Monday, June 25, 2012

ဦးအောင်သောင်း လွှတ်တော်ထဲက ထွက်မှာလား





စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နုတ်ထွက်လွှာ တင်သွင်းတော့မယ် ဆိုတဲ့ သတင်းက ရန်ကုန်မြို့ရှိ နိုင်ငံရေးလေ့လာသူတချို့အကြား ပျံနှံ့နေပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်တချို့ အဆိုအရကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ ပြုလုပ်မယ့် လွှတ်တော်မှာ နုတ်ထွက်လွှာ တင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါဘူး။

ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းဟာ ကြံခိုင်ရေးပါတီမှာ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီမှာလည်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်။

သိပ်မကြာသေးခင်အထိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ရာမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပေမယ့်၊ အောင်မြင်မှု မရရှိခဲ့တဲ့နောက်ပိုင်း ကျန်းမာရေး အကြောင်းပြချက်နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကနေ နုတ်ထွက်ခဲ့တယ်လို့ AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

မကြာသေးမီက ပေါက်ကြားခဲ့တဲ့ အမေရိကန်သံတမန် လျှို့ဝှက်ကြေးနန်းများမှာတော့ ဦးအောင်သောင်း သားနှစ်ဦးဖြစ်တဲ့ ကိုပြည်အောင်၊ ကိုနေအောင် နှစ်ဦးစလုံး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ အလွန်နီးစပ်ပြီး မိသားစုသဖွယ် သဘောထား ကြောင်း၊ ဒီအခြေအနေကို အသုံးချပြီး အလွန် ချမ်းသာ သွားကြကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦးရဲ့ ပြောဆိုချက်ကို ရေးသားထားပါတယ်။

ဒီလဆန်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရ အကျပ်အတည်း တွေ့စေဖို့ လုပ်ကိုင်သူတွေ ရှိတယ်၊ အဲဒီလို နောက်ကွယ်ကနေ လုပ်ကိုင်သူတွေထဲမှာ ဦးအောင်သောင်း ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုချက်တချို့လည်း ထွက်ပေါ်နေပါတယ်။

လတ်တလော ပြောဆိုနေကြတဲ့ ဦးအောင်သောင်း ပတ်သက်တဲ့ သတင်းတွေကို ကြံခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ငြင်းဆိုပါတယ်။

“အဲဒီသတင်းတွေ မဟုတ်ပါဘူး၊ အမြဲတမ်းလည်း အဆက်အသွယ် ရှိပါတယ်၊ ပါတီတာဝန်တွေကိုလည်း အခု အချိန် အထိ ထမ်း ဆောင်ဆဲပါလို့” ဆိုပါတယ်။

Sithu Linn
Irrawaddy Blog
Friday, June 22, 2012

http://blog.irrawaddy.org/2012/06/blog-post_2473.html
ဘကြီးသက်
Unknown at 7:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ကြီးနားမြို့ ရေကြီး စိုးရိမ်ရေမှတ်အထက်ေ၇ာက်နေ

ကချင် ပြည်နယ်မြို့တော် ၊မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေကြီးမှူကြောင့်
မြစ်ကြီးနားမြို့ စီတာပူမနော်ကွင်း (၂၅.၆.၂၀၁၂)ရက်နေ့ နံနက် (၁၁း၃၀)
အချိန် မြင်ရပုံ။
ဇွန် ၂၅

မြစ်ကြီးနားမြို့ မြစ်ရေကြီးမူ ဖြစ်ပွားနေပြီး စိုးရိမ်ရေ အမှတ် 1200cm တွင်ရှိရာ ယခု 1300cm သို့ရောက်ရှိ့နေပြီဖြစ်ကြောင်း မြို့အတွင်း သတိပေးကြေညာနေပါသည်။

ဧရာဝတီမြစ်ရေသည် ယနေ့ ဇွန် ၂၅ ရက်တွင် မြင့်တက်လာသောကြောင့် ကချင်ပြည်နယ်မြို့သစ်ကြီးရပ်ကွက်မှ အိမ်ထောင်စု ၂၀ ခန့် (လူဦးရေ ၁၀၀ ခန့်) ကို အောင်စေရန်အောင်ဘုရားသို့ ယာယီပြောင်းရွေ့ပေးထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ၇နှစ် တခါ မြစ်ရေလျံမူဖြစ်ပွားရာ ၂၀၀၃ နှစ်အတွင် နောက်ဆုံး ဖြစ်ပွားခဲ့သည်။


ဘကြီးသက်
Unknown at 4:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုသူရ(ခ)ဇာဂနာ၊ဗစ်ကီိဘိုးမန်း၏ယောက်ျားပန်းချီထိန်လင်း၊ဦးဝင်းနိုင်(အန်လယ်ဒီ-အယ်အေ-ယူကေဥက္ကဌ)၊ကိုအောင်(၈၈)တို့၏ ပူးပေါင်းလုပ်ကြံမှု


 
"ကိုသူရ(ခ)ဇာဂနာ၊ ဗစ်ကီိဘိုးမန်း၏ ယောက်ျားပန်းချီထိန်လင်း၊ ဦးဝင်းနိုင်(အန်လယ်ဒီ-အယ်အေ-ယူကေဥက္ကဌ)၊ကိုအောင်(၈၈)တို့၏ ယူကေနိုင်ငံတွင် ထေရဝါဒ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ကြီးများ နှင့် မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများအား အရှက်သိက္ခာကျစေရန် ပိပိရိရိ ပူးပေါင်းလုပ်ကြံမှုကြီး"

၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ယူကေနိုင်ငံတွင် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုကြိုဆိုပွဲကြီးကို ယူကေနိုင်ငံ ဆောက်ဘန့်ခ် စန်တာရှိ ကမ္ဘာကျော် "Royal Festival Hall" ကြီးတွင် ကျင်းပခဲ့ကြပါသည်။ အပေါ်ယံကြောမှကြည့်လျှင် အလွန်အောင်မြင်သော ကြိုဆိုပွဲကြီးအဖြစ် မြင်ရပါလိမ့်မည်။

သို့ပါသော်လည်း အတွင်းကို စိုက်စိုက်ကြည့်လိုက်ပါက ယူကေနိုင်ငံတွင် နေထိုင်လျှက်ရှိပြီး တရားတော်များကို ဟောကြားပေးနေသည့် အပြစ်မဲ့ ထေရဝါဒ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ကြီးများနှင့် ယူကေနိုင်ငံအပါအဝင် နိုင်ငံပေါင်းစုံ၊ ရပ်ဝေးရပ်နီးမှ လာကြသူများအားလုံးကို အရှက်သိက္ခာကျစေရန် အထက်ပါ လေးဦး ဦးဆောင်၍ အကွက်ကျကျ၊ ပိပိရိရိ ပူးပေါင်းကြံစည် လုပ်ကြံမှုကြီး ဖြစ်ကြောင်းကို ထမင်းစား၍ ကြီးသူတိုင်း တွေးတောနားလည် မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည့် ပွဲကြီးတခုဖြစ်ကြောင်းကို သမိုင်းတင်စွာ သိရှိခဲ့လိုက်ကြပါသည်။

ပထမဦးစွာ ကြားသိရသော သတင်းများ၊ ဖေ့ဘုတ်နှင့်တကွ အင်တာနက်လိုင်းများအားလုံးတွင် ကျော်ကြားနေသော သတင်းများအ၇

လက်မှတ်ရောင်းကြမည်ဟုကြေငြာပြီးမှ မရောင်းတော့ပါဖြစ်ခဲ့ကြသည်။ ထို့နောက် တီရှပ်များ၊ ရင်ထိုးတံဆိပ်များ၊ အလံများအပါအဝင် အမျိုးမျိုးသော ရောင်းစရာများကို ရောင်းချ၍ ရန်ပုံငွေရှာမည်၊ ဒေါ်အောင်ဆန်းစုကြည်ကို လှူကြမည်ဟု ပြောဆိုသံများထွက်လာကြပြန်သည်။ ၄င်းနောက် အိုင်ယာလန်နိုင်ငံမှလာမည့် ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်တွင်ကြိုဆိုကြမည်၊ ပါလီမန်ထဲတွင်မြန်မာများ သွားရောက် နားထောင် နိုင်ရန်စီစဉ်လျှောက်ထားပေးမည်ဟု ပန်းပဲတန်းမြို့နယ် အမတ်ဟောင်း ဦးမောင်မောင်အောင်အပါအဝင် အထက်ပါ ဆရာကြီး လေးဦးမှ လူ၅၀ခန့်တက်ရောက်သော အစည်းအဝေးတွင်အတိအလင်း ကြော်ငြာခဲ့သည်ကို မြန်မာပြည်သူပြည်သားများ အဆင့်ဆင့်ကြားသိခဲ့ကြသည်။သက်သေများအပြည့်အစုံရှိကြသည်။
တကယ့်တကယ်မှာတော့ လေဆိပ်သွားကြိုသူများလဲ ညသန်းကောင်အထိအိပ်ရေးပျက်ပြီးမတွေ့ခဲ့ကြရပါ။ ထို့နောက် ၁၉ရက်နေ့၊ ဇွန်လ ၂၀၁၂ တွင် ဗီဒီယို များပေါ်ထွက်လာပြီး အထက်ပါဆရာကြီးများက တိုင်းရင်းသားအစုံအလင်မပါဝင်ပဲ၊ ခရီးပန်းလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို သူမတည်းခိုရာ ဟိုတယ်၌ မနက်အစောကြီး သွားရောက်၍ စိတ်အနှောက်အယှက်ဖြစ်စေမည့် မေးခွန်းများ မေးထားတာကို ၄င်း ဗွီဒီယိုတွင်တွေ့မြငိနိုင်ခဲ့ကြပါသည်။
ထို့နောက် ထိုနေ့မှာပဲ လန်ဒန် စီးပွားရေးတက္ကသိုလ်တွင်လည်း ကိုအောင်(၈၈) ကနောက်ကွယ်မှ နေကာ၊ အမေရိကန်နှင့် ယူကေတွင် ဒီမိုကရေစီတိုက်ပွဲသစ္စာဖောက် နာမည်ဆိုးနှင့် ကျော်ကြားနေသူ၊ ကိုယ့်နာမည်ကျော်ကြားရေးသာ အထူးဆောင်ရွက်နေသူ မောင်ဇာနည်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခပေးသော မေးခွန်းများကိုသာမေးမြန်းခဲ့သည်ကို ဗွီဒီယိုများတွင် ထပ်မံပါရှိလာခဲ့ပါသည်။
ထို့နောက် အောက်စဖို့ ခရီးစဉ်တွင် အထက်ပါဆရာကြီးများပျောက်နေပါသည်။ ၂၁ရက်နေ့ ဇွန်လ ၂၀၁၂ နေ့တွင် ထွက်ပေါ်လာသော သတင်းများ၊ ဗွီဒီယိုများအရ မြန်မာနိုင်ငံ၊ ဒီမိုကရေစီရရှိရေးကို စွမ်းစွမ်းတမံ၊ ကိုယ်အား ဥာဏ်အား၊ လူအား စိတ်အား၊ သားပြစ်သမီးပြစ်၊ အိုးပြစ် အိမ်ပြစ်၊ စေတနာ မေတ္တာအပြည့်အဝနှင့် ပြုလုပ်နေသော မြန်မာနိုင်ငံသားအများစုမှာ ဗြိတိန်နိုင်ငံ၊ ပါလီမန်မှ ကျင်းပပေးသော ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲတွင် မတွေ့ရပါပဲ၊ မိမိအကျိုးအမြတ်နှင့် လူတစု၏ အကျိုးအမြတ်ကိုသာ အထူးအလေးထားလုပ်ဆောင်နေသော အဖွဲ့အစည်း၏ လစာစားဝန်ထမ်းများ နှင့် အထက်ပါဆရာကြီးများထဲမှ အချို့ကို တွေ့ရှိခဲ့ကြရပါသည်။
၂၂ ရက် ဇွန်လ ၂၀၁၂ တွင် မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားအများစုနှင့် ဖိတ်ကြားထားသော ယူကေရှိ သက်ကြီးဝါကြီး ထေရဝါဒ သိက္ခာရ ဆရာတော်ကြီးများ အထူးစောင့်စားနေသော နေ့ထူးနေ့မြတ်ကြီးကို ရောက်လာခဲ့ပါပြီ။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်အား လေးလေးစားစား ကြိုဆို ဂုဏ်ပြုချင်ကြသော၊ တနည်းအားဖြင့် မတွေ့ရတာ အနည်းဆုံး ၂၄နှစ်ကျော် ကြာမြင့်ပြီဖြစ်သော မြန်မာပြည်ချစ်သူ၊ မြန်မာနိုင်ငံသူ ဒေါ်အောင်ဆန်းစုကြည်ကို အားရပါးရ တွေ့ဆုံကြရန် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြသော ပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီနေကြသော မြန်မာနိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားတိုင်းရင်းသူညီအကိုမောင်နှမများ အစုံအညီ သက်သေတည်ပြီး
့သမိုင်းဝင်နေ့တနေ့အဖြစ် ဂုဏ်ယူမှတ်တမ်းတင်ဖွယ်နေ့တနေ့ဖြစ်အောင် ကျင်းပပြု လုပ် ပေးနိုင်ရန် မျှော်လင့်စောင့်စားနေကြသောနေ့တနေ့လည်း ဖြစ်ခဲ့ပါသည်။
လက်မှတ်မရောင်းရတော့သဖြင့် အထွေထွေကုန်ကျစရိတ်များရှိနေပါသည်ဟု တရားဝင် အစည်းအဝေးများတွင် အထက်ပါ ဆရာကြီးများဦးဆောင်၍ ဖွင့်ဟခဲ့ပါသောကြောင့် သဒ္ဒါတရားပြည့်ဝသော မြန်မာပြည်သူပြည်သားအများစုမှ အလှူငွေများကိုလည်း လူအများရှေ့တွင် ထည့်ဝင်ခဲ့ကြသည်ဟု သိရှိခဲ့ကြရပါသည်။ ထို ၂၂ ရက် ဇွန်လ ၂၀၁၂ ခုနှစ်၊ မနက်ပိုင်းတွင် "Royal Festival Hall"  ရှေ့တွင်ကြွရောက်လာကြသော ဗြိတိန်နိုင်ငံသားများ၊ မြန်မာနိုင်ငံသူနိုင်ငံသားများ၊ ဗြိတိန်နိုင်ငံတွင် နေထိုင်သီတင်းသုံး၍  မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသူတိုင်းရင်းသား ညီအကို မောင်နှမများကိုသာမက၊ ဗြိန်တိန်နိုင်ငံသားများအပါအဝင် အခြားသော နိုင်ငံခြားသားများကိုပါ နိဗ္ဗာန်ရောက်ကြောင်းတရားများကို စေတနာရှေ့ထား၍ ဟောကြားပေးနေသော ထေရဝါရ သိက္ခာတော်ရ သက်ကြီးဝါကြီး ဆရာတော်ကြီးများကို၊ ထိုနေ့ ကျင်းပမည့် အခမ်းအနားအစီအစဉ် စာရွက်ကို စံနစ်တကျ ၄င်း ခန်းမမှ ဝန်ထမ်းများက အယောက်ထိုင်းကို ဝေပေးခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်းကြိုတင်၍ အစီအစဉ်ကို ဖတ်ထားပြီးပြီဟုသိရှိခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံရှိ ဆရာတော်ကြီးများကို ရှေ့ဆုံးတန်းတွင် ဂါဝရပြုထားရှိပါရန် မှာကြားပြီးဖြစ်ကြောင်း ကြားသိခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်များအရ မနက်၁၀ နာရီမှ ၁၀နာရီခွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် "Prospect Burma" အဖွဲ့နှင့် ဆွေးနွှေးပွဲ ကျင်းပနေချိန်တွင် အထက်ခေါင်းစဉ်ပါ ဆရာကြီး ဇာဂနာ နှင့် ဆရာကြီး ထိန်လင်းတို့မှ ပရိသာတ်ကို အဖွင့်ကြိုဆိုမည်။ ထို့နောက် ၄င်းတို့စီစဉ်ထားသည့်အတိုင်း ဦးသီရိမောင်မောင် ဆိုင်းအဖွဲ့မှ ဒေါ်မာမာအေးနှင့် ပူးတွဲ၍ ဖျော်ဖြေမည်။ ထို့နောက် လူငယ်လေး ဇာနီကိုကိုမှ မြန်မာအမျိုးသမီးပျိုလေးများနှင့် ကပြမည်။ ထို့နောက်... ထို့နောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ အရ အလွန့်အလွန်အရေးအကြီးဆုံးကဏ္ဍဖြစ်သော၊ ထို့နည်းတူစွာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားတိုင်းရင်းသူ ညီအကိုမောင်နှမများ၊ ဗြိတိန်နိုင်ငံရှိ ထေရဝါရ သိက္ခာရ ဆရာတော်ကြီးများ၊ အထူးယုံကြည် လွှဲအပ်ထားသော အဓိက အရေးအကြီးဆုံးအစီအစဉ်ဖြစ်သည့်၊ မြန်မာနိုင်ငံတော်ကြီးနှင့်တကွ ဒေါ်အောင်ဆန်းစုကြည်အပြင်  မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ တိုင်းရင်းသားညီအကို မောင်နှမများအားလုံး ရင်ဆိုင်နေရသော ဘေးအန္တရယ်အသွယ်သွယ်နှင့် အထွေထွေကျန်းမာရေးများ အထူးကောင်းမွန်ပါစေရန်၊ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေရန် ဗြိတိန်နိုင်ငံရှိ ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရ ဆရာတော်ကြီးများအားလုံး ဆုမွန်ကောင်းတောင်းပေးမည့် မင်္ဂလာဆုတောင်းရွတ်ဆိုပွဲ အစီအစဉ် ဖြစ်ပါသည်။
သို့ပါသော်လည်း ထိုအစီအစဉ်ပြုလုပ်ရမည့် အချိန်တွင် မတ်တပ်ရပ်လိုက်သော မြောင်းမြဆရာတော်ကြီး၊ ဆရာတော်ဦးဥတ္တရကို မျက်လုံးချင်းဆုံ၍ လျှပ်တပျက်စိုက်ကြည့်လိုက်သော အထက်ပါဆရာကြီးနှစ်ဦးလည်းဖြစ်၊ အခမ်းအနားတာဝန်ကိုလည်း ယူထားသူ ဇာဂနာ နှင့် ပန်းချီထိန်လင်းတို့သည် တရားဝင် လက်ကမ်းအစီအစဉ်စာရွက်ဝေထားသော အစီအစဉ်ပါ အရေးအကြီးဆုံး ထိုကဏ္ဍ ကို မျက်နှာပြောင်ပြောင် ကျော်ချသွားခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ဝေထားသော အစီအစဉ်စာရွက် ဖြစ်သည့်အပြင် ဤဗြိတိန်နိုင်ငံတွင် အစီအစဉ် စာရွက်ဝေပေးထားလျှင် ဤအစီအစဉ်အတိုင်းစံနစ်တကျသာ တိတိကျကျအောင်မြင်အောင် ပြုလုပ်လေ့ရှိသဖြင့် ဗြိတိန်နိုင်ငံသားများအပါအဝင် ဖိတ်ကြားထားသော၊ ကြွရောက်လာသော အခြားလာအားပေးသော နိုင်ငံခြားသားများမှာ အံ့သြတကြီးဖြစ်ခဲ့ကြသည်။ အထိကရဖိတ်ကြားထားသော ဆရာတော်ဘုရားကြီးများနှင့် မေတ္တာဆုတောင်းပွဲကို မျှော်လင့်စောင့်စားနေကြသော မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသူတိုင်းရင်းသား ညီအကိုမောင်နှမများမှာ ဆိုဖွယ်ရာစကားမရှိ၊ အလွန်အရှက်ရ သိက္ခာကျပြီး၊ ဆရာတော်ဘုရားကြီးများပြန်ထိုင်ချတာ တွေ့မြင်ခဲ့ကြရပြီး၊ ၄င်း အခမ်းအနားမှူး နှစ်ယောက် နှင့် အထက်ခေါင်းစဉ်ပါ ဆရာကြီး လေးယောက်၏ ပိပိရိရိ သီတင်းပတ်ပေါင်းများစွာ၊ အတူတကွ ပူးပေါင်းကြံစည်ခဲ့ကြသည့် ဆရာတော်ဘုရားကြီးများကိုသာမက၊ ကြွရောက်လာသောမင်းပရိသာတ် ၂၅၀၀၊ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသား ညီအကိုမောင်နှမများ အများစုကို၊ အရှက်မဲ့စွာ နောက်ကျော ဒါး နှင့် နက်နက်ထိုးလိုက်သည့် အဖြစ်ကို မျက်ဝါးထင်ထင်၊ သမိုင်းဝင်၊ သက်သေများစွာနှင့်တကွ တွ့မြင်လိုက်ရသော နေ့တနေ့ ဖြစ်ပါသည်။
၎င်းအပြင် ဆရာကြီးဇာဂနာသည် အခြားသော မျက်လှည့်များကိုလည်း မျက်နှာပြောင်ပြောင် စင်မြင့်ပေါ်မှာ ပရိသာတ်ကို ပြသွားခဲ့ သေးသည်။ ကိုအောင်(၈၈)ကလည်း အလုပ်အထူးကြိုးစားပေးနေသယောင်ယောင်နှင့် ဟိုပြေးဒီပြေးဖြင့် ရံပုံငွေပစ္စည်းများ ရောင်းချ၍ အမြတ်ရရှိရေးကို ၄င်းနှင့်ပါတနာများဖြစ်သောသူများနှင့် ကြိုးစားပန်းစားရောင်းစားရေးကို လုပ်နေသည်ကို မျက်လုံးရှိသူတိုင်း မြင်ခဲ့ကြရသလို၊ ဤဇတ်လမ်းအစအဆုံးမှာ သူကဆရာကြီးတဆူအဖြစ် ပါဝင်ခဲ့သူကို လူတိုင်းသိရှိခဲ့ကြပါသည်။
၎င်းတို့ကတော့ထင်မည်။ သူတို့၏ ပိပိရိရိ လုပ်ကြံမှုကြီး အထူးအောင်မြင်သည်ဟု။
သူတို့မသိလိုက်သည်ကား(သို့) သူတို့ ဂရုလည်းမစိုက်သလို သိလည်းမသိလိုသော အချက်မှာကား ဆရာတော်ဘုရားကြီးများနှင့် အနယ်နယ်အရပ်ရပ်မှ ကြိုးစားပမ်းစား၊ အလုပ်ဖျက်၊ ကျောင်းဖျက် လာရောက်ခဲ့ကြသော၊ ဗြိတိန်နိုင်ငံတွင်အနေကြာပြီဖြစ်သော ဆရာဝန်ကြီးများမိသားစုများ၊ ကျောင်းသားလူငယ်ပညာတတ်များ၊ အခြားသော အထွေထွေ မေတ္တာတရားကြီးမားသူများ အားလုံးနှင့်တကွ အချို့သော ထို ဆရာတော်ကြီးများကို ကိုးကွယ်နေသည့်၊ ထေရဝါရတရားကို ၄င်းဘုန်းကြီးကျောင်းအသီးသီးတွင်း တရားသွားအားထုတ်နေကြသော နိုင်ငံခြားသား ပရိတ်သာတ်များပါ ပါးစပ်မှ ထုတ်မေးသည်အထိ၊ အဘယ့်ကြောင့်တိုင်းသိပြည်သိ ကြော်ငြာထားသော ထိုနေ့၏ အရေးအပါဆုံး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ မင်္ဂလာဆုတောင်းပွဲအစီအစဉ် သိသိသာသာကျော်ချသွားခဲ့ရသနည်းဟု ဖြစ်ခဲ့ကြရပါသည်။

ကဲ ဤလုပ်ကြံမှုကြီးအတွက် မည်သူတာဝန်ခံသနည်း။ ရှေ့ရှောက် ၄င်းတို့နှင့် မည်သူက အလုပ်ဆက်၍ လက်တွဲပြီး လုပ်ချင်ပါဦးမည်နည်း။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့သလို၊ နိုင်ငံကျော် ထေရဝါရ သိက္ခာရ ဆရာတော်ကြီးများကိုလည်းအသုံးချ၍ ပွဲလုပ်ပြီး နောက်ကျော ဓါး နှင့်ထိုးသော သစ္စာမဲ့ပွဲကြီးကို လုပ်နေကြဖြစ်သော ကိုအောင်(၈၈) နှင့် ထိန်လင်း၊ ဦးဝင်းနိုင်ကတော့ ဗြိတိန်တွင်နေထိုင်သူတိုင်းသိပြီးသားမို့ထားပါတော့၊  ဗြိတိန်နိုင်ငံအထိရောက်အောင်လာ၍ ပူးပေါင်း လုပ်ကြံခဲ့သော ဇာဂနာ ၏မျက်နှာကို ပွဲလာသူအများစုမှာ ကြည့်တောင်မကြည့်ချင်တော့ပါဟုတရားဝင်ပြောကြားခဲ့ကြောင်း ဝေမျှလိုက်ရပါသည်။ အသေးစိတ်သိလိုသူများ ထိုနေ့ပွဲကို တရားဝင်တက်ရောက်ခဲ့သူ ၂၅၀၀ ကိုသာဆက်သွယ်ကြည့်ကြပါတော့ဟု ပြောပါရစေတော့။



ဘကြီးသက်
Unknown at 3:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အချိုမှုန့် စားသုံးခြင်း၏ ဆိုးကျိုးများ



မြန်မာလူမျိုးတွေဟာ ၁၉၇၃ ခုနှစ်လောက်ကထိ အချိုမှုန့် လုံးဝ မသုံးခဲ့ဘူး။ အချိုမှုန့်အစား ပုဇွန်ခြောက်တို့၊ ငပိတို့၊ ကြက်သွန်နီတို့ကိုသာ သုံးခဲ့ကြပါတယ်။ အဲဒီလို အသုံးပြုခဲ့တုန်းက ကင်ဆာ၊ ဆီးချို၊ သွေးချို၊ အရိုးပွ၊ သွေးတိုးတို့လို ရောဂါမျိုးဖြစ်တဲ့သူ အရမ်းနည်းပါတယ်။ နောက်ပြီး မှတ်ဉာဏ်နဲ့ပတ်သက်ပြီးလည်း ကွာသွားတယ်။ အရင်က လူကြီးတွေက မှတ်ဉာဏ် ကောင်းကြတယ်။ အခုခေတ် လူငယ်တွေ တော်တော်များများက သတိမေ့တတ်ကြတယ်။ ဒီလိုတွေ ဖြစ်နေတာရဲ့အဓိက တရားခံက တနေ့ စဉ်စားသုံးနေတဲ့ အစားအစာတွေမှာပါတဲ့ Chemical ပစ္စည်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီ Chemical တွေကို လူတွေရဲ့ အစားအစာ တွေထဲမှာ ထည့်လိုက်ရင် အစားအသောက်တွေရဲ့ အရသာဟာ ပိုပြီး အရသာကောင်းလာတာ တွေ့ရတယ်။ နောက်တော့ အဲဒီ အရသာကို စွဲလာတယ်။ အဲဒါမပါရင် အရသာမရှိသလို ဖြစ်လာတယ်။ အဲဒီ ရသာမြင့် Chemical တွေထဲက အချိုမှုန့်နှင့် ပတ်သက်ပြီးInternet ထဲက ကျန်းမာရေး ဝဘ်ဆိုဒ်မှာ အခုလို ဖော်ပြထားပါတယ်။


အချိုမှုန့်ဆိုတာ ဘာလဲ။

ရေရှည်မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Mono Sodium Glutamate (MSG) လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ JhAmino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေအဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါလား။ ပုံမှန် သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝ မဟုတ်ပါ။ နည်းနည်းစားစား၊ များများစားစား ရေရှည်စားခဲ့ရင်တော့ အန္တရာယ် ရှိနိုင်တာပါပဲလို့ ပညာရှင်များက ပြောကြပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP) စနစ်ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။ နိုင်ငံတကာက စူပါမားကတ်ကြီးတွေမှာ အချိုမှုန့်ကို ရှာဖွေလို့ မရပါဘူး။ ဝယ်ချင်လို့ ရှာဖွေခဲ့ရင်လည်း မောရုံပဲ အဖတ်တင်မှာပါ။ အချိုမှုန့်ကို ရေရှည် ပုံမှန်စားသုံးသွားရင် ဘာဆိုးကျိုတွေ ရှိလာနိုင်မလဲ။

(၁) ဆီးချို မဖြစ်အောင်ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူ ပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာ ပါလိမ့်မယ်။

(၃) ဦးနှောက် ဆဲလ်တွေကို မြန်မြန်ပျက်စီး ယိုယွင်းစေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေစပြီး စားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိနိုင်ပါတယ်။

(၄) ဂျာမဏီမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြော်ငြာချက်တွေ၊ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့်စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulinresistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင်မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ Medulla oblongata, thalamus, of hypothalamus ဆိုတဲ့ ဦးနှောက်အစိတ်အပိုင်းတွေ မှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာဖြစ်လို့ ဒီလိုကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာ တွေ့ရှိထားပါတယ်။ (ဒါက အချိုမှုန့် ကပေးတဲ့ အမျိုးသား ကျန်းမရေး၊ လူမှုရေး ဝန်ထုပ်ဝန်ပုံ (National Health/ SociaBurden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုးအကျိုးရစေမယ့် တခြားအရာတွေ ဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။

(၆) မျိုးပွားစွမ်းရည်ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်တယ်။ Chinese Restaurant Syndrome ခေတ်ရုတ် စားတော်ဆက် ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်း မျက်နှာ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်အရမ်းကိုက်ခြင်း၊ ခေါင်းမူးခြင်း မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ်ပါးစပ်ဖွင့်ရတာလေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ခအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်း ကလီစာတစ်ခုခု ရောင်ယမ်းတဲ့ ရောဂါရှိသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူး ရှောင်ကြဉ်သင့်ပါတယ်။

(၈) လူအများစုက အငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲ မှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်းလို့ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန် ဆားက Sodium Chloride၊ အချိုမှုန့်က Mono Sodium Glutamate ဖြစ်လို့ နှစ်ခုလုံးက ဆိုဒီယမ် (Sodium) ဆား ဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စာသုံးရင် သွေးတွင်း ဆိုဒီယမ်မြင်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူး ရှောင်ကြဉ်သင့်ပါတယ်။ အချိုမှုန့် အကြောင်းကတော့ ဒီလောက်ဆို သိလောက်ပါပြီ။ နောက်တစ်ခု ရှိနေပါသေးတယ်။ လူတွေကို နားလှည့် ပါးလှည့်လုပ်ပြီး ရောင်းနေတဲ့ အသားမှုန့်တွေ၊ သူတို့လည်း အထဲမှာ Mono Sodium Glutamate (MSG) ဆိုတဲ့ ဆားဓာတ်က ပါတာပါပဲ။ ဒါကြောင့် အသားမှုန့်တွေကို လျှက်ကြည့်ရင် ငန်တဲ့ အရသာရနေတာ။ နောက်ပြီး အသားမှုန့်တွေရဲ့ ဈေးနှုန်းကလည်း တစ်ထုပ်ကို ၁၀၀ကျပ် (ဆိုင်ပြန်ရောင်းတဲ့ဈေးပါ) တဲ့။ နိုင်ငံခြားကလည်း လာသေးတယ်။ Packing ကလည်း ကောင်းမှကောင်းတဲ့ အထဲမှာ အသားကို ၁၀၀ ဖိုးရအောင် အသားစစ်စစ်ဆိုရင်၊ ဖြစ်နိုင်ပါ့မလား ၁၀၀ ကျပ်နဲ့ရောင်းဖို့။ ဒီအချိုမှုန့်တို့၊ အသားမှုန့်တို့ဆိုတာ ကမ္ဘာမှာ ကျွန်တော်တို့မြန် မာနိုင်ငံလို တတိယ နိုင်ငံငယ်လေး တွေမှာပဲ အသုံးများပြီး နိုင်ငံကြီးတွေမှာ လုံးဝ မသုံးကြပါဘူး။ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေကလည်း အဲဒီပစ္စည်းတွေကို လုံးဝမသုံးကြပါဘူး။ အဲဒီတော့ ကျန်းမာရေးကနေတဆင့် နိုင်ငံကြီးတွေရဲ့ စီးပွားရေးဝင်ငွေ ပိုကောင်းလာတာ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံငယ်လေးတွေ အတွက် နိုင်ငံနဲ့ လူမျိုးရဲ့ စီးပွားရေးကို ထိခိုက်ပြီး လူမျိုးတစ်ခုလုံးရဲ့ ကျန်းမာရေး၊ ဉာဏ်ရည် နိမ့်ပါးခြင်းတို့ဟာလည်း နိုင်ငံတစ်ခုရဲ့ တိုးတက်မှုကိုလည်း အများကြီး ထိခိုက်နိုင်ပါတယ်။ အဲဒီတော့ ကိုယ့်အတွက်၊ ကိုယ့်မိသားစု အတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်နိုင်ငံအတွက် စီးပွားရေးနဲ့ ကျန်းမာရေးကို စဉ်းစားပြီး အချိုမှုန့်နဲ့ အသားမှုန့် အစားထိုး ပစ္စည်းများအား ရှောင်ကြဉ်ပြီး စားသုံးကြပါလို့ တိုက်တွန်းလိုပါတယ်။ သဘာဝ အသားငါများ၊ သစ်သီးသစ်ဥများနဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေကနေ ရရှိတဲ့ သဘာဝ အချိုဓာတ်တွေနဲ့ ရောင့်ရဲ နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

ဘကြီးသက်
Unknown at 10:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အတိုက်အခံလည်း အစိုးရဖြစ်နိုင်တယ်ဆိုတာကို လက်ခံရမယ်


ဇွန်လ ၂၂ ရက်နေ့က လန်ဒန်မြို့ Royal Festival Hall တွင် ပြုလုပ်သည့် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာတိုင်းရင်းသား ကလေးငယ်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

ဒီမိုကရေစီစနစ်ကျင့်သုံးရာမှာ အတိုက်အခံအဖွဲ့အစည်းဟာလည်း အစိုးရဖြစ်နိုင်တယ်ဆိုတာကို လက်ခံဖို့လိုကြောင်း ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရဖို့ဆိုတာဟာ အတိုက်အခံဆိုတာဟာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျမတို့နိုင်ငံက လက်ခံဖို့ လိုတယ်။ အခုအထိတော့ ဒီသဘောတရားကိုတော့ သိပ်နားလည်သေးတယ်လို့တော့ ပြောလို့မရဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ဗြိတိန်ရောက် မြန်မာမိသားစုများနဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အတိုက်အခံဆိုတာ အချိန်မရွေး အစိုးဖြစ်နိုင်တာကို နားလည်လာအောင်လည်း အားလုံးက ကြိုးစားသွားကြရမှာ ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံအပါအ၀င် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ Shadow Government ခေါ် အတိုက်အခံပါတီတွေရဲ့ ရွေးချယ်ခံ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မျိုး ပေါ်ပေါက်လာရေးကိုလည်း ဆက်လက်ကြိုးပမ်းသွားရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

“အန်တီတို့ ပါတီက ၄၄ ယောက်ပဲ ရှိတယ်။ ၄၄ ယောက်ဆိုတာဟာ တကယ်တော့ ၆၀၀ ကျော်ထဲမှာဆိုလို့ရှိရင် သိပ်များတယ်လို့ မဆိုနိုင်ဘူး။ အဲဒီတော့ ဒီ လေးဆယ့်နဲ့လေးယောက်ထဲမှာ၊ အခု ဒီ ဗြိတိန်မှာဆိုလို့ရှိရင် Shadow Government ဆိုတာ အများအားဖြင့် အရွေးချယ်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပေါ့၊ အခု အန်တီတို့ အရွေးချယ်ခံကိုယ်စားလှယ်တွေက အင်မတန်နည်းပါသေးတယ်။ ဒါကတော့ တဆင့်ချင်း လုပ်သွားရမယ့်ကိစ္စပါ” လို့ သူက ရှင်းပြပါတယ်။

ဇွန်လ ၂၂ ရက်နေ့က လန်ဒန်ရှိ နာမည်ကျော် Royal Festival Hall မှာ မြန်မာ မိသားစု စုစုပေါင်း ၂၅၀၀ ကျော်နဲ့ တရင်းတနှီးတွေ့ဆုံခဲ့အပြီး ၁၀ မိနစ်ကြာ သတင်းစာရှင်းလင်းပွဲလုပ်စဉ် အထက်ကအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံပွဲမှာ ခမ်းနားတဲ့ သီရိမောင်မောင် မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ နိုင်ငံတော်သီချင်းသံ သီဆိုသံဟာ လန်ဒန်မှာ ပဲ့တင်ထပ်ခဲ့ပါတယ်။ အဆိုတော်ကြီး ဒေါ်မာမာအေးကလည်း သီချင်းနဲ့ ဖျော်ဖြေတဲ့အပြင် တိုင်းရင်းသား များကလည်း တေးသီးချင်း၊ သရုပ်ဖော်များနဲ့ တင်ဆက်သွားခဲ့ပါတယ်။

ဘယ်လို အကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် ပြည်ပမှာရောက်နေတဲ့ မြန်မာများအနေနဲ့ ရောက်နေတဲ့နိုင်ငံရဲ့ ကျေးဇူးကိုလည်း လေးစားနားလည်ဖို့ လိုသလို မူလဇစ်မြစ် ပေါက်ဖွားခဲ့ရာ မြန်မာနိုင်ငံအတွက်လည်း တတ်စွမ်းတဲ့ဘက်က ၀ိုင်းဝန်းကူညီပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည် က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ တိုက်တွန်းသွားပါတယ်။

“နိုင်ငံခြားမှာ ရောက်နေတဲ့အခါမှာ ကျမ အမြဲပဲ သတိပေးပါတယ်။ ကျမတို့ဟာ အိမ်ရှင်နိုင်ငံကို ကျေးဇူးတရားရှိရမယ်။ အိမ်ရှင်နိုင်ငံရဲ့ ကျေးဇူးတရားကို ကျမတို့ မေ့လို့ မဖြစ်ဘူး။ အိမ်ရှင်နိုင်ငံ စိတ်ချမ်းသာအောင်၊ ကျမတို့ နေတတ်အောင် အိမ်ရှင်နိုင်ငံက ကျမတို့ရဲ့ ပြည်သူပြည်သားတွေကို လေးစားအောင်လို့၊ ခင်မင်အောင်လို့ ကျမတို့ နေတတ်အောင် နေရမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသလို သက်ဆိုင်ရာ နိုင်ငံများတွင် နိုင်ငံသားဖြစ်သွားသူ မြန်မာများနဲ့ ပတ်သက်လို့လည်း အခုလို မေးခွန်းထုတ်သွား ခဲ့ပါသေးတယ်။

“ကိုယ့်ကို မွေးထုတ်လိုက်တဲ့ နိုင်ငံရဲ့ ကျေးဇူးတရားကို မေ့သွားတဲ့ သူများဟာ ကိုယ့်ကို မွေးစားတဲ့ နိုင်ငံအပေါ်မှာရော တကယ် ကျေးဇူးတရား ရှိနိုင်ပါ့မလားဆိုတာ ကျမ အမြဲပဲ ဒီမေးခွန်းကို ထုတ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နှစ်ပေါင်း ၂၀ ကျော် ဒီမိုကရေစီ အရေးခရီးတလျှောက်မှာ တကယ့် မဟာမိတ်စစ်စစ်တွေက တိုင်းရင်းသား မဟာမိတ်ပါတီတွေ ဖြစ်ကြောင်း၊ NLD ပါတီအနေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံမတင်ဘူးဆို၊ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတော့လည်း တိုင်းရင်းသားပါတီများက ကြံ့ကြံ့ခံ အတူရပ်တည်ခဲ့ကြကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတော့လည်း ပါတီမှတ်ပုံတင်ကြမယ်ဆိုတော့ အတူတူ တသားတည်း ရှိကြကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က အသိအမှတ်ပြု ပြောသွားပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သစ္စာအရှိဆုံး၊ အခိုင်မာဆုံး မဟာမိတ်ပါတီတွေဟာ တိုင်းရင်းသား မဟာမိတ်ပါတီတွေပဲ။ ကျမတို့နဲ့ အတူတူ အေးအတူ ပူအမျှဆိုတာ အပြောအရ မဟုတ်ဘူး၊ အလုပ်အရကို ရပ်တည်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုအခြေအနေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံအတွက် အင်မတန်မှ မကြုံဘူးတဲ့ အခွင့်အရေးတွေ ရနိုင်တဲ့အချိန်အခါဖြစ်တယ်။ ရနေတယ်လို့ ကျမ မပြောလိုပါဘူး၊ အခွင့်အရေးတွေကို ရနိုင်တဲ့ အခြေအနေမှာ ရောက်နေတယ်” လို့ ပြေကြားသွားပါတယ်။

ဗြိတိန်ရောက် မြန်မာမိသားစုများနဲ့ တွေ့ဆုံရာမှာ မေးခွန်းများကို ဖြေကြားတဲ့အစီအစဉ်တခုလည်း ပါဝင်ပါတယ်။
ပရိတ်သတ်ရဲ့ မေးခွန်းတွေများလို့ မေးခွန်းလွှာတွေထည့်ထားတဲ့ ငွေဖလားကို လူရွှင်တော် ကိုဇာဂနာက ကိုင်ဆောင်ထားပြီး ဒေါ်အောင်ဆန်းစုကြည် က မဲစနစ်နဲ့ပဲ မေးခွန်းတွေကို ဖြေဆိုပေးသွားပါတယ်။

ဒီအထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်အတွင် အများဆုံး မွေးခွန်းအမေးခံရတဲ့ လတ်တလော ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ရိုဟင်ဂျာအရေး မေးခွန်းတွေလည်း ပါဝင်ပါတယ်။

ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးကြောင်း၊ နိုင်ငံသားဥပဒေများနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန်မီရန် လိုအပ်ကြောင်း၊ ယခုဖြစ်ခဲ့သည့် ပြဿနာသည် စည်းကမ်းမဲ့ နယ်စပ်ဖြတ်ကျော်မှုနှင့် အစိုးရ ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကြောင့် ဖြစ်ရကြောင်း အခုလို ဖြေကြားသွားပါတယ်။

NLD ပါတီက Professional များဆီက အကြံဥာဏ်များ ယူပါသလားမေးခွန်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေးမှုများ အလွန်များကြောင်း၊ သင့်တော်တဲ့ အကြံဉာဏ်များကို လက်ခံယူကြောင်းလည်းပြောပါတယ်။

ပြည်ပရောက်မြန်မာများအနေနဲ့ ယခုကာလမှာ မြန်မာနိုင်ငံကိုပြန်ဖို့ အချိန်တန်ပြီလား ဆိုသည့်မေးခွန်းအပေါ် မိမိ ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ ကိုယ်ဘက်က လုပ်ပေးနိုင်သည်နှင့် ရယူလိုသည်ကို ချိန်ညှိရမည်ဖြစ်ကြောင်း၊ လက်တွေ့ကျဖို့လိုပြီး စမ်းသပ်တဲ့အနေနဲ့ ပြန်လေ့လာကြည့်တာမျိုးလည်း လုပ်သင့်ကြောင်း၊ Dual Citizenship အခွင့်အရေးရဖို့ကိုတော့ မြန်မာနိုင်ငံသား အားလုံးက ဆုံးဖြတ်ပေးရမှာသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်။

အမေရိကန် နိုင်ငံသား မစ္စတာ ယက်ထော အင်လျားကန်ဘေး နေအိမ်ကို ရေကူးဝင်တဲ့အပေါ် အမြင်၊ သုံးရောင်ခြယ် ကျောင်းသားများ အပေါ် သဘောထား၊ မြန်မာ့ပညာရေးအခြေအနေ စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားခဲ့ပါတယ်။

ဘကြီးသက်
Unknown at 10:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗြိတိန်မှ ကားဆားဗစ် စင်တာကြီး တစ်ခု မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည်



ဗြိတိန်နိုင်ငံမှ ကားဆားဗစ် စင်တာကြီး တစ်ခုကို မြန်မာနိုင်ငံတွင် မကြာမီ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိ မြန်မာနိုင်ငံကို လေ့လာကြည့်တော့ အားကိုးရတဲ့ ကားဆားဗစ်စင်တာတွေ မရှိတာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီမှာ မြန်မာနိုင်ငံသားတွေလဲ အလုပ်အကိုင်ရရှိစေမယ့် ကားဆားဗစ်စင်တာကြီး တစ်ခု လာရောက်ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဒီနှစ်ကုန် သို့မဟုတ် နောက်နှစ်ဆန်းပိုင်းလောက်မှာ အကောင် အထည်ပေါ်လာနိုင်ပါတယ်”ဟု ဗြိတိန်နိုင်ငံအခြေစိုက် မန်နေဂျင်းဒါရိုက်တာ မစ္စတာမိုက်ကယ်ကော့တဲလိုက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

အဆိုပါကုမ္ပဏီသည် ဗြိတိန်နိုင်ငံတွင် အခြေစိုက်ကာ ယူကေ၊ ယူအက်စ်အေနှင့် ယူရိုနိုင်ငံများ မှ ထုတ်လုပ်သည့် ဘတ်စ်ကား၊ Truck ကားနှင့် စိုက်ပျိုးရေးသုံးအပါအ၀င် မော်တော်ကားများအား ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ဆားဗစ်စင်တာဆောက်ပြီးတာနဲ့ အလုပ်သမားတွေကို သင်တန်းတွေပေးမယ်။ နောက်ပြီး Customer ကို အကောင်းဆုံး ၀န်ဆောင်မှုပေးသွားပါမယ်”ဟု မစ္စတာမိုက်ကယ်ကော့တဲလိုက ထပ်ပြောသည်။

အဆိုပါကားဆားဗစ်စင်တာနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့များမှ လိုအပ်သည့် မူဝါဒပိုင်းနှင့် လုပ်ထုံး လုပ်နည်းပိုင်းတို့အား ညှိနှိုင်းနေရသောကြောင့် ယင်းအတွက် မည်မျှရင်းနှီးမြှုပ်နှံရမည်ကို ဖော်ပြနိုင်ခြင်းမရှိ သေးကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း အင်္ဂလန်နိုင်ငံ၏ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ယခုနှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၅၉ ဒသမ ၇၈၅ ရှိနေကြောင်း သိရသည်။

Flower News Journal(ပန်းသတင်းဂျာနယ်)
ဘကြီးသက်
Unknown at 10:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၂ ခုနှစ် မကုန်မီ ကျပ်၂ သိန်းအောက် တန်ဖိုးနည်းဖုန်းများ ချထားရန် ဆောင်ရွက်



၂၀၁၂ ခုနှစ်မကုန်မီ ကျပ် (၂) သိန်းထက် တန်ဖိုးနည်းသည့်ဖုန်းများ ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတာဝန်ရှိသူမှ ‘တန်ဖိုးဘယ်လောက်နည်းမယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ကိုးလပိုင်းလောက်မှာ ပေါ်နိုင်အောင်တော့ ကြိုးစားနေတယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ၉ လပိုင်းတွင် စချထားပေးနိုင်ရန် စီစဉ်နေသည့် တန်ဖိုးနည်းဖုန်း ဆောင်ရွက်နေမှုကြောင့် လက်ရှိ ချထားပေးနေသော ကျပ် ၂ သိန်းတန် ဆင်းကတ်ရောင်းချနေမှုအား ဈေးကွက်အတွင်း လိုသလောက် ချထားပေးနိုင်ခြင်းမရှိဘဲ လျှော့၍ ချထားပေးနေကြောင်း ပြောပြခဲ့သည်။ ယင်းကဲ့သို့ ကျပ် ၂ သိန်းတန် ဆင်းကတ်များ ဈေးကွက်အတွင်း လျှော့၍ ချထားမှုကြောင့် ဆင်းကတ်အရောင်းဆိုင်များ အနေဖြင့် ပစ္စည်းများ ပြတ်လပ်နေပြီး Elitch ကဲ့သို့သော ဆိုင်များပင်လျှင် ဆင်းကတ်ပြတ်လပ်မှု ကြုံတွေ့နေခဲ့ရသည်။ ဆင်းကတ် ပြတ်လပ်မှုကြောင့် နယ်ဈေးကွက်မှ ဆင်းကတ်များကို ရောင်းချနေရပြီး အများဆုံး ကျပ် ၂ သိန်းသုံးသောင်းထိ ရောင်းချသည့် ဆိုင်များပင်ရှိပြီး အနည်းဆုံး ကျပ်၂ သိန်းရှစ်ထောင်ြဖင့် ရောင်းချကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ၉ လပိုင်းအတွင်း ချထားပေးမည့် တန်ဖိုးနည်းဖုန်း အနေဖြင့် GSM ဖုန်းအမျိုးအစား အများဆုံး ချထားပေးမည်ဖြစ်ပြီး တန်ဖိုးနည်းကိုမူ မပြောပြနိုင်သေးကြောင်း သိရသည်။ “တန်ဖိုးက ပြောဖို့ခက်တယ်။ တာဝန်ရှိသူတွေကပြောမှ သိရမှာပါ။ အရင်က ချထားပေးတဲ့ ဖုန်းတွေတုန်းကလည်း ကြိုမသိရဘူး။ မနက်ဖြန် ချမယ်ဆိုရင် ဒီလိုညကျမှ သိရတာပါ။ ဒါပေမယ့် ၉ လပိုင်းမှာ ချထားပေးမယ်လို့ သိရတယ်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဘကြီးသက်
Unknown at 10:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေအိမ် အမွေ ပိုင်ဆိုင်မှု ဆုံးဖြတ် ချက် ဒေါ်အောင်ဆန်း စုကြည် အယူခံ ၀င်မည်

AFP

ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ် သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ် ဖြစ်ပါသည်။
တရားရုံးရဲ့ အမွေ ပိုင်ဆိုင်မှု ဆုံးဖြတ် ချက်အပေါ် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ အယူခံဝင် မယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။

အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံဝင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့်  ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့  ဦးဥာဏ်ဝင်းက ဆိုပါတယ်။

ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။


RFA Burmese
ဘကြီးသက်
Unknown at 10:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.