Sunday, June 24, 2012
ဖို နှင့် မ ကိစ္စ။ Sex & Living Together ကိစ္စ။ Singapore ကိစ္စနောက်ဆက်တွဲများ။
Posted by SMT 
အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင်ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။ အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန်ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက်စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များတက်ကြ။ ကျုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့်မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊စီးပွားရှာရသည်က တမျိုးနှင့် ပူပန်နေရရှာသည်။သားသမီးများကတော့ သူတို့ မိဘ၏ရင်တွင်းအပူမီးများကို နားလည်လိမ့်မည်မဟုတ်ပေ။ထိုသို့ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်းသင်းနေကြခြင်းပါပဲ။လက်ထပ်ထားခြင်းမဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိကဆိုလိုပါသည်။
ယနေ့ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့်မိန်းကလေးတူတူနေထိုင်သောအခါတွင် ကိုယ်ဝန်မရရှိစေရန် ဆေးအမျိုးမျိုး နှင့် ထိုးဆေးများလည်း နိုင်ငံတကာမှထုတ်လုပ်ထားတာတွေရှိပါသည်.။သို့သော် ထိုဆေးများသုံးစွဲ၇ခြင်း၏ ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက်ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို နားလည်မှုမရှိပဲ သုံးစွဲမှီဝဲနေကြခြင်းပင်ဖြစ်ပါသည်။မိမိတို့ လူမှူပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့ ဖူးမှာပါ ရည်းစားရှိလျှက် AIDS ဖြစ်ခြင်း၊ကိုယ်ဝန်ရရှိခြင်း၊အရှက်ကြောင့်မိမိကိုယ်ကိုသတ်သေခြင်း။ကိုယ်ဝန်သားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။တကိုယ်လုံးတွင် အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများထွက်လာခြင်း။တကိုယ်လုံးဖောယောင်ခြင်း။ဖိုမ ဆက်ဆံရမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများရရှိခြင်း နှင့် အခြားအခြားသောရောဂါနှင့်ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter နေထိုင်ခြင်းကြောင်နှင့် ဆေးများမှီဝဲ၊ဆေးထိုးခြင်းကြောင့်ဖြစ်ပါသည်။
ယနေ့ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာပျော်ပါးခွင့်နေရာများ အမြောက်အများရှိ ပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်လင်မယားများကဲ့သို တူတူအိပ် နေထိုင်လျှက်ရှိကြပါသည်။ထို့အပြင် မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites မှာသည် ထောင်သောင်းများစွာပေါ်ပေါက်နေသောကြောင့် လူငယ်များကျုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင်စိတ်များတဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။လူပျိုအပျိုများကလည်း စိတ်ဆန္ဒကိုအကောင်ထည်ဖော်လိုကြသလို ၊ အိမ်ထောင်ရှင်များကလည်း မိမိ ဇနီသည်/ခင်ပွန်းနှင့်ဝေးကွာသောအခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့် အိမ်ထောင်မှုဖောက်ပြန်ကြတာလည်း အတော်ပင်များပါသည်။ထိုကဲ့ သို့ကိစ္စများသည် ပြည်တွင်း နှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ်လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့်ဇတ်လမ်းတွဲများကို လွပ်လပ်စွာဝယ်ယူကြည့်ရှုနေကြပါပြီ။(မြန်မာနိုင်ငံမှာဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကိုတွေ့ ရှိရပါမည်။)
ထို့ အပြင် နိုင်ငံခြားတိုင်းပြည်များရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြပေးပါမည်။ယခု ၂၀၁၂ အထိပညာရှင်များ၏ပြောကြားချက်အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင်နှစ်တွေများထက်ပိုမိုလွန်ကဲစွာများပြားလာသည်ကို ထောက်ပြဖော်ပြပြောကြားထားကြပါသည်။ဥပမာ နိုင်ငံခြားတွင်ပညာသင်နေကြသော ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်လုပ်ကိုင်နေထိုင်ကြသူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက်လိင်ကိုသာ ဦးစားပေးစဉ်းစားပြီးအချိန်ကုန်ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုးမဟုတ်ပါ။အမြင်နှင့် အကဲခေတ်လျှင်လုံးဝအသိသာ ဖြစ်နိုင်ပါသည်။ဥပမာတခုကိုကြည့်ပါ... မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်းတစ်စုတွင် ,, ' အေးလှိုင် နင်ဒီနေ့ ငါတို့ နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ' ဟုခေါ်လျှင် တုန့် ပြန်မည်စကားသည်.....' ဆော၇ီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ကျုအချက်တခုသည် သာဓက တချက်ဖြစ်သည်။
ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုများ
စင်ကာပူနိုင်ငံအကြောင်းစင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုသည် လူမှုကျင့်ဝတ်များကို ဖောက်ဖျက်နေထိုင်လျှင်ရှိကြပါသည်။အလားတူစွာပင် အဝေးေ၇ာက်မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ပြိုင်ဆိုင် ၊မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာလူမျိုးအချင်းချင်း မတူမတန်စွာဆက်ဆံနေကြခြင်း၊ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေးဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြားထားပြီး ပြသနာများရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲပြသနာ၊ လိင်မှုကိစ္စ ကြောင့် မိသားစုသားသမီးများကိုလမ်းခွဲ၇ခြင်းများသည် စင်ကာပူရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ်တကွဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။ထိုကိစ္စများထဲမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိကဖော်ပြပေးပါမည်။
စင်ကာပူသို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။လက်ရှိအလုပ်ကိုင်နှင့်နေထိုင်သူများ။စင်ကာပူနိုင်ငံသားခံယူထားသူများဆိုပြီးအမြောက်များရှိပါသည်။ထို့ သို့စင်ကာပူသို့ ရောက်ရှိလာသူများထဲတွင်ကျောင်းသားကျောင်းသူများ သည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြားပညာသင်ယူကြလျှက်ရှိသည်။ထိုသူများသည် စင်ကာပူသို့ရောက်ရှိလာပြီး လပိုင်းအနည်းငယ်အတွင်းမှာ ချစ်သူများကိုယ်စိရှာကြသည်။ချစ်သူများကိုလည်းအပြိုင်အဆိုင်ထားကြသလို့ မိမိချစ်သူဟုတွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Night Club (student entry free of charge= just present student ID)တက်ရောက်ကြလျှက်ရှိကြပြီး ကလပ်မှမူးပြီးပြန်လာကြလျှင် Living Together နေထိုင်ကြခြင်း ။အဖွဲ့ လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့်ပျော်ပါးတတ်ကြပါသည်။ နောက်ဆက်တွဲဇတ်လမ်းများကတော့ ကိုယ်ဝန် နှင့် မြန်မာပြည်သို့ပြန်သွားရခြင်း ၊ အချို့ မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်း နှင့်မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာမိန်းကလေးများသတင်းသည် ဆေးရုံဆေးခန်းနယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။(မယုံကြည်သူများ သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေထူနိုင်ပါလိမ့်မည်။စင်ကာပူနိုင်ငံသည် ငွေပေးတိုင်း စာရင်းဖျောက်မရသောကြောင့်မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများစာရင်းနှင့် Computer System Record ထဲတွင်မုချရှိနေပါသည်)။ကျောင်းသားကျောင်းသူများသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည် ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံ ပြီး အခန်းဌားရမ်းထားကြပါသည်။
အလုပ်သမားများနှင့်ချစ်သူများစင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်လိင်များဖြင့် တူတူ နေထိုင်လျှက်ရှိကြပါသည်။အိမ်ထောင်ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက်ဝေးကွာနေသောကြောင့် အပျော်သဘောနှင့် ဟု အစတွင် တွဲလျှက် တူတူနေထိုင်ခဲ့ကြသောလည်း အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အေ၇းမပါတော့ပေ။လစဉ်လည်း မိသားစုအတွက်ငွေမလွှဲနိုင် ပစ္စည်းများမပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ်အမြဲထောက်နေကြသော်လည်း ထိုသူတို့အတွက် အတွဲအဖော်များရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်းထောက်ပံ့ခြင်းများမပြုနိုင်တော့ သဖြင့် မိမိ ကို ကျွေးမွေးခဲ့ပြီး သားသမီးနိုင်ငံခြားရောက်ရန် ပေါင်ရန်း ရောင်းချပေးလိုက်ရသည့် ထိုမိဘများဘ၀မှ အလွန်ပင်သနားဖို့ကောင်းလှပါသည်။အမျိုးသားများကလည်းအပျော်သဘော နှင့် ဆိုသလိုအချောင်ရလျှင်ရသလို အပျော် ရမ္မက်အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့်ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက်အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများအတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများပျော်မြူးပျော်ရွှင်စွာနေထိုင်လျှက်ရှိကြသည်။မိမိ သည်သူတပါးထံမှအချောင်လိုချင်သဖြင့် မိမိဘ၀ကိုရင်းခြင်းမပြုလုပ်ကြပဲ မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူပူအမျှနေထိုင်ခြင်းသည်မိမိ၏စိတ်အားတကယ့်ပျော်ရွှင်ချမ်းမြေ့သာယာမှုအနှစ်သာယာအစစ်ကိုရရှိပါလိမ့်မည်။မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏တရားတော်အဆိုအမိန့်များတွင်ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံ များတွင်လည်းပါရှိပါလိမ့်မည်။
ထို့ အပြင် ယနေ့ခေတ်သည် အွန်လိုင်းသည်လည်းအင်မတန် တိုးတက် နေသောကြောင့် Facebook။Twitter နှင့် Gtalk ၊ VZO ။ Skype နှင့် Pfingo တို့ ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မ များကို အွန်လိုင်းမှ ရှာဖွေပြီးချစ်သူများပြုလုပ်ကာ အပြင်မှာချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သောလုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများ အတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီးနာမည်ကျော်ကြားနေပါသည်။ ရည်းစားလက်ရှိ ရှိနေကြသောသူများကလည်း နောက်ထပ်ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မှာရှာဖွေကြသည်။ နောက်ထပ်တွေ့ သောသူသည် အပြောလည်းကောင်းပြီး ရာထူး နှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ ချစ်သူကိုခွာပြီးနောက်တစ်ယောက်ထံသို့ လိုက်သွားလေ့ရှိ သည်မှာလည်း အစဉ်အလာတခုကဲ့သို့ဖြစ်ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့်အွန်လိုင်းတွင်သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင်မသိရှိခဲ့ပေ။ထိုမျှပိရိစွာလိမ်လည်တက်သောသူ အားနိုင်ငံခြားသွားရန် အတွက်ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက်လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့အဖြေမှန်ပေါ်ပေါက်ပြီးနောင်တရခဲ့လျှင် ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ် ကို သတိပြန်ရကြည့်ပါ။ 
ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင်နားလည်သဘောပေါက်ထားသင့်ပါသည်။မိမိသည် မိမိအ၇မ်းအယုံလွယ်ပါက သူငယ်ချင်းများမိတ်မဖွဲ့ပါနှင့်။သို့မဟုတ်ပါက မိကောင်းဖခင်သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာရမ္မက်မုဆိုးများ၏ ပြောဆိုကောင်းမှုအောက်တွင့် မေ့မျောသွားပါလိမ့်မည်။ ထိုသို့မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါမိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပေါတော့.။
လူသားအားလုံး မိမိ၏အပြုအမူအနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့်ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊နှုတ်၊စိတ် ထိုသုံးပါးအား အစဉ်အမြဲ သတိဖြင့် မိမိဦးနှောက်ဖြင့်ထိန်းချုပ်တွေးတော လုပ်ဆောင်ရင်းဖြင့်အနာဂတ်ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ကြင်ယာဖက်အစစ်မှန်များလည်းတွေ့ ရှိနိုင်ကြပါစေလို့ဆုတောင်းရင်း ဖြင့်...............
ရေးသားသူ Ye Latt သည် ဇွန်လ 24, 2012 တွင် 2:00pm အချိန်၌ရေးသားခဲ့သည်
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A140328&xgs=1&xg_source=msg_share_post မှ ....
ဘကြီးသက်
Unknown at 6:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လူကုန်ကူးမှုတိုက်ဖျက်ရေး မြန်မာအစိုးရ ကြိုးပမ်းမှု အမေရိကန် တိုးမြှင့်အသိအမှတ်ပြု
မြန်မာအစိုးရသစ်၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အမေရိကန်အစိုးရက ယခင်စောင့်ကြည့်အဆင့် (၃) မှ အဆင့် (၂) အထိ တိုးမြှင့်၍ အသိအမှတ်ပြုလိုက်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ ဝါရှင်တန်ဒီစီရှိ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနတွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ နှစ်လယ်အစီရင်ခံဏာကို ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ အဆင့်တိုး၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ မြန်မာအစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များတွင် အမျိုးသမီးနှင့် ကလေးများ နယ်စပ်ဖြတ်ကျော်၍ လိင်ကုန်ကူးခြင်းများကို တားဆီးနိုင်ရန် သိသိသာသာ အားထုတ်ခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ လူထုက အကြောင်းကြား တိုင်ကြားရန် အရေးပေါ်ဖုန်းလိုင်း ထားရှိခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းကို ရှင်းလင်းစွာ တားမြစ်ထားသည့် ဥပဒေသစ် ထားရှိခြင်း၊ ၂၀၁၅ တွင် အဓမ္မလုပ်အားပေး ခိုင်းစေမှု လုံးဝပပျောက်စေရန် ILO နှင့် ရည်မှန်းချက်ကြီးသော စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ရန်ရှိခြင်းတို့ ပါဝင်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ သို့သော် အရပ်သားများကို အဓမ္မလုပ်အားပေး ခိုင်းစေခြင်းနှင့် ကလေးစစ်သား စုဆောင်းခြင်းများကို အစိုးရအရာရှိများနှင့် အစိုးရအရာရှိ မဟုတ်သူများကပါ လုပ်ဆောင်နေကြပြီး ဆိုးရွားသော ပြဿနာအဖြစ် တည်ရှိနေကြောင်းလည်း ဖော်ပြထား ကြောင်းသိရှိရသည်။
Myanmar Express
ဘကြီးသက်
Unknown at 6:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တရားမ၀င်ပြည့် တန်ဆာ အိမ်များ ရပ်ကွက်နေ အမျိုးကောင်း သမီးများ အခက်ကြုံ
ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက်ရှိ ပြည့်တန်ဆာ လုပ်ငန်း လုပ်သည် အဆောက် အဦးပုံ
မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (ဘ-၃)လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေသော တရားမ၀င်ပြည့်တန်ဆာအိမ်များ မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဘ-၃)ရပ်ကွက်အတွင်းရှိ ပြည့်တန်ဆာဂေါင်း မြင့်သန်း နှင့်ဇနီးဖြစ်သူ တင်တင်အေး တို့မှ တရားမ၀င်ပြည့်တန်ဆာအိမ်များဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ဥပဒေအရ အရေးယူဆောင်ရွက်မည့် အဖွဲ့အစည်းပေါ်ပေါက်ခြင်းမရှိဘဲ ၄င်းပြည့်တန်ဆာအိမ်မှ ငွေကြေးရယူပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအား မသိကျိုးကျွံပြု မှုနေသဖြင့် ၄င်းပြည့်တန်ဆာလုပ်ငန်းမှာ အတင့်ရဲစွာ ရပ်ကွက်အတွင်း ပေါ်ပေါ်ထင်ထင်လုပ်ကိုင်ဆောင်ရွက် ဆဲဖြစ်ပါသည်။
 ညပိုင်းအချိန်များတွင် ကျန်စစ်သားလမ်းပေါ်တွင် ၄င်းပြည့်တန်ဆာနေအိမ်သို့လာရောက်ပျော်ပါးသည့်သူများ၏ ဆိုင်ကယ်များဖြင့်ပိတ်ဆို့နေပြီး ရပ်ကွက်လူထု သွားလာမရဖြစ်နေကြောင်း ပြည့်တန်ဆာပွဲစားများ၊ ဆိုင်ကယ်ကယ်ရီသမားများမှာလည်း အဆိုပါပြည့်တန်ဆာအိမ်များအနီး၌ ရှိနေကြကြောင်း ဒီလိုမကောင်းတဲ့အိမ်တွေ ရပ်ကွက်ထဲထင်ထင်ပေါ်ပေါ်ကြီးလာဖွင့်ထားတာ ရွာအရမ်းနာတယ် ရပ်ကွက်ထဲကရိုးရိုးသားသားနဲ့ ဘ၀ကို ရုန်းကန်နေရတဲ့သမီးပျိုလေးတွေရော၊ ကျောင်းသူလေးတွေအတွက်ပါ ဒီအိမ်တွေရဲ့ အကျိုးဆက်က အများကြီးသက်ရောက်မှုရှိတယ်လို့  မြို့ ခံက Myanmar  News Now ကို ဆက်လက်ပြောပြထားပါသည်။
ဒီရပ်ကွက်က မိန်းကလေးတွေဆိုသူတို့ ကိုယ်ကို ဒီရပ်ကွက်ကပါလို့ မပြောရဲကြတော့ဘူး။  ဒါကြောင့် ပြည်တန်ဆာအိမ်တွေကို အမြန်ဆုံးအရေးယူဖယ်ရှားပေးရန် ရပ်ကွက်ပြည်သူလူထုမှလိုလားလျက်ရှိပြီး သက်ဆိုင်ရာအနေဖြင့် ၄င်းပြည့်တန်ဆာနေအိမ်အား ထိရောက်သောအရေးယူဆောင်ရွက်မှုများအားပြုလုပ် ပေးပါရန် မြို့ ခံများက ပြောပြပါသည်။
ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက် ပြည့်တန်ဆာဂေါင်း မြင့်သန်း မိသားစု နေအိမ်ပုံ
ဘကြီးသက်
Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို တ၀က်စီ ခွဲယူဖို့ တရားရုံး က အမိန့် ချမှတ်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဦးအောင်ဆန်းဦး နှင့် တ၀က်စီ ခွဲယူဖို့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး က အမိန့် ချမှတ် လိုက်ကြောင်း Favourite News ဂျာနယ်မှာဖော်ပြထားပါတယ်။
သားနှင့် သမီးဖြစ်တဲ့ အတွက် တစ်ဝက်စီခွဲဝေယူကြစေရန် အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဘကြီးသက်
Unknown at 9:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မောင်တောနယ်မှ လဝက နှင့် အင်တာဗျူး
မောင်တောမှာက တပ်ရယ်၊ ရဲရယ်၊ လ၀က ရယ်၊ ကာစတန်ရယ်လေးဖွဲ့ရှိတယ်။ အဓိက အုပ်ချုပ်ရေး၊ လုံခြုံရေးကတော့ တပ်ကလုပ်တာပေါ့။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဘင်္ဂါလီ အ၀င်အထွက်မရှိဘူး။ ဘာဖြစ်လို့မရှိလဲဆိုလို့ရှိရင် ခိုးဝင်တာမရှိဘူး။
အဖွဲ့လေးဖွဲ့ရှိတယ်ပေါ့။ အကုန်လုံးက သူ့အလုပ်သူလုပ်ပေါ့။ အဲဒီအချိန်တုန်းကတော့ ၀င်တဲ့လူ သိပ် မရှိတော့ဘူးပေါ့။ ဘာလို့လည်းဆိုတော့ ၁၉၉၂ ကနေ ၁၉၉၅ လောက်ထိမှာ ဘင်္ဂလားကနေပြန်လက်ခံထား ခိုင်းတဲ့လူတွေရှိတယ်လေ။ ယူအန်တို့ ဘာတို့ အကူအညီနဲ့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော် တို့ထဲကို ခိုးဝင်တဲ့ကောင် ဘာလို့မရှိဘူးလို့ပြောလို့ရလဲဆို စီးပွားရေးက ဘင်္ဂလားက ပိုကောင်းတယ်။ ကျွန် တော်တို့မြန်မာပြည်ထက်။ ဘင်္ဂလား ပိုက်ဆံ တစ်ဒါကာ က ကျွန်တော်တို့ ဆီက ပိုက်ဆံနှစ်ဆယ်လောက်နဲ့ သွားညီတယ်။
ဘင်္ဂလာငွေတစ်သိန်းဆိုရင် ဒီက သိန်းနှစ်ဆယ်လောက်ရှိတယ်ပေါ့နော်။ အဲဒီတော့ ဟိုကကောင် ကဒီမှာလာပြီး အလုပ်မလုပ်တော့ဘူး အဲဒီအချိန်က။ ဒီမှာနေတဲ့လူတွေက လည်းပြည့်နေပြီ။ စလာတုန်းကတော့ ဒီကောင်တွေက လယ်တွေရှိတယ်။ သစ်ခုတ်တယ်။ အဲဒါမျိုးတွေနဲ့ ဒီ ကောင်တွေနေကြတာပေါ့နော်။ အဲဒါ ကလည်း ဟိုးအင်္ဂလိပ်ခေတ်လောက် တည်းကနေနေတဲ့ဟာလေ။ နောက်ပြီး တော့ ဦးနုလက်ထက်မှာ ပိုပြီးဆိုးသွား တာက ဦးနုက မဲပေးဖို့ခေါ်သွင်းလိုက် တဲ့ကိစ္စတွေမှာ ပိုဆိုးသွားတာ။ ဒါပေ မဲ့သူတို့ကို ကျွန်တော်တို့က မှတ်ပုံတင်မပေးဘူး။ နိုင်ငံသားတွေ မဟုတ်ဘူး။ မောင်းတောမှာ ရှိတဲ့လူဦးရေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော်လောက်ရှိ တယ်။ အဲဒါကြောင့်မို့ သူတို့ကို ဘယ် လိုကန့်သတ်ထားလဲ ဆိုလို့ရှိရင် စစ်တွေကိုလည်း မသွားရဘူး။ အနီးအနားလည်းမသွားရဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာသွားရင်တောင်မှ ရယက ဥက္ကဋ္ဌရဲ့ ရွာထွက်လက်မှတ်နဲ့ ရယက ဥက္ကဋ္ဌရဲ့ထောက်ခံချက်နဲ့ပေါ့လေ။ ဒီရွာကလူမှန်ပါတယ်။ ယာယီသက် သေခံကဒ်ပြားအမှတ် ၁၁/မတန(ယ)  ကိုင်ဆောင်တဲ့ ဘယ်သူဖြစ်ပါတယ်။ ဒီရောက်မှ ဘယ်ရွာကိုသွားမှာလဲ။ အဲလိုတွေစစ်ပြီးတော့ တစ်ခြားကလာ တဲ့လူတွေဖြစ်မှာစိုးလို့။ ယာယီသက် သေခံလက်မှတ်မှာ မောင်တောလ၀က က ထုတ်ပေးတဲ့ဟာလေးပါတယ်။
ဘယ်လိုထိန်းဖို့လိုလဲဆိုလို့ရှိရင် သူတို့ကို ပြန်လွှတ်ရင်လည်းလွှတ် မလွှတ်ရင်လည်း   ဒီကောင်တွေရှိနေ သရွေ့ မအေးဘူးပဲ ဖြစ်မှာ။ တကယ်ပြောတာ။ ကျွန်တော်တို့ အမြင်ကို ပြောတာပေါ့နော်။ နယ်ခြားဘက်မှာ နိုင်ငံခြားက အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်အများကြီးရှိတယ်။ သူတို့ဆီမှာက ပလီဆရာက အရေးကြီးတယ်လေ။ ပလီဆရာကပြောတဲ့စကား အတိုင်းအကုန်လုံးဖြစ်တယ်။ အကုန်အောင်မြင်တယ်။ အဲဒီပလီဆရာတွေကလည်း တချို့တွေဆိုရင် နိုင်ငံခြားက အစ္စလာမ်တက္ကသိုလ်ကြီးတွေကနေပြီး တော့ ပြီးလာတဲ့သူတွေရှိတယ်။  အခုဖြစ်တဲ့ဟာကလည်း စစ်တွေမှာ ကေဇက်ဂျီရုံးကနေလေ။ ကေဇက်ဂျီ ဆိုတာ ဆေးအန်ဂျီအို၊ ဆေး ကုပေးတဲ့အန်ဂျီအို၊ သေနတ်နှစ် သေတ္တာရတယ်တဲ့။ မောင်တောက လ၀က တွေကို လှမ်းမေးကြည့်တာ ဟုတ်တယ်။ ဆရာဝန်နဲ့သူ့သမီးလား ဆရာဝန်မနဲ့ သူ့အဖေလားမသိဘူး  အဲဒါကို ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ သူတို့က ဒီကိစ္စတွေ မပေါ်လည်း ကျောက်နီမှော်ကိစ္စတွေ၊ တောင်ကုတ်ကိစ္စတွေ မပေါ်လည်း လုပ်မှာပဲ။ ဟိုအရင်တုန်းကလည်း ရာဇ၀င်ရှိဘူးတယ်။ ရာဇ၀င်ရှိဘူး တယ်ဆိုတာက လွတ်လပ်ရေးရပြီး ကာစ နောက်ပိုင်းမှာကိုပဲ မူဂျာဟစ် သူပုန်လေ။ အမှန်တော့ ရိုဟင်ဂျာတို့ မူဂျာဟစ်တို့ဆိုတာ အတူတူပဲ။ နာမည်ပဲ သူတို့ကွဲတာ။ ပြောချင် တာတွေလျှောက်ပြောတာ။ အဲဒီမှာ ကာဇိုင်းဆိုတဲ့ သူပုန်တစ်ယောက်ရှိတယ်။ သူပုန်မဟုတ်ဘူး ဒီကောင်ကဓားပြပဲ။ သူပုန်ဆိုတာက စစ်တပ်ကလိုက်ရှင်းရလို့ သူပုန်ဖြစ်သွားတာ။ဓားပြအကြီးစားပဲ။ ဒီကောင် ကလက်နက်ရှိတယ်။ ရခိုင်ရွာတွေဝင် ဖျက်တယ်။ မီးရှို့တယ်။ ရခိုင်မလေးတွေကို အဓမ္မကျင့်တယ်။ ရခိုင်မလေးတွေ ရာနဲ့ချီပြီးတော့ကိုရှိတယ်။ အဲဒီဘက်က ရခိုင်တွေက သူတို့မှာ နာကျည်းချက်တွေအများကြီးရှိတယ်။ သမ္မတကြီးပြောတဲ့ ရှုပ်ထွေးနိုင်တဲ့ နောက်ခံသမိုင်းကြောင်းတွေဆိုတာ တကယ်မှန်တယ် အဲဒါတွေက။
လူကြီးတွေ ဘယ်လိုဆုံးဖြတ်မလဲအဲဒါ ကို။ သူတို့လည်း အခုနေဆုံးဖြတ်လို့ရှိရင် နိုင်ငံတကာက ဖိအားပေးတာ ဘာညာပေါ့နော်။ သူတို့တွေမှာလည်း အခက်အခဲရှိမှာပေါ့။ ကျွန်တော်တို့ ကိုယ်တွေ့လည်း ကြုံခဲ့ရတယ်။
အဲဒါတွေက ခင်ဗျားတို့ရှိတုန်းက ဒီပြဿနာတွေမပေါ်ဘဲနဲ့ အခုမှပေါ် တယ်ဆိုတော့ တော်တော်များများက လ၀က ရဲ့ ချို့ယွင်းချက်တွေကြောင့် ဒီလိုတွေဖြစ်လာတယ်လို့ထင်တယ်လေ။
အဲဒါတွေက မောင်တောကို မရောက်ဖူးတဲ့လူတွေပြောတာ။ ဦးစီးကိုလည်း ကျွန်တော်ပြောတယ်။ နောက်ကျရင် ရေလည်သွားလိမ့်မယ်တဲ့ဘာကြောင့်လဲဆိုတာကိုတဲ့။ ဟိုတ လောက စာပေဟောပြောပွဲတစ်ခုထဲ မှာလေ။ တရုတ်တွေမှတ်ပုံတင်ရတဲ့ ကိစ္စတစ်ခုကို ပြောသွားတယ်။ ပြောရ မယ်ဆိုရင် အရင်တုန်းက ကျွန်တော် တို့ကိုခေါ်တယ်ပေါ့နော်။ ကျွန်တော်တို့ မမီလိုက်တဲ့ခေတ်ပါ။ လ၀က တရုတ် လည်းနိုင်တယ်။ ကုလားလည်းနိုင် တယ်ပေါ့ဗျာ။ အခုလ၀ကက ဘယ်ကောင်မှမနိုင်တော့ဘူး။ ဘာလို့မနိုင် လည်းဆိုလို့ရှိရင် ဒီကောင်တွေက လည်းလူလည်တွေဖြစ်သွားပြီ။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဗိုလ်မှူး တွေ၊ ဗိုလ်ကြီးတွေနဲ့ ပေါင်းပြီးတော့ သူကြီးပိုင်တယ်ဆိုပြီးတော့ ဆယ်အိမ်ခေါင်း ဟိုဟာထင်တယ် ဆိုတာလို။ မောင်တောမှာ ကျွန်တော်တို့ နေတုန်းကလည်း အုပ်ချုပ်တာက ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးကြီးတွေ အုပ်ချုပ်တာ။ စီးပွားရေးသမားက ဘင်္ဂလားကို နွားမှောင်ခိုထုတ်တယ်။ ဒါမျိုးတွေအများကြီးပဲ။ ဒါတွေကပြောရင် ဂျာအေးကို သူ့အမေရိုက်သလို လည်ပတ်နေမှာ။
ဒီလိုမှတ်ပုံတင် လုပ်ငန်းလုပ်ဖို့ကို ပုံစံလုံးဝမတူဘူး။ စစ်တပ်လိုနေရ တယ်။ တပ်ရိက္ခာရ တယ်။ မောင်တောမှာ တစ်နှစ်နေတဲ့ အချိန်မှာ အမှုဖြစ်လို့ရှိရင် ၀န်ထမ်းစည်းမျဉ်းနဲ့အရေးမယူဘူး။ စစ်ဥပဒေနဲ့အရေးယူတာ။ အခုလည်းအဲလိုဟာ တွေရှိသေးတယ်။
အဲဒီအတိုင်းပဲ။ ဗိုလ်မှူးကြီး အောင်ကြီးလေ။ နယ်စပ်ဒေသလူဝင် မှုကြီးကြပ်ရေးကွပ်ကဲမှု ဌာနချုပ် ဆို ပြီးတော့။ ကွပ်ကဲရေးမှူးကို လ၀က ညွှန်ကြားရေးမှူး တာဝန်ပေးထား တယ်။ အခုဗိုလ်ချုပ်သိန်းဌေးနောက် ကိုလိုက်နေတဲ့ ----- က အဲဒါ ကွပ်ကဲရေးမှူးပေါ့။ သူ့ရဲ့ ကားကို တောင်ခဲနဲ့ပေါက်လို့တဲ့။
ဘယ်နေ့ကပေါက်တာလဲတော့ မသိဘူး။ ဖြစ်ကာစလောက်ကထင်တယ်။
ညွှန်ချုပ်အဆင့်ပေးထားတာသူ့ကို။ ဦးမောင်မောင်သန်း အဆင့်ပေါ့။ သူ့ကို ရခိုင်ပြည်နယ်မှာ လ၀က ညွှန်ကြားရေးမှူးချုပ် လုပ်ပိုင်ခွင့်များကို ပေးမည်ဆိုပြီးတော့ ပေးထားတာ။ မှတ်ပုံတင်ကိစ္စတော့ မပါဘူးလေ။ မှတ်ပုံတင်ကိစ္စကတော့ မောင်တောမြို့နယ်လ၀က သပ်သပ် ရှိတယ်။ မြို့နယ်လ၀က၊ ခရိုင်လ၀က သပ်သပ်ရှိတယ်။ ကျွန်တော်တို့က မှတ်ပုံတင်ကိစ္စလည်း လုံးဝတာဝန် မယူပါဘူး။ သက်သေခံကဒ်ထုတ်ပေး တာလည်း ကျွန်တော်တို့ တာဝန်မယူပါဘူး။ ကျွန်တော်တို့က ဘာလုပ်လဲ ဆိုရင် နေ့ခင်းထွက်တယ်။ လူဦးရေ စာရင်းစစ်တယ်။ တစ်ရွာနဲ့တစ်ရွာ အကူးအပြောင်းကို တရားဝင်မှတ်တမ်း တင်တယ်။ လပ်ထပ်ခွင့်ပေါ့ သူတို့ကို ၁၈ နှစ်ပြည်ရင် စခန်းမှာ လာပြီးတော့ မှတ်ပုံတင်ရတယ်။ မိန်းကလေးရော၊ ယောက်ျားလေးရော။ လပ်ထပ်ခွင့် ကျမှပေါင်းရတယ်။ ဘာကြောင့်အဲလို ထိန်းချုပ်ထားလဲဆိုတော့ ၁၄/၁၅ နှစ်နဲ့ယူတယ် ကလေးတွေအများကြီး မွေးတယ်။ ဖောင်းပွပြီးတော့ ဖြစ်ချင်တိုင်းဖြစ်တယ်။ နောက်တစ်လင်တစ် မယား၊ အရင်တုန်းကဆိုရင် ဒီကောင် တွေက မယားလေးယောက်ယူတယ် လေ။ ကလေးတွေအများကြီး တပြုံကြီးမွေးတယ်။ လူအယောက်ငါးဆယ် လောက်ရှိတယ်။ တစ်အိမ်ထောင်စုကို။ တစ်အိမ်ထဲမှာအကုန်လုံးစုပြုံနေ။  နောက်မောင်တောက တင်လိုက်တဲ့ ရွှေမောင် ဆိုတာလေ။ လွှတ်တော် အမတ်ဖြစ်နေတာ။ ကြံ့ခိုင်ရေးထဲမှာ ထည့်ထားတယ်။ အဲဒီကလူ တွေကလေ ခြင်္သေ့မှန်း၊ ကျားမှန်းတောင်သူတို့မသိဘူး။ မင်းတို့ဘယ်ပါ တီမဲပေးမလဲပြောရင် ကျားပါတီမဲပေး မယ်လို့ပြောတယ်။
နစကဆိုတာ လ၀ကရယ်၊ တပ်ရယ်၊ ရဲ ရယ်၊ ကာစတန်ရယ်ကို ကိုင်ထားတဲ့ ဌာနပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ကို မြန်မာပြည်ဘက် အခြမ်းကိုကျော်ထွက်မလာဖို့။ ဟိုဘက်ကလူတွေ ဒီဘက်ကိုဝင်မလာဖို့။ အဲဒါကြောင့် တားထားတာပဲ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ရယက ဥက္ကဋ္ဌတွေ က ရွာတိုင်းမှာတော့ လျှောက်ပြီး တော့မထားနိုင်ဘူး။ အုပ်စုလေးအုပ်စု လောက်ကို စခန်းတစ်ခုလောက် ချထားတယ်။ တချို့ကျတော့လည်း ၇အုပ်စု၊ ၈ အုပ်စုလောက်ပေါ့။ အဲလို လေးတွေရှိတယ်။ အဲလိုစခန်းချထား တဲ့အခါကျတော့ စခန်းတစ်ခုတစ်ခုမှာ အဖွဲ့သုံးဖွဲ့ပေါ့။ ကာစတန်ကတော့ ဌာနချုပ်မှာပဲ ရှိတာများတယ်။ မောင် တောမှာပဲရှိတာများတယ်။ ဌာနချုပ်က မောင်တောကနေ သုံးလေးမိုင်လောက် ဝေးသေးတယ်။ ကျွန်တော်တို့နောက် က ရိုးမပေါ်မှာတော့ တပ်တွေရှိတယ်။ ဌာနချုပ်နောက်က တောင်ကြီးတွေ ပေါ်မှာ အရင်ကျွန်တော်ပြောတဲ့ ဓားပြဗိုလ် ကာဇိုင်းဆိုတဲ့ကောင်နေခဲ့တဲ့ တောင်ကြီးပေါ့။ အဲဒီတောင်က ချင်းပြည်နဲ့ဆက်သွားတယ်။ စစ်တွေမှာ ရောက်နေတဲ့ သူတွေကတော့ စာနည်းနည်းတတ်သွားပြီပေါ၊ ရခိုင် ရည်လည်းလည်သွားတာပေါ့နော်။ မောင်တောက သူတွေကျတော့ နည်းနည်းမြှောက်ပေးလို့ရှိရင် လုပ်ဖို့ လောက်ပဲသိတာပေါ့။
သူတို့ကို ကလေးနှစ်ယောက် ထက်ပိုမမွေးရဘူးလို့ စည်းကမ်းချက် ထုတ်ထားတယ်။ ဒါပေမဲ့မွေးတာပဲ။ ဒါပေမဲ့ဘွဲ့ရတဲ့ ဘင်္ဂါလီတွေရှိတယ်။ ကျွန်တော်တို့နဲ့ စားသောက်ဝင်ထွက် နေတဲ့ သူတွေ။ ကျွန်တော်တို့ကို ပွင့် ပွင့်လင်းလင်းပဲမေးတာ။ သူတို့ကို ဘာကြောင့် ကလေးနှစ်ယောက်ပဲမွေး ခိုင်းတာလဲ။ ကလေးနှစ်ယောက်ပဲ မွေးခိုင်းတယ်ဆိုတာ ဒီမှာအခုရှိတဲ့လူ နဲ့ စပါးထွက်တဲ့ဟာနဲ့ မင်းတွက်ကြည့် လေလို့။ မင်းတို့လူအများကြီးဖြစ်လာမယ်ဆိုရင် ဆန်မလောက်ဘူးလို့။ မင်းတို့တခြားကလည်း ၀ယ်လို့မရဘူး။ မင်းတို့ဆန်ကိုလည်းတခြားကို ရောင်းလို့မရဘူးလေလို့။ ဒေသတွင်းစားဝတ် နေမှုမဖူလုံဘူးဆိုရင် မင်းတို့သူခိုး တွေ၊ ဓားပြတွေ ပေါ်လာမှာပေါ့ဆိုပြီးတော့။  ကိုင်တော့ကိုင်ထားတာပဲ။ ဒီမိုကရေစီခေတ်ဆိုပြီးတော့ ဒီကောင် တွေက နည်းနည်းသွေးတိုးစမ်းတဲ့ အပိုင်းရှိတယ်။ ပြစ်မှုတွေခဏခဏဖြစ် တယ်။ ရဲတွေကိုသတ်ပစ်တယ်။ ဒီ ကောင်တွေက။ ရဲသတ်တာကြာပြီ ဗိုလ်ချုပ်မောင်ဦး လ၀ကတိုင်းမှူးလုပ် တည်းကဖြစ်တာ။ လုံထိန်းရဲကင်းက ဒုရဲအုပ်ကို သတ်ပစ်လိုက်တာ။ သတ်တဲ့ကောင်တွေက ဘင်္ဂလားကို ထွက်ပြေးသွားတာ။ ပြန်မလာတော့ဘူး။ တစ်ရွာလုံးကို မီးရှို့ပစ်မယ်ဆိုပြီးတော့။ ရှို့လည်းမရှို့ဖြစ်ပါဘူး။ ဒီအ တိုင်းပဲပြီးသွားတာ။ သေတဲ့ကောင် သာသေသွားတာ။ အဲဒီမှာ ယူအန်က လာတဲ့အဖွဲ့တွေ လူ့အခွင့်အရေး စာနာမှုတွေ လုပ်ရမယ်ဘာညာ လျှောက်ပြောတာ။ ပြီးတော့ ကျွန် တော်တို့ကိုလေ။ ယူအန်ကလုံးဝမတင် ဘူး။ ယူအန်ကဆေးခန်းတွေဘာတွေ မှာ ကျွန်တော်တို့အခက်အခဲဖြစ်လို့ သွားရင် မလာခဲ့ပါနဲ့လို့ပြောတာ။ ကျွန်တော်တို့ကျတော့ ယူနီဖောင်းနဲ့ မလာပါနဲ့ ဒါမျိုးပြောတာ။ ဆရာဝန်တွေ၊ သူနာပြုတွေက ဗမာတွေ၊ ရခိုင်တွေ များပါတယ်။ များသောအားဖြင့်ဒေသခံ ရခိုင်ကို သုံးခဲတယ်။ ဗမာပြည်က လာတဲ့ဟာတွေများတယ်။ သုံးရင် ဒေသခံဆို ရခိုင်မသုံးဘူး။ ဘင်္ဂါလီ သုံးတယ်။ အဲတော့ အန်ဂျီအိုတွေရဲ့ ဟိုဟာကလည်း မရိုးသားဘူး။ လမ်း မှာတွေ့ရင်ကျွန်တော်တို့ ကုန်းကြောင်း လျှောက်ရတာ တစ်နေရာနဲ့ တစ်နေ ရာသွားရင်။ တအားဒုက္ခရောက်တာ။ သူတို့ကားနဲ့ လုံးဝမတင်ဘူး။ ကျွန် တော်တို့ဆီက လူကို ကားနဲ့တင်တဲ့ ဒရိုင်ဘာကို ဖြုတ်ပစ်လိုက်တယ်။ တစ်ခါတည်း။ ယူအန်တို့ အန်ဂျီအိုတို့ အဖွဲ့အစည်းတွေကလေ။ သူတို့ရဲ့ အပြုအမူကလည်း လုံးဝမရိုးသားဘူး။
မီးရှို့တဲ့တစ်ယောက်ကိုလိုက်ဖမ်း တာဘင်္ဂလားထဲကို ထွက်ပြေးတယ် လို့ပြောတယ်။ ထွက်ပြေးတယ်လေ။ ပြီးလို့ရှိရင် လစ်ရင်လစ်သလိုပြန်လာမှာပဲ။ အခုစစ်တွေက လူတစ်ထောင် လောက်ထွက်ပြေးသွားပြီပြောတယ်။ ဘင်္ဂလားကို။  သင်္ဘောနဲ့ပြေးတာပေါ့ သူတို့။ သင်္ဘောကသူတို့သင်္ဘောတွေရှိ တယ်လေ။ သင်္ဘောဆိုတာ စက်တပ် လှေမဟုတ်ပဲနဲ့ လောင်းလှေ၊ လှေကြီး တွေ။ လှေကြီးကို လူကြီးတွေပြော သလို ပြောမယ်ဆိုရင်တော့ လူပျင်း လှော်လှော်တာပေါ့နော်။ လှေဦးကို ကျောပေးပြီးတော့ခတ်တာ။ လှေကြီး တစ်စီးတစ်စီးကို လေးငါးဆယ်ယောက် ၀ိုင်းခတ်တာပေါ့။ စက်လှေရှိလို့ရှိရင် လည်း စက်လှေနဲ့သွားကြတာပေါ့။ ဘာမှမဝေးဘူး။ စစ်တွေကနေပြီးတော ရှင်မဖြူကျွန်းကိုလေ အများဆုံးသွားရ  တစ်နေ့ခင်းပဲ။ ကျွန်တော်တို့နေခဲ့တဲ့ အခုပြဿနာတွေ ဖြစ်နေတဲ့နေရာ  ကနေ ရှင်မဖြူကျွန်းကို မီးရောင်ပျပျ လေးတောင်မြင်ရသေးတယ်။
ရှင်မဖြူကျွန်းမှာ ဘင်္ဂလားရေတပ် ရှိတယ်လေ။ အမေရိကန်ကလည်း တပ်တွေချထားတယ်ပြောတယ်။
ရှင်မဖြူကျွန်းကို သူတို့ရှပူရီးယားလို့ခေါ်တယ်။ ဖလောင်းချိတ်ကို ကုန်ဇားလို့ခေါ်တယ်။ အဲဒီနေရာတွေက ကုန်ဇားတို့ဘာတို့ကျတော့ ပင်လယ် ကမ်းခြေလည်းရှိတယ်ပေါ့နော်။ အဲဒါ တွေက အရင်တုန်းက ဗမာပိုင်တွေပဲ ဟာကြီးကို။ ရခိုင်တွေလည်းရှိတယ်။ ဘုန်းကြီးကျောင်းတွေဘာတွေလည်းရှိတယ်။ ဘုန်းကြီးတွေဘာတွေလည်း ရှိတယ်။
မနေ့ကထိတော့လည်း မငြိမ်သေးဘူးတဲ့။ ကျွန်တော့်သူငယ်ချင်း သူတို့ စခန်းတွေ ရုတ်ခိုင်းလို့ စစ်တွေကို ပြန်ရုတ်လာတာ လမ်းမှာတောင် အလောင်းတစ်လောင်း တွေ့ခဲ့သေး တယ်တဲ့။  အဲဒါမျိုးတွေဖြစ် နေတယ်။ သူတို့က အစ္စလာမ်ဆိုပေမဲ့ အစ္စလာမ်ဂိုဏ်းတော့ မဟုတ်ဘူးပေါ့။ တော်တော်များများရဲ့စိတ်ထဲမှာ သူတို့လူနဲ့ သူတို့လူအင်အားများ အောင်လုပ် အရင်တုန်းက အဲဒီနေရာတွေက ဟိန္ဒူများ တယ်။ ကျွန်တော်တို့ရှိတဲ့အချိန်အထိ ရွာတစ်ရွာကို ဟိန္ဒူတစ်အိမ်စ နှစ်အိမ် စရှိတယ်။ ဒါပေမဲ့ ဟိန္ဒူဆိုရင်တစ်ရွာ လုံးက၀ိုင်းနှိမ်ထားတာ။  ဟိန္ဒူဆိုရင် နှိမ်ထားတယ်။ စကားပြောလို့ရှိရင် ဟိန္ဒူမက ဟိန္ဒူမက အဲလိုပြောတာ။ ဒါပေမဲ့လည်း ရခိုင်ကျတော့ သူတို့လုပ် လို့မရဘူး။ ရခိုင်က တော်တော် မာတယ်။
အခုကတော့အဖွဲ့တွေက ရခိုင်မှာ ရှေ့တန်းစခန်းလိုဖြစ်သွားတာပေါ့။  အရင်တုန်းကလည်း သေနတ်ပေးကိုင် ထားတာပဲ။ မောင်တောမှာပဲ။ စစ်တွေမှာတော့မပါပါဘူး။ တပ်နဲ့ တွဲလို့လည်း လက်နက်ပေးကိုင်တာပါ။ လ၀ကကတော့ မပေးဘူး။ ပေးလို့ရှိ ရင်လည်း ပစ်တာခတ်တာတွေဖြစ်မှာ စိုးလို့ဖြစ်မှာပေါ့။
ပတ်စပို့ရုံးထဲကထွက်လာတယ် သိလား။ မောင်တောက ဘင်္ဂါလီက ဗမာပြည်ဘက်ကိုလုံးဝလာလို့မရဘူး။ မှတ်ပုံတင်ရှိတဲ့အတွက်ကြောင့်မို့လို့ လာလို့ရသွားတယ်။ သူတို့တွေ မှတ်ပုံတင်လုံးဝမရှိဘူး။ လာတဲ့သူ မှန်သမျှ ခိုးပြီးတော့လာတဲ့သူ တွေချည်းပဲ။ နောက်ပြီးတော့ ခိုးသွင်း တာမိတယ်အဲဒါမျိုးတွေ။ ခဏခဏဖြစ် ဖူးတယ်။ ကျွန်တော်တို့က ခိုင်းတာလုပ် ရတဲ့သူတွေလေ။ လ၀က ပိုက်ဆံယူ ပြီးလွှတ်ပေးတယ်ဆိုတာ။ လ၀ကက ပိုက်ဆံမယူဘူးလားဆိုတော့ ယူတော့  ယူတယ်။ ယူတယ်ဆိုတာက အဲလို ၀င်လာတဲ့ကောင်တွေဆီက ရတာမ ဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် တောင်းစားလို့ရတဲ့ဟာတွေပဲ။ ဒီ ကောင်တွေကို အဲလိုခိုးသွင်းလို့ရတဲ့ ဟာမျိုး တစ်ခုမှမရှိဘူး။ အခုဘာဖြစ် လဲတရုတ်တွေဝင်လာတယ်နော်။ မန္တလေးမှာ တရုတ်တွေနေရာအခြေ တကျဖြစ်သွားတာ ဘာကြောင့်ဖြစ် သွားသလဲဆိုရင် စစ်အစိုးရလက်ထက် မှာဖြစ်သွားတာပဲ။  ဟိုကလူတွေ လာနေတယ်။ မှတ်ပုံတင်တွေဘာတွေ ရသွားတယ်။ ကျွန်တော်တို့ဆီက ဘာမှ လုပ်လို့မရဘူး။ တစ်ခုတော့ရှိ တာပေါ့။ ကျွန်တော်တို့မှတ်ပုံတင် လုပ်တဲ့ကိစ္စတွေမှာလေ။ အားချင်း အားချင်းပေါ့လေ။ ဟိုဟာတွေလျှော့ ပေးတယ်။ ဒီဟာတွေလျှော့ပေးတယ် ဆိုတာ။
နောက်ပြီးတော့ လူဦးရေ ရဖို့ တစ်နေ့ဘယ်လောက်ပြီးရမယ်ဆိုပြီး တော့ ခိုင်းတဲ့ဟာတွေပေါ့။ အဲဒါတွေ ကတော်တော်ရီဖို့ကောင်းတယ်။ အဲဒီ ပြဿနာတစ်ခုကတော်တော်လေးကြီး ကြီးကျယ်ကျယ်ဖြစ်သွားတယ်။ ၂၀၀၅-၂၀၀၆ လောက်က။ ပြဿနာ ပေါင်းစုံအားလုံးကို လ၀ကခေါင်း ပေါ်ပုံချတယ်။ ဒါပေမဲ့ ခိုင်းတဲ့ဟာက တော့ ဘယ်သူတွေခိုင်းလဲဆိုတော့ အကုန်လုံးသိပါတယ်။ ၈၉-၉၀ မှာ ရွေးကောက်ပွဲလုပ်မယ်။ အဲဒီအချိန် တုန်းကဆို ကျွန်တော်တို့လည်း မမီ ဘူး။ ကျောင်းသားပဲရှိသေးတယ်။ ၀န်ထမ်းတစ်ယောက်ကို တစ်နေ့ကို လူသုံးရာ ပြီးရမယ် ခိုင်းတယ်။ မှတ် ပုံတင်တစ်ကယ် သေသေချာချာဖိဖိစီး စီးလုပ်လို့ရှိရင် ငါးယောက်ပြီးဖို့တောင် အနိုင်နိုင်တစ်နေ့ကို။ သုံးရာမပြီးလို့ရှိ ရင်ဘာလုပ်မယ်။ ညာလုပ်မယ်ဆို တော့ လုပ်ရတယ်လေ။ ၉၂ ခုနှစ် မုန်တိုင်းစစ်ဆင်ရေးသိလိုက်တယ် မဟုတ်လား။ ကေအန်ယူကိစ္စလေ။ အဲဒီမှာ မှတ်ပုံတင်တွေနဲ့ ကရင်သူပုန် တွေကိုမိတယ်။ ကရင်သူပုန်တွေ နယ်မြေထဲက မှတ်ပုံတင်တွေကိုမိ တယ်ပေါ့လေ ပြောရမယ်ဆိုရင်တော့။ အဲဒီမှတ်ပုံတင်တွေ လုပ်ပေးတဲ့သူတွေ ကိုဖြုတ်ပစ်လိုက်တယ်။ အဲဒါ ၉၂ ခုနှစ်မှာဖြစ်သွားတဲ့ဟာ။ အခုဖြစ်တဲ့ ဟာတွေနဲ့ ဘယ်လိုဆန့်ကျင်ဘက် တွေဖြစ်နေလဲဆိုတာ ကျွန်တော်ပြော ပြတာပါ။
ရှမ်းပြည်မှာလည်း တရုတ် နဲ့ ရှမ်းနဲ့က ခွဲလို့မရဘူး။ ရှမ်းမျိုးနွယ် စုထဲမှာပါတဲ့ တိုင်းရင်းသားတော် တော်များများကလည်း တရုတ်နာ မည်တွေနဲ့ နေကြတာရှိတယ်။ ဗမာတွေအလွယ်ခေါ်တော့ ရှမ်းတရုတ်ပေါ့ လေ။ အဲဒီမှာ လူတစ်ယောက်က မှတ်ပုံတင်လုပ်သွားတယ်ပေါ့။ လုပ်ပြီး တော့ တရုတ်နဲ့ရှမ်းနဲ့ကို ကူးနေတာ။ ကူးနေရင်းနဲ့ ဒီကောင်က တကယ့် ဘိန်းမှောင်ခို ဆရာကြီးဖြစ်နေတယ်။ တရုတ်ပြည်ထဲမှာ တရုတ်ရဲကဖမ်း ရော။ ဖမ်းလည်းဖမ်းရော ဒီကောင်က မှတ်ပုံတင်ထုတ်ပြတယ်။ မြန်မာနိုင်ငံ သားပါဆိုပြီးထုတ်ပြတယ်။ မြန်မာပြည် က မှတ်ပုံတင်ထုတ်ပြတော့ တရုတ် ကမြန်မာပြည်ကိုလွှဲလိုက်ရော။ အဲဒီ လူက မှတ်ပုံတင်ပထမတစ်ခါ လုပ်သွားတယ်။ ပျောက်သွားတယ်။ ပျောက်သွားတော့ အဲဒီအချိန်မှာ ခုနှစ် တော့ ကျွန်တော်လည်းသေချာမမှတ် မိတော့ဘူး။ လာလုပ်တဲ့အချိန်မှာ ဘယ်သူကနေလှမ်းပြောလဲဆိုတော့ ကျွန်တော်တို့ဆီက ဒုတိယညွှန်ကြား ရေးမှူးချုပ်ကနေပြီးတော့ ပြည်နယ်မှူး ကိုလှမ်းပြောတယ်။ ပြည်နယ်မှူးကို ကူညီလိုက်ပါ။ ပြည်နယ်မှူးကလည်း ခရိုင်မှူးကို ကူညီလိုက်ပါဆိုပြီးတော့ လှမ်းပြောတယ်။ ခရိုင်မှူးကလည်း ခရိုင်ဦးစီးမှူးကို ကူညီလိုက်ပါဆိုပြီး တော့ ခိုင်းလိုက်တယ်။ အဲဒီမှာ မြို့ နယ်ရုံးကနေပြီးတော့ ဒီကိစ္စက စပြီး တော့ တည်ဆောက်ရတာကိုး။ မြို့ နယ်ပြီးတော့မှ ခရိုင်၊ ခရိုင်ပြီးတော့မှ အဆင့်ဆင့်နဲ့ အဲဒီလူရဲ့ ကဒ်ပြားထွက် သွားတယ်။ ဒုတိယအကြိမ်ထုတ်ပေး လိုက်တဲ့ကဒ်ပြားကပေါ့။ အဲတော့ ပြည်နယ်မှူးရော၊ ခရိုင်မှူးရော၊ မြို့ နယ်မှူးရောသုံးယောက်စလုံး ရာထူး တဆင့်စီ ချလိုက်တယ်အဲဒီတုန်းက။
အဲဒီတရုတ်နဲ့ပတ်သက်တဲ့ကိစ္စတုန်းက အဲဒီတရုတ်ကတော့ ဘာဖြစ်သွားလဲ တော့မသိဘူး။ ဒါပေမဲ့ ပြဿနာဖြစ် တဲ့အချိန်မှာ ဖုန်းနဲ့ညွှန်ကြားတဲ့ ဒုချုပ်ကမရှိတော့ဘူး။ သူ့ကိုလှမ်းပြောတဲ့ အခါမှာ သူက လ၀ကမဟုတ်တော့ ဘူး။ သူ့ကိုပြောစရာမလိုဘူးဆိုပြီး တော့ဖြစ်တယ်။ လက်ရှိရာထူးကျသွား တဲ့ပုဂ္ဂိုလ်ကြီး သုံးယောက်ကတော့ မူလရာထူး တွေပြန်ရပြီးတော့ လက်ရှိဌာနထဲမှာ ရှိသေးတယ်။ အဲလိုတွေဖြစ်ပြီးတော့ ဖြစ်လာလို့ ရှိရင်တော့ လ၀ကကို ခေါင်းတပ် တာပေါ့လေ။ ဒါပေမဲ့လ၀က ရဲ့ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေက စစ်တပ်က အရာရှိကြီးတွေများတယ်။ တစ်ခါတစ်လေကျရင် ကျွန် တော်တို့က တိုင်းကလည်း တချို့ကိစ္စ တွေမှာ မလိုတော့ဘူး။ ကိုယ့်ကိုတိုက် ရိုက်ပြောထားတာရှိတယ်။ ဒါမျိုးဆိုရင် နိုင်ငံခြားသား လာလုပ်တဲ့ကိစ္စမျိုးဆို ရင် ဗီဇာနဲ့ ပတ်စပို့နဲ့လာရင် နိုင်ငံ ခြားသားကိုး။ တရားဝင်ခွင့်ပြုမိန့်နဲ့ လာတာလေ။  ဒါမျိုးဆိုမတင်နဲ့ တော့။ ပြောတယ်။ ဒါပေမဲ့မဟုတ်ဘူး။ ကျွန်တော်တို့ဆီက ဒုခရိုင်မှူးတို့ဘာ တို့က ဟိုကြပ်ဒီကြပ်ကြပ်တာပေါ့နော်။ သူ့ကိုကြပ်တာ။ သူ့ကိုကြပ်တော့ ကျွန်တော်တို့ အောက်ကိုပြန်ကြပ်ရော။ အဲလိုမျိုးဟာလေးတွေက အများကြီး ပဲ။ မသိလည်းမသိဘူးပေါ့နော်။ အပေါ်ကခိုင်းရင် လုပ်ရမှာပဲဆိုတာကြီး က အရိုးစွဲနေတာလေ။ ဒီလိုအရိုးစွဲ နေလို့လည်း ဒီလိုလူမျိုးတွေကို နေရာပေးထားတာကိုး။ အမိန့်နာခံတာက ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ အမိန့်နာခံမှုကို အလွဲသုံးစားလုပ်ပြီးတော့ စိတ်ကူးတည့်ရာတွေလျှောက် လုပ်တဲ့အခါကျတော့ နည်းနည်းများ တာပေါ့။
ဒါတွေပြီးလို့ရှိရင် ဘာတွေဆက် လုပ်ဦးမလဲမသိသေးဘူး။ ဒါပေမဲ့ ကျွန်တော်ပြောရဲတာက လ၀ကက လူအင်အားလည်းမရှိဘူး။
လ၀က ၀န်ထမ်းအင်အားအနည်း ဆုံးလေးရာကျော်၊ ငါးရာလောက်ရှိ မယ်။ ယောက်ျားလေးတွေချည်းပဲ။ မောင်တောမှာ၊ မောင်တော နစက၊ နစကဆိုတာ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်။ဝန်ထမ်းလေးရာဝန်းကျင်လောက်ရှိတယ်။
ဌာနချုပ်ရဲ့လက်အောက်ခံ စခန်း ၂၅ ခုမှာပေါ့။ အကုန်လုံး ဖြန့်ထားတာပေါ့။
အဲလိုလည်းမဟုတ်ဘူး။ ကျွန်တော်ပြောပြမယ်။ မောင်တောတစ်မြို့နယ်လုံးမြေပုံကို ကျွန်တော်ပြောပြ မယ်။ မောင်တောမြောက်ပိုင်းမှာ ချင်းတောင်နဲ့ဆက်သွားတယ်။ အဲဒီ ကနေပြီးတော့ စတာ နယ်မြေကိုးခုရှိ တယ်အားလုံးပေါင်း။ နယ်မြေတစ်မှာ ဆိုလို့ရှိရင် နယ်မြေရုံးကအောင်သပြေ လို့ခေါ်တယ်။ အောင်သပြေစခန်းပေါ့။ နယ်မြေတစ်ပိုင်နက်မှာမှ (    ) စခန်းတို့ ဗန္ဓုလစခန်းတို့ အဲလိုမျိုးရှိ တယ်။ ချင်းနဲ့အနီးစပ်ဆုံးဖြစ်သွားပြီ။ အဲဒီဘက်ကနေဘာတွေရှိလဲဆိုလို့ရှိ ရင် မျိုတို့၊ ဒိုင်းနက်တို့ အဲလိုတိုင်းရင်း သားတွေရှိတယ်။ နယ်မြေ ၂ ကျတော့ နယ်မြေ ၂ မှာကျွန်တော်နေခဲ့ဖူး တယ်။
အဲဒီတုန်းကဆိုမေယုတောင်က ၀ါးတွေတအားပေါတာ။ မေယုတောင် ကိုကျော်မှ ဘူးသီးတောင်ရောက်တာ။ ကျွန်တော်တို့စစ်တွေကနေပြီးတော့ သင်္ဘောနဲ့လာရင် ဘူးသီးတောင်ကို အရင်ရောက်တယ်။ ဘူးသီးတောင် မောင်တောက လူတွေက တွဲသာခေါ် တာ ၁၆ မိုင်လောက်ဝေးတယ်။ နောက်မေယု တောင်ကြီးကို ကျော်ရတယ်။ မေယု တောင်ကြီးကို ကျော်မှ မောင်တောမြို့ ထဲကိုရောက်တာပေါ့နော်။ မေယု တောင်ရဲ့ အနောက်ဘက်ခြမ်း တစ်ခြမ်းလုံးပေါ့။ မေယုတောင်နဲ့ဆက်သွားတဲ့ ကျွန်တော်ခုဏက ပြောတဲ့ ကာဇိုင်းတောင်တို့ဘာတို့ ချင်းတောင် တွေနဲ့ဆက်သွားတဲ့တောင်ဆိုတာ မေယုတောင်ကနေပြီးတော့ ဆက်သွား တဲ့ဟာတွေပဲ အကုန်လုံး။ အဲဒီ တောက်လျှောက်ပေါ့။ ရိုးမကြီးရဲ့ နောက်ကျောအကုန်လုံးကို တပ်လည်း ရှိတယ်၊ ရဲလည်းရှိတယ်။ လ၀က လည်းရှိတယ်။ ကာစတန်လည်းရှိ တယ်။ အကုန်လုံး လ၀က ယူနီဖောင်း ၀တ်ခိုင်းထားတယ်။ လ၀က ဆိုပြီး။ အမှန်ကတော့ နယ်ခြားမှာ နယ်ခြား စောင့်တပ်လည်းမရှိဘူး။ မရှိတဲ့အခါ ကျတော့ လ၀က တပ်ပဲစောင့်လို့ရ တာပေါ့။ အုပ်ချုပ်တာကတော့ စခန်း တွေမှာ ဗိုလ်ကြီးအဆင့်တွေအုပ်ချုပ် တာ။ နယ်မြေရုံးတွေမှာတော့ ဗိုလ်မှူး အဆင့်တွေအုပ်ချုပ်တာ။ အဲဒီပုဂ္ဂိုလ် တွေကတော့ တော်ရင်တော်သလိုပေါ့။ ကျွန်တော်တို့ကတော့ ဘာဖြစ်လည်း ဆိုတော့ တပ်ရိက္ခာစားတယ်။ ပညာ တွေအမျိုးမျိုးပြတာခံပြီးတော့ပေါ့။ အစားဆင်းရဲ၊ အနေဆင်းရဲပေါ့ဗျာ။ တိုင်းပြည်ကိုချစ်လို့လည်း ဘာမှမ ညည်းခဲ့ဘူး အဲဒီအချိန်တုန်းက။ ဒါပေမဲ့တစ်ခုရှိတယ်လေ။ တကယ်အဲဒီအ ချိန်မှာတုန်းကသာ သေမယ်ဆိုရင် လေ။ အူအတက်ပေါက်တာတို့ဘာ တို့ဖြစ်မယ်ဆိုရင် ဆေးကုလို့မရဘူးသေမှာ။ နောက်ဆုံးအဲဒီမှာ မူဂျာဟစ် ရှိတုန်းကရောက်ခဲ့တဲ့ သူတွေဆိုရင် လှည့်ကင်းသွားရင်းနဲ့ ချောင်းပစ်ခံရ လု့ ကျတဲ့သူတွေ ကျကုန်ကြတယ်။ သေတဲ့လူတွေလည်း သေတယ်ပေါ့နော်။ ဒါပေမဲ့ အခုမီဒီယာဆရာတွေက မသိကြဘူး။ တချို့တွေက လ၀က ကြောင့်ဖြစ်တာဆိုပြီးတော့။ ကျွန်တော်တို့ဖြစ်တဲ့အခက်အခဲကို မသိဘူး။ လူတွေက ဗမာဆိုရင်ခက်တယ်။ တရုတ်၊ ကုလားဆိုရင် လွယ်တယ် ဆိုပြီး ဒီလိုပဲပြောကြတာပဲ။ တရုတ် ကုလားက ပိုက်ဆံရလို့တဲ့။ ပိုက်ဆံရ တိုင်းလည်းကျွန်တော်တို့ လုပ်ပေးလို့ မရဘူး။ FRC ကိုင်ထားတဲ့သူတစ် ယောက်က ကျွန်တော့်ကိုဗျာ မှတ်ပုံ တင်လေးလုပ်ပေးပါ။ သိန်းတစ်ရာ ပေးပါ့မယ် ဆိုရင်တောင် ကျွန်တော် တို့လုပ်ပေးလို့မရဘူး။ ဘာလို့မရ လည်းဆိုရင် မရစရာအကြောင်းတွေ အများကြီးရှိတယ်။ 
ကျွန်တော်က မောင်တောမှာနေ တုန်းက လက်ထောက် လ၀ကမှူး။ လက်ထောက်လ၀ကမှူး၊ ဒုလ၀ကမှူး၊ လ၀ကမှူး၊ ဦးစီးအရာရှိပေါ့။ အဲလို ခေါ်တာပေါ့။ တိုက်နယ်မှူးဆိုတာက တာဝန်ပေါ့။ လက်ထောက်လ၀ကမှူး နဲ့ ဒုလ၀ကမှူးကို တိုက်နယ်မှူးတာဝန် ပေးလို့ရတယ်။ လ၀ကမှူးအဆင့်က တော့ ဒုဦးစီးပေါ့။ ဘင်္ဂါလီပိတ်ဆို့ရေး ဆိုတာရှိသေးတယ်။ ကျွန်တော်တို့ ဆီမှာဘင်္ဂါလီပိတ်ဆို့ရေးအဖွဲ့သပ်သပ် ထားတာ။ အခုတော့ ဘင်္ဂါလီပိတ်ဆို့ ရေးအဖွဲ့တွေကတော့ ဖြစ်တဲ့ပြည်နယ် ရုံးမှာ ပြန်စုနေတယ်တဲ့။ နစကရုံးက အဖွဲ့တွေကတော့ လုံခြုံရေး၊ ကင်း စောင့်ဒါပဲလုပ်ရမှာပေါ့။ အင်အားလေး ရာကျော်လောက်တော့ ရှိတယ်။ တပ် နဲ့ရဲနဲ့ပေါင်းလို့ရှိရင် အင်အား နှစ် ထောင်ကျော်လောက်ရှိတယ်။
နတလကနေပြီးတော့ အိမ်တွေ ဆောက်ပေးတယ်။ ရွာတွေတည်ပေး တယ်ပေါ့နော်။ မြန်မာပြည်က အခြေ အနေမဲ့တွေ၊ ထောင်ထွက်တွေဘာတွေ လည်းပါတာပေါ့လေ။ နေစရာမရှိရင် နွားတစ်ရှဉ်း၊ ထွန်တစ်တုံးနောက် လယ်ဘယ်နှစ်ဧက၊ အိမ်တစ်လုံးပေး မယ်။ လာနေကြ။ လာနေပြီးတော့ နောက်ပိုင်းကြတော့ ဒဏ်မခံနိုင်တဲ့ လူတွေကတော့ ပြန်ပြေးတာပေါ့။ ဘင်္ဂါလီတွေကို နွားတွေ၊ လယ်တွေ ရောင်းပြီး ပြန်ပြေးတယ်။ မီးရှို့ခံရတဲ့ လယ်တွေက နတလ ရွာတွေများ တယ်။ နတလက လုပ်ပေးထားတဲ့ ရွာတွေများတယ်။ ရခိုင်ရွာတွေလည်း ရှိတော့ ရှိတယ်ပေါ့။ ရခိုင်ကလည်း သူ့အစုလေးနဲ့ သူနေတာပါ။ ဘင်္ဂါလီ နဲ့မရောဘူး။ သူ့အစုလေးနဲ့သူနေတာ။ ကျွန်တော်တို့လှည့်ကင်းတွေဘာတွေ သွားရင် ရခိုင်တွေနဲ့ တော်တော်လေး ရင်းရင်းနှီးနှီးနေခဲ့တယ်။ သူတို့သဘော ထားတွေက မဆိုးဘူး။ ဒါပေမဲ့သွေး ကြီးတယ်။ ဘင်္ဂါလီနဲ့ပတ်သက်တဲ့ ထိခိုက်မှုတွေ သူတို့မှာ အများကြီး ခံစားခဲ့ရပြီးသွားပြီလေ။ ရခိုင် ကတော့ ရှင်းရှင်းပြောရရင် တိုင်းရင်း သားထဲမှာ ပါတဲ့အတွက်ကြောင့် ခပ် ပေါ့ပေါ့ပဲနေတယ်။ သိပ်ပြီးတော့ အလေးအနက်မထားဘူး။ ဖြစ်လာလို့ ရှိရင်တော့ ချက်ချင်းထပြီး တုန့်ပြန် တာမျိုးပေါ့။ သွေးပူတဲ့အချိန်လေးပဲ။ ဘင်္ဂါလီတွေကအမြဲအဲဒါကို စိတ်ထဲမှာ အမြဲရှိတယ်။ အဲတော့ ထစ်ကနဲဆိုရင် သေတာပဲ။ အရင်ခေတ်ကလည်း သေတာပဲ။ ရခိုင်ရွာတွေအဲလိုနဲ့ပျောက် သွားတာတွေ အများကြီးရှိတယ်။ ရခိုင်တွေက ရွာကိုစွန့်ပြီး ထွက်ပြေး သွားတယ်။ ဘင်္ဂါလီတွေက ၀င်နေ တယ်။ လယ်တွေလည်းယူလိုက်တယ် အဲလိုမျိုးပေါ့နော်။ အခုလည်းအဲလိုပဲ ဖြစ်မှာပဲ ဒုက္ခသည်ဆိုပြီးတော့ မောင် တောမြို့ပေါ်တက်လာတယ်။ ဘူးသီး တောင်မြို့ပေါ်တက်လာတယ်။ ရသေ့ တောင်မှာတက်လာတယ်ပေါ့နော်။ ရွာတွေလယ်တွေ ဒီအတိုင်းထားခဲ့ရတယ်။ ထားခဲ့လို့ရှိရင် ဘင်္ဂါလီကပဲ တက်ယူသွားမှာပဲ။ သူတို့မရှိအောင်က လူကြီးတွေအနေနဲ့လည်း ခေါင်းခဲမှာပဲ။ ဘင်္ဂလားဒေ့ရှ်ကလည်းလုံးဝလက် မခံဘူး။ သူတို့နဲ့အသားအရောင်၊ အသွေးရောင်၊ မျိုးရိုးဗီဇ၊ ဘာသာစကားအကုန် တူတယ်။ ကိုးကွယ်တဲ့ဘာသာလည်း တူတယ်။ အဲဒါကိုတောင်သူတို့နိုင်ငံ သားမဟုတ်ပါဘူးဆိုပြီးတော့။ ကျွန် တော်တို့ဆီမှာ သူတို့နဲ့ တူတာတစ် ယောက်မှမရှိဘူး။ ရခိုင်နဲ့က ရုပ်ကခပ် ဆင်ဆင်တူတာပဲရှိတယ်။ ဘာသာစကားမတူဘူး။  
                                                                                                                                                                                (ကျော်စွာ)
ဘကြီးသက်
Unknown at 9:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မောင်တောအခြေအနေ ပုံမှန်မရောက်သေး
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ အမျိုးသားတချို့ကို သက်ဆိုင်ရာက နေရပ်ပြန်ခိုင်းနေပေမဲ့ အမျိုးသမီးနဲ့ ကလေးတွေက ကျန်ရှိနေသေးပြီး အခြေအနေ ပုံမှန်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဘူးသီးတောင်-မောင်တော ရေကြီးချိန်က ရရှိထားပြီး မြို့နယ်အုပ်ချုပ်ရေး
ရုံးမှာ အသင့် ရှိနေတဲ့ ရွက်ဖျင်တဲတွေ လုပ်ပေးပြီး သန်သန်မာမာ
ယောက်ျားတွေကို အိုးခွက်ပန်းကန်တွေပါ ပေးပြီး နေရာပြန်ချထားပေးတာ
လို့ မောင်တောမြို့က လူမှုရေး အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်
နေရာပြန်ချထားရေးအတွက် ပူးပေါင်း ဆောင်ရွက်နေတာတွေ့ရကြောင်း၊
အေးချမ်းတည်ငြိမ်နေပြီပြောပေမဲ့ အခြေအနေတွေ ပုံမှန် မဖြစ်သေးကြောင်း၊ စစ်တပ်ချမထားတဲ့အတွက် မနေရဲကြသေးကြောင်း သူက ပြောပါတယ်။
မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားနဲ့ ဌာနဆိုင်ရာ အစိုးရ၀န်ထမ်းက လူဦးရေ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘဲ ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း ရခိုင်ကျေးရွာတွေနဲ့ အာဏာပိုင်တွေ အစီအစဉ်နဲ့ ပြည်မက လူတွေကို နေရာချထားပေးတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့
ဒေသခံတွေက ပြောပါတယ်။
ရပ်ရွာဖျက်ဆီးခံရလို့ ထွက်ပြေးလာရသူ ဒုက္ခသည်တွေကို မောင်တောမြို့ ဗဟိုကျောင်းတိုက်၊ ပရဟိတ အလိုတော်ပြည့် ကျောင်းတိုက်၊
အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်း၊ လေးမိုင် လုံထိန်း ရဲတပ်ရင်းနဲ့ ကျောင်းတွေမှာ နေရာချထားပေးပါတယ်။
တောင်ကုတ်မြို့ လူထုက မော်တော်နဲ့ ပေးပို့လိုက်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒီနေ့ လက်ခံရရှိတဲ့ အကြောင်း၊ အလှူရှင်တွေဆီက ရရှိတာတွေကို အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေ သာမက မီးလောင်မှုမှာ မပါဝင်တဲ့ မောင်တော မြောက်ပိုင်းက ဒေသခံတွေကိုလည်း လှူဒါန်းတဲ့ အကြောင်းလည်း ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသူတွေက
ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ နယ်စပ်အခြေစိုက် ကုလားတန်သတင်းဌာနက
မောင်တောနဲ့ နယ်စပ်ဒေသ နယ်မြေတွေမှာ အစွန်းရောက် ရခိုင်
လူမျိုးတွေနဲ့ အတူ နစက နဲ့လုံခြုံရေးတပ်ဖွဲ့ တချို့က ရိုဟင်ဂျာ ဘင်ဂါလီလူမျိုးတွေကို တရားမဲ့ ဖမ်းဆီး နှိပ်စက်တာတွေ၊ တချို့ ရွာတွေမှာ မုဒိန်းမှု ကျူးလွန်တာတွေ ဖြစ်ပွါးနေတယ်လို့  ရေးသား ဖေါ်ပြထားပါတယ်။
RFA Burmese
ဘကြီးသက်
Unknown at 9:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရသေ့တောင်အကြမ်းဖက် လူသတ်မှု ဘင်္ဂါလီ ၅၀ကျော်ကို ဖမ်းဆီး
ရန်ကုန် ဇွန် ၂၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က  ဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသား ၁၀ ဦး အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူ ဟု ယူဆရသူ ဘင်္ဂါလီ (၅၀)ကျော်ကို ယခုရက်ပိုင်းအတွင်း သက်ဆိုင် ရာက ဖမ်းဆီးထားပြီဖြစ် ကြောင်း ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက The Voice Weekly သို့ပြော ကြားသည်။
" ကြာသပတေးနေ့က ၂၂ ဦးဖမ်းတယ်။ ကျန်၃၁ဦးကိုတော့ မနေ့ကဖမ်းတယ်။"ဟု ၄င်းကဆိုသည်။
အဆိုပါ ဆူပူ အကြမ်းဖက်သူ ဘင်္ဂါလီများသည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရခိုင် တိုင်းရင်းသား များနေထိုင်ရာ ကူတောင် ကျေးရွာမှ ရွာချေရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မီးရှိ့သူ ဘဂါင်္လီများကို ပြန်လည်တုံ့ပြန်ရန် လိုက်ပါသွားသော ရခိုင်တိုင်းရင်းသား များမှာ အနောက်ပြင်ရွာအနီးသို့ အရောက်တွင် အုပ်စုဖြင့် စောင့်ဆိုင်းနေသော ဘင်္ဂါလီ များက သတ်ဖြတ်ခဲ့ပြီး အလောင်းများကိုပါ ဖျောက်ဖျက်ခဲ့ကြောင်း ရသေ့တောင် ရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ယင်းအကြမ်းဖက်မှုကြောင့် ရခိုင် တိုင်းရင်းသား ၁၀ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိကာ ဘင်္ဂါလီ ၂ဦးသေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ဒေသခံများကို ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။
ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ဦးရေမှာ ၆၂ ဦးထိ ရောက်ရှိလာခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန် လိုက်သည်။
The Voice Weekly
ဘကြီးသက်
Unknown at 9:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.