိုးရသစ်လက်ထက်တွင် ၂၀၁၂ တွင် မခိုင်မာ၊ ခေတ်မမီတော့သော ဥပဒေများကို ပြင်ဆင်ရေးဆွဲပြဌာန်းနေရခြင်း။ 
(၁၀) အစိုးရသစ်လက်ထက် Myanmar အစား Burma ဟုသော အသုံးအနှုန်းကို ကန့်ကွက်ရန်ကြိုးစားခြင်။။ လူငယ်များ တိုင်းရင်းသားများမှ Myanmar - Burma ဟုသော အသုံးအနှုန်းများအား ၀ိဝါဒ သဘောထား ကွဲလွဲစပြုလာခြင်း။  
အဖြေ ==== ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ တွင် အင်္ဂလိပ်အသုံအနှုန်းများအား မြန်မာအသံထွက်ဖြင့် စာလုံးပေါင်းရန် သတ်မှတ်ခဲ့ခြင်းကြောင့် Burma ကို Myanmar ဟုသော စကားရပ်ဖြင့် ပြဌာန်းချက်ထုတ်ကာ အာဏာတည်စေခဲ့ခြင်း။
(၁၁) အစိုးရသစ်လက်ထက်တွင် မော်တော်ယာဉ်များအား တင်သွင်းမှု ပေါ်လစီနှင့် အခွန်များ လျှော့ချကာ ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့် မော်တော်ယာဉ်ပိုင်ဆိုင်သူများ နစ်နာခဲ့ခြင်း။ စီးပွားရေးထိခိုက်လာခြင်း။
အဖြေ === ယခင်အစိုးရလက်ထက်တွင် နှစ်ပေါင်းများစွာ ကားတင်သွင်းမှုကို ကန့်သတ်ကာ ဦးပိုင်ကဲ့သို လုပ်ငန်းရှင်များကိုသာ သီးသန့်ဖွင့်ပေးခဲ့ခြင်းကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ အတွင်း ကားတစ်စီး၏ပေါက်ဈေးမှာ အဆ ၁၀၀ နီးပါးခန့်တက်သွားခဲ့သဖြင့် ယခုလို ပြုပြင်ပြောင်းလဲမှုများစွာလုပ်ဆောင်နေချိန်တွင် ထိုအချိန်က ကားဈေးမြှင့်ကာဝယ်ယူထားသူများမှာ များစွာနစ်နာခဲ့ခြင်း။
အဲဒီကိစ္စများဟာ .. ၂၀၁၅ အတွင်းမှာ အားလုံး အဆင်ပြေသွားနိုင်ဖို့ မလွယ်ပါ။ အမြစ်ကအစနှုတ်ယူဖို့ ဆယ်စုနှစ်များစွာ အချိန်ယူရမှာပါ။
အစရှိတဲ့ အထုပ်အရှုပ်တွေကို လေ့လာရင်းနဲ့ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပုဒ်မ (၄၄၅) ကို ပြန်လည်မြင်ယောင်မိပါတော့တယ်.။
“ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒ
လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကို လည်း
ကောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံ
တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့
သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်
အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။”
ကဲ... ဘယ်လိုလုပ်ကြမလဲ....။
သမ္မတကြီးကတော့ ပြောပါတယ်..။ နောက်ကြောင်းပြန်မလှည့်ကြေး..တဲ့... သူပြောတာကို.. သဘောပေါက်သလိုလိုတော့ ရှိသား။။။
ရန်အောင်..
။မည်သူမဆို Share နိုင်ပါသည်။
လူဗိုလ်(Blog)

ဘကြီးသက်
Unknown at 10:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြံဖွံ့ အဆို NLD အမတ်များ ထောက်ခံဆွေးနွေး


( ဓါတ်ပုံအညွှန်း - လွှတ်တော်အတွင်း ၀င်ရောက်ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင် အားတွေ့ရစဉ် )
Messenger News Journal
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်းသော “ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင် ပါရန် ပြည်ထောင်စုအစိုးရသို့ တိုကတွန်းကြောင်း” အဆိုကို NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သော
 ဒေါက်တာ အောင်မိုးညို နှင့် ဒေါက်တာဇော်မြင့်မောင် တို့က ထောက်ခံဆွေးနွေးသွားခဲ့သည်။

 ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့တွင် ယင်းကဲ့သို့ဝင်ရောက်ဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ထောက်ခံဆွေးနွေးသွားသော ကြောင့် လွှတ်တော်အတွင်း ပါတီစွဲ မထားဘဲ ပြည်သူအတွက်အကျိုးရှိမည့် အဆိုများကို နှစ်ဘက်အင်အားကြီးပါတီ များမှ ပူးပေါင်းဆောင်ရွက်ကြမှုကိုကြိုဆို ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များကသုံးသပ်ပြောကြားခဲ့သည်။

Messenger News Journal

ဘကြီးသက်
Unknown at 10:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အများပိုင် တက္ကစီကုမ္ပဏီ တည်ထောင်ရန် ဆာကူရာမှ စီစဉ်



From : ခေတ်လူငယ်
အများပိုင်တက္ကစီ ကုမ္ပဏီကို ဆာကူရာအော်တိုအောရှင်စင်တာမှ ဦးစီးပြီး တည်ထောင်မယ်လို့ သိရပါတယ်။ “စိတ်ဝင်စားတဲ့ တက္ကစီယာဉ်မောင်းတွေအနေနဲ့ ကုမ္ပဏီကို ကျပ်သိန်း ၃၀ ရှယ်ယာထည့်ဝင်ပြီး ကုမ္ပဏီပိုင် တက္ကစီတစ်စီး မောင်းနှင်ခွင့်ပြုပါမယ်။ နေ့စဉ်ကြေး တစ်ရက် ကျပ် ၁၂၅၀၀ နဲ့ စုစုပေါင်း သုံးနှစ်သွင်းရပါမယ်။ သုံးနှစ်ပြည့်ရင် ယာဉ်မောင်းကို ကိုယ်တိုင်မောင်းခဲ့တဲ့ တက္ကစီကို လွှဲပြောင်းပေးပါမယ်။ တက္ကစီကုမ္ပဏီရဲ့ စည်းမျဉ်းအတိုင်း နောက်ထပ်နှစ်နှစ်ကို ကုမ္ပဏီနာမည်နဲ့ ဆက်လက်မောင်းနှင်ရပါမယ်။ စုစုပေါင်းငါးနှစ်မှာ သုံးနှစ်သာ နေ့စဉ်ကြေး ပေးသွင်းရပါမယ်။ ကျန်နှစ်နှစ်ကတော့ နေ့စဉ်ကြေးပေးသွင်းမှု မလိုဘဲ ကားအခွန်၊ လိုင်စင်ကိစ္စတွေအတွက် ကုမ္ပဏီကတစ်ဆင့် နှစ်စဉ်ကြေးသာ ပေးသွင်းရပါမယ်” လို့ ဆာကူရာမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကုမ္ပဏီမှ တက္ကစီအဖြစ်ပေးမယ့် ကားတွေက ပရိုဘောက်နဲ့ အေဒီဗင်(ဓါတ်ဆီ) ကားတစ်ခုခု ဖြစ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်အပိုပစ္စည်းနဲ့ ဆားဗစ်စင်တာ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဆာကူရာမှ အထွေထွေမန်နေဂျာ ဦးသိန်းထိုက်က “အခုအခြေအနေတွေ ပြောင်းလဲမှုက မြန်ဆန်နေတော့ အများအလုပ်လုပ်လို့ရအောင် စဉ်းစားပြီး ကျွန်တော်တို့ အခုအစီအစဉ်ကို အကောင်အထည် ဖော်တာပါ။ တချို့ အငှားယာဉ်တွေ ဖျက်သိမ်းတဲ့အထဲ ပါသွားတော့ အခက်အခဲဖြစ်တဲ့ အငှားယာဉ်မောင်းတွေလဲ ရှိတယ်။ ဒါကြောင့် အငှားယာဉ်မောင်းတွေလဲ အဆင်ပြေအောင် အခုလိုမျိုးလုပ်ဖို့ စီစဉ်ဖြစ်တာပါ” လို့ ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 10:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သံလွင်(Blog)မှ နွေးထွေးစွာ ကြိုဆိုပါ၏.. လာရောက်သူအပေါင်း စိတ်၏ ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်း ဆိုတဲ့ နှစ်ဖြာသောသုခတွေနဲ့ ထာဝရ ပြည့်စုံပါစေ.. မိမိရဲ့ သဘောထားအမြင်များကိုလည်း ရေးသား အကြံပြု နိုင်ပါသည်။ ရေဓာတ်နဲ့ ကားမောင်းမယ်



ဆီစားသက်သာတယ် ဆိုတာကို ကားမောင်းသူတွေ ကြိုက်ကြပါတယ်။
ဆီမစားတော့ ကုန်ကျစရိတ် သက်သာပြီလေ။
ဆီထက် ပိုပြီး စရိတ် သက်သာတဲ့ သဘာဝဓာတ်ငွေ့သုံးကားတွေကိုတော့ မောင်းနေကြပါပြီ။
အခု စမ်းသပ်နေတာကတော့ ရေထည့်မောင်းရတဲ့၊ ရေဓာတ်ငွေ့သုံးတဲ့ ကားတွေ ဖြစ်ပါတယ်။

ရေဓာတ်ငွေ့ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က လက်တွေ့ပြသပုံကို ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။

မနှစ်တုန်းကလည်း ဦးကျော်ကျော်တို့ရဲ့ မြန်မာ့စွမ်းအင်သစ် ရေဓာတ်ငွေ့လုပ်ငန်းအဖွဲ့က ရထားနဲ့ သင်္ဘောကို ရေဓာတ်ငွေ့နဲ့ စမ်းသပ်မောင်းနှင်မယ်လို့ သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

အခု သတင်းမှာတော့ ရေကို ဘယ်လိုသုံးသလဲ၊ ရေက ကားထဲမှာ ဘယ်လို ဓာတ်ပြုပြီး ဘယ်လို အလုပ်လုပ်သလဲ၊ စွမ်းအင် ဘယ်လိုထွက်လဲ ဆိုတာတွေကို ရေးမထားပါဘူး။

သို့သော်လည်း ဒီနည်းပညာကို ကားသေး၊ ကားကြီး၊ ရထား၊ သင်္ဘောတွေမှာ တပ်ဆင်မယ် ဆိုရင် ဘယ်လောက် ကုန်ကျမယ် ဆိုတာတွေကိုတော့ ခန့်မှန်းတွက်ချက်ပြထားပါတယ်။

သတင်းကို
ဒီမှာ
နဲ့
ဒီမှာ
ကလစ်ပြီး ဖတ်နိုင်ပါပြီ။

သံလွင် (blog)

ဘကြီးသက်
Unknown at 10:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာကို သံတမန် ဆက်သွယ်လိုတဲ့ နိုင်ငံ ၈ ခုရှိ


မြန်မာနိုင်ငံရဲ့ သံရေး တမန်ရေး နဲ့ပတ်သက်ပြီး နိုင်ငံ ၈ နိုင်ငံက ဆက်သွယ်လာလို့ ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်တွေဆီကို ဇွန်လ ၄ ရက်နေ့က နိုင်ငံခြားရေးဌာန ဒုဝန်ကြီးက တင်ပြခဲ့တာကို မြန်မာ့ သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

သူ့တင်ပြချက်အရ မြန်မာရဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲ ရှိလာတာကြောင့် အခုဆိုရင် မြန်မာနဲ့ သံတမန် ဆက်သွယ်ရေး လုပ်ချင်လို့ ကမ်းလှမ်းလာတာလို့ ဆိုပါတယ်။

အဲဒီ ကမ်းလှမ်းလာတဲ့ နိုင်ငံတွေ ကတော့ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးယားနိုင်ငံ၊ မာလာဝီသမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ လတ်ဘီးယား သမ္မတ နိုင်ငံ၊ အက်စ်တိုးနီးယားသမ္မတနိုင်ငံနှင့် ဒိုမီနီကန်သမ္မတ နိုင်ငံ ဆိုတဲ့ နိုင်ငံပေါင်း ၈ ခု ရှိပါတယ်တဲ့။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ သံတမန် ဆက်သွယ်ရေး လုပ်ထားတဲ့ နိုင်ငံပေါင်းက ၁၀၃ နိုင်ငံ ရှိပါတယ်။ ဒီ ၈ နိုင်ငံပါ ပေါင်းလိုက်ရင်တော့ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံတဲ့ နိုင်ငံပေါင်း ကမ္ဘာပေါ်မှာ ၁၁၈ နိုင်ငံ အထိ ရှိလာမှာပါ။


ဧရာဝတီ(Blog)


ဘကြီးသက်
Unknown at 10:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုင်းရင်းသားတန်းတူရေး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးသင့်ဟု သမ္မတပြော


ဓါတ်ပုံ။ Myanmar President office
သမ္မတ နှစ်ဦး ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ၏ ပထမဆုံး အစည်းအဝေးတွင် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးရရှိရန် လွှတ်တော်မှ ဥပဒေ
ပြဋ္ဌာန်းဆောင်ရွက်ပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်မှ မှာကြားသည်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

နေပြည်တော် သမ္မတ အိမ်တော်တွင် ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု

ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ
နှစ်လပြည့် သည့်နေ့ ပထမဆုံးစည်းဝေးမှုတွင် တိုင်းရင်းသားများ အခွင့်အရေး အတွက် ဥပဒေ တရပ် ပြဋ္ဌာန်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားသည်။

"တိုင်းရင်းသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဥပဒေတရပ်ပြဋ္ဌာန်းထားသော တန်းတူရည်တူ အခွင့်အရေးများနဲ့ အခြား

သော တိုင်းရင်းသားများ အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေ ပြဋ္ဌာန်းပေးမယ်ဆိုရင် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။" ဟု သမ္မတက ပြောသွား သည်။

သမ္မတက "ပြည်ထောင်စု မြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြသည့်အတွက် တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ အခွင့်အရေးရသင့်သူများ ဖြစ်ကြပါတယ်။ တိုင်းရင်းသားတို့ရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ ပြည်ထောင်စု အတွင်း တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ ညီမျှစွာ အခွင့်အရေး ရရှိရေးပင်

ဖြစ်ပါတယ်။" ဟုလည်း ပြောသွားသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၅ တွင်ပါရှိသည့် "နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။" ဟူသည့် အပိုဒ်ကို ကိုးကားထည့်သွင်း ပြောကြားသွားသည်။


ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မထိခိုက်အောင် လွှတ်တော်မှ ဥပဒေများ ပြဋ္ဌာန်းပေးပါက တိုင်းရင်းသား တို့၏ လိုအင်ဆန္ဒ ပြည့်ဝမည်ဖြစ်ပြီး အမျိုးသား ပြန်လည်ပေါင်းစည်းညီညွတ်ရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ

ပြေလည်သွားနိုင်သည်ဟုလည်း ပြောသွားသည်။

စစ်အစိုးရထံမှ ၂၀၁၁ ခုနှစ် မတ်လအတွင် အာဏာလွှဲပြောင်းရယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က

ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ "စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ် တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲကို လိုလားနေခြင်းဖြစ်ပါတယ်။ " ဟုလည်း သမ္မတက ဖြည့်စွက်ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မေလ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီတွင် ဒုသမ္မတ ရာထူးမှ အနားယူသွားပြီ ဖြစ်သည့် သူရသီဟ ဦးတင်အောင်မြင့်ဦး၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုတိယ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးလှမင်း၊ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။


မျိုးသန့် - ရန်ကုန် (မဇ္ဈိမ)



ဘကြီးသက်
Unknown at 8:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပြစ်မကျူးလွန်ဘဲ ၂၃ နှစ် ထောင်ကျခဲ့တဲ့ ကိုသန်းဇော် (ရုပ်/သံ)


than zaw

သန်လျင် ရေနံချက်စက်ရုံ ဗုံးခွဲမှု ကျူးလွန်ပါတယ်လို့ စစ်ထောက်လှမ်းရေးက အတင်းအကျပ် ဝန်ခံခိုင်းတဲ့ အတွက် တကယ်ပြစ်မှု မကျူးလွန်ဘဲ အကျဉ်းထောင်ထဲမှာ လူငယ်ဘဝကုန်ဆုံးခဲ့ရသူ …


ဘကြီးသက်
Unknown at 2:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာမင်းသမီး မင်းသားတွေ ဂျက်ကီချန်းနဲ့ တွေ့မယ်


မြန်မာပရိသတ်အများအပြားရဲ့ အသည်းစွဲ ဖြစ်နေတာ ဆယ်စုနှစ် ၃ ခု နီးပါးရှိပြီဖြစ်တဲ့ ကမ္ဘာကျော် ကွန်ဖူးမင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံကို ရောက်ရှိခိုက် ရုပ်ရှင်အစည်းအရုံးအဖွဲ့သားများက သွားတွေ့ဖို့ ပြင်နေကြပါတယ်။

“မိတ်ဆုံစားပွဲတခုလို တွေ့ဆုံဖို့ပါပဲ။ လုပ်ငန်းကိစ္စတွေ ဆွေးနွေးဖို့ တိုင်ပင်ဖို့ ရည်ရွယ်ချက်တွေတော့ မပါပါဘူး။ ကျနော်တို့ အစည်းရုံးကတော့ မင်းသား၊ မင်းသမီး ၁၀ ယောက်လောက် သွားတွေ့ဖို့တော့ စီစဉ်ထားပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ လူမင်းက ဧရာဝတီကို ပြောပါတယ်။

ကွန်ဖူးမင်းသားက ရုပ်ရှင်ကိစ္စအတွက် လာရောက်တာ မဟုတ်ပေမယ့် သူ့ဆီက အကူအညီ၊ အကြံဉာဏ်၊ အဆက်အသွယ်များလည်း ရကောင်းရနိုင်ကြောင်း၊ အခုလို ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ရောက်လာတာဟာ နိုင်ငံတကာကို မထိုးဖောက်နိုင်သေးတဲ့ ရုပ်ရှင်လောကအတွက် အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန်တဦးဖြစ်သူ ဂျက်ကီချန်းရဲ့ ၃ ရက်ကြာ ခရီးစဉ်ဟာ ကလေးများ ကုန်ကူးခံရမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုပ်ငန်းတွေကို ကူညီဖို့ပါ တဲ့။


http://burma.irrawaddy.org/

ဘကြီးသက်
Unknown at 2:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံရေကာတာပြန်စနိုင်ရန် တရုတ် အစိုးရကုမ္ပဏီမှ ဒေသခံများကိုစည်းရုံးနေ

 
              CPI ဥက္ကဌ Mr. Lu Qizhou
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဆိုင်းငံ့ထားသော ကချင်ပြည်နယ် မြစ်ကြီးနား ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့်ရေကာတာစီမံကိန်းအား ပြန်လည် တည်ဆောက်နိုင်ရန် တရုတ်အစိုးရ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)ကုမ္မဏီမှ တာဝန်ရှိသူများသည် စီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရသော အောင်မြင်သာ စံပြကျေးရွာ ဒေသခံများအား စည်းရုံးမှုပြုလုပ်နေကြောင်းသိရသည်။

မြစ်ဆုံရေကာတာတည်ဆောက်ရန် ကြိုးပမ်းနေသည့် တရုတ်အစိုးရ CPI (China Power Investment) ကုမ္ပဏီမှ တာဝန်ရှိသူ ၁၀ ဦးကျော်သည် မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ဒေသခံများနေအိမ်သို့ ၀င်ရောက်ကာ ဇူလိုင် ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ၃ ရက်ကြာ စည်းရုံးခဲ့ကြောင်း ဒေသခံများပြောသည်။

အောင်မြင်သာစံပြကျေးရွာရှိ နေအိမ်များသို့ တစ်အိမ်တက် တစ်အိမ်ဆင်း ဒေသခံများ၏ အသေးစိတ် လိုအပ်ချက်မှအစ မေးမြန်း၍ စည်းရုံးပြောဆို သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောသည်။

“မင်းတို့တွေ ဒီရေအားလျှပ်စစ် စီမံကိန်းလုပ်တာကို သဘောမတူဘူးလား။ မင်းတို့သဘော တူရင် မင်းတို့ကို လိုလေသေးမရှိအောင် ကူညီပေးမယ်။ မင်းတို့ဘယ်လိုသဘောရလဲ ဒီစီမံကိန်း ပြီးသွားရင် မင်းတို့ဘာမှ ပူစရာမလိုတော့ဘူး။ အခုက ငါတို့အားလုံး ကြိုးအားပြီး တောင်တက်နေတာ။ တောင်ထိပ်ရောက်သွားမယ်ဆိုရင် ငါတို့အားလုံးပျော်ပြီ။ လူဆိုတာ ဒုက္ခရောက်တာကို ကျော်လွှားနိုင်ပြီးမှ ပျော်ရွှင်မှုကို ရတာလို့ပြောတယ်” ဟု CPI ကုမ္မဏီမှ တာဝန်ရှိသူများပြောဆိုခဲ့ကြောင်းပြောသည်။

ထို့ပြင် အောင်မြင်သာစံပြကျေးရွာတွင် ဆောက်လုပ်ထားပေးသော ဒေသခံများ၏ နေအိမ်သစ်များကိုလည်း ခိုင်ခံ့မှုရှိမရှိ အခြေနေများမေးမြန်းခဲ့ရာ ဒေသခံများသည် မြစ်ဆုံစီမံကိန်း ရပ်နားပြီးနောက် မိမိနေရပ်သို့သာ ပြန်၍ လုပ်ကိုင်စားသောက်လိုကြောင်း ၄င်းတို့ပြောင်းရွှေ့ထားပေးသော နေရာတွင် အသက်မွေးဝမ်းကျောင်းရန် အခက်ခဲကြုံနေရကြောင်း ငြင်းဆိုခဲ့သည်ဟု ဒေသခံဆက်ပြောသည်။

 “ကျွန်တော်တို့ကတော့ ဘယ်လိုမှသဘောမတူနိုင်ဘူး။ အရင်က တန်ဖရဲကျေးရွာ (Tang Hpre mare) မှာနေခဲ့တဲ့ချိန် ကလေး ၁၀ ယောက် ဆိုလည်းကျွေးနိုင်တယ်။ အခုဒီမှာကတော့ ဘာမှလုပ်စားလို့မရတဲ့အတွက် ကလေး ၁ ယောက်တောင် ကျွေးမွေးဖို့အရမ်းခက်နေတယ်။ ကျွန်တော်တို့ကိုဆောက်ထားပေးတဲ့အိမ်တွေကလည်း အပြင်ကကြည့်မှပဲ လှတယ်။ အထဲမှာဆို ဘာမှရစရာမရှိဘူး။ နေလို့လည်းမရဘူး။ ခိုင်လည်းမခိုင်ဘူး။ မင်းတို့တစ်သက်လုံး အရမ်းပျော်အောင်ထားမယ် လိုလေသေးမရှိ ကူညီမယ်ဆိုရင်တောင် ကျွန်တော်တို့ စဉ်းစားကြည့်အုံးမယ်လို့ ပြောလိုက်တယ်။ ကျွန်တော်တို့က မင်းတို့တရုတ်တွေလို ကလေး ၁ ယောက်ထဲရတာမဟုတ်ဘူး။ ကလေးတွေအများကြီးရှိတယ်။ လိုချင်သလောက် တစ်အိမ်ထောင် ၁၀ ယောက်လဲရှိတယ်။ သူတို့တွေကို ကြည့်ဖို့အတွက် ဒီမှာနေပြီးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့” အောင်မြင်သာဒေသခံတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောခဲ့ခြင်းဖြစ်သည်။

မြစ်ဆုံစီမံကိန်းအား သမ္မတမှရပ်ဆိုင်းထားသည်ဟုဆိုသော်လည်း ဆက်လက်တည်ဆောက်ရန် တရုတ်အစိုးရဖက်မှ ကြိုးပမ်းနေဆဲဖြစ်ပြီး အခြေအနေတခုကြောင့်သာ ပြန်မစနိုင်သေးခြင်းဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG မှ ပြောရေးဆိုခွင့်ရှိသူ မအားနန်ပြောသည်။

“မြစ်ဆုံဆည်စီမံကိန်း ပြန်လည်တည်ဆောက်ဖို့က တရုတ်ကုမ္ပဏီဘက်မှာလည်း ဆည်စီမံကိန်းကိုရပ်တန့်ပြီ။ မလုပ်တော့ဘူးဆိုတာ မရှိဘူး။ ခုလောလောဆယ်က စစ်ဖြစ်နေသောကြောင့် ရပ်ဆိုင်းနေတာ ဖြစ်တယ်။ ကျမတို့ဘက်ကတော့ ဒီဆည်စီမံကိန်းကို ပြန်လုပ်လာမယ်လို့မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဘက်မှာလည်း ရပ်တန့်ပြီဆိုတဲ့ တရားဝင်စာထုတ် ထားတာမရှိဘူး။ အဲ့ဒီနေရာမှာလည်း အရင်ကလို စက်ကြီးနဲ့ အလုပ်သမားများရှိနေတာကြောင့် ပြန်လုပ်လာမယ်လို့ မျှော်လင့်တယ်” ဟုပြောသည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းကိစ္စနှင့်ပတ်သက်၍ တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌ Mr. Lu Qizhou အား တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက မေးမြန်းခဲ့ရာတွင် လည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟုပြောခြင်းသည် တည်ဆောက်မှုများရပ်ဆိုင်းသည်ဟုဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

ထိုကြောင့် သမ္မတမှ ရပ်ဆိုင်းထားသော်လည်း တရုတ်အစိုးရ၏ စီမံကိန်း ပြန်လည်တည်ဆောက်ရန် ပြင်ဆင်ကြိုးပမ်းမှုများကြောင့် ဒေသခံများသည် စီးပွားရေး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးအန္တရာယ်များ ဆက်လက်ရင်ဆိုင်ရမည်ကို စိုးရိမ်ပူပန်နေကြသည်။
 
ဘကြီးသက်
Unknown at 1:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို လိုက်နာ မှုမရှိသူများအား ယမန်နေ့ ညနေက လိုက်လံ ဖမ်းဆီးကာ စစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို လိုက်နာ မှုမရှိသူများအား ယမန်နေ့ ညနေက လိုက်လံ ဖမ်းဆီးကာ စစ်ဆေးမူများ  ရှိခဲ့သည်ဟု သိရသည်။

လုံခြုံရေးကို တိုးမြှင့်ချထားပြီးနောက် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မြို့သူကြီး ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောသည်။
“ မနေ့က ရခိုင်တွေကို ဖမ်းတယ်ဆိုတာက စည်းကမ်း မလိုက်နာတဲ့ အတွက် ဖြစ်ပါတယ်။ ဆိုင်ကယ်တွေနဲ့ ညဥ့် အချိန် မတော် ထွက်နေကြတယ်။ သတ်မှတ်ထားတဲ့ အချိန် မထွက်ပါနဲ့လို့ အာဏာပိုင်တွေက ပြောထားတာကို မလိုက်နာတဲ့ ထွက်တဲ့ အတွက် ဖမ်းဆီး စစ်ဆေး ခံရတာ ဖြစ်ပါတယ်။ တချို့လည်း အဖမ်းခံရတယ်လို့ ကြားပါတယ်။”
ယမန်နေ့ညဥ့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ဖြင့် သွားလာနေသူတ ချို့ကို မြို့သူကြီးရပ်ကွက် မောင်ရွှေလုံးလမ်းထိပ်တွင် ဖမ်းဆီး စစ်ဆေးမှုများရှိခဲ့သည်ဟု အဆိုပါ ရပ်ကွက်မှ မျက်မြင် ဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့ ည ၈ နာရီ ၉ နာရီအထိ ဆိုင်ကယ်တွေနဲ့ သွားလာ နေတဲ့သူတွေကို ဖမ်းပြီး စစ်ဆေးတာတွေ တွေ့လိုက်ပါတယ်။ သူတို့ကိုလည်း ပြန်လွှတ် ပေးလိုက်တယ်လို့ထင်ပါတယ်။ ပြန်သွားကြ တာ တွေ့လိုက်တယ်” ဟု ဆိုသည်။
အလားတူ စစ်တွေမြို့ ဆေးရုံကြီး အနီးတ၀ိုက်တွင်လည်း ညနေပိုင်း ဆေးရုံလာသူများကို ဖမ်းဆီးမူများ ရှိခဲ့သည်ဟု သိရသည်။
“ ဆေးရုံကို လာကြတာကတော့ လူနာတွေ ကြောင့်ပါ။ မနေ့ ညနေက အဖမ်းအဆီး တချို့ ရှိတဲ့ အတွက် လူတွေက ဆေးရုံကို မလာနိုင်တော့ လူနာတွေ အထူး ဒုက္ခရောက်ခဲ့ကြတယ်လို့ ကြားပါတယ်။ ဒါကြောင့် မသွားမဖြစ် သွားရမယ့် လူတွေအတွက် ပုဒ်မ ၁၄၄ ကြောင့် အခက်အခဲတွေတော့ ရှိနေပါတယ်” ဟု ပြောသည်။
သို့သော်လည်း ကျန်းမာရေးကိစ္စအပါအ၀င် တခြားအရေးပေါ်ကိစ္စများပေါ်ပေါက်လျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံ ပို့ဆောင် ပေးနေသဖြင့် ဆက်သွယ် ဆောင်ရွက်ပြီး သွားလာကြရန် အာဏာပိုင်များက ပြောဆိုထားသည်ဟု ဆိုသည်။
ယခုအခါ စစ်တွေမြို့ အခြေအနေမှာ တည်ငြိမ်နေပြီဟု ပြောဆိုနိုင်သော်လည်း စိတ်ချရသည့်အနေ အထားမ ဟုတ်သေးကြောင်း အစိုးရ၀န်ထမ်းတဦးက ယခုကဲ့သို့ ပြောသည်။
“ ဇူလိုင်လ ၁ ရက်နေ့  ၀န်ထမ်းအိမ်ရာမှာ အိမ်တဆောင် မီးရှို့ခံရတယ်။ နောက်တနေ့ ဘုမေရွာမှာ တစ် ဆောင် လောင်တယ်။ အဲဒီလို တစ်နေ့တစ်ဆောင်လို ဟိုနားကလောင် ဒီနားက လောင် ဖြစ်နေတဲ့ အတွက် အသွားအလာတွေကို ဆင်ခြင်ဖို့ လိုပါတယ်။ လုံခြုံရေးကလည်း အခု တိုးမြှင့်ထားပြီး အသေအချာ ကြတ်မတ်နေတာကို တွေ့နေပါတယ်” ဟု သူက ဆိုသည်။
စစ်တွေမြို့ဈေးကြီးကို ယနေ့စတင်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့ နံနက်ပိုင်းထိ ဈေးကြီးမဖွင့်သေးကြောင်းနှင့် ဟင်းသီးဟင်းရွက် နှင့် အသား၊ ငါးများရောင်းသည့် ဈေးဆိုင်များကိုသာ ဖွင့်လှစ်ထားသည်ကို တွေ့ခဲ့ရကြောင်း မြို့သူကြီးရပ်ကွက်မှ အမျိုးသမီးက ပြောသည်။

ဘကြီးသက်
Unknown at 1:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စာပေစိစစ်ရေး မဖျက်သိမ်းသေး


စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေ (ဓာတ်ပုံ – ဧရာဝတီ)
စာပေစိစစ်ရေးကို ဇွန်လကုန်တွင် ဖျက်သိမ်းမည်ဟု ဆိုသော်လည်း လက်တွေ့ ဖျက်သိမ်းမှု မရှိသေးကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။
နိုင်ငံရေး၊ ဘာသာရေးနှင့် သတင်း အမျိုးအစား များပါဝင်သည့် စာပေ အမျိုးအစားများကို ဇွန်လကုန် မှ စတင်၍ စိစစ်ရေး တင်ရန် မလိုတော့ကြောင်း စာပေစိစစ်နှင့်ညွန်ကြားမှု ဦးစီးဌာန က ဆိုထားသည့်တိုင် ယခင်အတိုင်းသာ ဆက်လက် လုပ် ဆောင်နေရကြောင်းလည်း ပြောဆိုကြသည်။
စာပေစိစစ်ရေး ဖယ်ရှားမှု မရှိခြင်းသည် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့်လည်းဖြစ်နိုင်သကဲ့သို့  သက်ဆိုင် ရာ တာဝန်ရှိသူများ ၏ ညွန်ကြားမှု မရှိသေးသည့် အတွက်လည်း ဖြစ်နိုင်ကြောင်း မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်း အယ်ဒီတာ ဦးသီဟစော က ပြောသည်။
“ဇူလိုင်ကစပြီး စိစစ်ရေး မရှိတော့ဘူးပြောပေမယ့် နီးလာတော့ ဘာမှကိုမပြောတော့တာ၊ အရင်လိုပဲ တင်နေရတယ်၊ စိစစ် ရေး တင်ရတော့ စိစစ်တာ၊ သူတို့မကြိုက်ရင် ဖြုတ်တာတွေ ရှိတုန်းပေါ့၊ လွတ်လပ်ခွင့်ပေးတယ်ဆိုရင် အရင်တုန်းက ရေးလို့ မရခဲ့ တာတွေ ရေးလို့ရမှ လွတ်လပ်တယ်ပြောရမှာပါ”ဟု ၎င်း က ဆိုသည်။
ရခိုင်ဒေသအကြမ်းဖက်မှုများနှင့်ပတ်သက်၍ ရေးသားထားသည့် သတင်းများ၊ ဆောင်းပါးများ အနက် အများစုကို စာပေစိ စစ်ရေးမှ ဖြတ်တောက်နေသည့် အပြင် သတိပေးမှု တချို့လည်းရှိကြောင်း သိရသည်။ ရခိုင်ဒေသတွင်း ပဋိပက္ခနှင့်ပတ်သက် သည့် သတင်းဓာတ်ပုံ တချို့ ရေးသား ဖော်ပြခဲ့မှုကြောင့် လျှပ်တစ်ပြက် ဂျာနယ်အား တရားစွဲဆိုမှု ဖြစ်ပေါ်ခဲ့သေးသည်။
စာပေလွတ်လပ်ခွင့်နှင့်ပတ်သက်၍ လက်ရှိဖြစ်ပွားနေသည့် အခြေအနေများ၊ ပြဿနာတချို့အား ကြားဝင်ဖြေရှင်းပေးနိုင်မည့် ယာယီစာနယ်ဇင်း ကောင်စီတခု ဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း အကြောင်း မပြန်သေးဟု ရန်ကုန်မီဒီယာ ဂရု(ပ်)၏ အမှုဆောင်အရာရှိချုပ် ကိုကို (စက်မှုတက္ကသိုလ်) က ပြောသည်။
“သတင်းသမားတွေ ဘက်ကလည်းပဲ ညီညွတ်ဖို့၊ ကျင့်ဝတ်စောင့်ထိန်းဖို့၊ ကိုယ့်စည်းလုံအောင် ထိန်းဖို့ လိုအပ်သလို ဒီ အခွင့် အရေးတွေ ကို ကာကွယ်ပေးဖို့ အဖွဲ့တွေလည်းပဲ မြန်မြန်ပေါ်စေချင်တယ်”ဟု ၎င်း က ဆိုသည်။
ပြန်ကြားရေး ၀န်ကြီးဌာနက ဦးစီးသော မြန်မာနိုင်ငံ အမျိုးသားစာနယ်ဇင်းကောင်စီ တခုတည်ထောင်ဖွဲ့စည်းရန် ကြိုးပမ်းနေကြ သော်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်မှု မရှိသေးပေ။ ထိုကောင်စီ၌ သတင်း မီဒီယာအဖွဲ့အစည်းများအား ပါဝင်ရန် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက ကမ်းလှမ်းထားသေးသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၌ မည်သည့် ပုဂ္ဂိုလ်များပါဝင်မည် ဆိုသည်ကို မသိရကြောင်း၊ မည်သည့် ပုဂ္ဂိုလ်များပါဝင် သည် ဖြစ်စေ မီဒီယာသမားများ ၏ အခွင့်အရေးများအား ကာကွယ်ပေးခြင်း၊ သတင်းလွတ်လပ်ခွင့် မြှင့်တင်ပေးခြင်း စသည် တို့ကို ဆောင်ရွက်ပေးစေလိုကြောင်း ကိုကို (စက်မှုတက္ကသိုလ်) က ဆက်ပြောသည်။
၎င်းက“ဒီကိစ္စက မီဒီယာဥပဒေ ထွက်ပေါ်လာမှပဲ ဖြစ်မှာဆိုတော့ ဒီကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကြားဝင်ဖြန် ဖြေ ပေးဖို့ အဖွဲကြီး တခုလိုအပ်ပါတယ်၊ ဘယ်တော့ဖွဲ့ မလဲဆိုတာတော့ ပြန်ကြားရေးဌာနကို တင်ပြထားတုန်းပါ”ဟု ဆိုသည်။
မြန်မာ စာနယ်ဇင်း သမဂ္ဂ(MJU) နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်(MJN) အဖွဲ့ များ ကမူ ထိုကောင်စီ၌ ပါဝင်ရေး၊ မပါဝင်ရေး ကိစ္စတို့အား မသိသေးကြောင်း၊ ထိုကောင်စီ မပေါ်မီ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ဖြေရှင်းရန် ယာယီ အဖွဲ့ကြီး တခု ပေါ်ပေါက်ရေး ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
၂၀၁၁ ဇွန်လတွင် ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ အနုပညာ၊ ကလေးစာပေ စုစုပေါင်း စာနယ်ဇင်းအမျိုးအစား ၅ ခုကို ထုတ်တင် စနစ်နှင့် ဒီဇင်ဘာတွင် မှုခင်းနှင့် စီးပွားရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်း ၅၀ ကျော်ကို စာပေစိစစ်ရေးတင်ပြရန် မလိုဘဲ ထုတ်ဝေခွင့် ပြုခဲ့သော်လည်း သတင်းဂျာနယ်များကို ဆင်ဆာ ဖြတ်တောက်ခြင်း၊ စိစစ်ခြင်း၊ လုပ်ဆောင်နေဆဲ ဖြစ်သည်။ မော်ဒန် ဂျာနယ်၊ The Voice ဂျာနယ် တို့ကိုလည်း တရားစွဲဆိုသည့် အမှုများ ဖြစ်ပေါ်ခဲ့သည်။
ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ ရေးသားခြင်းများကို ခွင့်ပြုချက်ဖြင့် ရေးသားရန်နှင့်ခွင့်ပြုချက် မရဘဲ ရေးသားပါက အရေး ယူမည်ဟုလည်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက မီဒီယာများအား ဖိတ်ခေါ်၍ ဇွန်လ ဒုတိယပတ်တွင် သတိပေးခဲ့သည်။
ဇွန်လကုန်တွင် ဆင်ဆာဖြတ်တောက်မည့် စာပေစိစစ်ရေး မရှိတော့ကြောင်း၊ ပါလီမန် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနေချိန် တွင် ဆင်ဆာဖြတ်တောက်မှုမရှိသင့်တော့ကြောင်း စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဦးတင့်ဆွေ က ပြီးခဲ့သည့် မေလအတွင်း၌ ပြုလုပ်သော စာပေစိစစ်ရေး မူဝါဒများ ဖြေလျှော့ရေး အစည်းဝေးတွင် ပြောဆိုခဲ့သည်။
စိစစ်ရေးဖျက်သိမ်းခြင်း မလုပ်ဆောင်မီ လွတ်လပ်သောစာနယ်ဇင်း ကောင်စီတရပ် ပေါ်ပေါက်ရေးအတွက် မြန်မာ ဂျာနယ်လစ် အဖွဲ့များကို ကောင်စီနှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များအား လွတ်လပ်စွာ ရေးဆွဲခွင့် ပြုထားပြီး ဖြစ်ကြောင်း၊ သို့သော် တာဝန်ရှိသူများအနေဖြင့် လက်တွေ့တွင် ပါဝင်ပူးပေါင်းမှု အားနည်းကြောင်း သတင်းထောက် တချို့က ပြောဆိုကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေခံ၍ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲထားသည့် မီဒီယာ ဥပဒေသစ် မူကြမ်း အား လွှတ်တော် ၌ တင်သွင်း၍ ဆွေးနွေးကြမည်ဟု သိရသော်လည်း မည်သည့်အချိန်၌ အတည်ပြု ပြဌာန်းနိုင်မည် ဆိုသည်ကို မသိသေးပေ။
လက်ရှိကျင့်သုံးနေသော စိစစ်ရေး ဥပဒေသည် ၁၉၆၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။
မြန်မာပြည်တွင်း၌ ဂျာနယ် ၁၇၀ ကျော်နှင့် မဂ္ဂဇင်း ၁၈၀ ကျော် ပုံနှိပ်ထုတ်ဝေ နေကြောင်း သိရသည်။

ဘကြီးသက်
Unknown at 1:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ


(အက်ဖ်-ဒီ-အေ) အမေရိကန် အစားအသောက်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့မှ
(အိတ်ခ်ျ-အိုင်-ဗွီ) ပိုးကို ကုသရန်အတွက် ဆေးသစ် ဖြစ်သော Edurant (ဒူးရင့်) ဆေးကို အသိအမှတ် ပြုပေးလိုက်ပြီဖြစ်သည်။ ယင်းဆေးသည် (နူကလီယိုဆိုက်) မဟုတ်သော (အာရ်-အင်န်-အေ) ကို တည်မီသည့် (ဒီ-အင်န်-အေ) (ပေါ်လီမာရေ့စ်) ဖြစ်သည်။

အဆိုပါဆေးကို (ဂျွန်ဆင်-အင်န်-ဂျွန်ဆင်) ၏ လက်အောက်ခံ (တိုင်ဘိုတက်ခ်-သာရာပြူးတစ်) မှ ဈေးကွက်တွင် ရောင်းချမည် ဖြစ်သည်။ ၄င်းကုမ္ပဏီမှ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးများ ဖြစ်သော Intelence (Etravirine) နှင့် Prezista (Darunavir) တို့ကိုလည်း ရောင်းချနေပေသည်။

“လူနာတွေဟာ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးတွေကို တုံ့ပြန်ပုံရော၊ ဘေးထွက်-ဆိုးကျိုးတွေ ရတာမှာပါ မတူကြဘူး။ (အက်ဖ်-ဒီ-အေ) ကနေ အခုလို ဆေးသစ်ကို အသိအမှတ် ပြုလိုက်တယ်ဆိုတော့ ဆေးကုနေရတဲ့ လူနာတွေအတွက် ရွေးချယ်စရာ လမ်း ပိုရလာတာပေါ့” ဟု (အင်တီ-မိုက်ခရိုဘီရယ်) ထုတ်ကုန်များဆိုင်ရာ (အက်ဖ်-ဒီ-အေ) ရုံး ဒါရိုက်တာ ဒေါက်တာ (အက်ဒွပ်-ကောက်စ်) ကပြောသည်ဟု (အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အသိအမှတ်ပြုချက် အသစ်ကြောင့် (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးစာရင်းထဲတွင် (အင်န်-အင်န်-အာရ်-တီ-အိုင်) အမျိုးအစားသစ် တခု တိုးလာပေသည်။ အလားတူ (ဒူးရင့်) နှင့် (ထရူဗါဒါ) ပေါင်းစပ်ထားသော ဆေးကိုလည်း (အက်ဖ်-ဒီ-အေ) မှ အသိအမှတ် ပြုရန် အလားအလာ တိုးလာသည်။

(အထရီပါ) ဆေးအစား သုံးနိုင်ရန် တွဲဆေးလုံးကို (ဂီးလ်လိဒ်-ဆိုင်းယင့်စ်) မှ ထုတ်လုပ်ရန် ရှိသေးသည်။ ယင်းအတွက် (ဂီးလ်လိဒ်) မှ ၂ဝ၁ဝ နိုင်ဝင်္ဘာကတည်းက အသိအမှတ်ပြုမှုကို လျှောက်ထားခဲ့ရာ သြဂုတ်လတွင် အဆုံးအဖြတ်ရမည်ဟု ခန့်မှန်းထားသည်။

(ဒူးရင့်) ဆေးကို အသိအမှတ်ပြုခဲ့ခြင်းမှာ ဆေးသစ်ကို သတိမမူသည့် (အိတ်ခ်ျ-အိုင်-ဗွီ) လူနာများအား စမ်းသပ်သည့်အခါ (ဆပ်စ်တီဗာ) ဆေးကဲ့သို့ပင် ထိရောက်ကြောင်း တွေ့ရှိရ၍ ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးသည် အမေရိကားတွင် အများဆုံး သုံးနေသော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးမျိုး ဖြစ်သည်။ ထို့ပြင် လောလောဆယ် ကုထုံး လမ်းညွှန်များ အရ ယခင်က (အိတ်ခ်ျ-အိုင်-ဗွီ) ကို မကုသဘူးသေးသူများအတွက် ရွေးချယ်သင့်သော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးလည်း ဖြစ်သည်။ (ဆပ်စ်တီဗာ) သည် အသုံးများသော (အင်တီ-ရီထရို-ဗိုင်းရယ်) ကုထုံးဖြစ်သည့် (အထွီပလာ) ၏ အစိတ်အပိုင်း တခုလည်း ဖြစ်သည်။

၄၈ ပါတ် ကုသပြီးနောက် (ဒူးရင့်) ဆေး သုတေသနပြုချက်တွင် ပါဝင်သည့်လူနာ ၈၃% သည် (ဗိုင်းရပ်စ်) ဖိနှိမ်မှု တနည်းအားဖြင့် သွေးထဲတွင် (အိတ်ခ်ျ-အိုင်-ဗွီ) ပိုး ရှာမတွေ့လောက်အောင် နည်းစေမှုကို ရလာစေသည်။ (ဆပ်စ်တီဗာ) ဆေးပေးသူများတွင် ၈ဝ% ထိုသို့ ရစေသည်။

(ဒူးရင့်) ဆေး ၂၅ မီလီဂရမ်ကို တနေ့ ၁ ကြိမ် အစာနှင့်တွဲ သောက်ရသည်။ (အက်ဖ်-ဒီ-အေ) မှ အသိအမှတ်ပြုသည်မှာ ယင်းဆေးအား အခြား (အင်တီ-ရီထရို-ဗိုင်းရယ်) ဆေးများနှင့် တွဲဖက်သုံးရန် ဖြစ်သည်။

(အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်ထဲတွင် (ဒူးရင့်) သည် (ဆပ်စ်တီဗာ) ကဲ့သို့သော အားနည်းချက်များ မရှိကြောင်း၊ ဆေးသုတေသန လုပ်စဉ်က (ဒူးရင့်) ဆေးသောက်ရန် ပျက်ကွက်ခဲ့သူများတွင် (ဆပ်စ်တီဗာ) ဆေးမသောက်သူများထက် ဆေးယဉ်ခြင်း အဖြစ်မြန်သည်ကို တွေ့ရှိခဲ့ရသည်။

ထို့ပြင် ဆေးသုတေသန လုပ်စဉ်က (ဗိုင်ရယ်လ်-လုတ်) များသော တနည်းအားဖြင့် သွေးထဲတွင် ဗိုင်းရပ်စ်အရေအတွက် ၁ မီလီလီတာတွင် ကောင်ရေ ၁ သိန်းထက် များသော သူများ၌ (ဗိုင်ရယ်လ်-လုတ်) နည်းသူများလောက် (ဗိုင်းရပ်စ်) ဖိနှိမ်မှု မရသည်ကို တွေ့ရှိရသည်။ (ဗိုင်ရော်လောဂျစ်-ဖေလူယာ) ခေါ် ဗိုင်းရပ်စ်ဆေး ကုမရခြင်းကို ၁၃% တွင် တွေ့ရသည်။ (ဆပ်စ်တီဗာ) ဆေးနည်းက ထိုးသို့ ဖြစ်နိုင်ချေ ၉% ရှိသည်။

(ဒူးရင့်) ဆေး၏ ဘေးထွက်-ဆိုးကျိုးများမှာ (ဆပ်စ်တီဗာ) နှင့် သဘောသဘာဝရော ဖြစ်နိုင်ချေပါ တူညီသည်။ အမျိုးဆုံး ဖြစ်နိုင်သည်မှာ စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် အနီပြင်ထွက်ခြင်းတို့ဖြစ်သည်။ ဘေးထွက်-ဆိုးကျိုးကြောင့် (ဒူးရင့်) ဆေးသုံးသူ ၂% နှင့် (ဆပ်စ်တီဗာ) ဆေးသုံးသူ ၇% တို့က ဆေးရပ်ပြစ်ကြသည်။

(ဒူးရင့်) ဆေးကို ဇွန် ပဌမလဝက်အတွင်း ဆေးဆိုင်များသို့ပို့ရန် မျှော်လင့်ကြောင်း (တီဗိုတက်ခ်) ကိုယ်စားလှယ်တဦးမှ ပြောကြားလိုက်သည်။ ဆေးတန်ဘိုးမှာ ဆေး ၁ လုံးလျင် ၂၁ ဒေါ်လာ၊ တနှစ်စာ ၇၇ဝဝ ဒေါ်လာ ကုန်ကျမည် ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးတန်ဘိုးမှာ တနှစ်စာ ဒေါ်လာ ၇၂ဝဝ ရှိသည်။ အဆိုပါတန်ဘိုးများသည် ပုံမှန် လူကြီးတဦးလျင် တနေ့ ၆ဝဝ မီလီဂရမ်ဖြင့် တွက်ထားခြင်းဖြစ်သည်။

(တီဗိုတက်ခ်) မှ ၄င်း၏ ဝင်ငွေနည်းပါးသူများအား အခမဲ့ဆေးထောက်ပံ့ရေးအစီအစဉ်နှင့် အခြား လူနာအကူအညီ (ပရိုဂရမ်) များသို့ပါ (ဒူးရင့်) ဆေးကို ထည့်သွင်းမည်ဖြစ်သည်။

Dr. တင့်ဆွေ

ရေးသားသူ Ye Latt

ဘကြီးသက်
Unknown at 1:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့သားတစ်ယောက်ရဲ့ အသက်နဲ့ တောသားတစ်ယောက် အသက် တန်ဖိုးချင်းတူတူပါပဲဗျာ


 ဇူလိုင်လ (၁) ရက်နေ့တုန်းက အပြစ်မဲ့ ကချင်ပြည်နယ် ယိခူး ရွာသား (၃)ယောက်ကို အစိုးရစစ်တပ် မတရားဖမ်းဆီးသွားပြီး နှိပ်စက်ထားတာတဲ့ ၊ကြည့်ရတာ ထင်းမီးစနဲ့ ဒါမှမဟုတ် ဆေးပေါ့လိပ်မီးနဲ့ တို့ပြီး နှိပ်စက်ထားတာနေမပေါ့။ ဦးဖငြိမ်း နှင့် ဦးကျောင်ဖားယင် တို့၂ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်လို့ ခုလိုဓါတ်ပုံရိုက် မှတ်တမ်းတင်ထားနိုင်တာ။ ဦးဂလောင်းလ ဆိုတဲ့ တစ်ယောက်ကိုတော့ ပြန်မလွှတ်ပေးသေးဘူး။ သေလားရှင်လားတောင် မသိရဘူး။ ဒီလိုခေတ်ကြီးမှာ ဒီလို့ နှိပ်စက် ညှင်းပမ်းတာတွေ လုပ်လို့ရသေးတယ်တဲ့လားကွာ။ တောက် ....။ ရန်ကုန်မှာသာ ဒါမျိုးဖြစ်လိုက်လို့ကတော့ ဝက်ဝက်ကိုကွဲသွားလိမ့်မယ် ။ (ရန်ကုန်မြို့သားတစ်ယောက်ရဲ့ အသက်နဲ့ တောသားတစ်ယောက် အသက် တန်ဖိုးချင်းတူတူပါပဲဗျာ။ ဒီတိုင်းကြည့်မနေကြပါနဲ့။ ပြည်သူ့ဘက်ကဆိုတဲ့သမ္မတကြီးကို ပြောကြပါဦး ၊ တားကြပါဦး။ ဒီပုံကိုလဲ share ပေးကြပါဦး။)
ဘကြီးသက်
Unknown at 1:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.